TNN For You

TNN For You hello.

21/12/2024
20/12/2024

တစ်ယောက်တည်း ဆိုပြီး အားမငယ်နဲ့

19/12/2024

ဘယ်သောအခါမှ မကြီးပွားနိုင်စေသည့် သားသမီးအမျိုးအစား (၁၁) မျိုး

(၁)မိဘကို အိမ်စောင့်ထားခြင်း။

(၂)မိဘကနေ အဝတ်လျှော်ဖွတ်ပေးရခြင်း။

(၃)မိဘက သား သမီးပြန်လာလျှင် ခြံတံခါးဖွင့်ပေးရခြင်း။

(၄)မိဘကို သား သမီး ထိန်းခိုင်းခြင်း။

(၅)မိဘက ထမင်းချက်ပြုတ် ကျွေးမွေးရခြင်း။

(၆)မိဘကို လစာပေးသလိုမျိုး ငွေပေးခြင်း။

(၇)မိဘအမှားပြုလျှင် လူရှေ့သူရှေ့ ဆူပူအပြစ်တင်ခြင်း။

(၈) မိဘက ဘုရားရှိခိုးလျှင် ကျယ်ခြင်း တိုးခြင်းကို ကဲ့ရဲ့ခြင်း။

(၉)မိဘကို မောင်နှမလို သေဘာထားဆက်ဆံခြင်း။

(၁ဝ)မိဘကို နှမျောတွန့်တို ပေးကမ်းခြင်း။

(၁၁)မိဘစကားကို ပစ်ပယ်ခြင်း။ အလေးမထားခြင်း။….

ဒါမျိုးတွေကို ရှောင်ရှားကြပါ၊ ဆင်ခြင်ကြပါ၊ မလုပ်မိကြပါစေနဲ့။

မိဘဆိုတာ အစားထိုး မရနိုင်တဲ့ တန်ဖိုးအကြီးမားဆုံး ရတနာတွေပါ။

Crd
မောင်သာချို-စာပေ

19/12/2024

စီးပွားရေး ၌
ငွေရလျှင်ပြီးရော ဟူ၍
လောဘကို ပဓါနထားပြီး
လုပ်ဆောင်လျှင်
ကျဆုံး ပေလိမ့်မည်။

TNN LIFE Channel.

18/12/2024

ဘာလုပ်လုပ် စမိရင် ဆုံးအောင်လျောက်

18/12/2024

လူတွေအကြောင်း သိဖို့ ဒီလိုနေ

18/12/2024

" အောင်မြင်မှုနဲ့ ပတ်သက်ပြီး
လူတိုင်း ကြားဖူးနေကြ မဟုတ်တဲ့ အချက် ၄ ချက် "

တကယ်တော့ အောင်မြင်မှုဆိုတာ ဘဝရဲ့ ပျော်ရွှင်မှု၊ ပြည့်စုံမှု၊ ဘေး ကင်းမှုနဲ့ ကျန်းမာပျော်ရွှင်မှုအခြေအနေမှာရှိတဲ့ အနေအထားတစ်ခု ဖြစ်ပြီးတော့ ဒါတွေကို ဘဝရဲ့ ရည်မှန်းချက်အနေနဲ့ ပြီးမြောက်အောင် လုပ်ဆောင်နေတာပါ။

လူတိုင်းက အောင်မြင်မှုကို လိုချင်ကြပေမယ့် တကယ်ရဖို့ဆိုရင်တော့ သိသင့်တဲ့အချက်တွေ ရှိပါတယ်။
ဒီတစ်ခါမှာတော့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး လူတိုင်း ကြားဖူးနေကြမဟုတ်တဲ့ အချက် ၄ချက် ကို ပြောပြ ပေးချင်ပါတယ်။

(၁) အောင်မြင်တယ်ဆိုတာ မွေးရာပါ အရည်အချင်း မဟုတ်ပါဘူး

ကမ္ဘာပေါ်မှာ အောင်မြင်သူတိုင်းဟာ မွေးရာပါအရည်အချင်းရှိတဲ့ ပါရမီရှင်တွေမဟုတ်ကြပါဘူး။ အောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ မွေးရာပါ အရည်အချင်း တစ်ခုတည်းအပေါ်မှာပဲ လုံးဝမူတည်တာ မဟုတ်ပါဘူး။ ကျွမ်းကျင်မှု၊ ဇွဲလုံလနဲ့ ကြိုးစားမှုတွေအပေါ်မှာ မူတည်ပါတယ်။ ပါရမီဆိုတာ ဘုရားသခင်ထံက လက်ဆောင်တစ်ခုထက် မပိုပါဘူး။ ကိုယ့်မှာ ရှိထားတဲ့ ပါရမီကို အရည်အချင်းဖြစ်လာဖို့ ကိုယ်တိုင်ကြိုးစားယူမှသာ အောင်မြင်မှုကိုရနိုင်မှာပါ။

(၂) စူးစမ်းလိုစိတ်နဲ့ စိတ်ဝင်စားမှုတွေဟာ အသိပညာနဲ့ နာခံမှုထက် ပို အရေးကြီးပါတယ်

စူးစမ်းလိုစိတ်ဟာ မေးခွန်းများမေးရန်၊ စူးစမ်းရန်၊ လေ့လာရန်နဲ့ သုတေသနပြုရန် တွန်းအားပေးတဲ့ မွေးရာပါ လူ့အရည်အသွေးတစ်ခု ပါ။ ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားတဲ့ တီထွင်မှုအားလုံးက လူသား တွေရဲ့ စူးစမ်းလိုစိတ်ကြောင့်ပဲ ဖြစ်ပါတယ်။

“သိချင်စိတ်က အောင်မြင်မှုရဲ့ အင်ဂျင်ပါဝါပဲ” ဆိုတဲ့ စကားရှိပါတယ်။ ဒါ့ကြောင့် စူးစမ်းလေ့လာလိုစိတ်ရှိတယ်ဆိုရင် သင်ယူလေ့လာနေတဲ့ လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေတဲ့အတွက် အောင်မြင်မှုကို အမြန် ရနိုင်ပါတယ်။

(၃) အောင်မြင်မှုဆိုတာ အသက်အရွယ်ထက် အလုပ်လုပ်နိုင်စွမ်းနဲ့ ပိုပြီး ဆက်စပ်ပါတယ်

လူတစ်ယောက် အောင်မြင်ဖို့ဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူးလို့ ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အောင်မြင်ဖို့အတွက် အလုပ် လုပ်နိုင်စွမ်းနဲ့ပဲဆိုင်တာပါ အသက်အရွယ်က အရေးမကြီးပါဘူး။ အလုပ်ပိုလုပ်နိုင်လေ ပိုအောင်မြင်လေပါပဲ။

တိုးတက်အောင်မြင်သူတိုင်းက သူတို့မှာရှိတဲ့ အရင်းအမြစ်တွေ အချိန် နဲ့အခွင့်အလမ်းတွေကို သာမန်လူတွေထက် ပိုမိုပညာရှိရှိ အသုံးပြု တတ်ကြပါတယ်။ အလုပ်လုပ်နိုင်စွမ်းက လူတစ်ဦးရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဒါမှ ဝင်ငွေပိုမြင့်လာပြီး လူနေမှုအဆင့်အတန်းလဲ မြင့်မားလာမှာပါ။

(၄) ကျန်းမာခြင်းဟာ အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်

လူတွေအားလုံးမှာ အောင်မြင်မှုနဲ့ပတ်သတ်လို့ အိမ်မက်တွေ၊ ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ရှိတတ်ကြပါတယ်။ ဘယ်လိုပဲ အိပ်မက်တွေနဲ့ ပန်းတိုင်တွေရှိပါစေ ကျန်းမာတဲ့ခန္ဓာနဲ့ စိတ်က အမှန် တကယ် အောင်မြင်တဲ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျန်းမာရေး ကောင်းမွန်တဲ့အခါ ၊ ကိုယ်အနှစ်သက်ဆုံးအရာတွေကို လုပ်ဆောင်ဖို့ နဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ စွမ်းရည်နဲ့ ခွန်အားတွေ ရှိနေပါ တယ်။

ဆန့်ကျင်ဘက်အနေနဲ့ကတော့ အစာအလွန်အကျွံစားတာနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ပျက်ကွက်တာ၊ အလွန်အကျွံအိပ်စက်ခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းစတဲ့ အကျင့်ဆိုးတွေကတော့ ဘဝမှာ လိုချင်တဲ့ ရလဒ်တွေရနိုင်ဖို့ ခက်ခဲစေမှာဖြစ်ပါတယ်။

ဒါ​တွေကတော့ လူတိုင်းသိပ်သတိမထားတတ်ကြတဲ့ အောင်မြင်မှုနဲ့ သက်ဆိုင်တဲ့ အချက်လေးချက်ပါ။

ကျနော့်ရဲ့ မိတ်ဆွေများ အာလုံးလည်း ရင်ဆိုင်ကြုံတွေ့နေရသော
အခက်အခဲအပေါင်းမှ ကျော်လွှားနိုင်ကြပြီး
ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

လေးစားစွာဖြင့် သားညီ
( TNN LIFE Channel. )

18/12/2024

စိတ်ဓါတ်ခွန်အား အဖိုးစကား ၁

17/12/2024

လူတစ်ယောက်ရဲ့ အဆင့်အတန်း
အမှန်ကို သိချင်ရင် အဲဒီလူဟာ
သူ့ထက်နိမ့်ကျတဲ့ သူတွေအပေါ်
ဘယ်လိုပြုမူ ဆက်ဆံသလဲ
ဆိုတာနဲ့ ကြည့်ရမယ်။

ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

17/12/2024

ဘဝပန်းတိုင် အရောက်လှမ်းနိုင်ဖို့

17/12/2024

အဖိုးပြောသော ဘဝနေနည်း

16/12/2024

အပူစာ မစားမိစေနဲ့

16/12/2024

ဖြေခဲ့ကြဦး .....

16/12/2024

စိတ်ဓါတ် ခွန်အား စကားစုများ ၈

15/12/2024

လက်ခုပ်တီးတိုင်း အားပေးတယ် မထင်နဲ့

ကြိုးစား နေကြည့်ကြရအောင်
15/12/2024

ကြိုးစား နေကြည့်ကြရအောင်

15/12/2024

ကိုဖိုးလှ ဒေါသထွက်နေသည်။
ဘယ်သူ့ကို ဒေါသထွက်နေတာလဲဆိုတော့ သူ့မိန်းမကိုပါ။

ဖြစ်ပုံက ဒီလို
ကိုဖိုးလှက ကုမဏ္ဏီတစ်ခုမှာ
အရောင်းစာရေး ရာထူးနဲ့ အလုပ်လုပ်နေတယ်။
လစာကလည်း မဆိုးပါဘူး။
ကိုဖိုးလှ က လူရိုး
အသောက်အစားမရှိ အသုံးအဖြုန်းမရှိတော့
သူရသမျှလစာကို သူ့မိန်းမကို အကုန်အပ်တယ်။

သူလိုတာလေး ဝယ်ချင်တာလေးရှိမှ
မိန်းမဆီက ပြန်တောင်းသုံးတတ်တဲ့လူမျိုး
သူ့မိန်းမကလည်း တော်ပါတယ်။
စီးတဲ့ရေ ဆည်တဲ့ကန်ဇင်း ဆိုသလို
ကိုဖိုးလှ ပေးတဲ့ပိုက်ဆံကို စေ့စေ့စပ်စပ်သုံးပြီး စုတတ်ဆောင်းတတ်တယ်။

ကိုဖို့လှ တို့လင်မယားမှာ အသက် ၈ နှစ်နဲ့ ငါးနှစ်အရွယ်သားလေးနှစ်ယောက် ရှိတယ်။

အရာရာ အဆင်ပြေနေတဲ့ ပျော်စရာ
မိသားစုလေးပေါ့။

ဒါပေမဲ့ ဒီလပိုင်းတွေမှာ သူ့မိန်းမ
မူမမှန် ဖြစ်နေတာကို ကိုဖိုးလှ သတိထားမိတယ်။

ညဆိုရင် သက်ပြင်းတွေချပြီး
တလူးလူး တလှိမ့်လှိမ့်နဲ့ တော်တော်နဲ့ မအိပ်ဘူး။

မိသားစုအတွက် ဟင်းချက်ရင်လည်း
အရင်လို ဖွယ်ဖွယ်ရာရာ မချက်တော့ဘူး။
အရင်ကဆို အသားဟင်း ပဲပြုတ်
ငပိရည် တို့စရာ စုံစုံလင်လင်ဖွယ်ဖွယ်ရာရာ ပြင်ပေးတတ်တဲ့
မိန်းမဟာ ဒီလပိုင်းတွေမှာ
ကြက်ဥ လေးကြော်လိုက် ပြုတ်လိုက် နဲ့ အလွယ်လုပ်ပေးနေတာကို
ကိုဖိုးလှ သတိထားမိတာ ကြာပြီ။

ပြီးတော့ လူကလည်း စိတ်နဲ့လူနဲ့
မကပ်သလို တစ်နေ့ တစ်နေ့
တွေးလိုက် ငေးလိုက် ဖြစ်နေတတ်တယ်။

ဒီလို သူ့ရဲ့ မိန်းမ မူမမှန်တာကို
ကိုဖိုးလှ သတိထားကြည့်နေတဲ့အချိန်မှာပဲ တစ်ညမှာ ကိုဖိုးလှရဲ့မိန်းမဖြစ်သူဟာ အိပ်နေရင်းနဲ့

" ကြောက်ပါပြီ အတီးရယ်
လန့်လှပါပေါ့ စူလမွတ်ရဲ့
နောက် မလာတော့ပါဘူး
နောက် မလာတော့ပါဘူး "

ဆိုပြီး ယောင်ယမ်း​လိုက်တာကို
ကိုဖိုးလှ နားနဲ့ဆတ်ဆတ်ကြားလိုက်ရတယ်။

ကိုဖိုးလှ သည်းမခံနိုင်တော့။

" ထစမ်း ထစမ်း အမျိုးယုတ်မ
လော်လီ ဖောက်ပြားတဲ့ မိန်းမ
ငါ့ဘေးမှာ အိပ်ရင်းတောင်
အတီးတွေရော စူလမွတ်တွေရော
ယောင်ပြီး တမ်းတနေတယ် "

" ပြောစမ်း အဲဒီ အတီးနဲ့ စူလမွတ်ဆိုတာ ဘယ်ကကောင်တွေလဲ "

ကိုဖိုးလှရဲ့ ဒေါသစကားကြောင့်
သူ့မိန်းမဟာ ဘာမှမပြောပဲ တိတ်ဆိတ်နေတယ်။

ကိုဖိုးလှရဲ့ ဒေါသစိတ်ဟာ ငယ်ထိပ်အထိ ရောက်သွားရင်း

" မင်းပြောမလား မပြောဘူးလား
မပြောရင် ပြဿနာတက်သွားမယ်နော် ' လို့ကြိမ်းဝါးတဲ့အခါမှ

သူ့မိန်းမဟာ ဘာမှ မပြောပဲ
မီးဖိုးခန်းကို ထသွားတယ်။
မီးဖိုခန်းထဲကနေ စျေးခြင်းတောင်းလေးကို ဆွဲယူလာတယ်။

ပြီးတော့ စျေးခြင်းတောင်းလေးကို
ကိုဖိုးလှရဲ့လက်ထဲထည့်ပေးလိုက်တယ်။

စျေးခြင်းတောင်းထဲမှာတော့ တစ်သောင်းတန်လေးတစ်ရွက် ရှိနေပါတယ်။

" ကျုပ် တမ်းတနေတဲ့ အတီးတို့ စူလမွတ်တို့နဲ့ တွေ့ချင်တယ်မဟုတ်လား
ဒီအတိုင်း မသွားနဲ့ ဒီစျေးခြင်းတောင်းလေးကို ယူသွား
အတီးက ဝက်သားရောင်းတယ်
သူ့ဆိုင်က စျေးထိပ်လေးတင်ပဲ
စူလမွတ်က ဆိတ်သားရောင်းတယ်
သူ့ဆိုင်ကတော့ စျေးလည်လောက်မှာ သူတို့ကို ဒီအတိုင်း စကားပြောလို့ မရဘူး ဒီထဲကတစ်သောင်းတန်နဲ့
သူတို့ဆီက အသားဝယ်ပြီး စကားပြောမှ ရလိမ့်မယ်
စျေးဝယ်ပြီးမှ ရှင်မေးချင်တာ မေးပေတော့ "

လို့ မိန်းမဖြစ်သူက ပြောပါတယ်။

ကိုဖိုးလှလည်း မနက်လင်းလင်းချင်းပဲ
စျေးခြင်းတောင်းကို ဆွဲပြီး စျေးဘက်ကို ထွက်လာခဲ့တယ်။
တွေ့ပါပြီ စျေးထိပ်မှာ တင် အသားဖြူဖြူ ပုဝဝနဲ့ တ*ရုတ်ကြီးတစ်ယောက် ဝက်သားရောင်းနေတာကို၊

ကိုဖိုးလှလည်း တ*ရုတ်ကြီးဆီ ခပ်သွက်သွက် သွားလိုက်ရင်း
ရင်ကို ကော့ကာ လေသံမာမာနဲ့

" ဝက်သား တစ်ပိဿာ ဘယ်စျေးလဲ "

တ*ရုတ်ကြီးကလည်း သူ့ရဲ့မျက်လုံးမှေးလေးနဲ့ တစ်ချက်ဝင့်ကြည့်လိုက်ရင်း

" တစ်ပိဿာ လေးသောင်း "

လို့ ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေပါတယ်။

တ*ရုတ်ကြီး အသံကြောင့် ကိုဖိုးလှ
ရဲ့ ကော့ထားတဲ့ရင်ဟာ တွန့်ဝင်သွားတယ်။

ပြီးတော့ အိပ်ကပ်ထဲက တစ်သောင်းတန်လေးကို မသိမသာ စမ်းလိုက်ရင်း

" အပြန်ကျမှ ဝယ်မယ် အခုစျေးထဲလျောက်ကြည့်လိုက်ဦးမယ် "

ဆိုကာ ခပ်သွက်သွက် လစ်ထွက်လာခဲ့တယ်။

စျေးလည်ကို ရောက်တော့ တွေ့ပါပြီ
ဆိတ်သားတွဲတွေ ချိတ်ထားတဲ့
အသားခုံရဲ့နောက်က စူလမွတ်

ကိုဖိုးလှလည်း စူလမွတ်ဆီကို
တည့်တည့်သွားလိုက်ရင်း

" ဆိတ်သား ဘယ်စျေးလဲ "

လို့မေးလိုက်ပါတယ်။

အရင်လောက် ရင့်ကော့မထားတော့သလို လေသံကလည်း ခပ်ဖျော့ဖျော့နဲ့ပေါ့။

" တစ်ပိဿာ လေးသောင်း ရှစ်ထောင် "

စူလမွတ်ရဲ့ အဖြေစကားကြောင့်
ကိုဖိုးလှရဲ့ ပါးစပ်ဟာ ဝ လုံးပုံ ဝိုင်းသွားပါတယ်။

ခနအကြာမှာတော့ ဘာမှမပါတဲ့စျေးခြင်းတောင်လေးကို ဆွဲ
တစ်သောင်းတန်လေးကို လက်နဲ့
ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
စျေးကနေ ခေါင်းငိုက်စိုက်နဲ့ ပြန်လာတဲ့ ကိုဖိုးသာကို သူ့မိန်းမ မြင်လိုက်ရပါတယ်။

အဲဒီညမှာတော့

" ကြောက်ပါပြီ အတီးရယ်
လန့်လှပါပေါ့ စူလမွတ်ရဲ့
နောက် မလာတော့ပါဘူး
နောက် မလာတော့ပါဘူး "

ဆိုတဲ့ ယောင်ယမ်းပြောဆိုသံဟာ
ကိုဖိုးလှတို့ အိမ်ထဲကနေ ပေါ်ထွက်လာပါတယ်။

ယောင်ယမ်းလိုက်သူကတော့
တခြားသူမဟုတ်ပါဘူး
ကျနော်တို့ရဲ့ ဇာတ်လိုက်ကြီး ကိုဖိုးလှ ကိုယ်တိုင်ပါပဲ ။

စာကြွင်း ****
တက်ပြီး ပြန်မကျတဲ့ ကုန်စျေးနှုန်းကြောင့် ရင်တမမ စျေးသွားနေရတဲ့
အိမ်ရှင်မများ ကိုယ်စား ခံစားရေးဖွဲ့သည်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာ ကြပါစေ။

လေးစားစွာဖြင့် သားညီ
( TNN LIFE Channel. )

Address


Website

Alerts

Be the first to know and let us send you an email when TNN For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share