𝐋𝐚𝐯𝐞𝐧𝐃𝐄𝐑

  • Home
  • 𝐋𝐚𝐯𝐞𝐧𝐃𝐄𝐑

𝐋𝐚𝐯𝐞𝐧𝐃𝐄𝐑 "Peace comes from within. Do not seek it without."

ခေါင်းထဲ စာတေ အာ့လို့ထည့်လို့ရရင်ကောင်းမှာ 😒
14/10/2023

ခေါင်းထဲ စာတေ အာ့လို့ထည့်လို့ရရင်ကောင်းမှာ 😒

😞😞
05/10/2023

😞😞

ဟ ဟ ပေးခြင်း သီးခံပါ 🤗😑
28/09/2023

ဟ ဟ ပေးခြင်း သီးခံပါ 🤗😑

" မင်းမိန်းမနဲ့ ဘာလို့ကွာရှင်းချင်တာလဲ"တရားသူကြီးက မေးတယ်။" ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူခွာခိုင်းတယ်။ကြက်သွန်နီလှီးခိုင်...
28/09/2023

" မင်းမိန်းမနဲ့ ဘာလို့ကွာရှင်းချင်တာလဲ"
တရားသူကြီးက မေးတယ်။

" ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူခွာခိုင်းတယ်။
ကြက်သွန်နီလှီးခိုင်းတယ်။
ပန်းကန် ဆေးခိုင်းတယ် အဲဒါကြောင့်"

" အဲဒါ ဘာများ အပန်းကြီးလဲ။လွယ်လွယ်
လေးဟာကို..
ကြက်သွန်ဖြူမခွာခင် မီးအပူလေး ပေးလိုက်။ အခွံခွာရတာ လွယ်သွားမယ်။ ကြက်သွန်နီလှီးခိုင်းရင် လှီးမဲ့ကြက်သွန်ကို ရေခဲသေတ္တာအထဲ ခဏထား..
နောက်လှီးကြည့်။ မျက်စိမစပ်တော့ဘူးပေါ့။ဒီလိုပဲလေ..
ပန်းကန်လည်း မဆေးခင် ရေထဲ ဆယ်မိနစ်လောက်စိမ်ထား
ဆေးရတာ လွယ်လွယ်လေး။
ဒါပေမဲ့..မင်းကို
အဝတ်တော့ မလျှော်ခိုင်းသေးဘူး မဟုတ်လား။
နောက် အဝတ်လျှော်ခိုင်းရင် ဒီလိုလုပ်ကွ..
သေချာမှတ်ထား..
အဝတ်မလျှော်ခင် ဆပ်ပြာရည်အထဲ မှာ
အဝတ်ကို ဆယ့်ငါးမိနစ်လောက် စိမ်ထား။
ဂျီးတွေ သူ့အလိုလို ထွက်လာမယ်။
လျှော်တဲ့အချိန် အားသုံးစရာ မလိုတော့ဘူးပေါ့
ပြီးတော့...သနပ်ခါး..သွေး..."

" ရပါပြီ ခင်ဗျ...ကျနော့ လျှောက်လွာ ပြန်ရုပ်သိမ်းခွင့်ပြုပါ..
တရားသူကြီးမင်း ခင်ဗျား"

"မင်း.. ငါပြောတာ နားလည်သွားလို့ပေါ့ ဟတ်လား"

" အမှန်တော့ ကျနော်ဟာ တရားသူကြီး ထက်စာရင် အများကြီး သက်သာပါသေး
တယ်ဆိုတာ သိသွားလို့ပါ.."

တိန်!!!

😂😂😂😂😂😂😂

😊😊အလုပ်ခေါ်စာ
23/09/2023

😊😊အလုပ်ခေါ်စာ

မနက်ဖြန် စနေဖစ်သော်လည်းဖက်ထိပ်လုပ်ရမည့်အကြောင်းတွေးမိသောအခါ::::3
15/09/2023

မနက်ဖြန် စနေဖစ်သော်လည်း
ဖက်ထိပ်လုပ်ရမည့်အကြောင်းတွေးမိသောအခါ::::3

သူများနိုင်ငံက သုံးပြီးသားဆီအကြွင်းကျန်ကို တိုးပြီးဝယ်မလားမိမိနိုင်ငံက မြေလွှတ်မြေရိုင်းတွေမှာမြေပဲစိုက်ပြီး စစ်စစ်စားမလ...
14/09/2023

သူများနိုင်ငံက သုံးပြီးသား
ဆီအကြွင်းကျန်ကို တိုးပြီးဝယ်မလား

မိမိနိုင်ငံက မြေလွှတ်မြေရိုင်းတွေမှာ
မြေပဲစိုက်ပြီး စစ်စစ်စားမလား

အသက်ငယ်သူများ သေချာလေ့လာပါ
ထွန်စက်မရှီချိန် ငါညီတို့ငယ်ငယ်က နွားနဲ့
စိုက်ပျိုးခဲ့ကြတာ ဆီကို ပြည့်လျှံလို့

ငွေမရှိရင် ဘဝရဲ့နောက်ဆုံးအချိန်ထိတောင်မျက်နှာငယ်ရတယ်။crd. Photo
14/09/2023

ငွေမရှိရင် ဘဝရဲ့နောက်ဆုံးအချိန်ထိတောင်
မျက်နှာငယ်ရတယ်။

crd. Photo

🥹ဆရာမရယ်
14/09/2023

🥹ဆရာမရယ်

iPhone 15 ထွက်ရန်၇နာရီအလိုမှာApple CEO Tim Cook ကစကားတခွန်းပြောလိုက်ပါတယ်။
14/09/2023

iPhone 15 ထွက်ရန်
၇နာရီအလိုမှာ
Apple CEO Tim Cook က
စကားတခွန်းပြောလိုက်ပါတယ်။

13/09/2023

😊💔

မှတ်ကျပါ ခလေးတေ...
13/09/2023

မှတ်ကျပါ ခလေးတေ...

11/09/2023

3CE မဆိုးချင်ဘူး
Dior တွေလည်းမဆိုးချင်ဘူး
သူများသား ရင်ဘတ်ကို လက်ကလေးနဲ့
ဖွဖွလေးထုထုပြီး မောင်နော်
မောင်နော်ဆိုပြီးပဲ ဆိုးချင်တာ ….. :'
-crd

ဘာ တနလ်ာ :3ဟုတ်လား
10/09/2023

ဘာ တနလ်ာ :3ဟုတ်လား

ဟ😑
09/09/2023

ဟ😑

ကျားကျားယားယား မိန်းမသား..... နွဲ့နွဲ့နှောင်းနှောင်း ယွကျားကောင်း 😬
07/09/2023

ကျားကျားယားယား မိန်းမသား..... နွဲ့နွဲ့နှောင်းနှောင်း ယွကျားကောင်း 😬

07/09/2023
ဇော်ဝေစိုး ဂျင်းထည့်တာခံနေရတဲ့ကောင်တွေက ငါတိုကိုလာပြီး ဂျင်းထည့်နေသေးတယ်မင်းတိုလို ငပိန်းများမှတ်နေသလား 😏မင်းတိုစာအတုကလည...
05/09/2023

ဇော်ဝေစိုး ဂျင်းထည့်တာခံနေရတဲ့ကောင်တွေက ငါတိုကိုလာပြီး ဂျင်းထည့်နေသေးတယ်

မင်းတိုလို ငပိန်းများမှတ်နေသလား 😏

မင်းတိုစာအတုကလည်း

စာအတုတောင်
သူ့လောက် စာမတုဘူး

1-9-2023 ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)မှာပြောကြားခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အမှာစကား ကေ...
05/09/2023

1-9-2023 ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)မှာပြောကြားခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အမှာစကား ကောက်နုတ်ချက်

အကြမ်းဖက်အားပေး JFM ကတောင်းဆိုလိုက်လိုထင်တယ် အာဆီယံလေတပ်ဦးစီးချုပ်တွေက အကုန်တက်ပါမယ်တဲ့ 😅
05/09/2023

အကြမ်းဖက်အားပေး JFM ကတောင်းဆိုလိုက်လိုထင်တယ် အာဆီယံလေတပ်ဦးစီးချုပ်တွေက အကုန်တက်ပါမယ်တဲ့ 😅

PDFအကြမ်းသမားများမှ အပြစ်မဲ့ အရပ်သားပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်=======================1-9-2023 ရက်နေ့က ရေကြိုမြိ...
05/09/2023

PDFအကြမ်းသမားများမှ အပြစ်မဲ့ အရပ်သားပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်

=======================

1-9-2023 ရက်နေ့က ရေကြိုမြို့ပေါ် စာသင်ကျောင်းဆောက်ပြီးပြန်လာသည့် ရဲရင့်အားမာန်ဆောက်လုပ်ရေးကုမ္ပဏီမှ ကုမ္ပဏီ၀န်ထမ်း ၅ ဦးကို ကံသစ်ကျေးရွာတောင်ဘက် ပခုက္ကူ-ရေစကြိုသွားကားလမ်းပေါ်တွင် PDFအကြမ်းဖက်ခေါင်းဆောင် ကျော်ကြီး ဦးဆောင်သောအဖွဲ့မှ ဓါးပြတိုက်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်

သေဆုံးသူများအား ရေစကြိုမြို့"ဖြူစင်"လူမှုကူညီရေးအသင်းမှ ရေစကြိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်

PDFအကြမ်းဖက်များကအပြစ်မဲ့အရပ်သားကို လက်နက်အားကိုးနဲ့ အကြမ်းဖက်သတ်ဖြတ်နေတာဟာ အရမ်းကို
ယုတ်မာအောက်တန်းကျပါတယ်

မိမိလုပ်ရပ် အကုသိုလ်အကျိုးအတိုင်းမြန်မြန်ခံစားရကြပါစေ

မှိုင်းဝေ

တစ်ပတ်တာပဒပ်မသာ
05/09/2023

တစ်ပတ်တာ
ပဒပ်မသာ

NUG လက်အောက်ခံ အကြမ်းဖက် PDF များမှအပြစ်မဲ့ပြည်သူတွေကိုရက်ရက်စက်စက်သတ်ဖြတ်တာဟာ  စစ်ရာဇဝတ်မှုကျူးလွန်တာပဲဖြစ်ပါတယ်ကမ္ဘာ့အ...
05/09/2023

NUG လက်အောက်ခံ အကြမ်းဖက် PDF များမှ
အပြစ်မဲ့ပြည်သူတွေကိုရက်ရက်စက်စက်သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာပဲဖြစ်ပါတယ်

ကမ္ဘာ့အကြမ်းဖက်သမား တာလီဘန်တွေတောင် မင်းတို NUG/PDFလောက် အောက်တန်းမကျဘူး

မင်းတိုမိသားစုတွေလည်း ဒီအဖြစ်မျိုးမကြုံရပါစေနဲ့

မျက်နှာလေတစ်ခြမ်းဖြန်းနေတဲ့ရုပ်နဲ့ KNU အဖွဲမှ စောတာနီး သိစေရန်====================================NCA စာချုပ်ကို ၂၀၁၅ ခု...
05/09/2023

မျက်နှာလေတစ်ခြမ်းဖြန်းနေတဲ့ရုပ်နဲ့ KNU အဖွဲမှ စောတာနီး သိစေရန်
====================================
NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ
အစိုးရ၊
လွှတ်တော်၊
တပ်မတော်နှင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းတွေက

ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင်
တရုတ်၊
အိန္ဒိယ၊
ဂျပန်၊
ထိုင်း စတဲ့ နိုင်ငံတွေက သံတမန်များ၊
ပြည်တွင်းအသိသက်သေများရှေ့မှောက်မှာ ခမ်းနားထည်ဝါစွာလက်မှတ်ရေး ထိုးခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်တစ်ခုဖြစ်တယ်

ဒီစာချုပ်ဟာ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပေးထားတဲ့ သမိုင်းဝင်စာချုပ် ဖြစ်တဲ့အတွက် မည်သည့်အချိန်မှပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမယ့်စာချုပ်ဖြစ်တယ်

ဒါကို ဒေါ်လာမက်ပြီး အနောက်နိုင်ငံတွေရဲ့အလိုကျ ငါ့စကားနွားရပြောနေတာတွေဟာ တော်တော်ကိုအရှက်မဲ့လွန်းတယ်
ဒီ NCA စာချုပ်ကို ပျက်ပြီပြောရအောင် မင်းကဘာစောက်ဆင့်ရှိလိုလဲ

မင်းကို အသိအမြင်အမှန်တွေရဖို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း ရဲ့ ချေးကို တစ်နေ့သုံးကြီးကျွေးရမလိုဖြစ်နေပြီ

လမ်းဘေးမှာပဲ အိပ်နေစမ်းပါ မျက်နှာလေတစ်ခြမ်းဖြန်းကောင်ရာ😏

မြိုင်မြို့ကို PDF အဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ၎င်းတို့ ဖမ်းဆီးသွားသော ဆရာမ ၉ ဦးကို လုံခြုံရေး ပူးပေါင်းအဖွဲ့က...
04/09/2023

မြိုင်မြို့ကို PDF အဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ၎င်းတို့ ဖမ်းဆီးသွားသော ဆရာမ ၉ ဦးကို လုံခြုံရေး ပူးပေါင်းအဖွဲ့က ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။

နိုင်ငံ့အနာဂတ်လူငယ်တွေအတွက် အရေးကြီးလိုဂရုစိုက်ဖတ်ပေးစေချင်ပါတယ်။အစိုးရနဲ့ပြည်သူဆိုတာ မိဘနဲ့ သားသမီးပါပဲ။ နစကဟာ အခုဆိုရင...
04/09/2023

နိုင်ငံ့အနာဂတ်လူငယ်တွေအတွက် အရေးကြီးလိုဂရုစိုက်ဖတ်ပေးစေချင်ပါတယ်။
အစိုးရနဲ့ပြည်သူဆိုတာ မိဘနဲ့ သားသမီးပါပဲ။

နစကဟာ အခုဆိုရင် မိဘနေရာရောက်နေပါတယ်။ မိဘကို အထင်လွဲ မုန်းတီးနေတဲ့ကလေးတွေကို သူတို့လိုအပ်နေတဲ့အရာလေးတွေ ဖြည့်စည်းပေးပြီး ချစ်လာစေချင်ပါတယ်။

နိုင်ငံက ကလေးတွေကို တိုးတက်လာတဲ့ခေတ်နဲ့ မျက်ခြေမပျက်စေပဲ Professional Career အဖြစ် ကမ္ဘာ့ထိပ်တန်း E sports အသင်းတွေမှာ ဆော့ကစားနိုင်အောင် ပြုစုပျိုးထောင်ပေးစေချင်တာပါ။

အခု ရိုမေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ IESF International Dota 2 ပြိုင်ပွဲမှာ ကျတော်တို မြန်မာကိုယ်စားပြု ကလေးတွေ ပါဝင်ယှဉ်ပြိုင်နေပါတယ်။
IESF မှာ ကမ္ဘာတဝှမ်းက ပါဝင်ယှဉ်ပြိုင်တဲ့အသင်းက ၁၆ သင်းရှိပါတယ်။
မြန်မာ Dota 2 အသင်းဟာ အုပ်စုမှာ ယူကရိန်း၊ ဖိလစ်ပိုင် ၊အီကွေဒေါ၊ ရှံးထွက်အဆင့်မှာ အမေရိကန်၊ ဂျော်ဒန်၊ ကာဂျစ်စတန် အစရှိတဲ့ အသင်းတွေကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး အခု နောက်ဆုံး Grand Final မှာ မွန်ဂို အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
Dota ဆိုတာ လေ့ကျင့်မှု ဖြတ်ထိုးဥာဏ် နည်းဗျူဟာနဲ့ တစ်ဦးချင်းကျွမ်းကျင်မှု အသင်းလိုက်နားလည်မှု အသုံးပြုပြီး ဥာဏ်ရည်ချင်းယှဉ်ပြိုင်ကစားရတဲ့ esports game တစ်မျိုးပါ။ ကျတော်တိုနိုင်ငံက ကာယအားပြုကစားရတဲ့ အားကစားနည်းတွေမှာ အတော်နောက်ကျနေခဲ့ပါပြီ ဒါပေမယ့် အခု ဥာဏ်ရည်သုံးပြီးကစားရတဲ့ Dota ဂိမ်းမှာ မြန်မာက ကလေးတွေ ကမ္ဘာ့အဆင့်မှီ စတင်ထိုးဖောက်နေရတာ တွေ့ရတာ အရာရာမှာနောက်ကျကျန်ခဲ့တဲ့ ကျတော်တို နိုင်ငံအတွက် အားတက်ပျော်ရွှင်စရာပါ။
IESF ပြိုင်ပွဲက ပထမဆုက $50000, ဒုတိယဆုက $30000ပါ။ မြန်မာအသင်းက final ရောက်သွားပြီဆိုတော့ အနည်းဆုံး ဒုတိယဆုကတော့ သေချာနေပါပြီ။ပထမဆုရခဲ့ရင် နိုင်ငံသားအားလုံး အတိုင်းထက်အလွန်ပျော်ရွှင်ရမှာပါ။
ဒီကလေးတွေကို သေချာ အသိအမှတ်ပြု ဂရုစိုက် အားပေးဖို မိဘဖြစ်တဲ့ အစိုးရမှာတာဝန်ရှိလာပါပြီ။ ဒီကလေး တွေက အခုမှ အသက် ၁၈၊၁၉၊၂၀ အဲ့ဒီဝန်းကျင်လေးတွေပဲရှိပါသေးတယ်။ အခုတောင် ဒီလောက်လုပ်ပြနေတာ ထောက်ပံ့မှုကောင်းကောင်းနဲ့ဆို
မြန်မာဆိုတာ ဘာလဲဆိုတာ ကမ္ဘာသိအောင် လုပ်ပြပါလိမ့်မယ်။
ဒီကလေးတွေက Local အခြေစိုက် YG ဆိုတဲ့အသင်းကပါ။ ကမ္ဘာ့အဆင့်မှာ YG က Tier 3 ပါ။ ဘောလုံးလိုပြောရရင် တတိယတန်းပေါ့။ Tier 1 အသင်းတွေ ယှဉ်ပြိုင်ကစားရတဲ့ Ti လိုခေါ်တဲ့ International Dota ပြိုင်ပွဲကြီးဟာ Total Prize Pool $18-40 million လောက် ရှိပါတယ်။ ကမ္ဘာမှာ ဆုကြေးငွေအများဆုံး E sports ပြိုင်ပွဲကြီးပါ။ ပထမရတဲ့ အသင်းက Total Prize pool ရဲ့ 40% လောက်ကိုရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကလေးတွေ အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ ကာဂျစ်စတန်က player တစ်ယောက်ဟာ 2022 Ti လို ပြိုင်ပွဲမှာ ဒုတိယဆု ရခဲ့တဲ့ အသင်းကပါ။ အဲ့တော့ ငယ်ရွယ်နုပျိုနေတဲ့ ကျတော်တို မြန်မာက ကလေးတွေရဲ့ အလားအလာကို မှန်းကြည့်စေချင်ပါတယ်။ ကျားကို အတောင်ပံတပ်ပေးဖို လိုနေပါပြီ။ ဒီကောင်လေးတွေကို Ti လိုပြိုင်ပွဲတွေအထိရောက်အောင် အားပေးသင့်ပါတယ်။

E sports ဆိုတာ ဘောလုံးအားကစားနည်းလို Infrastructure တွေအများကြီးလုပ်ပေးစရာမလိုပါဘူး။
ဒီ IESF Dota ပြိုင်ပွဲမှာ ဖိုင်နယ် ရောက်နေတဲ့ ကလေးတွေ ပထမဆု ရသည်ဖြစ်စေ ဒုတိယဆို ရသည်ဖြစ်စေ
ဆုကြေးငွေ ထိုက်ထိုက်တန်တန် ချီးမြင့်ပေးဖိုပဲလိုတာပါ။
နိုင်ငံအစိုးရပိုင် မီဒီယာတွေကတဆင့် ဖော်ပြပြီး သေချာလေး အသိအမှတ်ပြုပေးစေချင်ပါတယ်။

ဒီကလေးတွေကို အတုယူပြီး ကျန်တဲ့ကလေးတွေလည်း ကြိုးစားပြီး အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ်ရပ်တည်လိုရတဲ့ E sports တွေမှာ အောင်မြင်ဖြစ်ထွန်းစေချင်တာပါ။

ဝါသနာနဲ့ အလုပ်ထပ်တူကျတဲ့ ဘဝဟာ ပျော်ရွှင်စရာအကောင်းဆုံးပါ။

ပြည်တွင်းမှာလည်း အားကစားဝန်ကြီးဠာနကနေကြီးမှူးပြီး Dota, PUBG, MLBB အစရှိတဲ့ E sports တွေ ကျင်းပပေးမယ်ဆိုရင် ရွက်ပုန်းသီး လူငယ်လေးတွေ အများကြီး ပေါ်ထွန်းလာမှာပါ။

နောက်ဆုံးအကြံပေးချင်တာက
ကလေးတွေကို မိဘက ပျော်အောင်ထားပါ။
ပျော်တဲ့ ကလေးဟာ တော်လာဖို များပါတယ်။

လေးစားစွာဖြင့်
Jack

မင်းတိုက မဟုတ်တော့ဘူးကွ😏တပ်မတော်သားတွေ/တပ်မိသားစုဝင်တွေကို မုန့်ဖိုးလေးတွေပေးချင်လို အပျော်သဘောနဲ့  TitTok ပြိုင်ပွဲလေးလ...
04/09/2023

မင်းတိုက မဟုတ်တော့ဘူးကွ😏

တပ်မတော်သားတွေ/တပ်မိသားစုဝင်တွေကို မုန့်ဖိုးလေးတွေပေးချင်လို အပျော်သဘောနဲ့ TitTok ပြိုင်ပွဲလေးလုပ်ကြတာကို မင်းတိုက ဘာတွေကြောက်နေကြတာလဲ..?

ဘာလဲ မင်းတိုမပြိုင်ရလို စိတ်ဆိုးတာလား..?
မုန့်ဖိုးလိုချင်တာလား..😏😏😏

လိုချင်ရင် ဝင်ပြိုင်လေ မုန့်ဖိုးရမယ် 😆

အရာတော်မြိုနယ်၊ ကျေးရွာ (၄)ရွာမှ NLD အစွန်းရောက် PDF အကြမ်းဖက်သမား စာရင်း===================================အရာတော်မြိုန...
04/09/2023

အရာတော်မြိုနယ်၊ ကျေးရွာ (၄)ရွာမှ NLD အစွန်းရောက် PDF အကြမ်းဖက်သမား စာရင်း
===================================

အရာတော်မြိုနယ်တွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ တာဝန်သိ ပြည်သူတစ်ဦးက PDF အကြမ်းဖက်အဖွဲဝင်များကို ဖမ်းဆီးပြီး တာဝန်ရှိသူများထံ အပ်နှံပေးခဲ့သည်။ တာဝန်ရှိသူများက အကြမ်းဖက်သမားထံမှ လာဘ်လာဘ ရယူ၍ ပြန်လွှတ်ပေးလိုက်ရာ အကြမ်းဖက်သမားကို ဖမ်းဆီးပေးခဲ့သူနှင့် ဖခင် ဖြစ်သူတိုမှာ PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။
ထိုအပြင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များက ဆောင်ရွက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲဝင်များ နယ်မြေရှင်းလင်းရေး ထွက်မည်ဆိုသည်နှင့် တပြိုင်နက် ဖရဲသီးက NLD လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင်များထံ ကြိုတင်ဆက်သွယ် သတင်းပေးပို၍ တိမ်းရှောင်းခိုင်းပါသည်။ ထိုသိုသော အခြေအနေကြောင့် လုံခြုံရေးတပ်ဖွဲဝင်များ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း၊ မိုင်းဆွဲခံရခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲဝင်များ အထူးသတိပြုဆင်ခြင်နိုင်ပါရန် တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ဒေသခံပြည်သူများ၏ ဆက်သွယ်ပေးပိုချက်ကို ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။
(အရာတော်မြိုနယ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေကို အကြမ်းဖက်နှိမ်နင်းရေး Call Centre သို ဒေသခံပြည်သူများက ဆက်သွယ်၍ သတင်းပေးပိုခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။)

2-9-2023 ရက်နေ့ ကန့်ဘလူမြိုနယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲဝင်များသည် ဇလုပ်ကြီးချောင်းနားအ ရောက်တွင် မိုင...
04/09/2023

2-9-2023 ရက်နေ့ ကန့်ဘလူမြိုနယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲဝင်များသည် ဇလုပ်ကြီးချောင်းနားအ ရောက်တွင် မိုင်းထောင်ရန်ပြုလုပ်နေသည့် PDF အကြမ်းဖက်သမားမျာအား ပစ်ခတ် ဖမ်းဆီးရာ

-PDF အကြမ်းဖက် ၂ လောင်း
- လက်လုပ်သေနတ်(အတို) ၁ လက်
-ပွိင့်၂၂ ကျည် ၂၈ တောင့်တိုအား သိမ်းဆည်းရမိ ခဲ့

အေးသာယာ/ ညောင်ရွှေ/ ရပ်စောက်/ အောင်ပန်း/ဟဲဟိုးတိုတွင် စားသုံးဆီများ ရောင်းချမှုသတင်း=============================စက်တင်ဘ...
04/09/2023

အေးသာယာ/ ညောင်ရွှေ/ ရပ်စောက်/ အောင်ပန်း/ဟဲဟိုးတိုတွင် စားသုံးဆီများ ရောင်းချမှုသတင်း
=============================
စက်တင်ဘ ၃
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဦးဆောင်မှုဖြင့် ဝယ်ယူရရှိသော စားသုံးဆီများအား စက်တင်ဘာ ၂ ရက်နေ့တွင် အေးသာယာမြို၊ ရပ်ကွက်(၁၂)၊ စက်မှုဇုံလမ်း၌ စားအုန်းဆီလူတစ်ဦးလျင် (၁)ပိဿာ(၅၀၀၀)ကျပ်နှုန်း၊။
ဟဲဟိုးမြိုတွင်လူတစ်ဦးလျင် (၁)ပိဿာ(၄၈၀၀)ကျပ်နှုန်းဖြင့် ‌ရောင်းချပေးခဲ့ကြောင်း၊
အောင်ပန်းမြိုတွင် ရွာငံစုရပ်ကွက်၊ မြိုမပြင်သာကျောင်းဘေးတွင် လူတစ်ဦးလျင်(၁)ပိဿာ (၄၅၀၀)ကျပ်။
ညောင်ရွှေ မြိုနယ်တွင် ညောင်ဝန်းနှင့် လင်းကင်းကျေးရွာ၊ ခေါင်တိုင်ဈေးတောင်နှင့် ဈေးမြောက်ကျေးရွာ၊တောင်ပိုကြီး ကျေးရွာ ၊ ဘုရားနီ၊ သန်းတောင်၊ တောင်ကြားထဲနှင့် တောင်ကြားပြင်ကျေးရွာ၊(၁)ပိဿာ (၄၈၀၀) ကျပ်နှုန်းဖြင့် ညောင်ရွှေမြို၊ ကံသာရပ်ကွက်နှင့်လယ်ခြေကျေးရွာ၌ ရောင်းချပေးခဲ့ကြောင်း။
ရပ်စောက်မြို၊ ဈေးတန်းရပ်ကွက်ရှိ မြိုလယ်နာရီစင်အနီးတွင် ရွှေထိပ် တန်းကုန်စုံဆိုင် ဂိုဒေါင်၌ စားအုန်းဆီ(၄၂)ကျပ်သားပါဗူးတစ်ဗူးအား ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
#ရွှေနေကြာ

တပ်ပျက်နေတဲ့ KNUတပ်မဟာ ၄ နယ်မြေအတွင်းမှ တပ်သားသစ်စုဆောင်းခြင်းအား ကြေးနန်းစာထုတ်၍ တပ်မဟာ (၄) ကန့်ကွက် ****KNU တပ်မဟာ ၄ အ...
04/09/2023

တပ်ပျက်နေတဲ့ KNU

တပ်မဟာ ၄ နယ်မြေအတွင်းမှ တပ်သားသစ်စုဆောင်းခြင်းအား ကြေးနန်းစာထုတ်၍ တပ်မဟာ (၄) ကန့်ကွက်
****
KNU တပ်မဟာ ၄ အနေနဲ့ အခြားတပ်မဟာများမှ သူတိုတပ်မဟာကို လာရောက်ပြီး တပ်သားစုဆောင်းပြီး ကြီးစိုးနေတဲ့ လုပ်ရအား ကျေနပ်မှုမရှိပဲ ကြေးနန်းနဲ့ KNUဗဟိုကော်မတီ၊ KNLAစစ်ဦးစီးရုံးနဲ့ တပ်မဟာ အသီးသီးကို ကြေးနန်းနဲ့ ကန့်ကွက်စာ ပေးပိုခဲ့တယ်လို သိရပါတယ်..
ကန့်ကွက်စာထဲမှာ..

"အကြောင်းအရာ။ တပ်မဟာ ၄ မှ အသိပေးခြင်း။

တပ်မဟာ ၄ ထဲမှာ အခြားတပ်မဟာတွေ လာပြီးကြီးစိုးနေတယ်..မောကလိုးရွာနဲ့ မူးကေရွာထဲကို ဖောက်ခွဲရေးသမား ရန်နိုင်နဲ့ မူးဂေတို လာနေကြတယ်..တစ်ရွာပြီး တစ်ရွာဝင်ထွက်ပြီး စစ်သား အယောက် ၃၀ စုဆောင်းနေတယ်..ရွာသားတွေ စစ်သားမလုပ်ချင်တာကို အတင်းမဲနှိက်ခိုင်းပြီး ဇွတ်လုပ်ခိုင်းနေတယ်..ဒီအဖြစ်မျိုး တပ်မဟာ ၄ ထဲမှာ မကြုံဖူးဘူး..တပ်မဟာ ၄ မှာ စစ်သား စုဆောင်းတာ မရှိခဲ့ဘူး..ကလေးတွေကို စုဆောင်းပြီး PDF လုပ်ခိုင်းနေတာ ငါတိုအနေနဲ့ သဘောမတွေ့ဘူး..ဒီအချိန်ကစပြီး ငါတိုတပ်မဟာထဲမှာ သင်တိုကို အလိုမရှိတော့ပါ..မီဒီယာများလည်း သေချာနားထောင်စေချင်တယ်..ကျန်တဲ့နေရာတွေမှာနေဖူးပြီး တပ်မဟာ ၄ ကို အပုပ်မချပါနဲ့..တပ်မဟာ ၄ အခြေအနေသိချင်ရင် တပ်မဟာ ၄ ထဲကို လာကြည့်ပါ..အခြေအနေမှန်ကို သိရမယ်"ဟု ရေးသားပေးပိုထားပါတယ်..
KNU မှ NUG အား မျက်နှာလုပ်ကာ ငွေရလိုသော ရည်ရွယ်ချက်ဖြင့် တပ်သားစုဆောင်းပေးခြင်းဖြစ်ကြောင်း အတွင်းသတင်းအရ စုံစမ်း သိရှိရပါသည်။
သိုသော် ယခုကိစ္စရပ်အား တပ်မဟာ ၄ မှ လက်သင့်မခံပဲ ကြေးနန်းစာထုတ်၍ မောင်းထုတ်ခဲ့မှုအပေါ် အခြားတပ်မဟာများမှ စိတ်ဆိုးဒေါသထွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Saw Ba Maung

စက်တင်ဘာလ၂ရက်နေ့၊ နေ့လည် ၁၂ နာရီခန့်က PDFအကြမ်းဖက် အင်အား ၃၀ခန့်မှ မကွေးတိုင်း၊ မြိုင်မြိုနယ်၊ ရဲတပ်ဖွဲမှူးရုံးကို လက်နက...
04/09/2023

စက်တင်ဘာလ၂ရက်နေ့၊ နေ့လည် ၁၂ နာရီခန့်က PDFအကြမ်းဖက် အင်အား ၃၀ခန့်မှ မကွေးတိုင်း၊ မြိုင်မြိုနယ်၊ ရဲတပ်ဖွဲမှူးရုံးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲဝင်များက ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သမားများမှ တောင်ဘက်သိုဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်....

အကြမ်းဖက်သမားများရဲ့ပစ်ခတ်မှုကြောင့် မြိုနယ်ရဲတပ်ဖွဲမှူးရုံးအတွင်းရှိ လူနှင့်အဆောက်အဦများ ထိခိုက်ဆုံးရှုးမှုမရှိကြောင်းသိရပါတယ်..

ဆုတ်ခွာသွားတဲ့ PDFအကြမ်းဖက်သမားများက မြိုတွင်းရှိ အလက(၃) မြိုင်မှကျောင်းဆရာ/ဆရာမ၉ဦးအား ကံကြီးကျေးရွာဘက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်...

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော‌ ကျောင်းဆရာ/ဆရာမများအားပြန်လည်ကယ်ဆယ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များမှ ဆုတ်ခွာသွားသည့် အကြမ်းဖက်သမားများနောက်သို ထပ်ကြပ်လိုက်လံရှင်းလင်းခဲ့ရာ ကံကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် PDF အကြမ်းဖက်အဖွဲက ကျောင်းဆရာ/ ဆရာမ ၉ဦးအား CDM ပြုလုပ်ရန်၊ က‌လေး များအား စာမသင်ကြားရန်နှင့် CDMမပြုလုပ်ပါက ဒလန်အဖြစ်သတ် မှတ်ပြီး သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်...

တပ်ပျက်နေပြီဟေ့ 😏NUG ကကောင်တွေက အလှူလေးခံလိုက်ရသမျှငွေလေး သုံးဖြုန်းလိုက်ငွေများများ မရှာပေးနိုင်တဲ့ကောင်တွေဆိုရင် ထုတ်ပ...
04/09/2023

တပ်ပျက်နေပြီဟေ့ 😏

NUG ကကောင်တွေက
အလှူလေးခံလိုက်
ရသမျှငွေလေး သုံးဖြုန်းလိုက်
ငွေများများ မရှာပေးနိုင်တဲ့ကောင်တွေဆိုရင် ထုတ်ပယ်လိုက်နဲ့ ဟုတ်နေတာပဲ

ပဒက်တွေကတော့
မြေပြင်မှာ သေလည်း သေသေးတယ်

NUGအဖွဲက ထုတ်တာလဲခံရနဲ့

မင်းတိုဘဝကြီးကလည်းကွာ😅😅

မှိင်းဝေ

အဲဒီတော့ အာဆီယံက ဘာပြန်ပြောတုန်း 😏
04/09/2023

အဲဒီတော့ အာဆီယံက ဘာပြန်ပြောတုန်း 😏

မွန်ပြည်နယ်၊ ရေးမြိုနယ်တွင် စစ်အင်အား ဖြည့်တင်းနေသည့် ရေးမြိုနယ် ခလရ ၆၁ ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ စစ်...
04/09/2023

မွန်ပြည်နယ်၊ ရေးမြိုနယ်တွင် စစ်အင်အား ဖြည့်တင်းနေသည့် ရေးမြိုနယ် ခလရ ၆၁ ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ စစ်တပ်အတွင်း လူနာတင်ကား ၂ စီးဖြင့် ဒဏ်ရာရသူများကို သယ်ထုတ်သွားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်..တဲ့
ဟာသပဲ..
ဒါကို ခွေးသစ်က ဂုဏ်ယူဝံ့ကြွားစွာ တင်ထားသေးတယ်..
ခွေးသစ်ကို စောက်ပေါ မီဒီညာလို အဲ့ဒါကြောင့် ခေါ်တာ..
နိုင်ငံခြားက လေလှိင်းအစိုးရ NUG ကောင်တွေ သတင်းထုတ်တာလည်း ယုံနေတာပဲ..
သတင်းမှန်/မမှန် လည်း သေချာမစုံစမ်းဘူး..
ဖြစ်စဥ် ရှိ/မရှိလည်း မလေ့လာဘူး..
မနေ့က ရေးဘက်မှာ ဘာတိုက်ပွဲ ဘာဖြစ်စဥ်မှ မရှိဘူး 😏

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲအနေဖြင့် KIA အဖွဲအား မကျေနပ်၍ လူမျိုးရေးအမုန်းထားကာ နမ့်ဖက်ကာ၊ ကချင်အများစုနေထိုင်သည့်ရွာ...
04/09/2023

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲအနေဖြင့် KIA အဖွဲအား မကျေနပ်၍ လူမျိုးရေးအမုန်းထားကာ နမ့်ဖက်ကာ၊ ကချင်အများစုနေထိုင်သည့်ရွာအတွင်းသို လက်နက်ကြီးဖြင့်

၂၀၂၃ ဩဂုတ် ၃၀ ရက်နေ့တွင်တစ်ကြိမ်၊
စက်တင်ဘာ ၁ ရက်နေ့တွင်တစ်ကြိမ်
စုစုပေါင်းပေါင်းနှစ်ကြိမ်ပစ်ခတ်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသား/သူတချို ထိခိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့ပါတယ်

ဒီလို TNLAအဖွဲရဲ့ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ကချင်တိုင်းရင်းသားပြည်သူများကို
နယ်မြေခံတပ်မတော်စစ်ကြောင်းမှူးများမှ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည့်ထောက်ပံ့ကူညီမှုများပေးခဲ့ကြောင်းသိရ

မင်းနဲ့ဝေးချင်ပြီ 🫠
04/09/2023

မင်းနဲ့ဝေးချင်ပြီ 🫠

တိုယိုတာကား ထုတ်လုပ်မှု မြန်မာမှာစတင်***********************************တိုယိုတာမော်တာသည် မြန်မာနိုင်ငံ၊ ရန်ကုန်အနီးမှာရ...
12/10/2022

တိုယိုတာကား ထုတ်လုပ်မှု မြန်မာမှာစတင်
***********************************
တိုယိုတာမော်တာသည် မြန်မာနိုင်ငံ၊
ရန်ကုန်အနီးမှာရှိတဲ့ တိုယိုတာမော်တော်ကား
တပ်ဆင်စက်ရုံ စတင်လည်ပတ်နေပြီလို့ Nikkei
သတင်းမှာ ယမန်နေ့(အောက်တိုဘာ ၁၁ ရက်)က
ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းရှိ သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီများတင်ဆောင်လာသည့် MT Yu Yi သင်္ဘောများ ယခု ရက်ပိုင်းအတွင်း ထပ်မံဆိုက်ကပ်၍ ဆ...
11/10/2022

ရန်ကုန်တိုင်းရှိ သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီများတင်ဆောင်လာသည့် MT Yu Yi သင်္ဘောများ ယခု ရက်ပိုင်းအတွင်း ထပ်မံဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

သီလဝါဆိပ်ကမ်းသို့ ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၉ ဂါလန်သန်းတင် ဆောင်လာသည့် MT Aulac Vision သင်္ဘောနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆ ဂါ လန်သန်းနှင့်ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၈၆ ဂါလန်သန်းတင်ဆောင်လာသည့် MT Yu Yi သင်္ဘောများ ထပ်မံဆိုက်ကပ်လာမည်ဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်ကလည်း MT YU D**G သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၀၂ ဂါလန်သန်းနှင့်ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန် သန်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၁၄ ဂါလန် သန်းတို့အား ဆီချလုပ်ငန်းများဆောင်ရွက်ခဲ့သဖြင့် စက်သုံးဆီလက်ကျန်အခြေအနေအရ ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။

ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ ယခုရက်သတ္တပတ်အတွင်း မြင့်တက်လာခဲ့သဖြင့် ပြည်တွင်း၌စက်သုံးဆီစျေးနှုန်းများအနည်းငယ်မြင့်တက်လာခဲ့သည်ဟု စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

စက်တင်ဘာလအတွင်းကလည်း သီလဝါဆိပ် ကမ်း၌ ပထမအကြိမ် ဆီဂါလံ စုစုပေါင်း ၂၄၆ ဒသမ ၁၄ သန်း၊ စက်တင်ဘာ ၂၅ ရက်က ဆီဂါလံ စုစုပေါင်း ၆ သန်းကျော်၊ စက်တင်ဘာလ ၂၈ ရက်တွင်လည်း ဆီဂါလံ စုစုပေါင်း ၈ သန်းကျော်ဆီချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ပိုမိုရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်များအားစိစစ်၍ ရေနံနှင့်ရေနံထွက်ပ စ္စည်းဆိုင်ရာဥပဒေ (၂၀၁၇)အရ အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းနှင့်ပြည်နယ်များရှိ ကုမ္ပဏီပိုင်စက်သုံးဆီအရောင်းဆိုင်များနှင့်ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များထံ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် အချိန်မီပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိသော်လည်း ယခင်ရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်း၊မုံရွာမြို့ နယ်ရှိ မြောင်စက်သုံးဆီအရောင်းဆိုင်သို့ အရေးပေါ် စက်သုံးဆီပို့ဆောင်စဉ် မြောင်-ပရိမ္မလမ်းပိုင်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ စက်သုံးဆီတင်ယာဉ်၊ယာဉ်မောင်း၊ယာဉ်နောက်လိုက်များအားဖမ်းဆီးခေါ်ဆောင်သွား၍ သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များသို့ အချိန်မီရောက်ရှိနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

crd

Nord Stream ပိုက်လိုင်းတွေကို ဘယ်သူဖျက်ဆီးသလဲ11/10/2022 10:21 np==============================စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဒိန...
11/10/2022

Nord Stream ပိုက်လိုင်းတွေကို ဘယ်သူဖျက်ဆီးသလဲ
11/10/2022 10:21 np
==============================

စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဒိန်းမတ် မြေငလျင်တိုင်းတာရေးဌာနက မြေကြီးတုန်ခါမှုနှစ်ခုကို မှတ်တမ်းတင်ခဲ့ တယ်။ တစ်ခုက ဒေသစံတော်ချိန် ၂ နာရီမှာဖြစ်ပြီး နောက်တစ်ခုက ညပိုင်း ၇ နာရီမှာပါ။ ချက်ခြင်းဆိုသလိုပဲ ဓါတ်ငွေ့ပိုက်လိုင်းတွေမှာ ဖိအားလျော့ကျသွားတာကို ဂျာမဏီနိုင်ငံကလည်း သတိပြုမိလိုက်ပါတယ်။

ဒိန်းမတ်အစိုးရက F-16 ကြားဖြတ်တိုက်လေယာဉ်တွေစေလွှတ်ပြီး စုံစမ်းစစ်ဆေးတဲ့အခါ ပင်လယ်ရေပြင်မှာ ဓါတ်ငွေ့တွေ ပွက်ထနေတာကိုတွေ့ခဲ့ရတယ်။ နောက်တော့ တုန်ခါလှုပ်ရှားမှုဖြစ်တဲ့ဗဟိုချက်နေရာဟာ အဲဒီ ဓါတ်ငွေ့ယိုထွက်တဲ့နေရာ အနီးမှာပဲဆိုတာကို မြေငလျင်တိုင်းတာရေးစခန်းက အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် ဒိန်းမတ်နဲ့ ဆွီဒင်နိုင်ငံတွေက Absalon ဆိုတဲ့ စစ်ရေယာဉ်အပါအဝင် စစ်ရေယာဉ်တွေစေလွှတ်ပြီး ဖြစ်ပွားတဲ့နေရာ ကို အရပ်ဖက်သင်္ဘောများ ရှောင်ကွင်းသွားနှိုင်စေဖို့ သတိပေးတားမြစ်တာတွေလုပ်ခဲ့ပါတယ်။

နေတိုးအဖွဲ့စည်းမျဉ်းရဲ့ အပိုဒ် ၅ မှာ တစ်နိုင်ငံကို တိုက်ခိုက်ရင်၊ အားလုံးကိုတိုက်ခိုက်တာပဲလို့မှတ်ယူမယ်ဆိုတဲ့ ပြဌာန်းချက်ပါရှိပါတယ်။ အခုဖြစ်ပွားတဲ့နေရာတွေက ဒိန်းမတ်ပိုင် ဘွန်းဟုမ်း Bornholm ကျွန်းနဲ့နီးပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာက ဒိန်းမတ်နိုင်ငံရဲ့စီးပွားရေးဇုန်အတွင်းဖြစ်ခဲ့တာပါ။ သူ့ရေပြင်ပိုင်နက်ထဲ တော့မဟုတ်ပါ ဘူး။ ဒါကြောင့် အပိုဒ် ၅ နဲ့တော့ မငြိစွန်းဘူးလို့ဆိုနိုင်ပါတယ်။ နောက်ပေါက်ကွဲမှုတစ် ခုက ဆွီဒင်စီးပွားရေး ဇုန်ထဲမှာ ဖြစ်ပွားတာဖြစ်ပြီး သူ့ရဲ့ရေပြင်ပိုင်နက်ထဲမှာ မဟုတ်ပါဘူး။ နောက်တချက်က ဆွီဒင်ဟာ ယနေ့ထိ နေတိုး အဖွဲ့ဝင်မဖြစ်သေးပါဘူး။ ဒါကြောင့် ဒီပေါက်ကွဲမှုနှစ်ခုလုံးဟာ နေတိုးအဖွဲ့ရဲ့စည်းမျဉ် အပိုဒ် ၅ နဲ့ လုံးဝ မညိစွန်း တာ သေချာပါတယ်။

ဒီပိုက်လိုင်းတွေကို ရုရှားဂက်စ်ပရွန်း Gazprom ကုမ္ပဏီက အဓိကပိုင်ဆိုင်ပါတယ်။ ဂျာမဏီ၊ ဒတ်ချ်နဲ့ ပြင်သစ် ကုမ္ပဏီတွေက ရှယ်ယာတချို့ပိုင်ပါတယ်။ ပိုက်လိုင်းနှစ်ခုလုံးက ပြဿနာဖြစ်တဲ့ကာလမှာ လုပ်ငန်းတာဝန်ထမ်း ဆောင်ခြင်းမရှိပေ။

ရုရှားနိုင်ငံက နော့စထရင်း ၁ ကနေ ပို့ဆောင်မှုကို စက်တင်ဘာလ ၂ ရက်နေ့မှာ စတင်ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါတယ်။ တရားဝင်ပြောတဲ့အကြောင်းပြချက်ကတော့ “စီးပွားရေးပိတ်ဆို့အရေးယူမှုခံရလို့၊ ဖြေရှင်းလို့မရတဲ့ နည်းပညာ ပြဿနာတွေရှိနေတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ အနောက်တိုင်းကတော့ ဒီအကြောင်းပြချက်ကို လက်မခံပါ ဘူး။ ဂျာမဏီကို ဆောင်းတွင်းမှာ အအေးဒဏ်ခံရအောင်နဲ့ နေတိုးမဟာမိတ်အဖွဲ့ရဲ့စည်းလုံးညီညွတ်မှုကို ပြိုကွဲ‌ အောင်လုပ်တာသက်သက်ပဲလို့ စွပ်စွဲပါတယ်။

နော့စထရင်း ၂ ပိုက်လိုင်းက အသစ်ဖြစ်ပြီးတော့ ပို့ဆောင်မှုတွေကို ၂ဝ၂၂ ခုနှစ်မှာ စတင်ဖို့ဖြစ်ပါတယ်။ ဒါ‌ပေမဲ့ ရုရှားက ယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဂျာမဏီက အဲဒီပိုက်လိုင်းက ဓါတ်ငွေ့ပို့တာကို လက်မခံပါ ဘူး။ ဓါတ်ငွေ့ပို့လွှတ်တာမရှိဘူးဆိုပေမယ့်လည်း ရုရှားက ပိုက်လိုင်းတွေကို ဖိအားသွင်းထားတဲ့အတွက် ဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်ပါတယ်။ ရေအောက်ပေါက်ကွဲမှုတွေကြောင့် ဒီဧရာမ သံမဏိပိုက်လိုင်းကြီးတွေမှာ ပျက်စီးမှုတွေဖြစ် တယ်။ မြေလွှာတုန်ခါမှုတွေဟာ သမရိုးကျငလျင်တွေနဲ့ မတူညီပါဘူး။ ဒီဖြစ်ရပ်ဟာ မတော်တဆဆိုတာတော့ လုံးဝ မဟုတ်နိုင်ပါ။ နော့စထရင်း ၁ နဲ့ နော့စထရင်း ၂ တို့ဟာ သီးခြားစီတည်ရှိတဲ့ ပိုက်လိုင်းနှစ်ခုပါ။

ဒီဖောက်ခွဲမှုတွေလုပ်ဖို့အတွက် စစ်ဖက်သုံးရေယာဉ်ရှိမှ ဖြစ်တာမဟုတ်ပါဘူး။ ရိုးရိုးအရပ်သုံး ရေယာဉ်တစ်စီးစီးက ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာပြီး လူကရေအောက်ဆင်းပြီး ဖောက်ခွဲရင်လည်းဖြစ်နိုင်တာပါပဲ။ သဘာဝ ပတ်ဝန်းကျင်ပျက်စီးတာကိုထည့်မတွက်ဘဲပြောမယ်ဆိုရင်တောင် ဒီပျက်စီးမှုက အတော့်ကိုကြီးမားပါတယ်။ ချက်ချင်းပြင်ဆင်မှုတွေ မလုပ်နှိုင်ဘူးဆိုရင် ပင်လယ်ရေနဲ့ထိတွေ့တဲ့ ဒီပိုက်လိုင်းအတွင်းသားတွေဟာ လုံးဝ သုံးမရ အောင်ဖြစ်သွားနိုင်ပါတယ်။ နော့ဒ်စထရင်း ၁ ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံတန်ပါတယ်။ Nord Stream-2 ရဲ့တန်ဖိုးက ၁၁ ဘီလျံဒေါ်လာ လောက်ရှိပါတယ်။ ဒါက လုံးဝ အရင်းအစား ပြန်မရနှိုင်တဲ့ဆုံးရှုံးမှုပါ။

ဒီလိုအတိုက်ခိုက်ခံရမှုမျိုးကြုံရနိုင်တယ်လို့ စီအိုင်အေက ဂျာမဏီကို သတိပေးကြောင်း ဒီမတိုင်ခင် သီတင်းပတ် အချို့က ဂျာမန်အပတ်စဉ် မဂ္ဂဇင်း ဒါစပီဂယ် က ရေးပါတယ်။

ဒီလို အဖျက်အမှောင့်လုပ်ငန်းကို ဘယ်သူတွေလုပ်ချင်ကြမလဲ စဉ်းစားကြည့်ကြရအောင်။

(၁) ရုရှား အစိုးရလား။
ရုရှားက ယူကရိန်းကျူးကျော်စစ်ပွဲကို စတင်တိုက်ခိုက်ခဲ့သူဖြစ်သလို၊ Nord Stream-1 ပိုက်လိုင်းက ဓါတ်ငွေ့ ပို့လွှတ်မှုကိုလည်း စက်တင်ဘာလ ၂ ရက်ကတည်းက ပိတ်ချလိုက်ပြီးဖြစ်ပါတယ်။ ရှေ့တန်း စစ်မျက်နှာကို ပို့လွှတ် ဖို့ စစ်သားထောင်ပေါင်းများစွာကိုလည်း စစ်မှုမထမ်းမနေရ ဥပဒေအရ ဆင့်ခေါ်ထားတယ်။ ဒါကြောင့် လူတော် တော်များများက ပူတင်အစိုးရအနေနဲ့ ဒီလိုအဖျက်လုပ်ရပ်မှာ တာဝန်ရှိတယ်လို့ ထင်ကြတာဟာ သိပ်တော့ မထူးဆန်းလှဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ ဖြစ်နိုင်ချေရှိတာထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ခြေပုန်းခုတ်မှုတွေရှိနေ ပါတယ်။ ဒီမှာ လက်သည်ဟာ ရုရှားအစိုးရ မဖြစ်နှိုင်ဘူးဆိုတဲ့ အဓိက သက်သေခံအချက်အလက်တွေလည်း ရှိနေပါ တယ်။ အဲဒါက ပူတင် အနေနဲ့ ဂျာမဏီကို ဓါတ်ငွေ့ ပို့မယ်/မပို့ဘူးဆိုတဲ့ထိန်းချုပ်မှုကို ဒီပိုက်လိုင်းပေါက်ကွဲမှု မတိုင်ခင်ကပဲ ကောင်းကောင်းလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ပိုက်လိုင်းကို ဖောက်ခွဲပစ်စရာမလိုပါ။

ပိုက်လိုင်းဖောက်ခွဲခံရမှုသတင်းကြောင့် ဓါတ်ငွေ့စျေးတွေ ထောင်တက်ကုန်ပါတယ်။ ဒါပေမဲ့ ကာလလတ် ပို့လွှတ်မှု ပိတ်ပင်တာကို လုပ်ခဲ့ပြီးဖြစ်လို့ စျေးတက်တာကနေ ရုရှားက အကျိုးအမြတ်ရပြီးဖြစ်ပါတယ်။ အခုပိုက်လိုင်းကို ဖောက်ခွဲပစ်လိုက်တဲ့အတွက် သူ့အနေနဲ့ အဲဒီပို့လွှတ်မှုကနေ အကျိုးအမြတ်ရစရာကို မမျှော်လင့်နိုင်တော့ပါဘူး။ ဖောက်ခွဲဖျက်ဆီးမှုကို သူကိုယ်တိုင်လုပ်တယ်ဆိုရင် တစ်နေ့တစ်လုံး ရွှေဥ ဥပေးနေတဲ့ ငန်းကို သတ်လိုက်သလိုဖြစ် သွားမှာပါ။ ရုရှားက အဲဒီလောက် မိုက်မဲပါ့မလား။

ဒါကြောင့် ဒီဖောက်ခွဲမှုကို ရုရှားလုပ်တာဆိုတဲ့စွပ်စွဲချက်က မဆီလျော်လှပါ။ ရေရှည်မှာ ဒီပိုက်လိုင်းရှိတာကြောင့် ဓါတ်ငွေ့စျေးတွေက ကျဆင်းဖို့ပဲ ရှိပါတယ်။ အခုပိုက်လိုင်းမရှိတော့တဲ့အတွက် အနောက်တိုင်းက ရင်းနှီးမြှုပ်နှံသူ တွေဟာ တခြားရွေးချယ်စရာဓါတ်ငွေ့လုပ်ငန်းတွေမှာ အပြည့်အဝ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်ကြပါလိမ့်မယ်။

နောက်ပြီး တချို့က ပြောတာရှိပါသေးတယ်။ ရုရှားက စာချုပ်အတိုင်း အပြည့်အဝအကောင်အထည်မဖော်နိုင်လို့ အကြောင်းပြချက်တစ်ခုရအောင် ပိုက်လိုင်းကိုဖျက်ဆီးတာလို့လည်း စွပ်စွဲတာပါ။ ဒါပေမဲ့ ရုရှားက ဓါတ်ငွေ့အပေါ် မှာ ကောင်းကောင်းထိန်းချုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ ပူတင်က သဘောတူညီချက်ကို လေးစားလိုက်နာတာဟာ သူအဓိက ဦးစားပေးတဲ့အရာမဟုတ်ဘူးဆိုတာ ပြခဲ့ပြီးပါပြီ။

“နည်းပညာပြဿနာ” ကြောင့်ဆိုတာနဲ့ အကြောင်းပြပြီးဓါတ်ငွေ့ပို့လွှတ်မှုကို ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါတယ်။ ပိုက်လိုင်း ကို အပြစ်မဖို့ဘဲ အနောက်အုပ်စုက ဆန်ရှင်လုပ် ပိတ်ဆို့အရေးယူမှုကြောင့်လို့ ပြောပြီးပါပြီ။

နောက်ထပ် တွေးဆချက်တစ်ခုကတော့ ရုရှားဟာ ဒီပိုက်လိုင်းကို ဖောက်ခွဲလိုက်ခြင်းအားဖြင့် နောက်ထပ် ပိုက်လိုင်းတွေကိုလည်း ဖောက်ခွဲဖျက်ဆီးပစ်နိုင်တယ်ဆိုပြီး အနောက်တိုင်းကိုခြိမ်းခြောက်ချင်တာလို့ဆိုကြတဲ့ အချက်ပါ။ ဒါပေမဲ့ ဒီဖြစ်နိုင်ချေနဲ့ပတ်သက်ပြီး တိကျတဲ့အချက်အလက်မရှိပါဘူး။ ဒါ့အပြင် ရုရှားက ဒီလို မခြိမ်း ခြောက်လည်း လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့အစွမ်းရှိတယ်ဆိုတာ ဘယ်နိုင်ငံခြားထောက်လှမ်းရေးဌာနကမှ အငြင်း ပွားကြမယ်မထင်ပါ။

နောက်ဆုံးအနေနဲ့ စဉ်းစားရမယ့်အချက်က ပိုက်လိုင်းဖောက်ခွဲဖျက်ဆီးခံရတဲ့နေရာ ပတ်ဝန်းကျင်ပါ။ ရုရှားက သာ အဲဒီဖောက်ခွဲဖျက်ဆီးတာကိုလုပ်ခဲ့မယ်ဆိုရင် ရေငုပ်သင်္ဘော ဒါမှမဟုတ် ရေငုပ်သင်္ဘောသားတွေ စေလွှတ်ပြီး လုပ်ရမှာဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ဒိန်းမတ်၊ ဆွီဒင်၊ ဂျာမန် နဲ့ ပိုလန် ကမ်းခြေစောင့် တပ်ဖွဲ့တွေ နဲ့ ရေတပ်တို့ အမြဲတန်းမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ဧရိယာဖြစ်ပါတယ်။ ဒီနိုင်ငံတွေအားလုံးက ရုရှားနဲ့ မတည့်တဲ့နိုင်ငံတွေပါ။ ရုရှားက အဲဒီနေရာကိုသွားဖို့ဆိုရင် ရုရှားပိုင် ဘောလ်တစ် ပင်လယ်ကမ်းခြေ ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်တဲ့ ကာလင်နင်ဂရက် ကနေသွားရမှာပါ။ ကာလင်နင်ဂရက်မြို့ဟာ ရုရှားပိုင်ဖြစ်ပေမယ့် တောင်ဖက်မှာ ပိုလန်နိုင်ငံ၊ မြောက်နဲ့ အရှေ့ဖက်မှာ လစ်သူယေးနီးယားနိုင်ငံနဲ့ အနောက်မြောက်ဖက်မှာ ဘောလတစ်ပင်လယ်တို့ ပတ်ဝိုင်းထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ကာလင်နင်ဂရက် ကနေ ပိုက်လိုင်းဖောက်ခွဲခံရတဲ့နေရာဟာ အတော်ဝေးပါတယ်။ တကယ်လို့ အဲဒီဖောက်ခွဲ ဖျက်ဆီးတဲ့ကိစ္စ ရုရှားက သွားလုပ်တာဆိုခဲ့ရင် မိမိကိုဆန့်ကျင်သူတွေ ပတ်လည်ဝိုင်းနေတဲ့နေရာမှာ သဲလွန်စ အထောက်အထား မကျန်အောင်လုပ်ဖို့ အတော်ခက်ခဲပါလိမ့်မယ်။

အထက်ကဖော်ပြခဲ့တဲ့အချက်အလက်တွေကြောင့် ဒီအဖျက်အမှောင့်လုပ်ငန်းကို ရုရှားက လုပ်ဆောင်ခဲ့တာ မဖြစ်နိုင်ပါဘူး။

(၂) ယူကရိန်း ဖြစ်နိုင်လား။
ရုရှားကုမ္ပဏီတစ်ခု ရှယ်ယာအများစုပိုင်ဆိုင်တဲ့ဓါတ်ငွေ့ပိုက်လိုင်းကို ၄င်းနဲ့ စစ်မက်ဖက်ပြိုင်တိုက်ခိုက်နေတဲ့ ယူကရိန်း က ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ယူဆရင် အလွန်ကို ကျိုးကြောင်းဆီလျော်တဲ့ကိစ္စပါပဲ။

ဒီဓါတ်ငွေ့ပိုက်လိုင်း လုံးဝပျက်စီးသွားခြင်းက ရုရှားရဲ့စီးပွားရေးကို ထိခိုက်စေမှာပါ။ ပူတင်အစိုးရရဲ့ ဝင်ငွေကို လည်း လျော့နည်းသွားစေမှာဖြစ်ပြီး ယူကရိန်းစစ်ပွဲအပေါ်လည်း သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ လတ်တလောမှာ ပိုက်လိုင်းကနေ ဓါတ်ငွေ့ပို့လွှတ်မှုရပ်ဆိုင်းထားတယ်ဆိုပေမယ့် မကြာခင်မှာ ဓါတ်ငွေ့အရောင်းအဝယ် ပြန်စဖို့ရှိ တယ်ဆိုတဲ့သတင်းအချို့ကို ယူကရိန်းက ရရှိထားတယ်လို့ဆိုပါတယ်။ ဒါကိုတားဆီးဖို့ ယူကရိန်းက ဖောက်ခွဲလိုက် တာလို့ ယူဆနိုင်ပေမယ့် တိကျတဲ့သတင်းအချက်အလက်တော့ မရှိပါဘူး။

ယူကရိန်းကနေ အခင်းဖြစ်ပွားတဲ့နေရာကို ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်ပြီးသွားမယ်ဆိုရင် စစ်မြေ ပြင်ဖြစ် နေတဲ့ပင်လယ်နက်ကို ဖြတ်သန်းရပါလိမ့်မယ်။ ဘော့စ်စဖိုရပ် ရေလက်ကြားကိုဖြတ်သန်းတဲ့အခါ စစ်ဆေးရေးဂိတ် ကိုဖြတ်ရမှာပါ။ အဲဒီကမှတဆင့် မြေထဲပင်လယ်၊ ဂျီဘရော်လတာရေလက်ကြား၊ နောက် ဥရောပတိုက်ကို ပတ်ပြီး သွားပါမှ အခင်းဖြစ်တဲ့နေရာကို ရောက်ရှိမှာဖြစ်ပါတယ်။ ယူကရိန်းအနေနဲ့ အဲဒီလို တကွေ့တပတ်ကြီးသွားတာ ထက် ဘောလတစ်ပင်လယ်အနီးတဝိုက်မှာပဲ လျှို့ဝှက်ပြင်ဆင်လုပ်ဆောင်မယ်ဆိုရင် ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုထိတော့ ခိုင်မာတဲ့အချက်အလက်အထောက်အထား မရှိသေးပါ။

(၃) ဘယ်သူတွေ အကျိုးအမြတ်ကြီးမလဲ။

ဒီပိုက်လိုင်းပေါက်ကွဲပျက်စီးသွားတာကြောင့် ဘယ်သူတွေအမြတ်ပိုရမလဲဆိုတဲ့ အခြေအနေကနေ စဉ်းစားကြည့် ကြပါစို့။

အမြတ်ထွက်နိုင်တဲ့နိုင်ငံတွေကတော့ ကမ္ဘာတဝှမ်းက ဓါတ်ငွေ့ထုတ်လုပ်တဲ့နိုင်ငံတွေပါ။ ပိုက်လိုင်းပေါက်ကွဲ ပျက်စီးသွားတဲ့အတွက် ဂျာမဏီဟာ စျေးသက်သက်သာသာနဲ့ ဓါတ်ငွေ့မရနိုင်တော့ဘူး။ ဓါတ်ငွေ့စျေးတွေ တက် မယ်။ ဓါတ်ငွေ့ထုတ်လုပ်တဲ့နိုင်ငံတွေ အကျိုးအမြတ်ရမယ်။ ဂျာမဏီကို ဓါတ်ငွေ့တင်ပို့နေတဲ့နိုင်ငံတွေ အများဆုံးရ မယ်။ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်၊ ယူကေနဲ့ ပြင်သစ်တို့ပါ ပါဝင်ပါတယ်။

ရုရှားနိုင်ငံကနေ ဂျာမဏီက ဓါတ်ငွေ့ဝယ်ယူနေတာကို မကျေမနပ်ဖြစ်နေတာ ဘယ်နိုင်ငံတွေလဲ။
ဥရောပကဝယ်ယူနေတဲ့ ဓါတ်ငွေ့အားလုံးရဲ့ ၄ဝ ရာခိုင်နှုန်းဟာ ရုရှား နော့ဒ်စထရင်း ၁ ပိုက်လိုင်းက ဖြစ်နေတာကို အမေရိကန်က မကျေနပ်ပါဘူး။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အမေရိကန်ဟာ နော့ဒ်စထရင်း ၂ ပိုက်လိုင်း တည်ဆောက်နေတဲ့ကိစ္စ ပယ်ဖျက်ပစ်ဖို့ ဥရောပနိုင်ငံတွေကို သံတမန်ရေးအရဖိအားတွေ ပေးခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့သက်တမ်း နောက်ဆုံးနှစ်ထဲမှာ ကွန်ဂရက်လွှတ်တော်က ရုရှားနဲ့ ဂျာမဏီ အကြား နော့ဒ်စထရင်း၂ ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်နေတဲ့လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ကုမ္ပဏီတွေကို အ‌ရေးယူကန့်သတ်မှုတွေလုပ်ဖို့ ဥပဒေပြုခဲ့ပါတယ်။ ဒါပေမဲ့ လုပ်ငန်းတွေက အပြီးသတ်ခါနီးနေပြီမို့ အတော် နောက်ကျသွားပြီလို့လည်း ဝေဖန်ခဲ့ကြပါတယ်။

နော့ဒ်စထရင်း ၂ ပိုက်လိုင်းတည်ဆောက်ရေးဟာ ဥရောပတိုက်အဖို့ အလွန်ကြီးမားတဲ့ စီမံကိန်းကြီးပါ။ အမေရိကန် အဖို့ကတော့ သူ့မဟာမိတ် ဥရောပနိုင်ငံတွေအကြားမှာ အထိတ်တလန့်ဖြစ်အောင် ခြောက်လှန့်ပြောဆိုနေရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒီပိုက်လိုင်းပြီးစီးသွားရင် ရုရှားကနေ ဂျာမဏီကို မူလကထက် ဓါတ်ငွေ့ နှစ်ဆ တိုက်ရိုက် တင်ပို့နိုင်မှာမို့ ဂျာမဏီဟာ ရုရှားစွမ်းအင်ရင်းမြစ်တွေအပေါ် ပိုမိုမှီခိုလာရမှာဖြစ်တဲ့အတွက် စွမ်းအင်လုံခြုံရေး အားနည်းတယ်လို့ သတိပေးနေတာပါ။

အမေရိကန်တကယ်စိတ်ပူတာက သူ့နိုင်ငံရဲ့ ရှေးလ်ကျောက်ထဲကထွက်တဲ့ ဓါတ်ငွေ့ကို ဝယ်သူမရှိ ဖြစ်နေမှာကိုပါ။ ဒီ ရှေးလ်ကျောက်ထဲကထွက်တဲ့ဓါတ်ငွေ့တွေကို (LNG) အရည်အဖြစ်ပြောင်းပြီး ဥရောပကို ရောင်းချင်နေတာပါ။ ဒါပေမဲ့ အမေရိကန်တင်ပို့တဲ့ဓါတ်ငွေ့အရည်တွေဟာ ခရီးဝေးလာရတာဖြစ်လို့ ရုရှားက ဓါတ်ငွေ့စျေးနှုန်းကို မယှဉ် နိုင်ပါဘူး။

ဒါကြောင့်လည်း ဂျာမဏီအနေနဲ့ လောင်စာစွမ်းအင်နဲ့ပတ်သက်ရင် ရုရှားဆီကအများစု ဝယ်ယူနေရတာပါ။ ဒါက ပူတင်ကိုဆန့်ကျင်ရေးမှာ နေတိုးအဖွဲ့အတွင်း ညီညွတ်ရေးကိုထိခိုက်စေတဲ့အဓိကအကြောင်း အချက်တစ်ခုလည်း ဖြစ်ပါတယ်။ နော့ဒ်စထရင်းကို ဖျက်ဆီးပစ်လိုက်ခြင်းအားဖြင့် ဒီအကြောင်းအချက်ကို ပယ်ဖျက်ပစ်လိုက်နိုင်မှာ ဖြစ်ပြီး၊ အမေရိကန်ဆီက ဓါတ်ငွေ့အရည် LNG ကိုလည်း မဖြစ်မနေဝယ်ယူရတော့မှာ ဖြစ်ပါတယ်။

အဲဒီလိုလုပ်ချင်နေတာအတွက် ဗြောင်ကျတဲ့ သက်သေအထောက်အထားကတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၂ဝ၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ပြောခဲ့တဲ့မှတ်ချက်ပါ။

" U.S. President Joe Biden: "If Russia invades (Ukraine), then there will be longer Nord Stream 2. We will bring an end to it.” Before adding "I promise you we will be able to do it." “ တကယ်လို့ ရုရှားက (ယူကရိန်းကို) ကျူးကျော်တိုက်ခိုက်မယ်ဆိုရင်၊ နော့ဒ်စထရင်း ၂ ပိုက်လိုင်းက ပိုရှည်သွားလိမ့်မယ်။ ကျွန်တော်တို့ ဒါကိုအဆုံးသတ်ပေးမှာပါ။ ဒါကိုလုပ်နိုင်လိမ့်မယ်ဆိုတာ ခင်ဗျားတို့ကို ကျွန်တော်ကတိပေးပါတယ်” ဆိုတဲ့ စကားပါ။

ဒါ့အပြင် ယခုအခင်းဖြစ်ပွားတဲ့နေရာဒေသဟာ အမေရိကန်ထောက်လှမ်းရေးတွေ လုံးဝဥဿုံ ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာဖြစ်တဲ့အတွက်၊ အမေရိကန်အနေနဲ့ အဖျက်အမှောင့်လုပ်ငန်းလုပ်မယ်ဆိုရင် ရုရှားနဲ့ ယူကရိန်းတို့ထက် ပိုမို ပြီး သတင်းထိန်းချုပ်နိုင်စွမ်းရှိတဲ့အပြင် ပိုမိုလွယ်ကူမှာဖြစ်တဲ့ကြောင်းရေးသားဖော်ပြလိုက်ပါတယ်။
ရဲထွန်း (သီပေါ)

Address


Website

Alerts

Be the first to know and let us send you an email when 𝐋𝐚𝐯𝐞𝐧𝐃𝐄𝐑 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share