CCN news

CCN news Wellcome R2P in myanmar people

04/07/2021

4.7.2021

နံနက် (9:00) အချိန်ခန့်

မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးတွင် လုံခြုံရေးတာဝန်ကျနေသော အရာခံဗိုလ်တစ်ဦး မိမိကိုယ်ကိုယ်သေနတ်ဖြင့် ပစ်သတ်သေသွားကြောင်းသိရပါသည်

လိမ်စမ်းပါ ဘယ်လိုဘဲလိမ်လိမ် ကမ္ဘာကြီးက mrtv ကြည့်နေတာမဟုတ်ဘူး ဆိုတာပါဘဲ
17/06/2021

လိမ်စမ်းပါ ဘယ်လိုဘဲလိမ်လိမ် ကမ္ဘာကြီးက mrtv ကြည့်နေတာမဟုတ်ဘူး ဆိုတာပါဘဲ

🟢 လားရှိုးမြို့ကနေ သိန္နီအသွား ဟိုပိတ် ၉ မိုင် လမ်းခွဲကို မြေဖို့ပြီးတော့ ပိတ်ထားတာကို ဒီမနက်မှာ တွေ့ရတဲ့ မြင်ကွင်းပါ။မြ...
17/06/2021

🟢 လားရှိုးမြို့ကနေ သိန္နီအသွား ဟိုပိတ် ၉ မိုင် လမ်းခွဲကို မြေဖို့ပြီးတော့ ပိတ်ထားတာကို ဒီမနက်မှာ တွေ့ရတဲ့ မြင်ကွင်းပါ။

မြို့ရှောင်လမ်းကိုတော့ ဖွင့်ထားဆဲဖြစ်ပြီး ဟိုပိတ်လမ်းခွဲကို ဘာကြောင့် ပိတ်လိုက်လဲဆိုတာ မသိရသေးပါဘူး။

CRD
ဇွန်လ ၁၇ ရက်
ဓာတ်ပုံ- Nang Mo Kham Aww

Photo Crd
16/06/2021

Photo Crd

16-6-2021သံတွဲလေဆိပ်ဟု သတင်းတက်လာပါတယ်။အဘမိုးPhoto credit
16/06/2021

16-6-2021

သံတွဲလေဆိပ်ဟု သတင်းတက်လာပါတယ်။

အဘမိုး
Photo credit

14/06/2021

မြန်မာလူသတ် မအလ စစ်ကောင်စီကို တိုက်ခိုက်မည်ဟု
RSO မှ ဗိုလ်မှူးကျော်မြင့်ထွန်းက တရားဝင်ကြေညာ 👈👈
#နေ့စဉ်သတင်းထူးများ✔️
#ပြန်လည်ဝေမျှပေးသည်✔️
&Follow✔️Share 🇲🇲

🇯🇵

အဖက်ဖက်က ဇာတ်သိမ်းခန်း နီးသွားတဲ့ စစ်သူပုန်အုပ်စု**********************************အာဏာစလုတုန်း ပြည်သူ့ရဲ့ တုံ့ပြန်လာမှု...
14/06/2021

အဖက်ဖက်က ဇာတ်သိမ်းခန်း
နီးသွားတဲ့ စစ်သူပုန်အုပ်စု
**********************************
အာဏာစလုတုန်း ပြည်သူ့ရဲ့ တုံ့ပြန်လာမှုကို
မသိရှာ....ကမ္ဘာ့အဖွဲ့အစည်းများနဲ့နိုင်ငံတကာရဲ့
ဖိအားပေးမှု အရေးယူမှုတွေကိုလည်း
သောက်ဂရုစိုက်စရာမလိုဘူးအထင်နဲ့...

နှစ်နိုင်ငံ...သုံးနိုင်ငံလောက်နဲ့....
ရပ်တည်လို့ ရမယ့်ထင်ခဲ့ပြီ....လုပ်ခဲ့တဲ့...
စစ်သူပုန်အုပ်စုရဲ့ အာဏာလု
အကြမ်းဖက်တဲ့ လုပ်ရပ်....

အခုတော့...အရှေ့တောင်အာရှ
အာဆီယံနိုင်ငံများကပင် လက်မခံ...
ရပ်တည်လို့မရ အုပ်ချုပ်လို့လည်းမရ
ဖြစ်လာခဲ့ပါပြီး ...

မိုက်ဇာတ်သိမ်းဖို့လည်း အတော်ကို
နီးသွားရှာပါပြီ....

ကမ္ဘာ့စည်းမျဉ်း စည်းကမ်းချက်ချမှတ်ထားသည့်များအရ...

စစ်တပ်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး...တပ်စွဲခွင့် မရှိသည့်နေရာ..
ပစ်ခတ်မှု မလုပ်ရမည့် နေရာနှင့်
အဆောက်အဦးများကို သတ်မှတ်လို့...
သဘောတူချမှတ် ထားပြီးသား ဖြစ်သည်....

(ဆေးရုံများ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများ...အတွင်းဝင်ရောက်
တပ်စွဲခြင်း... စစ်ဘက်ဆိုင်ရာလုပ်ဆောင်မှုများအတွင်း အဆိုပါနေရာများအား ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများ မပြုလုပ်ရ)

ဒီအချက်တွေကို....ကျူးလွန်လုပ်ဆောင်သည့်...
လက်နက်ကိုင်အဖွဲ့အစည်းများသည်....
အကြမ်းဖက်အဖွဲ့အစည်းများသာ ဖြစ်လို့....

အစိုးရအနေဖြင့်ရော...ကမ္ဘာ့အဖွဲ့အစည်းများ
အနေဖြင့်ပါ...အကြမ်းဖက်အဖွဲ့အဖြစ်....
သတ်မှတ်လို့....နှိမ်နင်း ဖြေ ရှင်း ခွင့်ရှိပါသည်....

ယခုအခါ....မြန်မာစစ်သူပုန်တပ်တို့သည်....
အဆိုပါ ကိစ္စရပ်များကို....
ကျူးလွန်ဖောက်ဖျက်နေလို့
(ကုလအဖွဲ့အစည်းမှလည်း Data သက်သေများ
ရရှိထားပြီး ဖြစ်လို့...ကုလမင်းကြီးက
နိုင်ငံတကာကို.....
ကာကွယ်စောင့်ရှောက်ပေးကြရန် ထုတ်ပြန်
တောင်းဆိုလိုက်ပြီ ဖြစ်ပါသည်)

စစ်သူပုန်အုပ်စုကို....အကြမ်းဖက်အဖွဲ့အဖြစ်
ကမ္ဘာ့အဖွဲ့အစည်းက နိုင်ငံတကာက...
သတ်မှတ်ကာ.....ဝင်ရောက်နှိမ်နင်းခြင်းများ...
ပြုကြတော့မည်လား.....

(စစ်သူပုန်ကတော့ စာသင်ကျောင်းများ
တိုက်ခိုက်ခံရမှုတွင် NUGနှင့် CRPH
ဦးဆောင်သည့်အဖွဲ့က ကျုးလွန်ခြင်းဖြစ်ကြောင်း
စွပ်စွဲပြောဆိုထားသည်)

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလုပြီး
ပြည်သူကို အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့...
စစ်သူပုန်အုပ်စုအတွက်တော့....

အဖက်ဖက်ကနေ ဇာတ်သိမ်းခန်းက....
နီးလာပါပြီ.....ဗျာ.............................,..
🇲🇲K.K.S

ZN.H 🇦🇺

ရန်ကုန်မြို့ တာမွေမြို့နယ်က ရဲစခန်းနဲ့တစ်မှတ်တိုင်အကွာမှာ လုပ်သွားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချင်းမိုင် ၊ ဇွန် ၁၄ရန...
14/06/2021

ရန်ကုန်မြို့ တာမွေမြို့နယ်က ရဲစခန်းနဲ့တစ်မှတ်တိုင်အကွာမှာ လုပ်သွားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

ချင်းမိုင် ၊ ဇွန် ၁၄

ရန်ကုန်တိုင်း တာမွေမြို့နယ် သီတာလမ်းမှာ ဇွန်လ ၁၄ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ရဲစခန်းနဲ့ တစ်မှတ်တိုင် အကွာမှာ ပြုလုပ်ခဲ့ပါတယ်။

Crd

Photo CJ

KIA က ဝယ်ယူလိုက်တဲ့ FINKON လေယာဥ်ပစ်ပါ။မူရင်းအမည်နဲ့ ဝယ်မရလို့ မှောင်ခိုကနေ မှာယူတာပထမအသုတ် မနေ့က ရောက်လာပါပြီနောက်အသုတ်...
14/06/2021

KIA က ဝယ်ယူလိုက်တဲ့ FINKON လေယာဥ်ပစ်ပါ။
မူရင်းအမည်နဲ့ ဝယ်မရလို့ မှောင်ခိုကနေ မှာယူတာ
ပထမအသုတ် မနေ့က ရောက်လာပါပြီ
နောက်အသုတ်တွေလည်း မကြာခင်ရောက်လာမှာပါ
အားတင်းထားကြပါ
crd K Muu

14/06/2021

လူထုအာဏာ လုယူထားသည့်
အကြမ်းဖက် မအလ စစ်ကောင်စီကို
ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့
RSO က တိုက်ခိုက်သွားမည်
ဖြစ်ကြောင်း ဗိုလ်မှူးကျော်မြင့်ထွန်း
ဗီဒီယို ရုပ်သံမှတစ်ဆင့် ကြေညာ။

ကရင်လက်နက်ကိုင် (၄) ဖွဲ့ လတ်တလော စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများကို မနက်ဖြန်ဇွန် (၁၅)ရက်နေ့ တွေ့ဆုံဆွေးနွေးမည်။******...
14/06/2021

ကရင်လက်နက်ကိုင် (၄) ဖွဲ့ လတ်တလော စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများကို မနက်ဖြန်ဇွန် (၁၅)ရက်နေ့ တွေ့ဆုံဆွေးနွေးမည်။
*************************

၁၄ ၊ ၆ ၊ ၂၀၂၁ ။

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် KNU၊ DKBA၊ BGF နှင့် KNU/KNLA တို့မှ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ မနက်ဖြန် ဇွန်လ (၁၅) ရက်နေ့တွင် လတ်တလော စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများကို တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း KNU/KNLA အရာရှိတစ်ဦးမှ NBung Dat Kasa - Kachin Multimedia သို့ ပြောသည်။

ကရင်ပြည်နယ်အတွင်း အဖွဲ့အချင်းချင်းကြား တိုက်ပွဲများ မဖြစ်ပွားရေးနှင့် လတ်တလော အကြမ်းဖက် လူသတ်စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေမှု၊ အကြမ်းဖက် လူသတ်စစ်ကောင်စီတပ် လက်အောက်ခံ BGFနှင့် KNU တပ်မဟာ(၅) အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုများအပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်ပြောသည်။

ကရင်လက်နက်ကိုင်လေးဖွဲ့အနက် KNU၊ DKBA နှင့် KNU/KNLA တို့သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်ပြီး BGFသည် အကြမ်းဖက် လူသတ်စစ်ကောင်စီတပ် လက်အောက်ခံအဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။




ပုံ : KNLA (၁၀) ကြိမ်မြောက် ဗိုလ်သင်တန်း ဒေါက်တင်ပွဲ အခမ်းအနား

ကျိုက်ထို ကဒတ်ချောင်းမှာ ပစ်ခတ်မှုဖြစ် ရဲတစ်ဦးသေဆုံးကျိုက်ထို၊ ဇွန် ၁၄ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရှိ ကဒတ်ချောင်းမ...
14/06/2021

ကျိုက်ထို ကဒတ်ချောင်းမှာ ပစ်ခတ်မှုဖြစ် ရဲတစ်ဦးသေဆုံး

ကျိုက်ထို၊ ဇွန် ၁၄

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရှိ ကဒတ်ချောင်းမှာ ဒီကနေ့ နေ့လည်ပိုင်းက KNU နှင့် ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲတဦးသေဆုံးကာ ရဲတစ်ဦးလက်မောင်းထိခဲ့ပြီး အရပ်သားတစ်ဦး ပေါင်မှာ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကဒတ်ချောင်းအနီးမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က နေရာယူမှုရှိခဲ့ပြီးနောက် ရှေ့ရက်ကလည်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒီကနေ့ ပစ်ခတ်မှုမှာတော့ ရဲတစ်ဦးသေဆုံးမှုဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တဦးနှင့်အတူ ရဲတွေက ကဒတ်ချောင်းမှာ မွေးနေ့ပွဲလုပ်ပြီး သောက်စားအော်ဟစ်မှုပြုလုပ်နေစဉ် KNU တပ်ဖွဲ့နှင့် အသေးစားတိုက်ပွဲတစ်ခုအသွင်ဖြစ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကာ ရဲတစ်ဦးက နေရာတွင်ပင်သေဆုံးပြီး ရဲတစ်ဦးလက်မောင်းမှာ ကျည်ထိခဲ့ပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့က ထွက်ပြေးခဲ့ပြီး KNU မှ လိုက်လံပစ်ခတ်ခဲ့ပြီး အရပ်သားတစ်ဦး ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲပြီးဆုံးခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေက ယင်းနေရာကို ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓါတ္ပုံ - CJ
Crd

မောင်းမကန်တွင် ရဲတပ်ကြပ်တစ်ဦး သေနတ်ပစ်ခံရDawei Watch| ထားဝယ်၊ ဇွန် ၁၄လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းမ...
14/06/2021

မောင်းမကန်တွင် ရဲတပ်ကြပ်တစ်ဦး သေနတ်ပစ်ခံရ

Dawei Watch| ထားဝယ်၊ ဇွန် ၁၄

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဇွန်လ ၁၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။

မောင်းမကန်ရဲစခန်းမှ ရဲတပ်ကြပ်ကြီးမြင့်ဦးသည် ယနေ့နံနက် ကိုးနာရီခွဲခန့်တွင် မောင်းမကန် ကံယုံ ဘုန်းတော်ကြီးကျောင်းအနီးရှိ ၎င်းနေအိမ်မှ အပြင်သို့ထွက်လာစဉ် ပစ်ခတ်ခံလိုက်ရသည်ဟု‌ ဒေသခံအချို့က ဆိုသည်။

“သေနတ်ပစ်သံ သုံးချက်ကြားလိုက်တယ်၊ သေနတ်ဒဏ်ရာနဲ့ ကံယုံကျောင်းအလွန်မှာ လဲနေတယ်လို့ ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သေနတ်ပစ်ခတ်သူများက မောင်းမကန်ကျေးရွာ သုဿန်အတွင်း ဝင်ပြေးသွားသည်ဟုဆိုသည့်အတွက် ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုသို့ ဝင်ပစ်ရာ နွားထိန်းနေသည့် နွားကျောင်းသားတစ်ဦးလည်း သေနတ်ထိမှန်သည်ဟု ကြားရကြောင်း ဒေသခံအချို့က ပြောသည်။

လူတစ်ဦး လမ်းပေါ် လဲနေသည်ကို မျက်မြင်တွေ့သည့် ဒေသခံတစ်ဦးကမူ လဲကျနေသူအနီးတွင် ရဲနှင့် စစ်ကားများ ရှိနေပြီး လမ်းကြားများတွင် ကင်းစောင့်နေကြသည်ဟုဆိုသည်။

“ရွာထဲက ဆိုင်တွေ၊ အိမ်တွေ အားလုံး ပိတ်ထားပြီး လမ်းပေါ်မှာလည်း လူတစ်ဦးမှ မရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

ရဲတပ်ကြပ်ကြီးမြင့်ဦး၏ နောက်ဆုံး အခြေအနေနှင့် ပတ်သက်၍ ထပ်မံ စုံစမ်းဆဲ ဖြစ်သည်။

ပုံစာ- ယမန်နှစ် အောက်တိုဘာလအတွင်းက မောင်းမကန်နယ်မြေရဲစခန်းအား တွေ့ရစဉ်
Crd Dawei watch news

မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် 13.6.2021 ရက် နေ့လည် ၁ နာရီခန့်က တောင်သာမြို့ရဲ့ ဒလန်အကြီးစား မနှင်း ( ယွန်းယွန်းလျှပ...
14/06/2021

မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် 13.6.2021 ရက် နေ့လည် ၁ နာရီခန့်က တောင်သာမြို့ရဲ့ ဒလန်အကြီးစား မနှင်း ( ယွန်းယွန်းလျှပ်စစ် ပစ္စည်းဆိုင်) အား ဆိုင်ကယ်ဦးထုပ် ဆောင်းထားသော
လူငယ် ၂ ဦးမှ ဆိုင်အတွင်းသို့
သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။ သေနတ်ဖြင့် အပစ်ခံရသူမှာ တောင်သာဆေးရုံမှ တဆင့် မိတ္ထီလာစစ်ဆေးရုံ ။ ထိုမှတစ်ဆင့် နေပြည်တော်အထိ တက်ရောက်ကုသမှု ခံယူနေရပီး အသက်အန္တရာယ် မစိုးရိမ်ရဟုလည်း သိရပါသည်။ ဗိုက်ရှပ်မှန်သွားတာပါတဲ့။( သေပြီဆိုပီး သတင်းတွေ တက်နေလို့ပါ။ မသေသေးပါ)
ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ ၁၃.၆.၂၀၂၁ ည ၈ နာရီခန့်တွင်
တောင်သာမြို့နယ်ရှိ ရုံးပင်ရွာ အပါအဝင် အနီးနားရှိရွာများအား
စကစ မှ ဝင်ရောက် ရှာဖွေကာ
သေနတ်များ ပစ်ဖောက်ခဲ့ပါသည်။ ရုံးပင်ရွာသား တစ်ဦး သေနတ်ထိမှန် ပီး အင်းတဲရွာသားတစ်ဦးအား သေနတ်ပစ်မှုတွင် သံသယရှိသူအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ထိုအဖမ်းခံရသော ရွာသားအား ရိုက်နှက်မေးမြန်းရာ အမည်-မသိရသေး မှာ အကြောက်လွန်သဖြင့်
ဝန်ခံခဲ့ပါသည်။ အခု ထိုရွာသားအား ရိုက်နှက်နှိပ်စက်သဖြင့် အသက်သေဆုံးကာ တောင်သာမြို့ရင်ခွဲရုံသို့ ‌ပို့ဆောင်ထားကြောင်းသိရပါသည်။ ဒလန်မ သေနတ်မှန်တဲ့သတင်းနဲ့ပဲ ဖုံးနေလို့ပါ။

ပုံက သေနတ်နဲ့အပစ်ခံရတဲ့ ဒလန်မ မနှင်း ပါ
Crd MJ news

ဇွန် ၁၂.၆.၂၀၂၁ ည ၉ နာရီခွဲခန့်အချိန်တွင်တာဝန်ကျရဲအချင်းချင်းစကားများရာမှပစ်ခတ်မှုကြောင့်တဦးသေဆုံးပြီးထွက်ပြေးသွားသောရဲက...
13/06/2021

ဇွန် ၁၂.၆.၂၀၂၁ ည ၉ နာရီခွဲခန့်အချိန်တွင်
တာဝန်ကျရဲအချင်းချင်းစကားများရာမှပစ်ခတ်မှုကြောင့်
တဦးသေဆုံးပြီးထွက်ပြေးသွားသောရဲကိုလိုက်လံဖမ်းဆီးရာမှ
နောက်ဆက်တွဲပစ်ခတ်မှုများရှိခဲ့ကြောင်းသိရှိပါသည်။

ပေးပို့သူ-CJ

အမြန်လမ်းမိုင်တိုင်၃၄၀နားတွင်နေ့လည်၁၂နာရီဝန်းကျင်ခန့်ကစကစစက်သုံးဆီသယ်ဆောင်ရေးယာဉ်တစ်စီးလမ်းဘေးသို့တိမ်းမှောက်နေကြောင်းသိ...
09/06/2021

အမြန်လမ်းမိုင်တိုင်၃၄၀နားတွင်
နေ့လည်၁၂နာရီဝန်းကျင်ခန့်က
စကစစက်သုံးဆီသယ်ဆောင်ရေးယာဉ်တစ်စီးလမ်းဘေးသို့တိမ်းမှောက်နေကြောင်းသိရသည်။

Crd

ကညွတ်ကွင်းမြို့အနီး ရထားလမ်းပိုင်း မိုင်းခွဲခံရ၊ ရထားလမ်းပျက်စီး
09/06/2021

ကညွတ်ကွင်းမြို့အနီး
ရထားလမ်းပိုင်း မိုင်းခွဲခံရ၊ ရထားလမ်းပျက်စီး

အီရန်ရေတပ်မှ အကြီးဆုံးသင်္ဘောတစ်စီး မီးလောင်နစ်မြုပ်တီဟီရန်၊ ဇွန် ၃အီရန်နိုင်ငံရေတပ်မှ အကြီးဆုံးစစ်သင်္ဘောကြီးများအနက် တ...
03/06/2021

အီရန်ရေတပ်မှ အကြီးဆုံးသင်္ဘောတစ်စီး မီးလောင်နစ်မြုပ်

တီဟီရန်၊ ဇွန် ၃

အီရန်နိုင်ငံရေတပ်မှ အကြီးဆုံးစစ်သင်္ဘောကြီးများအနက် တစ်စီးဖြစ်သည့် "ခါ့ခ်(Khark)"အမည်ရှိ သင်္ဘောကြီးသည် အိုမန်ပင်လယ်ကွေ့အတွင်း မီးသင့်လောင်ကျွမ်းရာမှ ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းက နစ်မြုပ်သွားကြောင်း အီရန်အစိုးရနှင့်ဖက်စပ်သတင်းဌာနတစ်ခုဖြစ်သည့် Far News Agency မှ သတင်းဝယ်ရေးသားထားသည်။

"အရပ်ဖက်ရော ရေတပ် ကယ်ဆယ်ရေးအဖွဲ့တွေက အားလုံးလွတ်မြောက်အောင် နာရီ ၂၀ လောက်အချိန်ယူပြီး ကယ်ဆယ်ခဲ့ပါတယ်"ဟု ယင်းသတင်းတွင်ရေးသားထားသည်။ ထို့ကြောင့် သင်္ဘောပေါ်တွင် ပါဝင်သူအားလုံး လွတ်မြောက်ခဲ့ပြီး သေဆုံးသူတစ်ဦးမျှ မရှိခဲ့ချေ။

ခါ့ခ် သင်္ဘောသည် ရေတပ်စစ်ရေးလေ့ကျင့်ရာတွင် ထောက်ပံ့ရေးတာဝန်ယူဆောင်ရွက်စဉ် ယခုကဲ့သို့ မီးသင့်နစ်မြုပ်သွားခြင်းဖြစ်ကြောင်းသိရသည်။

မီးလောင်ရခြင်း အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ ခါ့ခ် သင်္ဘောကြီးသည် အီရန်ရေတပ်၏ စစ်ရေးလေ့ကျင့်မှုပေါင်းများစွာတွင် ထောက်ပံ့ရေးသင်္ဘောအဖြစ် နှစ်ပေါင်း ၄ဝကျော်တာဝန်ထမ်းဆောင်ခဲ့သည်။

Ref: One of Iran's biggest navy ships sinks after catching fire
Photo: CNN

“ဖလူးတိုက်ပွဲမှ စစ်ဘေးရှောင်ပြေးလာရသည့်ပြည်သူများ”မအလ ကို လူစိတ်ရှိသူတိုင်းရွံကြသည်ဇွန်လ ၂၊၂၀၂၁။Photo-Cj
02/06/2021

“ဖလူးတိုက်ပွဲမှ စစ်ဘေးရှောင်ပြေးလာရသည့်ပြည်သူများ”
မအလ ကို လူစိတ်ရှိသူတိုင်းရွံကြသည်
ဇွန်လ ၂၊၂၀၂၁။
Photo-Cj

မေ၃၁ ရက်နေ့က၊ စစ်ကောင်စီဖက်က သေဆုံးသွားတဲ့ စစ်သားတွေကို KNDF က ဒီကနေ့ ဇွန်လ ၂ရက်နေ့မှာ ပြန်လည်မီးရှို့ပေးခဲ့တယ်လို့ သိရပ...
02/06/2021

မေ၃၁ ရက်နေ့က၊ စစ်ကောင်စီဖက်က သေဆုံးသွားတဲ့ စစ်သားတွေကို KNDF က ဒီကနေ့ ဇွန်လ ၂ရက်နေ့မှာ ပြန်လည်မီးရှို့ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - CJ

မြဝတီခရိုင် ဝေါလေရဲစခန်း တိုက်ခိုက်ခံရ၊စစ်မြေပြင်အင်ဂျင်နီယာတပ်(GE)နေအိမ်တဲများ မီးရှို့ခံရဇွန်၊၂၊၂၀၂၁၊ဒူးပလာယာထိုင်း မြ...
02/06/2021

မြဝတီခရိုင် ဝေါလေရဲစခန်း တိုက်ခိုက်ခံရ၊စစ်မြေပြင်အင်ဂျင်နီယာတပ်(GE)နေအိမ်တဲများ မီးရှို့ခံရ

ဇွန်၊၂၊၂၀၂၁၊ဒူးပလာယာ

ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြို့ရဲစခန်းကို ဒီကနေ့မနက် ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ နယ်မြေခံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

မနက် ၄ နာရီ မိနစ် ၅၀ ခန့်မှာ ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြို့မှာရှိတဲ့ ရဲစခန်းကို RPG နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အထိအခိုက် အကျအဆုံးမရှိဘူးလို့ သိရပါတယ်။

'' လေးငါးမိနစ်ပဲပစ်ခတ်မှုဖြစ်တယ်။ အနီးကပ်ပစ်တာမဟုတ်ဘူး။ အဝေးကနေပြီးတော့ အာပီဂျီနဲ့ပစ်တာ။ အထိအခိုက် မရှိဘူးလို့ပြောတာပဲ။ လေးငါးမိနစ်ပါပဲ ပစ်ပြီးတော့ သူတို့ ပြန်ဆုတ်သွားတယ်။ လုံခြုံရေးကတော့ လောလောဆယ်ကတော့ သတိအနေအထားပေါ့ လို့ နယ်မြေခံတာဝန်ရှိသူ တစ်ဦးမှ ပြောပါတယ်။

ရဲစခန်းအပြင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတပ်ရဲ့ GE တပ်မှာရှိတဲ့ တဲအိမ်တွေကို မီးရှို့သွားခဲ့တာကြောင့် ဝေါ်လေစစ်ဗျူဟာကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုလက်အောက်မှာရှိတဲ့ ဝေါလေရဲစခန်းကို တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်အင်ဂျင်နီယာတပ်(GE)နေအိမ်တဲများကို မီးရှို့သွားတဲ့ အဖွဲ့ကို လုံခြုံရေးအရ သည်သတင်းမှာ မဖေါ်ပြထားပါ။

#ဒူးပလာယာခရိုင်

1.6.2021နယ်ခြားစောင့်တပ် 1022 (BGF) နဲ့ ခွဲထွက်(DKBA)  တို့   ဖလူးတွင် တိုက်ပွဲဖြစ်နေ၊BGF တစ်ချို့ DKBA နှင့် ပူးပေါင်းဇ...
01/06/2021

1.6.2021
နယ်ခြားစောင့်တပ် 1022 (BGF) နဲ့ ခွဲထွက်(DKBA) တို့ ဖလူးတွင် တိုက်ပွဲဖြစ်နေ၊BGF တစ်ချို့ DKBA နှင့် ပူးပေါင်း

ဇွန်လ ၁၊ ၂၀၂၁။ ဒူးပလာယာခရိုင်

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာ ဒီကနေ့နေ့လည် ၁ နာရီအချိန်က နယ်ခြားစောင့်တပ်နဲ့ ခွဲထွက်ဒီကေဘီအေတပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ခွဲထွက် ဒီကေဘီအေ(DKBA) ကို ဗိုလ်ကျော်သက် ဦးဆောင်ပြီး နယ်ခြားစောင့်တပ် 1022 (BGF) ကတော့ ဗိုလ်မုတ်သုန် တပ်ရင်းက ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွါးနေဆဲပဲဖြစ်ပြီး နယ်ခြားစောင့်တပ်ဘက်က နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
နယ်ခြားစောင့်တပ်အရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ နယ်ခြားစောင့်တပ်(BGF) 1022 တပ်ရင်းက တပ်ဖွဲ့ဝင်အချို့ ခွဲထွက်ဒီကေဘီအေနဲ့ သွားရောက်ပူးပေါင်းမှုတွေ ရှိတယ်လို့ သိရပါတယ်။
#ဒူးပလာယာခရိုင်

01/06/2021
1.6.2021လှိုသာယာမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူးစိုင်းလင်းဇော် (ခ)လင်းလင်းသေနတ်ဖြင့်အပစ်ခံရ၍ သေဆုံး။ ။
01/06/2021

1.6.2021
လှိုသာယာမြို့နယ်
မြို့နယ်အုပ်ချုပ်ရေးမှူး
စိုင်းလင်းဇော် (ခ)လင်းလင်း
သေနတ်ဖြင့်အပစ်ခံရ၍ သေဆုံး။ ။

30/05/2021

30.5.2021
1:10PM မြင်းခြံ

စစ်တပ်အနီး မန်းလေးဘက်အထွက် မြင်းခြံမြို့အဝင်ဘီးခွန်ကောက်ခံရေးဂိတ်ရှေ့
ရဲ ၃ ကောင် ၊ ယာဥ်ထိန်းရဲ ၁ ကောင် တို့အား
သံပုရာသီး တစ်လုံးအကျွေးခံရ

ထိခိုက်ဒဏ်ရာ ပြင်ထန်းမှု ရသွားပီး သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါ....

Address


Website

Alerts

Be the first to know and let us send you an email when CCN news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share