တောင်ဥက္ကလာပမြို့နယ် မီတာရုံး ဗုံးပေါက်ကွဲ ၊ အကြမ်းဖက်တပ်သား တကောင်ထိခိုက်မှုရှိသည်ဟုထုတ်ပြန် -
SouthOkkala News ( ဩဂုတ် ၁၆ )
တောင်ဥက္ကလာပမြို့နယ် ၊ ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ မီတာရုံးကို ယနေ့ညနေပိုင်း ၅:၃၀ ခန့်က ဗုံးခွဲတိုက်ခိုက်ခံရကြောင်းသိရှိရသည်။
" အရေးပေါ်မီးပျက်ပြုပြင်ရေးဌာန ( မီတာရုံး ) တွင်တပ်စွဲထားသော စစ်ခွေးများကို Generation-Y Guerilla (GY G) နှင့် မဟာမိတ် Myint Ma Kha STF မှပူးပေါင်း၍ လက်ပစ်ဗုံးဖြင့် ၅:၂၉ အချိန်တွင် ပစ်ပေါက်တိုက်ခိုက်ခဲ့ပါသည်။ ရေချိုးရန် ပြင်နေသော ခွေးတစ်ကောင်ထိသည် ဟူသော မြေပြင်သတင်းအရသိရှိရပါသည် " ဟု ထုတ်ပြန်ကြေငြာသည်။
ထိုမီတာရုံးသည် နေ့/ည အကြမ်းဖက်ကောင်များရှိနေသော နေရာဖြစ်ပြီး ဝရံတာများတွင်လဲ ကင်းပုန်းများအမြဲရှိသောနေရာဖြစ်သည်။
#SOK_News
°°°°°°°°°°°°°
Telegram Channel တွင်ဖတ်ရန် -
https://t.me/SouthOkkala_Channel
တ/ဥက္ကလာ ၊ သံသုမာလမ်းပေါ် စီမံကိန်းမှတ်တိုင်အနီးတွင် ယခုည ၉ နာရီခန့်က ဆိုက်ကား နှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ပြီး ဆေးရုံကားများရောက်ရှိလာခဲ့၍ စစ်ကောင်စီတပ်သားများလဲ လာရောက်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၃၀
#SOK_News
°°°°°°°°°°°°°
Telegram Channel တွင်ဖတ်ရန် -
https://t.me/SouthOkkala_Channel
KNDF BO1 မှ ရဲဘော်မောင်ရစ်ချက်ထွန်းသည် ဧပြီ ၁၁ ရက်နေ့ ဒီးမော့ဆိုမြို့နယ်ရှိ အိုခူးရီတိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်းသိရှိရပါသည်။
ရဲဘော်ရစ်ချက်ထွန်း ရှိရာနေရာနှင့် စစ်ကောင်စီတပ်မှာ တအိမ်ခြားကျော်သာခြားခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်းနှင့် ကျဆုံးသွားသော ရဲဘော်ရစ်ချက်ထွန်း အားအလေးနီပြုကြောင်းကိုလဲ KNDF B01 မှထုတ်ပြန်ထားသည်။
ဧပြီ ၂၆
#Video_KNDFBO1
#SOK_News
လုယက်မှုများ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေပြီး ပြည်သူများအနေဖြင့် သတိထားသွားလာကြပါရန် -
SouthOkkala News ( ဧပြီ ၁၃ )
ယခု CCTV မှတ်တမ်းသည် ယခုလ ( ဧပြီ ) ၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် ၊ ၁၄/၂ ရပ်ကွက် ၊ ဖိုးခေါင်လမ်းအတွင်း အမျိုးသမီးတဦး တိုက်ခန်းတံခါးဖွင့်နေစဉ် ဖုန်းလုခံရသောမှတ်တမ်းဖြစ်သည်။
ရတနာလမ်းပေါ် သုံးပန်လှအနီးတွင်လဲ ယခုလ ( ဧပြီ ) ၉ ရက်နေ့ မနက် ၇ နာရီခန့်က အမျိုးသမီးတဦးရဲ့ ဆွဲကြိုးကို ဆိုင်ကယ်နဲ့လူနှစ်ဦးမှ လုယူထွက်ပြေးခဲ့တယ်လို့သိရပါတယ်။
ဆိုင်ကယ်စီးရင်း ဖုန်းမပြောပါနဲ့ နောက်ကနေဆွဲလုပြီး ပြေးပါတယ်။ ခါးကြားမှာ ပိုက်ဆံအိတ် ၊ ဖုန်း မထိုးပါနဲ့ နောက်ကနေဆွဲလုပြီး ပြေးပါတယ်။ လူပြတ်တဲ့ နေရာမှာတယောက်တည်း မနေပါနဲ့ ဓားထောက်ပြီးလုပါတယ်။ တန်ဖိုးကြီးပစ္စည်းများဝတ်စားပြီး အပြင်သွားခြင်းကို ရှောင်ကြဉ်ပါ။
မိန်းကလေးတယောက