Zotung Media Group

  • Home
  • Zotung Media Group

Zotung Media Group Zotung Thokeinaw te Zotung Mingnung Mingpaw ae Cisanaw te Hoysanaw Miakaw, Nyalang Ccaawno ae Nysath

29/08/2024
21/07/2024

Zotung ae Malaysia. (Bu min)
1998 (Christmas) Kalan tuaku thua.
1999 (Christmas) Putra tuaku thua.
2001 (ZCC) Pintu(1) phe roh vae.
2002 (Local Church) Pintu(1) phe roh vae.
2003 (Zotung Christian Fellowship) Pintu(3) phe bua zovae.
2004 (Goshen Church) Pintu(3) phe roh vae.
2005 (Zotung Christian Fellowship) KL pou tyng vae.

Syntaw
Zotung ae Malaysia
Abu min phu kute ung thua zema Ryalaw ungnaw lan nuetaw ku bungthung naw te Abu min phu kupaw miakaw tuh a roh, a vae.

2005 kung
KL, kya te tuh a tunin cia pou tyng vae.
Oun zua pakuh tu ae piccang ae tungvaw lungtua lan myarya ung.

20/07/2024
09/07/2024
17/06/2024
15/06/2024

မင်းတပ်ကောင်စီ၏ သဘောထားထုတ်ပြန်ချက် {၂/၂၀၂၄}
-Council

15/06/2024

မြောက်ပိုင်းညီနောင်တပ်ဖွဲ့များ လားရှိုးမြို့အနီးသို့ ရောက်ရှိလာပြီဆိုသော သ တင်း များကြောင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်များအားလုံး စစ်ပြင်နေပြီး တရုတ်နိုင်ငံသို့ တရားဝင် အသိပေး

ရန်ကုန်၊ ဇွန် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်တပ်ဖွဲ့များ လားရှိုးမြို့အနီးသို့ ရောက်ရှိလာပြီဆိုသော သတင်းများအကြောင့် စစ်ကောင်စီက အရှေ့ မြောက် တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းတပ်ဖွဲ့များတွင် စစ်ရေး အရ ပြင်ဆင်မှုများ ပြုလုပ်နေသည့်အပြင် တရုတ်နိုင်ငံသို့ လက်ရှိ အခြေအနေများနှင့်ပတ်သက်ပြီး အသိ ပေး တိုင်ကြားမှုများ လုပ်ဆောင်နေကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း TNLA တပ်များအပါအဝင် မြောက်ပိုင်းညီနောင်တပ်များ လား ရှိုးမြို့နယ်ပတ်ဝန်းကျင်အထိ နေရာယူ လာသည်ဆိုသော သတင်းများကြောင့် လားရှိုးမြို့ပေါ် အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်လည်း စစ်ရေးပြင်ဆင်များ လုပ်ဆောင်နေကြောင်း၊ လားရှိုးမြို့ရှိ စစ်ကောင် စီ၏ တပ်ရင်းတပ်ဖွဲ့များတွင်လည်း စစ်ရေး ပြင်ဆင်မှုများကို တိုးမြှင့် လုပ် ဆောင် ခိုင်းထားကြောင်း၊ လားရှိုးမြို့အနီး နှစ်ဖက်စစ်ရေးတင်းမာသည့် အခြေ အနေများ ဖြစ်ပေါ် နေကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ဟိုင်ဂျင်အပစ်ရပ်ရေး သဘောတူညီချက် ရှိခဲ့သော် လည်း စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရ ပြင်ဆင်ခြင်းများ၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်းများကို ဆောင် ရွက်ခဲ့ကြောင်း၊ စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို ဖောက် ဖျက် သည်ဟု TNLA က ထုတ်ပြန်နေချိန် ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး လေ ယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးဖြင့် ၁ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ညနေ ၅ နာရီ ၀၅ မိနစ်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးအသုံးပြုကာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ ထို့ကြောင့် TNLA ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနောက်ဆုံး နှစ်ဖက်စစ်ရေး တင်းမာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

"လားရှိုးနဲ့ ရှမ်းမြောက်တစ်ခွင်မှာ စစ်ရေးအရ အတော်လေးကို အဆင်သင့်ပြင်တာတွေ လုပ်နေတယ်။ တပ်အင်အားတွေ ထပ်ပြီးတော့ တိုးပို့နေတာလည်းရှိတယ်။ နဂိုလည်း ပို့နေပြီးသားတွေရှိတယ်။ ခဲယမ်းတွေ ပို့တာတွေလည်းရှိပါတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုသည်။

လက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထံသို့ ခြေလျင်နှင့် ခြေမြန်တပ်ရင်းများမှ ထုတ်နုတ်အင်အားများ နေ့စဉ် ထပ်မံပို့ဆောင်နေကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း လားရှိုးမြို့နှင့် ရှမ်းမြောက်ဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီက တရုတ်နိုင်ငံသို့ တရား ဝင် အသိပေးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ- TNLA ၏ အခြေခံစစ်သင်တန်း အပတ်စဥ် ၆၅ မှ တအာင်းရဲဘော်များ။

15/06/2024
15/06/2024
15/06/2024
15/06/2024
15/06/2024
15/06/2024
15/06/2024
15/06/2024

CDF_Matupi ရဲဘော်တစ်ဦးမှ MT သို့ပေးစာ

မတူပီရဲ့ တော်လှန်ရေး တစ်ပိုင်းတစ်စ
~~~~~~~~~~~~~~~~~~~~~~~~~~~

တော်လှန်ရေး လုပ်တဲ့ထဲမှာ ကျွန်တော့် ပတ်ဝန်းကျင်နဲ့ အတွေ့အကြုံအရ ကြည့်သလောက် အထူးသဖြင့် သုံးမျိုးသုံးစားတွေ့ရတယ်။

(၁) အာဏာရှင်ကို တကယ်တိုက်ထုတ်ချင်လို့၊ ဖိနှိပ်မှုတွေ၊ မတရားမှုတွေကို တော်လှန်လိုတဲ့သူ။

(၂) အခွင့်အရေးအတွက် တော်လှန်ရေးလုပ်တဲ့သူ။

(၃) သူများလုပ်တိုင်း လိုက်လုပ်တဲ့သူ

ဆိုပြီးတော့ ပိုင်းခြားကြည့်ဖြစ်တယ်။

(၁) အာဏာရှင်ကို တကယ် မလိုလားလို့၊ ဖိနှိပ်ခံမှုတွေ ခွဲခြားမှုတွေ မလိုချင်လို့ တော်လှန်ရေးကို လုပ်လာတဲ့သူတွေက တော့ အစမှာ တော်တော် များပါတယ်။ အမြဲတမ်း အနစ်နာခံ တယ်၊ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်တယ်။ တစ်ခါတစ်လေ လူတွေရဲ့ အသိအမှတ်ပြုတာ မခံရပေမယ့် သူတို့ရဲ့ လုပ်ဆောင်နိုင်တဲ့စွမ်းရည် တွေကြောင့် ပြည်သူတွေက အားကိုးရတဲ့ အဖွဲ့ဖြစ်သွားတယ်။ ဆိုတော့ တကယ်တမ်းကြည့်ရင် KIA တို့ KNU တို့ဆိုပါတော့။ သူတို့ စတုန်းက တကယ်ခက်ခဲခဲ့ကြတယ်။ ဒါပေမယ့် ခိုင်ခံ့တယ်၊ ကျစ်လစ်တယ်။ သူတို့လိုဘဲ ခုတော်လှန်ရေးလုပ်နေတဲ့ GEN Zလို့ပြောကြတဲ့ လူငယ်တွေကလည်း ဒီနည်းတူပါဘဲ။ အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်အစုအဖွဲ့တွေ က အာဏာရှင်ကို ရရာ လက်နက်နဲ့ စပြီးတော့ တိုက်နေတဲ့ အချိန်မှာ တစ်ချို့သောသူတွေက ထိုင်ကြည့်နေကြတုန်းပါဘဲ။ အဒီအဆက်ကဘဲ နံပါတ် နှစ်က ဖြစ်လာတယ်ပေါ့။

(၂) အခွင့်အရေးအတွက် တော်လှန်ရေးလုပ်တဲ့သူ။ သူတို့ကတော့ တော်လှန်ရေးလုပ်ကြပါတယ် ပေးဆပ်ကြပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ်နဲ့ တော်လှန်ရေးကို လုပ်ဆောင်ကြတယ် လို့မြင်မိတယ်။ လူမျိုးတိုင်းမှာ စိုးရိမ်စိတ်ရှိကြပါတယ်။ခုဏပြောတဲ့ ဖိနှိပ်မှုတို့ ဘာတို့ပေါ့။ အဲ့ဒါတွေ မလိုချင်လို့ဘဲ တော်လှန်နေတာ ဘာ့ကြောင့်စိုးရိမ်နေတာလဲ လို့မေးရင် သူတို့ရဲ့ လုပ်ကိုင်ပုံက မမှန်တာတွေကြောင့်ပါ။ သူတို့က ထိုင်ကြည့်နေခဲ့ကြလို့ပါ။ သူတို့တွေ တော်လှန်ရေးတဲ့ စပါလာတာက ဘယ်လိုလဲ ဆိုရင် အရမ်းထူတဲ့ ခြုံတောကြီးကို နံပါတ်တစ် အဖွဲ့ သွားပြီးတော့မှ လိုက်လာကြလို့ပါ။ အဲ့ဒါတွေကြောင့် စိုးရိမ်စိတ်တွေ ရှိနေတာပါ။ တစ်ချို့ ပထမ လူတွေတောင်အချိတ်အဆက်တွေ၊ Popularity နဲ့ အာဏာ ရဲ့ အရသာကို သိလာတော့ ဒုတိယလူလို ဖြစ်လာကြတဲ့သူတွေလည်းရှိပါတယ်။

ဒီ ဒုတိယအမျိုးအစားကို တကယ့်Case တွေနဲ့ ဖော်ပြပါရစေ။ ကျွန်တော်က မတူပီသား ဆိုတော့ မတူပီက Case တွေဘဲပြောပြပါမယ်။ Matupi CDF စစဖွဲ့တော့ အခက်အခဲများစွာနဲ့ပါ။ ထောက်ပံ့မှုတွေလည်းမရှိ၊ လက်နက်လည်းမရှိ ဆိုတော့ သင်တန်းသာ တက်ပြီးတာ လက်နက်က မရှိ။ CNA ကလည်း လက်နက် မတပ်ဆင်ပေးတော့ ကိုယ့်နည်းကိုယ့်ဟန်၊ ရှိတဲ့ ဓားတစ်လက်နှစ်လက်နဲ့ ခရီးစထွက်ရတာဘဲ။

တိုက်ပွဲတွေ ဖြစ်တော့ တပ်ရင်းမှူးတွေ ကျလိုက်၊ စစ်ကြောင်းမှူးတွေ သေလိုက်ဖြစ်တော့ နဲ့ MATUPI CDF လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေကို အခြားအဖွဲ့တွေက အသိအမှတ်ပြုလာတယ်။ နောက်တော့ မြန်မာ့တော်လှန်ရေး ဆယ်စုနှစ် တွေထဲမှာ မလုပ်ဖူးတဲ့ ဗျူဟာမှူးကို ရှင်းလင်းတဲ့ အထူးစစ်ဆင်ရေး တွေကိုလုပ်ဆောင်လာခဲ့တော့ မြန်မာနိုင်ငံကတောင် MATUPI CDF ကို သိလာခဲ့ကြတယ်။ ဆိုတော့ ပြောချင်တာက ဒီလိုစစ်ဆင်ရေးအောင်မြင်မှုတွေ အားလုံးက MATUPI ကို စတင်ခဲ့တဲ့(ခုတော့ တပ်ရင်း ၁) အဖွဲ့ကသာ လုပ်ဆောင်ခဲ့ဒါဖြစ်ပါတယ်။ ဒါပေမယ့် အခွင့်အရေးလိုချင်တဲ့ သူတွေက တပ်ရင်း ၁ ကို အပုတ်ချ ဟားတိုက်ကြပေမဲ့ တပ်ရင်း၁ ရဲ့ စစ်ဆင်ရေးနာမည်တွေကို ပြန်အသုံးပြုပြီး အလှူခံတာတွေ လုပ်ဆောင်ကြတာတွေအများကြီးရှိလာကြတယ်။

ပြီးရင် အမျိုးသားရေးဆိုတဲ့ စကားကို ရှေ့မှာ ထားပြီးတော့ မျိုးနွယ်စု မုန်းတီးရေး ဖန်တီးတဲ့ တချို့ CNA/F တွေလည်း ရှိနေတော့ သူတို့အတွက်တော့ ကျွန်တော်ဘဲ ရင်လေးမိတယ်။ (တကယ့် တကယ်ရှိပါတယ်၊ နာမည်တော့ မဖော်ပြတော့ပါဘူး၊ Personal ဆန်သွားမှာစိုးလို့ပါ။) မျိုးနွယ်စု၊ တောင်ကြော၊ ကျေးရွာဆိုတဲ့ အခွင့်အရေးအတွက် တော်လှန်ရေးလုပ်တဲ့ သူတွေပေါ့။ လူငယ်တွေရဲ့ တော်လှန်ရေးမှာ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို ပစ်ပယ်လို့ မရဘူးဆိုတာ သူတို့မသိရှာဘူး။
အလုပ်တော့ မလုပ်ချင်ဘူး အခွင့်အရေးကျတော့ တန်းတူတဲ့။ အဲဒါတွေပေါ့။ အဲ့ဒါတွေကြောင့် အခွင့်အရေးအတွက် ဆိုတဲ့တော်လှန်ရေးလုပ်တဲ့သူတွေ လို့ပြောတာပါ။

(၃) သူများလုပ်တိုင်း တော်လှန်ရေးလိုက်လုပ်တဲ့သူ
ဒီလူတန်းစားကိုတော့ တဘက်မှာ ချီးကျူးတဲ့ အချက်ရှိတယ်၊ ဒါပေမယ့် ဆိုးကျိုးတွေ၊ Risk တွေတော့ အများကြီးရှိနေတာတွေ တွေ့ရတယ်။
တော်လှန်ရေးလုပ်တဲ့ သူတွေထဲမှာ တချို့ဆို ဘာကြောင့် တော်လှန်ရေး လုပ်နေတာလဲ မသိတာတောင်ရှိပါတယ်။
သူတို့ကို ချီးကျူးတဲ့အချက်က ကိုယ့်Senior တွေကို ယုံကြည်မှု အပြည့်ရှိတယ်။ အရင်ဆုံး တော်လှန်ရေးမှာ လုပ်လာတဲ့ သူတွေဆိုပြီးတော့ သူတို့ရဲ့ အသက်တွေကို အပ်ရဲကြတာ သူတို့တွေပါ။ ပြီးသူတို့တွေက အတန်းပညာ ပြီးမြောက်တဲ့သူနည်းပါတယ်။ အသက်အနေနဲ့ ၁၇ ၁၈ ၁၉ လေးတွေပေါ့။ သူတို့က ကိုဗစ်ဒဏ်ကြောင့် ကျောင်းလည်း ကောင်းကောင်း မတက်ရဒါနဲ့ မကဘူး အာဏာပါထပ်သိမ်းတော့ သူတို့ရဲ့ ပညာရေးလမ်းက ပြတ်သွားတယ်လို့ပြောရမှာပေါ့။
Risks တွေက ဘာလဲ ဆိုတော့ သူတို့ဟာ လွယ်လွယ်နဲ့ သွေးခွဲလို့ရတဲ့ အုပ်စုထဲမှာပါနေတယ်။ လူကြီးတွေက မျိုးနွယ်စု အကြောင်းတွေနဲ့ သွေးထိုးရင် လွယ်လွယ်နဲ့ပါသွားမှာပါ။ ကိုယ်ပိုင်အတွေးအခေါ် ၊ ယုံကြည်မှု အားနည်းနေတဲ့ သူတွေဖြစ်ပါတယ်။
နောက်ထပ်တစ် ခု သူတို့ဟာ အာဏာကို သေနတ်ပြောင်းဝမှာဘဲရှိတယ်ဆိုတဲ့ အယူအဆကို တစ်သက်လုံးသယ်ဆောင်သွားမှာကို ကျွန်တော် အစိုးရိမ်ဆုံးအရာပါ။ အနာဂတ်မှာ သတိပြုရမယ့် အချက်တစ်ခုဖြစ်ပါလိမ့်မယ်။

နိဂုန်းအနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ တော်လှန်ရေးဟာ အနာဂတ်ကို အခြေပြုရမယ့် တော်လှန်ရေးဖြစ်တယ်။

အဲ့ဒါကြောင့် ကျွတော်တို့တပ်မဟာ (၁) ရဲ့ စစ်ဆင်ရေးတိုင်းကို အပြည့်အဝ ထောက်ခံပေးပါ။ ကျွန်တော်တို့က ဘယ်တော့မှ မတရားမှူကို ကျူးလွန်မယ့်သူတွေ မဟုတ်ပါဘူး။ အဲ့ဒါတွေဟာ ခေတ်ကောင်းရင် လူတိုင်းသိလာမှာပါ။ လုပ်နေတဲ့ စစ်ဆင်ရေးနှင့် နောင်လာမယ့် စစ်ဆင်ရေးတိုင်းမှာ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ဖြည့်ဆည်းပေးကြပါ။ ဒါဟာ အနာဂတ် ချင်းပြည်နဲ့ သက်ဆိုင်တဲ့ အရေးဖြစ်ပါတယ်။

ခုတလော AA နဲ့ ပက်သက်တဲ့ ကိစ္စတွေကိုတော့ CC ကို မမေးပါနဲ့။ CNA/F ကို မေးကြည့်ပါ။ CNA/F ရဲ့ AA အပေါ် ထားရှိတဲ့ ခံယူချက်အမှန်ကို မသိကြပါဘူး။ CNA/F ဟာ သူ့ရဲ့ လက်တွေ့ လက်မည်းကို CC အခြေပြုပြီး အသုံးချနေတာကို သိနေရပါတယ်။ အဲ့ဒါကြောင့် AA နဲ့ ပက်သက်ရင် CC ကို မမေးဘဲ CNA/F ကို တိုက်ရိုက်မေးမြန်းကြပါ။ CC ဟာ CNA/F ရဲ့ လက်ကိုင်တုတ်သာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မတူပီဟာ ချင်းပြည်ရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ ဒေသ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ကျွန်တော်တို့က မတူပီကို မပိုင်ပါဘူး။ မတူပီကသာ ကျွန်တော်တို့ကိုပိုင်တာပါ။
မတူပီသာ ပိုင်ဆိုင်တဲ့ ကျွန်တော်ဟာ မတူပီနဲ့ပက်သက်ရင် မတူပီနဲ့ဘဲ ရပ်တည်မှာပါ။

ချင်းပြည်နယ်ဟာ ကျွန်တော် မပိုင်ပါဘူး။ ဒါပေမယ့် ချင်းဆိုတဲ့ အရာကကျွန်တော့်ကို ပိုင်တာမို့ ချင်းအရေးနဲ့ ပက်သက်ရင် ချင်းအနေနဲ့ဘဲ ရပ်တည်မှာပါ။

ပေးပို့သူ - Chin Lian

15/06/2024
ချင်းပြည်နယ်အတွင်း အဓမ္မ စစ်သားစုဆောင်းခြင်းမရှိဟု AA တုံ့ပြန် DVBအာရက္ခတပ်တော် (AA) အနေနဲ့ စစ်သားစုဆောင်းဖို့လိုတဲ့ အဖွ...
15/06/2024

ချင်းပြည်နယ်အတွင်း အဓမ္မ စစ်သားစုဆောင်းခြင်းမရှိဟု AA တုံ့ပြန်
DVB

အာရက္ခတပ်တော် (AA) အနေနဲ့ စစ်သားစုဆောင်းဖို့လိုတဲ့ အဖွဲ့အစည်းမဟုတ်သလို ဒီကနေ့ အချိန်အထိ အတင်းအကျပ် စစ်သားစုဆောင်းခဲ့တာမရှိဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ဒီအပတ်စဉ်မှာ လူပြည့်လို့ နောက်အပတ်စဉ်မှလာဆိုပြီး လုပ်နေရတဲ့အနေထားမျိုးပါ။ အတင်းအဓမ္မ စစ်သားစုဆောင်းဖို့ မလိုပါ။ အဖွဲ့အစည်းမူဝါဒအရ ဘယ်သူ တဦး တယောက်ကိုမှ သူတို့ရဲ့ ဆန္ဒမပါဘဲ ဒီကနေ့အထိ အတင်းအကျပ် စုဆောင်းတယ်ဆိုတာ လုံးဝမရှိပါ။ အရွယ်မရောက်သေးတဲ့သူတွေ တပ်ထဲဝင်ဖို့ရောက်လာရင်တောင် မိဘတွေကိုခေါ်ပြီး ပြန်အပ်တာတွေတောင် ရှိပါတယ်။ အတင်းအဓမ္မ လူသစ်စုဆောင်းတယ်လို့ စွပ်စွဲတယ်ဆိုတာ လုံးဝ လက်ခံနိုင်စရာမရှိပါ။”

အာရက္ခတပ်တော် (AA) အနေနဲ့ စစ်သားစုဆောင်းဖို့လိုတဲ့ အဖွဲ့အစည်းမဟုတ်သလို ဒီကနေ့ အချိန်အထိ အတင်းအကျပ် စစ်သားစုဆ...

19/05/2024
19/05/2024

ကချင် စစ်ရှောင်စခန်းတွင် ကလေး ၁ ဦး ဓာတ်လိုက်သေဆုံး၊ မြေပုံတွင် မိုင်းနင်းပြီး ဒေသခံ ၁ ဦးသေ
DVB
ကချင်ပြည်နယ်၊ လိုင်ဇာအနီးက ဖွန်လွမ်ယန် စစ်ရှောင်စခန်းမှာ ကလေးငယ်တယောက် ချောင်းထဲဆင်းရင်း ဓာတ်လိုက်သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။
https://burmese.dvb.no/archives/652431

17/05/2024

Address


Alerts

Be the first to know and let us send you an email when Zotung Media Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zotung Media Group:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share