10/04/2025
“ဘယ်သူမွေးမွေး ငါတို့ကလေး”
သွေးစည်းမှု နဲ့ သန့်ရှင်းတဲ့မေတ္တာကိုဖော်ကျူးတဲ့
ဒီကြွေးကြော်သံဟာ အင်မတန်မှပဲ အဓိပ္ပာယ် ပြည့်ဝတဲ့ ကြွေးကြော်သံဖြစ်ပါတယ်။
ကျွန်တော်တို့ သားငယ် သမီးငယ်ဖြစ်တဲ့
လူငယ်တွေဟာ အများအကျိုးအတွက် သူတို့လေးတွေရဲ့ဘဝတွေကို ရင်းပြီး နိုင်ငံအနှံမှာတိုက်ပွဲဝင်နေကြပါတယ်။
သူတို့ကြုံတွေ့နေရတဲ့ အန္တရာယ်များစွာထဲက ကြီးမားတဲ့ အန္တရာယ်တခုက ဒဏ်ရာရချိန်မှာ အချိန်မီ ကုသမှု မခံယူနိုင်တာပါပဲ။
တန်ဖိုးမဖြတ်နိုင်တဲ့ ကျွန်တော်တို့ကလေးတွေရဲ့ အသက်တွေကို အချိန်နောက်ကျမှုကြောင့် မဆုံးရှုံးသင့်ပဲ မဆုံးရှုံးရစေဖို့ လိုအပ်နေတဲ့ ကားလေးတစီး ရနိုင်ဖို့ တယောက်တလက်နဲ့ ဝိုင်းကူပေးကြပါဦး။
KNDF တပ်ရင်း ၄ ရဲ့ messenger ကနေ တဆင့် တိုက်ရိုက်ဆက်သွယ်ပြီး ကူညီပေးကြဖို့ မေတ္တာရပ်ခံပါရစေ။
https://www.facebook.com/KNDFB04