As Y travel

As Y travel ခရီးသွားဆောင်းပါးများ

🇵🇹ပေါ်တူဂီ “D” ဗီဇာများအကြောင်း………………….ဥရောပနိုင်ငံများကို ကူးချင်တဲ့သူများအတွက် ပေါ်တူဂီနိုင်ငံက D7 visa အကြောင်းကို သိ...
15/08/2024

🇵🇹ပေါ်တူဂီ “D” ဗီဇာများအကြောင်း
………………….
ဥရောပနိုင်ငံများကို ကူးချင်တဲ့သူများအတွက် ပေါ်တူဂီနိုင်ငံက D7 visa အကြောင်းကို သိပြီးကြတဲ့သူများပါတယ်။ အခြား D visa type အကြောင်းကို သေချာမသိသေးတဲ့သူများအတွက် ပေါ်တူဂီမှ D visa များအကြောင်း အသေးစိတ်လေး ရေးပေးလိုက်ပါမယ်။

🔹D1: work visa
ဒီက ကုမ္ပဏီတွေက အလုပ်ခေါ်စာနဲ့အတူ လျောက်ရတဲ့ ဗီဇာပါ။
အမှန်အကန်ခေါ်တာရှိသလို အလုပ်ရှင်နဲ့ အေးဂျင့်တွေ ပေါင်းပြီး ဗီဇာ ရောင်းစားတာလဲရှိတယ်။ အေးဂျင့်နဲ့ လုပ်တာတွေက ဒီဖက်က ကုမ္ပဏီက နာမည်ပျက်ရှိရင် ၊ လုပ်ငန်း မခိုင်မာရင် ဗီဇာ မရပါ။

🔹D2: Entrepreneur Visa
IT လုပ်ငန်းတွေလိုမျိုး နိုင်ငံတွင်း အကျိုးပြုမယ့် စွန့်ဦးတီထွင် ကုမ္ပဏီတွေကို ထုတ်ပေးတဲ့ ဗီဇာပါ။ ဒီ ဗီဇာ အတွက် ကုမ္ပဏီထောင်ဖို့ လိုအပ်ပြီး project plan တွေ ပြဖို့လိုအပ်ပါတယ်။ အကယ် အကျိုးပြုစီးပွါးရေးတွေဆို ၅ နှစ်ခန့်အထိ tax ကင်းလွတ်ခွင့်ပါပေးပြီး ၊ ရုံးခန်း အခမဲ့ပေးတာလိုမျိုး လိုအပ်တာတွေ ထောက်ပံ့ပေးပါတယ်။

🔹D3: Highly qualified Activity Visa
ပညာရှင်တွေကို ပေးတဲ့ ဗီဇာပါ။ ဥပမာ: ဆရာဝန်၊ သိပ္ပံပညာရှင်

🔹D4: Student Visa
Vocational school လိုမျိုး (၃)လနဲ့ အထက် တက်ရောက်ရန် လိုအပ်တဲ့ ကျောင်းသားတွေအတွက် ပေးတာပါ။

🔹D5: High Education Visa
တက္ကသိုလ်ကျောင်းသားတွေ အတွက် ထုတ်ပေးတဲ့ ဗီဇာပါ။

🔹D6: Family Unification Visa
ပေါ်တူဂီမှာ တရားဝင်နေထိုင်တဲ့သူများရဲ့ မိသားစုဝင်များ လျောက်ထားရမယ့် ဗီဇာပါ။ ပေါ်တူဂီက နေထိုင်သူက ထောက်ခံပေးရပါတယ်။ ဒီအတိုင်းသံရုံး သွားလျောက်တာထက် ဒီဖက်မှာရောက်နေသူက visa assurance ဖြစ်အောင် လုပ်ပြီး ခေါ်မှ ပိုမြန်တာပါ။

🔹D7: Retirement Visa
ပင်စင်စားများ၊ မိမိကိုယ်တိုင် အလုပ်လုပ်ရန် မလိုသောဝင်ငွေရှိသူများ လာရောက်နေထိုင်ဖို့ လျောက်ထားနိုင်တဲ့ ဗီဇာပါ။ ပုံမှန်တစ်လ ၁၅၀၀$ လောက် အနည်းဆုံး ဝင်ငွေပြနိုင်ရပါတယ်။

🔹D8: Digital Nomad Visa
အွန်လိုင်းကနေ ဝင်ငွေရသူများ၊ အိမ်မှာတင် အလုပ်လုပ်လို့ ရသူများ လျောက်ထားနိုင်သောဗီဇာ အမျိုးအစား ဖြစ်ပါတယ်။ ပုံမှန် တစ်လ ၃၀၀၀$ ခန့် ပြရန် လိုအပ်ပါတယ်။

🔹D9: Golden Visa
သူဌေးများ ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဗီဇာ ဖြစ်ပါတယ်။ ပေါ်တူဂီမှာ golden visa ကို အိမ်ခြံမြေအတွက် မပေးတော့ပါ။ တခြားစီးပွါးရေးလုပ်ငန်းများအတွက်သာ အကျုံးဝင်ပါတယ်။ ဒေါ်လာ ၅ သိန်းခန့် ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါတယ်။

ထပ်မံသိချင်တာများရှိရင်တော့ chat box ကနေမေးမြန်းနိုင်ပါတယ်။ အဆင်ပြေကြပါစေ 🥰

Summer 🌻in Portugal 🇵🇹 ဇွန်လကုန် ကနေ စက်တင်ဘာလ အထိက ပေါ်တူဂီမှာ နွေရာသီပါ။☀️ ခုထိတော့ ၃၃ ဒီဂရီထိပဲ ပူသေးတယ်။ မနှစ်ကတော့ ...
04/07/2024

Summer 🌻in Portugal 🇵🇹

ဇွန်လကုန် ကနေ စက်တင်ဘာလ အထိက ပေါ်တူဂီမှာ နွေရာသီပါ။☀️ ခုထိတော့ ၃၃ ဒီဂရီထိပဲ ပူသေးတယ်။ မနှစ်ကတော့ ၄၀ ထိ ပူသွားတယ် ပြောတယ်။

ဥရောပမှာ တောင်ပိုင်းကျတဲ့ ပေါ်တူဂီတို့ စပိန်တို့က ပူပါတယ်။

ပေါ်တူဂီမှာ  Starbacks က တခြားကော်ဖီဆိုင်တွေနဲ့စျေးတူတူပဲ။ latte တစ်ခွက်ကို 2.8€ ။ ☕️ဒီက ဒေသခံတွေက Starbucks မကြိုက်ဘူး။...
25/06/2024

ပေါ်တူဂီမှာ Starbacks က တခြားကော်ဖီဆိုင်တွေနဲ့စျေးတူတူပဲ။ latte တစ်ခွက်ကို 2.8€ ။ ☕️

ဒီက ဒေသခံတွေက Starbucks မကြိုက်ဘူး။ espresso ကို သူတို့ local brand ခါးတူးနေမှ ကြိုက်တာ။ 😁

လှတပတပုံလေးလိုချင်သော်လဲ လူလွင့်ပါမသွားအောင် မနည်းကိုင်ထားရသောအခါ …. 😂ဂါဝန်နဲ့ မီးပုံးပျံဖြစ်တော့မလို့ 😅
21/06/2024

လှတပတပုံလေးလိုချင်သော်လဲ လူလွင့်ပါမသွားအောင် မနည်းကိုင်ထားရသောအခါ …. 😂
ဂါဝန်နဲ့ မီးပုံးပျံဖြစ်တော့မလို့ 😅

ပေါ်တူဂီမှာ ကားတွေကို self service နဲ့ပဲ ဆေးကြတယ်။ အကြွေစေ့ ထည့်ပြီး ဆပ်ပြာ၊ pressure gun , ဖုန်စုပ်စက် စုံနေအောင် ထားပေ...
16/06/2024

ပေါ်တူဂီမှာ ကားတွေကို self service နဲ့ပဲ ဆေးကြတယ်။ အကြွေစေ့ ထည့်ပြီး ဆပ်ပြာ၊ pressure gun , ဖုန်စုပ်စက် စုံနေအောင် ထားပေးထားတယ်။ ဆေးပေရော့ စိတ်ကြိုက်။ တစ်ခါဆေး 2€ (၉၀၀၀ကျပ်) လောက်တော့ ကျတယ်။ auto wash လို ရေဆေးစက်ထဲ ဝင်ပြီးဆေးချင်လဲရတယ်။

ကိုယ်တွေ သူဌေးနိုင်ငံလို ကားသော့လေးပေးလိုက်ပြီး ကော်ဖီသောက်နေလို့မရတော့ဘူး 😅

13/06/2024

St. Anthony’s Day
(လစ္စဘွန်မြို့ရဲ့ အကြီးဆုံးပွဲတော်) 💃🏼
~~~~~~~~~~~~~~~~~~~
ဒီနေ့က ပေါ်တူဂီဘုန်းတော်ကြီး စိန့်အန်တိုနီကို ဂုဏ်ပြုတဲ့နေ့ရက်ပါ။ ရုံးပတ်ရက် အဖြစ်သတ်မှတ်ပြီး လစ္စဘွန်းမြို့ရဲ့ အကြီးဆုံး ပွဲတော်ထဲက တစ်ခု ဖြစ်ပါတယ်။🇵🇹
Eve နေ့ဖြစ်တဲ့ ဇွန်လ (၁၂)ရက် ညဖက်ကနေစပြီး ပျော်ပွဲရွှင်ပွဲတွေ တမြို့လုံးကျင်းပကြတယ်။ (ဒီမှာပွဲတော်တွေက eve ညကိုပဲ ကျင်းပတာ) အရင်ကတော့ ဘာသာရေးဆိုင်ရာ ပွဲတော် အနေနဲ့ဖြစ်ပြီး၊ ခုနောက်ပိုင်းကျ လူငယ်တွေက ညလုံးပေါက် ပါတီပေးရလို့ ပျော်ကြတယ် 🍻။

🔹သမိုင်းအကျဉ်း🔷
ဘုန်းတော်ကြီး စိန့်အန်တိုနီက လစ္စဘွန်မြို့ရဲ့ လူကုံထံ အသိုင်းဝိုင်းက ဖြစ်ပြီး ကက်သလစ်ဘာသာ ပြန့်ပွါးရေးအတွက်စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဘုန်းတော်ကြီးဖြစ်တယ်။ နောက်ထပ် ပိုပြီး စိန့်အန်တိုနီကို လူအများ ပိုမို ကိုးကွယ်လာရတဲ့ အကြောင်းရင်းက ဘုန်းတော်ကြီးနဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေကြောင့်လဲ ပါပါတယ်။ စိန့်အန်တိုနီ ဆီမှာ ပျောက်ဆုံးတဲ့ အရာတွေ ပြန်ရှာတွေ့ဖို့ ဆုတောင်းရင် ပြည့်တယ်လို့ ယုံကြည်ကျတယ်။ သားလေးပျောက်သွားတာကို သွားရောက်ဆုတောင်းတာကနေ ပြန်ရှာတွေ့တဲ့ ဇာတ်လမ်းကနေ အစပြုပါတယ်။ အဲ့အထဲ ရှာမတွေ့သေးတဲ့ ကိုယ့်ရဲ့ another half (အိမ်ထောင်ကျဖို့အတွက်) ဆုတောင်းရင်ပြည့်တယ်လို့ ယုံကြည်ကျတယ်။ 😉 ယောကျ်ားလိုချင်တဲ့ အပျိုကြီးမမ များအတွက် အရေးကြီးတဲ့ ဘုန်းတော်ကြီးဖြစ်ပါတယ် 😁

🔷ပွဲတော်ကျင်းပပုံ🔷
ပွဲတော်ရက် မတိုင်ခင်ညက အစည်ကားဆုံး နေ့ဖြစ်ပါတယ်။ လစ္စဘွန်းနဲ့ အနီးတဝိုက်မြို့တွေကနေ အဝတ်အစားတွေ ပြင်ဆင်ပြီး အကနဲ့ ချီတက်ကြတယ်။ Praça Marquês de Pombal ကနေစ ပြီး လမ်းမတလျောက်ချီတက်ကြတယ်။ လမ်းတလျောက်မှာ စတိတ်စင်တွေ ရှိပြီး (ခုံလက်မှတ် ကြိုဝယ်ရ) စင်ရှေ့မှာ တစ်သင်းနဲ့ တစ်သင်း အက ပြိုင်ရတယ်။ အားလုံး ကပြီးရင် ဘယ်မြို့နယ်က ဆုရလဲ တစ်ခါတည်းကြေငြာပြီး ဆုပေးတယ်။
အကပြိုင်ပွဲ အပြင် အဲ့နေ့မှာ မြို့တော်ခန်းမကနေ ရွေးချယ်ခံရတဲ့ မင်္ဂလာမောင်နှံတွေကို မင်္ဂလာဆောင်ပေးတယ် 👰‍♀️🤵‍♂️
ပွဲတော်နေ့မှာ ကိုယ်ကျိတ်ကြိုက်နေတဲ့သူရှိရင် ပန်းခြင်းလေးပေးပြီး ချစ်ကြောင်းပြသကြတယ်။ ရည်းစားမရှိရင် အဲ့နေ့ကျ ပန်းတစ်ခြင်းနဲ့ ဇာတ်လမ်း စလို့ ရတယ်ပေါ့နော် 😉😍

နွေပေါက်လာပြီ။ ☀️နွေရာသီ အရိပ်ရ အပင်တွေကလည်း ပန်းတွေပွင့်လို့။အပွင့်ဖတ်ကြွေတွေနဲ့ ပန်းခင်းလမ်းကြီးလိုပဲ.
11/06/2024

နွေပေါက်လာပြီ။ ☀️
နွေရာသီ အရိပ်ရ အပင်တွေကလည်း ပန်းတွေပွင့်လို့။အပွင့်ဖတ်ကြွေတွေနဲ့ ပန်းခင်းလမ်းကြီးလိုပဲ.

06/06/2024

ပေါ်တူဂီ ရိုးရာဟင်း “Bacalhaus à Brás”
🐟🐟🐟🐟🐟
ပေါ်တူဂီ ရိုးရာအစားအစာဖြစ်တဲ့ Codfish ချက်နည်း ၁၀၀၁ နည်းထဲက လွယ်ကူရိုးရှင်းတဲ့ ချက်နည်းတစ်ခု. ငါးခြောက်နဲ့ အစားထိုးပြီးလဲချက်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ
~~~~~~~
✔️Codfish ဆားနယ် ( မရှိရင် ငါးခြောက်နဲ့)
✔️အာလူးကြော်
✔️ကြက်သွန်ဖြူ
✔️ကြက်သွန်နီ
✔️နံနံပင်
✔️ကြက်ဥ
✔️သံလွင်ဆီ
✔️ငရုတ်ကောင်း

မူဝါဒ အသစ်များနဲ့ ပေါ်တူဂီ လူဝင်မှုကြီးကြပ်ရေး🇵🇹~~~~~~~~~~~~~~~~~အရင်တစ်ခါက ရေးခဲ့တဲ့ post မှာ ပေါ်တူဂီနိုင်ငံက ဥရောပရဲ့...
06/06/2024

မူဝါဒ အသစ်များနဲ့ ပေါ်တူဂီ လူဝင်မှုကြီးကြပ်ရေး🇵🇹
~~~~~~~~~~~~~~~~~
အရင်တစ်ခါက ရေးခဲ့တဲ့ post မှာ ပေါ်တူဂီနိုင်ငံက ဥရောပရဲ့ ပွင့်နေတဲ့ တံခါးလို့ ရေးခဲ့ပေးဖူးတယ်။ အခု ဧပြီမှာ တက်လာတဲ့ အစိုးရအသစ်က စပြီး အရင်လို မလွယ်ကူတော့ပါဘူး။ 🙅🏻‍♀️
အရင်က ဘာ ဗီဇာနဲ့လာလာ (တိုးရစ် ဗီဇာ) အပါအဝင် ၊ ဆက်နေချင် လျောက်လွှာတင်ပြီး ဆက်နေလို့ရတဲ့ ဂယ်ပေါက်တစ်ခုရှိတယ်။ ဒါကို အသုံးချပြီး ရောက်နေတဲ့ သိန်းချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စိစစ်ဖို့ မနိုင်မနင်းဖြစ်လာတဲ့ အဆုံးမှာ အဲ့ဒီ စနစ်ကို အခုကစပြီး ပိတ်သိမ်းလိုက်ပါပြီ။ ( ၄သိန်းလောက် တန်းစီနေတာ 😬) လူ့အရင်းအမြစ် လိုအပ်ချက်တွေကြောင့် ဆက်လက်ဖွင့်ထားပေးဖို့ အစီစဉ်ရှိပေမယ့် ဦးစားပေးစနစ်ကို ပြောင်းတော့မှာ ဖြစ်ပါတယ်။
အခု အစိုးရသစ်ရဲ့ မူဝါဒအရ ဦးစားပေးရန်မှာ:
🔹ကျောင်းသားများ၊
🔹မိသားစုခေါ်ဆောင်မှု (family reunion) ၊
🔹ပညာရှင်များ၊
🔹Refugee များ၊
🔹ရောက်နှင့်ပြီးသား ရွှေ့ပြောင်းလုပ်သားများကို အမြန်ဆုံး နေထိုင်ခွင့်ထုတ်ပေးရန် နှင့်
🔹နေရာထိုင်ခင်း အခက်အခဲ ဖြစ်နေမှုများအား အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန် တို့ပဲ ဖြစ်ပါတယ်။ (ဒီအကြောင်းကို သပ်သပ်ရေးပေးမယ်)

✔️ ဒီက university တွေကို promote လုပ်မယ့် အစီအစဉ် စတင်တော့မှာ ဆိုတော့ student visa နဲ့ ဝင်ခွင့်တော့ လွယ်ကူလာမှာပါ။ ကိုယ်တွေဆီက university တန်းလန်းဖြစ်နေတဲ့ ကျောင်းဆက်တက်ချင်တဲ့ လူငယ်များအတွက်တော့ ရွေးချယ်စရာနိုင်ငံတစ်ခု ဖြစ်လာမှာပါ။🤓 ပညာရေးအကြံပေး (education consultant) အလုပ်ပြောင်းလုပ်တော့မယ်လေ 😎😌။

Tagus မြစ်ကမ်းဘေး အမှတ်တရ 🇵🇹ပေါ်တူဂီလို Rio Tejo လို့ခေါ်တယ်။ ဒေသခံတွေ ပြောပြမှ သိတယ်။ ဒီက တချို့မြစ်တွေက ရေငန်တွေ။ ကိုယ...
05/06/2024

Tagus မြစ်ကမ်းဘေး အမှတ်တရ 🇵🇹

ပေါ်တူဂီလို Rio Tejo လို့ခေါ်တယ်။ ဒေသခံတွေ ပြောပြမှ သိတယ်။ ဒီက တချို့မြစ်တွေက ရေငန်တွေ။ ကိုယ်တွေဆီမှာလို ရေချိုမြစ် မဟုတ်ဘူး။ ရေအရောင်ကလဲ ပြာတယ်။

လစ်စ္စဘွန်မြို့ရဲ့ နေဝင်ဆည်းဆာ🌅
31/05/2024

လစ်စ္စဘွန်မြို့ရဲ့ နေဝင်ဆည်းဆာ🌅

30/05/2024

Sunset 🌅

16/05/2024

လေယာဉ် ကြီးတွေပေါ်မှာ ပြတင်းပေါက်မှန်ကို အလင်းအမှောင်ချိန်လို့ရတယ်. 😁 ဆော့လို့ကောင်း

ပေါ်တူဂီစကား၊ စပိန် စကားပြောတွေ ဘာလို့ ကာရန်ညီလဲ❓🧐〰️〰️〰️〰️〰️〰️အရင်က သူတို့ စကားပြောတာ နားထောင်ရင် ကဗျာရွတ်သလိုပဲ ကာရန်ကိ...
15/05/2024

ပေါ်တူဂီစကား၊ စပိန် စကားပြောတွေ ဘာလို့ ကာရန်ညီလဲ❓🧐
〰️〰️〰️〰️〰️〰️
အရင်က သူတို့ စကားပြောတာ နားထောင်ရင် ကဗျာရွတ်သလိုပဲ ကာရန်ကိုက်နေပါတယ်လို့ ထင်မိတာ။ 🤔သူက အင်္ဂလိပ်စကားလို မဟုတ်ပဲ noun (နာမ်) ပေါ်မူတည်ပြီး adjective တွေရော၊ verb တွေပါ လိုက်ပြောင်းတာ။ ကဗျာတွေ ကာရန်ညီအောင် ထည့်သလိုပဲ🤭
ဥပမာ:
🚘ကားအနီ : carro vermelho
Carro : ကား , Vermelho: အနီ
🏠အိမ်အနီ: casa vermelha
Casa : အိမ်, Vermelha: အနီ

အနီရောင် adjective ကို အရှေ့က noun ရဲ့ အဖိုနာမ် ၊ အမနာမ် ပေါ် မူတည်ပြီး “o” နဲ့ “a”လိုက်ပြောင်းတာ။ verb တွေလဲ အဲ့လိုပဲ လိုက်ပြောင်းတယ်။ အဲ့တာကြောင့် သူတို့စကားပြောရင် ကာရန်လေးတွေက အမြဲညီနေတာ😁

Lisbon🇵🇹 မှာ မနေ့ညက မြင်လိုက်ရတဲ့ northern light. 😱ပုံက သူများဟာ.🥹 ကိုယ်တော့ မမြင်လိုက်ရဘူး။ Credit: PromptCraft by Jorg...
12/05/2024

Lisbon🇵🇹 မှာ မနေ့ညက မြင်လိုက်ရတဲ့ northern light. 😱
ပုံက သူများဟာ.🥹 ကိုယ်တော့ မမြင်လိုက်ရဘူး။

Credit: PromptCraft by Jorge Phyttas-Raposo © 2024

🇵🇹Lisbon ရဲ့ နွေဦး..
27/04/2024

🇵🇹Lisbon ရဲ့ နွေဦး..

🇵🇹Portugal ကို ပထမဆုံး စပြီး စိတ်ဝင်စားမိတာ port wine က စတယ်ပြောရမယ်.. ဒီမရောက်ခင်ကတည်းက အကြိုက်ဆုံး ဝိုင် အမျိုးအစား. ခ...
24/04/2024

🇵🇹Portugal ကို ပထမဆုံး စပြီး စိတ်ဝင်စားမိတာ port wine က စတယ်ပြောရမယ်..
ဒီမရောက်ခင်ကတည်းက အကြိုက်ဆုံး ဝိုင် အမျိုးအစား.
ချိုပြီးပြင်းတဲ့ အရသာရှိတယ်. ပေါ်တူဂီလို Vinho do Porto (Porto က ထုတ်တဲ့ ဝိုင်) လို့ခေါ်တယ်။
ဒီ အရသာအတိုင်း တခြား Europe နိုင်ငံတွေက ထုတ်တာရှိတယ်။ ဒါပေမယ့် ပေါ်တူဂီက ထုတ်တဲ့ ဝိုင်ကိုပဲ port wine လို့ သုံးခွင့်ရှိတယ်။
(ပုံထဲက ပုလင်း label မှာ ကြည့်ကြည့်)

သူများတွေက C7 ၊ တချို့က D7 visa . အိုင်က vinho do Porto 😁.

ပေါ်တူဂီရဲ့ ည(၈) နာရီ.. ခုထိ လင်းနေသေးတော့ စိတ်ထဲ ညနေ (၆) နာရီလောက်ပဲ ထင်နေတာ😁
31/03/2024

ပေါ်တူဂီရဲ့ ည(၈) နာရီ..
ခုထိ လင်းနေသေးတော့ စိတ်ထဲ ညနေ (၆) နာရီလောက်ပဲ ထင်နေတာ😁

ထိုင်းမှာ … Central ကို “စန်ထန်း” လို့ အသံထွက်မှ ထိုင်းတွေ နားလည်တယ်။ အခု ပေါ်တူဂီရောက်တော့ chocolate 🍫ကို “ချော်ကော်လာခ...
28/03/2024

ထိုင်းမှာ … Central ကို “စန်ထန်း” လို့ အသံထွက်မှ ထိုင်းတွေ နားလည်တယ်။

အခု ပေါ်တူဂီရောက်တော့ chocolate 🍫ကို “ချော်ကော်လာချီ” လို့ ပေါ်တူဂီစကားမှာ အသံထွက်တယ်။ 😌

နောင်.. အိုင် ဘိုလိုမှုတ်လို့ အသံထွက် မပီရင် ပေါ်တူဂီသံ ပေါက်သွားတယ် မှတ်😁

စကားမစပ်… ပုံထဲက ချောကလက်ခွက်လေးတွေက ဝိုင်ထည့်သောက်တာ။ ဝိုင်သောက်ပြီး အဲ့ခွက်ဝါးစားလိုက်ရုံပဲ 🤭 so… eco friendly..

🇵🇹ပေါ်တူဂီ ဘာလို့သွားလဲ❓………………..အရှင်းဆုံး အဖြေက…EU passport အလွယ်ပေးလို့ပါ။ EU နိုင်ငံအားလုံးမှာ ရွှေ့ပြောင်းတွေကို wel...
24/03/2024

🇵🇹ပေါ်တူဂီ ဘာလို့သွားလဲ❓
………………..
အရှင်းဆုံး အဖြေက…EU passport အလွယ်ပေးလို့ပါ။ EU နိုင်ငံအားလုံးမှာ ရွှေ့ပြောင်းတွေကို welcome အဖြစ်ဆုံးက ပေါ်တူဂီပါ။ asylum လဲ ခံစရာမလိုပါဘူး။ overstay ဖြစ်လို့ ရဲဖမ်းမှာကြောက်နေစရာလဲ မလိုပါဘူး။ ဘာvisa နဲ့ဝင်လာလာ တရားဝင်နေလို့ရအောင် လုပ်လို့ရပါတယ်။ Tax ပေးဖို့ပဲ လိုပါတယ်။ tax သာ ပေးနေရင် ၂ နှစ်လောက်နေရင် resident card ရပြီး၊ ၅နှစ် ကျော်ရင် passport လျောက်လို့ ရပါပြီ။ ရတဲ့အချိန်ကျ တခြားနိုင်ငံ ရွှေ့ချင်သလိုရွှေ့၊ လည်သလို လုပ်စားပေါ့။
မြန်မာတွေ သိပ်မသိကြသေးပေမယ့် အာဖရိကန် ၊ ပါကစ္စတန်၊ အိန္ဒိယ က လူတွေ (ကိုယ်တွေလို ဘယ်သွားသွား visa ခက်၊ ဝင်တိုးရခက်) နေတဲ့ နိုင်ငံတွေ ကြားမှာ ပေါ်တူဂီက အရမ်းခေတ်စားပါတယ်။

ပေါ်တူဂီမှာ အလုပ်ပေါလား❓
မပေါပါ။ ရိုးရိုးလေးပဲ တွေးကြည့်ပါ။ ပေါ်တူဂီက လူတွေက ပေါ်တူဂီစကားပြောတယ်။ လူတိုင်းနီးပါး English လို တတ်တယ်။ EU ပညာရေးနဲ့ ဘွဲ့ရတယ်။ အဲ့လိုလူတွေနဲ့ အလုပ်ပြိုင်လျောက်ရတဲ့ အနေအထားမှာ ကိုယ့်ဖက်က သူတို့ထက် ဘယ်နေရာ ပိုသာလဲကို စဉ်းစားကြည့်ပေါ့။ migrant တွေလဲ အရမ်းများပါတယ်။

ဘယ်လိုလူတွေ လာရင် အဆင်ပြေလဲ❓
၁)ကျောင်းသားတွေ student visa နဲ့ ပြေပါတယ် ။ ကျောင်းလခ စျေးမကြီးပါ။ နောင်မှ ကျောင်းတက်ဖို့အတွက် သပ်သပ် ရေးပေးပါမယ်။
၂)passive income ရှိသူ (မြန်မာမှာ အိမ်ငှါးစားထား ဘာညာ အစထဲက ဝင်ငွေ ရှိနေသူ)
၃)အလုပ်ကို remotely ဘယ်နေရာက ဖြစ်ဖြစ် လုပ်လို့ရတဲ့ အလုပ်ရှိသူ၊
၄)အရင်းနှီးရှိပြီး ကိုယ်ပိုင် လုပ်ငန်း လုပ်ချင်သူ။ အိမ်ခန်းဝယ်ထား၊ ကားဝယ်ထားပြီး ငှါးစားရင်တောင် ထိုင်စားလို့ရနိုင်ပါတယ်။
၅)ဘာ အလုပ်ဖြစ်ဖြစ် မရွေးသူ (စိုက်ပျိုးရေး၊ construction ၊ delivery တွေဆို အလုပ်မြန်ပါတယ်)
၆)မိသားစုနောင်ရေးအတွက် EU passport လိုချင်တယ် ဆိုတဲ့ သူတွေ လာပါ။ ကလေးတွေနဲ့ မိသားစုဆို တအား welcome ဖြစ်ပါတယ်။ ကလေး တအားချစ်တဲ့ နိုင်ငံပါ။

ဘယ်လိုလူတွေ မလာသင့်လဲ❓
ပိုက်ဆံ စုချင်တဲ့သူတွေ မလာသင့်ပါ။ အလုပ်ရှိလဲ ငွေမပိုပါ။ ဝင်ငွေ ထွက်ငွေ ကွက်တိလောက်ပါ။ EU ရဲ့ tax က အရမ်းများပါတယ်။ tax ပေးတာ အကျွမ်းမဝင်သေးတဲ့ ကိုယ်တွေအတွက် ပါးစပ်အဟောင်းသားဖြစ်ရအောင် များပါတယ်။ ၂၇% ကနေ ၅၀% ကျော်ထိရှိပါတယ်။

📍အခြေခံလစာက 822€ (မြန်မာငွေ ၃၂ သိန်းကျော်)။ အရမ်းခြွေတာနေနိုင်ရင်တော့ ၃၀၀€ လောက်ကျန်ပါမယ်။ တခြားနိုင်ငံကြီးတွေနဲ့ ယှဉ်ရင်တော့ နည်းပါတယ်။ ၃၀၀ယူရို လို့ပြောရတာနည်းပေမယ့်လဲ မြန်မာငွေဆို ၁၂ သိန်းပေါ့။ မြန်မာမှာ မန်နေဂျာအများစုရဲ့ လစာလောက်တော့ ကျန်ပါလိမ့်မယ်။ 🤭

Schengen Visa (ရှမ်ဂန်ဗီဇာ) လျှောက်နည်း😎……………Schengen Visa ဆိုတာ ပေါ်တူဂီနိုင်ငံ အပါအဝင် ဥရောပနိုင်ငံ ၂၇ နိုင်ငံ ကို သွာ...
22/03/2024

Schengen Visa (ရှမ်ဂန်ဗီဇာ) လျှောက်နည်း😎
……………
Schengen Visa ဆိုတာ ပေါ်တူဂီနိုင်ငံ အပါအဝင် ဥရောပနိုင်ငံ ၂၇ နိုင်ငံ ကို သွားလည်လို့ရတဲ့ အလည်ဗီဇာပါ။ အဲ့နိုင်ငံတွေထဲက ကြိုက်တဲ့နိုင်ငံ သံရုံးကနေ Schengen visa လျှောက်လို့ရပါတယ်။ ကိုယ်လျှောက်တဲ့ နိုင်ငံကို အရင်ဝင်လည် (သို့) ရက်ကြာကြာနေပေးရမှာ ဖြစ်ပါတယ်။ ဂျာမနီ ၊ ပြင်သစ်လို နိုင်ငံတွေက လျောက်ရတာကျပ်ပြီး၊ ဂရိ လိုနိုင်ငံတွေက လွယ်ပါတယ်။ ကိုယ် Schengen visa ကို ထိုင်းနိုင်ငံ၊ ဂရိ သံရုံးကနေ ကိုယ်တိုင်ပဲ လျှောက်ခဲ့တာပါ။ မြန်မာမှာ ဂရိသံရုံး မရှိတော့ ထိုင်းကနေပဲသွားလျှောက်ရမှာပါ။ (ဘာလို့ ဂရိကလျှောက်လဲဆိုတော့ ပေးတာများလို့ပါ) လျှောက်ခဲ့တဲ့ အတွေ့အကြုံလေး ရေးပေးပါမယ်။

📍ပထမ အဆင့်: ဂရိသံရုံး website မှာ appointment ယူ။ ( booking fee မပေးရ)

📍ဒုတိယအဆင့် : appointment ရက်မှာ စာရွက် အစုံနဲ့ သံရုံးသွား။ အဲ့နေ့မှာပဲ interview တယ်။ စာရွက်လက်ခံတဲ့ ကောင်တာကပဲ ဟိုမေး ဒီမေး မေးတာပါ။ အစက view နေမှန်း မသိဘူး။ နောင်မှ ပြန်စဉ်းစားမိတာ စာရွက် တင်ကတည်းက interview သွားတာ။

မေးခွန်းများ: ❓❓❓
-ဘာလို့ ဂရိမှာ ရက်ပိုနေတာလဲ?
-ဂရိမှာ Tour book ထားပြီးပြီလား?
-ပထမဆုံး အကြိမ် Europe သွားတာလား?
-ရုံးက ခွင့် approve ပေးလား?
(Interview နေမှန်း မသိဘဲ အတော်ရှည်တဲ့ စာရေးမ လို့ တွေးနေမိတာ 😅) ဘုဘောက်ဖြေခဲ့တဲ့ ကိုယ့် အဖြေတွေ မပြောပြတော့ဘူး။ ကိုယ်ဖာသာ ကြည့်ဖြေကြ 😁
အဲ့နေ့မှာပဲ biometric ယူထားတယ်။ ဗီဇာကြေး 80€ (ထိုင်းဘတ်နဲ့ ညီမျှတဲ့ငွေ) ဘဏ်ကို လွှဲပေးရတယ်။ စာအုပ် ပြန်လာယူရမယ့် နေ့ပေးတယ်။ (ပုံမှန်အားဖြင့် ရုံးဖွင့်ရက် ၁၄ ရက် ကြာတယ်)

📍တတိယအဆင့်: ချိန်းတဲ့နေ့ စာအုပ်သွားပြန်ယူ။ ရရင် visa ကပ်ပေးထားတယ်။

လိုအပ်တဲ့ စာရွက်စာတမ်း
…………..
✔️Passport (အဟောင်းပါ ပြရ)
✔️Work permit (အလုပ်မှ ထောက်ခံစာ၊ လစာ ထည့်ရေး) / ကိုယ်ပိုင်အလုပ်ဆို လုပ်ငန်းလိုင်စင်
✔️Thai visa
✔️Bank statement ( ဘဏ် မှ embassy ကို လိပ်မူပြီး ထုတ်ပေးတဲ့ စာရွက်+ ၆ လစာ စာရင်း၊ ကိုယ့်တုန်းက ဘတ် ၂ သိန်းပြ)
✔️၃ လစာ payslip ဝန်ထမ်း ဆိုလျှင် (ကိုယ်ပိုင် အလုပ်ဆို အခွန်စာရွက်)
✔️Health insurance (ရှမ်ကန် visa ကို လက်ခံတဲ့ insurance ဖြစ်ရပါမယ်)
✔️Flight booking ( ဝယ်ဖို့ မလိုပါ၊ booking လုပ်ရင် ရပါပြီ)
✔️Hotel booking (trip plan အတိုင်းဖြစ်ရပါမယ်)
✔️Trip plan ( အဲ့တာ သေချာကြည့်ပါတယ်၊ ယုတ္တိရှိအောင် ရေးပါ)
✔️Application form (သံရုံး website ကနေ download ပြီး ဖြည့်သွားပါ)
✔️လိုင်စင်ပုံ ( နောက်ခံဖြူ၊ ရှမ်ကန် visa သတ်မှတ်ပုံစံ၊ form မှာ ရေးထားတယ်)

❗️မှတ်ချက်: အဲ့တာတွေ အကုန်ပြည့်စုံနေသော်ငြား ပေးချင်မှ ပေးပါမယ်။ ဘယ်မှ မသွားဖူးဘဲ၊ tour နဲ့လဲ မလိုက်ပဲ Schengen visa ကို တန်းလျောက်ရင် သိပ်မပေးပါ။
ဂရိသံရုံး website link : https://www.mfa.gr/missionsabroad/en/thailand-en/visas

ရှမ်ကန် ဗီဇာ လျောက်ထားရန် လိုအပ်သော
👉ခရီးသွား အာမခံ ၊ လေယာဉ်လက်မှတ် ဘိုကင်တက်ခြင်း၊ ဟိုတယ် နှင့် trip plan များ ဝန်ဆောင်မှုပေးပါသည်။
Chat box မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🇵🇹ပေါ်တူဂီ ရာသီဥတု🌲………………………ပေါ်တူဂီ မှာ အေးလားလို့ အတော်များများ မေးကြတယ်။ ပေါ်တူဂီ နိုင်ငံရဲ့ ရေမြေအနေအထားက ဥရောပနဲ့ အ...
22/03/2024

🇵🇹ပေါ်တူဂီ ရာသီဥတု🌲
………………………
ပေါ်တူဂီ မှာ အေးလားလို့ အတော်များများ မေးကြတယ်။ ပေါ်တူဂီ နိုင်ငံရဲ့ ရေမြေအနေအထားက ဥရောပနဲ့ အာဖရိက ကြားပါ။ မြောက်ပိုင်းက ဥရောပနိုင်ငံတွေလောက် မအေးသလို၊ ကိုယ်တွေ အပူပိုင်းလောက်လဲ မပူပါဘူး။ ကမ်းရိုးတန်းများတော့ လေတော့ တိုက်တယ်။ လေကတော့ အရမ်းသန့်ပါတယ်။
အခု နွေဦး ရာသီမှာ ဒီနေ့ရဲ့ အမြင့်ဆုံး အပူချိန်က ၂၆ ဒီဂရီ C ပါ။ နွေလယ်ရောက်ရင်တော့ ဒီထက် ပိုပူ လာမှာပါ။
အဲ့ကျ beach ကနေ လှမ်းပြောမယ်လေ 😁 ပူမပူ ဆိုတာ။ 👙🏖️

🇵🇹ပေါ်တူဂီမှာ နေရတာ ပျော်စရာကောင်းလား💁🏻‍♀️…………..ဒီမေးခွန်းကို ပေါ်တူဂီရောက်ကတည်းက ခင်တဲ့သူတွေ လာလာမေးကြတယ်။ ပေါ်တူဂီကို ...
21/03/2024

🇵🇹ပေါ်တူဂီမှာ နေရတာ ပျော်စရာကောင်းလား💁🏻‍♀️
…………..
ဒီမေးခွန်းကို ပေါ်တူဂီရောက်ကတည်းက ခင်တဲ့သူတွေ လာလာမေးကြတယ်။ ပေါ်တူဂီကို ကြိုက်မကြိုက်က တစ်ဦးချင်း အကြိုက်နဲ့ဆိုင်မယ် ထင်တယ်။ ပါတီတွေ night life တွေ ကြိုက်တဲ့သူတွေကတော့ ဘန်ကောက်မှာ ပိုပျော်လိမ့်မယ်။ ကိုယ်က အစထဲက နားအေးပါးအေး နဲ့ classic ဖြစ်တာကို ကြိုက်တော့ ဒီမှာ အဆင်ပြေတယ်။
🌼🌲ကိုယ်နေတဲ့နေရာနားဆို ကလောနဲ့တောင် ခပ်ဆင်ဆင်။ တောရိုင်းပန်းခင်းတွေမှ အပြည့်။ကမ်းရိုးတန်းနိုင်ငံဆိုတော့ လှတဲ့ကမ်းခြေဆီ ၁ နာရီလောက် မောင်းရင် ရောက်တယ်။ ရှေးခေတ် ဗိသုကာတွေ နေရာအနှံ့မြင်ရတယ်။
🥸သက်ကြီးပိုင်းတွေ များတယ်။ လူဦးရေရဲ့ 24% ကျော်က ၆၅နှစ် အထက်တွေ။ နေရာတော်တော်များများက အေးရာအေးကြောင်း လှုပ်စိလှုပ်စိပဲ။ (တခါတလေ ကိုယ်တောင် စိတ်မရှည် 😅)
🍷ဝိုင်၊ ချိစ်၊ ပေါင်မုန့်၊ နို့၊ သစ်သီး၊ ချောကလက် တွေ ပေါတယ်။ ဝိုင် တစ်လီတာကို ၁ ယူရို လောက်က စပြီး၊ ချိစ် တစ်ဗူးကို ၁ ယူရိုခွဲလောက်က စတယ်။
အဝတ်အစားဆို branded တွေပဲ များတယ်။ Zara brand က ဒီမှာ သာမာန်ဝတ်တဲ့ brand အနေအထား။ ဖိနပ်ဆို boot နဲ့ shoes အဝတ်များတယ်။

အဲ့တာတွေကို ကြိုက်တတ်ရင်တော့ ပျော်ပါလိမ့်မယ်။ အနောက်နိုင်ငံဆိုပြီး မိုးမျှော်တိုက်တွေနဲ့ ကလပ်တွေ ပါတီတွေ ရှုပ်ရှက်ခတ် နေမယ် ထင်ရင်တော့ မဟုတ်ရပါဘူးလို့😁

🇵🇹ပေါ်တူဂီနိုင်ငံရဲ့ တစ်လနေစား စရိတ်……………….EU နိုင်ငံတွေထဲမှာ စျေးသက်သာတယ်လို့ နာမည်ကြီးတဲ့ ပေါ်တူဂီမှာ တစ်လ အသုံးစရိတ်ဘ...
20/03/2024

🇵🇹ပေါ်တူဂီနိုင်ငံရဲ့ တစ်လနေစား စရိတ်
……………….
EU နိုင်ငံတွေထဲမှာ စျေးသက်သာတယ်လို့ နာမည်ကြီးတဲ့ ပေါ်တူဂီမှာ တစ်လ အသုံးစရိတ်ဘယ်လောက်ကျလဲ?
အခုက ကိုယ်သုံးတာနဲ့ နှိုင်းပြီး တွက်ပြပါမယ်။

✔️အိမ်လခ (မီးခ၊ ရေခ အပါ) : 500€
(မြို့ထဲလိုနေရာမှာ apartment တစ်ခုလုံးဆို 1000€ လောက်ကျပါတယ်၊ သူများနဲ့ ပေါင်းနေရင်တော့ တစ်ယောက် တစ်ဝက်ပေါ့၊ မြို့ပြင် နည်းနည်း ထွက်ရင်တော့ ပိုသက်သာပါတယ်၊ အခန်းလွတ်ရှာရတာတော့ ခက်တယ်)
✔️Internet bill : 15€ (25Gb ကို)
✔️စားစရိတ် : 5€ x ရက် ၃၀ = 150 € (ဒါက အိမ်မှာ ချက်စားတဲ့ နှုန်းပါ၊ ကြက်ဥ ၁၀ လုံးတစ်ကဒ်ကို 2.5€ )
✔️သွားလာစရိတ် : 40€ ( bus, ရထား၊ လှေ ကြိုက်သလောက်စီး ၊ လပေးကဒ်နဲ့)

စုစုပေါင်း = 705 ယူရို ( ခုငွေစျေး ၄၀၀၀ ကျပ်နဲ့ဆို ၂၈ သိန်း ၂ သောင်းကျပ်)

ဒါက အခြေခံ ကုန်ကျစရိတ်ပါ။ အဓိက ကုန်တာကတော့ အိမ်လခ ပေါ့။ လူများများ စုနေရင်တော့ ပိုသက်သာပါမယ်။

19/03/2024

ရေထဲရော ကုန်းပေါ်ရော သွားလို့ရတဲ့ sightseeing ကားလှေ လေး. 😳
မိနစ် ၉၀ ကို 33$ ပေးရ။

🚊၂ ထပ် ရထားစီးဖူးသွားပြီ 😳အဲ့လိုရထား ရှိမှန်းတောင် မသိခဲ့ဘူး။ ၂ ထပ် ဘတ်စ်ကားပဲ စီးဖူးတာ။ ခုမှ ၂ ထပ် ရထားတဲ့။
17/03/2024

🚊၂ ထပ် ရထားစီးဖူးသွားပြီ 😳
အဲ့လိုရထား ရှိမှန်းတောင် မသိခဲ့ဘူး။ ၂ ထပ် ဘတ်စ်ကားပဲ စီးဖူးတာ။ ခုမှ ၂ ထပ် ရထားတဲ့။

🇵🇹ပေါ်တူဂီ ကို ပြောင်းသွားပါပြီလို့ 😊ဒီမှာ ကြာဦးမှာမို့ မြန်မာတွေ သိပ်မရှိသေးတဲ့ ပေါ်တူဂီနိုင်ငံက အကြောင်းတွေ ၊ ဒီက လူနေ...
15/03/2024

🇵🇹ပေါ်တူဂီ ကို ပြောင်းသွားပါပြီလို့ 😊

ဒီမှာ ကြာဦးမှာမို့ မြန်မာတွေ သိပ်မရှိသေးတဲ့ ပေါ်တူဂီနိုင်ငံက အကြောင်းတွေ ၊ ဒီက လူနေမှု အကြောင်းလေးတွေ ရေးပေးသွားပါမယ်။

ဂရိရဲ့ ညနေခင်း.. ရာသီဥတုအေးတော့ ဆိုင်တော်တော်များများရဲ့ အပြင်ထိုင်ခုံတွေ မှာ gas heater တွေ ထားပေးထားတယ်. မီးတောက်တွေ က...
10/03/2024

ဂရိရဲ့ ညနေခင်း..

ရာသီဥတုအေးတော့ ဆိုင်တော်တော်များများရဲ့ အပြင်ထိုင်ခုံတွေ မှာ gas heater တွေ ထားပေးထားတယ်. မီးတောက်တွေ ကြည့်ပြီး မမြင်ဖူးလို့ သဘောတွေကျနေတာ။ 😍
အခုချိန် (Feb- March) ရာသီဥတုက ကလောဆောင်းတွင်းလောက် ရာသီဥတု.. ကမ်းရိုးတန်းဆိုတော့ လေတော့တိုက်တယ်။
ဆိုင်အပြင်အဆင်တွေက romantic ဆန်တာများတယ်။

Falafel .. ဂရိရဲ့ နာမည်ကြီးတဲ့ street food. ဗယာကြော်ကို နံပြားနဲ့ ပတ်ပြီး cheese ၊ ခရမ်းသီး၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး ထည့်...
09/03/2024

Falafel .. ဂရိရဲ့ နာမည်ကြီးတဲ့ street food.

ဗယာကြော်ကို နံပြားနဲ့ ပတ်ပြီး cheese ၊ ခရမ်းသီး၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး ထည့်ထားတာ။ စားကောင်းသားပဲ လုပ်စားကြည့်ပါလား 😁

Address


Alerts

Be the first to know and let us send you an email when As Y travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to As Y travel:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Want your business to be the top-listed Media Company?

Share