ဂမ္ဘီရ ဖြစ်ရပ်ဆန်း နှင့် ထူးဆန်းထွေလာ Video များ

  • Home
  • ဂမ္ဘီရ ဖြစ်ရပ်ဆန်း နှင့် ထူးဆန်းထွေလာ Video များ

ဂမ္ဘီရ ဖြစ်ရပ်ဆန်း နှင့် ထူးဆန်းထွေလာ Video များ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဂမ္ဘီရ ဖြစ်ရပ်ဆန်း နှင့် ထူးဆန်းထွေလာ Video များ, News & Media Website, .

ကြော်ငြာကြည့်သူတွေ အတွက်
19/01/2022

ကြော်ငြာကြည့်သူတွေ အတွက်

Mobile App for clickers
01/01/2022

Mobile App for clickers

ကြော်ငြာကြည့်သူတွေ သမိုင်းမှတ်တိုင် စိုက်ထူနိုင်မဲ့ Mobile App

စိတ်ကူးပုံဖော်ကြည့်လိုက်ပါ။

၂၀၅၀ ခုနှစ်လောက် ၊ နေ့တစ်နေ့မှာပေါ့။ နောင်လာမယ့် မျိုးဆက်သစ်တွေကို သင်ပြန်ပြောပြနေလိမ့်မယ်။

၂၀၂၁ အာဏာသိမ်းတုန်းက ဘယ်လိုဒုက္ခတွေ ကြုံခဲ့ရကြောင်း ၊ ဘယ်လိုတွေ ပြေးခဲ့ရကြောင်း ၊ တော်လှန်ရေးကြီးအကြောင်းတွေပေါ့။
"အဲတုန်းက မေမေတို့ ၊ ဖေဖေတို့ ဘယ်လို ပါဝင်လှုပ်ရှားခဲ့ကြလဲ လို့ မျိုးဆက်သစ်တွေက မေးလာရင်
သင် ဘယ်လို ပြန်ဖြေမလဲ။

ငါတို့ FB ပေါ်ကနေ ဆဲပေးတယ် ၊ ငါတို့ လိပ်ပြာလုံတယ် ဆိုတဲ့ စကားလုံးတွေဟာ သူတို့အတွက် ဟာသတွေ ဖြစ်နေမှာ။

ကျွန်တော်တို့ ရဲ့ Hero တွေ လို သူရဲကောင်းတွေ မဟုတ်ရင်တောင် ၊ သူတို့ကို ထောက်ပံ့နိုင်တဲ့ ထောက်ပို့နေရာမှာ တစ်တပ်တစ်အား ပါဝင် နိုင်တယ်ဆိုရင် သင့်မှာ ဖြေစရာရှိပါလိမ့်မယ်။
ဒါဆိုရင် ဘယ်မှာ လဲ Proof ? ဘယ်မှာလဲ Record?

အခုဆိုရင် Clicker တွေကြောင့် Hero တွေအတွက် အများကြီး အထောက်အပံ့ဖြစ်ခဲ့ပါတယ်။

တစ်ချို့ဆို တစ်ရက်ကို ကြော်ငြာ အကြိမ် ၃၀၀ ကနေ ၅၀၀ လောက် နေ့စဉ် ကြည့်ကြတယ်။
တစ်ချို့ကြတော့ ၁ ရက် ၂ ရက်လောက်ပဲ ကောက်ရိုးမီး ဖြစ်ပြီး နောက်ကြတော့ မကြည့်ဖြစ်ကြတော့ဘူး။

ဒါကြောင့် ကြော်ငြာ ကြည့်တဲ့သူ ၊ သူငယ်ချင်းတွေကို Invite လုပ်ပေးနိုင်သူတွေအတွက်
နေ့စဉ် ၊ အပတ်စဉ် ၊ လစဉ် Record တွေ လုပ်ပြီး Milestone တွေ စိုက်ထူနိုင်မယ့် App လာပါတော့မယ်။

ဒီ App မှာ တစ်ဦးချင်စီ ရဲ့ နေ့စဉ် ၊ အပတ်စဉ် ၊ လစဉ် ကြော်ငြာကြည့်တဲ့ဝင်ငွေ နဲ့ ညီတဲ့ Point တွေ ကို မှတ်သားထားမှာဖြစ်ပြီး

Contributor of the week, month စသည်ဖြင့် ဒီအပတ် ၊ ဒီလ ကြော်ငြာ အများဆုံး ကြည့်သူတွေကို Reward တွေ ၊ Certificate တွေ ပေးမှာဖြစ်ပြီး ၊ မိမိတို့ နာမည် နဲ့ Hero တွေကို လှူဒါန်းခွင့်ရမှာဖြစ်ပါတယ်။

ရရှိတဲ့ Point အနဲ အများအလိုက် စီပြီး Contributor List ကို App နဲ့ Website တွေမှာ နှစ်ပေါင်းများစွာအထိ Record ကျန်အောင် သိမ်းပေးထားမှာဖြစ်ပါတယ်။
ဘယ်တိုင်း ၊ ဘယ်ပြည်နယ်က ဘယ်လောက်အထိ Contribute လုပ်ကြလဲဆိုတာကိုလဲ သိရှိနိုင်မှာဖြစ်ပါတယ်။

ကြော်ငြာကြည့်ရင်း ၊ ဗဟုသုတ ရစေမယ့် ဆောင်းပါးတိုလေးတွေကို eBook အနေ နဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ သင့်ရဲ့ Contribution သမိုင်းမှတ်တိုင်တွေ စိုက်ထူနိုင်မယ့် Learn To Donate Mobile App ရက်ပိုင်းအတွင်း လာပါတော့မယ်။ Android App အရင်လာပါမယ်။ ပြီးမှ iOS ရပါမယ်။

အခုလောလောဆယ်တော့ PDF Hero Game ကိုပဲ နေ့စဉ် ဆော့ပေးကြပါ။

Join Our Telegram Link
https://t.me/LearnToDonate2
နောက်ထပ် App အတွက် လုံးပန်းနေလို့ ပို့စ်တွေ သိပ်မတင်ဖြစ်တာပါ။



new version
22/11/2021

new version

PDF Hero2 ဘာကြောင့် ကြော်ငြာမပေါ်လဲဆိုတာ အဖြေတွေ့ပါပြီ။

PlayStore ကို Submit မလုပ်ခင်ကတည်းက ကြော်ငြာ Code ကို သုံးထားမိပါတယ်။ PlayStore ပေါ်ရောက်ပြီးတော့ ကြော်ငြာ Code ကို Review အတွက် Submit မလုပ်ဖြစ်ခဲ့ပါ။
ဒါကြောာင့် တော်တော်များများမှာ ကြော်ငြာ မပေါ်ဖြစ်နေတာပါ။

Version အသစ်ကို အောက်ပါလင့်တွေမှာ Update လုပ်ပေးပါ။

Version အသစ်ကို Update လုပ်ပြီးရင် ကြော်ငြာတွေ ပေါ်ပါတော့မယ်။

အားလုံးကို အလုပ်ရှုပ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။

PlayStore Link
https://bit.ly/3nwc3qJ

APK Pure
https://apkpure.com/p/com.learntodonate.PDFHero2

Mediafire Direct Download
https://www.mediafire.com/file/eqas0xipzlvc4hf/PDFHero2_V1.0.1.apk/file





Learn To Donate

PDF Hero 2 ထွက်ပြီ
19/11/2021

PDF Hero 2 ထွက်ပြီ

PDF Hero 2 ထွက်ပြီ။

ဝင်ငွေရဖို့ အရင်လိုနေပြီမို့ မပြီးသေးပေမယ့် ပြီးသလောက် နဲ့တင် Launch လုပ်လိုက်ပါတယ်။ သည်းခံပြီး ဆော့ပေးကြပါ။

သူရဲကောင်းတစ်ချို့ အဖမ်းခံရချိန် စိတ်ညစ်မနေဘဲ ကျန်တဲ့သူရဲကောင်းတွေကို ထောက်ပံ့ နိုင်ဖို့ ၂ ဆ ပိုကြိုးစားပေးကြပါ။

PlayStore Link
https://bit.ly/3nwc3qJ

APK Pure
https://apkpure.com/p/com.learntodonate.PDFHero2

Mediafire Direct Download
https://www.mediafire.com/file/uy10mgomue08ca7/PDFHero2.apk/file







Learn To Donate

ဝင်ငွေတွေ ပြန်ရနေပြီတဲ့
11/11/2021

ဝင်ငွေတွေ ပြန်ရနေပြီတဲ့

PDF Hero ဂိမ်း ကြော်ငြာ အပိတ်မခံရစေဖို့ ဆောင်ရန် ၊ ရှောင်ရန်

Nov 3 ရက် နေက စပြီး ကျွန်တော်တို့ အကောင့်ကို ကြောငြာပြတာ ခေတ္တရပ်နားခံလိုက်ရပါတယ်။ မနေ့က စပြီး ကြော်ငြာတွေ နည်းနည်း ပြန်ပေါ်နေပါပြီ။

ကြော်ငြာတွေက Mobile Game/App ကြော်ငြာတွေ ပေါ်တာများပါတယ်။ ကြော်ငြာတွေကို ကြည့်တဲ့သူပဲ များနေပြီး Install လုပ်တဲ့ သူ တအားနည်းနေရင် သူတို့ ကြော်ငြာက သိပ်ပြီး ထိရောက်မှု မရှိလို့ ကြော်ငြာပြတဲ့ အကောင့်ကို သံသယ ဖြစ်ပါတယ်။

အဲလိုတွေများလာရင် အရင် Ad Limit ကြော်ငြာပြတာကို ခေတ္တပိတ်ပါတယ်။ ထပ်ပြီး မလိုက်နာတာ များလာရင် အကောင့်တစ်ခုလုံး အပိတ်ခံရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကြော်ငြာ ၅ ခုလောက် ကြည့်ပြီးရင် တစ်ခုလောက်တော့ Install လုပ်ပေးပါ။ နောက် ၁ ရက်လောက် ကြာမှ ပြန်ပြီး Uninstall လုပ်ချင်လုပ်လို့ရပါတယ်။

30-Oct က နေ ဒီနေ့အထိ ရငွေ စာရင်း

Day 1, 30-Oct 14.95 S$ (မြန်မာငွေ ၃ သောင်း ခန့်)
Day 2, 31-Oct 294 S$ ( ၄ သိန်းကျော်)
Day 3, 1-Nov, 1200 S # ( ၁၆ သိန်းကျော်)
Day 4, 2-Nov, 834$ (၁၁ သိန်းကျော်)
Day 5, 3-Nov, 481 ( ၇ သိန်းခန့်) (ညနေက စပြီးကြော်ငြာမပေါ်တော့)
(Nov,2,3 အတွက် ကြော်ငြာခ တစ်ချို့ကို လျှော့ချပြစ်)
4-Nov : 15.83 $ ( Due to Ad Limit)
5-Nov: 7.46 $ ( Due to Ad Limit)
6-Nov: 4.33$ ( Due to Ad Limit)
7-Nov: 7.11$ ( Due to Ad Limit)
8- Nov : 6.43 ( Due to Ad Limit)
9-Nov: 12.12 $ ( Due to Ad Limit)
10-Nov: 74.52 $ ( ကြော်ငြာအနည်းငယ်ပြန်ပွင့်)
11-Nov: 42.47 $ ( ကြော်ငြာအနည်းငယ်ပြန်ပွင့်)

ဒီ Nov လမှာ 2680$ (မြန်မာငွေ ၃၆ သိန်း) ရပါပြီ။ ဒီလဝင်ငွေကို နောက်လ 25/26 မှာလက်ခံရရှိမှာဖြစ်ပါတယ်။

Google မှာ နောက်ထပ် ကြော်ငြာ အကောင့်အသစ်တစ်ခု ထပ်လျှောက်ထားတာ Approve ဖြစ်ပါပြီ။
ကြောင်ငြာအကောင့်အသစ်နဲ့ PDF Hero 2 လာပါတော့မယ်။

လောလောဆယ်တော့ လက်ရှိ ဂိမ်းလေးကိုပဲ သည်းခံပြီးဆော့ပေးကြပါ။

ဂိမ်းဆော့ရင်း သင်ယူလေ့လာရင်း လှူကြရအောင်

Join Our Telegram Link
https://t.me/LearnToDonate2

https://www.facebook.com/LearnToDonate



ဂိမ်းဆော့ရင်း လှူကြမယ်။
01/11/2021

ဂိမ်းဆော့ရင်း လှူကြမယ်။

PDF Hero ဂိမ်း ရဲ့ ဝင်ငွေ ၂ ရက်အတွင်း ၁၀ ဆ တိုး

Day 1, 30-Oct 14.95 S$ (မြန်မာငွေ ၃ သောင်း ခန့်)
Day 2, 31-Oct 294 S$ (မြန်မာငွေ ၄ သိန်းကျော်)
Day 3, ???

PDF Hero ဂိမ်းရဲ့
Day 1 မှာ ဒေါင်းလုပ် ၅၀၀ ကျော်နဲ့ ၃ သောင်းကျော် ဝင်ငွေရပါတယ်။
Day 2 မှာ ဒေါင်းလုပ် ၅၀၀၀ ကျော် နဲ့ ၄ သိန်းကျော် ဝင်ငွေရပါတယ်။

၂ ရက်အတွင်း ဒေါင်းလုပ် နဲ့ ဝင်ငွေ ၁၀ ဆ ကျော်တိုးခဲ့ပါတယ်။

ဒါဆိုရင် အဆ ၁၀၀ ကျော် ဖြစ်ဖို့ လစဉ် သိန်း ၉၀၀ ကျော် လှူနိုင်ဖို့ သိပ်မဝေးတော့ပါ။

အားလုံးရဲ့ ကူညီပေးမှုကြောင့်
Learn To Donate Page ကို Like ထားတဲ့သူ တစ်ရက်အတွင်း ၂ ထောင်ကျော်ကနေ ၂ သောင်းကျော် ရှိခဲ့ပါပြီ။

၂ သိန်းကျော် ဖြစ် ဖို့ သူငယ်ချင်း အယောက် ၁၀၀ လောက်ကို Invite လုပ်ပေးပါ။

ဂိမ်း Streamer တွေ နဲ့ သိရင်လည်း ဒီဂိမ်းကို ဆော့ပြီးကြောငြာပေးဖို့ အကူအညီ တောင်းပေးနိုင် ပါတယ်။

PDF Hero Game Link
PlayStore Link
https://bit.ly/3GxI6OB
Mediafire
https://www.mediafire.com/file/yhy173prk3uhsr5/pdf+hero.apk/file

English စာလေ့လာရင်း လှူလိုသူတွေအတွက်
Learn English Conversation App
https://bit.ly/3Evc1VO

English Story တွေကို မြန်မာဘာသာပြန်နဲ့ ဖတ်လိုသူတွေ အတွက်
Read English Story App
https://bit.ly/2ZQvJMW

လောလောဆယ် ကြောငြာခ မရသေးခင် ကျွန်တော်တို့ အဖွဲ့ အိပ်စိုက်လှူထားတာတွေကို Comment မှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာခရတဲ့ အခါ လှူတဲ့အလှူငွေတွေကို အလှူငွေ လက်ခံ Certificate တွေ နဲ့အတူ အလှူငွေလက်ခံရရှိတဲ့ အဖွဲ့တွေရဲ့ Page Link ( စုံစမ်းနိုင်အောင်) တွေနဲ့အတူ ချပြပေးပါမယ်။

ဂိမ်းဆော့ရင်း ၊ သင်ယူလေ့လာရင်း လှူလိုက်ကြရအောင်။
https://www.facebook.com/LearnToDonate

မအလ Killer Game မိုက်တယ်။
31/10/2021

မအလ Killer Game မိုက်တယ်။

မနေ့ကနေ့ခင်း PDF Hero Game ကို Launch လုပ်တာ ဒီနေ့မနက်အထိ Download ၅၀၀ ကျော်မှာ 20.4 SGD ရပါတယ်။ မြန်မာငွေ ၃ သောင်းပါ။
ဒါဟာ လူအယောက် ၅၀၀ ရဲ့ ဂိမ်းဆော့ရင်း လှူဒါန်းငွေဖြစ်ပါတယ်။

အဆ ၁၀၀ ဖြစ်ခဲ့ Download ၅၀,၀၀၀ ကနေ မြန်မာငွေ သိန်း ၃၀ ကျော်ရမှာပါ။
၁ ရက် သိန်း ၃၀ ဆိုရင် တစ်လကို သိန်း ၉၀၀ ကျော် လှူဒါန်းနိုင်မှာပါ။

အခုအချိန်အထိ Learn To Donate Page ကို Like ထားတဲ့သူ ၂၀၀၀ ကျော်ပဲ ရှိပါသေးတယ်။ ၂ သိန်းကျော်ဖြစ်ခဲ့ရင် အဆ ၁၀၀ ဖြစ် ပါပြီ။

ဒီ Page ကို Like ထားတဲ့သူတွေရဲ့ လုပ်အားကို အလှူခံချင်ပါတယ်။ တစ်ယောက်ကို ကိုယ့်မှာရှိတဲ့သူငယ်ချင်းတွေထဲက အယောက် ၁၀၀ လောက်ကို Invite လုပ်ပေးရင် မကြာခင် အဆ ၁၀၀ ရပါတော့မယ်။

ဂိမ်း Streamer တွေ နဲ့ သိရင်လည်း ဒီဂိမ်းကို ဆော့ပြီးကြောငြာပေးဖို့ အကူအညီ တောင်းပေးနိုင် ပါတယ်။

PlayStore Link
https://bit.ly/3GxI6OB

Mediafire
https://www.mediafire.com/file/yhy173prk3uhsr5/pdf+hero.apk/file

Click2Donate နဲ့ တခြားအဖွဲ့တွေ ကိုလည်း ကျွန်တော်တို့ Page ကို ကူညီကြောငြာပေးဖို့ အကူအညီ တောင်းထားပါတယ်။

၁၀ သိန်းပြည့်ရင် လူအများစု လှူချင်တဲ့ နေရာကို Vote ပြီး စတင်လှူပေးပါမယ်။

လောလောဆယ် ကြောငြာခ မရသေးခင် ကျွန်တော်တို့ အဖွဲ့ အိပ်စိုက်လှူထားတာတွေကို Comment မှာ ကြည့်နိုင်ပါတယ်။

ဂိမ်းဆော့ရင်း ၊ သင်ယူလေ့လာရင်း လှူလိုက်ကြရအောင်။

https://www.facebook.com/LearnToDonate


မအလ Killer ဂိမ်း
30/10/2021

မအလ Killer ဂိမ်း

လက်နက်ကိုင်တော်လှန်ရေးကအရှိန်ရစပြုလာပြီ။ အဲ့ဒီအချိန်မှာ တချို့ကလဲ တူမီးကိုင်နေရဆဲ၊ တချို့ကလဲ လက်နက်တချို့ရစပြုလာတဲ့ အချိ...
13/10/2021

လက်နက်ကိုင်တော်လှန်ရေးကအရှိန်ရစပြုလာပြီ။ အဲ့ဒီအချိန်မှာ တချို့ကလဲ တူမီးကိုင်နေရဆဲ၊ တချို့ကလဲ လက်နက်တချို့ရစပြုလာတဲ့ အချိန်။ ဒီအချိန်မှာ ပြန့်နှံ့လာတဲ့ သတင်းတွေ တွေ့ရ ကြားရပါတယ်။ ဖြစ်တတ်တဲ့ လူ့သဘာဝတွေကိုလဲ ပြောပြချင်ပါတယ်။
(၁)
၁၉၈၈ အရေးအခင်းဖြစ်ပြီး တောခိုသွားတဲ့ကျောင်းသားတွေ အများအပြားရှိခဲ့တယ်။ အဲ့ဒီကျောင်းသားတွေက စုစည်းပြီး လက်နက်ကိုင်တော်လှန်ဖို့ ကြိုးစားကြတယ်။ ကျောင်းသားတပ်မတော်လို့ခေါ်ကြတယ်။ တောင်ဖက်ပိုင်းနဲ့ မြောက်ဖက်ပိုင်း ၂ ပိုင်းရှိတယ်။ ဒါက မြေအောက်လက်နက်ကိုင်တော်လှန်ရေး။
မြောက်ပိုင်းကျောင်းသားတပ်မတော်က KIA က စောင့်ရှောက်ထားတယ်။ အဲ့ဒီ အချိန်မှာ ကျောင်းသားတွေကြား နဂိုရောက်ပြီးသားသူတွေနဲ့ အသစ်ထပ်ရောက်လာတဲ့သူတွေကြားမှာ အဖုအထစ်ဖြစ်ကြပုံပေါ်တယ်လို့ ယူဆကြတာတွေ ဖတ်မှတ်ခဲ့ရဖူးတယ်။
ရလာဒ်အားဖြင့် ဒီကျောင်းသားတပ်မတော်ဆိုတဲ့အထဲမှာ အချင်းချင်းသံသယတွေ၊ မယုံကြည်မှုတွေများပြီး သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ မတရားစွပ်စွဲခံရပြီး သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေနဲ့ မိဘတွေအတွက်က ရင်နာစရာပါပဲ။ အဲ့ဒီ အချိန်ကတည်းက ကျောင်းသားတွေထဲက "သူလျှိုဘယ်သူလဲ" ဆိုတာ အခုထိ အငြင်းပွားနေကြတုန်းပါပဲ။
တကယ်တမ်း စာရေးသူအမြင်အရ အဲ့ဒီအချိန် ကျောင်းသားတွေဟာ လူငယ်တွေဖြစ်တယ်။ Camp တစ်ခုထဲသွင်းပြီး ထရိန်နင်ယူထားကြရသူတွေ မဟုတ်သေးဘူး။ ဆ်ိုးတူကောင်းဖက်တွေကို မရှိအတူ ရှိအတူ နှစ်တွေနဲ့ချီ ဖြတ်ကျော်ခဲ့ကြတဲ့သူတွေ မဟုတ်ကြသေးဘူး။ မိဘအိမ်မှာ အလိုလိုက်ခံရသူတွေပါနိုင်သလို၊ နားလည်တတ်သူတွေပါနိုင်တယ်။ လူအမျိူးမျိူး စရိုက်အထွေထွေပေါ့။ အာဏာရှင်ကို တော်လှန်ကြတဲ့ ခေါင်းစဉ်တခုအောက်မှာ လာရောက်စုဆုံကြပေမယ့် လူတကိုယ် စိတ်တမျိူး သဘာဝတွေရှိနေခဲ့ကြမှာပဲ။
ဒီလို ဖြစ်တဲ့အခါ ဒီ အစုအဖွဲ့ကို အပီအပြင် ထိန်းနိုင်တာ Chain of Command ပါပဲ။ ဒီလိုဟာမျိူးကို ပီပြင်အောင် မလုပ်နိုင်သေးခင်မှာ ဖိအားတွေ များလာကြချိန်မှာ ပြိုကွဲသွားကြတဲ့ သဘောပါ။
(၂)
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အလုပ်ကိစ္စနဲ့ မြန်မာပြည် ပျဉ်းမနားဖက်ကို ခရီးသွားခဲ့ရဖူးတယ်။ ထိုစဉ်ကာလမှာ နေ့ပြည်တော်က ဆောက်လက်စပါ။ စာရေးသူတို့ အုပ်စုမှာ လူ ၂၀ ခန့် ပါတယ်။
နဂို အလုပ်ထဲမှာ ကြော့ကြော့မော့မော့ ပြေပြေပြစ်ပြစ်ရှိသူတွေဟာ ဒီ ၃ ပတ်တာလောက်ခရီးစဉ်မှာ အပြောင်းအလဲတွေ တွေ့လာရတယ်။
ပထမ ရက်သတ္တပတ်မှာ မသိသာပေမယ့် ဒုတိယ ရက်သတ္တပတ်လောက်မှာ အချင်းချင်း မသင့်မတင့်ဖြစ်တာ၊ တွက်ကပ်တာ၊ လူလည်ကျချင်လာကြတာ စတာတွေကို တွေ့လာရတယ်။ ဒီလူတွေဟာ နဂို ပုံမှန်ကြည့်ရင် Well Behave လို့ ဆိုလို့ရသူတွေပဲ။ ပင်ပန်းလာကြတဲ့အခါ၊ ကိုယ်နေနေကျလို မဟုတ်ဘဲ ဆင်းရဲလာတဲ့ အခါ လူ့သဘာဝတွေ ပိုပြီး ပေါ်လွင်လာကြတယ်။
ကောင်းတာ၊ ဆိုးတာမဟုတ်။ ဒါ လူ့သဘာဝတွေပါ။
(၃)
တော်လှန်ရေးကာလမှာ ကနဦးပိုင်းမှာTrend က တခုပဲရှိတယ်။ အဲ့ဒါက စကစအပေါ်ထားတဲ့ နာကြည်းမှု အမုန်းတရားရယ်၊ ဖမ်းဆီးခံ ပစ်သတ်ခံရတဲ့သူတွေ အတွက် ကြေကွဲမှုရယ်။
ဒီလို အချိန်မှာ တော်လှန်ရေးအတွက် ကြိုးစားသူ အားလုံးကို ပြည်သူတွေက အားပေးကြတယ်။ လူငယ်တွေတောထဲ ရောက်သွားကြတယ်။ ဝိုင်းလှူကြသူ၊ အလှူခံတွေပေါ်လာကြတယ်။
CRPH ပေါ်လာတယ်၊ NUG ပေါ်လာတယ်။ Federal Army ကို အသံစပေးလာကြတယ်။ အဲ့ဒီနောက်မှာ အရှိန်မရသေးတဲ့ NUG အပေါ် မကျေနပ်တဲ့ ဝေဖန်မှုတွေဟာ မေ၊ ဇွန် လောက်မှာ အပြင်းထန်ဆုံးပါပဲ။ တောထဲ အပင်ပန်းခံသွားနေရပြီး NUG က ဘာမှ လုက်မပေးနိုင်ဘူးဆိုတဲ့ အသံတွေပါ။
ဆင်းရဲလာ၊ ပင်ပန်းလာ၊ လိုအပ်တာကို မရဘဲ သည်းခံရှင်သန်နေရတဲ့အခါ လူတွေဟာ မကျေမနပ်ဖြစ်လာတတ်ကြတယ်။ လူ့သဘာဝတွေပါ။
ဒီလို လှုပ်ခတ်နေရင်း PDF တွေကိုယ်တိုင်ကြိုးစားကြရင်းတော်လှန်ရေးက ရွေ့လာတယ်။NUG ရဲ့ လည်ပတ်မှုတွေကလဲ အရှိန်စရလာတယ်။ စက်တင်ဘာနောက်ပိုင်း NUG ကိုဆဲတာ အတော်အရှိန်လျော့လာကြတယ်။ စကစကို ပျောက်ကျားတိုက်ခိုက်နေကြတာမှာလဲ အောင်မြင်မှုတွေ တွေ့လာရတယ်။
ဒီ အချိန်မှာ အလှူခံပုဂ္ဂိုလ်တွေကို လူတွေ မေးခွန်းထူတ်စပြုလာကြတယ်။ လှူတဲ့ငွေတွေ မှန်မှန်ကန်ကန်ရောက်ရဲ့လားဆိုတာတွေ ဖြစ်လာကြတယ်။
ပထမကနဦးက ချင်းတောင်မှာပရဟိတလုပ်တဲ့ မိန်းကလေး။ ဒုတိယက စစ်ဦးစီးချုပ်လို့ သူ့ကိုသူအမည်သမုတ်သူဦးဆောင်ထားတဲ့ အဖွဲ့ငယ်အသစ်တခု။
တော်လှန်ရေးကြောင့်လူတွေ ဝမ်းနည်းလွယ်၊ဝမ်းသာလွယ်ဖြစ်တဲ့အချိန်ဟာ ဆင်ခြင်မှုတရား ခေတ္တအားနည်းချိန်ပါပဲ။ အဲ့လို အချိန်ဟာ အရမ်းကို တောိလှန်ပစ်မယ်ဆိုတဲ့ စိတ်တွေ ပြင်းထန်တတ်သလို၊ လှုတန်းပစ်မယ်ဆိုတဲ့ စိတ်တွေ ပြင်းထန်တတ်တယ်။ အမှားမဟုတ်၊ ဖြစ်တတ်တဲ့ လူ့သဘာဝ။
ဒီကနေ တောထဲရောက်၊ ဆင်းရဲမှု ခက်ခဲမှုတွေနဲ့ တွေ့ရတဲ့အခါ စိတ်ထဲမကျေနပ်မှု၊ နာကြည်းမှုတွေ ဖြစ်လာတာတွေရှိတတ်တယ်။ နဂိုက ရည်ရွယ်ချက်ကောင်းနဲ့ ပရဟိတသွားတဲ့အရာကလဲ နာမည်ကျော်ကြားမှု၊ ငွေကြေးအများအပြားကိုင်တွယ်ရမှုတွေ ဖြစ်လာတဲ့အခါ ပြောင်းလဲသွားတတ်တယ်။
​ဒါတွေဟာ "ဖြစ်တတ်တဲ့လူ့စိတ်" တွေအကြောင်းကို ပြောနေတာ ဖြစ်ပါတယ်။
ဒီလို ပြောင်းလဲတတ်တဲ့ လူ့စိတ်၊လူ့ခံစားချက်တွေ ကြောင့် အဖွဲ့အစည်းတွေမှာ အမှားအယွင်းမလုပ်ဖြစ်အောင် ထိန်းသိမ်းထားရတဲ့ ဖွဲ့စည်းပုံတွေရှိနေတာ ဖြစ်တယ်။
(၄)
အခု လက်ရှိကြားလာ မြင်လာရတဲ့ သတင်းတွေ အရ အရေးကြီးတဲ့ အချက်တွေကို တွေ့ရပါတယ်။
-ဖြစ်တတ်တဲ့ လူ့သဘာဝတွေ အတ်ိုင်း တော်လှန်ရေးကာလ အခက်အခဲ ကာလအတွင်းမှာ တော်လှန်ရေးရဲ့ အရှိန်ကို လျော့စေ၊ ညှိုးနွမ်းစေမယ့် အလွဲသုံးစားပြုမှု သတင်းတွေ ကြားလာရပြီ ဖြစ်တယ်။
(က)- ဒါတွေ မဖြစ်အောင် ကာကွယ်ဖို့ ဦးဆောင်အဖွဲ့ NUG အနေနဲ့ ပရဟိတသမားတွေအတွက် ငွေကြေးစီမံခန့်ခွဲမှု လမ်းညွှန် Guidance ထုတ်ပြန်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နာမည်ထွက်ခဲ့တဲ့သူတွေရဲ့ Case တွေကို စိစ်ပြီးရလာဒ်ထုတ်ပြန်စေလိုတယ်။ အကြောင်းရင်းက တော်လှန်ရေးအတွက် လှူနေတဲ့ ပြည်သူတွေက ယုံကြည်မှုနဲ့သွားနေတာမို့ ဒီ ယုံကြည်မှု (Public Trust) ကို ဘယ်လိုနည်းနဲ့မှ အပျက်ခံလို့မရတဲ့ အတွက်ဖြစ်ပါတယ်။
(ခ)- ဒါ့အပြင် NUG လက်အောက်ခံ မဟုတ်ထားတဲ့ LDF တွေနဲ့လဲပဲ အပြန်အလှန် နားလည်မှု သဘောတူညီမှုတွေ ချုပ်ဆိုဖို့လိုအပ်တယ်။ NUG အနေနဲ့ ကာကွယ်ရေးဆိုင်ရာတွေအတွက် Chain of Command စတင် တည်ဆောက်ဖို့ လိုအပ်ပါတယ်
(၅)
Public Trust ဟာ ဘာနဲ့မှ အစားထိုးလို့မရတဲ့အရာ ဖြစ်တဲ့ အတွက် အလှူခံပုဂ္ဂိုလ်တွေ၊ ပရဟိတသမားတွေ အတွက် တိကျတဲ့ လမ်းညွှန် တွေ ထုတ်ပေးဖို့လိုအပ်ပါတယ်။
NUG ရဲ့ MOD နဲ့ ကျန် LDF တွေကြားထဲ မဟာမိတ်ထူထောင်ဖို့ လိုအပ်ပြီး MOD သိမှတ်ပြု List တွေ ထုတ်ဖို့၊ ထပ်မံထည့်သွင်းတိုးချဲ့ဖို့၊ PDF တွေအကြားပြဿနာတွေ အတွက် သတင်းပို့တိုင်ကြားလို့ရတဲ့ လမ်းကြောင်းတွေ ဖွင့်ပေးဖို့လိုပါတယ်။
တော်လှန်ရေးဟာ လူတွေ အသက်နဲ့ရင်းထားရပြီး၊ ဘဝတွေ လောင်းကြေးထပ်ထားကြရတာမို့ ပြည်သူ့ ယုံကြည်မှုနဲ့ ပတ်သက်လာရင် အလွန်သတိပြုကာ ကိုင်တွယ်ကြရပါမယ်။
N.B : ဒါတွေဟာ စကစဖက်က စိတ်ဓာတ်စစ်ဆင်ရေးလားဆိုတဲ့ သံသယမေးခွန်းရှိပါတယ်။ စာရေးသူအမြင်မှာတော့ ဒီလို ဖြစ်စဉ်တွေဟာ လူ့သဘာဝတွေအရ ဖြစ်လာတာ ဖြစ်ပါတယ်​။ စကစ ရဲ့ ဝါဒဖြန့်ချိရေး စိတ်ဓာတ်စစ်ဆင်ရေးဟာ အထွေအထူးအလေးမူရမယ့်အခြေအနေမှာမရှိပါဘူး။ အောက်ခြေစစ်သားတွေ အတုံးအရုန်းထိခိုက်နေချိန်မှာ ကြက်တွေ ဘဲတွေ လိုက်ကြည့်၊ အဓိပ္ပာယ်မဲ့စကားတွေ လျှောက်ပြောနေတဲ့ ကိစ္စတွေကို လေ့လာကြည့်ရင် စကစရဲ့ ဝါဒဖြန့်ချိရေး သွေးခွဲရေးဆိုတာသည် ထွေထွေထူးထူး ထိရောက်စရာမရှိလှပါဘူး။
အဓိက အချက်က ဒီလို အဖွဲ့အစည်းတွေနဲ့ လူ့သဘာဝတွေကို နားလည်သိမြင်ပြီးမှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ရင် Self-Destructive လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဖျက်ဆီးခြင်း ဆိုတဲ့ "အဆ်ိုးသံသရာ" လည်တတ်ပါတယ်။

နွေဦးတော်လှန်ရေးအတွက် လစဉ် သိန်းရာချီ လှူနိုင်မယ့် အခွင့်အရေး မှာ သင်ကိုယ်တိုင် ပါဝင်နိုင်မဲ့ Learn To Donate အစီအစဉ်
11/10/2021

နွေဦးတော်လှန်ရေးအတွက် လစဉ် သိန်းရာချီ လှူနိုင်မယ့် အခွင့်အရေး မှာ သင်ကိုယ်တိုင် ပါဝင်နိုင်မဲ့ Learn To Donate အစီအစဉ်

💪 နွေဦးတော်လှန်ရေးအတွက် လစဉ် သိန်းရာချီ လှူနိုင်မယ့် အခွင့်အရေး မှာ သင်ကိုယ်တိုင် ပါဝင်နိုင်မဲ့ Learn To Donate အစီအစဉ် 💪

❓ Learn To Donate ဆိုတာ ဘာလဲ ❓

👉 Click2Donate မှာ Click နှိပ်ပေးရုံနဲ့ လစဉ် သိန်းရာချီ လှူနိုင်တဲ့ အကြောင်းတွေကို သင်တို့ သိပြီးနေလောက်ပါပြီ။

ဒီအစီအစဉ် ကတော့ Click 2 Donate နဲ့ဆင်တူပြီး ဗဟုသုတရစေမည့် ဗွီဒီယိုတွေ ကြည့်ရှုလေ့လာရင်း တော်လှန်ရေးအတွက် သိန်းရာချီလှူနိုင်မယ့် Learn To Donate အစီအစဉ်ပါ။

ဗွီဒီယိုကြည့်ရန်လင့် : https://youtu.be/fxGhPR-ogms

👉 မြန်မာပြည်သူတွေအားလုံး ကြပ်တည်းနေကြလို့ လှူမလောက် ဖြစ်နေတဲ့အချိန်မှာ Click နှိပ်ရုံ နဲ့ နိုင်ငံခြားက ဒေါ်လာဝင်မယ့် အစီအစဉ်က ဒီအချိန်မှာ မဖြစ်မနေ လိုအပ်နေပါပြီ။

👉လူအများစု ဝိုင်းပြီး Click နှိပ်ရင် ဝင်ငွေတွေရနိုင်ပေမယ့် ကြော်ငြာစဉ်းမျဉ်းတွေနဲ့မညီရင် ကြော်ငြာရပ်တာတွေ ၊ Account ပိတ်တာတွေရှိနိုင်တာကြောာင့် မဖြစ်နိုင်ဘူးလို့ထင်ပြီး မလုပ်ဖြစ်ခဲ့ပါဘူး။

👉 Click 2 Donate အဖွဲ့ရဲ့ အခက်အခဲတွေ ၊ လှူနိုင်ခဲ့တာတွေကို သင်ခန်းစာယူပြီး ၊ ကြော်ငြာစဉ်းမျဉ်းတွေနဲ့ ပိုပြီး ကိုက်ညီစေမယ့် Learn To Donate အစီအစဉ်ကို ဖန်တီးလိုက်ပါတယ်။

👉 ဒီအစီအစဉ်မှာက Click နှိပ်ရုံ သက်သက်မဟုတ်ပါဘူး။ သင်ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို လေ့လာရင်း ကြော်ငြာတစ်ချို့ကို အနည်းငယ် ကြည့်သွားရုံပါ။

❓ ဘယ်သူတွေက ဘယ်လို အကျိုးရှိမှာလဲ? ❓

👉 ဗွီဒီယိုကြည့်သူ က ဗဟုသုတရမယ်။
👉 ဗွီဒီယို ဖန်တီးသူ CDM သင်မားတွေက ကြော်ငြာခရဲ့ ၁၀ ရာခိုင်နှုန်းလောက်ရမယ်။
👉 ကြော်ငြာခရဲ့ ၉၀ ရာခိုင်နှုန်းက PDF တွေဆီကို လှူမယ်။

Win , Win, Win ပါ။

❓ ဘယ်လို ပါဝင်ကူညီရမလဲ? ❓

လူပါဝင်မှုများလေလေ ဝင်ငွေရလေလေမို့ လူများများပါဝင်အောင် အခု ဒီစာဖတ်နေတဲ့ ပြည်သူ့ဘက်တော်သားတွေက ဒီစီအစဉ် ကို လူအများကြီး ပါဝင် အောင် Marketing ဆင်းပေးရမှာပါ။

၁) Learn To Donate Page ကို Like ပြီး ၊ သူငယ်ချင်း အယောက် ၅၀ လောက်ကို Invite လုပ်ပေးပါ။

၂) ဒီပို့စ်ကို သူငယ်ချင်း ၁၀ ယောက်လောက်ကို Tag ပြီး Share ပေးပါ။ Messenger ကနေ ဖြန့်ဝေပေးပါ။

၃) သင် Join ထားတဲ့ Group ၅ ခုလောက်မှာ ဒီ ပို့စ်ကို Share ပေးပါ။

၄) နာမည်ကြီး ဆယ်လီ တွေကို Comment (သို့) Message ကနေ ဒီအစီအစဉ်လေးကို Promote လုပ်ပေးဖို့ အကူအညီတောင်းပေးပါ။

၅) Learn To Donate Youtube Channel ကို Subscribe လုပ်ထားပြီး ၊ ဗွီဒီယိုတွေ နေ့စဉ် ကြည့်ပေးပါ။

Youtube Video ကြည့်ရန် လင့်
https://youtu.be/fxGhPR-ogms
ဒီအစီအစဉ် မှာ လူများများ ပါဝင်နိုင်လေလေ များများ လှူနိုင်လေလေပါ။

❓ ဘယ်လို လှူမှာလည်း ၊ ဘယ်လို ယုံကြည်ရမလဲ? ❓
ရတဲ့ဝင်ငွေ Screenshot ကို အပတ်စဉ် ပြပေးပါမယ်။
PDF တွေကို လှူတဲ့ အသိအမှတ်ပြု Certificate တွေ PDF တွေ လက်ခံရရှိတဲ့ Video တွေကို ပြပေးပါမယ်။
လစဉ် သိန်းရာချီ လှူနိုင်ဖို့ ဒီအစီအစဉ် ကို လူများများသိအောင် လုပ်ပေးခြင်းဖြင့် သင်ကိုယ်တိုင် ပါဝင်လိုက်ပါ။

https://www.facebook.com/LearnToDonate



ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်ခံထားရတဲ့ ပင်လယ်ဘူး PDF မှတောင်းဆိုချက်"မဟာမိတ်တပ်ဖွဲ့များနဲ့ တစ်ပြည်လုံးမှာ ရှိတဲ့ PD...
27/09/2021

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်ခံထားရတဲ့ ပင်လယ်ဘူး PDF မှတောင်းဆိုချက်

"မဟာမိတ်တပ်ဖွဲ့များနဲ့ တစ်ပြည်လုံးမှာ ရှိတဲ့ PDF ကာကွယ်ရေးတပ်များကို တောင်းဆိုပါတယ်။

ပင်လည်ဘူး မြို့နယ် တစ်ခုလုံး ဖုန်းလိုင်း ၊ အင်တာနက်လိုင်း အကုန်ဖြတ်တောက်ပြီး
စကစဖက်က အင်အားထောင်ချီ နဲ့ တိုက်လေယာဥ် ၊ ဂျက်လေယာဥ် များနဲ့ ထိုးစစ်ဆင်ခံနေရပါပြီ။
သတင်းအမှောင်ဖုံးချခံရပြီး ယုတ်မာရက်စက်ခြင်းကို ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်သားတွေ အလူးအလဲ ခံရပါတော့မယ်။

အင်အားစုဆောင်းပြီး အတန်ကြာပြင်ဆင်ခဲ့သော်လဲ အောက်တန်းကျ ကျင့်ဝတ်မရှိတဲ့ အမျိုးယုတ် စစ်တပ်ရဲ့ စစ်ကျင့်ဝတ်မရှိမှုတွေကြောင့် ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေကြောင့် ပြည်သူတွေ ပိုပြီးအထိနာကြရပါတော့မယ်။
ကျနော်တို့ရဲ့ ပြည်သူ့ရင်သွေးတွေ ကျဆုံးရပါလိမ့်မယ်။

သည်အခြေအနေမှာ တစ်နိုင်ငံလုံးက PDF တွေ အနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကနေ ထကြွပြီး စစ်မျက်နှာ ဖွင့်ပေးကြပါတော့လို့ တောင်းဆိုပါတယ်ဗျာ။
သည်ထက် ပိုပြီး အသေအပျောက်မများခင် ၊ မထိခိုက်ခင် သက်သာရာရကြောင်း ဖြစ်နိုင်အောင် အနယ်နယ်အရပ်ရပ်ကနေ စတင်ထိုးစစ်ဆင်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်။
အခုလို အချိန်မှာမှ နယ်အနှံ့က ရုန်းမထရင် တစ်နယ်ချင်းကို စကစက ကောက်စားနေပါလိမ့်မယ်။
တစ်ပြည်လုံးက အုံကြွမှသာ တော်လှန်ရေးက အောင်မြင်မှာပါ။
ထကြွပေးကြပါဦး။"

#အရေးတော်ပုံအောင်ရမည်။
26.9.2021

တော်လှန်ရေး အောင်မြင်ချင်ရင် ဒီစာကို အဆုံးအထိ ဖတ်ပါ။(ကျွန်တော့်မိတ်ဆွေတစ်ဦးဖြစ်တဲ့ CDM ဝင်ထားသော ပြည်သူ့စစ်သားတစ်ယောက်မ...
14/09/2021

တော်လှန်ရေး အောင်မြင်ချင်ရင် ဒီစာကို အဆုံးအထိ ဖတ်ပါ။

(ကျွန်တော့်မိတ်ဆွေတစ်ဦးဖြစ်တဲ့ CDM ဝင်ထားသော ပြည်သူ့စစ်သားတစ်ယောက်မှ ပေးပို့လာသောစာပါ။)
ကျွန်တော်က စစ်တပ်မှာ နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးမှ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ညှင်းပန်းနှိပ်စက်မှုများကို လက်မခံနိုင်သောကြောင့် CDM ဝင်ထားသော စစ်သားတစ်ယောက်ပါ။ ဘယ်သူဘယ်ဝါဆိုတာတော့ ထုတ်ဖော် မပြောကြားချင်သလို လူသိလည်းမခံချင်ပါဘူး။

တစ်ချိန်ချိန် တော်လှန်ရေးကြီးအောင်မြင်ပြီး ပြည်သူ့စစ်တပ် အစစ်အမှန် ပေါ်ပေါက်ခဲ့ရင်တော့ ကျရာနေရာက တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ပါပဲ။
ကျွန်တော့်အနေနဲ့ ပြည်သူလူထူအပေါ် မေတ္တာရပ်ခံစရာရှိပါတယ်။
ကျွန်တော်က စစ်သားဆိုတော့ စစ်သားတစ်ယောက်ရဲ့ အမြင်နဲ့ ပြောရရင် ပြည်သူလူထုအပေါ် သိပ်အားမရပါဘူး။ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုကို ဒီ့ထက်ပိုပြီး လိုအပ်ပါတယ်။
အာဏာရှင်ကို တစ်ကယ် အမြစ်ဖြတ် တိုက်ထုတ်ချင်တယ်ဆိုရင် အခုလိုနေနေကြလို့ မရပါဘူး။ အဓိက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့နေ ပြည်သူတွေပါပဲ။

ငါတို့ကတော့ ဒီအတိုင်းလေးပဲနေမယ် PDF တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက လာတိုက်ပေးလိမ့်မယ်။ သူတို့လာတိုက်ပေးမှ ငါတို့က ဝင်ကူလိုက်မယ်ဆိုပြီး တွေးထားရင်တော့ အာဏာရှင်စနစ် ကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။

NUG က အခု D Day သတ်မှတ်ပေးလိုက်တယ် ဆိုတာ ပြည်သူတွေရဲ့ လိုလားတောင့်တမှုကြောင့် ပြည်သူတွေကို ယုံကြည်ပြီး ပြည်သူတွေရဲ့ ဆန္ဒကို အကောင်အထည်ဖော်ပေးလိုက်တာပဲ။ တစ်ကယ်တည်း D Day သတ်မှတ်ပေးလိုက်တော့ မြေပြင်မှာ အရင်ကတည်းက လုပ်နေတဲ့အဖွဲ့တွေက အရှိန်မြှင့်လုပ်ဆောင်တာကလွဲလို့ ဘယ်သူမှ ပါမလာကြပါဘူး။ စကစ ကပဲ အရှိန်မြှင့် ဖမ်းဆီးတာတွေလုပ်လာတယ်။ ကိုယ့်လူတွေ အရှိန်မြှင့် ဖမ်းဆီးခံရတာပဲရှိတယ်။ online မှာ ဈေးရောင်း မပြတ် အသွားအလာမပြတ် game ဆော့မပြတ် bar ktv အသွားအလာမပြတ်ပါပဲ။
fb မှာတော့ မင်းတို့အလှည့်ရောက်တော့မှာပါ၊ စိတ်မကောင်းပါဘူး ၊ RIP ပါ ၊ ကောင်းရာမွန်ရာ ရောက်ပါစေ ၊ Speak out လုပ်ပေးပါ၊ up ပါ စတာတွေနဲ့ လေတိုက်ပွဲတွေပဲဝင်နေကြတယ်။
ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် စတဲ့ အဓိက မြို့ကြီးတွေက တစ်ပြိုင်တည်း ထကြွမှု မရှိဘူး ဆိုရင် ကျန်တဲ့ အဖွဲ့တွေလည်း ဘာမှဝင်ကူနိုင်မှာ မဟုတ်ပါဘူး။

အခုဆိုရင် မြို့ပြပြည်သူလူထုကို ကြည့်ရတာက ဘာပဲဖြစ်ဖြစ် လက်ပိုက်ကြည့်နေကြသလိုပဲ မြင်မိပါတယ်။ မိမိတို့လမ်းထဲ ဝင်ဖမ်းသည်ဖြစ်စေ ၊ ဖမ်းဆီးခံရသူ နှိပ်စက်ခံရသည်ပဲ ဖြစ်စေ ၊ ပစ်သတ်ခံရလို့ သေဆုံးသည်ပဲ ဖြစ်စေ ဘာမှမတက်သာတဲ့ ပုံစံနဲ့ လက်ပိုက်ကြည့်နေကြတဲ့ အဖြစ်ကို အားမရမိရိုးအမှန်ပါ။ စည်းလုံးမှုဆိုတာကို လက်တွေ့ မြေပြင်မှာ တကယ်ရှာရခက်ပါတယ်။ သည်အတိုင်းသာ ဆက်သွားနေရင် ပြည်သူတွေဘက်က တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပါလိမ့်မယ်။ သမင်မွေးလိုက် ကျားစားလိုက်နဲ့ သံသရာလည်ပြီး ကျွန်တော်တို့ရဲ့ တော်လှန်ရေး အိမ်မက်ဟာ ဝေးကွာသွားပါလိမ့်မယ်။
လူတိုင်းသေမှာကြောက်ကြပါတယ်။ အခုလည်း အသက်ရှင်နေပေမဲ့ ဘဝတွေက သေနေပါပြီ။ သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး။

ကိုယ်တွေ သေမှာကြောက်သလို သူတို့ လည်းသေမှာကြောက်တယ် ဆိုတာ သိထားပါ။ သူတို့လည်း ကြောက်ကြောက်နဲ့လာတာပါ။ ကြောက်လို့လည်း အင်အားရသလောက် စုပြီးလာကြတာ။ သူတို့လာတဲ့ အင်အားက တစ်မြို့နယ်ကို ၅၀ ထက်မပိုပါဘူး။ ပိုစရာလည်း မရှိတော့ပါဘူး။ ရပ်ကွက်တိုင်း လမ်းတိုင်းကိုလည်း မဖမ်းနိုင်ပါဘူး ဒလန်သတင်းပေးမှသာ သတင်းပေးတဲ့အိမ်ကိုပဲ ဝင်ဖမ်းပြီး ချက်ချင်းပြန်ဆုတ်ကြတာ။ သူတို့လာဖမ်းတဲ့ ရပ်ကွက် လမ်း အခြေ အနေကိုကြည့်သေးတာ ကြောက်ပြီးငြိမ်နေတဲ့ ရပ်ကွက်ဆို ပါဝါအာဏာပြတာပဲ။

အဲ့ဒါတွေကြောင့် မြို့နေပြည်သူလူထုအနေနဲ့ အာဏာရှင်ကို တစ်ကယ်တိုက်ထုတ်ချင်တယ်၊ အာဏာရှင်စနစ်ကနေ အမြန်လွတ်မြောက်ချင် တယ်ဆိုင်ရင် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ထားကြပါ။ ကိုယ့်လမ်း ကိုယ့်ရပ်ကွက် ကိုယ့်မြို့နယ်ကို ကိုယ်တိုင်ကာကွယ်နိုင်အောင် ပြင်ဆင်ကြပါ။ ကိုယ့်အနီးအနားရောက်လာမဲ့ ရန်သူကို ချေမှုန်းနိုင်အောင် ပြင်ဆင်ကြပါ။ ရပ်ကွက်တစ်ခုနဲ့တစ်ခု တစ်မြို့နယ်နဲ့ တစ်မြို့နယ် ကြိုတင် ချိတ်ဆက်ထားကြပါ။ လူကြီးတွေအနေနဲ့ ကိုယ်တိုင်မပါဝင်နိုင်ရင် ပါဝင်မဲ့ သူတွေကို အားပေးကြပါ။ တတ်နိုင်သမျှကူညီကြပါ။

ရန်သူရဲ့ ပိုင်နက် ကျဉ်းသထက်ကျဉ်းအောင် ပြုလုပ်ကြပါ။ ရန်သူကို ပြည်သူဆိုတာဘာလဲ ဆိုတာသိအောင် ပြကြပါ။ ပြည်သူကို ရန်သူလို့ သတ်မှတ်ရင် ဘယ်လိုတွေဖြစ်တတ်သလဲဆိုတာ သိအောင် ပြကြပါ။ ဒလန်တွေကို ရသလောက်ဖော်ထုတ်ပါ ရှင်းလင်းပါ။ ကိယ့်လမ်း ကိုယ့်ရပ်ကွက်မှာ ဘယ်သူက ဒလန်ဆိုတာ ရှာရလွယ်ပါတယ်။ကျေးလက်ဒေသတွေနဲ့ တောင်တန်း ဒေသတွေမှာ အာဏာရှင်ကို တိုက်ထုတ်နေကြပေမဲ့ အာဏာရှင်တွေရဲ့ ပင်မရေသောက်မြစ်တွေ ရှိတဲ့ မြို့ပြဒေသတွေက မတိုက်ထုတ်ဘူးဆိုရင် အာဏာရှင်စနစ်ပြိုလဲဖို့မရှိပါဘူး။

မြို့ပြဒေသ တွေက အဓိကတိုက်ထုတ်မှသာ ကျန် ကျေးလက်ဒေသနဲ့ တောင်တန်းဒေသက ကိုယ်တွေရဲ့ PDF တွေနဲ့ မဟာမိတ်အဖွဲ့တွေက အလျင်အမြန်ရောက်ရှိလာပြီး ကူညီပေးနိုင်မှာ ဖြစ်၍ မြို့နေပြည်သူလူထုအနေနဲ့ အမြန်ဆုံး ပြင်ဆင်ပြီး တတ်နိုင်သည့်ဘက်က ကူညီတိုက်ထုတ်ကြဖို့ တိုက်တွန်းနှိုးဆော်ပါရစေ။
#အရေးတော်ပုံ အမြန်အောင်ပါစေ။
#အာဏာရှင်စနစ် အမြန်ကျရှုံးပါစေ။
Corporal7

We Support U Kyaw Moe Htun Campaign ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ◾၁။ ဦးကျော်မိုးထွန်းကိုပဲ ဆက်ပြီး...
14/09/2021

We Support U Kyaw Moe Htun Campaign
ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ

◾၁။ ဦးကျော်မိုးထွန်းကိုပဲ ဆက်ပြီး အသိအမှတ်ပြု ခန့်အပ်သွားမလား
◾၂။ စကစဘက်က တင်သွင်းလာတဲ့သူကို လက်ခံမလား
ဆိုတာကို ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြမှာ မှန်ပေမယ့် ဦးကျော်မိုးထွန်းကိုပဲ ရွေးချယ်ခဲ့ရင် တော်လှန်ရေး အောင်မြင်ဖို့ အများကြီး အထောက်အကူပြုမှာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ Social Media Campaign တွေက သူတို့ဆုံးဖြတ်ချက်တွေကို တွန်းအားဖြစ်စေပါတယ်။

Twitter မှာ လူသိန်း ၊ သန်းချီပြီး # Tag လုပ်တဲ့သူများရင် Trend အနေနဲ့ ပြပေးတာဖြစ်တဲ့အတွက် အများကြီးထိရောက်မှုရှိပါတယ်။

Twitter နဲ့ Facebook မှာ အောက်ပါစာသားတွေကို Copy ကူးပြီး Campaign လုပ်ကြရအောင်

With 50 million people in Myanmar,
I strongly agree, that U Kyaw Moe Tun is the Ambassador of Myanmar in United Nations.



ဘာသာ သာသနာ တိုးတက်လိုတဲ့ ဘုန်းဘုန်းတို့ ဒီမေးခွန်းတွေ ဖြေကြည့်ပါ။ဘာသာသနာဖွင့်ဖြိုးတိုးတက်တဲ့ တိုင်းပြည်ဖြစ်ဖို့အသိဉာဏ်ပည...
08/07/2021

ဘာသာ သာသနာ တိုးတက်လိုတဲ့ ဘုန်းဘုန်းတို့ ဒီမေးခွန်းတွေ ဖြေကြည့်ပါ။
ဘာသာသနာဖွင့်ဖြိုးတိုးတက်တဲ့ တိုင်းပြည်ဖြစ်ဖို့
အသိဉာဏ်ပညာဖွံ့ဖြိုးတဲ့ လူ့ပတ်ဝန်းကျင် လိုအပ်လား ၊ အကြောက်တရားနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ လူ့ပတ်ဝန်းကျင် လိုအပ်လား?

အာဏာသည် ပြောင်းဝ မှ ဆင်းသက် သင့်လား ၊ ပြည်သူ့ထံမှ ဆင်းသက် သင့်လား?

တိုင်းပြည်ကို အကြောက်တရား နဲ့ အုပ်ချုပ်သင့်လား ၊ မေတ္တာတရား နဲ့ အုပ်ချုပ်သင့်လား?

အာဏာကို အတင်းအဓမ္မ သိမ်းယူတာကို မကျေနပ်လို့ ဆန္ဒပြတဲ့ လူထုကို ပစ်သတ် တာကို ထောက်ခံလား ( ပါရာဇိက နော်)
မဲခိုးတယ်လို့ ထင်ခဲ့ရင် Feb လမှာတုန်းက အာဏာသိမ်းတာကို မကျေနပ်လို့ ဆန္ဒပြတဲ့သူ အရေအတွက် နဲ့ တပ်ထောက်ခံသူအရေအတွက် နဲ့ကို နှိုင်းယှဉ်ကြည့်ဖူးလားဘုရာ? (၁၀ ဆ ၁ ဆ နော်)

ဘုန်းဘုန်းတို့ထောက်ခံနေတဲ့ စစ်တပ်က
၂၀၀၇ ရွေဝါရောင် တော်လှန်ရေးမှာ သံဃာ ရာ ပေါင်းများစွာ သတ်ခဲ့တယ်ဆိုတာ ဟုတ်လားဘုရား?
ဘုန်းဘုန်းတို့ အဟုတ်ထင်နေတဲ့ MWD ,MRTV မှာတော့ ပြမှာမဟုတ်ပါ။ Youtube မှာရှာကြည့်ပါ။
https://www.youtube.com/watch?v=k2wsUi2wNJ0

ဘုန်းဘုန်းတို့ ငယ်ငယ်ကတည်းက လူ့ပတ်ဝန်းကျင် နဲ့ ထိဆပ်မှု သိပ်မရှိဘဲ ၊ ပါဠိလိုတွေကို အလွတ်ကျက်ခဲ့တဲ့သူတွေက
၁၀ တန်းမှာ အမှတ်အများဆုံး နဲ့အောင်ခဲ့တဲ့ ဆရာဝန်၊ အင်ဂျင်နီယာတွေ ၊ တကယ့်လူ့ဘဝထဲမှာ ကျင်လည်နေတဲ့ စီးပွားရေးသမားတွေထက်
နိုင်ငံစီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေးတွေကို ပိုပြီးနားလည် တတ်ကျွမ်းတယ်လို့ ထင်သလားဘုရား?
( တရားတော်တွေမှာ ဘုန်းဘုန်းတို့ လောက် တပည့်တောတို့ မကျွမ်းကျင်မှန်း ကိုယ့်ကိုယ်ကိုယ် သိပါတယ်ဘုရား။ ကျွမ်းကျင်ရာ လိမ္မာရာပါဘုရား)
အာဏာရှင် စနစ်နဲ့သွားရင် ဘယ်နိုင်ငံကမှ အသိအမှတ်မပြု ၊ စီးပွားရေးမလုပ်ရင် ၊ စစ်ဖိနပ်အောက်မှာ မလုပ်ချင်တဲ့ ပညာတတ်လူတန်းစားတွေ နိုင်ငံခြားထွက်သွားရင်
တိုင်းပြည် စီးပွားရေး စုတ်ပြတ်သတ်သွားမယ်၊ ဒါဆို ပညာရေး စုတ်ပြတ်သတ်သွား မယ် ၊
ဒါဆို ၊ ကျန်းမာရေး ၊ ဘာသာရေး တွေပါ ထိခိုက်သွားမယ် ၊
အသိဉာဏ်နည်းပြီး စားဝတ်နေရေး မနည်းရုန်းကန်နေရတော့မှ ဘုန်းဘုန်းတို့ စိုးရိမ်နေတဲ့ ကုလားမယားတွေ အများကြီး ဖြစ်သွားမယ်ဆိုတာကို
ဘုန်းဘုန်းတို့ စဉ်းစားကြည့်ဖူးလား ဘုရား?

ဘာသာသနာအတွက်လို့အော် နေတဲ့ မဘသ တွေကြောင့် ဘာသာမဲ့ ဖြစ်သွားတဲ့ Gen Z လူငယ်တွေ
ထေကြီးဝါကြီး ဆရာတော်ကြီးတွေကို ဆဲနေကြတဲ့ လူငယ်တွေ ဘယ်လောက် အပြစ်ကြီးကြမလဲဆိုတာ စဉ်းစားမိလားဘုရား?
ဗုဒ္ဓက ဘာသာသနာ ပြန့်ပွားဖို့ မေတ္တာတရား ၊ အသိဉာဏ်ပညာ ဦးထိပ်ထားဖို့ ဟောခဲ့လား ၊ လက်နက် နဲ့ အတင်းအဓမ္မ ပြန့်ပွားအောင်လုပ် ဖို့ ဟောခဲ့လားဘုးရား?
(ကိုယ်မကျွမ်းကျင်တဲ့) မယာများ တဲ့ လူမှုရေး ၊ နိုင်ငံရေးကိစ္စတွေ ဝင်မပါဘဲ ၊ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မှာပဲ နေဖို့တိုက်တွန်းလိုပါတယ် ဘုရား?

ကျောင်းတွေကို ဗုံးဖောက်မှာ ဘယ်သူလဲ သုံးသပ်ကြည့်ရအောင်စစ်ကောင်စီလား? PDF လား?အခု စစ်ကောင်စီက ကျောင်းတွေကို လုံးခြုံရေးတွေ...
23/05/2021

ကျောင်းတွေကို ဗုံးဖောက်မှာ ဘယ်သူလဲ သုံးသပ်ကြည့်ရအောင်

စစ်ကောင်စီလား? PDF လား?

အခု စစ်ကောင်စီက ကျောင်းတွေကို လုံးခြုံရေးတွေ အတင်းအကြပ်လုပ်ပြနေပါတယ်။

ကျောင်းသားတွေ ကျောင်းတက်ခြင်းမတက်ခြင်းက နွေဦးတော်လှန်ရေးအတွက် ဘယ်လောက် အကျိုးရှိမလဲ?

CDM ရဲ့ အဓိက ရည်ရွယ်ချက်က အစိုးရယန္တရား ရပ်သွားဖို့ပါ။ ရပ်တယ်ဆိုတဲ့နေရာမှာလည်း အစိုးရကို ဝင်ငွေရစေတဲ့ ဘယ်လုပ်ငန်းတွေလို၊ အခွန်ဌာနတွေလိုကသာ အရေးပါတာပါ။

ဘာဝင်ငွေမှ မရတဲ့ ပညာရေးဌာနက CDM လုပ်ခြင်းမလုပ်ခြင်းက အဲလောက် အရေးမပါလှပါဘူး။
နာမည်အပျက်ခံပြီး ဗုံးဖောက် ဖို့မဖြစ်နိုင်ဘူး။ တကယ်ဖောက်ချင်ရင် တပ်နဲ့ ဆက်စပ်တဲ့ နေရာတွေဘဲ ဖောက်မှာပေါ့။
ကျောင်းတွေကို ဗုံးဖောက်ရင် ဆိုးကျိုးပိုများမှာမို့ PDF ကလုံးဝ လုပ်မှာ မဟုတ်ပါဘူး။

စစ်ကောင်စီက ဗုံးဖောက်ရင် ဘာအကျိုးရှိမလဲ?
ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီကို အကြမ်းဖက် စစ်တပ်ဆိုပြီး အော့နှလုံးနာနေကြတာပါ။
သူတို့ သိက္ခာကို ပြန်မတင်နိုင်တော့ ၊ PDF ရဲ့ သိက္ခာကို ဆွဲချပြီး ပြည်သူ့ထောက်ခံမှုလုပ်တာက သူတို့အတွက် အကျိုးအမြတ်အကြီးကြီးပါ။
ဒါကြောင့် PDF ကနေ အဖျက်အမှောက်တွေ လုပ်တယ်ဆိုပြီး သတင်းလွှင့်ဖို့ ၊ ကျောင်းတွေကို ဗုံးခွဲပြပါလိမ့်မယ်။

အားလုံး သတိဝရိယ နဲ့ စစ်ကောင်စီရဲ့ လှည့်ကွက်တွေကို ရှောင်နိုင်ကြပါစေ။


#စစ်ကောင်စီ

31/03/2021

vs
================

CNN တန်ခိုးကြီးပုံများ
သူရောက်လာတာနဲ့
အင်တာနက်တောင် ပြန်ဖွင့်ပေးမယ်ဆိုလား။
ခုထိ မသေချာ။
ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကြီး
မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ကြမယ်လို့
Timing ခေါ်ထားတာတွေ တွေ့ရတယ်။

မီးကုန်ယမ်းကုန် အစွမ်းကုန် လိမ်နေတဲ့သူတွေ
လမ်းဆုံးရောက်နေကြသူတွေအတွက်ကတော့
အရှက်သိက္ခာမလို
အရူးချီးပန်းအလုပ်မျိုးစုံ လုပ်ပြ
မရရင် သေနတ်နဲ့ ပစ်သတ်တာကလွဲရင်
သူတို့မှာ နည်းလမ်းကုန်နေပါပြီ။
ဒါကြောင့်
ဆန္ဒပြကြတဲ့အခါ
အကြမ်းမဖက်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
သူတို့ဖက်က စပြီးအကြမ်းဖက်လာခဲ့ရင်
ရင်မဆိုင်ပါနဲ့
အသေမခံကြပါနဲ့။

ဒလံတွေက
အကြမ်းဖက်ဇတ်လမ်းတွေ
ဦးဆောင်လုပ်လာနိုင်တာကို
အထူးသတိထားကြပါ။
တပ်ဦးမှာ လူသေချာစစ်ပါ။
စ အကြမ်းဖက်တာနဲ့
အဲဒိကောင်ကို ရအောင် ဖမ်းပါ။ သမပါ။
ကိုယ်တိုင်လည်း လွတ်ရာရှောင်ကြပါ။
CNN က အဖြေမဟုတ်သေးပေမယ့်
ကမ္ဘာကို ချပြနိုင်တဲ့ အားရှိတာကြောင့်
ကိုယ့်ဘက်က အင်အားတစ်ခု ရစေနိုင်ပါတယ်။
ဝရုန်းသုန်းကား ပုံရိပ်တွေ တမင်အကွက်ဆင်ဖန်တီးပြီး
ဒါကြောင့် ပစ်နေရတာပါဆိုတဲ့
ဂျလုံးပလုံး လိမ်ဆင်တွေလည်း လုပ်လာနိုင်ပါတယ်။

သတိတော့ ကြီးကြီးထားကြပါ။
ရန်သူ့သတ်ကွင်းထဲ မဝင်ပါစေနဲ့။ ဒါက ကမ္ဘာနဲ့ ဉာဏ်ချင်းယှဉ်ဖို့
အကြမ်းဖက်တွေဆီ CNN က သတ္တိရှိရှိ ဝင်လာတာမျိုးပါပဲ။
ဘာပဲဖြစ်ဖြစ် သတ္တိနဲ့ သတိကို ယှဉ်တွဲ တိုက်ပွဲဝင်ကြပါမယ်။
#အရေးတော်ပုံအောင်ရမည်

28/03/2021

မီဒီယာ သမားများ ကူညီကြပါ》》》
အခုကျနော်ပြောပြချင်တဲ့မြို့လေးက တမူးမြို့ဆိုတဲ့ စစ်ကိုင်းတိုင်းထိပ်ဆုံး India နယ်စပ်က မြို့သေးလေးဗျ။ စစ်ခွေးတွေနဲ့ ထိပ်တိုက်အကြီးကျယ်ချနေ တော်လှန်နေတာ သုံးရက်လောက်ရှိနေပြီ။ စစ်ခွေးတွေဘက်က ကောင်တွေ သေတာ ထိခိုက်တာအများကြီးရှိသလို ပြည်သူ့အသက်တွေပေးလိုက်ရတာတွေလဲ နေ့တိုင်းဘဲ။ ရရာ လက်နက်နဲ့တော်လှန်ပြီး ရဲစခန်းကိုတောင် မီးလောင်ပြာကျသွားတဲ့ထိ တော်လှန်နေကြလို့ ကလေးမြို့နဲ့ ခမ်းပတ်မြို့က စစ်ကူအင်အား သုံးရာလောက်နီးပါးထပ်လွှတ်ပြီး ဖိခံနေရတဲ့မြို့။ သပိတ်လူငယ်တွေ အိမ်မပြန်ကြတော့ဘဲ ညတွေဆို စုပေါင်းပြီး နေကြတဲ့ စခန်း သပိတ်စခန်းကို (လက်ပစ်ဗုံးလို့ယူဆလို့ရတဲ့ )အားပြင်းဖောက်ခွဲ ဗုံးနှစ်လုံးပစ်ခံရပြီး ဖြိုခွင်းဖျက်စီးခံနေရတဲ့မြို့။ Media မရှိ Media အားနည်းတဲ့မြို့ဖြစ်သလို Fiber Wifi လဲ အလွယ်တကူမရှိလို့ သူတို့စီမှာ ဖြစ်ပျက်နေတာတွေကို ဘယ်သူမှ ကောင်းကောင်းမသိကြဖူး။ ဒီနေ့လဲ အပြင်းအထန်ကို ထိပ်တိုက် တိုက်ပွဲဖြစ်နေတယ်။
တမူးမြို့လေးအတွက်လဲ Speak out လုပ်ပေးကြပါအုံးလို့ တမူးက ညီကိုတွေက အကူညီတောင်းလာပါတယ်။ Share ပေးတာဖြစ်ဖြစ် Copy လုပ်တင်ပေးတာဖြစ်ဖြစ် လုပ်ပြီးတမူးက သွေးချင်းတွေရဲ့ သတင်းတွေလူအများသိအောင်ကူညီပေးကြရအောင်။
Crd.

02/03/2021

ဒီနေ့ မပျက်မကွက်လုပ်ရန် 📣📣📣
မအလ အခုလက်ရှိကိုးကွယ်အကြံဉာဏ်ယူနေတဲ့ ဝစီပိတ်ဘုန်းကြီးက ရှမ်းဆရာတော်ကြီးတွေထဲမှာ ဝါအငယ်ဆုံးပါ။ ဒါပေမယ့် ကျင့်စဥ်တွေကြောင့် ဝစီပိတ်ဘုန်းကြီးက အရမ်းစွမ်းတယ်။ လည်လည်းလည်တော့ ရှမ်းဆရာတော်ကြီးတွေရဲ့အချုပ် ဆရာတဆူဖြစ်တဲ့ နဂါးနှစ်ကောင်ဆရာတော်ကို ပြေးကပ်ထားတာ။ မအလက ဆရာတော်နှစ်ပါးကို လေယာဥ်နဲ့ပင့်ပြီးမှ သေချာအစီအရင်တွေလုပ်တာ။ ဘုန်းကြီးနှစ်ပါးလုံး အရမ်းစွမ်းတယ်။ မအလက ဟိုးအရင် ကျိုင်းတုံတိုင်းမှူးဘဝမှာကတည်းက အဲဒီနှစ်ပါးကို ကိုးကွယ်ခဲ့တာ။ အခုတော့ အဖေနဲ့သားလို ဖြစ်နေကြပြီ။

ဝစီပိတ်ဘုန်းကြီးက မအလကို နောက်ထပ်ဘာတွေဆက်လုပ်ဖို့ ညွှန်ကြားလဲဆိုတာတော့ သတင်းမထွက်သေးဘူး။ ခေတ်ကိုပြောင်းဖို့ ခေါင်းကိုပစ်တာတို့၊ ကံဖွင့်တာတို့၊ ထီးလိုမင်းလိုတို့၊ တက်သိမ်းမယ်တော်ကို တက်ချိုးပြီးနဖူးထုတာတို့၊ 'မ'နဲ့စတဲ့မြို့တွေကို အထူးနှိမ်နင်းတာတွေက မအလကို ဝစီပိတ်ဘုန်းကြီးလုပ်ခိုင်းတာ သေချာတယ်။ ရွှေတိဂုံဘုရားက ပိုက်ဆံကို ယူပြီးသုံးတာတောင် ဘာမှမဖြစ်ကြသေးတာပဲ ကြည့်။ စန္ဒီမယ်တော်နဲ့ ကာထားတယ်။ မယ်တော်ကလည်း သူက လက်ရှိမှာ မင်းဖြစ်နေတော့ မင်းမိန့်နဲ့ခိုင်းရင် လုပ်ရတယ်။ မင်းမိန့်နဲ့ခိုင်းရင် မယ်တော်တွေ လုပ်ပေးရတယ်။ ဒါလည်း ဝစီပိတ်ဘုန်းကြီး လက်ချက်ပဲ။ ဝစီပိတ်ဘုန်းကြီးက သူ့အကြောင်းပြောတာနဲ့ သူသိတယ်။ အဲ့လောက်ထိ စွမ်းတယ်။ သူအစီအရင်တွေ လုပ်ပေးနေသရွေ့ ပြည်သူတွေ လှိမ့်ခံနေကြရဦးမယ်။ ပြည်သူတွေကို သတ်ပြီး လူတစုကိုပဲ ကယ်တင်နေတဲ့ နတ်ဆရာသာသာပါပဲ။

ဒါကြောင့် မိုင်းဖုန်းဆရာတော်ကြီးက အဲလိုတွေ သူ့ကိုလာကပ်တော့မှာသိလို့ ဂူဝင်သွားတာ။ ဒီကိစ္စကို ဆရာတော်ကြီးတွေ အားလုံးနီးပါးလည်း သိကြတယ်။ ဝစီပိတ်နဲ့နဂါးနှစ်ကောင်ဘုန်းကြီးနှစ်ပါးလောက် မစွမ်းသာလို့ ငြိမ်နေကြတာ။ အခု ဒီကိစ္စတွေလည်း မိုင်းဖုန်းဆရာတော်ကြီး ဂူထဲကနေသိပြီး စိတ်မချမ်းမြေ့ဖြစ်ရတယ်။ မိုင်းဖုန်းဆရာတော်ကြီးက သာသနာစောင့်နတ်မင်းကြီးတွေကို တိုင်တည်ပြီး သာသနာပွဲပေးဖို့ မိန့်တော်မူပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ နိုင်ငံသူနိုင်ငံသားတွေလည်း သာသနာစောင့်နတ်တွေ လောကပါလနတ်မင်းကြီးတွေကိုပဲ တိုင်တည်ကြပါ။ သပြေ နှင်းဆီ တွဲကပ်ပါ။ ကံ့ကော်ပါရင် ပိုကောင်းတယ်။ သစ်ခွ သပြေ အဆင်ပြေ တဲ့။ သောကြာနံ။ သာသနာစောင့်နတ်မင်းကြီးတွေ လောကပါလနတ်မင်းကြီးတွေကို ကပ်လှူပါတယ်လို့ ပြောပါ။ မအလနဲ့ သူကိုးကွယ်တဲ့ဘုန်းကြီးတွေက သာသနာစောင့်နတ်မင်းကြီးတွေကိုတော့ အမိန့်ပေးလို့မရဘူး။ လောကပါလနတ်မင်းကြီးတွေကိုလည်း အမိန့်ပေးလို့မရဘူး။ ဒါကြောင့် မိုင်းဖုန်းဆရာတော်ကြီးက သာသနာပွဲထိုးခိုင်းတာ။ နှင်းဆီ သပြေ ကံ့ကော် တွဲလှူပါ။ ပုတီးများများစိပ်ပါ။ စိတ်ကို ပြန်တည်ငြိမ်အောင်လုပ်ပါ။ ပွဲပေးတဲ့ပုံတွေ မတင်ပါနဲ့။ သာသနာစောင့်နတ်မင်းကြီးတွေနဲ့ လောကပါလနတ်မင်းကြီးတွေကိုပဲ တိုင်တည်ကပ်လှူပါ။ စန္ဒီမယ်တော်ကျောင်း ရှိရင်လည်း သွားပါ။

"အို မယ်တော် စန္ဒီ နတ်ဘုရားသခင်
ဤစကြဝဠာကမ္ဘာလောကတခွင်လုံး၏ စစ်မက်ရေးရာဘုရားသခင်သည် အသင်ဖြစ်တော်မူကြောင်းကို ကျွန်ုပ်သိရှိတော်မူသည်။
အသင်သည် အမှန်တရားကို မြတ်နိုး၍ မကောင်းမှုမှန်သမျှကိုလည်း ရွံရှာမုန်းတီးတော်မူကြောင်းကို ကျွန်ုပ်သိရှိတော်မူသည်။
အသင်သည် စစ်အပေါင်း ရန်အပေါင်းကိုလည်း နှိမ်နင်းတော်မူနိုင်ကြောင်း အောင်မြင်ကြောင်းကို ကျွန်ုပ်သိရှိတော်မူသည်။
ယခုဖြစ်ပေါ်နေသော အရေးကိစ္စများကို အမြန်ဆုံးဖြေရှင်းပေးတော်မူပါရန် ကျွန်ုပ်တောင်းဆုပြုအပ်သည်။

မယ်တော်နတ်ဘုရားမ၏ တန်ခိုးအရုဏ် စိတ်မနောတွင် အမှန်ကန်ဆုံးဖြစ်သည့်ဘက်ကို အမြန်ဆုံးအနိုင်ပေးတော်မူပါ။
ဤကဲ့သို့ လူသားအချင်းချင်း နှိမ်နင်းသတ်ဖြတ် ဖမ်းဆီးချုပ်နှောင်မှုများ အမြန်ဆုံး အဆုံးသတ်အောင် ကယ်တင်ပေးတော်မူပါ"
ဒီလိုလေး တိုင်တည်ဆုတောင်းပါ။ သူတို့ကို တားနိုင်မယ့်နည်းလမ်း နောက်တစ်ခုကျန်သေးတယ်။

(၂-၃-၂၀၂၁)ရက် အင်္ဂါနေ့မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ လူတိုင်းက မင်းအောင်လှိုင်ရဲ့ဓါတ်ပုံ၊ ဓါတ်ပုံပါတဲ့သတင်းစာ၊ စာရွက်၊ ဗီနိုင်း စတာတွေကို ခြေထောက်နဲ့နင်းပြီး “ခေါင်ချိုးခေါင်နှိမ့်၊ စစ်အမိန့်၊ ကာချုပ်အသေဆိုးသေလိမ့်မည်” လို့ (၃)ကြိမ်ရွတ်ဆိုပါ။ အကယ်၍ မင်းအောင်လှိုင်ပုံပါတဲ့ စာရွက်၊ ဗီနိုင်းမရှိရင် စာရွက်အလွတ်ပေါ်မှာ ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်လို့ရေးပြီး ချနင်းကာ (၃)ကြိမ်ရွတ်ဆိုပါ။ မင်းအောင်လှိုင်နာမည်အရှေ့မှာ ကာကွယ်ရေးဦးစီးချုပ်ရာထူးထည့်ပါ။ မင်းအောင်လှိုင်နာမည်တူရှိသူတွေ ထိခိုက်မှာစိုးလို့ပါ။

(၂-၃-၂၀၂၁)ရက်နေ့မှာ ကာချုပ်မင်းအောင်လှိုင် အသေဆိုးနဲ့သေမယ်လို့ ပညာရှင်တွေက ဆိုထားတယ်။ တကယ်လို့ သူ့ဘက်က ယတြာအဆောင်ကောင်းလို့ အသေဆိုးနဲ့မသေရင် မြန်မာတစ်နိုင်ငံလုံးက ပြည်သူလူထုတစ်ရပ်လုံးက မင်းအောင်လှိုင်ဓါတ်ပုံကိုနင်းပြီး “ခေါင်ချိုးခေါင်နှိမ့်၊ စစ်အမိန့်၊ ကာချုပ်အသေဆိုးသေလိမ့်မည်” လို့ သုံးကြိမ်ရွတ်ဆိုပါ။ ဘယ်လိုယတြာအဆောင်အယောင်ကမှ မတားဆီးနိုင်တော့ပဲဲ ကာချုပ်မင်းအောင်လှိုင် အသေဆိုးနဲ့သေဆုံးရမှာဖြစ်ပါတယ်။

ဖြစ်နိုင်ရင် မြန်မာပြည်သူလူထုတစ်ရပ်လုံး (၂-၃-၂၀၂၁)ရက် အင်္ဂါနေ့မှာ နိုင်ငံလုံးအထွေထွေသပိတ်ဆင်နွှဲပြီး (အပြင်ထွက်ပြီးဆန္ဒပြဖို့မဟုတ်ပါ) ကာချုပ်မင်းအောင်လှိုင်ပုံပါတဲ့ စာရွက်၊ ဗီနိုင်းများ၊ ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်လို့ ရေးထားတဲ့စာရွက်တွေကို မြေကြီးပေါ်ချနင်းပြီး “ခေါင်ချိုးခေါင်နှိမ့်၊ စစ်အမိန့်၊ ကာချုပ်အသေဆိုးသေလိမ့်မည်“ လို့ ရွတ်ဆိုကြရင် ပိုကောင်းမွန်တယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။
များများဖြန့်ဝေပေးပါ။
Credit:

Address


Website

Alerts

Be the first to know and let us send you an email when ဂမ္ဘီရ ဖြစ်ရပ်ဆန်း နှင့် ထူးဆန်းထွေလာ Video များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share