Pyay Rangers

Pyay Rangers media

26/06/2021

သန်းရွှေနဲ့နေဝင်းတုန်းကလိုလား
ဘာတွေလဲဟ?

25/06/2021

အရမ်းသိချင်နေတာက အာဏာကထပ်သိမ်းတာလား?

ရန်ကုန်တွင် စစ်​ကောင်စီကို တိုက်ခိုက်မှု ၃၀ ​ကျော်လုပ်ခဲ့ပြီး စစ်​ကောင်စီဘက်မှ ၂၂ ဦး​သေဆုံးဟု ဖ.ဆ.လ.တ ထုတ်ပြန် ဇွန်လ၊ ၂...
24/06/2021

ရန်ကုန်တွင် စစ်​ကောင်စီကို တိုက်ခိုက်မှု ၃၀ ​ကျော်လုပ်ခဲ့ပြီး စစ်​ကောင်စီဘက်မှ ၂၂ ဦး​သေဆုံးဟု ဖ.ဆ.လ.တ ထုတ်ပြန်

ဇွန်လ၊ ၂၄

တာ​မွေမှ စစ်ကားဗုံးခွဲမှုအပါအဝင် တိုက်ခိုက်မှု ၃၀ ​ကျော်ပြုလုပ်ခဲ့ပြီး စစ်​ကောင်စီဘက်မှ ၂၂ ဦး ​သေဆုံး​ကြောင်း ဖက်ဆစ်ဆန့်ကျင်​ရေးလက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) က ထုတ်ပြန်​ကြေညာသည်။

Source - Khit Thit

အောင်လံမြို့၊ အောင်မြေကုန်းဘက် စကစမှ အင်းအား အလုံးအရင်းနဲ့တက်သွားပါပြီ။သတိထားကြပါ1:45pmSource -ALမြေပြင်
24/06/2021

အောင်လံမြို့၊ အောင်မြေကုန်းဘက်
စကစမှ အင်းအား အလုံးအရင်းနဲ့တက်သွားပါပြီ။
သတိထားကြပါ
1:45pm

Source -ALမြေပြင်

BREAKING NEWS ***- ​အောင်လံမြို့နယ်တွင်း အထူးသတိထားကြပါရန် -အောင်လံမြို့နယ်တ​ကြော သမ္ဗူလနှင့် ရွှေပန်းတောရွာ​များအပါအဝင်...
24/06/2021

BREAKING NEWS ***

- ​အောင်လံမြို့နယ်တွင်း အထူးသတိထားကြပါရန် -

အောင်လံမြို့နယ်တ​ကြော သမ္ဗူလနှင့် ရွှေပန်းတောရွာ​များအပါအဝင် အခြားရပ်ရွာများပါ အထူးသတိထားကြဘို့လိုပါတယ်။ ​ရှောင်သင့်သူများကြို​ရှောင်ကြပါ။ PDF တွေပြန်ရောက်လို့ လိုက်လံရှာဖွေသည်ပုံစံနဲ့ စကစများ ဒီ​နေ့ သို့မဟုတ် မနက်ဖြန် ၀င်​ရောက်မွှေနှောက်လှုပ်ရှားမည်ဟု အတွင်းသတင်းရရှိထားသည်။ ​

အောင်လံမြို့နယ်တဝိုက်က ​တောတောင်တွေဘက်မှာ PDF တွေရှိနေသည်ဟု အထင်ဖြင့် မကွေးတိုင်းမှုးကို အထက်မှ PDF တွေမရှာနိုင်ရင် ပြောင်းပြစ်မည်ဟု ကြိမ်းထား​သော​ကြောင့် ​တွေ့ရာ 'ပြည်သူ'ကိုဆွဲဖမ်းပြီး PDF ဟု အကြောင်းပြ'သတင်းတု' လုပ်လာနိုင်ပါသည်။

"အထက်မှ ပြဿနာရှာနေ၍ လုပ်ကွက်ပြရန်ဖြစ်သည်။"

​ရှောင်သင့်သူ​များ ​မြို့နယ်ပြင်ပထိရှောင်ပါ။

Source - အောင်လံမြေပြင်သတင်း

ယနေ့ ပြည်မြို့ နေရာတော်တော်များများတွင် စစ်ဆေးခြင်းတွေများပြားဇွန်လ၊၂၄၊၂၀၂၁ပြည်မြို့ပေါ်ရှိ နေရာအသီးသီးတွင် ဆိုင်ကယ်လိုင...
24/06/2021

ယနေ့ ပြည်မြို့ နေရာတော်တော်များများတွင် စစ်ဆေးခြင်းတွေများပြား

ဇွန်လ၊၂၄၊၂၀၂၁

ပြည်မြို့ပေါ်ရှိ နေရာအသီးသီးတွင် ဆိုင်ကယ်လိုင်စင်၊တူးဘောက်၊ဖုန်းအစရှိသဖြင့် စစ်ဆေးခြင်းတွေပိုမိုတွေ့ရှိရပါတယ် "Mask တွေပါစစ်တာ maskမပါရင် ဒဏ်ငွေ ၅၀၀၀၀ တောင်းတယ်" လို့လဲပြောပါတယ်။

အသွားအလာများဂရုစိုက်ကြရန်နှင့်မိမိတို့လက်ကိုင်ဖုန်းများတွင် နိုင်ငံရေးနဲ့ပတ်သက်သောအရာများဖွက်ထားစေခြင်ပါတယ် ဖြစ်နိုင်ရင်တော့ ယူမသွားတာအကောင်းဆုံးပါပဲ။

စစ်အာဏာရှင်ဖြုတ်ချရေး သွေးမအေးတဲ့ မုံရွာသားများ မြို့လယ်ခေါင်တွေ ကြွေးကြော်ဆန္ဒပြ ဇွန်လ၊၂၄ရက်စစ်ကိုင်းတိုင်း၊ မုံရွာမြို...
24/06/2021

စစ်အာဏာရှင်ဖြုတ်ချရေး သွေးမအေးတဲ့ မုံရွာသားများ မြို့လယ်ခေါင်တွေ ကြွေးကြော်ဆန္ဒပြ

ဇွန်လ၊၂၄ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကျောင်းသားပြည်သူများသည် စစ်အာဏာရှင်ဖြုတ်ချရေး သွေးမအေးကြောင်း ပြသသည့်အနေဖြင့် မြို့လယ်ခေါင်ထိ ချီတက်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ကျဆုံးရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

Source - Khit Thit

Jun,23,2021ဒီနေ့ကတော့ ရင်ကွဲပြီးရင်းကိုအထပ်ထပ်ကွဲရပြန်ပါတယ်Raymond (Idiots) ကျဆုံးခြင်း။သီပေါက ကိုအောင်သူ ဦးခေါင်းကျဉ်ထိ...
23/06/2021

Jun,23,2021
ဒီနေ့ကတော့ ရင်ကွဲပြီးရင်းကို
အထပ်ထပ်ကွဲရပြန်ပါတယ်

Raymond (Idiots) ကျဆုံးခြင်း။

သီပေါက ကိုအောင်သူ ဦးခေါင်းကျဉ်ထိ ကျဆုံးခြင်း။
သူ့အမျိုးသမီးက ကလေးမွေးထားတာ လပိုင်းပဲရှိပါသေးတယ် 💔

ရွှေမန်း PDF ခေါင်းဆောင် ဗိုလ်ထွန်းတောက်နှင့်အခြားခေါင်းဆောင်း ၂ဦး ဖမ်းစီးခံရခြင်း။
(Confirm ဖြစ်ပြီဆိုပေမယ့် သက်ဆိုင်ရာကတင်ထားခြင်း‌မျိုးတော့မတွေ့ရသေး)

ကျွန်တော်တို့ပြည်မြို့ မြို့သစ် ၇လမ်း ၅ကွက်မှာ
ဒလန် လက်ချက်ကြောင့် မိသားစုလိုက်အဖမ်းခံရခြင်း။

တခြားသောအရာများ...

ဆိုတော့ ဒလန်ကိုအဓိက ရှင်းစေခြင်ပါတယ် သူရဲကောင်းတို့ရေ🙏

23/06/2021

လုံခြုံရေးတင်းကျပ်မှုများ ရှိနေသည့်ကြားမှ အမှတ် (၇) ရပ်ကွက် ရာအိမ်မှူးနေအိမ်ထဲ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွား

ဇွန်လ၊၂၃ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ တေးဥယာဉ် (၁၀)လမ်းရှိ ရာအိမ်မှူးဖြစ်သူ တောသားကြီး(ခေါ်) ဝင်းကျော်သူ နေအိမ်တွင်းအား ယနေ့ ဇွန်လ (၂၃) ရက်၊ ညနေ (၆)နာရီခန့်က ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းပစ်ခတ်မှုတွင် ရာအိမ်မှူးဖြစ်သူမှာ ရှောင်တိမ်းလိုက်ခြင်းကြောင့် ဇနီးဖြစ်သူ၏ပေါင်အား ထိမှန်သွားကြောင်း သိရှိရပါသည်။

ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာ၍ တားဆီးပိတ်ပင်စစ်ဆေးနေချိန် ပစ်ခတ်သံအချို့ထပ်မံကြားသိရကြောင်း စုံစမ်းသိရှိရပြီး၊ ထပ်မံပစ်ခတ်မှုတွင် ထိခိုက်မှု ရှိ/မရှိ အား အတည်မပြုနိုင်သေးပါ။

Source - PDF

23/06/2021

Breaking News!

၂၃ ၊ ၆ ၊ ၂၀၂၁ ။

လက်ရှိ မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအနီး လက်နက်ကြီးများပစ်ခတ်နေ။

KIA အောင်မြင်ဘေးကင်းပါစေ🙏

23/06/2021

ဇွန်လ၊၂၃ရက် (7:30pm)ခန့်
လှိုင်သာယာ
ရာအိမ်မှူးအိမ်သို့ ဧည့်စာရင်းလာတိုင်ရင်း Gun ဖြင့်ပစ်ခက်ခဲ့ရာ ရာအိမ်မှူးကိုမမှန်ပဲ ၎င်း၏ဇနီးဖြစ်သူအားထိမှန်သွားတယ်လို့ ကနဦးကြားသိရပါတယ်။

မွင်းခါးတစ်ပွဲဟေ့🤤
(Update ထပ်တင်ပေးပါမယ်)
Update - Confirmပါ။

23/06/2021

ဇွန်လ၊ ၂၂ရက် (မနေ့ညက)
ရွှေတောင်မြို့နေ မြတ်ထက်ကျော် အဖမ်းခံရတဲ့အကြောင်းမှာ...

လက်ဖက်ရည်ဆိုင်ကို စကစအဖွဲ့များဝိုင်းထားသော
Video File အားတင်လိုက်မိသောကြောင့်ဖြစ်ပြီး
ညပိုင်းတွင် ဧည့်စာရင်းစစ်မည်ဟုဆိုကာ
အငိုက်ဝင်ဖမ်းသွားခြင်းဖြစ်တယ်လို့သိရပါတယ်။
၎င်းဖြစ်စဉ်တွင် မြတ်ထက်ကျော်ရဲ့ မိဘတွေကိုပါ တစ်ပါထဲခေါ်ဆောင်သွားခဲ့ပြီး တည်ကုန်းဂိတ်တွင် မိဘများအားချခဲ့တယ်(ပြန်လွှတ်ပေးလိုက်တယ်)လို့ပြောပါတယ်။
အခုချိန်ထိ မြတ်ထက်ကျော်ရဲ့ သတင်းအစအန တစ်စုံတစ်ရာမှ ရရှိခြင်းမရှိတော့ဘူးလို့လဲပြောပါတယ်။

09/06/2021

လူကယ်ပြန်၀န်ကြီး ဒေါ်သက်သက်ခိုင်(ဖေဋိုးမ)
ပြည် ဖက်တန်းစျေး လူမှုဝန်ထမ်းရုံးကို စနေနေ့လာဖို့ရှိပါတယ်။
လူမှု၀န်ထမ်းရုံးက
၀န်ထမ်းတွေပြာယာခတ်ပြီး ကြိုဆိုဖို့လုပ်နေတယ်သိရ။

09/06/2021

ဒလန် ဝကြီး
ကြွသွားပြီ....🥳🥳🥳

ပုသိမ်ကြီးမြို့နယ်မှာ ရဲနှစ်ဦး သေနတ်ပစ်ခံရ၊တစ်ဦးသေဆုံး--------------------------------------------မဇ္စျိမ၊ဇွန်-၈မန္တလေ...
08/06/2021

ပုသိမ်ကြီးမြို့နယ်မှာ ရဲနှစ်ဦး သေနတ်ပစ်ခံရ၊တစ်ဦးသေဆုံး
--------------------------------------------
မဇ္စျိမ၊ဇွန်-၈

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊မြကျောက် (ဘုရား)ဘုန်းကြီးကျောင်းအနီးမှာ ဇွန် ၈ရက် နေ့လယ် ၁၂နာရီလောက်က ရဲနှစ်ဦး သေနတ်ပစ်ခံရပြီး တစ်ဦးသေဆုံးသွားတယ်လို့ ကနဦးသိရပါတယ်။

"ကျွန်မတို့က ဒိုင်း၊ဒိုင်း အသံကြားလို့ လှည့်ကြည့်တော့ သူတို့ လဲတာတွေ့တယ်။ရဲနှစ်ဦးပဲ။"လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဘယ်သူတွေက ပစ်သွားလည်းဆိုတာမသိသလို ဘယ်စခန်းက ရဲတွေဆိုတာလည်း မသိရသေးပါဘူး။

"ကားနဲ့ပစ်သွားတာဗျ။"လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး မဇ္စျိမအနေနဲ့သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ပြီးခဲ့ရက်ပိုင်းကလည်း မန္တလေး၊ပြင်ဦးသွားလမ်း တိုးဂိတ်မှာ အုန်းချောနယ်မြေရဲစခန်းက နယ်ထိန်းတစ်ဦး သေနတ်အပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။Source-Mizzima.

05/06/2021

နတ္တလင်းမြိုနယ်၊ဇီးပင်ကွေ့အုပ်စု၊စက္ခုံကျေးရွာတွင်
အုပ်ကြီးနဲ့ရာအိမ်မှူးပေါင်းပြီး စခ များနဲ့အတူ
တစ်အိမ်တက် တစ်အိမ်ဆင်း ဗန်းတွေလိုက်ဖြုတ်ခိုင်းနေပါတယ်။
လယ်ချေးငွေများကိုလဲပြန်ဆပ်ဖို့ ပြောဆိုနေတယ်လို့
ဒေသခံတစ်ဦးကပြောပါတယ်။

အုပ်ကြီး - ခင်ဇော်ဝင်း
ရာအိမ်မှူး - လှကြည်
(အများသိအောင်နာမည်ပါထည့်ပေးလိုက်ပါတယ်)

05/06/2021

ပြည်မြို့နယ်အခြေခံပညာကျောင်းသား သမဂ္ဂ list ပေါက်နေပါတယ် နာမည်စာရင်းတွေ ဟိုဘက်ကို အတိအကျရောက်နေပါတယ် ကျောင်းသား သမဂ္ဂ ကကလေးတွေ ရှောင်ပါတော့ မင်းတို့ကလေးတွေကိုအပါမခံနိုင်လို့ပါ

04/06/2021

နတ်တလင်းမြို့နယ် စမ်းကြီးကျေးရွာစာသင်ကျောင်းဗုံးပေါက်ကွဲလို့ အနည်းဆုံး ၃ ဦး သေဆုံးကြောင်း ကနဦးသိရ

နတ်တလင်း၊ ဇွန် ၄၊ ၂၀၂၁။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ စမ်းကြီးကျေးရွာစာသင်ကျောင်းမှာ ဒီကနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဆရာ၊ ဆရာမ ၃ ဦးနဲ့ ဒေသခံ ၅ ဦးတို့ ဗုံးမှန်ပြီး အနည်းဆုံး ၃ ဦး သေဆုံးကာ ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့ဝင် တဦးကထံ သိရပါတယ်။

" ညနေပိုင်း မိဘတွေနဲ့ ဆရာတွေ ကျောင်းသန့်ရှင်းရေးလုပ်နေတုန်း ဗုံးပေါက်တယ်လို့ ကြားတယ်။ သေဆုံးတာတော့ ၃ ဦးသေဆုံးတယ်။ ၅ ဦးဒဏ်ရာရတယ်လို့ပဲ လောလောဆယ်သိရသေးတယ်။ ဘယ်သူတွေ သေတယ်ဆိုတာ မသိရသေးပါဘူး " လို့ ရတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့ ဒေသခံတချို့ပြောဆိုမှုအရ ဒေသခံ ၃ ဦးသေးဆုံးပြီး ဆရာ ၁ ဦး၊ ဆရာမ ၁ ဦး ဒဏ်ရာရရှိတယ်လို့လည်း အဲဒီရွာနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ စမ်းကြီးကျေးရွာမှာ ပြည်ထဲရေးဝန်ကြီးဌာနအမည်ပေါက် ကျေးရွာမဟုတ်သေးပဲ၊ သစ်တောကတည်ဆောက်ပေးထားတဲ့ကျေးရွာဖြစ်ပြီး ပဲခူးရိုးမတောင်ခြေအစပ်၊ တောင်ညိုဆည်အထက်မှာရှိတဲ့ ကျေးရွာဖြစ်ကြောင်း သိရပါတယ်။



#မြေလတ်အသံ

ပြည်မြို့အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဇေယျာမြင့်မောင်ကို 2:45အချိန် ခန့်က စစ်ကောင်စီက ဒလံသတင်းပေးမှူကြောင့် နေအိမ်အတ...
04/06/2021

ပြည်မြို့အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဇေယျာမြင့်မောင်ကို 2:45အချိန် ခန့်က စစ်ကောင်စီက ဒလံသတင်းပေးမှူကြောင့် နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းစီးခဲ့ပါတယ် ဖမ်းစီးခံရပြီး နာရီဝက်‌ကြာတဲ့အခါမှာ သူ့အကောင့်ကနေ ပိုစ်တစ်ခုတက်လာပါတယ်

ဇွန်လ4ရက်

Report please-https://m.facebook.com/story.php?story_fbid=331296241900972&id=100050617960842

03/06/2021

ကျောင်းများဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သတ်၍ ကြေညာချက်
----------------------------------------------------------------
၂.၆.၂၀၂၁

၁ ။ ယခုအခါတွင် ရန်ကုန်မြို့ရှိကျောင်းအသီးသီးတွင် ကျောင်းသား/သူအချို့သည် သွားရောက် ပညာသင်ကြားနေသည်ကို ကျွန်ုပ်တို့တွေ့ရှိရသည်။

၂ ။ ထိုကဲ့သို သွားရောက်သင်ကြားနေကြသော ကျောင်းသား/သူများကို UG ( မြေအောက်တော်လှန်ရေးသမားများ) မှ တိုက်ခိုက်လိမ့်မည်ဟု သတင်းမှားများ အမြို့မြို့အနယ်နယ်တွင် ပျံနှံ့နေသည်ကိုလည်း ကျွန်ုပ်တို့ကြားသိရပါသည်။

၃ ။ ကျွန်ုပ်တို့သည် လူသားတို့၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို အစဉ်လေးစားလိုက်နာသော ပြည်သူ့ဘက်တော်သား စစ်သားများဖြစ်သည်။

၄ ။ အမှန်စင်စစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်တွင် ပညာသင်ကြားခြင်းကို ကျွန်ုပ်တို့ မနှစ်မြို့သော်လည်း ထိုအခြင်းအရာသည် ကျောင်းသား/သူတို့၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးဖြစ်သဖြင့် ထိုကိုယ်ပိုင်အခွင့်အရေးကို ကျွန်ုပ်တို့မှ မလေးမစား ပြုမူမည်မဟုတ်ပါ။

၅ ။ ထို့ကြောင် မိမိတို့ UG ( မြေအောက်တော်လှန်ရေးသမားများ) မှ ကျောင်းအသီးသီး၌ သွားရောက်ကျောင်းတက်နေကြသော ကျောင်းသား/သူတို့အား လုံးဝ (လုံးဝ) တိုက်ခိုက်လိမ့်မည် မဟုတ်ပါ။

၆ ။ ကျောင်းများ အတိုက်ခိုက်ခံခဲ့ရပါလျှင်လည်း ထိုသို့တိုက်ခိုက်ခြင်းသည် မိမိတို့ UG ( မြေအောက်တော်လှန်ရေးသမားများ) ၏ လက်ချက်မဟုတ်ပါ။ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူအကြား သွေးကွဲစေရန် လုပ်ဆောင်နေသော စစ်ကောင်စီ၏ အကြမ်းဖက်သမားများသာ ဖြစ်ပါသည်။

၇ ။ မိမိတို့သည် ပြည်သူ့ဘက်တော်သား စစ်သားကောင်းများဖြစ်သည့်အတွက် ပြည်သူလူထု အားထိခိုက်အောင် လုံးဝ (လုံး၀) လုပ်ဆောင်လိမ့်မည်မဟုတ်ကြောင်း ကြေညာအပ်ပါသည်။

03/06/2021

စက်မှု ကွက်သစ် ဓမ္မာရုံ ၃လမ်းမှာ အမျိုးသားတစ်ဦး အဆွဲခံရပါတယ်။
အိမ်ဌားက ပြန်တိုင်တာဖြစ်ပြီး သူနေတဲ့ အိမ်ကို ရာအိမ်မှုးက လိုက်ပြတယ်လည်း ပြောပါတယ်

သားသားမီးမီးတို့အတွက်ပညာရေးအတွက်ပူပန်နေသောမေမေဖေဖေတို့ရေအခုလိုအခြေအနေမှာ ကျောင်းကိုစိုးရိမ်ပူပန်မှုအပြည့်နဲ့ သွားစရာမလို...
03/06/2021

သားသားမီးမီးတို့အတွက်ပညာရေးအတွက်ပူပန်နေသောမေမေဖေဖေတို့ရေ

အခုလိုအခြေအနေမှာ ကျောင်းကိုစိုးရိမ်ပူပန်မှုအပြည့်နဲ့ သွားစရာမလိုပဲ

စာသင်ယူလို့ရပါပြီ။

သင်ရိုးတွေ အခမဲ့ down ယူပါ။

KG
https://www.facebook.com/100028892617574/posts/556261515346931/

G1
https://m.facebook.com/story.php?story_fbid=556770145296068&id=100028892617574
G2
https://m.facebook.com/story.php?story_fbid=557369978569418&id=100028892617574
G3
https://m.facebook.com/story.php?story_fbid=557897668516649&id=100028892617574
G4
https://m.facebook.com/story.php?story_fbid=558494431790306&id=100028892617574
G6
https://m.facebook.com/story.php?story_fbid=559168138389602&id=100028892617574
G7 (သတ္တမတန်းစနစ်သစ်)
https://m.facebook.com/story.php?story_fbid=559898461649903&id=100028892617574
G8 (သတ္တမတန်းစနစ်ဟောင်း)
https://www.facebook.com/100028892617574/posts/560530091586740/
G9
https://m.facebook.com/story.php?story_fbid=561124131527336&id=100028892617574
G10
https://m.facebook.com/story.php?story_fbid=561693724803710&id=100028892617574
G11
https://m.facebook.com/story.php?story_fbid=562240881415661&id=100028892617574

မနေ့ညကဥသျှစ်ပင်မှာ စစ်တပ်၏သတင်းပေးဆိုသူဘကိုဒင်၏ကားဝပ်လျော့ဗုံးပေါက်ကွဲမှူကြောင့် ကိုမင်းမင်းဦးကို လာရှာရာမတွေ့သဖြင့်ဒီနေ...
02/06/2021

မနေ့ညကဥသျှစ်ပင်မှာ စစ်တပ်၏သတင်းပေးဆိုသူဘကိုဒင်၏ကားဝပ်လျော့ဗုံးပေါက်ကွဲမှူကြောင့်
ကိုမင်းမင်းဦးကို လာရှာရာ
မတွေ့သဖြင့်
ဒီနေ့မနက်ဥသျှစ်ပင်မြို့နေ ကိုမင်းမင်းဦးဆိုသူ၏
ဇနီးနဲ့အမေဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့သိရပါတယ်။

လုံခြုံရေးတင်းကြပ်စွာချထားတဲ့မန္တလေးအထက(၂)ဗုံးပေါက်ကွဲခဲ့ပြီးကျောင်းသားနှစ်ဦး အခုလက်ရှိဆေးရုံပို့ထားရကြောင်းသိရပါတယ်။ဒေ...
02/06/2021

လုံခြုံရေးတင်းကြပ်စွာချထားတဲ့
မန္တလေးအထက(၂)
ဗုံးပေါက်ကွဲခဲ့ပြီး
ကျောင်းသားနှစ်ဦး
အခုလက်ရှိဆေးရုံပို့ထားရကြောင်းသိရပါတယ်။
ဒေသခံတွေကတော့အ ကြမ်းဖက်စစ်ကောင်စီဖောက်ခွဲတာဖြစ်ကြောင်း ကျောင်းထဲမည်သူတစ်ဦးတယောက်မှဝင်လို့မရကြောင်းပြောကြားခဲ့ပါတယ်..

ဆက်လက်ဖော်ပြပေးပါမည်...

မနေ့ညက ဝက်ထိီးကန်မှာဖြစ်တဲ့ကိစ္စ ခလေးနှစ်ယောက်တယောက်ကဗိုက်ထိတယ်နောက်တယောက်ကမျက်လုံးထိတယ် သူတို့ဘာသာ Gas အိုးပေါက်လို့ Ac...
02/06/2021

မနေ့ညက ဝက်ထိီးကန်မှာဖြစ်တဲ့ကိစ္စ ခလေးနှစ်ယောက်တယောက်ကဗိုက်ထိတယ်နောက်တယောက်ကမျက်လုံးထိတယ်
သူတို့ဘာသာ Gas အိုးပေါက်လို့ Accident ဖြစ်ပေါက်တာကိုပြည်သတင်းမှန် စစ်ခွေး Page နဲ့ ပြည်သတင်း Group တွေထဲမှာလောက်ကောင်မအကြီးစားက စာသင်ကျောင်း ဗုံးခွဲဖို့လုပ်ရင်းပေါက်တာလို့ရေးတင်တယ်

ဖြစ်ဖြစ်ချင်းဆေးရုံကားတောင်မခေါ်ရသေးဘူး လမ်းထဲကဒလန်လောက်ကောင်ကရဲနဲ့စစ်သားခေါ်လိုက်လို့ ဆေးတောင်ဖြောင့်အောင်မကုရသေးဘူး လက်ထိပ်ခတ်ပီးဖမ်းသွားတယ်

အဲ့သတင်းရေးတဲ့လောက်ကောင်မရော သူ့ပထွေးတွေကိုသတင်းပေးတဲ့လောက်ကောင်ဒလန်ရော ဘယ်နေ့ ပြည်သူ့ကျိန်စာဆူးပြီး ဘာဖြစ်မလဲတော့မသိဘူး....

အဲ့လိုလောက်ကောင်/မ တွေမြင်ရတာတော်တော်အကုသိုလ်များတယ် တနေ့နေ့တော့နင်တို့လည်းပြည်သူ့ကျိန်စာဆူးပီးတခုခုဖြစ်မှသေချာတယ်။
အသေဆိုးနဲ့ သေမဲ့ စစ်ဘောမတွေ

ဒဏ်ရာတဲ့ခလေးနှစ်ယောက်ဘေးကင်းပါစေ🙏🏼

31/05/2021

ညောင်ပင်သာရွာ၊ လက်ရှိ ကမ်းနားမှာ အရက်ဆိုင် ဖွင့်ထားတဲ့ ကိုစိုးလွင်ကို ဖမ်းသွားပါတယ်။

31/05/2021

ရွေတစ်ချောင်း လမ်းက လက်ဖက်ရည်ဆိုင်မှာ ကောင်းကောင်းဆိုတဲ့ ကလေးကို ဝင်ဖမ်းတာ မတွေ့လို့ ကောင်လေးရဲ့ အိမ်ကိုပြပါဆိုပြီး
သူ့ရဲ့ အန်တီ ဦးလေး နဲ့ အမကို ခေါ်သွားပါတယ်။

28/05/2021

ရွှေကူ ရွှေတစ်ချောင်းလမ်း စစ်သားအင်အားများများနှင့်အတူ အရပ်ဝတ်တွေ ကားနဲ့လာချတာ တွေ့ပါတယ်။
ဧည့်စာရင်း စစ်မလားတော့မသိဘူး

24/05/2021

တကယ်တော့ Page ထောင်ဖို့ရည်ရွယ်ချက်မရှိပါဘူး
ပြည်က မီဒီယာ ညီကိုတွေဖမ်းစီးခံရမှုတွေများလာတာကြောင့်ရယ်
တခြားသော Page တွေတစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ လုပ်ခဲ့တာပါ
အခုအခြေနေအရတော့ အကုန်လုံးစိတ်ချရလောက်တဲ့အနေအထားဖြစ်နေပြီမလို့
ဘာမှဆက်မတင်တော့ပါဘူးခင်ဗျာ။

ပြည်ကညီကိုတွေဘေးကင်းကြပါစေ🙏

☣️Pyay Covid-19 Update New☣️23.5.2021ပြည်မြို့၊မှော်ဇာရွာအနီးမှ အနံ့ပျောက် လူနာအား ပြည်မြို့ပေါ်ရှိပရဟိတအသင်းနှစ်သင်းမှ ...
23/05/2021

☣️Pyay Covid-19 Update New☣️

23.5.2021

ပြည်မြို့၊မှော်ဇာရွာအနီးမှ အနံ့ပျောက် လူနာအား ပြည်မြို့ပေါ်ရှိပရဟိတအသင်းနှစ်သင်းမှ ကုတင်(၅၀၀)ဆေးရုံကြီး Fever Clinic သို့ Covid 19 ရောဂါပိုးရှိမရှိ စစ်ဆေးရန် ပို့ဆောင် Results ကို Updateတင်ပေးပါမယ်။

22/05/2021

မနက်ဖြန် အစစ်အဆေး ကြမ်းမယ်လို့ ကြားသိရပါတယ်။
ဘာပဲဖြစ်ဖြစ် စစ်သည်ဖြစ်စေ မစစ်သည်ဖြစ်စေ အထူးဂရုစိုက်ဖို့ မှာပါရစေ။

22/05/2021

နဝင်းကွက်သစ်၁၂လမ်း,၁၁လမ်းဘက် ခွေးကားပတ်နေ ကင်းပုန်းချထားဟုသိရ
ဆိုင်ကယ်နဲ့လဲပတ်နေ
souce.ရပ်ကွက်နေထိပ်လန့်နေရသူများ
တခြားရပ်ကွက်တေရော

(19.5.2021) ရက်နေ့ နေ့လည်က ဦးဝင်းမြစက်လမ်းထဲက အဖမ်းခံလိုက်ရသော ဦးအောင်ခိုင်ရဲ့သား ကိုထွန်းလတ် သေဆုံးသွားပီဟု ဒီနေ့မှာ အက...
22/05/2021

(19.5.2021) ရက်နေ့ နေ့လည်က ဦးဝင်းမြစက်လမ်းထဲက အဖမ်းခံလိုက်ရသော ဦးအောင်ခိုင်ရဲ့သား ကိုထွန်းလတ် သေဆုံးသွားပီဟု ဒီနေ့မှာ အကြမ်းဖက်စကစ က
ကိုထွန်းလတ်ရဲ့ အိမ်ကိုဖုန်းဆက် အကြောင်းကြားတယ်လို့ သိရပါတယ်။

(6:07pm)May22

22/05/2021

ATM စက်များတွင် ငွေထုတ်ယူရန် တန်းစီစောင့်ဆိုင်းသူများ ည ၁၀ နာရီ မှ မနက် ၄နာရီ အတွင်း စောင့်ဆိုင်းခြင်းမပြုကြပါရန်။
စကစ မှ ဖမ်းဆီးအရေးယူဖို့ အမိန့်ထွက်ထားပါတယ်။
လာမည့် တနလာ်နေ့တွင် စတင်ဖမ်းဆီးမယ်လို့လည်း သတင်းရထားပါတယ်။

ကိုယ့် ငွေ ကိုယ်ထုတ်မှာ မှန်ပေမဲ့ ဂရုစိုက်ဖို့ တိုက်တွန်းပါတယ်။
ငွေထုတ်ချက်ဇောနဲ့ မာရှယ်လော အချိန်အတွင်း ထွက်
ဖို့ မကြိုးစားကြပါနဲ့။

22/05/2021

ပြည်ဗိုလ်ချုပ်ကြေးရုပ်လမ်းပြန်ဖွင့်
copyပါ

21/05/2021

စစ်ကောင်စီက ဖွင့်မဲ့ ကျောင်းပြန်ဖွင့်မဲ့ ရက်မှာ ပြည် ကြယ်စင်သစ် ဘော်ဒါက ဖွင့်လှစ်မယ်လို့ ကြားသိရပါတယ်...

21/05/2021

မိဘပြည်သူ ညီအကို မောင်နှမ များ.အပြင်ထွက်ရင်တောင်..သတိနဲ့နေဖို့ မပေါ့ဖို့ မေတ္တာရပ်ခံပါတယ်။
အသွင်ပြောင်းတွေ အများကြီးနဲ့အတူ အန္တရာယ် တောထဲမှာ နေကျရတာဖြစ်တဲ့အတွက် အစစအရာရာ ဂရုစိုက်ဖို့ တိုက်တွန်းပါတယ်။

နွေဦးဒံပေါက် page admin ဒံဒံ ကို စစ်ကောင်စီမှ ယနေ့ 21ရက်‌ နေ့လယ်က ဖမ်းဆီးသွားတယ်လို့သိရပါတယ် အသေးစိတ်ကို သိရတာနဲ့ထပ်မံဖေ...
21/05/2021

နွေဦးဒံပေါက် page admin ဒံဒံ ကို စစ်ကောင်စီမှ ယနေ့ 21ရက်‌ နေ့လယ်က ဖမ်းဆီးသွားတယ်လို့သိရပါတယ် အသေးစိတ်ကို သိရတာနဲ့ထပ်မံဖော်ပြပေးပါမယ်

Update - မနက်က ဘဏ်ရှေ့ ဖြစ်စဉ်မှာ ဖမ်းစီးခေါ်ဆောင်သွားတာခံခဲ့ရပြီး ဒကစ စစ်ကြောရေးထဲမှာ အကြမ်းဖက်နှိပ်ဆက်နေပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when Pyay Rangers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share