HOR News

HOR News စိတ်ဝင်စားဖွယ်သတင်းများကို တင်ဆက်ပ

11/06/2020

Credit>>

https://burma.irrawaddy.com/news/short-news/2020/06/10/224421.html
စစ်တွေ ကမ္ဘောဇဘဏ် ဓားမြတိုက်ခံရ
*************************************

မင်းအောင်ခိုင်၊ ဇွန် ၁၀၊ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျည်းပင်ကြီး ရပ်ကွက်တွင် ရှိသည့် KBZ ဘဏ်ခွဲ (၂) အား ဓါးပြတိုက်ခံရမှုတွင် အသုံးပြု ခဲ့သည့် ဟိုက်ဂျက် မော်တော်ယာဉ်နှင့် သံသယရှိသူတဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“အဲဒီမှာ ဓါးနဲ့ထောက်ပြီးတော့ ဓါးပြတိုက်သွားတယ်။ ငွေကျပ် သိန်း ၁၈၀၀ လောက် ပါသွားတယ်လို့ ပြောတယ်။ အဲဒါကို လိုက်ဖမ်းတဲ့အခါ အခု လောလောဆယ်မှာ အဲဒီ ဓါးပြတိုက်ထားတဲ့ ကားနဲ့ လူ ၁ ယောက်တော့ ဖမ်းမိထားတယ်။ ရဲက စုံစမ်း စစ်ဆေးတာတွေ လုပ်နေတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဘဏ်ဓါးပြများသည် ဘဏ်ပိတ်နေသည့်အချိန်တွင် ဘဏ်ဝန်ထမ်းများပုံစံဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ဓါးထောက် လုယက်ပြီးနောက် ၎င်းတို့ စီးလာသည့် ဟိုက်ဂျက် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားသဖြင့် တရားခံ ဖမ်းဆီးရမိရေး မြို့ဝင်ဂိတ်များကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးလျက်ရှိကြောင်း လုံခြုံရေး တာဝန်ရှိသူများထံမှ သိရသည်။

“ဝင်လာပြီးတော့ ယူသွားတယ်လို့ သိရတယ်။ အသေးစိတ်ကတော့ ဘဏ်ကို မေးပါ။ ညနေ ၄ နာရီလောက်က ဖြစ်တာ”ဟု စစ်တွေမြို့ မှ ရဲအရာရှိကြီးတဦးက ကမော္ဘဇဘဏ်မှ ပြန်အထွက်တွင် သတင်းထောက်များကို ပြောသည်။

စစ်တွေမြို့ သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ဌာနဆိုင်ရာ ပေါင်းစုံ ရုံးစိုက်ရာ နေရာဖြစ်သဖြင့် ယေဘုယျအားဖြင့် အခြားမြို့ များထက် လုံခြုံရေးအရ စိတ်ချရသည့် မြို့ တော်တခု ဖြစ်သည်။

ပုဂံဘုရားတချို့ ဌာပနာဖောက်ခံရတာတွေနဲ့ မီးရှို့ခံရတဲ့ဖြစ်စဉ်===================================ပုဂံဘုရားတချို့ ဌာပနာဖောက်...
10/06/2020

ပုဂံဘုရားတချို့ ဌာပနာဖောက်ခံရတာတွေနဲ့ မီးရှို့ခံရတဲ့ဖြစ်စဉ်
===================================

ပုဂံဘုရားတချို့ ဌာပနာဖောက်ခံရတာတွေနဲ့ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေဟာ တောခြောက်တဲ့ သဘောဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အမွေအနှစ်ထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ က ပြောပါတယ်
#ပုဂံဘုရားတချို့ #ဌာပနာဖောက်ခံရ #တောခြောက်တဲ့သဘောဖြစ်

ပုဂံဘုရားတချို့ ဌာပနာဖောက်ခံရတာတွေနဲ့ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေဟာ တောခြောက်တဲ့ သဘောဖြစ်တယ်လို့ မန္တလေးတိ....

အမေရိကန်ရဲတွေ လူသတ်ရင် ဘာလို့ပြစ်ဒဏ်ချခံရမှု နည်းတာလဲ===================================အမေရိကန်နိုင်ငံက ရဲတွေဟာ တနှစ်ကိ...
09/06/2020

အမေရိကန်ရဲတွေ လူသတ်ရင် ဘာလို့ပြစ်ဒဏ်ချခံရမှု နည်းတာလဲ
===================================

အမေရိကန်နိုင်ငံက ရဲတွေဟာ တနှစ်ကို သတ်ဖြတ်မှု ၁၂၀ဝ ပတ်ဝန်းကျင်လောက် ကျူးလွန်တယ်လို့ ခန့်မှန်းလေ့လာချက်တွေ ရှိထားပေမယ့် ဒီအမှုတွေရဲ့ ၉၉%လောက်မှာ ကျူးလွန်တဲ့ ရဲတွေကို ဘယ်အမှုနဲ့မှ စွဲချက်တင်ခံရတာ မရှိခဲ့ပါဘူး။

လတ်တလော ဂျော့ဖလွိုက်ကို ရဲတွေက သတ်ဖြတ်မှုမှာတော့ အများပြည်သူတွေရဲ့ ဖိအားပေးမှု၊ ဆန္ဒပြမှုနဲ့ အဓိကရုဏ်းတွေ ဖြစ်လာတာနဲ့အတူ ကျူးလွန်တဲ့ ရဲတွေကို တရားဝင်စွဲချက်တင်တာလည်း ရှိလာခဲ့ပါတယ်။

အဲဒီ စွဲချက်တင်ခံထားရတဲ့ အထဲက ရဲတဦးဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က မင်နီယားပိုလိစ်မြို့က လမ်းပေါ်မှာ မှောက်လျက် အနေအထားရှိနေတဲ့ ဂျော့ဖလွိုက်ရဲ့ ဇက်ကို ဒူးနဲ့နင်းထားလို့ သေဆုံးစေခဲ့တဲ့အတွက် လူသတ်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။

အခုလို ဖြစ်ချိန်မှာ အနီးနားမှာ ရှိနေကြတဲ့ ရဲသုံးဦးလည်း ဒီလူသတ်မှုကို ကူညီ အားပေးရာရောက်တဲ့ ပြစ်မှုနဲ့ စွဲချက်တင် ခံထားရပါတယ်။

ဒီလေးယောက်စလုံးဟာ မေလ ၈ ရက်နေ့မှာ တရားရုံးမှာ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဂျော့ဖလွိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြနေကြသူတွေကတော့ ဒီသေဆုံးမှုကြောင့် တာဝန်ချိန်မှာ သတ်ဖြတ်တဲ့ ရဲတွေကို ဥပဒေရဲ့ သက်ရောက်မှု ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ အခုလို ရဲတွေ တရားဝင်စွဲချက်တင်ခံရတာကိုက ရှိနေတဲ့ ဥပဒေရဲ့ ချွင်းချက်ဖြစ်စဉ် ဖြစ်နေလို့ ဖြစ်ပါတယ်။

တာဝန်ချိန်မှာ လူသတ်မှု ကျူးလွန်တဲ့ အမေရိကန်ရဲအများစုကြီးဟာ အမေရိကန်ဥပဒေရဲ့ အကာအကွယ်ပေးမှုကြောင့် ပြစ်ဒဏ်ချခံရဖို့ ဝေးလို့ တရားဝင်စွဲချက်တင်တာတောင် မခံခဲ့ရပါဘူး။

နောက်လဲစိတ်ဝင်စားစရာသတင်းတွေ မျှဝေပေးပါအုံးမယ်...
သတင်းတွေဖတ်ချင်ရင် page ကို Like & Follow လုပ်ထားပါ..☝️👍

Credit>>BBC burmese

ပြီးခဲ့တဲ့ မေလက မင်နဆိုးတားပြည်နယ်မှာ ဂျော့ဖလွိုက်ကို သတ်ဖြတ်မှုနဲ့ ရဲလေးဦး စွဲချက်တင်ခံရတယ် ဆိုပေမယ့် သမ....

Address


Website

Alerts

Be the first to know and let us send you an email when HOR News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share