Htangone Times

  • Home
  • Htangone Times

Htangone Times For the Democracy,
For the Htangone.

တပ်မတော် (လေ) မှ ပြည်သူ့ဘက်တော်များ•••••••••••••••••••••••••••••••••••••••••••&••••••••••••March 3, 2022                ...
03/03/2022

တပ်မတော် (လေ) မှ ပြည်သူ့ဘက်တော်များ
•••••••••••••••••••••••••••••••••••••••••••&••••••••••••
March 3, 2022

တပ်မတော်(လေ)မှ ဗိုလ်ကြီး ဇေသူအောင်၊ ဗိုလ်ကြီး မုတ်သုန်နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်မှ တပ်သား သီဟနိုင် အပါအ၀င် CDMပြုလုပ်လာသော တပ်မတော်(လေ) စုစုပေါင်း ၁၀၀ကျော် အထိ ရှိလာပြီ ဖြစ်သည်ဟု သိရှိရပါသည်။

ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၄) ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင် (၃) ကိုယ်ကျိုးစီးပွားကို...
03/03/2022

ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၄)

ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင်

(၃) ကိုယ်ကျိုးစီးပွားကိုသာ ကြည့်နေခြင်း
••••••••••••••••••••••••••••••••••••••••••••••••
ဒီနောက်ဆုံး အချက်ကိုတော့ ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ထောက်ရှုပြီး သုံးသပ်ပြရပါလိမ့်မည်။ ဘာကြောင့်ဆို လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ ရှိသလို၊ အယူအဆ အမျိုးမျိုး အတွေးအမျိုးမျိုးတွေ ရှိတတ်ကြလို့ပါ။
ပထမအဆုံးအနေနဲ့ စီးပွားရေးလုပ်ငန်းရှင် ပစ္စည်းဥစ္စာကြွယ်ဝသူများဖက်မှ နေ၍ သုံးသပ်ပြပါရစေ။၎င်းတို့ အနေဖြင့်လည်း စစ်အာဏာရှင်ကို လုံးဝ မကြိုက်သော်ငြား မိမိတို့ ဘ၀တစ်လျှောက်လုံး ပင်ပမ်းဆင်းရဲကြီးစွာ ရှာဖွေလာခဲ့သော ပစ္စည်းဥစ္စာများအား ပျက်ဆီးဆုံးရှုံးရမှာကို အင်မတန်မှ စိုးရိမ်လှပါသည်။
စာရေးသူအနေနဲ့လည်း ဟိုးအရင်က စာရေးသူ ပိုင်ဆိုင်ခဲ့သော အိမ်၊ခြံ၊မြေနှင့် ရာထူးစည်းစိမ်များ ဆုံးရှုံးရမှာကို အလွန်စိုးထိတ်ခဲ့ဖူးပါသည်။ဘာကြောင့်ဆို စာရေးသူသည် ငယ်စဉ်ကလေး ဘ၀ကတည်းက ဘ၀ကို ဆင်းရဲစွာ ဖြတ်သန်းခဲ့ရသောကြောင့် မတောင့်မတ မကြောင့်မကျ ဘ၀ကို တမ်းတစိတ် ဖြစ်မိပါသည်။
စာရေးသူ၏ မိဘများမှလည်း စာရေးသူအား အမွေပေးစရာဆိုလို့ ပညာသာ ရှိခဲ့ပါသည်။ထို့ကြောင့်ပဲ စာရေးသူဟာ အရွယ်ရောက်သည်အထိ ပင်ပင်ပမ်းပမ်းဖြင့် ပညာကို အားကြိုးမာန်တက် ကြိုးစားခဲ့ရပါသည်။ရွယ်တူတန်းတူတွေလို မသုံးနိုင် မဖြုန်းနိုင်ခဲ့ဘဲ ဘ၀ကို ရောင့်ရဲတင်းတိမ်စွာဖြင့်ပဲ ဖြတ်သန်းခဲ့ရပါသည်။
စာရေးသူ အရွယ်ရောက်လာခဲ့သော် ၀န်ကြီးဌာန တစ်ခုမှာ အလုပ် ရခဲ့ပါသည်။ထိုအလုပ်ကို စာရေးသူမှာ အင်မတန်မှ မြတ်နိုးခုံမင်ခဲ့ရပါသည်။ အလုပ်ရသွားပြီမို့ စာရေးသူရဲ့ ငယ်ဘ၀ အိမ်မက်လေးဟာ သာယာဖြောင့်ဖြူးပြီဟု ထင်မှတ်ခဲ့ဖူးပါသည်။
သို့သော် မမျှော်လင့်ဘဲ စာရေးသူတို့လို ဒီမိုချစ်သူ ၀န်ထမ်းများအတွက်ရော မြန်မာနိုင်ငံအတွက်ပါ ဂြိုဟ်ဆိုးကံကြမ္မာ ၀င်ခဲ့ရသော နေ့တစ်နေ့ဟာ မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့ရပါတယ်။ထိုနေ့ဟာ အားလုံးသိထားပြီးသား ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ ပဲ ဖြစ်ပါတယ်။
ခုချိန်မှာတော့ စာရေးသူဟာ ဒီမိုကရေစီက လွဲလို့ ကျန်သည့်အရာ ဘာကိုမှ မမက်မောတော့ပါ။ စာရေးသူလို အတွေးမျိုး ထန်းကုန်းတိုက်နယ်မှ သူဋ္ဌေးသူကြွယ်၊လုပ်ငန်းကိုင်ငန်းအဆင်ပြေသူ စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေရေးကြေးရေး တတ်နိုင်သူ အားလုံး အားလုံး အားလုံး မှာ ရှိနေခဲ့ရင်၊ မရှိသေးသော်လည်း ယခု ရှိသွားခဲ့လျှင်ပဲ စာရေးသူအနေနဲ့ ဆောင်းပါးရေးရကျိုး နပ်ရပါပြီ။
မြန်မာပြည်သည် အခွင့်ထူးခံ စစ်တပ် ထိပ်ပိုင်းမှ အရာရှိကြီးများ၏ ထင်သလို ခြယ်လှယ်ခွင့် ရနေသော စီးပွားရေး ၀ဲဂယက်ထဲမှာ နစ်မြုပ်နေခဲ့တာ ဟာ နှစ်ပေါင်း၆၀ ကျော်ခဲ့ပါပြီ။ တိုင်းပြည်ကို နစ်သထက် နစ်အောင် နှစ်၊ လူငယ်တွေရဲ့ အနာဂတ်တွေကို ဖျက်ချင်သလို ဖျက်ဆီးခဲ့ပြီးမှ စစ်တပ်ဟာ အာဏာသိမ်းတာ မဟုတ် အာဏာခဏတာ ထိမ်းတာပါဟု ပေါ့ပြက်ပြက် ပြောသော စကားသည် စာတတ်ပေတတ် ပုဂ္ဂိုလ်များအတွက်တော့ ရယ်စရာ ဟာသ ပြက်လုံး တစ်ခုသာ ဖြစ်နေပါလိမ့်မည်။
စစ်တပ်ရဲ့ ဆိုးကျိုးများကို ရေးပြနေရလျှင် ပြောမဆုံးပေါင် တောသုံးတောင် သာ ဖြစ်နေပါလိမ့်မည်။ စာဖတ်သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ၎င်းတို့ ရှိနေတာမို့ စစ်တပ်ရဲ့ ကောင်းမွေဆိုးမွေကို စာဖတ်သူတို့ အနေနဲ့ ကြုံခဲ့ဆုံခဲ့ဖူးသား ဖြစ်ပါလိမ့်မည်။
စစ်တပ်ရဲ့ မကောင်းကြောင်းကို စာရေးသူ အနေနဲ့ အထူးအထွေ ရေးပြနေစရာ မလိုတော့ပါ။
တစ်ချို့ ပြောကြတဲ့ စကားတွေကို စာရေးသူ ကြားဖူးပါသည်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ တဲ့။ ဟုတ်ပါသည်။ ရိုးရိုးရှင်းရှင်းလေး တွေးရင်တော့ ဒီစကားက သွေးထွက်အောင် မှန်ပါသည်။ အထူးသဖြင့် စစ်တပ်က အာဏာမသိမ်းမီ ၁၀စုနှစ် တစ်စုစာ ဆိုရင်တော့ မှန်ကောင်းမှန်ပါလိမ့်မည်။ယခု အချိန်မှာတော့ ကိုယ်က အနှစ်နှစ်အလလ စုဆောင်းပြီး ရှာခဲ့ရတဲ့ ၀င်ငွေနဲ့လည်း ကိုယ်ကြိုက်တဲ့ ပစ္စည်းကို ၀ယ်ခွင့်မရ၊ ကိုယ်စိုက်ပျိုးတဲ့ သီးနှံကို ကိုယ်တိုင် ရိတ်သိမ်းခွင့်မရဘဲ လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားကို ပြည်သူတွေ ခါးစည်း ဒုက္ခခံနေရပါသည်။
စာရေးသူ အနေနဲ့ အနှစ်ချုပ်ကို ခပ်တိုတိုပဲ ရေးပြပါတော့မည်။ကိုယ့်စီးပွားကို သိမ်းပိုက် မခံရချင်ရင် စစ်အာဏာရှင်ကို တော်လှန်ပါ။ ကိုယ့်သားသမီးတွေ အနာဂတ် ကောင်းစားစေချင်ရင် စစ်အာဏာရှင်ကို တော်လှန်ပါ။ လွတ်လွတ်လပ်လပ် နေချင်ရင် စစ်အာဏာရှင်ကို တော်လှန်ပါ။ အမိမြန်မာနိုင်ငံကြီး အမြန်ဆုံး တိုးတက်စေချင်ရင် စစ်အာဏာရှင်ကိုပဲ တော်လှန်ကြပါဟု တိုက်တွန်းရင်း.......................။

မောင်သွေးသစ္စာအောင်
March 3, 2022
8: 29 PM

~စစ်ကောင်စီ၏ ထောက်တိုင်များ (သို့) အ.လ.က မင်းကုန်း(ခ)မှ Non-Cdmပညာရေးဝန်ထမ်းများကျောင်းအုပ်°°°°°°°°°°°°°၁။ ဒေါ်ခင်မာသွယ်အ...
01/03/2022

~စစ်ကောင်စီ၏ ထောက်တိုင်များ (သို့) အ.လ.က မင်းကုန်း(ခ)မှ Non-Cdmပညာရေးဝန်ထမ်းများ

ကျောင်းအုပ်
°°°°°°°°°°°°°
၁။ ဒေါ်ခင်မာသွယ်

အလပြများ
°°°°°°°°°°°°°°°°°°
၂။ ဒေါ်ခင်နွယ်ဦး
၃။ ဒေါ်တင်တင်ဝေ
၎။ ဒေါ်ချိုဦး
၅။ ဒေါ်ဥမ္မာအောင်
၆။ ဒေါ်နှင်းအိခိုင်

* အကယ်၍ မြေပြင်နှင့်စာရင်း လွဲနေပါက chat boxမှာ ပြောကြားနိုင်ပါတယ်ဗျ။

* ယနေ့မှ စ၍ ထန်းကုန်းတိုက်နယ်မှ Non-Cdmများအား ဖော်ထုတ်ပြီး social punishmentပြုလုပ်ပေးသွားပါမည်။

* ကံတရားသည် Non-cdmများဖက်တွင် အမြဲမရှိစေရပါ။

ိုင်းတော်သားများ

ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၃) ~(အခန်း- ၄)ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင်              ...
01/03/2022

ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၃) ~(အခန်း- ၄)

ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင်

စာရေးသူသည် ထန်းကုန်းကျေးရွာလေးမှ မွေးဖွားကြီးပြင်းလာခဲ့သူ ဖြစ်သည့်အတွက် ထန်းကုန်းရွာမှ လူတွေအကြောင်းကို အူမ ချေးခါးမှ အစ အကုန်သိပါသည်။ထန်းကုန်းကျေးရွာလေး စစ်အာဏာရှင်၏ ထောက်တိုင်များ ပြိုလဲပြီး တိုးတက်ပြောင်းလဲလာမှုများ ကြုံတွေ့စေခြင်းမှာ စာရေးသူ၏ စိတ်ဆန္ဒအမှန်သာ ဖြစ်ပါသည်။
ဒီမိုချစ်သူ ထန်းကုန်းပြည်သူလူထုအနေနဲ့ အသားထဲမှ လောက်ထွက်သည့် Nonများကို အရှက်ရခြင်းငှာ ရှောင်ကြဉ်ထားရမည့်အပြင် ပြည်သူကို ကာကွယ်ပေးနေသော LDFများကိုလည်း မိမိတတ်စွမ်းနိုင်သည့်ဖက်မှ လှူဒါန်းမှုများ ပြုစေချင်ပါသည်။
ယခုဆိုလျှင် LDFအဖွဲ့ဝင်တွေဟာ ကန့်ဘလူမြို့နယ်မှာ အင်အားကြီးထွားလာပြီ ဖြစ်ပြီး စိတ်ဓာတ်တွေဟာလည်း အမြင့်မားဆုံးအချိန်သို့ ရောက်ရှိနေကြပြီ ဖြစ်ပါသည်။ပြည်သူလူထု ဖက်မှသာ စုပေါင်းရုန်းကာ LDFတွေ လိုအပ်သမျှ ထောက်ပံ့ပေးမည်ဆိုလျှင် ကန့်ဘလူမြို့နယ်ဟာ မြန်မြန်ဆန်ဆန်ဖြင့် လွတ်မြောက်နယ်မြေစာရင်းထဲ ပါဝင်လာမည် ဖြစ်ပါသည်။
အထူးသဖြင့် ငွေကို အလွယ်တကူ ဖွေရှာနိုင်သော ထန်းကုန်းတိုက်နယ်မှ သူဌေးသူကြွယ်များအား ပူးပေါင်းပါဝင်ကြပါရန် စာရေးသူမှ အနူးအညွတ်တိုက်တွန်း နှိုးဆော်ချင်ပါသည်။မိမိတို့ လှူဒါန်းလိုက်သော ထောက်ပံ့ငွေများသည် LDFများ လက်ထဲ ရောက်ရှိသွားခဲ့ပါက စာဖတ်သူတို့အတွက် အကျိုးမယုတ်စေနိုင်ပါဘူးဟု စာရေးသူမှ ကတိသစ္စာ ပြုအပ်ရပါသည်။
တော်လှန်ရေးကာလမှာ ကိုယ်တတ်နိုင်သည့်ဖက်မှ အင်ပြည့်အားပြည့် ရုန်းထွက်ကြမှသာ စာရေးသူတို့ ရချင်တဲ့ ဒီမိုကရေစီဟာ မလွဲမသွေ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ငါ တစ်ယောက်ထဲ ခိုနေလိုက်ရုံနဲ့ တော်လှန်ရေးအင်အားဟာ မယုတ်လျော့နိုင်ပါဘူးဟု ပေါ့ပေါ့လေးတော့ မတွေးလိုက်ကြပါနဲ့ဗျာ။
အဲ့လို တွေးမယ့်အစား " ငါသာ တော်လှန်ရေးထဲ တစ်တပ်တစ်အား ပါဝင်လိုက်မယ်ဆိုလျှင် တော်လှန်ရေးအင်အားဟာ ပိုကြီးမားလာပြီး ပိုမြန်ဆန်လာမယ်" ဟူ၍ အကောင်းမြင်စိတ်လေးတွေသာ တွေးပေးကြပါ ဗျာ။စာရေးသူတို့ တော်လှန်ရေးကာလဟာ ၁နှစ်ကြာခဲ့ပြီမို့ တော်လှန်ရေးတပ်သားတွေဟာ ပင်ပမ်းစ ပြုလာကြပါပြီ။
ဒီထက် ပိုဆိုးတာက တစ်ဖက်မှ အာဏာရှင်ဖက်မှာ အထိအခိုက် အကျအဆုံးတွေ တစ်နေ့တစ်ခြား များပြားလာပြီး တပ်တွင်းပြိုကွဲမှုတွေဟာ ကျယ်လောင်စွာ ထွက်ပေါ်လာနေပါပြီ။တပ်တွင်း ဖရိုဖရဲဖြစ်မှုတွေကို အသံမထွက်အောင် မအလ ဟာ လိမ်ညာလှည့်လုံးတွေနဲ့ မိုးလုံးပြည့် မုသာဝါဒီတွေကို အရှက်မရှိစွာ သုံးနေရပါပြီ။
သို့သော် မိုးကြိုးပစ်တာကို ထန်းလက်ဖြင့် ကာချင်နေသော မအလ အဖို့ တပ်တွင်းဖရဲသီးတွေကြောင့် လှို့ဝှက်အမိန့်စာ၊ လှို့ဝှက်တပ်တွင်းအစည်းအဝေးတွေမှ အစ မလုံခြုံတော့သော အခြေအနေနှင့် ကြုံနေရပြီ ဖြစ်ပါသည်။မကြာခင်မှာ မအလ ရော အခွင့်ထူးခံ စစ်တပ်ရောကိုပါ မြန်မာ့မြေမှ ပျောက်ကွယ်အောင် မောင်းထုတ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ သက်ဆိုင်ရာ LDFတွေကို များများလှူပါ၊ မြန်မြန် သတင်းပို့ကြပါ။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ တော်လှန်ရေးအတွက် အထူးကောင်းမွန်ပြီး ထိရောက်မှုပြင်းထန်လှတဲ့ လက်နက်ကြီးတစ်လက် သာ ဖြစ်ပါတော့သည်။

#အပိုင်း_၄အားဆက်လက်ဖတ်ရှုပါရန်

© တော်လှန်ရေးကြီး အောင်မြင်သွားလျှင် လူ့ဘ၀ တစ်လျှောက်လုံး အရှက်ရစွာဖြင့် ဆက်လက်ရှင်သန်သွားရတော့မည့် အ.ထ.က ထန်းကုန်းမှ No...
28/02/2022

© တော်လှန်ရေးကြီး အောင်မြင်သွားလျှင် လူ့ဘ၀ တစ်လျှောက်လုံး အရှက်ရစွာဖြင့် ဆက်လက်ရှင်သန်သွားရတော့မည့် အ.ထ.က ထန်းကုန်းမှ Non-cdmပညာရေး ၀န်ထမ်းများ (သို့) လူမသေသေးသော်လည်း နာမည် အရင်သေနေကြသူများ

~ ကျောင်းအုပ်~
••••••••••••••••••
၁။ ဦးအေးမောင်

~ အထက်တန်းပြများ~
•••••••••••••••••••••••••

၂။ ဦးမင်းမင်းလတ်
၃။ ဦးသန်းနိုင်
၎။ ဒေါ်ချစ်ချစ်စိုး
၅။ ဒေါ်အိရွှေစင်
၆။ ဒေါ်ခိုင်ခိုင်
၇။ ဒေါ်စန္ဒာကြည်
၈။ ဒေါ်ခင်မြင့်မိုး

~အလယ်တန်းပြများ~
•••••••••••••••••••••••••

၉။ ဦးနေဇင်အောင် (computer)
၁၀။ ဦးမျိုးမြင့်ဇော် (computer)
၁၁။ ဒေါ်ဝင်းမာစိုး
၁၂။ ဒေါ်ရွှေစိုး
၁၃။ ဒေါ်ခင်မာလွင်
၁၄။ ဒေါ်ချိုမင်းထွန်း
၁၅။ ဒေါ်ခင်သက်မာ
၁၆။ ဒေါ်သိန်းသိန်းထွေး
၁၇။ ဒေါ်ခင်ထားမူ
၁၈။ ဒေါ်တင်တင်အေး
၁၉။ ဦးမောင်မောင်ခင်
၂၀။ ဒေါ်စုစုအောင်
၂၁။ ဒေါ်မာမာဦး
၂၂။ ဒေါ်ရီရီဝင်း
၂၃။ ဦးဇော်မြင့်
၂၄။ ဒေါ်နှင်းဆွေ
၂၅။ ဒေါ်မြင့်မြင့်တင်
၂၆။ ဦးညွန့်ထွေး
၂၇။ ဦးဝင်းဇော်
၂၈။ ဦးထိန်လင်း
၂၉။ ဒေါ်ခင်မာပို

~ မူလတန်းပြများ ~
••••••••••••••••••••••
၃၀။ ဒေါ်ချိုချိုမြင့်
၃၁။ ဒေါ်ဝေလင်းမာ
၃၂။ ဒေါ်ချိုချိုစန်း
၃၃။ ဒေါ်ခင်မာရီ
၃၄။ ဒေါ်စန္ဒာမိုး
၃၅။ ဒေါ်ခင်မာဆွေ
၃၆။ ဒေါ်ဆင့်ဆင့်အောင်
၃၇။ ဒေါ်နန္ဒာအောင်
၃၈။ ဒေါ်စုမွန်ကျော် (ဥယျာဉ်မှူး)
၃၉။ ဒေါ်ကြည်စိုး
၄၀။ ဒေါ်မြမြသီ

~ ရုံးအဖွဲ့များ ~
•••••••••••••••••
၄၁။ ဒေါ်ခိုင်ဇင်ဌေး
၄၂။ ဦးဇင်မင်းအောင်
၄၃။ ဦးဇာတူးမွန်
၄၄။ ဦးစိုးနိုင်
၄၅။ ဦးသိန်းနိုင်
၄၆။ ဦးတင်ငွေ

* နာမည်စာရင်းအတိအကျကို မှန်ကန်စွာ ပေးပို့သော တာဝန်သိ ပြည်သူတစ်ဦးအား အထူးကျေးဇူးတင်ရှိမိပါသည်။ဆက်လက်၍ ၎င်းတို့၏ biographyများကိုလည်း ၎င်းတို့၏ နာမည်နှင့် ယှဉ်တွဲဖော်ပြပြီး social punishmentပြုလုပ်ပေးပါဦးမည်။ အကယ်၍ စာရင်းထဲမှာ အမှားပါနေရင်လည်း ဝေဖန်ထောက်ပြပေးပါ။

* အ.ထ.က ထန်းကုန်းလိုပဲ ကျန်သော ဌာနများမှ ၀န်ထမ်းဆိုးဝန်ထမ်းညစ်များကို social punishmentပြုလုပ်ချင်ပါက ထိုဝန်ထမ်း၏ နာမည်၊ရာထူး၊ဌာန အတိအကျ ရေးမူပြီး ကျွန်တော်များ HGT Messeger chat box နှင့် HGT Telegram သို့ ပေးပို့နိုင်ပါသည်။

* ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်ရာ ကိုယ်လုပ်ဆိုသည့်အတိုင်း စစ်အာဏာရှင်ကို ခင်များတို့ ၀န်ထမ်းတွေ ထောက်ခံပေးခဲ့ကြပြီးပါပြီ။ ကျွန်တော်များ NUGအစိုးရ တက်ရောက်လာသည့်အချိန်တွင်လည်း အလိုက်သိစွာ အထုပ်လေးပိုက်၍ ဆင်းပေးကြပါရန်,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ိုင်းတော်သားများ

ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၃) ~(အခန်း- ၃)ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင်              ...
28/02/2022

ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၃) ~(အခန်း- ၃)

ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင်

အခန်း(၂)မှ အကြောင်းအရာကို ပြန်ဆက်ချင်ပါသည်။ထန်းကုန်းကျေးရွာသည် ယခုအချိန်ထိ မျက်နှာရှိရာ အားနာခြင်း သဘောများ ကျန်ရှိနေပါသေးသည်။စာရေးသူတို့သည် စစ်တပ် တစ်ခုတည်းကိုပဲ တိုက်ထုတ်နေသည် မဟုတ်ပါ။အာဏာရှင်တို့၏ လက်ပါးစေများ၊ အာဏာရှင်တို့၏ ထောက်တိုင်မှန်သမျှ ကို တိုက်ထုတ်နေခြင်း ဖြစ်ပါသည်။
အာဏာရှင်မှ စနစ်တကျ မွေးထုတ်ပေးခဲ့တဲ့ ၀န်ထမ်းဆိုးဝန်ထမ်းညစ်များကိုပါ မြန်မာ့လူ့ဘောင်မှ အပြီးအပိုင် နှင်ထုတ်ပစ်ရပါမည်။သို့မဟုတ်ဘဲ တော်လှန်ရေးကြီး အောင်မြင်ပြီးသွားလျှင် ဒုက္ခတွေ တသီတတန်းကြီး ခံစားခဲ့ရသော cdm၀န်ထမ်းများနှင့် ထို Nonများကို တစ်ဌာနထဲ လုပ်ငန်းအတူတူ လုပ်ခိုင်းရမည်လား။CDM၀န်ထမ်းများဖက်ကရော ထိုNonများနှင့် လုပ်ငန်းအတူတူ လုပ်ပါမည်ဟု စာဖတ်သူတို့ ထင်ပါသလော။
CDMကို ခရေစေ့တွင်းကျ ပြောနိုင်နေတယ်ဆိုတာက အကြောင်းမဟုတ်ပါ။ဘာကြောင့်ဆို စာရေးသူ ကိုယ်တိုင်က CDM၀န်ထမ်းတစ်ဦး ဖြစ်သလို ဒုက္ခပေါင်းစုံကို ခါးစည်းခံခဲ့ရဖူးသူမို့ပါ။CDMတွေရဲ့ ဘ၀ဟာ အင်မတန်မှ ခါးသီးလွန်းလှပြီး တစ်ဖက်မှ Nonများ ဘ၀နှင့် နိဗ္ဗာန်နဲ့ ငရဲ ပမာ ကွာခြားလွန်းလှပါတယ်။စာရေးသူအပါအ၀င် cdmတွေရဲ့ အခက်အခဲတွေ ကြားရတိုင်း Nonများကို အံကြိတ်မိပါသည်။
သို့သော် ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်မို့ စာရေးသူဟာ Nonတွေ အကြောင်းကို တစ်လုံးတစ်ပါဒမျှ မဟခဲ့ဖူးပါ။ကိုယ်က ခေါင်းငုံ့ခံနေတာ သိတော့ အနိုင်ကျင့်သူများက အလိုအလျောက် ပေါ်ပေါက်လာခဲ့ပါတယ်။စာရေးသူ cdmစ လုပ်စဉ်က မိတ်ဆွေအပေါင်းအသင်းဖြစ်ခဲ့ဖူးတဲ့ Nonပညာရေးဝန်ထမ်း ၁ဦးမှ သနားသလိုလို၊ ရိသလိုလို၊ စောင်းသလိုလို အစရှိသည်များဖြင့် ဝေဖန်တိုက်ခိုက်ပါသည်။စာရေးသူမှာ ပြုံး၍ပင် နေခဲ့ရပါသည်။ဘာကြောင့်ဆို ရန်ကိုရန်ချင်း တုံ့ပြန်နေလျှင် စာရေးသူတို့ အင်မတန်မှ မြတ်နိုးပါသော ဒီမိုကရေစီလမ်းကြောင်းကြီး လွဲချော်သွားမည်ဆိုးသောကြောင့်ပါ။
၎င်းပညာရေးဝန်ထမ်း နည်းတူပဲ အခြားဌာနမှ Nonများ၏ လှောင်ပြောင်နှိမ့်ချခြင်းများကိုလည်း နေ့စဉ်နဲ့အမျှ ခံခဲ့ရပါသည်။စာရေးသူမှာ အိမ်ထဲမှ အိမ်ပြင် မထွက်ရဲရအောင် အထိ အရှက်များစွာ ရခဲ့ဖူးပါသည်။
ထားပါ။ လိုရင်းကိုပဲ ဆက်ပါမည်။ထန်းကုန်းကျောင်းမှ ညီအမ ၃ယောက် အကြောင်းပါ။ထန်းကုန်းကျောင်းမှလည်း cdmမလုပ်ကြောင်း ခံဝန်ချက်လက်မှတ်ကို ထိုးထားတယ်။တစ်ဖက်တွင်လည်း စာရေးသူတို့ရဲ့ ထန်းကုန်းcdmများထောက်ပံ့ရေး ကော်မတီသို့လည်း စာရင်းက လာပေးထားသေးတယ်။ဒါကို ခြံစည်းရိုး ခွထိုင်သူတွေလို့ ကင်ပွန်းမတပ်တော့ ဘယ်လို ခေါ်ဆိုရမှာလဲ။
သူတို့ ညီအမ ၃ယောက်ထဲမှ မဟုတ်ဘူး။cdmစာရင်းပေးပြီးမှ nonကို ကူးသွားတဲ့ အခြားသူတွေရော မရှိကြဘူးလား။ဟုတ်ကဲ့ ရှိပါတယ်။သို့သော် ထိုဝန်ထမ်းများသည် အာဏာစသိမ်းကတည်းက သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ cdmလုပ်ထားကြသူများ ဖြစ်ပြီး ဧပြီလ နှင့် မေလ အထိ ပညာရေးမှူးရုံးမှ cdmကတိခံဝန်ချက် လက်မှတ်ကို လုံးဝ မထိုးဘဲ ငြင်းဆန်ထားကြသူများ ဖြစ်ပါသည်။
၂လ တိတိ လစာ လုံးဝ မယူဘဲ ၆လပိုင်းရောက်မှ အကြောင်းအမျိုးမျိုးတို့ကြောင့် cdmကို စွန့်ခွာသွားကြသူချည်းသာ ဖြစ်ပါသည်။ထို ၃ယောက်မှာ ထိုသို့ မဟုတ်ဘဲ လစာ မယူခဲ့သော လ တစ်လတစ်လေမျှ ပင် မရှိခဲ့ပါ။ပို၍ ဆိုးရွားသွားသည့် အချက်မှာ ပညာရေးမှူးရုံးမှ ထိုးခိုင်းသော လက်မှတ်ကို ထန်းကုန်းစာသင်ကျောင်းရုံးခန်းအတွင်း ကျောင်းအုပ်ကြီးဦးအေးမောင်ရှေ့တွင် ကျေကျေနပ်နပ်ထိုးခဲ့ပြီးမှ ထန်းကုန်းကော်မတီသို့ cdmစာရင်း ပေးသွင်းလာခြင်းမှာ အဘယ်သို့သော အကြောင်းကြောင့်နည်း။စာရေးသူကို လူမှုရေးဆန်တယ်ဟု ဝေဖန်ထောက်ပြလာသော စာဖတ်သူ ပရိတ်သတ်တို့ မိမိဘာသာ ပြန်လည်သုံးသပ်ကြည့်ကြပါ ခင်ဗျာ။ မိသားစု အခြေအနေတွေကြောင့် Nonတာကို စာရေးသူ ခွင့်လွှတ်နားလည်ပါသည်။ ဘယ်သူမှ မသိနိုင်ဘူးဟု ထင်ပြီး ပြည်သူကို နားလှည့်ပါးရိုက်သည့် လုပ်ရပ်မျိုးကိုတော့ စာဖတ်သူတို့ရော သည်းခံနိုင်ကြမှာလား။
Nonများ၏ လုပ်ရပ်ကို နာမည်နဲ့တကွ ဖော်ပြခြင်းက လောလောဆယ်တွင်တော့ ပန်းနဲ့ပေါက်တာကမှ နာချင် နာပါလိမ့်ဦးမည်။cdmသမား တစ်ယောက်ကို နာမည်နဲ့တကွ ဖော်ပြခြင်း ခံရပါက သူ၏ မိသားစု၊ သူ့ရာထူး၊ သူ၏ အသက်များကိုပါ ပေးဆပ်ရပါလိမ့်မည်။စာရေးသူတို့ ပြုလုပ်လိုက်သော social punishmentဟာ Nonတွေ အတွက်တော့ လောလောဆယ်မှာ ရယ်စရာတစ်ခုသာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။
ဒီမိုချစ်သော ထန်းကုန်းပြည်သူလူထုများ ခင်များ။စာဖတ်သူတို့၏ မိတ်ဆွေဖြစ်နေလို့၊ အပေါင်းအသင်းဖြစ်နေလို့၊ မိဘဆွေမျိုး ဖြစ်နေလို့ ဆိုပြီး Nonတွေ၏ နောက်ကွယ်မှ အာဏာရှင်ကို အထောက်အပံ့ပြုပေးနေသော လုပ်ရပ်များကို မဖော်ထုတ်ချင်ကြတော့ဘူးလား။
မိမိဆွေမျိုးမို့ သူ့ရဲ့ မကောင်းမှုကို မဖော်ထုတ်ချင်၊ အမှန်ကို အမှန်တိုင်း မပြောပြရဲ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေသာ မချရဲဘူး ဆိုရင် စာဖတ်သူတို့ လိုချင်တဲ့ စစ်မှန်သော ဒီမိုကရေစီကို ဘယ်တော့မှ မမျှော်လင့်ပါတော့နဲ့။အပေါ်တိုင်တွေကတော့ အကောင်းကြီး ဖြစ်နေပါရက်နဲ့ အောက်ခြေမှာ ခြစားနေသရွေ့တော့ အဲ့အိမ်ဟာ အချိန်မရွေး ပြိုကျနေဦးမှာပါပဲ။
ဘယ်လောက်တော်တဲ့ နိုင်ငံ့အကြီးအကဲက အုပ်ချုပ်နေပါစေ တိုင်းပြည်အတွင်းမှာ စစ်အစိုးရရဲ့ အငွေ့အသက်ဖြစ်တဲ့ ၀န်ထမ်းဆိုးဝန်ထမ်းညစ်တွေ ကျန်ရှိနေသမျှ ကာလပတ်လုံး အဲ့ဒီနိုင်ငံဟာ အကျင့်ပျက်ခြစားမှုတွေ နဲ့ တိုင်ပတ်နေဦးမှာပါပဲ။

#အပိုင်း_၃မှအခန်း_၄အားဆက်လက်ဖတ်ရှုပါရန်

ထန်းကုန်းပျူသတင်း••••••••••••••••••••••••Feb 27, 2022                                            ထန်းကုန်းစံပြကျေးရွာ၊တေ...
27/02/2022

ထန်းကုန်းပျူသတင်း
••••••••••••••••••••••••

Feb 27, 2022

ထန်းကုန်းစံပြကျေးရွာ၊တောင်ကုန်းရပ်ကွက်နေ အဖ ဦးမျိုးမြင့်၏ သား မျိုးမင်းကျော် (ခ) ဖားလေး ဆိုသည့် သတ္တဝါတစ်ကောင်မှာ ပထွေးအားကိုး၊လက်နက်အားကိုးဖြင့် ထန်းကုန်းမြောက်ဖက်(ကန့်ဘလူသို့သွားရာလမ်း) တွင် ခရီးသွားမိန်းကလေးငယ်လေးများအား တားဆီးစစ်ဆေးနေပါသည်။ စစ်ဆေးသည်မှာ ရိုးရိုးမစစ်ဆေးဘဲ အစစ်ဆေးခံရသူမိန်းကလေးများ၏ ဖုန်းကို အတင်းလုယူပြီး "ဖုန်းအသိမ်းခံမလား၊ ပါးကို ဖက်နမ်းတာ ခံမလား" ဟု မေးမြန်းကာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုကျင့်နေသည်ဟု သတင်းရရှိထားပါသည်။
ထို့အပြင် အစစ်ဆေးခံရသူ မိန်းကလေးများ၏ အပေါ်ထည်များ ချွတ်ခိုင်းခြင်း၊ ထိကပါး ရိကပါး ပြောဆိုခြင်းများလည်း ပြုလုပ်လျှက်ရှိသည်ဟု ကြားသိရပါသည်။
ယနေ့မှ စ၍ ပြစ်မှုကျူးလွန်သူ တဏှာရူး ဖားလေးနှင့် အပေါင်းအပါများ ပြည်သူပေးတဲ့ပြစ်ဒဏ် သေချာပေါက် ခံရစေရမည်။



ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၃) ~(အခန်း- ၂)ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင်              ...
26/02/2022

ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၃) ~(အခန်း- ၂)

ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင်

#အပိုင်း(၃) #အခန်း-၁ မှ ပြန်ဆက်ရသော် ထန်းကုန်းတိုက်နယ်သည် cdm၀န်ထမ်းများအပေါ်တွင် ကြီးမားသည့် အထောက်အပံ့မျိုး မပေးစွမ်းနိုင်ခဲ့ပါ။ဒါကို စာရေးသူအနေဖြင့် ချင့်ချိန်တွေးကြည့်သော် ကော်မတီသည် သူ့အိုးနဲ့သူ့ဆန် တန်အောင်ပဲ ခပ်ခဲ့နိုင်သည်ဟု သုံးသပ်မိပါသည်။အဘယ်ကြောင့်ဆိုသော် ထန်းကုန်းတိုက်နယ်သည် (အထူးသဖြင့် - ထန်းကုန်းသူဌေးများ) ကိုယ့်အကျိုးစီးပွားအတွက် မဟုတ်လျှင် လေတောင်မချွန်ဟု သိထားသောကြောင့် ဖြစ်ပါသည်။
ထို့အပြင် အခြားနယ်များတွင် ထိုအချိန်က nonများအား social punishmentကို ထိရောက်စွာ အရှက်ရအောင် လုပ်ဆောင်နိုင်ခဲ့ကြပေမယ့်လည်း ထန်းကုန်းသည် ဟိုလူလုပ်နိုး ဒီလူ လုပ်နိုးဖြင့် နောက်ဆုံးတွင် cdm၀န်ထမ်းများကိုသာ ပြန်ပြီး လှောင်ပြောင်ခံခဲ့ရသည်ဟုလည်း ပညာရေးcdmတစ်ဦးထံမှ သိရှိရပါသည်။
အ.ထ.က ထန်းကုန်း ကျောင်းမှ cdmဆရာဆရာမများဆိုလျှင် ကျောင်းအုပ်ကြီး ဦးအေးမောင် ဆိုသည့် Non၏ ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းခြင်း၊ အတင်းအကြပ် nonခိုင်းခြင်းများကို အချိန်နဲ့အမျှ ခံခဲ့ကြရသည်ဟု HGTသို့ ရင်ဖွင့်ပြောဆိုထားပါသည်။
ထို့အပြင် ထန်းကုန်းကျောင်းသည် cdmပြုလုပ်သည့်စာရင်းတွင် အခြားကျောင်းတွေထက် ပို၍နည်းပါးသည်ဟု သိရပါသည်။ထန်းကုန်းကျောင်းမှာ ၀န်ထမ်းဦးရေ ၅၈ယောက် ရှိသည့်အနက် ၁၁ဦးသာ cdm၀န်ထမ်းဖြစ်ပြီး ကျန်၄၇ဦးမှာ nonများ ဖြစ်ကာ cdm၀န်ထမ်း ၁၄%ဖြင့် ကန့်ဘလူမြို့နယ်တွင် အနည်းဆုံး ဟု သိရပါသည်။
~စကားချပ်အနေဖြင့် အ.ထ.က ထန်းကုန်းကျောင်းမှ Nonဆရာဆရာမ များ၏ နာမည်စာရင်းကို အချိန်ရရင် ရသလို ကျွန်တော်တို့ HGT ဝိုင်းတော် အဖွဲ့သားများမှ Social Punishmentပြုလုပ်ပေးပါမည်ဟု သတင်းကောင်း ပါးအပ်ပါသည်။
စာရေးသူ လေရှည်လာခဲ့တာ ခေါင်းစဉ်နှင့် လွဲချော်နေပြီဟု စာဖတ်သူတို့ ထင်ကောင်းထင်ပါလိမ့်မည်။တကယ်တော့ LDFနဲ့ ပတ်သတ်ပြီး ထန်းကုန်းပြည်သူတွေဟာ ထောက်ပံ့မှု နည်းပါးခဲ့ပုံကို အခွင့်အရေး ရခဲ့စဉ်က CDMတွေအပေါ် ထောက်ပံ့မှု နည်းပါးခဲ့ပုံနှင့် စကားပလ္လင်ခံ၍ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။
LDF (local defense force) တွေ အကြောင်း ဆက်ပါတော့မည်။အခြားမြို့နယ်တွေလိုပဲ ကန့်ဘလူမြို့နယ်မှာလည်း သူ့ဒေသနှင့်သူ ldfအဖွဲ့အစည်းများ ရှိလာခဲ့ပါသည်။ လက်ဇောင်းထက်ပြီး နာမည်ထွက်သော အဖွဲ့များ (ဥပမာ- kanbalu Underground Warriors, Kbu Tigers, kbu တောညီနောင်, Yaung Ni ပြောက်ကျား, လင်းယုန်နီ, ကန့်ဘလူစွန်ရဲ ) တွင် ပြည်သူလူထု၏ ထောက်ပံ့ကူညီပေးပို့မှုတွေ ရှိနေခဲ့သော်လည်း အချို့အဖွဲ့အစည်းများတွင်တော့ ကူညီလှူဒါန်းမှုဟာ မရှိသလောက် နည်းပါးနေပါသည်။
တကယ်တမ်း ပြောရရင် အထက်မှ တင်ပြခဲ့သည့် LDFအဖွဲ့များ မှာပင် ကန့်ဘလူပြည်သူလူထု၏ လှူဒါန်းမှုသည် ပြည့်လျှံနေပြီဟု ထင်မှတ်၍ မရပါ။အချို့ ဒေသမှ အဖွဲ့အစည်းများဆိုလျှင် ခဲယမ်းမှ အစ ကိုယ့်အိတ်ကပ်ထဲမှ စိုက်၊ ကိုယ့်လက်နက် ကိုယ်ထွင်၊ ကိုယ့်မှာ ရှိသမျှ ဘဏ္ဍာငွေလေးနဲ့ အာဏာရှင်ကို ဆန့်ကျင်နေကြရတာ ဖြစ်ပါသည်။လုံးဝ အထောက်အပံ့ မရရှိသေးတဲ့ အဖွဲ့အစည်းများလည်း ဒုနဲ့ဒေး ပါပဲ။
ထန်းကုန်းတိုက်နယ်မှ ဒီမိုချစ်သူ ပြည်သူလူထုကို မေးခွန်းတစ်ခု မေးချင်မိပါသည်။သင်တို့ဖက်မှ အကူအညီတစ်စုံတစ်ရာလေးတောင်မှ ထောက်ပံ့ခြင်း မရှိဘဲနဲ့ LDFတွေအပေါ် ဘာတွေမြန်း သင်တို့က မျှော်လင့်နေကြပါသလဲ? Ldfတွေ ဖွဲ့စည်းပြီးပြီဆိုတာနဲ့ပဲ သင်တို့အနေနဲ့ ပျော်နေလို့ မရပါ။
ဒီအဖွဲ့တွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပြည်သူလူထုရဲ့ အထောက်အပံ့ဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ထန်းကုန်းအနေနဲ့ အားမနာတမ်းပြောရရင် အချောင်သမား အများစုသာ နေထိုင်ကြပြီး တကယ် ဘ၀တွေပျက်အောင် ပေးဆပ်နေကြသူ အရေအတွက်ဟာ လက်ချိုးရေတွက်လို့ ရပါသည်။ထန်းကုန်းတိုက်နယ်ရှိ လူတော်တော်များများသည် လမ်းဖောက်ရာတွင်သာ မပါချင်ကြသော်လည်း လမ်းပေါက်သွားလျှင်တော့ ကျော့ကျော့လေး လျှောက်ချင်ကြသူများက ပမာဏ များပြားလှပါသည်။
ရေသာခို အချောင်လိုက်ချင်သူ များပြားလွန်းလှသောကြောင့်လည်း ထန်းကုန်းစံပြကျေးရွာလေးဟာ ယခုချိန်ထိ သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲလာမှု မရှိနိုင်သေးချေ။ဒါ့အပြင် ထန်းကုန်းစရိုက်သည် ခြံစည်းရိုး ခွထိုင်ပြီး လေယူရာ ယိမ်းသော သာယာညာပေါင်းစနစ်များ အင်မတန်ထွန်းကားသော ရွာလေးတစ်ရွာ ဖြစ်သည်။
ဒီနေရာမှာ အချက်အလက်နဲ့တကွ စာရေးသူမှ တင်ပြပါရစေ။ဗရမ်းဗတာ ပြောနေသည်ဟု ထင်မှာဆိုးလို့ပါ။အမည်နာမနဲ့ တကွ တပ်၍ ပြောပါရစေ။အရှက်ရပြီး နောင်ကျဉ်သွားအောင်မို့ပါ။
လွန်ခဲ့သော ၁နှစ်ခန့် အာဏာသိမ်းပြီး ၃လခန့်အကြာမှာ ထန်းကုန်းကော်မတီမှ အထောက်အပံ့ပေးရန် Cdmစာရင်းများကို အတိအကျကောက်ပါသည်။ပထမလ မှာ မီးရထားဝန်ထမ်းများကို ၁ယောက်လျှင် ကျပ် ၁သိန်းနှုန်း နှင့် ဆန်တစ်ပြည် (အချိန်ကြာသွား၍ လွဲကောင်းလွဲနိုင်) အမှန်အကန် ထောက်ပံ့ပေးသည်ဟု သတင်းကြားသောအခါ အရင်ကတည်းမှ ကြံ့ခိုင်ရေးအားပေးသူများလည်းဖြစ်ပြန်၊ cdmများကို စာသင်ကျောင်းရုံးခန်းအတွင်း အမြဲလှောင်ပြောင်နေခဲ့တဲ့ ဒေါ်ခင်မာပို(အလယ်တန်းပြ)၊ ဒေါ်ခင်မာရီ(မူလတန်းပြ) နှင့် ဒေါ်ခင်မာဆွေ(မူလတန်းပြ)တို့ ညီအစ်မ ၃ဦးမှ cdmလုပ်မည်ဟု စာရင်းလာပေးခဲ့ပါသည်။
ထိုအချိန်က စာရေးသူကိုယ်တိုင်လည်း Cdmစာရင်းကိုင်သူ အဖွဲ့ထဲမှာ ရှိနေခဲ့ပါသည်။ထိုညီအမ ၃ဦး စာရင်းလာပေးချိန်တွင် စာရေးသူတို့အဖွဲ့မှ ခေါင်းချင်းဆိုင်၍ တိုင်ပင်ခဲ့ရပါသည်။နောက်ဆုံးတွင် စာရေးသူမှ သူတို့ ၃ဦးအား cdmစာရင်းတွင် ထည့်ပေးခဲ့ပါသည်။
သို့သော် ဧပြီလ အကုန် လစာထုတ်မည့်ရက်တွင် ကန့်ဘလူပညာရေးမှူးရုံးမှ cdmလုပ်သည့် ၀န်ထမ်းကို လစာ မပေးဟု လက်မှတ်ထိုးခိုင်းသည့်နေ့တွင်လည်း ထို၃ဦးမှ Cdmမလုပ်ကြောင်း ၀န်ခံချက် လက်မှတ်ကို ထိုးခဲ့သည်ဟု Cdmတစ်ဦးထံမှ သိရသည်။တစ်ဖက်တွင်လည်း CDM၀င်ထားကြောင်း စာရင်းကို အတိအလင်း မဖျက်ခိုင်းသေးဘဲ ထိုညီအမ ၃ဦးမှ နှစ်သီးစားရမည် အကြံဖြင့် မသိဘာသာ နေထိုင်ခဲ့ပါသည်။
မှတ်ချက်။ ။ စာရင်းပေးသူက ထို၃ယောက်ထဲမှ ၁ယောက်သာ ဖြစ်ပြီး ကျန်၂ဦးစာပါ ပေးသွားခြင်း ဖြစ်ပါသည်။သို့သော် ပညာရေးမှူးရုံးက cdmလုပ်လျှင် လစာ တကယ်မပေးမှန်း မေလတွင် သိသွားသောအခါ cdmမှ နှုတ်ထွက်သွားပါသည်။အစောက တင်ပြခဲ့သလို ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့မပေးနိုင်ခဲ့တဲ့အတွက် ထောက်ပံ့ကြေးကိုတော့ ရမသွားကြပါ။)

#အပိုင်း_၃မှအခန်း_၃အားဆက်လက်ဖတ်ရှုပါရန်

Informerများ ဖိတ်ခေါ်ခြင်း ကဏ္ဍ•••••••••••••••••••••••••••••••••••••••                            စစ်မှန်သော  ဒီမိုကရေစီကို...
25/02/2022

Informerများ ဖိတ်ခေါ်ခြင်း ကဏ္ဍ
•••••••••••••••••••••••••••••••••••••••

စစ်မှန်သော ဒီမိုကရေစီကို ချစ်မြတ်နိုးသော ထန်းကုန်းပြည်သူလူထုများ ခင်ဗျား...............................
ထန်းကုန်းတိုက်နယ်တွင် နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေသော သတင်းအချက်အလက်များကို ကျွန်တော်များHGT page သို့ ပေးပို့ပြီး ပူးပေါင်းပါဝင်ကြပါရန် ဖိတ်မန္တက ပြုအပ်ရပါသည် ခင်ဗျား............................
ယခုအချိန်အခါသည် စစ်မှန်သောဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလသို့ ချဉ်းနင်းဝင်ရောက်နေပြီ ဖြစ်ပါသောကြောင့် ခင်များတို့ဖက်မှ စစ်မှန်သောသတင်းအချက်အလက်များကို ကျွန်တော်များHGT Pageရဲ့ messenger chat box (သို့တည်းမဟုတ်) HGT ရဲ့ telegram chat boxမှလည်း ပေးပို့ပြီး တစ်တပ်တစ်အား ပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
" ကြောက်လျှင် လွဲ ၊ ရဲလျှင် မင်း ဖြစ်" ဆိုရိုးအတိုင်း ဒီအတိုင်း ထိုင်နေလို့ကတော့ ဘာမှ ဖြစ်လာမည်မဟုတ်ပါ။တန်ဖိုးကြီးမားလှသည့် ဒီမိုကရေစီကို လိုချင်လျှင် သတင်းအချက်အလက် ပေးပို့ရဲသည့် သတ္တိလောက်တော့ ရှိသင့်သည်ဟု ထင်မြင်မိပါသည် ခင်ဗျား............................
ပေးပို့လာသော ခင်ဗျားတို့ရဲ့ biographyများကိုလည်း ဘယ်သောအခါမျှ မပေါက်ကြားစေရပါဘူးဟု အသက်နဲ့ထပ်တူ ကတိသစ္စာ ပြုအပ်လိုက်ပါသည်။

ိုင်းတော်သားများ

Htangone Timesမှ အချိန်နဲ့ တစ်ပြေးညီ တင်ပြပေးနေသော သတင်းများကို telegram တွင်လည်း ၀င်ရောက်ဖတ်ရှုလို့ ရပါပြီ။Telegram link...
24/02/2022

Htangone Timesမှ အချိန်နဲ့ တစ်ပြေးညီ တင်ပြပေးနေသော သတင်းများကို telegram တွင်လည်း ၀င်ရောက်ဖတ်ရှုလို့ ရပါပြီ။

Telegram link
~~~~~~~~~~~~

https://t.me/htangonetimes

You can view and join right away.

24/02/2022

အင်းမရွာ သတင်း
•••••••••••••••••••••

Feb 24, 2022

ကောလင်းမြို့အရှေ့ခြမ်းရှိ အင်းမရွာသို့ ချီတက်လာသော စခများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)မှ ထောင်ထားသော တိုက်မိုင်း နင်းမိပြီး စခ ၁ကောင် နေရာတွင် ပွဲချင်းပြီး သေကာ ကျန်၂ကောင်အား အတင်းဆွဲထုတ် ခေါ်ဆောင်သွားခဲ့ရကြောင်း သတင်းရရှိ။

24/02/2022

~လေကျယ်နေသော မှော်တော်ပျူများ လေပေါ်သို့ ၀ဲပျံခဲ့ရသောနေ့လေးတစ်နေ့~

Feb 23, 2022

ဖေဖော်ဝါရီလ ၂၃ရက်နေ့ က ၇ရက် သားသမီးအပေါင်းတို့အား နည်းမျိုးစုံ ဒုက္ခပေးရန် မြှောက်ဆွမြှောက်ဆွဖြင့် ထွက်လာသော မှော်တော်ပျူစောထီးအဖွဲ့အား ကန့်ဘလူမြို့နယ်အနောက်ခြမ်းတစ်နေရာ၌ Taze Revolutionမှ ပဒေသာမိုင်းများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။၎င်းအဖွဲ့၏ ဧည့်ဝတ်ကျေပွန်မှုကြောင့် အစားသရမ်းသော မှော်တော်ပျုအများအပြား လေပေါ်သို့ လွင့်ပျံကာ ပြန်အကျတွင် အိပ်ရာမြေကြီးပေါ်မှာ အတုံးအရုံးဖြင့် ထာဝရ အိပ်စက်အနားယူသွားကြောင်း သတင်းရရှိထားပါသည်။
အိပ်စက်အနားယူသွားသည့် မှော်တော်ပျူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါ။

23/02/2022

ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၃) ~(အခန်း- ၁)

ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင်

(၂) LDFတွေအပေါ် ထောက်ပံ့မှုနည်းပါးခြင်း
•••••••••••••••••••••••••••••••••••••••••••••••••

ဒီအချက် မတင်ပြခင်မှာလည်း ပထမဦးစွာ တော်လှန်ရေးအစ CDMက ဟူသည့် စကားလေးကို ပြောပြပါရစေ။ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းချိန်မှစလို့ အကြမ်းမဖက် ဘဲ လိုချင်သော ဒီမိုကရေစီကို ယဉ်ကျေးပျူငှာစွာ တောင်းဆိုခဲ့တာဟာ အမှန်တရားမြတ်နိုးသော CDM၀န်ထမ်းတွေပါ။
CDMဝန်ထမ်းတွေဟာ မိမိတို့ရဲ့ ကိုယ်ကျိုးကိုစွန့်ကာ နိုင်ငံကောင်းစားရေးအတွက် အကြမ်းမဖက်တဲ့ အာဏာဖီဆန်မှုနဲ့ ပထမဦးစွာ တော်လှန်ခဲ့ကြသူတွေပါ။နွေဦးတော်လှန်ရေး ယခုအချိန်ထိ ကြံ့ကြံ့ခံပြီး အောင်မြင်နေရခြင်းမှာ CDMဆိုသည့် တော်လှန်ရေးထောက်တိုင် တစ်ခုလည်း အပါအ၀င် ဖြစ်ပါသည်။
စကစ၏ ကျွန်စနစ်သွင်းမည့် နိုင်ငံရေးယန္တရားကို လုံးဝ မလည်ပတ်နိုင်အောင် အဟန့်အတားကောင်းကောင်းဖြင့် လုပ်ဆောင်နေကြသူများမှာလည်း CDM၀န်ထမ်းများသာလျှင် ဖြစ်ပါသည်။CDMဆိုတာ နွေဦးတော်လှန်ရေး၏ အခရာကျတဲ့ မီးရှူးတန်ဆောင် ဟုပင် တင်စားခေါ်ဝေါ်ပါရစေ။
ထားပါ ခုပြောချင်တာက CDMတွေရဲ့ အရေးပါပုံကို ချီးမွမ်းခန်းဖွင့်ချင်တာ မဟုတ်ပါ။CDMတွေဟာ သူတို့ရဲ့ လက်ရှိတာဝန်၊ရာထူးစည်းစိမ်၊မိသားစုတွေကို အကုန်လျစ်လျူရှုထားခဲ့ပြီး နိုင်ငံကောင်းစားရေးအတွက် ကျွန်စနစ်မှ ရုန်းထွက်နေကြသူများ ဖြစ်ပါသည်။မြန်မာနိုင်ငံမှ ဝန်ထမ်းတစ်ယောက်ရဲ့ စားဝတ်နေရေးဟာ ထိုဝန်ထမ်း၏ လစာအပေါ်တွင် မှီခိုနေကြတာချည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်ချိန်ဟာ ယေဘုယျအားဖြင့် မနက် ၉နာရီမှ ညနေ ၄နာရီအထိ သတ်မှတ်ထားပါတယ်။နေ့တာ တနေကုန်နီးပါးဟာ လုပ်ငန်းခွင်ထဲမှာပဲ နှစ်မြုပ်နေထိုင်ရသူများ ဖြစ်ကြပါတယ်။ပြောရရင် ၀န်ထမ်းတစ်ယောက်ဟာ (သူ့ရဲ့နောက်ခံBackgroundတောင့်သူများမှလွဲ၍) အပြင်လုပ်ငန်းဆိုသည့် အပိုဝင်ငွေရမည့်လုပ်ငန်းမျိုးကို ပြုလုပ်ချိန် သိပ်ပြီး မရကြပါ။အဲ့တော့ တစ်လတာ ၀န်ထမ်းလစာဟာ သူတို့အတွက် ဒုတိယဘုရားသခင်ပမာ အလွန်အရေးကြီး တန်ဖိုးရှိလှပါသည်။
သို့ပေမယ့်လည်း အမှောင်နဲ့အလင်း၊အမှားနဲ့အမှန် တိုက်ပွဲကြီးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံဆုံလာသည့်အခါ ရိက္ခာထက် သိက္ခာကို တန်ဖိုးထားသူများအဖွဲ့က CDMဆိုသည့် ၀န်ထမ်းကောင်းများ ဖြစ်လာခဲ့ပြီး ရိက္ခာရဖို့အရေး သိက္ခာဆိုတာ မထောက်၊ တိုင်းပြည်ကောင်းစားဖို့အတွက် ထည့်မစဉ်းစား၊ ငါတို့ လစာ ရရင်ပြီးရော ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ Non-Cdm ဆိုတဲ့ လူ့အချောင်သမား ၀န်ထမ်းဆိုးဝန်ထမ်းညစ်များလည်း ပေါ်ထွက်လာခဲ့ပါတယ်။
Nonတွေဟာ ပထွေးဘောကို ကုန်း မပြီး ရှူနေသောကြောင့် ပထွေးက မပေးချင် ပေးချင် ပေးနေသော မသထာ ရေစာလေး စားကာ အဆင်ပြေနေကြပေမယ့် အမှန်တရားမြတ်နိုးသူများအဖွဲ့ခမျာမှာတော့ လစာဆိုတာ ဘယ်လိုဟာလဲဆိုတာတောင် မေ့နေလောက်ကြပါပြီ။ငတ်ချင် ငတ်ပါစေ စစ်ကျွန် ယန္တရားကိုတော့ အသက်မသွင်းနိုင်ဘူးဟု သန္ဓိဋ္ဌာန် ချထားသော cdmများသည် ကိုယ့်တက် ကိုယ်လှော်၊ ကိုယ့်ခြေကိုယ့်လက် အားကိုးပြီး ကြုံရာကျပန်း လုပ်ကိုင်စားသောက်လာခဲ့ကြပါသည်။
ဒါကလည်း မူလဘူတ ခရီးအစမှာ လွယ်ကူသယောင် ထင်ခဲ့ရသော်လည်း ပျူစောထီးဆိုတဲ့ ဆန်ကုန်မြေလေး အဖွဲ့အစည်းကြီး ပေါ်ပေါက်လာချိန်တွင် cdmများ ခမျာ အသက်ရှူ မချောင်ကြတော့ပါ။စခ များက cdmများကို မသိကြသော်လည်း ရပ်ကွက်တကာ ပတ်ချာလှည့်ပြီး ဖဲရိုက်၊ကြက်တိုက်၊အရက်သောက်နေကြသော ပျူတွေအတွက်ကျတော့ သိဖို့ရန် အင်မတန် လွယ်ကူလှပါသည်။
ထိုပျူများမှ သခင်အားရ ကျွန်ပါးဝ လုပ်၍ cdmများကို တိုင်တန်းလာကြသောအခါ cdmတွေအဖို့ ရတက်ပွေအပူမီးက ၂ခါဆင့်လို့ ပူလာခဲ့ရပါသည်။ဟိုးအရင် ဆန္ဒပြပွဲများမှ ကြားနေရသော "ရုံးမတက်နဲ့ ရုန်းထွက်" ၊ "ရုံးမတက်တဲ့ ၀န်ထမ်းတွေ အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့ " စတဲ့ နိုင်ငံရေးသမားများရဲ့ ဆောင်ပုဒ်တွေဟာ တကယ်တမ်းအရေးကြုံလာသောအခါ သက်လုံမကောင်းနိုင်ကြတော့ပါ။
သူတို့ကိုယ်တိုင်က ဘေးလွတ်ရာတွေ ပြေးလာရသောအခါတွင် cdmများအတွက် ထောက်ပံ့ရေး မဏ္ဍိုင်ဟာ တစ်ဖြည်းဖြည်းနဲ့ ယိုင်နဲ့လာခဲ့ပြီ ဖြစ်ပါသည်။အစ ပထမမှာ cdmများအတွက် ရည်ရွယ်ပြီး လှူတဲ့သူက လှူ၊ ကူတဲ့သူတွေက ကူခဲ့ကြသော်လည်း ရေရှည်မှာ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါသည်။
ဒီနေရာမှာ စာရေးသူအနေနဲ့ အခြားနေရာဒေသများတွင် မသိသော်လည်း ထန်းကုန်းနယ်အကြောင်းကိုတော့ အားလုံးသိအောင် ပြောပြချင်ပါတယ်။မည်သူ့ကိုမျှ စော်ကားမော်ကား ပြုလုပ်ခြင်း မဟုတ်ပါ။အနှိမ်ခံ ထန်းကုန်းcdmများဖက်မှ ရင်နင့်စွာဖြင့် ရေးသားရခြင်း ဖြစ်ပါသည်။
ထန်းကုန်းသည် တခြားဒေသတွေလိုပဲ cdm၀န်ထမ်းတွေကို အစက ထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့ပါသည်။သို့သော် ထိုထောက်ပံ့မှုများတွင် မီးရထားcdmများအား ၂ကြိမ် ၊ ကျန်းမာရေးအတွက် ၁ကြိမ်သာ ပေးအပ်နိုင်ခဲ့သည်ဟု သိရပြီး ပညာရေးcdmများနှင့် အခြား ဌာနဆိုင်ရာcdmများ အတွက်ကိုတော့ တစ်ကြိမ်တစ်ခါမှ ထောက်ပံ့နိုင်ခဲ့မှု မရှိဟု ပညာရေးမှ cdmဆရာတစ်ဦးထံမှ ကြားသိရပါသည်။

#အပိုင်း_၃မှအခန်း_၂အား_ဆက်လက်ဖတ်ရှုပါရန်

21/02/2022

ကောလင်းမှ ခွေးသေပွဲ
•••••••••••••••••••••••••••
Feb 21,2022

ကောလင်းမြို့နယ်အတွင်း လှည့်ကင်းပတ်နေသော ခွေးကား ၂စီး အနက် နောက်ဆုံးမှ လိုက်ပါလာသော ခွေးကားအကြီးအား ရွှေမင်းဝံကားလမ်းမကြီး တစ်နေရာတွင် တော်လှန်ရေးတပ်သားများမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားနောက်ခန်းရှိ ခွေး ၁၃ကောင် မရဏလမ်းသို့ အမြန်မြန်းသွားရကြောင်း သတင်းရရှိ။

~ကားအရှေ့ခန်းမှ ဒုရဲအုပ် ခွေးတစ်ကောင်တော့ လွတ်သွားသည်ဟု သိရ။

#အရေးတော်ပုံအောင်ရမည်
#တရားသောစစ်_နိုင်ရမည်

21/02/2022

ကိုးတောင်ဘို့သွေးကြွေး ချပ်သင်းမှာပြန်ယူ
••••••••••••••••••••••••••••••••••••••••••••••••••

ယမန်နေ့ မနက်၃နာရီ အချိန်ခန့်တွင် Kblတပ်ရင်း ၂ရင်းဖြစ်ကြသည့် KB-1 ၊ KB-2နှင့် ပူးပေါင်း ပ.က.ဖ တို့မှ ချပ်သင်းရဲစခန်းအား ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါသည်။ထိုရဲစခန်းအား တိုက်ခိုက်ခံရမှု သတင်းကြောင့် ကန့်ဘလူမြို့ပေါ်မှ စခများနှင့်ပျူခွေးများ က စစ်ကူလာနေစဉ် ချပ်သင်းသို့ပင် မရောက်ရှိလိုက်ဘဲ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာမှာပင် ဆန့်ငင်ဆန့်ငင် ဖြစ်သွားရရှာပါသည်။
ဒဏ်ရာပြင်းထန်သူများကို ချပ်သင်းဆေးရုံသို့ ပို့ပြီး အနည်းငယ် ရသူများကိုတော့ ကန့်ဘလူဆေးရုံသို့ ပို့ဆောင်ကြောင်း သိရ။ ယခုချိန်ထိ သေဆုံးသူ ခွေးအရေအတွက် စုစုပေါင်း ၄၆ကောင် အထိ ရှိလာပြီဖြစ်ကြောင်း သတင်းရရှိ။တော်လှန်ရေးတပ်သားများ အထစ်အငေါ့မရှိ စခန်းသို့ ပြန်ရောက်သည်ဟုလည်း သိရ။

#အရေးတော်ပုံအောင်ရမည်
#တရားသောစစ်_နိုင်ရမည်

ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၂)ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင်(၁) သတင်းစီးဆင်းမှုအရှိန် အ...
21/02/2022

ထန်းကုန်းတိုက်နယ် ဘာကြောင့် ပျူနယ်မြေ ဖြစ်နေရသလဲ (အပိုင်း-၂)

ဆောင်းပါးရှင် ~ မောင်သွေးသစ္စာအောင်

(၁) သတင်းစီးဆင်းမှုအရှိန် အားနည်းခြင်း
••••••••••••••••••••••••••••••••••••••••••••••••

ဒီ အချက်ကို မတင်ပြခင် အခြားမြို့နယ် ဖြစ်တဲ့ ခင်ဦးမြို့နယ်လေး အကြောင်း ပြောပြပါရစေ။ခင်ဦးဆိုတာ ကန့်ဘလူမြို့နယ်ရဲ့ တောင်ဖက်မှာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့နယ်လေး တစ်မြို့နယ်ပါ။ဧက အကျယ်အ၀န်းအားဖြင့် ကန့်ဘလူမြို့နယ် တစ်ဝက်လောက်တောင် ရှိပါ့မလား တွေးမိပါတယ်။
သို့သော် မြို့နယ်မကျယ်သော်လည်း ခင်ဦးပြည်သူလူထုတွေရဲ့ အသိဥာဏ်ဟာ အင်မတန်မှ ကျယ်ပြန့်နက်ရှိုင်းလှပါတယ်။စာရေးသူရဲ့ အသိတွေထဲမှာ ခင်ဦးသူ/သား များပြားလှပါတယ်။သူတို့နဲ့ စကားပြောကြည့်မိရင် သူတို့ရဲ့ စစ်အာဏာရှင်တွေအပေါ် ခံယူချက်ကို အထင်းသား မြင်တွေ့မိပါတယ်။
ခင်ဦးသူခင်ဦးသားတွေဟာ အနေအေးပြီး အကြောက်တရား လုံးဝ မရှိကြသည့်အပြင် ရန်သူအပေါ် သွေးအေးအေးနဲ့ လက်တုံ့ပြန်တတ်သော လူစားမျိုးများ ဖြစ်ပါတယ်။
ခင်ဦး pdfဟာ သူ့အလုပ်သူ တာဝန်ကျေအောင် လုပ်သလို ခင်ဦးပြည်သူတွေဟာလည်း ရောက်ရာနေရာကနေ ရဲရဲဝံ့ဝံ့ informationတွေကို ချပေးတတ်ကြပါတယ်။ဒါဟာ ခင်ဦးကို စာရေးသူ အားကျရတဲ့ အဓိက အကြောင်းအရင်းပါ။
ခင်ဦးပြည်သူလုထူရဲ့ သတင်းပေး ပါဝင်မှုဟာ အင်မတန်မှ ကြောက်ခမမ်းလိလိ အားကောင်းလွန်းလှပါတယ်။စစ်ပွဲတစ်ခုမှာ informerလို့ ခေါ်သော သတင်းပေးဟာလည်း အခရာကျသော ကဏ္ဍတစ်ခုမှာ ပါဝင်နေပါတယ်။သတင်းပေး ကောင်းသူရှိမှ၊မှန်ကန်သော သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ရရှိမှသာ pdfတွေရဲ့ စစ်ချီစစ်တက်ဟာ သိသာထင်ရှားစွာ အောင်မြင်မှု ရမှာပါ။
စာရေးသူတို့ ကန့်ဘလူမြို့နယ်ဟာ informerကောင်းကောင်း မရှိပါဘူး။informerမရှိတော့ အချိန်နဲ့တပြေးညီ တင်ပေးမယ့် information pageဆိုတာ မရှိဘူး။ကန့်ဘလူ pdfလေးတွေဟာ ၎င်းတို့နဲ့ နီးစပ်ရာ၊ယုံကြည်စရာ သတင်းပေးသူများနှင့်သာ ချိတ်ဆက်၍ missionတွေကို လုပ်ဆောင်နေရတာဖြစ်ပါတယ်။
အထက်က တင်ပြသလို ခင်ဦးလို မြို့နယ်တွေမှာလို informerကောင်းတွေ ပေါ်ထွန်းလာခဲ့ရင် ကန့်ဘလူမြို့နယ်မှာ pdfတွေရဲ့ စစ်ရေး အတိုးအလှုပ်ဟာ သိသာလာမည် ဖြစ်ပြီး ပျူနယ်မြေစိုးမိုးမှုများမှလည်း ယုတ်လျော့သွားမည် ဖြစ်ပါသည်။သို့သော်လည်း ကန့်ဘလူမြို့နယ်ဟာ ယခုချိန်ထိ ပြည်သူလူထုရဲ့ သတင်းပေး ပါဝင်မှုဟာ တိုးတက်မလာသေးဘဲ ပိုလို့ပင် ယုတ်လျော့သွားနေပါသည်။
ဒါကလည်း အကြောင်းရှိပါသည်။ကိုယ်က အရဲစွန့်၍ တိကျသော သတင်းပေးပို့မှုတွေ ပြုလုပ်နေပါသော်လည်း မိမိပေးပို့သည့် အဖွဲ့က မည်သည့်လုပ်ငန်းမျှ မလုပ်ဆောင်လျှင် အချည်းနှီးသာ ဖြစ်ပါသည်။
ဒါကြောင့်မို့ မည်သည့်ဖက်ကိုမျှ အပြစ်မပြောဘဲ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီမှသာ အချိန်မီချုပ် အစုတ်သက်သာမည် ဖြစ်ပါသည်။

စာကြွင်း~ အခြားမြို့နယ်များသည်လည်း informerများကောင်းကြပါသည်။ခင်ဦးမြို့နယ်အား အတုယူရန်ဟုသာ စာရေးသူက guide lineညွှန်ပေးခြင်း သက်သက်သာ ဖြစ်ပါသည်။

#အပိုင်း_၃အားဆက်ရန်

Address


Website

Alerts

Be the first to know and let us send you an email when Htangone Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share