SawChit Channel

  • Home
  • SawChit Channel

SawChit Channel ဆိုင်ကယ်ဝပ်ရှော့ညီကိုများအားလုံးကြိုဆိုပါတယ် 🙏📲0619767618
(1)

16/06/2024
16/06/2024

ဆိုင်ကယ်စက်နိုးသံမမှန်ပြသနာ

အချိန်ရှိတဲ့အခါကြိုးစားလေ့လာပါ✌️✌️
16/06/2024

အချိန်ရှိတဲ့အခါကြိုးစားလေ့လာပါ✌️✌️

15/06/2024

အင်ဂျင်အား‌မကောင်းရင်ဘာဖြစ်နိုင်လဲ

သူများရနေတဲ့အောင်မြင်မူကို ကိုယ်လည်းရချင်တယ်ဆိုရင် နောက်ကွယ်ပေးစပ်မူကိုမြင်အောင်ကြည့်ပြီး အတုယူကြိုးစားပါ ✌️
15/06/2024

သူများရနေတဲ့အောင်မြင်မူကို ကိုယ်လည်းရချင်တယ်ဆိုရင် နောက်ကွယ်ပေးစပ်မူကိုမြင်အောင်ကြည့်ပြီး အတုယူကြိုးစားပါ ✌️

14/06/2024

**မီးခိုးလိုက်ခြင်း**
Userတွေသေချာဖတ်ဖို့လိုပါတယ်ဗျ
မီးခိုးလိုက်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။

>> တချို့ Userတွေက
မီးခိုးလိုက်ပြီဆိုရင်
စိုးရိမ်တတ်ကြတယ်

>>တချို့ကျတော့လဲ မီးခိုးလိုက်တိုင်း
ပစ္စတင် ဝရိမ်း အင်္ဂျင်ကျတာလို့
ထင်ကျတယ်။

---မီးခိုးလိုက်တာကတော့အကြမ်းအား ဖြင့်ကြည့်ရင် အင်္ဂျင်ရဲ့ မီးလောင်ခန်းထဲကို

ဓာတ်ဆီ (သို့မဟုတ်)အင်္ဂျင်ဝိုင်ရောက်သွားလို့ပါ ဓာတ်ဆီကိုလောင်ကျွမ်းတဲ့အခါ အနက်ရောက်လိုက်ပါမယ် အင်္ဂျင်ဝိုင်ကို လောင်ကျွမ်းတဲ့အခါ ဖြူပြာရောင်လိုမျိုးလိုက်ပါမယ်။

**မီးခိုးအနက်လိုက်ခြင်း**

>>ကာပရိုက်တာဆီလိုင်းပေါက်ပိတ်
ခြင်း
>>အပ်ပင်/အပ်ဘွတ် မကောင်းခြင်း
>>လေဂျက်ပိတ်နေခြင်း
>>လေစစ်ဖော့ မကောင်းခြင်း
>>ချုပ်ဆွဲမိထားခြင်း
>>ဆီမသန့်ခြင်း
>>Efiဘီးတွေမှာဆိုရင် Injectorမကောင်းခြင်း

ဒါကြောင့်မီးခိုးအနက်လိုက်တာကပြင်ရရင်သိပ်ပြီးမကုန်နိုင်ပါဘူး စိုးရိမ်စရာအရမ်းမရှိပါဘူး ပြစ်ချက်က ဓာတ်ဆီစားမယ် ပလပ် ခဏ ခဏထိပါမယ်။

**မီးခိုးအဖြူလိုက်ခြင်း**

မီးခိုး အဖြူလိုက်နိုင်တာကတော့ဟတ်ခြမ်းမှာဆိုရင်

>>ဂိုက်နဲ့ဘား မကောင်းခြင်း
>>ဘားစီးမကောင်းခြင်း

**စလစ်ခြမ်း**

စလစ်ခြမ်းမှာကတော့ ပစ္စတင် ဝရိမ်းကျခြင်း။

မီးခိုးဖြူလိုက်ရင်တော့ အင်္ဂျင်ကိုင်ရဖို့ပဲများပါတယ်။တချို့ဘီးတွေက အိပ်ဇောက မီးခိုးမလိုက်ပဲ ရှိုက်ဘားက မီးခိုးမှုတ်တာတွေ အင်္ဂျင်ဝိုင်မှုတ်တာတွေရှိတတ်ပါတယ်။

၀ရိမ်းအကြာင်းပြောစရာရှိပါတယ်

တချို့ကနှိုးခါစ မီးခိုးဖြူပြာတွေလိုက်တယ် ပြီးရင်ပြန်ပျောက်တယ် ဘီးက အသစ်တွေ ဒါတွေက စိုးရိမ်းစရာမလိုပါဘူး။

များသောအားဖြင့် ယိုးဒယားဘီးတွေအဖြစ်များကြတယ် ကျွန်တော်Smashဝယ်တုန်းက လက်တွေ့ပါပဲ ဘာကြောင့်လဲဆိုရင်
အသစ်မှာအသားမကျသေးတာလဲပါတယ်

နောက်တစ်ခုက Oil ringကအပျော့လေးတွေသုံးတာများသလို expander ringကလဲ ကန်အားက တရုတ်ဘီးတွေလောက်မကန်ပါဘူး
ဒီတော့ ကြာရှည်ထားတဲ့အခါ Ringထဲကိုအင်္ဂျင်ဝိုင်နည်းနည်းစိမ့်ဝင်ပါတယ် နှိုးလိုက်တဲ့အခါ အဲဒီအင်္ဂျင်ဝိုင် အစ အနတွေကိုလောင်ကျွမ်းသွားတဲ့သဘောပါပဲ။

မီးခိုးလိုက်တိုင်း အင်္ဂျင်ကိုင်ရမှာမဟုတ်သလို အသစ်တွေဆိုအရမ်းစိုးရိမ်စရာမလိုပါဘူး။မီးခိုးဖြူပြာတော့ လိုက်စပြုနေတယ် မပြင်ခင်စီးနေသေးတယ်ဆိုရင် အင်္ဂျင်ဝိုင်ကိုဂရုစိုက်ဖို့သတိပေးလိုပါတယ်။

ဝါယာသီးသန့် Online class နဲ့ အခြေခံ GP အကြောင်းသိချင်တဲ့ညီကိုများအတွက် Comment မှာ Link ချပေးထားပါတယ်။

**Khant Hmhwe Swe**

အလုပ်လုပ်ပါ ငွေစုပါသေရာမပါပေမဲ့         ရှင်ရာဘဝမှာတော့လူရာဝင်တယ်!🙂
14/06/2024

အလုပ်လုပ်ပါ ငွေစုပါသေရာမပါပေမဲ့
ရှင်ရာဘဝမှာတော့လူရာဝင်တယ်!🙂

ရပ်နားနေဖို့ အချိန်မရှိဘူး ဘ၀အတွက်ရှေ့ဆက်လျှောက်ဖို့ အချိန်ပေးရအုံးမယ်🧑‍🔧✌️
13/06/2024

ရပ်နားနေဖို့ အချိန်မရှိဘူး ဘ၀အတွက်
ရှေ့ဆက်လျှောက်ဖို့ အချိန်ပေးရအုံးမယ်🧑‍🔧✌️

လေပဲတိုက်တိုက် မုန်တိုင်းပဲလာလာတစ်ပွင့်ထဲလဲ ပွင်ရဲရမယ်💪💪
13/06/2024

လေပဲတိုက်တိုက် မုန်တိုင်းပဲလာလာ
တစ်ပွင့်ထဲလဲ ပွင်ရဲရမယ်💪💪

ကြိုးစားပါ အချိန်မတန်ပဲ ဇိမ်မခံပါနဲ့အနှိမ်ခံဘ၀ကနေ လွတ်မြောက်နိုင်အောင်ကြိုးစားပါ✌️
12/06/2024

ကြိုးစားပါ အချိန်မတန်ပဲ ဇိမ်မခံပါနဲ့
အနှိမ်ခံဘ၀ကနေ လွတ်မြောက်နိုင်အောင်
ကြိုးစားပါ✌️

** Start ထိနိုး **(စတက် ထိနိုးရဖို့ ဘာတွေလိုအပ်သလဲ)?-စတက်ထိနိုးရဖို့ဆိုတာ သက်ဆိုင်တဲ့အရာတွေ အများကြီးရှိပါတယ်- ဘက်ထရီကော...
12/06/2024

** Start ထိနိုး **

(စတက် ထိနိုးရဖို့ ဘာတွေလိုအပ်သလဲ)?

-စတက်ထိနိုးရဖို့ဆိုတာ သက်ဆိုင်တဲ့အရာတွေ အများကြီးရှိပါတယ်

- ဘက်ထရီကောင်းရမယ် စတက်ဆွဲလိုက်တဲ့အချိန် 8Vလောက်ထိ ထိုးကျသွားတဲ့အိုးမျိုးဆိုလည်း အဆင်မပြေပါဘူး

-ဝါယာလိုင်းတွေ ကြိုးလိုင်းတွေ ထိထိမိမိရှိနေဖို့လည်းလိုပါတယ် လွတ်နေတာမျိုး မထိတထိ ဖြစ်နေတာမျိုးဆိုလည်းမရပါဘူး

- မော်တာကိုဝင်မယ့် Vအားက ပြည့်မှီဖို့လိုပါတယ် အဝင်Vအား ပြည့်မှီပြီဆိုရင် ဘက်ထရီအိုး ဖြု သော့ စတက်ခလုပ်
ဆိုလိုနွိုက် နဲ့ ကြိုးလိုင်း ဆော့ကဒ်တွေ ကောင်းတယ်လို့ အကြမ်းအားဖြင့် ယူဆပါတယ်

-အဲ့ဒီအချက်တွေကောင်းပြီဆိုရင် မော်တာက အပတ်ရည်ပြည့်အောင်လည်လားစစ်ရပါမယ် မော်တာ အားနည်းတာမျိုးတွေရှိတတ်ပါတယ်

-မော်တာကောင်းပြီးဆိုမှ အင်္ဂျင်ကိုချိတ်ဖို့
စတပ်ချိန်းတွေ စတပ်ဘောထိုင်တွေကိုစစ်ရပါမယ် စတပ်နှိပ်လိုက်တဲ့အခါ မော်တာက အင်္ဂျင်ကိုကောင်းကောင်း ဆွဲလှည့်နိုင်တယ်ဆိုရင် အပေါ်ကရေးခဲ့တဲ့အချက်တွေကောင်းတယ်လို့ပြောလို့ရပါတယ်

-အဲ့လိုတွေကောင်းပြီး စတပ်က ထိနိုးမရသေးဘူးဆိုရင် ဆီလိုင်း မီးလိုင်း အင်္ဂျင်လိုင်းကောင်းရဲ့လား ကစ်နဲ့နှိုးရင်ရော လွယ်ရဲ့လား စလိုးချက်ရော ကောင်းကောင်းရရဲ့လား စက်သံရော မှန်လား ဒါတွေကိုပါ စစ်ဆေးဖို့လိုအပ်လာပါပြီ

-ပါဆာတွေ အနီးအဝေးမှန်ရဲ့လား ကွိုင်တွေကောင်းလား ကွိုင်အားနည်းရင်လည်း ဒါမျိုးတွေကြုံရတယ်

-ဆိုင်ကယ် အင်္ဂျင် Compression ကျနေလည်း ဒါမျိုးတွေ ကြုံရတတ်ပါတယ် စတပ်နဲ့နှိုးရမလွယ်တာမျိုးပါ

-ဒါကြောင့် စတပ်ထိနိုးရဖို့ဆိုတာ အများကြီးနဲ့ဆက်နွယ်နေပါတယ်

-Efiတွေ မော်တာပျောက်ဘီးတွေမှာလည်း တချို့က Compression ကိုသတိမထားကြပါဘူး Compression ကျရင် မော်တာပျောက်ဘီးလည်း ထိနိုးမရပါ

- Compression မီတာနဲ့ သတိထားရမယ့်အချက်ကို နောက် Post လေးတွေမှာ ရေးပေးပါမယ် စာအုပ်မထုတ်ဖြစ်သေးတဲ့အတွက် ရိုး၂ဘီးတွေအတွက်ကို Online class GP မှာ တတ်နိုင်သလောက် ကြိုးစားပေးနေပါတယ်

-Efi အ‌ခြေခံလိုချင်တဲ့ ညီကိုတွေအတွက်ကတော့ မကြာခင်စပါမယ် Online class GP အကြောင်း ကိုတော့အများကြီးမရေးတော့ပါဘူး ယုံကြည်တဲ့ ညီကိုများအတွက်ပဲ ကြိုးစားပေးချင်တာကြောင့်ပါ

-ရိုးရိုးဘီးတွေအတွက် Online class GP အကြောင်း Comment ကLink မှာ ဖတ်ကြည့်ပြီး ဝင်ရောက်လို့ရပါတယ်။

** Khant Hmhwe Swe **

11/06/2024

** အင်္ဂျင် ရေရှည်မခံခြင်း **

အင်္ဂျင်တွေပြန်ကိုင်ပြီးရင် ဘာလို့ ခဏလေးနဲ့ မီးခိုးပြန်လိုက်တာလဲ အင်္ဂျင်ပြန်ကျတာလဲ?

ပြောရမယ့် အချက်တွေကတော့များပါတယ်

၁။ဘာတွေပြင်ခဲ့လဲ?

၂။ဘယ်လို ပစ္စည်းမျိုးတွေသုံးလဲ?

၃။ဂရုစိုက်မှု ဘယ်လောက်ရှိလဲ?

၄။ဘယ်လိုတွေစီးလဲ?

ဒါတွေကတော့ ကျွန်တော်မြင်သလောက်အကြမ်းအားဖြင့် ရေးပေးတာပါ။

၁။ဘာတွေပြင်ခဲ့လဲ

ဒီအချက်ကလဲ အရေးကြီးတယ်ဗျ အင်္ဂျင်တစ်ခုလုံးက အားလုံးဆက်နွယ်နေတာ အကုန်စစ်ပြီး လိုအပ်တာတွေပြင်မှရပါမယ်

ဥပမာဗျာ _ အင်္ဂျင်တစ်ခုလုံးမှာ ဘာပြစ်ချက်မှ မဖြစ်သေးဘူး ကရိုင်းသံထွက်နေတာတစ်ခုပဲဆိုပါတော့

အဲဒီအချိန်မှာ တိုင်ပင်ချိန်းကလဲ အသံတော့မမြည်ဘူးဗျာ ဒါပေမယ့် ၃ပုံ၂ပုံလောက်ညံ့နေပြီ

ထိုနည်းတူပဲဗျာ ဝရိမ်းကလဲ မီးခိုးလိုက်နိုင်တဲ့အထိ တော့မဟသေးဘူး ဒါပေမယ့် တော်တော်သုံးပြီးသားဆိုတော့ အသစ်နဲ့တော့ ယှဉ်မရဘူးပေါ့

ဒီအချိန်မှာ ကရိုင်းလဲဖို့ အင်္ဂျင်ကဖွင့်ရပြီ
ကရိုင်းလေးတင်လဲတယ် ကျန်တာ အကုန်သူ့အတိုင်းပြန်သုံးတယ်

ဒါလဲ အင်္ဂျင်ခွဲတာပဲလေ ဒါပေမယ့်အဆိုးဆုံးကရိုင်းတစ်ခုပဲလဲလိုက်တာ ဒါကိုUserတွေက အင်္ဂျင်ခွဲတယ်လို့မှတ်လိုက်ပြီ မကြာခင် မီးခိုးထွက် တိုင်ပင်ချိန်းသံထွက်လာတော့ မခံဘူးတွေဖြစ်ကုန်ရော

မီးခိုးလိုက်တယ် ဝရိမ်းလေးတင်လဲ ဘားတွေအသစ်မလဲပဲပြန်ကရိုင်းထည့် ဒါလဲအင်္ဂျင်ခွဲတာပဲ

တချို့ကြ ရှေ့ခြမ်းကိုတော့ သေချာကိုင်ပါတယ် ရုန်းအားလျော့တာကို ကလပ်ပြားတွေမလဲတော့ ရုန်းအားကျပြီးအပတ်ရည်ပိုရုန်းရတော့ အင်္ဂျင်တွေနာမယ်

ကရိုင်းမကောင်းတာတွေမှေးသုံးတော့ ပစ္စတင်တွေ ကရိုင်းဆောင့်တဲ့ဒဏ်တွေပိုခံရမယ်

ရှေ့ခြမ်းကိုတော့ရှယ်ကိုင်ပါတယ် အင်္ဂျင်ဝိုင်ပန့်တွေမစစ်တော့ အထွက်နည်းနေရင် ရေရှည်မှာမခံတော့ဘူး လုံးလုံးမှ ပန့်မထွက်တဲ့ဘီးတွေကြလဲ ချက်ချင်းမိန်းဖမ်းတာပေါ့

ဒါကြောင့် အကုန်ကောင်းချင်ရင် အကုန်ကောင်းအောင်ပြင်ဖို့လိုပါတယ်

၂။ဘယ်လိုပစ္စည်းမျိုးတွေသုံးလဲ?

ပစ္စည်းကတော့ အားလုံးသိတဲ့အတိုင်းပါပဲ အမျိုးမျိုးလာကြပါတယ် ကောင်းတာတွေရော မကောင်းတာတွေရောပေါ့

ကိုယ်အစားထိုးပြုပြင်တဲ့အခါ အရည်သွေးကောင်းတဲ့ ပစ္စည်းမျိုးတွေသုံးရပါမယ် ညံ့တဲ့ပစ္စည်းမျိုးသုံးရင်တော့ ရေရှည်မခံနိုင်ပါဘူး

၃။ဂရုစိူက်မှု

ပြုပြင်တာကတစ်ပိုင်း ဂရုစိုက်မှုက တစ်ပိုင်းပေါ့
တချို့က ပြင်ပြီးထဲက လှည့်မကြည့်တော့ပဲ စီးချင်သလိုတန်းစီးပစ်ကြတာ နောက်တစ်ခါပျက်မှပဲ ပြန်ရောက်လာပါတယ်

အင်္ဂျင်ဝိုင်တွေ လေစစ်ဖော့တွေ ကာပရိုက်တာတွေ ချိန်းတွေ ရှေ့ဘီးနောက်ဘီးတွေ လေပေါင်တွေ ဘရိတ်တွေ ....စသည်ဖြင့်ပေါ့ ဒီအပိုင်းတွေက အမြဲစစ်ဆေး ဂရုစိုက်ရမှာပါ

၄။ဘယ်လိုတွေစီးလဲ?

စီးတဲ့နေရာမှာလဲ သတိထားရမှာတွေရှိပါတယ်

တချို့က ဂီယာမချိန်းတာ စထွက်လဲ ၃လောက်နဲ့ထွက်တာတွေ အတက်တွေမှာလဲ မနိုင်ဝန်ကို ဂီယာမချိန်းပဲ မီးခေါက်သံထွက်တဲ့ထိကို လီဗာဆွဲတက်ကြတာ

တချို့က ဘရိတ်ပေါ်ကိုခြေထောက်တင်စီးကြတာ ဘရိတ်နီးတဲ့ဘီးမျိုးဆို ညိလိုက်နေတတ်ပါတယ် ဘရိတ်ရှုးကွာပြီး ညိတာတွေလဲ မကြာခဏ ကြုံရပါတယ်

နောက်တစ်ချက်ကတော့ ဟိုက်ဝေးမှာ Heat အရမ်းတက်အောင်မောင်းတာပါ သံတွေ သတ္ထုတွေက အရမ်းပူလာရင် ဒဏ်ခံနိုင်နှုန်းတွေကျလာပါတယ် ဒီအချိန်မှာ ထိခိုက်ပျက်စီးမှု ပွတ်စားမှုပိုဖြစ်ပါတယ် အရမ်းHeat တက်လာရင် နားသင့်ပါတယ်။

ဘိုးရင်းနဲ့ပက်သက်ပြီး ပြောစရာတော့ရှိပါသေးတယ် တချို့က ဘိုးရင်းပြန်ထိုးတဲ့အခါ လက်နဲ့တောင် မနဲထိုးယူရတဲ့ထိ ကြပ်နေတာတွေကိုကြိုက်တယ် ပြီးမှာကျင့်စီးမယ်ပေါ့
အဲလိုကြပ်ကြပ်ထိုးခြင်းအားဖြင့် ရေရှည်ခံမည်ထင်ကြပါတယ်

အဲ့အကြောင်းကိုတော့ စာရှည်မှာစိုးတာနဲ့ အဆဲခံရမည်စိုးသောကြောင့် နောက်postမှပဲဆက်ပါ့မယ်

Online class GP အကြောင်း Comment ကLink မှာ ဖတ်ကြည့်ပြီး တက်ရောက်လို့ရပါတယ်ဗျ။

**Khant Hmhwe Swe**

ပင်ပန်းနေပါစေ လိုရာရောက်ဖို့ကျွန်တော်ရှေ့ဆက်နေရမယ်🧑‍🔧
11/06/2024

ပင်ပန်းနေပါစေ လိုရာရောက်ဖို့
ကျွန်တော်ရှေ့ဆက်နေရမယ်🧑‍🔧

ကြိုးစားတဲ့ လူတိုင်းက မအောင်မြင်ပါဘူးဒါပေမယ် အောင်မြင်နေတဲ့ လူတိုင်းကကြိုးစားခဲ့ကြပါတယ်✌️✌️
11/06/2024

ကြိုးစားတဲ့ လူတိုင်းက မအောင်မြင်ပါဘူး
ဒါပေမယ် အောင်မြင်နေတဲ့ လူတိုင်းက
ကြိုးစားခဲ့ကြပါတယ်✌️✌️

10/06/2024

အချိန်ရှိရင် သင်ယူလေ့လာဖို့မပျင်ပါနဲ့ ✌️✌️✌️

သင့် ဘ၀ကိုချစ်ရင် အချိန်မဖြုန်းပါနဲ့ဘ၀ကိုအချိန်နဲ့ တည်ဆောက်ထားတာပါ🧑‍🔧✌️
10/06/2024

သင့် ဘ၀ကိုချစ်ရင် အချိန်မဖြုန်းပါနဲ့
ဘ၀ကိုအချိန်နဲ့ တည်ဆောက်ထားတာပါ🧑‍🔧✌️

09/06/2024
**ဆိုင်ကယ်ဘောတွေချောင်ရင်**-တရုတ်ဘီး အတော်များများကတော့ ဘီးဘောဆိုရင် ရှေ့ရော နောက်ရော 6301နဲ့လာကြပါတယ်-စပေါ့ကတ်အထိုင်ဘော...
09/06/2024

**ဆိုင်ကယ်ဘောတွေချောင်ရင်**

-တရုတ်ဘီး အတော်များများကတော့ ဘီးဘောဆိုရင် ရှေ့ရော နောက်ရော 6301နဲ့လာကြပါတယ်

-စပေါ့ကတ်အထိုင်ဘောကတော့ ယိုးဒယား ဘီးလေးတွေထိတူတာများတယ် 6203နဲ့လာပါတယ်

-ယိုးဒယားဘီးတွေကတော့ ရှေ့ဘီး နောက်ဘီးမှာအမျိုးမျိုးလာကြတယ် 6201/6200/6300 ပေါ့

-ကျွန်တော်ပြောချင်တာက၂ချက်ရှိပါတယ်

-ပထမ တစ်ချက်က Userတွေကိုယ်တိုင်ပဲဖြစ်၂ အတွေ့ကြုံနည်းတဲ့ သူတွေကဖြစ်ဖြစ်ပေါ့ ဘောလေးလဲတာကတော့ လွယ်ပါတယ်ဆိုပြီး ရိုက်ဖြုတ် ဘောအသစ်ပြန်တပ်ပေါ့

-ဘာပြဿနာဖြစ်လဲဆိုတော့ ဘောထောက်တိုတဲ့ ပြဿနာပါ ဘော၂ခုကြားမှာ ထောက်ထားတဲ့ ဘောထောက်လေးပါ ဘောထောက်က ချောင်တဲ့အခါကြ ဝင်ရိုးကြပ်ချိန် ဘောတွေကိုနင်းနေတတ်ပါတယ် ကြားထဲကထောက်မပေးတော့ပါဘူးဘီးလှည့်ရတာလဲ မသွက်တော့ဘူး အဲ့ဒီတိုင်းစီးမိရင် ဘောတွေရေရှည်မခံပဲ ပြတ်ကျပါတယ်

-ဒါကြောင့် ဘောထောက်ကိုသတိထားပါ ဘော၂လုံးကို ထောက်မိနေဖို့လိုတယ်

-နောက်တစ်ချက်က ဘောထိုင်ချောင်တဲ့ကိစ္စ အထိုင်ချောင်ရင်တော့ ပုံမှန်ဆို ဘရောင်းလဲရမှာပေါ့ ဒါပေမယ့် မလဲနိုင်တဲ့အခါ ဖြတ်ထိုးဉာဏ်သုံးပြီး အကြပ်ခုရိုက်ကြတာပေါ့

-ဘီယာဘူးခွံလေးတွေကိုကိုက်ပြီး ခုရိုက်ပေါ့ အဲ့လိုရိုက်တဲ့နေရာမှာ သတိထားဖို့ပါ သတ္ထုတွေက ကွဲလွယ် ပဲ့လွယ်ပါတယ် အရမ်းကြပ်နေတာကိုရိုက်မိရင် ဘရောင်းဘောထိုင်ပွင့်ထွက်တတ်လို့ပါ အဆင်ပြေသလောက်ပဲခုပြီးရိုက်ပါ ပွင့်လာတဲ့ဘီးတွေကြုံရပါတယ် မကြာခဏကြုံရလို့ပါ

-ပြင်တတ်ဖို့ကတော့လွယ်ပါတယ် စေတနာထားဖို့ စနစ်ကျဖို့လည်းလိုပါသေးတယ်
ပြီးပြီးရောလုပ်ရင် ဘီးတွေဟာ တစ်ခါပြင် တစ်ခါပိုဆိုးလာပါတယ်

ပစ္စည်းကောင်းကောင်း ဂွကောင်းကောင်းတွေနဲ့ စနစ်တကျပြင်ရင် ဒေါင့်လုံးနေတဲ့နပ်တွေ ကျိုးနေတဲ့ မိုင်းလစ်ပီနယံတွေ တစ်စဆီပြတ်နေတဲ့ဝါယာလိုင်းတွေ မြင်ရမှာမဟုတ်တော့ပါဘူး

Online class အကြောင်းကိုတော့ Comment ကLink မှာဖတ်ကြပါ။

** Khant Hmhwe Swe **

09/06/2024

အားလုံးမဂ်လာပါအင်ဂျင်ပိုင်းစမယ်

***ကလပ်ချိန်းနည်း***ဂီယာထိုးရခက်ခြင်း၊ ဂီယာထိုးရင်အသံမြည်ခြင်း၊ ဖရီးမရှိခြင်းများရှိပါက ကလပ်ကိုအတိကျဖြစ်ဖို့ ပြန်လည်ချိန...
09/06/2024

***ကလပ်ချိန်းနည်း***
ဂီယာထိုးရခက်ခြင်း၊ ဂီယာထိုးရင်အသံမြည်ခြင်း၊ ဖရီးမရှိခြင်းများရှိပါက ကလပ်ကိုအတိကျဖြစ်ဖို့ ပြန်လည်ချိန်းပေးရမှာဖြစ်ပါတယ်။

*ကလပ်ချိန်းမူလီ*

*ကလပ်ချိန်း တိုင်*

ဒီသုံးချက်လိုချိန်းပါ။

1.ကလပ်ချိန်းမူရီ 14 ကို အရင်ပေးချန်လိုက်ပါ ကလပ်ချိန်းတိုင်မလည်စေဖို့ ဝိုင်းအူလဲ့ပြားနဲ့ထည့်ထိန်းထားပါ။

2. ကလပ်ချိန်းတိုင်းကို အကျက်တစ်ချက် အချန်တစ်ချက် လှုပ်ပေးလိုက်ပါ ပြီးတော့ ကလပ်ချိန်းတိုင်က နာရီအပ်နောက်ပြန်ဘက်က အဆုံးအထိလှည့်ပေးပါ ပြီးရင် နာရီအပ်အရှေ့သွားဘက်မှာ 8ပိုင်း1 ပိုင်းချိန်း ပေးပါ။

ပြီးတော့ ကလပ်ချိန်းမူလီ 14 ပြန်ကျက်ပါ ကလပ်ထိုင်မလည်စေဖို့ ဝိုင်းအူလဲ့ပြားနဲ့ပြန်ထည့်ထိန်းထားပါ။

ဂီယာတိုင်အနေအထား

3. ဂီးယာထိုးတံအနေအထားက ကလပ်ဖရီးမူ 14 - 18mm အကွာရှိရမယ်။

ဒီသုံးချက်ကို အထက်ပါပုံအတိုင်းချိန်းနိုင်ပါတယ်။

#ဆရာစောကျာ ဆိုင်ကယ်ပြုပြင်သင်တန်း

** Sawjar Karen Channel **

စာအုပ်နဲ့သေချာလေ့လာချင်ရင် ဆရာစောကျာဆီကအသေးစိတ်မှာယူလေ့လာနိုင်ပါတယ်

0942929576 ထိုင်းနိုင်ငံတစ်ဝန်းလုံးပို့ပေးနေပါသည်။

အခွင့်အရေးရရင် ကိုယ်ပိုင်လုပ်ငန်းလုပ်ပါ                         တသက်လုံး လခစား မလုပ်ပါနဲ့ ✌️
08/06/2024

အခွင့်အရေးရရင် ကိုယ်ပိုင်လုပ်ငန်းလုပ်ပါ
တသက်လုံး လခစား မလုပ်ပါနဲ့ ✌️

သင်ဝါသနာရှိတဲ့အလုပ်ကို လုပ်ပါနောက်လာမဲ့အနာဂတ်အတွက်ပဲညီလေး🧑‍🔧✌️
08/06/2024

သင်ဝါသနာရှိတဲ့အလုပ်ကို လုပ်ပါ
နောက်လာမဲ့အနာဂတ်အတွက်ပဲညီလေး🧑‍🔧✌️

Address


Website

Alerts

Be the first to know and let us send you an email when SawChit Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share