
  • Home

ပင်လုံနည်းပညာတက္ကသိုလ်-ကျောင်းသားများသမဂ္ဂ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပင်လုံနည်းပညာတက္ကသိုလ်-ကျောင်းသားများသမဂ္ဂ, Newspaper, .
(7)

12/10/2023
ပဲခူးတိုင်းဒေသကြီး ရေးဘေးသင့် ခံရသော မိဘပြည်သူများ အား စားနပ်ရိက္ခာများ၊ကူညီရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်နိုင်ရန်  ပင်...
11/10/2023

ပဲခူးတိုင်းဒေသကြီး ရေးဘေးသင့် ခံရသော မိဘပြည်သူများ အား စားနပ်ရိက္ခာများ၊ကူညီရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်နိုင်ရန် ပင်လုံနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကမကထပြုလုပ်၍ ‌ဒေသခံများကိုဆက်သွယ်ပြီးလှူဒါန်းသွားမည် ဖြစ်ပါ၍ အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်အသီးသီးမှ ပါဝင် လှူဒါန်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

-ဆက်သွယ်ရန် -09401678764
09453849720

-09401678764
#09453849720

#သတင်းနှင့်ပြန်ကြားရေး

14.5.2023ရက်နေ့တွင် ရခိုင်ပြည်နယ်တောင်ပိုင်း၊စစ်တွေမြို့မှ စတင်၍ ဝင်ရောက်လာသော မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရသော မိဘ...
14/05/2023

14.5.2023ရက်နေ့တွင် ရခိုင်ပြည်နယ်တောင်ပိုင်း၊စစ်တွေမြို့မှ စတင်၍ ဝင်ရောက်လာသော မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရသော မိဘပြည်သူများ အား စားနပ်ရိက္ခာများ၊ကူညီရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်နိုင်ရန် ပင်လုံနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကမကထပြုလုပ်၍ ‌ဒေသခံများကိုဆက်သွယ်ပြီးလှူဒါန်းသွားမည် ဖြစ်ပါ၍ အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်အသီးသီးမှ ပါဝင် လှူဒါန်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

-ဆက်သွယ်ရန် -09401678764
Page Messenger
acc name-Tomato Guy
-09769471881

#သတင်းနှင့်ပြန်ကြားရေး

01/02/2023

နောက်ထပ် ၅ရက်လောက်နေရင်
ကန့်ကွက်ကြောင်း စကစလက်အောက် ကျောင်းမတက်လိုကြောင်း စာတွေ memoryတွေ ပြန်တက်လာတော့မယ် မလား 😬

29/01/2023

The worst illiterate is the political illiterate, he doesn’t hear, doesn’t speak, nor participates in the political events. He doesn’t know the cost of life, the price of the bean, of the fish, of the flour, of the rent, of the shoes and of the medicine, all depends on political decisions. The political illiterate is so stupid that he is proud and swells his chest saying that he hates politics. The imbecile doesn’t know that, from his political ignorance is born the pr******te, the abandoned child, and the worst thieves of all, the bad politician, corrupted and flunky of the national and multinational companies.

Bertolt Brecht

စာအမှတ် ၅/ပနသ/၂၀၂၂မောင်အောင်ဝင်းထွန်း(3rd civil)-ပင်လုံနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတွင် သတင်းနှင့်​ပြန်ကြားရေး (...
23/08/2022

စာအမှတ် ၅/ပနသ/၂၀၂၂

မောင်အောင်ဝင်းထွန်း(3rd civil)-ပင်လုံနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတွင် သတင်းနှင့်​ပြန်ကြားရေး (၂)​တာဝန်ထမ်းဆောင်နေစဉ် စစ်ကောင်စီမှ ဖွင့်လှစ်သော ကျောင်းသို့ ဖောက်ပြန်သမှုပြုကာ ကျဆုံးသွားသော ကျောင်းသားပြည်သူများ ၊ တောထဲ ၊ထောင်ထဲတွင် ပေးဆပ်နေသော ဘဝတူရဲဘော်များ၏ မျက်နှာကိုမှ မေထာက္ထားဘဲ တက်ရောက်နေသဖြင့် မိမိတို့ ပင်လုံနည်းပညာကျောင်းသားများသမဂ္ဂမှ ရာသက်ပန် ထုတ်ပယ်လိုက်သည်။

22/08/2022

ဟိရိဩတ္တပ ကင်းမဲ့စွာ
welcomeကပုံတွေ တင်နေကြတော့..

 #တာဝန်လွှဲပြောင်းအပ်နှံခြင်း
21/08/2022

#တာဝန်လွှဲပြောင်းအပ်နှံခြင်း

အဝတ်စုတ်ဘုရားစင်ပေါ်မှာလည်းအဝတ်စုတ်ကျောင်းမှာလည်းအဝတ်စုတ်ဆေးရုံမှာလည်းအဝတ်စုတ်လမ်းတံတားတွေမှာအဝတ်စုတ်အဝတ်စုတ်ကငွေမက်တယ်က...
05/08/2022

အဝတ်စုတ်
ဘုရားစင်ပေါ်မှာလည်းအဝတ်စုတ်
ကျောင်းမှာလည်းအဝတ်စုတ်
ဆေးရုံမှာလည်းအဝတ်စုတ်
လမ်းတံတားတွေမှာအဝတ်စုတ်
အဝတ်စုတ်ကငွေမက်တယ်
ကားတွေဘေးမှာရပ်နေဆဲ
အဝတ်စုတ်အဝတ်စုတ်
သုံးရမယ့်နေရာမနေပဲ
အရှုပ်လုပ်နေတဲ့အဝတ်စုတ်
မီးရှို့ဖျက်ဆီးမလား
အိမ်သာကျင်းထဲလွှင့်ပစ်မလား
အဝတ်စုတ်ဟာ
ဒုက္ခပေးနေဆဲ....။

ရဲဘော်ဖိုးသော်
-အမှတ်တရ။

07/07/2022

အနာဂါတ်

ညငါတို့ကကျောင်းသားတွေပါ
G3ကျည်ကိုအံမတုနိုင်ပါဘူး
ငါတို့မှာစာရွက်၊ဘောပင်
ကြွေးကြော်သံတွေပဲရှိပါတယ်......။

သွေးချင်းချငိးနီရဲချင်းကို
အံ့ကြွေတဲ့အထိ..
ငေးမှိုင်ငိုကြွေးရင်းဖြေဆည်ခဲ့ရတယ်
နာကျည်းခြင်းဟာ မပြေပျောက်....။

ငါတို့ရဲ့ဌာနချုပ်ဟာ
အနာဂါတ်ရဲ့ရှေ့ဆောင်လမ်းပြ
ငါတို့ရဲ့သွေးတွေဟာ
အနာဂါတ်ရဲ့မီးပြတိုက်.....။

အနာဂါတ်ဟာ
ဒိုင်းနမိုက်ဒဏ်ကိုမခံနိုင်ခဲ့
အနာဂါတ်ဟာ
နှစ်60အလွန်ကတည်းက
အစွယ်ပြူးပြူးဘီလူးကြီးတွေ
သတ်ခံရပြီ.....။

မှိုင်းသခင်ရဲ့
ဩဝါဒမှာ ငါတို့ရှိတယ်.
သမဂ္ဂဟာ ရှင်သန်နေတယ်...
ခွပ်ဒေါင်းဆိုတာ
မိုးသက်လေပြင်းကိုအံတုတယ်.....

အတိတ်ဟာ
သင်ပုန်းချေစရာ
သင်ခန်းစာယူစရာမရှိ....
ဆပ်ရန်အကြွေးသာရှိမည်...။

ဆန်တွေရမည်
ဆီတွေရမည်
တန်းစီရတဲ့ ဆပ်ပြာတောင့်ဟာ
အညစ်အကြေးတွေ
မစင်ကြယ်နိုင်....။

ချွေးသိပ်ခြင်းနဲ့‌
ဆွေးနွေးခြင်းကို
62ဂျူလိုင်7ရက်ဟာ
ငြင်းပယ်ခဲ့ရ....။

အနာဂါတ်ကိုတည်ဆောက်ကြ
သံပူခိုက်တိုင်းမှာအားစိုက်ထုနှက်ကြ
သံမဏိတွေ ပျက်တောက်သွားတဲ့နေ့
ကျောင်းနံရံတွေမှာ
ဒေါင်းအလံတွေ
လွှင့်ထူရတဲ့အောင်ပွဲနေ့...။

#ရဲဘော်ဖိုးသော်
#လက်ဆောင်မွန်

20/05/2022
အကြောင်းအရာ။      ။ စိုင်ထက်အောင် (ခ)လင်းထင် အား အမည်ပျက်စာရင်းကြေညာခြင်း။    အဆိုပါ စိုင်းထက်အောင် (ခ) လင်းထင် ဆိုသူအား...
15/05/2022

အကြောင်းအရာ။ ။ စိုင်ထက်အောင် (ခ)လင်းထင် အား အမည်ပျက်စာရင်းကြေညာခြင်း။
အဆိုပါ စိုင်းထက်အောင် (ခ) လင်းထင် ဆိုသူအား မတ်လ (၄) ရက်နေ့တွင် ပထမ အကြိမ် ၊ မတ်လ (၃၀) ရက်နေ့တွင် တစ်ကြိမ် လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း လာရောက်ဖြေရှင်းခဲ့ခြင်း မရှိခဲ့ပါ။ ထိုသို့ တော်လှန်ရေး ရန်ပုံငွေများအား အလွဲသုံးစားလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက်ကြောင့် မိမိတို့ ယာယီတက္ကသိုလ်ကောင်စီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ အဆိုပါ စိုင်းထက်အောင် (ခ) လင်းထင်ဆိုသူအား အမည်ပျက်စာရင်း ကြေညာလိုက်ပါသည်။ ထို့အပြင် မိမိတို့ ပင်လုံနည်းပညာတက္ကသိုလ်မှလည်း ရာသက်ပန် ကျောင်းရပ်နားလိုက်ပါသည်။ ကျန်ကိစ္စရပ်များအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း အရေးယူသွားမည် ဖြစ်ပါသည်။

#သတင်းနှင့်ပြန်ကြားရေး

Revolution Budget အတွက်Lottery Tickets များ ရောင်းချ ခဲ့ ရာမှာ (25.3.2022)မှ (30.4.2022) အထိ ticket စုစုပေါင်း 82 ကဒ်(ငွ...
30/04/2022

Revolution Budget အတွက်
Lottery Tickets များ ရောင်းချ ခဲ့ ရာမှာ (25.3.2022)မှ (30.4.2022) အထိ ticket စုစုပေါင်း 82 ကဒ်(ငွေကျပ် ၈၂၀၀၀ကျပ် တိတိ) ရောင်းချ နိုင်ခဲ့ပါသည်။ ဝယ်ယူအားပေးသူများထဲမှ Random ရွေးချယ် ခဲ့ရာ Ticket No.2 ပိုင်ရှင် မှ
powerbank 20000mAh ကို ရရှိသွားပါသည်။ ကျန်အလှူငွေများကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

#သတင်းနှင့်ပြန်ကြားရေး

 #သတင်းနှင့်ပြန်ကြားရေး
06/04/2022

#သတင်းနှင့်ပြန်ကြားရေး

စစ်ကျွန်ပညာရေး၏ လောက်ကောင်အသစ်များပေါ်ထွက်လာရန် မရှိစေချင်ကြောင်း မိမိတို့သမဂ္ဂမှမျှော်လင့်မိပါသည်။ #သတင်းနှင့်ပြန်ကြားရ...
31/03/2022

စစ်ကျွန်ပညာရေး၏ လောက်ကောင်အသစ်များပေါ်ထွက်လာရန် မရှိစေချင်ကြောင်း မိမိတို့သမဂ္ဂမှမျှော်လင့်မိပါသည်။

#သတင်းနှင့်ပြန်ကြားရေး

 #သတိပေးစာ
30/03/2022

#သတိပေးစာ

RevolutionRevolution Budget အတွက်  Fundrising lottery ticket များ ရောင်းချခဲ့ ရာမှာ ယနေ့အတွက်ticket စုစုပေါင်း (5) ကဒ် တ...
28/03/2022

RevolutionRevolution Budget အတွက်
Fundrising lottery ticket များ ရောင်းချခဲ့ ရာမှာ ယနေ့အတွက်
ticket စုစုပေါင်း (5) ကဒ် တန်ဖိုးငွေ 5000 ကျပ်တိတိ ရောင်းချနိုင်ခဲ့ပါသည်။ နောက်ရက်တွေမှာလည်း ထီလတ်မှတ်လေးတွေကို ဆက်လက်အားပေး ကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။✊✊

#သတင်းနှင့်ပြန်ကြားရေး

Revolution Budget အတွက်  Fundrising lottery ticket များ ရောင်းချခဲ့ ရာမှာ ဒုတိယနေ့အတွက်ticket စုစုပေါင်း (၁၂) ကဒ် တန်ဖို...
26/03/2022

Revolution Budget အတွက်
Fundrising lottery ticket များ ရောင်းချခဲ့ ရာမှာ ဒုတိယနေ့အတွက်
ticket စုစုပေါင်း (၁၂) ကဒ် တန်ဖိုးငွေ ၁၂၀၀၀ ကျပ်တိတိ ရောင်းချနိုင်ခဲ့ပါသည်။ နောက်ရက်တွေမှာလည်း ထီလတ်မှတ်လေးတွေကို ဆက်လက်အားပေး ကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။✊✊

#သတင်းနှင့်ပြန်ကြားရေး

Revolution Budget အတွက်  Fundrising lottery ticket များ ရောင်းချခဲ့ ရာမှာ ပထမနေ့ အတွက် ticket စုစုပေါင်း (၅၇) ကဒ် တန်ဖို...
25/03/2022

Revolution Budget အတွက်
Fundrising lottery ticket များ ရောင်းချခဲ့ ရာမှာ ပထမနေ့ အတွက် ticket စုစုပေါင်း (၅၇) ကဒ် တန်ဖိုးငွေ ၅၇၀၀၀ကျပ်တိတိ ရောင်းချနိုင်ခဲ့ပါသည်။ နောက်ရက်တွေမှာလည်း ထီလတ်မှတ်လေးတွေကို ဆက်လက်အားပေး ကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။✊✊

#သတင်းနှင့်ပြန်ကြားရေး

💫💫Budget ရှာဖွေခြင်း💫💫-မိမိတို့ကျောင်းသား/သူများသည် နွေဦးတော်လှန်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းနှင့် အသက်သွေးချွေးပေးဆပ်ကာ...
24/03/2022

💫💫Budget ရှာဖွေခြင်း💫💫

-မိမိတို့ကျောင်းသား/သူများသည် နွေဦးတော်လှန်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းနှင့် အသက်သွေးချွေးပေးဆပ်ကာ ဒုက္ခခံအနစ်နာခံကာ တိုက်ပွဲဝင်နေချိန်မှာ-
-စားဝတ်နေရေး၊စစ်ဘေးရှောင်ကူညီရေး ၊လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ယူဖို့ မိမိတို့ကျောင်းသားထုအားလုံးရဲ့ အမြူတေဖြစ်တဲ့ မိခင်သမဂ္ဂထံကို အကြောင်းကြားစာများပို့ခြင်း၊Emailမှတဆင့်ဆက်သွယ်ပြောကြားခြင်း၊Chat Boxမှ ဆက်သွယ်လာခြင်း များစွာကိုတွေ့စီစစ်တွေ့ရပါသဖြင့် မိမိတို့ ပင်လုံနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ထီလက်မှတ်အစောင်ရေ -500တိတိ ကို‌ တစောင်-1000ကျပ်နှုန်းဖြင့်(30.4.2022)ရကိနေ့အထိရောင်းချပေးသွားမှာဖြစ်ပြီး ကနဦးယာထားချက်အရ 20000Mah Power Bankတလုံး အား1.5.2022ရက်နေ့တွင် ထီလက်မှတ်ကံစမ်းသူများကို မဲဖောက်ကံစမ်းပေးသွားမှာဖြစ်ပြီး ယခု ထီလက်မှတ်ရောင်းရမှုအပေါ်မူတည်ပြီး ဆုမဲများထပ်မံတိုးမြှင့်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်‌။

-ထီလက်မှတ်လေးတွေကို လည်းPage Cbကနေ အမြန်ဆုံးအားပေးကြဖို့ အနူးညွှတ်မေတ္တာရပ်ခံအပ်ပါသည်ရှင့်။

မှတ်ချက်။ ။ရရှိလာသောအလှူငွေများကို သက်ဆိုင်ရာအသီးသီးကို တလချင်း လှူပေးသွားမှာဖြစ်ပြီး ရရှိလှူငွေ နှင့် စာရင်းများကို ပွင့်လင်းမြင်သာစွာရှိအောင် ဆောင်‌ရွက်ပေးသွားမည်ဖြစ်ပါသည်။

#ပင်လုံနည်းပညာတက္ကသိုလ်
#သတင်းနှင့်ပြန်ကြားရေး

သျှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်​၏ အဖွဲ့ဝင် ပင်လုံနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်သည့် စာအမှတ် - ၁/...
19/03/2022

သျှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်​၏ အဖွဲ့ဝင် ပင်လုံနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ
ထုတ်ပြန်သည့် စာအမှတ် - ၁/ပနသ/၂၀၂၂ ဆင့်ခေါ်စာပါ တာဝန်ရှိသူ စိုင်းထက်အောင်အား အမြန်ဆုံးသွားရောက် ဖြေရှင်းပါရန်
တိုက်တွန်းချက်

12/03/2022
 #မတ်လ၁၃  #ဖုန်းမော်နေ့မှာစုရုံးကြ #ကိုဖုန်းမော် #မဏ္ဍပ်မထိုးရ #လူမစုရ #စားမြိန်ထုပ်မထည့်ရ #ရေအိုးမခွဲရ #မနက်စောစော_လူမသ...
12/03/2022

#မတ်လ၁၃ #ဖုန်းမော်နေ့မှာစုရုံးကြ

#ကိုဖုန်းမော်

#မဏ္ဍပ်မထိုးရ

#လူမစုရ

#စားမြိန်ထုပ်မထည့်ရ

#ရေအိုးမခွဲရ

#မနက်စောစော_လူမသိအောင်ချခဲ့ရတဲ့_အသုဘ

#ဖုန်းမော်ရေ ... အမျှ အမျှ အမျှ … ။

 #အမိန့်စာ
04/03/2022

#အမိန့်စာ

02/02/2022

၂/ကောင်စီ/ထုတ်ပြန်/၂၀၂၂။

*အိုးဝေကျောင်းနံဘေး‌ကဒေါင်းလေးမပျံနိုင်ရှာတော့ဘူးအမေ့မှာလည်းမျက်ရည်စတွေနဲ့ပုဝါလေးတောင်စေးကပ်ကပ်....။ဖောက်ပြန်ရေးသမားတွေက...
18/01/2022

*အိုးဝေ
ကျောင်းနံဘေး‌ကဒေါင်းလေး
မပျံနိုင်ရှာတော့ဘူး
အမေ့မှာလည်းမျက်ရည်စတွေနဲ့
ပုဝါလေးတောင်စေးကပ်ကပ်....။

ဖောက်ပြန်ရေးသမားတွေက
သုံးဆယ်နှစ်ချောင်းဖြီးပြီး
ဒေါင်းသွေးတွေနဲ့
ဖျော်ဖြေနေရဲ့.....။

တပဲခြောက်ပြားနဲ့
ထိုင်ခုံပျောက်မဲ့သူများက
အနာဂါတ်ကိုရိုးမယ်ဖွဲ့
ကျောင်းတက်ကြလေဟဲ့တဲ့...။

ရီရတယ်အမေ
ခေါင်းပေါင်းစတလူလူနဲ့
ဟိုလူကြီးပေါ့
ပညာရေးကိုဗန်းပြပြီး
ကျွန်ဇာတ်သွင်းနေလေရဲ့...။

နွေဦးမှာ
အိုးဝေတွေကျူးရင့်ခါမှ
ဟိုးဘီရိုလေးထဲက
ပရုပ်လုံးနဲ့သင်းတဲ့
လွယ်အိတ်လေးကို
အသက်ပြန်သွင်းကြမယ်....။

#ရဲဘော်ဖိုးသော်

17/01/2022

စစ်ကျွန်ပညာရေးတွင်တက်ရောက်နေသူများသိရှိစေရန်။
-မိမိတို့ကောင်စီအနေဖြင့် ရရှိထားသော သတင်းအချက်အလက်များအရ စစ်ကျွန်ပညာရေးအောက်ဒူးထောက်နေကြသူများဟာ အင်မတန်ရှက်ရွံ့ဖွယ်ကောင်းကြောင်း မိမိကိုယ်တိုင်သိရှိစေရန်လိုသည်။

-အမျိုးသားပညာရေးဟုခေါ်သည့် ဖယ်ဒရယ်ပညာရေး ရှေးမရှုပဲ စာရွက်ပေါ်မှ Certificateလေး‌ကို မက်မောကာ တတိုင်းပြည်လုံး ယုတ်မာသတ်ဖြတ် လမ်းကြိုလမ်းကြားမကျန်လိုက်‌လံတောင်းစားနေသည့် မတရားအာဏာပိုင်တွေရဲ့ကြိုးဆွဲရာမှာ ရရှိတဲ့လက်မှတ်လေးကိုမက်မောနေကြသည်မှာအင်မတန်ရှက်ရွံ့ဖွယ်‌ကောင်းကြောင်းကို သင်တို့သမိုင်းမှာ နောင်တအပြည့်ရရှိကြမည်ဆို‌‌တာတွေးတောကြစေချင်သည်။

-မိမိကိုယ်တိုင်ဖိအားကြောင့်ဖြစ်စေ၊ဆန္ဒကြောင့်ဖြစ်စေ မိမိတို့ ဆရာမများ၊ပြည်သူများ သူငယ်ချင်းများရဲ့မျက်နှာကိုထောက်ထားသောအားဖြင့်အချိန်မှီနောင်တရစေရန် ဦးစွာ ပဏာမ နှိုးဆော်ခြင်းဖြစ်သည်။
မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်မပြုထားသော ပညာရေးကိုဆက်လက်တက်ရောက် လုပ်ဆောင်နေမည်ဆိုပါက ကျောင်းပြီးသွားလို့ အလုပ်လျှောက်ချိန်ရောက်လျှင် ဖြစ်လာမည့်အကျိုးဆက်ကို ထည့်သွင်းတွက်ချက်ပြီး ပြည်သူလူထု နှင့်အတူ‌ပူးပေါင်းဆောင်ရွက်ကြဖို့ ပြင်းပြင်းထန်ထန်အသိပေးအပ်ပါသည်။

ကြားကာလယာယီအုပ်ချုပ်ရေးအဖွဲ့
ယာယီတက္ကသိုလ်ကောင်စီ
ပင်လုံနည်းပညာတက္ကသိုလ်
#ပြန်ကြားရေး

03/01/2022

မြန်မာနွေဦးတော်လှန်ရေးဆိုတဲ့ဟာနဲ့ပတ်သတ်ပြီး အကြံပြုဖို့နည်းနည်းတွေးမိလိုက်တော့ ဖေဖော်ဝါရီလ ၁ရက်နေ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ဖက်ဆစ်စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရရဲ့ ရွေးကောက်ပွဲမဲမသမာမှုကို ခေါင်းစဉ်တပ်ပြီးအာဏာသိမ်းရင်းစစ်ဘောင်ချဲ့လိုက်တာကို တွေ့လိုက်ရတယ်။ဒီစစ်အုပ်စုကခြေဥဆိုတဲ့စာအုပ်နဲ့အတူစစ်ဘောင်ကျယ်ကျယ်ရှိပါရဲ့ ဘာဖြစ်လို့ ဒီလိုလုပ်ရပ်ကိုလုပ်ရတာလဲဆိုရင် ပြည်သူလူထုကို အာဏာအစစ်အမှန်ကဘယ်သူဆီမှာရှ်ိလဲဆိုတာပြဖို့ ပြောင်ပြောင်တင်းတင်းစိန်ခေါ်လိုက်တာပဲ...။
ဆိုတော့က ဒီတော်လှန်ရေးမှာပြည်သူတွေကရန်သူကကမန်းကတန်းသိကြလိုက်တာပဲ။ယခင်အစိုးရလက်ထပ် ပုဂ္ဂိုလ်နောက်လိုက်ရင်း ပထွေးကိုအဖေအရင်းထင်ပြီး ရန်ငါစည်းမပျက်ပဲ လက်သပ်ချော့မြူခဲ့တဲ့ အကျိုးဟာနွေဦးတော်လှန်ရေးဟာ ကောင်းကောင်းသတိပေးလိုက်ခြင်းဖြစ်တယ်ဆိုတာ သတိချပ်ဖို့လိုပြီ။ဒီတော့ကျတော်တို့ကျောင်းသားလူငယ်တချို့ဟာ သမိုင်းအဆက်ဆက် စစ်အုပ်စုယုတ်မာမှုကိုမီးမောင်းထိုးပြခဲ့ပေမယ့် ဒါကိုလုံးဝလျှစ်လျူရှုစော်ကားခဲ့ကြတာဟာအမြင်ပဲဖြစ်တယ်။ တချို့သူတွေက ပြောင်းလဲချင်ကြတာပဲသိတယ် ဘာကိုပြောင်းလဲချင်တာလဲဆိုတဲ့ ရည်မှန်းချက်မရှ်ိဘူး။ကျတော်ခနခနပြောတယ် မင်းအောင်လှိုင်စစ်အုပ်စုကိုမုန်းယုံလောက်နဲ့ ပြောင်းလဲချင်တယ်အော်လို့မရဘူး ခင်ဗျားတို့က တိုင်းပြည်ကိုreformလုပ်မှာလားtransformလုပ်မှာလားတဲ့ရပ်တည်ချက်ကိုခိုင်မာအောင်အရင်လုပ်ရမယ်။
ဒီတော့ ကျွန်တော်တို့က Revolutionကိုရွေးချယ်လိုက်ပြီဆိုကတည်းက စလယ်ဆုံး အဖြူကအမည်းအလင်းကအမှောင်ဆိုသလို စနစ်အားလုံးပြောင်းလဲဖို့လုပ်ရလိမ့်မယ်။ဒီတော့ခင်ဗျားတို့အရင်ကပြောင်းလဲချိန်တန်ပြီဆိုပြီးလူပုဂ္ဂိုလ်နောက်လိုက်တဲ့အပြီးစလွယ်စိတ်အပြီးစလွယ်ပြောင်းလဲလိုစိတ်Evolutionလိုလိုအရာတွေကိုဖျောကိရမယ်။တိုင်းပြည်ဟာ စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊စတဲ့ကဏ္ဍအစုံဥဿုံပျက်ဆီးနေတာဖြစ်တယ်။ဒီလိုဘာကြောင့်ပျက်ဆီးနေရလဲ။သေချာတာက စစ်ဘောင်ကျယ်နေလို့ပဲဖြစ်တယ်။ဒီတော့စစ်ဘောင်ချုံ့မယ်(Demilitarization)ကိုဘယ်လိုလုပ်မလဲ?။လက်နက်ကိုင်လမ်းစဉ်နဲ့လား ဆွေးနွေးပွဲလားနိုင်ငံရေးနည်းလား ရွေးချယ်နေလို့မရဘူးအဘက်ဘက်က အင်တိုက်အားတိုက်လုပ်ရမယ်။အခုဒီတော်လှန်ရေးမှာတွေ့ရတဲ့ပြသနာတချို့ဟာGeneration-Yတွေရဲ့ Conservative thinkingတွေပဲဒါတွေကလုံးဝ‌ပြသနာပဲ ။တခါတလေမှာ မလိုလားအပ်တဲ့အတွေးအခေါ်အပြုအမှု တွေဟာ တောိလှန်ရေးအတွက်ကော ပတ်ဝန်းကျင်အတွက်ပါ အဆိပ်အတောက်ဖြစ်စေတယ်ဆိုတာသတိရှိဖို့လိုတယ်။ဥပမာလေးတခုတော့ ချပြချငိတယ် တခါကမိ‌တ်ဆွေတွေနဲ့စကားဝိုင်းထိုင်ရင်း အကိုတယောက်ပြောပြခဲ့တယ် သူပြောတာက ကျွန်တော်တို့ငယ်စဉ်ကသင်ခဲ့ရတဲ့ လူမှုဝန်ထမ်းစိတိမှာ ဦးကြီးတယောက်က ခရီးသွားရင်းလမ်းလည်ခေါင်မှာ ဘယ်သူမှမဖယ်ပဲရှောငိမောင်းနေတဲ့ ကျောက်တုံးကြီးကို လူမှုဝန်ထမ်းစိတ်နဲ့ လမ်းဘေးချောက်ထဲကိုတွန်းချရင်း သေတ္တာငယ်တခုကိုတွေ့တယ် ဒီသေတ္တာထဲမှာကျောက်တုံးကိုဖယ်ပေးတဲ့ လူမှုဝန်ထမ်းစိတ်ရှိသူအတွက် ဘုရင်ကဆုချလိုက်တဲ့ ရွှေငွေဆုချလိုက်တဲ့သေတ္တာကိုရလိုက်တယ်ပေါ့..ဒီလိုနဲ့ဒီဘက်ခေတ်ရောက်တော့ ခရီးသွားတယောက်က လမ်းလည်ခေါင်မှာကျောက်တုံးကြီး ကိုဘယ်သူမှမဖယ်တာတွေ့တော့ သူကငယ်ငယ်ကဖတ်ဘူးတဲ့ စာအတိုင်းဒီကျောက်တုံးကိုဖယ်မယ်ဆိုပြီး ချောက်ထဲတွန်းချလိုက်တယ် အဲမှာသူလည်း သေတ္တာလေးတွေ့တော့ အားရပါးလှပ်ကြည့်တာပေါ့ စာအုပ်ထဲကလို ရွှေငွေပါမယ်အထင်နဲ့ တကယ်ပါလာတာက စာရွက်လေးတရွက်ပဲ ဒီထဲမှာရေးထားတာက -မင်းတွန်းလိုက်တဲ့ကျောက်တုံးကြီးက ကျောက်စိမ်းတုံးကြီးတဲ့...ဆိုတော့ပြောချင်တာက တခါတလေမှာငါလူကြီးငါအတွေ့အကြုံရှိတယ် ငါတို့တုန်းကဒီလိုပဲဖြစ်ခဲ့လုပ်ခဲ့တာဆိုတဲ့ တရားသေအယူအဆ‌အတွေးအခေါ်တွေဖျောက်ကြပါ စနစ်နဲ့အညီ ခေတ်ပြောင်းတော်လှန်ရေးမှာ ဘက်ပေါင်းစုံကနေ ပါဝင်အားဖြည့်ပေးရင်း မင်းအောင်လှိုင်ရဲ့စစ်အုပ်စုကိုမောင်းထုတ်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်.........။

‌ #ရဲဘော်ဖိုးသော်

စစ်အုပ်စုနှင့် စစ်ဗျူရိုကရက်များဦးစီး၍ နည်းပညာတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည်ကြေညာ #နှစ်သစ်မှာကျက်သရေစယုတ်ပီ
01/01/2022

စစ်အုပ်စုနှင့် စစ်ဗျူရိုကရက်များဦးစီး၍ နည်းပညာတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည်ကြေညာ

#နှစ်သစ်မှာကျက်သရေစယုတ်ပီ

Address


Alerts

Be the first to know and let us send you an email when ပင်လုံနည်းပညာတက္ကသိုလ်-ကျောင်းသားများသမဂ္ဂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share