ရာဇဌာနီမင်းနေပြည်

  • Home
  • ရာဇဌာနီမင်းနေပြည်

ရာဇဌာနီမင်းနေပြည် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရာဇဌာနီမင်းနေပြည်, Media, .

တဖြည်းဖြည်း ဦးရေတိုးတက်လာခြင်းကြောင့် ကျန်းမာရေး အသိဖြင့် ပူုးပေါင်းကြစို့
21/10/2020

တဖြည်းဖြည်း ဦးရေတိုးတက်လာခြင်းကြောင့် ကျန်းမာရေး အသိဖြင့် ပူုးပေါင်းကြစို့

သူတို့ကတော့ဆေးတွေထိုးလို့ ပွဲတွေတောင်လုပ်လို့ငါတို့ကျခေတ်တေပျက်လို့ လူမှုဘဝချွတ်ခြုံကျလို့ဪ တရုတ်တရုတ်၁၆.၉.၂၀၂၀ ရက်နေ့တွ...
18/09/2020

သူတို့ကတော့ဆေးတွေထိုးလို့ ပွဲတွေတောင်လုပ်လို့
ငါတို့ကျခေတ်တေပျက်လို့ လူမှုဘဝချွတ်ခြုံကျလို့
ဪ တရုတ်တရုတ်
၁၆.၉.၂၀၂၀ ရက်နေ့တွင် Covid-Covid19 ရောဂါ ကာကွယ်ဆေး တစ်မျိုးကို တရုတ်နိုင်ငံတွင်း လေဆိပ်၊ ဆေးရုံ၊ လူနာများနှင့် ထိတွေ့ဆက်ဆံနေရသော ဌာနများ၊ တရုတ်စစ်တပ်များအား ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရှိရပါတယ်။
crd မူရင်း

18/09/2020

…………………………………………………
ရန်ကုန်၊ စက်တင်ဘာ - ၁၇
COVID-19 Positive လူနာများမှာလည်း ဇမ္ဗူသီရီမြို့နယ်တွင် (၃၆)ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် (၇)ဦး၊ ဥတ္တရသီရိမြို့နယ်တွင် (၆)ဦး၊ ပုပ္ပသီရိမြို့နယ်တွင် (၄)ဦး၊ ဇေယျာသီရိမြို့နယ်တွင် (၁)ဦး၊ ပျဉ်းမနားမြို့ နယ်တွင် (၁)ဦး၊ လယ်ဝေးမြို့နယ်တွင် (၁)ဦး၊ တပ်ကုန်းမြို့နယ်တွင် (၁)ဦး စုစုပေါင်း (၅၇)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၃)ဦးရှိသည်။
#နေပြည်တော်ကောင်စီ
(unicode)
နေပြည်တော်တွင် Quarantine ထားသူ (၁၂၀၀)နီးပါးနှင့် Positive လူနာ (၅၇)ဦးထိရှိလာ
…………………………………………………
ရန်ကုန်၊ စက်တင်ဘာ - ၁၇
နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID-19 ရောဂါဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည်သူ ယနေ့ထိ (၁၁၉၇)ဦးနှင့် Positive လူနာ(၅၇)ဦးခန့် ရှိနေပြီဖြစ်ကြောင်း ယနေ့ နေပြည်တော်ကောင်စီရုံးမှ ထုတ်ပြန်ထားသည်။
အဆိုပါ ကန့်သတ်စောင့်ကြည်သူများသည် ရွာတော်တည်းခိုရိပ်သာတွင် (၁၆၃)၊ ဟိုတယ်များတွင် (၂၁၈)ဦး၊ စည်ပင်ဧည့်ရိပ်သာတွင် (၄၆၃)ဦး၊ ဆေရုံများတွင် (၈၁)၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲနေရာများတွင် (၂၇၂)ဦး စုစုပေါင်း (၁၁၉၇)ဦး ရှိသည်။
ဆက်လက်ပြီး Contact (Home+ Facility Quarantine)တွင် (၅၀၇)ဦး၊ ပြည်ပပြန် (၁၃၅)ဦး၊ ပြည်တွင်း ခရီးသွား (၁၀၆၉)ဦးကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည်ထားသည်။
COVID-19 Positive လူနာများမှာလည်း ဇမ္ဗူသီရီမြို့နယ်တွင် (၃၆)ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် (ရ)ဦး၊ ဥတ္တရသီရိမြို့နယ်တွင် (၆)ဦး၊ ပုပ္ပသီရိမြို့နယ်တွင် (၄)ဦး၊ ဇေယျာသီရိမြို့နယ်တွင် (၁)ဦး၊ ပျဉ်းမနားမြို့ နယ်တွင် (၁)ဦး၊ လယ်ဝေးမြို့နယ်တွင် (၁)ဦး၊ တပ်ကုန်းမြို့နယ်တွင် (၁)ဦး စုစုပေါင်း (၅၇)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၃)ဦးရှိသည်။
#နေပြည်တော်ကောင်စီ

COVID-19အတည်ပြု့လူနာ မြင့်တက်၊ယနေ့ နံနက် အတည်ပြု့လူနာ၂၅၆ဦး"COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်...
18/09/2020

COVID-19အတည်ပြု့လူနာ မြင့်တက်၊ယနေ့ နံနက် အတည်ပြု့လူနာ၂၅၆ဦး"
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၁။ (၁၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ မှ (၁၈-၉-၂၀၂၀) နံနက် (၈:၀၀)နာရီ အတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၆၉၄) ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၁၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၅၂၉) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၃၂) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၉၄) ခု
- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု၊
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၈၈) ခုနှင့်
- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၃,၅၅၄) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၅၆) ဦးတွေ့ရှိပါသည်။
၂။ သို့ဖြစ်ရာ (၁၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄,၂၉၉)ဦး ရှိပြီဖြစ်ပါသည်။
၃။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၆၁)ဦး ရှိပြီဖြစ်ပါသည်။
၄။ (၁၇-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၂,၂၄၆) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၃၆၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၉၆၅) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၃၈၄) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၉၄) ခု
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၇၀) ခု
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၈၅) ခု
- ပြည်သူ့ဆေးရုံကြီး၊ တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာ (၁၇) ခု
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၁၀) ခု
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု
- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု
- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၈၈) ခု နှင့်
- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု
စုစုပေါင်း (၅,၂၈၄) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄၀၄) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာ (၁၄၈) ဦး တွေ့ရှိကြောင်း ကို (၁၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

နပတ ဖြစ်စဉ်
14/09/2020

နပတ ဖြစ်စဉ်

သတင်းထောက်များအပါအဝင် သမ္မတရုံးမှ ပိုးတွေ့လူနာနှင့် ဆက်စပ်သူ ၈၉ ဦးကို ဆေးစစ်ရာ နှစ်ဦးတွင်ပိုးတွေ့နေပြည်တော်မှ ပိုးတွေ့လူန...
13/09/2020

သတင်းထောက်များအပါအဝင် သမ္မတရုံးမှ ပိုးတွေ့လူနာနှင့် ဆက်စပ်သူ ၈၉ ဦးကို ဆေးစစ်ရာ နှစ်ဦးတွင်ပိုးတွေ့နေပြည်တော်မှ ပိုးတွေ့လူနာအများစုမှာ ဒေသတွင်းကူးစက်မှုဖြစ်နိုင်ခြေများဟုဆို
===============================
၂၀၂၀၊ စက်တင်ဘာ ၁၃

နိုင်ငံတော်သမ္မတရုံးမှ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သည့် သတင်းထောက် များနှင့် အိမ်တော်ဝန်ထမ်းများ အပါ အဝင် စုစုပေါင်း ၈၉ ဦး ဆေးစစ်ရာ နှစ်ဦးရောဂါပိုးတွေ့ရှိခဲ့ကြောင်း သမ္မတရုံးက အသိပေးထုတ်ပြန်သည်။

ပိုးတွေ့သူနှစ်ဦးအနက် သတင်းထောက်တစ်ဦးပါဝင်ပြီး ကျန်တစ်ဦးမှာ မူလပိုးတွေ့ခဲ့သည့် သမ္မတရုံးဝန်ထမ်းဖြစ်သူ လက်ထောက်ညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီ ယာများအား အသိပေးရှင်းလင်းသည်။

‘‘စိတ်မကောင်းစရာ သတင်းပါ။ အခုလာခေါ်တဲ့တစ်ဦးက လွဲရင် ကျန်သတင်းထောက်များအားလုံး Negative ဖြစ်ပါတယ်’’ ဟု ဦးဇော်ဌေးက ပြော သည်။

ပိုးစတင်တွေ့ရှိခဲ့သည့် သမ္မတရုံးဝန်ထမ်းဖြစ်သူသည် ရလဒ် မထွက်မီစက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲ ရောက်ရှိခဲ့သည့်အတွက် ယင်းသတင်းစာရှင်းလင်းပွဲသို တက်ရောက်ခဲ့သည့် သ တင်းထောက် ၃၆ ဦးကိုလည်း ရောဂါပိုးရှိ၊ မရှိ စက်တင်ဘာ ၁၀ ရက်က စစ်ဆေးခဲ့ပြီး Home Quarantine အဖြစ် နေစေခဲ့ သည်။

ထိုအပြင် သမ္မတအိမ်တော်အတွင်းရှိ ဝန်ထမ်း ၅၃ ဦးကိုလည်း ဆေးစစ်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး၏ အမျိးသမီးမှာ Positive အဖြေထွက်ရှိခဲ့သည်ဟု ဦးဇော်ဌေးက ရှင်းပြသည်။

‘‘စတင်တွေ့ရှိသူ သမ္မတရုံး လက်ညွှန်ရဲ့ဇနီးက Positive တွေ့ရပါတယ်။ စိတ်မကောင်းစရာပဲဖြစ်ပါတယ်။ သမ္မတအိမ် တော်ဝန်ထမ်းများနဲ့ ဆက်စပ် ဝန်ထမ်းများ ၅၃ ဦး Negative ပါ။ အားလုံး HQ ၁၄ ရက်ပြည့် အောင်နေရမှာပါ’’ ဟု ဦးဇော်ဌေး ကပြောသည်။

လက်ရှိအချိန်တွင် ကျန်းမာရေး စည်းကမ်းများနှင့်အညီ လိုက်နာရန် ဆော်ဩပေးကြရန်နှင့် အချင်းချင်းရိုင်းပင်းကူညီ အားပေးကြရန် ဦးဇော်ဌေးက ဖြည့်စွက်ပြောကြားသည်။

ပိုးတွေ့ရှိခဲ့သူ သတင်းထောက်သည် သမ္မတရုံးရှင်းလင်းပွဲသို တက်ရောက်ခဲ့သော်လည်း ကနဦးပိုးတွေ့ရှိခဲ့သည့် လက်ညွှန်နှင့်လည်း အနီးကပ်ပြောဆိုထိတွေ့ခဲ့ခြင်းမရှိဟု ယင်းအခမ်းအနားသို တက်ရောက်သတင်းရယူခဲ့သည့် သတင်းထောက်များက မှတ်ချက်ပြုကြသည်။

အဆိုပါသတင်းထောက်သည် သမ္မတရုံးအခမ်းအနားအပြီး စက်တင်ဘာ ၈ ရက်တွင် ပြုလုပ်သော သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ခဲ့သည့် ဒီချုပ် ပါတီ၏ အလံတင်အခမ်းအနား သိုလည်း တက်ရောက်ခဲ့သည်။ သိုသော် အဆိုပါအခမ်းအနားကို သတင်းထောက်များက အဝေးမှသာ သတင်းရယူခဲ့ရသည်ဟု ဆိုသည်။

ထိုအပြင် စက်တင်ဘာ ၉ ရက်က ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အောင်နိုင်ရေး အလံတင်အခမ်းအနားသိုလည်း တက်ရောက်သတင်းရယူပြီး ယင်းပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် သတင်းထောက်များ အင်တာဗျူးပြုလုပ်ခဲ့ကြသည်။

လက်ရှိ ကျန်းမာရေးဌာန၏ စိစစ်တွေ့ရှိ ထုတ်ပြန်ချက်များအရ နေပြည်တော်တွင် ပိုးတွေ့လူနာများသည် ခရီးသွားရာဇဝင်မရှိဘဲ ပိုးတွေ့ရှိမှုများရှိလာသည့် အတွက် ဒေသတွင်းကူးစက်မှုအဖြစ် သတ်မှတ်ရနိုင်သည့်အခြေအနေသိုရောက်နေပြီဖြစ်ကြောင်း နေပြည်တော် ကောင်စီနယ်မြေ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

‘‘အဲဒီလိုဖြစ်နိုင်တဲ့အတွက် ပိုပြီးသတိထားရပါတော့မယ်’’ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးက မှတ်ချက်ပြုသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် စက်တင်ဘာ ၁၂ ရက် နံနက် နောက်ဆုံးထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ၂၅ ဦးခန့်ရှိပြီဖြစ်သည်။

Source 7 Day News

04/09/2020

နေပြည်တော် 7ယောက်က
6ယောက် က Qဝင်ထားတဲ့သူတွေပါ

1ယောက်က ကုတင်တစ်ထောင်မှာ ဆေးရုံတတ်ရင်း ဖျားလို့သွေးဝမ်းသွားလို့ စစ်ကြည့်ရင်းတွေ့တာပါ
ခု contactလိုက်နေကြပါပြီ

အရမ်းလည်း မစိုးရိမ်ကြပါနဲ့
ကျန်းမာရေး အသိ သတိတော့ရှိပြီး ဂရုစိုက်ကြပါ

Safe Zone လေး နည်းနည်းကျဉ်းသွားရုံပါ
Red Zone ထဲ မရောက်သေးပါဘူး

နန်းစိန်နဲ့ မျှစ်ချဉ်လေး ပန်းပန်ထားနိုင်ဘို့ ကျနော်တို့အားလုံးတာဝန်ရှိပါတယ်ဗျာ

နေပြည်တော်သို့ အဝင်၌ စစ်ဆေးမှုများအများပြည်သူများ သိရှိစေရန်
02/09/2020

နေပြည်တော်သို့ အဝင်၌ စစ်ဆေးမှုများ
အများပြည်သူများ သိရှိစေရန်

ပြည်သူများ အသွားအလာ ဆင်ခြင်ကြပါဗျာ
21/08/2020

ပြည်သူများ အသွားအလာ ဆင်ခြင်ကြပါဗျာ

covid 19 ကူးစက်မှု  ထိတွေ့ ဆက်ဆံခြင်းရာဇဝင်မရှိသော ဘဏ်ဝန်ထမ်းတဲ့ဂရုစိုက်ကြပါအုံး
17/08/2020

covid 19 ကူးစက်မှု
ထိတွေ့ ဆက်ဆံခြင်းရာဇဝင်မရှိသော ဘဏ်ဝန်ထမ်းတဲ့
ဂရုစိုက်ကြပါအုံး

ဆိုင်အတွင်းရှိနေစဉ် အရပ်ဝတ်ဖြင့်အမည်မသိအမျိုးသား(၄)ဦး ရောက်လာပြီး တစ်ဦးက ဒုရဲမှူးထွန်းနိုင်ဦးကို အနောက်မှ လည်ပင်းအား သို...
13/08/2020

ဆိုင်အတွင်းရှိနေစဉ် အရပ်ဝတ်ဖြင့်အမည်မသိအမျိုးသား(၄)ဦး ရောက်လာပြီး တစ်ဦးက ဒုရဲမှူးထွန်းနိုင်ဦးကို အနောက်မှ လည်ပင်းအား သိုင်းဖက်ချုပ်နှောင်စဉ် ကျန်(၃)ဦးက ဒုရဲအုပ်အောင်မျိုးထွန်းအား ဝိုင်းဝန်းချုပ်နှောင်ပြီး ဆိုင်အပြင်ဘက်ရှိ ကားလမ်းပေါ်သို့ဆွဲခေါ်ခဲ့သည်။
ထို့နောက် ဒုရဲမှူးထွန်းနိုင်ဦးကို ချုပ်နှောင်ထားသူက အသင့်ပါလာသည့်သေနတ်အတို(စီစစ်ဆဲ)ဖြင့်ပစ်ခတ်သဖြင့် ဒုရဲမှူးထွန်းနိုင်ဦးတွင်ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ(၁)ချက်ယာဘက်ကျော်ကုန်းဖောက်ဝင်ဒဏ်ရာ(၁)ချက်ရရှိပြီးအခင်းဖြစ်နေရာ၌သေဆုံးခဲ့သည်။
myanmar times
https://myanmar.mmtimes.com/news/142462.html?fbclid=IwAR2JrmH3-H5afCgsWUfq0nYTQ4aenYM3bqseA6WBXNEXRThEiB-FdoZI5X8

02/08/2020

နပတ ဂါယာဘုရား ဖွားပွင့်ဟောစံ မနက် 9 နာရီမှ စပ်တ်ထားပြီး ဥပါတသန်တိဘုရားလဲ မနေ့ 6 နာရီမှ စပိတ်ထားပါပြီး

နေပြည်တော်တွင် မွေးကင်းစကလေးကို သေဆုံးသည်ဟုဆိုကာ ပလတ်စတစ်အိတ်ဖြင့် ထည့်၍ သင်္ဂြိုဟ်ရန် ပြုလုပ်ပြီးနောက် ကလေးငယ် ပြန်ရှင်...
15/07/2020

နေပြည်တော်တွင် မွေးကင်းစကလေးကို သေဆုံးသည်ဟုဆိုကာ ပလတ်စတစ်အိတ်ဖြင့် ထည့်၍ သင်္ဂြိုဟ်ရန် ပြုလုပ်ပြီးနောက် ကလေးငယ် ပြန်ရှင်လာသည်ဟုဆိုသည့် ဖြစ်စဉ်အား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှ စုံစမ်းမှုများ ပြုလုပ်နေ
နေပြည်တော်တွင် မွေးကင်းစကလေးကို သေဆုံးသည်ဟုဆိုကာ ပလတ်စတစ်အိတ်ဖြင့် ထည့်၍ သင်္ဂြိုဟ်ရန် ပြုလုပ်ခဲ့ပြီးနောက် ကလေးငယ် ပြန်ရှင်လာသည်ဟုဆိုသည့် ဖြစ်စဉ်အား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှ စုံစမ်းမှုများ ပြုလုပ်နေကြောင်း ဇူလိုင် ၁၄ ရက်တွင် စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၅ ရက်တွင် နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ကုတင် ၃၀၀ ပြည်သူ့ ဆေးရုံတွင် လယ်သာရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်သည့် မရွှေစင်ဖြိုးမှာ ကိုယ်ဝန် လမစေ့ဘဲ ဗိုက်နာလာသည့်အတွက် ဆေးရုံတက်ခဲ့ပြီး ဆေးရုံရှိ တာဝန်ကျ ဆရာဝန်များမှ ပြုစုစောင့်ရှောက်ခဲ့ပြီးနောက် ဇွန် ၂၇ ရက် နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် သန္ဓေသားဖြစ်သည့် မိန်းကလေးငယ်ကို မွေးဖွားခဲ့ကြောင်း သိရသည်။

ယင်းသို့ မွေးဖွားပြီးချိန်တွင် ကလေးငယ်မှာ အသက်မရှင်ဟုဆိုကာ ဆေးရုံမှ တာဝန်ရှိသူများက ကျွတ်ကျွတ်အိတ်အမဲဖြင့် ထုပ်၍ထားရှိထားသည်ဟု သဗ္ဗသုခနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းထိုက်ဦး ပြောကြားချက်အရသိရပြီး အဆိုပါ ကလေးငယ်ကို သင်္ဂြိုဟ်ရန်အတွက် ပြုလုပ်နေချိန်တွင် ကလေးငယ်၏ ကိုယ်အင်္ဂါ ပြန်လည်လှုပ်ရှားပြီး အသက်ရှင်နေသည်ကို တွေ့့့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းပြောကြားချက်အရ သိရသည်။

ယင်းသို့ သင်္ဂြိုဟ်ခါနီးတွင် ကိုယ်အင်္ဂါ ပြန်လည် လှုပ်ရှားလာသည့် ကလေးငယ်ကို ဆေးရုံမှ တာဝန်ကျ ဆရာဝန်များ၊ သူနာပြုများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ သက်ဆိုင်ရာ ကလေးအထူးကု ဆရာဝန်ထံသို့ လွှဲပြောင်းကုသစေခဲ့ရာ တာဝန်ရှိဆရာဝန်များက ဖန်ပေါင်းချောင်အထဲ ထည့်၍ အောက်ဆီဂျင်ပေးကာ ကုသပေးခဲ့သော်လည်း ကလေးငယ်မှာ ကုသမှုခံယူပြီး လေးရက်မြောက်နေ့တွင် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆေးရုံမှ ကလေးငယ်ကို သေဆုံးသည်ဟုဆိုကာ ရင်ခွဲရုံသို့ ကျွတ်ကျွတ်အိတ်ဖြင့် ထုပ်ပိုးထားရှိသည့် အခြေအနေမှ ကလေးငယ် ပြန်လည်အသက်ရှင်လာမှုတွင် ဆေးရုံမှ ဆရာဝန်များ၏ ပေါ့ဆမှုဟုဆိုကာ သဗ္ဗသုခနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းထိုက်ဦးက ကျန်းမာရေးဝန်ကြီးဌာနနှင့် ကလေးသူငယ် အခွင့်အရေးကော်မတီထံ စာဖြင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်ဖြစ်ခဲ့တာ ဇွန်လ ၂၇ ရက်နေ့ စဖြစ်ခဲ့တာပါ။ အဲဒီလိုဖြစ်ပြီး ဇူလိုင် ၃ ရက်နေ့မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန ဒေါက်တာမြင့်ထွေးကို လိပ်မူပြီး ဒီဖြစ်စဉ်ကို တိုင်တန်းခဲ့ပါတယ်။ ဒီတိုင်တန်းချက်နဲ့ ပတ်သက်ပြီး ဆေးကောင်စီဘက်က စာနဲ့ အကြောင်းကြားစာ ရောက်ရှိခဲ့ပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဘက်က အခုအထိ အကြောင်းကြားစာ မရောက်ရှိသေးပါဘူး။ လက်ရှိလည်း ကလေးသူငယ်ဆိုင်ရာ ကော်မတီကိုလည်း ထပ်တိုင်ထားပါတယ်”ဟု သဗ္ဗသုခနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းထိုက်ဦးက ပြောကြားသည်။

ကလေးငယ် ဆုံးပါးသွားသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော် ကလေးသူငယ် အခွင့်ရေးဆိုင်ရာ ကော်မတီမှ တာဝန်ရှိသူက တစ်ဦးကလည်း ၎င်းတို့ ကော်မတီထံသို့ ဦးသိန်းထိုက်ဦးမှ ဇူလိုင် ၁၃ ရက်တွင် ယင်းကိစ္စဖြင့် ပတ်သက်၍ တိုင်စာပေးပို့ခဲ့ကြောင်း၊ ယင်းတိုင်တန်းစာပါအရ ကော်မတီ နှင့် သက်ဆိုင်သည့် ကလေးသူငယ် အသက်ရှင်သန်ရန် မွေးရာပါအခွင့်အရေးနှင့် ငြိစွန်းသည့်အတွက် အထက်အဆင့်ဆင့်ကို တင်ပြပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော် ပုဗ္ဗသီရိ ခုတင် ၃၀၀ ဆေးရုံမှ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုး ဆက်သွယ်မေးမြန်းရာ ၎င်းက မရွှေစင်ဖြိုး မွေးဖွားသည့် ကလေးငယ် မိန်းကလေးမှာ မွေးဖွားချိန်တွင် နှစ်ပေါင်မပြည့်ဘဲ မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း၊ သန္ဓေလွယ်သည့် ရက်ပတ်မှာလည်း ၂၅ ပတ် ခြောက်လပင် မပြည့်ဘဲ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ဆေးရုံ၏ သားဖွားနှင့် မီးယပ် အထူးကု လက်ထောက်ဆရာဝန် ဒေါက်တာ လဲ့ရည်ဝင်း အား မေးမြန်းရာ ၎င်းက “အဲဒီညက မွေးလူနာ တစ်ယောက်ရှိတယ်လို့ ကျွန်မကို တာဝန်ကျ ဆရာဝန်က ဖုန်းဆက်လာတယ်။ မွေးလူနာ ကိုယ်ဝန်လမစေ့ဘဲ ၂၆ ပတ် မပြည့်သေးဘူးလို့ သိရတယ်။ မနက်ကျတော့ အဲဒီမွေးလူနာရဲ့ ကလေးဟာ မွေးပြီး ဆုံးသွားတယ်ဆိုပြီး မွေးပေးခဲ့တဲ့ တာဝန်ကျ ဆရာဝန် ကိုယ်တိုင် ဖုန်းဆက်လာတယ်။ ဒီလိုနဲ့ အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ ကျွန်မ ဂျူတီ လှည့်တော့ မနက်က ကလေးက ပြန်လှုပ်လာတယ်ဆိုလို့ ချက်ချင်းပဲ အောက်ဆီဂျင် ပေးတာတွေ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးပြီး ဆေးရုံက ကလေးအထူးကု ဆရာဝန်ဆီ ကျွန်မလွှဲပြောင်းပေးခဲ့တယ်”ဟု ပြောကြားသည်။

ကလေးငယ် ဆုံးပါးသည့်ဖြစ်စဉ်အား မိခင်ဖြစ်သူ မရွှေစင်ဖြိုးအား မေးမြန်းရာ “ကျွန်မ အဲဒီဖြစ်စဉ်ကို မသိပါဘူး။ ကျွန်မသိတာက ကလေးကို မွေးပြီး သုံးရက်မြောက်နေ့မှာ ကလေးဟာ ဖန်ပေါင်းချောင်ထဲမှာ အသက်ရှိသေးတယ်ဆိုတာပဲ သိတာပါ။ လေးရက်မြောက်နေ့မှ သေဆုံးသွားတယ်လို့ သိရတာပါ။ ကလေးသေဆုံးပြီးချင်း ကျွန်မအမျိုးသားက ကလေးအလောင်းကို ပြန်သယ်လာပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးပါတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းမှုများ ပြုလုပ်မည် မဟုတ်ဟု ဆက်လက် ပြောကြားခဲ့ပြီး သက်ဆိုင်ရာမြို့နယ် ရဲတာဝန်ရှိသူဖြစ်သည့် ဒုတိယ စခန်းမှူး ရဲအုပ်ဇော်သန်းက “ကျွန်တော်တို့စခန်းကို လာပြီးတော့ ဘယ်သူကမှ တိုင်ချက်ဖွင့်တာတွေ အမှုဖွင့်တာမျိုးတွေ အခုထိ မရှိသေးပါဘူး။ တကယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုင်ချက်ဖွင့်ရင်တော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးတာတွေ ကျွန်တော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဖြစ်စဉ်နှင့် ဆက်စပ်၍ နေပြည်တော် ပုဗ္ဗသီရိ ခုတင် ၃၀၀ ဆေးရုံမှ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုး ပြောကြားချက်အရ ဆေးရုံအနေဖြင့် ကလေးငယ် သေဆုံးမှုကိစ္စကို ဖြစ်လျှင်ဖြစ်ချင်း အထက်အဆင့်ဆင့် ကို သတင်းပို့ထားပြီး ဖြစ်ကြောင်း၊ နောက်နောင် ယခုကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ရန်အတွက် တာဝန်ကျ ဆရာဝန်များ၊ သူနာပြုများကို ခံဝန်ကတိ ယူထားပြီးဖြစ်ကြောင်း၊ နာရေးကူညီမှုအသင်းမှ နာယက ဆရာတော်ထံတွင်လည်း အကျိုးအကြောင်းပြောပြပြီး မေတ္တာခံယူ တောင်းပန်ထားကြောင်း၊ ဆရာဝန်များ၊ သူနာပြု ဆရာမများမှာလည်း ကိုဗစ်ကာလအတွင်းတွင် ပင်ပန်းခဲ့ကြပြီး နောက်နောင် ယခုကဲ့သို့မဖြစ်စေရန် သက်ဆိုင်ရာ တာဝန်ခံများကို ညွန်ကြားထားကာ ခံဝန်ကတိများ ယူထားပြီးဖြစ်ကြောင်း သိရသည်။

14/07/2020

covid19 ကာကွယ်ဆေး ပေါ်ပြီးတယ်ဟေ

ထပ်မံ ရက်တိုး သတ်မှတ်
14/07/2020

ထပ်မံ ရက်တိုး သတ်မှတ်

ကိုရိုနာဗိုင်းရပ်စ်ကို အမြစ်ဖြတ်ရန် ဖြစ်နိုင်ဖွယ်ရာမရှိဟု WHO အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန် ပြောကြားကိုရိုနာဗိုငျးရပျဈက...
13/07/2020

ကိုရိုနာဗိုင်းရပ်စ်ကို အမြစ်ဖြတ်ရန် ဖြစ်နိုင်ဖွယ်ရာမရှိဟု WHO အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန် ပြောကြား
crd eleven

10တန်းအောင်စာရင်း
06/07/2020

10တန်းအောင်စာရင်း

02/07/2020

ယနေ့ နံနက် ဖားကန့် မြို့နယ် ဝှေခါကျေးရွာရှိ လုပ်ကွက်ဟောင်း မြေပြိုကျမှုမှ လက်ရှိ ရုပ်အလောင်း ၁၂၅ လောင်း ရရှိထားပြီး ကျေးရွာ သုဿန်တွင် ထားရှိကာ အန္တရာယ်များသဖြင့် ကယ်ဆယ်တူးဖော်ရေးလုပ်ငန်းများ ခေတ္တရပ်နားထားကြောင်း သိရသည်
poto crd zmh

၂၀၂၀ ရွေးကောက်ပွဲကြီး ကျင်းပတော့မည်၂၀၂၀ ရွေးကောက်ပွဲကြီး ကျင်းပတော့မည်
02/07/2020

၂၀၂၀ ရွေးကောက်ပွဲကြီး ကျင်းပတော့မည်

နောက်ထပ် 15 ရက်တိုး
27/06/2020

နောက်ထပ် 15 ရက်တိုး

26/06/2020










လုပ်သက်ရင့် ဝန်ထမ်းမျာအား ကားပါမစ်ပေးမည့်ကိစ္စ ဆက်လက်အကောင်အထည်ဖော်ရန် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား
လုပ်သက်ရင့် ဝန်ထမ်းမျာအား ကားပါမစ်ပေးမည့်ကိစ္စ ဆက်လက်အကောင်အထည်ဖော်ရန် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ဇွန် ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ စတုတ္တတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအား ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းကြီးကြီးတစ်ခုက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီကန့်ကွက်ချက်ကို နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီးတော့မှ ရှေ့နေချုပ်ရုံးရဲ့ Legal Opinion နဲ့အကြောင်းပြန်ကြားထားပြီး ဖြစ်ပါတယ်။ ဒီပရောဂျက် ပြီးဆုံးသွားပြီလို့ ပြောလို့မရသေးပါဘူး။ ဒါကိုဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ ရှိတယ်လို့ ပြောချင်ပါတယ်။ ပေးမယ့်ပရောဂျက်က မပျက်သေးပါဘူး” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ပထမအဆင့် အနေဖြင့် ညွှန်ချုပ်နှင့်အထက်၊ ဒုတိယအဆင့် အနေဖြင့် ဒုညွှန်ချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ် ရရှိသူများအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလဆန်းပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဝန်ထမ်းများကိုပေးမည့် ကားပါမစ်ကိစ္စအား ဆိုင်းငံ့ထားသော်လည်း မည်မျှပေးရမည်ဆိုသည့် စာရင်းကို ကောက်ယူနေပြီး နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလာပါက ချက်ချင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားထားသည်။

အခြားနိုင်ငံများတွင် အလုပ်ရပြီ ဆိုပါက အိမ်၊ ကား၊ တီဗွီနှင့် ရေခဲသေတ္တာ စသည်များကို အရစ်ကျ ဝယ်ယူနိုင်ခြင်းကြောင့် ယင်းစနစ်ကို ဖော်ဆောင်ချင်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။

လုပ်သက် ၂၅ နှစ်ပြည့်ပြီးသည့် ဝန်ထမ်းကို စပေးရန် စဉ်းစားထားပြီး ဝန်ထမ်းများ အခွန်အခသက်သာစေရန် အတွက် အင်ဂျင်ပါ၀ါ ၁၅၀၀ စီစီအထိသာ ခွင့်ပြုရန် စဉ်းစားထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။

ကညန ဥပဒေတွင်လည်း မှတ်ပုံတင်ကြေးကို ကင်းလွတ်ခွင့်ပြုမည်ဆိုပါက ကင်းလွတ်ခွင့်ပြု၍ရသည့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ရှိကြောင်း၊ အကောက်အခွန် ကင်းလွတ်ခွင့်ပြုသင့်သူများကို နိုင်ငံတော်သမ္မတက ကင်းလွတ်ခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားကြောင်း၊ ကားပါမစ်ပေးမည့် ရည်ရွယ်ချက်သည် တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့သည့် ဝန်ထမ်းများအတွက် ကားထောက်ပံ့ပေးမှု လျော့ပါးရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အထူးအခွင့်အရေး ပေးသည့်သဘော မဟုတ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။

အထက်ပါ ကားပါမစ်ဖြင့် တင်သွင်းရန် သတ်မှတ်ထားသည့် Model Year သည် Use ကားဝယ်မည်ဆိုပါက လက်ရှိအချိန်အတိုင်းဆိုလျှင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဝယ်ယူရမည်ဖြစ်ပြီး Brand New ကားများလည်း ဝယ်ယူနိုင်ကြောင်း စီးပွားကူးသန်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။

ယင်းကဲ့သို့ ကားတင်သွင်းခွင့်နှင့် ပတ်သက်ပြီး ပြည်သူများက ၀ိုင်းဝန်းဝေဖန်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ဆိုင်းငံ့ထားကြောင်း ဦးဇော်ဌေးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားထားသည်။
crd eleven

24/06/2020

စားသောက်ဆိုင်တွေကို အတူလာ တစ်ဖွဲ့တည်း စားသုံးသူများအတွက် အကာအကွယ် မပါပဲ ထိုင်စားနိုင်တော့မည် ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း တရားဝင် ပြောကြားထုတ်ပြန်

မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂)မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် COVID-19 ကာလအ...
23/06/2020

မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂)မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်



COVID-19 ကာလအတွင်း နေရပ်မြန်မာနိုင်ငံသို့ ပြန်လာသော ရွှေ့ပြောင်းလုပ်သား များအနက် အထောက်အထားမပြည့်စုံသူ များကို (အမှတ်(၂) ချစ်ကြည်ရေးတံတား) ထိုင်းဘက်၌ငွေကြေးတောင်းခံမှုများရှိရာ မပေးနိုင်၍အချုပ်ကျခံရသူ အများအပြားရှိ ကြောင်း နေရပ်ပြန်လာသူများထံမှ သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများ ကုန်ကြမ်းပြတ်လတ်ခြင်း၊ ကုန်ချောတင်ပို့ ရောင်းချမှုအဆင်မပြေခြင်းတို့ကြောင့် လနှင့်ချီအလုပ်ရပ်နားထားရ၍နေရပ်သို့ပြန်လာစဉ် ထိုင်းဘက်ခြမ်း၌ ငွေကြေးတောင်းခံရပြီး မပေးနိုင်၍ အချုပ်သုံးရက်ကျခဲ့ရသည်ဟု နေ ရပ်ပြန်တစ်ဦးက ပြောကြားသည်။

“ဇွန် ၁၅ ရက်က လာတယ်။ ၁၆ ရက်မှာ အမှတ် (၂) ချစ်ကြည်ရေးတံတား(ထိုင်းဘက်)ကို ရောက်တယ်။ အထောက်အထား မပြည့်စုံ လို့ ဒဏ်ငွေတစ်ထောင်ရိုက်တယ်။ သမီးတို့က မပေးနိုင်ဘူး၊ ဘတ်တစ်ထောင်မပေးနိုင်တော့ သုံးရက်အချုပ်ကျတယ်။ ဘယ်သူတောင်းလဲ မသိဘူး။ ဗမာစကားပြောတဲ့သူပဲ တောင်း တာ၊ မပေးနိုင်တော့ အမှတ်(၁) တံတားဘက် ကိုခေါ်သွားပြီး အချုပ်မှာ သုံးရက်ထိန်းသိမ်း ထားတယ်” ဟု ပြောကြားသည်။

အဆိုပါ အမျိုးသမီးနှင့်အတူ အမှတ်(၂) ချစ်ကြည်တံတား ထိုင်းဘက်ခြမ်း၌ ငွေကြေးမ ပေးနိုင်၍ အချုပ်ကျခံခဲ့ရသူ ၄၀ ခန့်ရှိသည် ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

အလုပ်ပိတ်ထားသည့်အတွက် လုပ်အားခမရဘဲ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ၁၇ ဦးနှင့်အတူ နေရပ်သို့ ပြန်လာသည့် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦးက အထောက်အ ထားမပြည့်စုံ၍ အမှတ်(၂)တံတား မဲဆောက် ဘက်တွင် ဘတ် ၁၀၀၀ တောင်းသည်ကို မ ပေးနိုင်ဖြစ်ကာ မဲဆောက်အချုပ်၌ ခုနစ် ရက် အကျဉ်းကျခံခဲ့ရကြောင်း ပြောကြားသည်။

“တံတားမှာ ပိုက်ဆံတောင်းတာမပေး နိုင်လို့ အဖမ်းခံခဲ့ရတယ်။ ထိုင်းဘက်ကတောင်းတာ တစ်ထောင်တောင်းတာ၊အလုပ်မရှိတော့ သူဌေးကလည်း ပိုက်ဆံမပေးဘူး။ ပိုက်ဆံမရှိ တော့ သူတို့ကို မပေးနိုင်တဲ့အတွက် အချုပ်ထဲ ထည့်တယ်။ ခုနစ်ရက်ထိနေခဲ့ရပါတယ်” ဟု နေရပ်ပြန်လာသူ အမျိုးသားက ဆိုသည်။

မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂)မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂)မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

COVID-19ကာလတွင် ဒုက္ခဖြစ်ပြီး နေရပ်သို့ ပြန်လာသူ မြန်မာလုပ်သားများကို မလိုအပ်ဘဲ အချုပ်ထဲမထည့်စေချင်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်က ကိုဗစ်အရေးပေါ်ကာလမှာကန့် သတ်ချက်တွေရှိသလို ကင်းလွတ်ခွင့်တွေလည်း ပေးထားပါတယ်။ အဲဒီကင်းလွတ်ခွင့်ကို ရစေ ချင်တယ်။ ဒီလူက ကျန်တဲ့နေရာသွားမှာလား မဟုတ်ဘူး၊ သူများကိုလည်း ဒုက္ခပေးမှာလည်း မဟုတ်ဘူး၊ ပေးထားတဲ့လမ်းကြောင်းကနေ ပြန်မှာ။ ၁၆ ရက်နောက်ပိုင်းမှာ နိုင်ငံခြားသား တွေလည်း ခရီးသွားလို့ရပြီ။ ခရီးလှည့်လည်ဖို့ တော့ မဟုတ်ဘူး။ သူသွားမှာ တစ်ကြောင်းထိုး ပဲ။ သူပြန်မယ့်လမ်းကြောင်းတော့ မှန်ဖို့လိုတာ ပေါ့။ ကန့်သတ်ချက်တွေရှိနေပေမယ့် သွားလို့ ရတဲ့အနေအထားမှာ ကင်းလွတ်ခွင့်ပေးထား တဲ့အနေအထား ဖြစ်ပါတယ်။ ဒီလိုအခြေအ နေမှာ မလိုအပ်ဘဲ အချုပ်ခန်းထဲမထည့်စေ ချင်ဘူး။ ထည့်လိုက်ခြင်းအားဖြင့် ဘာဖြစ်လဲ ဆိုတော့ ကျွန်တော်တို့နိုင်ငံသားတွေဟာ တကယ်ပင်ပန်းဆင်းရဲခံပြီး သွားပြီးတော့ ရှာရ တာ ဟုတ်တယ်မလား။ ဒုက္ခခံပြီးတော့ ရှာရတာ၊ ဒီလိုဒုက္ခတွေများနေတယ်။ ဒီလောက် ဒုက္ခတွေများနေတဲ့အချိန် တည့်တည့်ပြောရ ရင် ထပ်ပြီးတော့ ဒုက္ခမပေးစေချင်ဘူး။ ဒီဟာ လေးတွေကို အကောင်းဆုံးဖြစ်အောင်တော့ ဆောင်ရွက်နေပါတယ် ဟု အမှတ် (၂) ချစ် ကြည်ရေးတံတား မြန်မာဘက် BCF ဇုန်၌ ဇွန်၂၀ ရက်က နေရပ်ပြန်များကို ကြိုဆိုရေးလုပ် စဉ် The Daily Eleven သို့ ပြောကြားသည်။

နှစ်နိုင်ငံတာရှိသူများ ညှိနှိုင်းချက်ဖြင့် မေ ၂၃ ရက်က စတင်ကာ နေရပ်ပြန်မြန်မာ လုပ်သားများအား ကြိုဆိုလက်ခံခဲ့ရာနေ့စဉ် ၅၀၀ မှ ၁၀၀၀ ကြား ဝင်ရောက်လျက်ရှိပြီး ဇွန်၂၀ ရက်အထိ ၃၀၀၀၀ ကျော်ဝင်ရောက်ခဲ့ ပြီးဖြစ်သည်။

ထိုင်းIDC မှ ပြန်လည်ပို့ဆောင်သူ မြန် မာလုပ်သား ၃၅ ဦး အနက် ၂၃ ဦးမှာ COVID-19 Positive ဖြစ်ခဲ့သည့်အတွက် ဒုက္ခများစွားဖြင့် ပြန်လာသူ မြန်မာရွှေ့ပြောင်း လုပ်သားများအား မလိုအပ်ဘဲ အချုပ်ထဲသို့ မထည့်ရေးအတွက် သက်ဆိုင်ရာ ထိုင်းတာ ဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။
နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများအနက် အထောက်အထားမပြည့်စုံသူများကို ထိုင်းဘက်၌ ငွေကြေးတောင်းခံမှုများရှိရာ မပေးနိုင်ခြင်းကြောင့် အချုပ်ကျခံရသူအများအပြားရှိကြောင်း သိရ
မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂)မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်



COVID-19 ကာလအတွင်း နေရပ်မြန်မာနိုင်ငံသို့ ပြန်လာသော ရွှေ့ပြောင်းလုပ်သား များအနက် အထောက်အထားမပြည့်စုံသူ များကို (အမှတ်(၂) ချစ်ကြည်ရေးတံတား) ထိုင်းဘက်၌ငွေကြေးတောင်းခံမှုများရှိရာ မပေးနိုင်၍အချုပ်ကျခံရသူ အများအပြားရှိ ကြောင်း နေရပ်ပြန်လာသူများထံမှ သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများ ကုန်ကြမ်းပြတ်လတ်ခြင်း၊ ကုန်ချောတင်ပို့ ရောင်းချမှုအဆင်မပြေခြင်းတို့ကြောင့် လနှင့်ချီအလုပ်ရပ်နားထားရ၍နေရပ်သို့ပြန်လာစဉ် ထိုင်းဘက်ခြမ်း၌ ငွေကြေးတောင်းခံရပြီး မပေးနိုင်၍ အချုပ်သုံးရက်ကျခဲ့ရသည်ဟု နေ ရပ်ပြန်တစ်ဦးက ပြောကြားသည်။

“ဇွန် ၁၅ ရက်က လာတယ်။ ၁၆ ရက်မှာ အမှတ် (၂) ချစ်ကြည်ရေးတံတား(ထိုင်းဘက်)ကို ရောက်တယ်။ အထောက်အထား မပြည့်စုံ လို့ ဒဏ်ငွေတစ်ထောင်ရိုက်တယ်။ သမီးတို့က မပေးနိုင်ဘူး၊ ဘတ်တစ်ထောင်မပေးနိုင်တော့ သုံးရက်အချုပ်ကျတယ်။ ဘယ်သူတောင်းလဲ မသိဘူး။ ဗမာစကားပြောတဲ့သူပဲ တောင်း တာ၊ မပေးနိုင်တော့ အမှတ်(၁) တံတားဘက် ကိုခေါ်သွားပြီး အချုပ်မှာ သုံးရက်ထိန်းသိမ်း ထားတယ်” ဟု ပြောကြားသည်။

အဆိုပါ အမျိုးသမီးနှင့်အတူ အမှတ်(၂) ချစ်ကြည်တံတား ထိုင်းဘက်ခြမ်း၌ ငွေကြေးမ ပေးနိုင်၍ အချုပ်ကျခံခဲ့ရသူ ၄၀ ခန့်ရှိသည် ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

အလုပ်ပိတ်ထားသည့်အတွက် လုပ်အားခမရဘဲ​ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ၁၇ ဦးနှင့်အတူ နေရပ်သို့ ပြန်လာသည့် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦးက အထောက်အ ထားမပြည့်စုံ၍ အမှတ်(၂)တံတား မဲဆောက် ဘက်တွင် ဘတ် ၁၀၀၀ တောင်းသည်ကို မ ပေးနိုင်ဖြစ်ကာ မဲဆောက်အချုပ်၌ ခုနစ် ရက် အကျဉ်းကျခံခဲ့ရကြောင်း ပြောကြားသည်။

“တံတားမှာ ပိုက်ဆံတောင်းတာမပေး နိုင်လို့ အဖမ်းခံခဲ့ရတယ်။ ထိုင်းဘက်ကတောင်းတာ တစ်ထောင်တောင်းတာ၊အလုပ်မရှိတော့ သူဌေးကလည်း ပိုက်ဆံမပေးဘူး။ ပိုက်ဆံမရှိ တော့ သူတို့ကို မပေးနိုင်တဲ့အတွက် အချုပ်ထဲ ထည့်တယ်။ ခုနစ်ရက်ထိနေခဲ့ရပါတယ်” ဟု နေရပ်ပြန်လာသူ အမျိုးသားက ဆိုသည်။

မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂)မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂)မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

COVID-19ကာလတွင် ဒုက္ခဖြစ်ပြီး နေရပ်သို့ ပြန်လာသူ မြန်မာလုပ်သားများကို မလိုအပ်ဘဲ အချုပ်ထဲမထည့်စေချင်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်က ကိုဗစ်အရေးပေါ်ကာလမှာကန့် သတ်ချက်တွေရှိသလို ကင်းလွတ်ခွင့်တွေလည်း ပေးထားပါတယ်။ အဲဒီကင်းလွတ်ခွွင့်ကို ရစေ ချင်တယ်။ ဒီလူက ကျန်တဲ့နေရာသွားမှာလား မဟုတ်ဘူး၊ သူများကိုလည်း ဒုက္ခပေးမှာလည်း မဟုတ်ဘူး၊ ပေးထားတဲ့လမ်းကြောင်းကနေ ပြန်မှာ။ ၁၆ ရက်နောက်ပိုင်းမှာ နိုင်ငံခြားသား တွေလည်း ခရီးသွားလို့ရပြီ။ ခရီးလှည့်လည်ဖို့ တော့ မဟုတ်ဘူး။ သူသွားမှာ တစ်ကြောင်းထိုး ပဲ။ သူပြန်မယ့်လမ်းကြောင်းတော့ မှန်ဖို့လိုတာ ပေါ့။ ကန့်သတ်ချက်တွေရှိနေပေမယ့် သွားလို့ ရတဲ့အနေအထားမှာ ကင်းလွတ်ခွင့်ပေးထား တဲ့အနေအထား ဖြစ်ပါတယ်။ ဒီလိုအခြေအ နေမှာ မလိုအပ်ဘဲ အချုပ်ခန်းထဲမထည့်စေ ချင်ဘူး။ ထည့်လိုက်ခြင်းအားဖြင့် ဘာဖြစ်လဲ ဆိုတော့ ကျွန်တော်တို့နိုင်ငံသားတွေဟာ တကယ်ပင်ပန်းဆင်းရဲခံပြီး သွားပြီးတော့ ရှာရ တာ ဟုတ်တယ်မလား။ ဒုက္ခခံပြီးတော့ ရှာရတာ၊ ဒီလိုဒုက္ခတွေများနေတယ်။ ဒီလောက် ဒုက္ခတွေများနေတဲ့အချိန် တည့်တည့်ပြောရ ရင် ထပ်ပြီးတော့ ဒုက္ခမပေးစေချင်ဘူး။ ဒီဟာ လေးတွေကို အကောင်းဆုံးဖြစ်အောင်တော့ ဆောင်ရွက်နေပါတယ် ဟု အမှတ် (၂) ချစ် ကြည်ရေးတံတား မြန်မာဘက် BCF ဇုန်၌ ဇွန်၂၀ ရက်က နေရပ်ပြန်များကို ကြိုဆိုရေးလုပ် စဉ် The Daily Eleven သို့ ပြောကြားသည်။

နှစ်နိုင်ငံတာရှိသူများ ညှိနှိုင်းချက်ဖြင့် မေ ၂၃ ရက်က စတင်ကာ နေရပ်ပြန်မြန်မာ လုပ်သားများအား ကြိုဆိုလက်ခံခဲ့ရာနေ့စဉ် ၅၀၀ မှ ၁၀၀၀ ကြား ဝင်ရောက်လျက်ရှိပြီး ဇွန်၂၀ ရက်အထိ ၃၀၀၀၀ ကျော်ဝင်ရောက်ခဲ့ ပြီးဖြစ်သည်။

ထိုင်းIDC မှ ပြန်လည်ပို့ဆောင်သူ မြန် မာလုပ်သား ၃၅ ဦး အနက် ၂၃ ဦးမှာ COVID-19 Positive ဖြစ်ခဲ့သည့်အတွက် ဒုက္ခများစွားဖြင့် ပြန်လာသူ မြန်မာရွှေ့ပြောင်း လုပ်သားများအား မလိုအပ်ဘဲ အချုပ်ထဲသို့ မထည့်ရေးအတွက် သက်ဆိုင်ရာ ထိုင်းတာ ဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။
Crd eleven

သာသနာ့ ရောင်ဝါလင်းပါစေ  သာသနာ တည်တံ့ရှည်ကြာပါစေ အရှင်ဘုရား  # # #လေးစားကြည်ညိုမိပြီ ညီတော် # # # #ကမ္ဘာ့ဒုတိယအခက်အခဲဆုံြး...
21/06/2020

သာသနာ့ ရောင်ဝါလင်းပါစေ သာသနာ တည်တံ့ရှည်ကြာပါစေ အရှင်ဘုရား



အောင်မြင်ခဲ့ပါသော

ဂုဏ်ပြုပူဇော်ပါသည်။











သဗွဟ်မစာရီ(ဓမ်မဝိနယ)

# # #လေးစားကြည်ညိုမိပြီ ညီတော် # # #

#ကမ္ဘာ့ဒုတိယအခက်အခဲဆုံးပြိုင်ပွဲ(သို့) အဘိဝံသစာမေးပွဲ #

တိပိဋကတ်စာမေးပွဲပြီးရင် ဒုတိယအရမ်းခက်ခဲလှပါသော သကျသီဟ
အဘိဝံသစာမေးပွဲကြီးတွင် မြန်မာတစ်နိုင်ငံလုံး ပထမဂုဏ်ထူးဖြင့် ထူးချွန်စွာ
အောင်မြင်ခဲ့ပါသော

မန္တလေးမြို့ #မစိုးရိမ်တိုက်သစ် #
ဓမ္မဝိနယရံသီကျောင်းဆရာတော်ဘုရား၏
တပည့်ရင်းဖြစ်သော အရှင်သောပါကာဘိဝံသ-အား
ဂုဏ်ပြုပူဇော်ပါသည်။

မစိုရိမ်တိုက်သစ်ကြီး၏ နာယကတစ်ပါးဖြစ်သွား သော
အရှင်သောပါကာဘိဝံသ သည် #စစ်ကိုင်းတိုင်းဒေသကြီး #ရွှေဘိုခရိုင် #
တန့်ဆည်မြို့ဇာတိဖြစ်ပြီ
ဆယ်တန်းကို (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီးမှ
သာသနာဘောင်သို့ဝင်ရောက်လာသူဖြစ်ပြီး ပညာသင်နှစ်(၁၀)နှစ်အတွင်း
မစိုးရိမ်တိုက်သစ်နာယကအဖြစ်သို့ရောက်ရှိသွားသော
(ဆယ်တန်းအောင်စဉ် (၁၆)နှစ် ယခု(၂၆)နှစ်

မိမိတို့နှင့် ဓမ္မဝိနယအဆောင်တွင် အတူနေခဲ့သော
အရှင်သောပါကာဘိဝံသ- အား ဂုဏ်ပြုပါ၏
မစိုးရိမ်တိုက်သစ်အတွင်းမှာ တပည့်တွေ အဘိဝံသဘွဲ့ရ
မစိုးရိမ်တိုက်သစ်နာယကဖြစ်အောင် ပညာတွေသင်ကြားပေးပါသော
#ဓမ္မဝိနယရံသီကျောင်းဆရာတော်အားလည်း ဦးခိုက်ပူဇော်ပါ၏ဘုရား

#အရှင်သောပါကာဘိဝံသသည် ယခုအခါ
#ဖားအောက်တောရ တွင် တရားအားထုတ်နေလေသည်
သကျသီဟစာမေးပွဲဖြေပြီတိုင်း မော်လမြိုင် ဖားအောက်တောရသို့
အမြဲတရားလာထိုင်လေ့ရှိသော အရှင်တစ်ပါးဖြစ်လေသည်။

ကမ္ဘာ့ဒုတိယအခက်ခဲဆုံးစာမေးပွဲတွင် ပထမဂုဏ်ထူးဖြင့်
အောင်မြင်သော အရှင်သောပါကာဘိဝံသအား ဂုဏ်ပြုပူဇော်ပါသည်ဘုရား။
credit- အရှင်နရိန္ဒ (မော်လမြိုင်)

# # #လေးစားကြည်ညိုမိပြီ ညီတော် # # #

ညီတော်လို (၂၆)နှစ်အရွယ်တော်လေးမှာ ကမ္ဘာပေါ်မှာ
သံဃာအများဆုံးမစိုးရိမ်တိုက်ကြီးရဲ့နာယကဆရာတော်ဖြစ်လာတာဟာ
အနာဂတ်သာသနာအတွက်အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
အရည်အချင်းရှိတဲ့ ငယ်ရွယ်သူတွေ သာသနာ့အလုပ်ကို ခေါင်းဆောင်နေရာက
လုပ်ခွင့်ရခြင်းဟာ သာသနာအတွက်ကြီးပွားတိုးတက်ဖို့သာ ဖြစ်ပါတယ်။

ညီတော်ရဲ့ ထူးခြားချက်က ပရိယတ္တိနယ်ဘက်မှာ ထူးချွန်ရုံသာမက
ပဋိပတ္တိဘက်ကိုပါ စိတ်ဝင်စားမှန်း သိရလို့ သာသနာအတွက်
အလွန်အားတက်မိပါတယ်ဘုရား။

သကျသီဟစာမေးပွဲ ပြီးတိုင် ဖားအောက်တောရမှာ တရားရိပ်သာဝင်လေ့
ရှိတဲ့ ညီတော်ရဲ့ အကြောင်းကို ကြားသိရလို့လည်း ညီတော်ရဲ့ သီလ သမာဓိ
ပညာကို ပို၍ အားကိုးယုံကြည်မိပါတယ်ဘုရား။

ညီတော်ကဲ့သို့ စာပေရော အကျင့်ဘက်မှာပါ ပြည့်စုံတဲ့ ရဟန်းမြတ်တွေ
ထိပ်တန်းခေါင်းဆောင်နေရာမှာ သာသနာ့တာဝန်ကို ထမ်းရွက်နေမှန်းသိရလို့
အနာဂတ်သာသနာ့အတွက် လွန်စွာခွန်အားဖြစ်ရပါတယ်ဘုရား။

မစိုးရိမ်တိုက်သစ်မှနေ၍ ဝိနည်းသီလကို ချစ်မြတ်နိုးသော
စာတတ်ပေကျော် အဘိဝံသတပည့်များစွာကို အနာဂတ်သာသနာအတွက်
ဖွားမြင်ပေးနိုင်ပါစေ။

သဗွဟ်မစာရီ(ဓမ်မဝိနယ)
ဓမ္မဝိနယာလင်္ကာရစာသင်တိုက်

ဘုရားတပည့်တော်မှလည်း ဤပို့စ်ဖြင့် တစ်ဆင့်ဂုဏ်ပြုအပ်ပါသည် အရှင်ဘုရား
crd မူရင်းတင်သူဆရာတော်

Address


Website

Alerts

Be the first to know and let us send you an email when ရာဇဌာနီမင်းနေပြည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share