STP

STP hello

29/11/2022

လူတစ်ယောက်အနားမှာ ရပ်နေရင်းက ...
ငါတို့ မနီးခဲ့ကြရင်ဆိုတဲ့
အတွေးတွေချည်း ၀င်လာတဲ့ရက်တွေပါပဲ...

လူနှစ်ယောက်...
ကြီးပြင်းခဲ့ကြပုံချင်း
မတူကြတဲ့အခါ
တစ်ယောက်နဲ့ တစ်ယောက်
တွေးတတ်ပုံချင်းက
မတူကြဘူး တဲ့

ဒီရက်တွေမှာ
ဒီအကြောင်းကို ပိုပိုပြီးသိလာတယ်
တစ်ခုခုဆို
ငါ ရှိပေးမနေနိုင်ရင်
ငါမှ လုပ်မပေးနိုင်ရင်ဆိုပြီး
သိမ်ငယ်ရခြင်းတွေပါပဲ

ငါတို့ ...
ဘယ်တော့မှ မဝေးဘူးမလားဆိုပြီး
မျက်ရည်တွေ ကျမပြဖြစ်ခဲ့တာကလွဲရင်
ဝေးရခြင်းတွေကို တွေးမိရင်
အလိုလို မျက်ရည်တွေက ကျပါတယ်

ချစ်တယ်လေနော် ...
ပြီးတော့ ... ရှိနေတယ်လေနော် တဲ့
တစ်ခါတစ်လေကျ
လူနှစ်ယောက် အမြဲတမ်းပေါင်းစပ်ဖို့ကျ
အချစ်ထက် ပိုအရေးကြီးတဲ့
အကြောင်းအရာတွေ
အများကြီး ရှိနေတတ်တယ် မဟုတ်လား
ကလေးရဲ့ ...

အချစ်ထက် တခြားအရာတွေကို
ပိုပြီး ဂရုစိုက်တဲ့
ပတ်၀န်းကျင်ဆိုတာကလည်း
ရှိသေးတယ် မဟုတ်လား ။

မင်းအနားမှာ ရပ်နေရင်းက
မင်းနဲ့သာ မနီးတော့ရင်ဆိုတဲ့
အတွေးတွေ ၀င်လာရင်
အရာရာဟာ
တိတ်ဆိတ်သွားရတတ်တယ်

မျက်လုံးတွေဟာ
အသက်မဲ့သွာတတ်သလို
နှုတ်ခမ်းတွေမှာ
ချစ်တယ်ဆိုတဲ့ စကားလေးပြောဖို့တောင်
အားနာသွားရတတ်တယ် ။

လူတစ်ယောက်အနားမှာ
ရပ်နေရင်းက ...

မင်းအနားမှာ ရပ်နေရင်းက
အတွေးတွေ
အများကြီးနဲ့
နာကျင်ကြေကွဲရတဲ့ ရက်တွေပါပဲ ။

ဒါပေမယ့် ... ချစ်တယ်ဆိုတာကိုတော့
သိတယ်မဟုတ်လား။

#ကျေးကို

25/11/2022

Hello 👋🤗

13/10/2022

မင်းအနားရှိနေဖို့ မသေချာတော့ဘူး ...

ပျော်အောင်ထားနိုင်တယ်ဆိုတဲ့ အိပ်မက်တွေသာ အများကြီးမက်ထားတာ ဒါပေမယ့်လေ ... ပျော်အောင်ထားနိုင်ဖို့ကျတော့ အများကြီး လိုအပ်နေသေးမှန်း တစ်နေ့တခြားပိုပိုပြီး သိလာရသလို တစ်နေ့ထက်တစ်နေ့ ပိုထင်ရှားလာရတယ် ။ တကယ်ဆို ပျော်စေချင်ပါတယ်ဆိုတဲ့ စကားတွေသာ သုံးတတ်ခဲ့တာလေ ... တစ်နေ့ကျရင်ဆိုပြီး မျှော်လင့်ချက်တွေသာ ထားတတ်ခဲ့တာလေ တကယ်တမ်းကျတော့ ငါ့ဘ၀ထဲမှာ မင်းပျော်မှာ မဟုတ်ဘူး ။

နောက်ဆို ... မင်းအနားမှာ ရှိနေဖို့ မသေချာတော့ဘူး ... ဝေးရာကို ​တဖြေး​ဖြေးချင်း ကိုယ်ကိုယ်တိုင်ပဲ ပြေးနေမိတာလား ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ပဲ အနားမှာ နေဖို့မသင့်ဘူးဆိုတဲ့ အသိတွေ ၀င်သွားတာလားမပြောတတ်ပေမယ့် အရာရာက အရင်ကလို သာယာမနေတာတော့ ပိုသေချာလာပါတယ် ။ ကိုယ် လေ မင်းကို သိပ်ချစ်တာဆိုတဲ့ စကားတွေကြားရင် လူတော်တော်များများကရီကြမယ်ထင်တယ် ဒါမှမဟုတ် ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေ ထုတ်ကြမယ်ထင်ပါတယ် ။

စိတ်ကူးတွေထဲကအတိုင်းပဲ ဘ၀တွေက လှရင် ငါ့တို့နှစ်ယောက်ရဲ့ ဘ၀တွေဟာ ပျော်စရာအတိတွေ ပြီးမှာ ။ဒါပေမယ့် လက်တွေ့တွေမှာကျတော့ အဲ့လောက် မလွယ်တတ်ဘူး မဟုတ်ဘူး တံတိုင်းတွေ အများကြီးကို အချစ်နဲ့ကျော်မယ်ဆိုတဲ့ စိတ်ကူးတွေဟာ အိပ်မက်ထဲမှာ လှသလောက် လက်တွေ့တွေကျရင် သိပ်ကို ပင်ပန်းရလိမ့်မယ် ထင်ပါတယ် ။ ဘ၀တွေဟာ ... အစီအစဥ်တကျ ဖြစ်မလာတဲ့အခါ မင်းအနားနေချင်တယ်ဆိုတဲ့ အတွေးတွေကနေ တဖြေးဖြေး မင်းအနားရှိနေဖို့ မသေချာတော့ဘူးဆိုတာထိ ဖြစ်လာတယ် ။

တကယ်ဆို ... ကိုယ်မင်းအနားမှာ ရပ်နေချင်ပါသေးတယ် ပြီးတော့ မင်းအတွက်ဆိုပြီးရှိနေချင်ပါသေးတယ် ပြီးတော့လေ ပြုံးသွားတဲ့ မျက်နှာလေးကို ငေးကြည့်ချင်သေးတယ် ပျော်နေမယ့် နှုတ်ခမ်းလေးကို စွဲလမ်းချင်ပါသေးတယ် ။ ဒါပေမယ့် နောက်ဆို မင်းအနားမှာရှိနေဖို့ မသေချာတော့ဘူး ။ ဘာကြောင့် လဲဆိုတဲ့ အဖြေတွေဟာ မသိပေမယ့် မင်းကို ချစ်တယ်ဆိုတဲ့ စိတ်တွေရဲ့ တစ်ဖက်မှာ မင်း ပျော်မနေဘူးဆိုတဲ့အချက်တွေကို ကိုယ်ဟာ အလိုလို ရိပ်မိနေလို့ပဲ ဖြစ်မှာပါ ။

#ကျေးကို

I've just reached 2.5K followers! Thank you for continuing support. I could never have made it without each one of you. ...
22/08/2022

I've just reached 2.5K followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉

21/05/2022
21/05/2022
20/10/2020

Page လေးကို like and share လုပ်ပေးပါ

Address


Alerts

Be the first to know and let us send you an email when STP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share