PDF Reference News

  • Home
  • PDF Reference News

PDF Reference News Pdf Reference News Is a News Page that informed to Myanmar Democrats people to know the situation o
(3)

ဆေးလောကသားတွေ အွန်လိုင်းတွေ့ဆုံပွဲကို ဒေါ်သက်သက်ခိုင် ခိုးတက်လို့ ထုတ်ပယ်ခံရရက္ခိုင့်တပ်တော်(AA)ရဲ့ ဒု-စစ်ဦးစီးချုပ် ဒေါ...
21/01/2023

ဆေးလောကသားတွေ အွန်လိုင်းတွေ့ဆုံပွဲကို ဒေါ်သက်သက်ခိုင် ခိုးတက်လို့ ထုတ်ပယ်ခံရ

ရက္ခိုင့်တပ်တော်(AA)ရဲ့ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် NUG က တာဝန်ရှိသူတွေနဲ့ ဆေးလောက သားတွေ တွေ့ဆုံတဲ့ “မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏ အခန်းကဏ္ဍ” အွန်လိုင်းတွေ့ဆုံပွဲကို စစ်ကောင်စီခန့် ဝန်ကြီး ဒေါ်သက်သက်ခိုင် ခိုးဝင်ပြီး တက်ရောက်တဲ့အတွက် ပွဲစီစဉ်သူက ထုတ်ပယ်ခဲ့ပါတယ်။

အဲဒီ့ ဆွေးနွေးပွဲကို ဆေးလောကသားများတင်သာမကဘဲ စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက် နိုင်ကြောင်း ဖိတ်ခေါ်ထားတာဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီခန့်အပ်ထားတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် နဲ့ ခိုးဝင်လာတဲ့အတွက် တက်ရောက်သူများက ဆဲဆိုခဲ့ကြတဲ့အပြင် ပွဲစီစဉ်သူတွေကတော့ လက်မခံဘဲ ထုတ်ပယ်လိုက်တယ်လို့ အပြန်အလှန်ဆွေးနွေးတဲ့ စကားပြောခန်းမှာပြောဆိုကြတာပါ။

Full Story ==> https://burmese.dvb.no/archives/574543

ရန်ကုန်မြို့ပေါ်မှာ ရှော့တိုက်တွေနဲ့ပါခြိမ်းခြောက်လာနိုင်ရန်ကုန်တိုင်း၊ လှိုင်သာယာရှိ  ခမရ ၅၃၂ တပ်ရင်းကို   ရှော့ တိုက်ဒ...
20/01/2023

ရန်ကုန်မြို့ပေါ်မှာ ရှော့တိုက်တွေနဲ့ပါခြိမ်းခြောက်လာနိုင်

ရန်ကုန်တိုင်း၊ လှိုင်သာယာရှိ ခမရ ၅၃၂ တပ်ရင်းကို ရှော့ တိုက်ဒုံး ၄ လုံးဖြင့် တိုက်ခိုက်မှု သေဆုံး ထိခိုက်မှုများရှိ

လူဦး‌ရေစာရင်း ကောက်နေတဲ့စကစမဲစာရင်းအဖွဲ့ကို လောင်းလုံး PDF တိုက်ခိုက်၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ။
10/01/2023

လူဦး‌ရေစာရင်း ကောက်နေတဲ့
စကစမဲစာရင်းအဖွဲ့ကို လောင်းလုံး PDF တိုက်ခိုက်၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ။

မြိုင်ရဲစခန်းမှ ရဲတပ်သား မြတ်စိုးကျော်နှင့် မျိုးမင်းသိန်းတို့နှင့်အတူ အမျိုးသမီး တချို့က အရက်အတူသောက်ပြီး ဆေးခတ်ကာ လက်န...
03/01/2023

မြိုင်ရဲစခန်းမှ ရဲတပ်သား မြတ်စိုးကျော်နှင့် မျိုးမင်းသိန်းတို့နှင့်အတူ အမျိုးသမီး တချို့က အရက်အတူသောက်ပြီး ဆေးခတ်ကာ လက်နက် ၁ လက်နှင့် ကျည် များ ယူဆောင်၍ မြိုင် ပကဖ ထံ အပ်နှံ

22/12/2022

မနက်ခင်းကြားရတဲ့ သတင်းက ကျက်သရေကို ရှိနေတာပဲ။
မအလတွေတော့ မစရာ
ဘောပျောက်ပြီ!

ပခုက္ကူမြို့ မြို့အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ဝင်တိုက်၊ ၃ ဦးသေ ကားနှင့် လက်နက်များပါ သိမ်းဆည်း−−−−−−−−−−−−−...
18/12/2022

ပခုက္ကူမြို့ မြို့အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ဝင်တိုက်၊ ၃ ဦးသေ ကားနှင့် လက်နက်များပါ သိမ်းဆည်း
−−−−−−−−−−−−−−−−−−

မကွေးတိုင်း ပခုက္ကူမြို့ မြို့အထွက်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို မြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်(PDF)တစ်ခုက ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသွားသည်ဟု မြို့အခြေစိုက် PDF ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောသည်။

ပခုက္ကူ-မြိုင်မြို့ မြို့နယ်ချင်းဆက်လမ်းပေါ်၊ ပခုက္ကူတက္ကသိုလ်မြောက်ဘက် တစ်မိုင်ကျော်အကွာရှိ ယောင်းမစွန်ဆီဆိုင်ရှေ့တွင် စစ်ကောင်စီတပ်သားများက အထိုင်ချနေသည့် စစ်ဆေးရေးဂိတ်ကို Earthquake People's Defence Force အမည်ရ ဒေသအခြေစိုက် PDF အဖွဲ့က ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

“သူတို့ ၄ ယောက်လောက်ပဲရှိတယ်။ သူတို့စစ်ဆေးရေး လုပ်နေတဲ့အချိန်မှာ ပြည်သူတွေကို မထိခိုက်အောင် ကျွန်တော်တို့ ဝင်ရှင်းခဲ့တယ် စ စချင်းတော့ သုံးယောက်က ပွဲချင်းပြီးသေတယ်။ ပြန်ပြီးခံမတိုက်နိုင်တော့ဘူး။ နောက်တစ်ယောက်ကတော့ ခံပစ်သေးတယ်။ ကျည်တစ်ဘောက်စာတောင် မကုန်ဘူး သူလည်း သွေးအလူးလူးနဲ့ ကျန်ခဲ့တယ်”ဟု ကိုပိန်က ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို Earthquake People's Defence Force တပ်ဖွဲ့ဝင်များက အနီးကပ်ဝင်ပစ်ခဲ့ခြင်းဖြစ်ကာ သေနတ် ၂ လက်နှင့် ကျည်ဆန်များပါ သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း ကိုပိန်က ပြောသည်။

“သုံးယောက်က လုံးဝကျပြီဆိုတဲ့အချိန်မှာ သေနတ်တွေ သွားကောက်နိုင်ခဲ့တယ်”ဟု ကိုပိန်က ပြောသည်။

MA3 အမျိုးစားသေနတ်တစ်လက်နှင့် အူစီ သေနတ်တစ်လက်အပါဝင် G3ကျည်ဆန် ၅၀၀နှင့် ကျည်ဘောက် ၂ ခုကို သိမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ ကားတစ်စီး၊ ငွေ သုံးသိန်းနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆီးနိုင်ခဲ့သည်ဟု Earthquake People's Defence Force က ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆေးရေးဂိတ်ရှိ စစ်သားများသည် လမ်းသွားလမ်းလာ ပြည်သူများအပေါ် ပိုက်ဆံတောင်းယူသည့်အပြင် မှတ်ပုံတင်မပါလာသူများကိုလည်း ရိုက်နှက်နှိပ်စက်ကြသဖြင့် ပြည်သူလူထုအတွက် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည် ကိုပိန်က ဆိုသည်။

(ဓာတ်ပုံ - သိမ်းဆီးရမိသည့် သေနတ်များနှင့် ကားတို့ကို တွေ့ရစဉ်)

15/12/2022

မအလတော့ နတ်ဆရာအိမ်ရှေ့ရောက်
နေလောက်ပြီ။😁

14/12/2022

နမ့်ဆန်မြို့ TNLA နှင့် စစ်ကောင်စီတိုက်ပွဲတွင် စစ်ကောင် စီတပ်သား ၅၀ ကျ၊ ၂၇ ဦး၏အရှင်ဖမ်းခံရ

10/12/2022

စစ်ဆိုလို့သာအသက်စွန့်တိုက်ရတာ
အန္တရာယ်အရမ်းများပါတယ်..

စစ်ကျွန်မခံမြွေဆိုးတသိုက်အဖွဲ့

မန္တလေးတွင် အချုပ်ကား ဗုံးပစ်ခံရမှုမှ ဒဏ်ရာရရှိသော ရဲအုပ် ယဉ်ယဉ်ဌေးနှင့် ရဲတပ်ကြပ် သန္တာကျော်တို့ ဆေးကုသမှု ခံယူနေစဉ် သေ...
07/12/2022

မန္တလေးတွင် အချုပ်ကား ဗုံးပစ်ခံရမှုမှ ဒဏ်ရာရရှိသော ရဲအုပ် ယဉ်ယဉ်ဌေးနှင့် ရဲတပ်ကြပ် သန္တာကျော်တို့ ဆေးကုသမှု ခံယူနေစဉ် သေဆုံး၊ ယာဉ်မောင်း ရဲ တပ်သား ပြည်စုံထွန်း ခြေထောက်ဖြတ်ရ

ဒီဇင်ဘာ ၇

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်းတွင် နိုဝင်ဘာလ ၁ ရက်နေ့က အချုပ်ကား ၁ စီးကို ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်စဉ် တွင်ဒဏ်ရာရရှိခဲ့သော ရဲအုပ် ယဉ်ယဉ်ဌေးနှင့် ရဲတပ်ကြပ် သန္တာကျော်တို့ ဆေး ကုသမှု ခံယူနေစဉ် ရှေ့ဆင့် နောက်ဆင့်ဆိုသလို သေဆုံးခဲ့ပြီး အချုပ်ကား ယာဉ် မောင်း ရဲတပ်သား ပြည့်စုံထွန်း မှာ ခြေထောက်ဖြတ် လိုက်ရ ကြောင်း ရဲသတင်း ရင်းမြစ်က ပြောသည်။

ဗုံးဖြင့် ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှု ခံယူနေသော ရဲအုပ် ယဉ်ယဉ် အေး သည် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင်လည်းကောင်း၊ ရဲတပ်ကြပ် သန္တာကျော်သည် ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်းကောင်း ရရှိ ဒဏ်ရာ များဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

အချုပ်ကား ယာဉ်မောင်း ရဲတပ်သား ပြည့်စုံထွန်းမှာမူ ခြေထောက် တစ်ခုလုံး လုံး၀ ဖြတ်တောက် ပစ်လိုက်ရပြီး ဆေးဝါးကုသမှု ဆက်လက်ခံယူနေဆဲ ဖြစ် ကြောင်း သိရှိရသည်။

"ရဲအုပ် ယဥ်ယဥ်ဌေး နဲ့ ရဲတပ်ကြပ် သန္တာကျော်တို့ ဆေးကုသမှု ခံယူနေတာမှာ ရဲအုပ်က နိုဝင်ဘာလ ၃၀ရက်နေ့ညကသေတယ်။ ရဲအုပ် ယဉ်ယဉ်ဌေး၊ ရဲတပ် ကြပ် သန္တာကျော်က ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၅နာရီလောက်မှာ ဆုံးတယ်။ အချုပ်ကား ယာဉ်မောင်း ရဲတပ်သားပြည့်စုံထွန်းက ခြေထောက် ဖြတ် ရ ပါ တယ်" ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်း၊ ခင်စောမူကွေ့ရှိ အမှတ် (၁၁) ရဲ စခန်း အနီးတွင် နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် အချုပ် ကား ၁ စီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အချုပ်ကားသည် ချမ်းမြသာ စည် မြို့နယ် တရား ရုံးကို အချုပ်သားပို့ပြီးအပြန်တွင် ဗုံးဖြင့် တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

News source KhitThit

ယမန်နေ့ည လေပြင်းတိုက်ခတ်မှု ရန်ကုန်မြစ်အတွင်း မော်တော် ၁ စင်း၊ သမ္မာန်နှင့် ပိုက်လှေ ၁ဝ စီးကျော်နစ်မြုပ်ဧရာဝတီတိုင်းမ်ဒီ...
01/12/2022

ယမန်နေ့ည လေပြင်းတိုက်ခတ်မှု ရန်ကုန်မြစ်အတွင်း မော်တော် ၁ စင်း၊ သမ္မာန်နှင့် ပိုက်လှေ ၁ဝ စီးကျော်နစ်မြုပ်

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁ ရက်

ရန်ကုန်တိုင်း၊ ဒလနှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ယမန် နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မော်တော်တစ်စင်းအပါအဝင် သမ္မာန်နှင့် ငါးဖမ်းပိုက်လှေများ နစ်မြုပ်သွားကြောင်း လှေပိုင်ရှင်များ၏ ပြောပြချက်အရ သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့တွင် လေပြင်းတိုက် ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြစ်အတွင်း၌ ဒလနှင့်ရန်ကုန်ကူးနေသည့် စက်သမ္မာန် ၃ စင်း တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

"ညက သမ္မာန် ၃ စီးမှောက်တယ်။ လေတွေ တအားတိုက်နေချိန် မြစ်အလယ်ကိုကျော်လာပီးမှ ဖြစ်တော့ တော်သေးတာပဲပြောရမယ်။ လူတွေဘာမှမဖြစ်လို့" ဟု သမ္မာန်မောင်းနှင်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ပုန်ကျေးရွာ၊ ရွာသစ်ကမ်းနားရှိ မြစ်အတွင်း ရပ်ထား သည့် မော်တော်နှင့် ငါးဖမ်းပိုက်လှေများ မျောပါနစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံကသိရသည်။

"လှိုင်းတွေက တအားတက်လာပြီး လှေတွေအချင်း ချင်းရိုက်မိပြီး ချည်ထားတဲ့ ကြိုးတွေပြတ်ကုန်တာ။ မော်တော်ကြီးတစ်စီးနဲ့ ပိုက်လှေ ၁၀ စီကျော်မျောပါပြီး နစ်မြုပ်သွားတယ်"ဟု ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန့်နေ့ညပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းအရှိန်ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အိမ် ခေါင်မိုး များလန်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များပါလမ်းပေါ် သို့ ကျိုးကျမှုများဖြစ်ပေါ်မူရှိခဲ့ကြောင်းသိရသည်။

ကျိုက်မရော၊ တောင်ကလေးရဲစခန်းကို KNLA နှင့်PDF ပူးပေါင်းတပ်များ တိုက် ခိုက်မှု စစ်တပ်နှင့်ရဲဘက်မှ ၁၀ ဦးကျဆုံးပြီး လက်နက်ခ...
21/11/2022

ကျိုက်မရော၊ တောင်ကလေးရဲစခန်းကို KNLA နှင့်PDF ပူးပေါင်းတပ်များ တိုက် ခိုက်မှု စစ်တပ်နှင့်ရဲဘက်မှ ၁၀ ဦးကျဆုံးပြီး လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စစ် တပ်နှင့်ရဲဘက်မှ ၁၀ ဦးသေဆုံးကြောင်း၊ လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရမိကြောင်းPDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် KNLA နှင့် PDF တပ်များက တောင်ကလေးရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ယင်း နောက် နံနက် ၆ နာရီခွဲမှစတင်၍ စစ်ကောင်စီတပ်များက ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်ပြီး ချောင်းနှစ်ခွ နယ်မြေရဲစခန်းဘက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်နှင့်ရဲဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

စစ်တပ်နှင့်ရဲဘက်မှ သေဆုံးသူများတွင် ရဲဒုတပ်ကြပ် ကိုကိုလတ်၊ ရဲဒုတပ် ကြပ် ဇွဲပြည့်အောင်၊ ရဲတပ်ကြပ်ကြီး ကျော်မျိုး အပါအဝင် ၁၀ ဦးသေဆုံးခြင်း ဖြစ်ကြောင်း သိရှိရသည်။

"ဒီမနက် ၅ ခွဲမှာ တောင်ကလေးရဲကင်းစခန်းကို ပူးပေါင်းတပ်တွေ ဝင်သိမ်း တယ်။ မနက် ၆ ခွဲလောက်ကစပြီး ရဟတ်ယာဉ်တွေနဲ့လာပစ်။ ချောင်း နှစ်ခွ ရွာကနေ စစ်ခွေးတွေက လက်နက်ကြီးနဲ့ကူပစ်နေတယ်။ ရွာချင်း ကပ် လျက် ကြံတောရွာမှာလည်း ပစ်ခတ်မှုများရှိနေပါတယ်။ တိုက်ပွဲ ပြင်းထန် ကြာမြင့် နေပြီးတော့ ဂျက်တိုက်လေယာဉ်နှင့် ဗုံး ၂ လုံးကျဲချသွားပါတယ်။ ရွာ သား တွေ အကုန် ထွက်ပြေးနေရပြီး တောထဲမှာ ပုန်းနေရတယ်" ဟု ရန်ကုန် ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ သတင်းရေးသားဖော်ပြနေချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တောင်ကလေးရဲစခန်း ပတ်ဝန်းကျင် နေရာပေါင်းစုံကို ရမ်းသမ်းပစ်ခတ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မြင်းခြံမှာ စစ်အုပ်စုကို စီးနင်းတိုက်ခိုက်ရာ စကစ (၁၃)ယောက် သေ၊ သေနတ်တစ်လက် သိမ်းဆည်းရရှိ၊တိုက်ပွဲမှာ အထိနာ အသေများပြီးနေ...
20/11/2022

မြင်းခြံမှာ စစ်အုပ်စုကို စီးနင်းတိုက်ခိုက်ရာ စကစ (၁၃)ယောက် သေ၊ သေနတ်တစ်လက် သိမ်းဆည်းရရှိ၊
တိုက်ပွဲမှာ အထိနာ အသေများပြီးနောက် စစ်အုပ်စုက ပြည်သူတစ်ဦးကို သတ်ဖြတ်ကာ အိမ်ခြေ(၆၀)ကျော်ကို မီးရှို့ဖျက်ဆီး၊

MFP ၊ နိုဝင်ဘာ - ၂၀

မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျားရွာကျေးရွာထဲ စီးနင်းအထိုင်ချ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ (၁၃)ယောက် သေပြီး သေနတ် တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း - Natogyi People Defence Force က သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၈)ရက် ညနေပိုင်းက မြင်းခြံမြို့နယ် ပျားရွာထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူကို ရန်ပြု သောင်းကျန်း၊ လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ အင်အား (၃၀)နီးပါးရှိတဲ့ စစ်အုပ်စုကို Natogyi People Defence Force အဖွဲ့ နှင့် မဟာမိတ်တွေဖြစ်တဲ့ People's Defense Force – Mandalay၊ 27 Revolution Forces နှင့် ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းပြီး စီးနနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မဟာမိတ်များ ပူးပေါင်း၍ ၀င်ရောက်တိုက်ခိုက်ရာ တိုက်ပွဲအချိန် တစ်နာရီကျော် ကြာမြှင့်ခဲ့ပြီး (စခ)များဘက်မှ ခုနှစ်ကောင်နှင့်အထက် ငရဲပြည်သို့အရောက် ပို့ဆောင်ပေးနိူင်ခဲ့ပါသည်။ စစ်ကူလာသော (စခ)ကား သုံးစီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (စခ) ခြောက်ကောင် ပွဲချင်းပီး (ဂန့်) သွားခဲ့ပြီး (စခ)ကား တစ်စီးလည်း ပျက်စီးသွားခဲ့ပါသည်” လို့ Natogyi People Defence Force – NPDF ကာဖော်ပြပါတယ်။

တိုက်ပွဲအတွင်း (MA-11) အမျိုးအစား သေနတ် တစ်လက်၊ (5.56×) ကျည် (၂၇)တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အထိနာ အသေများပြီးနောက် စစ်အုပ်စုက ပျားရွာကျေးရွာက ဒေသခံပြည်သူကို အနိုင်ကျင့် ရန်ပြု ညှဉ်းပန်းကာ ဒေသခံ မိသားစု (၆၀)ကျော်ရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို အသက်(၄၀)ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခွေးတွေက တိုက်ပွဲမှာ အသေအပျောက် များပြီးတော့ ရွာကို မီးရှို့တာပါ။ အခုထိလည်း ပျားရွာထဲမှာ ခွေးတွေ အုပ်လိုက် ရှိနေပါသေးတယ်” လို့ NPDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မြင်းခြံနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ပြည်သူကို ရန်ပြု သောင်းကျန်းနေတာ ဖြစ်ပါတယ်။

17/11/2022

၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေး ယနေ့ပြန်လည်လွတ်မြေက်လာ။

15/11/2022

ယနေ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ အင်းစိန်ထောင်က ပြန်လွတ်။

13/10/2022
မုံရွာမှာ မိုင်းထောင်ဖို့ သွားတဲ့ ပြည်သူ့ရဲဘော် နှစ်ဦး စစ်အုပ်စုနှင့် ထိပ်တိုက်တိုးကာ ကျဆုံး၊အောက်တိုဘာ - ၁၁မုံရွာမြို့အ...
11/10/2022

မုံရွာမှာ မိုင်းထောင်ဖို့ သွားတဲ့ ပြည်သူ့ရဲဘော် နှစ်ဦး စစ်အုပ်စုနှင့် ထိပ်တိုက်တိုးကာ ကျဆုံး၊

အောက်တိုဘာ - ၁၁

မုံရွာမြို့အနီးက ကျေးရွာတွေကို ဝင်မွှေလုယက် မီးရှို့ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းခွဲ တိုက်ခိုက်နိုင်ရေး မိုင်းထောင်ဖို့ သွားတဲ့ ပြည်သူရဲဘော်နှစ်ဦး စစ်အုပ်စုနှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးသတ်-ဖြတ်ခံရကာ ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၉)ရက် ညပိုင်းက ဖက်ဆစ်တပ်ကို တိုက်ခိုက်နိုင်ရေး မိုင်းထောင်ဖို့ သွားတဲ့ အသက်(၁၈)နှင့် အသက်(၂၀)အရွယ် ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

"မုံရွာ - ချောင်းဦး လမ်းမှာ ဖြစ်သွားတာ" လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) ပြန်ကြားရေး တာဝန်ခံက MFP ကို ပြောပါတယ်။

"ကျွန်ုပ်တို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ခွဲ - ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF ၏ ရဲဘော် ကိုစည်သူမောင် (ခေါ်) သော်က အသက် (၂၀) ၊ ရဲဘော် ကိုသက်ဇော်ဦး (ခေါ်) ယက္ခ အသက်(၁၈)တို့သည် စက်တင်ဘာ(၉)ရက်တွင် မိုင်းဆင်သွားရင်း စကစများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီး နိုင်ငံတော်အတွက် အသက်ပေး၍ မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူအတွက်တိုက်ပွဲဝင်ရင်း ကျဆုံးသဖြင့် ကျွန်ုပ်တို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း -၄ အနေဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲ ဝမ်းနည်းရပါသည်။ အာဇာနည်ရဲဘော် ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းရေး တာဝန်များကို ကျန်ရစ်သော ကျွန်ုပ်တို့ ရဲဖော်များက ဆက်လက် ထမ်းဆောင်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဝန်ခံ ကတိပြုပါသည်" လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ ယမန်နေ့ ညပိုင်းက မုံရွာမြိုနယ်၊ ပုရစ်ကုန်းကျေးရွာဘက်မှ ပုတော ကျေးရွာဘက် ဆိုင်ကယ်နဲ့ မောင်းနှင်လာသူ သုံးဦးကို စစ်ဆေးဖို့ တားဆီးရာ ဆိုင်ကယ်ရပ်မပေးတဲ့အတွက် ပစ်သတ်ခဲ့ပြီး လက်လုပ်သေနတ် (အရှည်) တစ်လက်၊ (၁၂)ဗိုကျည် ခုနှစ်တောင့်၊ လက်လုပ်ရီမုမိုင်း နှစ်လုံးနှင့် ဖုန်း သုံးလုံး သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းဖြန့်ထားပါတယ်။

ကျဆုံးရဲဘော် နှစ်ဦး

▫️MFP

တန့်ဆည်နယ် ဒယ်ရောက်ရွာအနီး တိုက်ပွဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူ့ရဲဘော်လေးဦး ကျဆုံး၊အလောင်းနဲ့ လက်နက်တွေ ရရှိတယ်လို့ စစ်အုပ...
10/10/2022

တန့်ဆည်နယ် ဒယ်ရောက်ရွာအနီး တိုက်ပွဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူ့ရဲဘော်လေးဦး ကျဆုံး၊
အလောင်းနဲ့ လက်နက်တွေ ရရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်၊

MFP၊ အောက်တိုဘာ - ၉

စစ်ကိုင်းတိုင်း ရေဦးနှင့် တန့်ဆည်နယ်အစပ်၊ ရွာဂူကြီးရွာနဲ့ ဒယ်ရောက်ရွာအနီး မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း PDF အလောင်း လေးလောင်းနဲ့ လက်နက်တွေ ရရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

အောက်တိုဘာ(၈)ရက် ညနေ(၃)နာရီက တန့်ဆည်မြိုနယ်၊ ဒယ်ရောက်နှင့် ကလဇင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် PDF အလောင်း လေးလောင်းနှင့်အတူ အမ် -၂၂ သေနတ် နှစ်လက်၊ အမ်-၄ သေနတ် တစ်လက်၊ လက်လုပ်မိုင်း ခုနှစ်လုံး၊ ဝါယာကြိုး တစ်ခွေ၊ ကျည်ဆံနှင့် ကျည်အိမ်တွေ သိမ်းဆည်း ရရှိတာလို့ စစ်အုပ်စုက ဆိုပါတယ်။

တန့်ဆည်နှင့် ရေဦးနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်ကောင်စီ တပ်မ(၃၃)နဲ့ ပျူစောထီး ပူးပေါင်း အင်အား(၇၀)ခန့်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ (၄၅)မိနစ်ကြာ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီဘက်က ခြောက်ယောက်ထက်မနည်း သေသလို ပြည်သူ့ရဲဘော်တွေဘက်က သုံးဦး ကျဆုံးပြီး လေးဦး ပျောက်ဆုံးနေတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ ရေဦးက ပြောပါတယ်။

ရေဦးနဲ့ တန့်ဆည်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ရဲဘော်သုံးဦး ကျဆုံးပြီး လေးဦးကတော့ စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်သွားသလားဆိုတာ အတိအကျ မသိရသေးဘဲ အခုထိတော့ ပျောက်ဆုံးအခြေအနေပဲ သတ်မှတ်ထားတယ်လို့ ရေဦး ပကဖ က ဆိုပါတယ်။

အောက်တိုဘာ(၈)ရက်က တန့်ဆည်မြို့နယ်၊ တပ်သစ်ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စုကို ကလဇင်ရွာနှင့် ဒယ်ရောက်ရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ ကျေးရွာထဲ အဆက်မပြတ် ပစ်ခက်လို့ ရွာသူရွာသားများအား အရေးပေါ် ကယ်ထုတ်ရင်း တိုက်ခိုက်ချိန်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော် ခုနှစ်ဦး ကျဆုံးခဲ့တာလို့ Myanmar Defense Force - Hydra Force က ဖော်ပြပါတယ်။

တန့်ဆည်နယ်၊ ဒယ်ရောက်ရွာ တိုက်ပွဲမှာ MDF- Hydra Force၊ ၊မြောက်ပိုင်းမဟာမိတ် (ဓူဝံ)၊ SSTF တပ်ဖွဲ့၊ ရေဦးမြောက်ပိုင်း မဟာမိတ်တပ်ဖွဲနှင့် ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဒယ်ရောက်ရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေဆဲ ဖြစ်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

တန့်ဆည်နှင့် ရေဦးနယ်တွေ အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ်တွေကို စစ်အုပ်စုက ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားကာ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

ဘူးသီးတောင် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၂၇ ဦး နှင့် မင်းပြားတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၈ ဦး စုစုပေါင်း စစ်သား ၄၀ ဦးသေဆုံး...
08/10/2022

ဘူးသီးတောင် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၂၇ ဦး နှင့် မင်းပြားတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၈ ဦး စုစုပေါင်း စစ်သား ၄၀ ဦးသေဆုံး၊ AA ဘက်မှ ကျဆုံးမှုတချို့ရှိ

အောက်တိုဘာ ၈ ရက် ၂၀၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တိုက်ပွဲများနှင့် မင်းပြားတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စုစုပေါင်း စစ်သား ၄၀ ဦးသေဆုံးကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

ရက္ခိုင်၊ ပလက်ဝ စစ်မျက်နှာတွင် အထိနာနေသော စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့သည် အဆိုပါဒေသများ၌ တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း၊ အောက်တိုဘာ ၁ ရက်၊ နံနက် ၉ နာရီခန့်အချိန်တွင် ဖရုံချောင်းရွာအနောက်ဘက်တွင် မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီ ၀၇ မိနစ်တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အရှေ့တောင်ဖက်တွင် တိုက်ပွဲဖြစ်ပွား ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင် (မြိုခမီ) ရွာ၏ တောင်ဘက်တွင် ၅ နာရီကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၇ ဦး သေ ဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မိမိတို့ဘက်မှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်း ရမိခဲ့သော တိုက်ပွဲတစ်ပွဲလည်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၅ ရက်၊ နံနက် ၉ နာရီ ၅၂ မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ဂူဒါပြင်(မူဆလင်) ရွာ နှင့် တောင်ရွာ (မွတ်စလင်) အကြားတွင် မိနစ် ၃၀ အကြာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့၌လည်း အဆိုပါနေရာပတ်ဝန်းကျင်တွင်ပင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိခဲ့ကြောင်း၊ နှစ်ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ မျက်မြင် ၁၀ ဦး သေဆုံးပြီး နောက်ထပ် (၁၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၂ မိနစ်တွင် မင်းပြားမြို့၊ ကြပ်စင်တံတား၌ စခန်းချပြီး ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦး သေဆုံးပြီး၊ နောက်ထပ် ဒဏ်ရာရသူတချို့လည်း ရှိခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ၂၅ ကြိမ်ခန့် ရမ်းသန်းလှမ်းပစ်နေခဲ့ရာ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ (၆) ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ယင်းအပြင် စစ်တပ်က အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁ နာရီ အချိန်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်တန်းတဝိုက်နေရာများ၌ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ကြောင်း သိရှိရသည်။

အောက်တိုဘာလ၊ ပထမပတ်အတွင်း တိုက်ပွဲကြီး ၁၀ ခု ကျော် နှင့် တိုက်ပွဲငယ် ၁၀ ခု ကျော်ရှိခဲ့ပြီး ၎င်းတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃၅ ဦး သေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ AA ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူ အချို့နှင့် ကျဆုံးသူအချို့ရှိခဲ့ကြောင်း သိရှိရသည်

KhitThit_Media

မြင်းခြံနယ်ထဲ သောင်းကျန်းနေတဲ့ အုပ်ကြီးနှင့် စစ်အုပ်စုကို NPDF က ဝင်ရောက် ရှင်းလင်း၊အုပ်ကြီးနှင့် စစ်အုပ်စု ထွက်ပြေးသွား...
29/09/2022

မြင်းခြံနယ်ထဲ သောင်းကျန်းနေတဲ့ အုပ်ကြီးနှင့် စစ်အုပ်စုကို NPDF က ဝင်ရောက် ရှင်းလင်း၊
အုပ်ကြီးနှင့် စစ်အုပ်စု ထွက်ပြေးသွားပြီး သေနတ် ခုနှစ်လက် သိမ်းဆည်းရရှိ၊

MFP ၊ စက်တင်ဘာ - ၂၉

မန္တလေးတိုင်း မြင်းခြံနယ်ထဲ ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ စစ်ကောင်စီခန့် အုပ်ကြီးနှင့် နောက်လိုက် စကစတွေကို ဒီနေ့လည်ပိုင်း ဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့ရာ အုပ်ကြီးနှင့် စကစတွေ လက်နက်ချ ထွက်ပြေးသွားလို့ လူတွေ မရလိုက်ဘဲ သေနတ် ခုနှစ်လက်သာ သိမ်းယူ ရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - Natogyi People Defence Force – NPDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၂၉)ရက် နေ့လည်(၁)နာရီက မြင်းခြံမြို့နယ် ပျော်ဘွယ် စံပြကျေးရွာက အုပ်ကြီးနှင့် နောက်လိုက် စစ်အုပ်စုကို NPDF တပ်ဖွဲက ဒုတိယအကြိမ် ဝင်ရောက် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“ဒုတိယအကြိမ် ဝင်ရောက်စီးနှင်း ပစ်ခတ်ခဲ့ရာတွင် အုပ်ကြီးနှင့် စခများမှ လက်နက်ချ ထွက်ပြေး သွားသောကြောင့် ကျွန်ုပ်တို့ လိုက်လံ ပစ်ခတ် ဖမ်းဆီးသော်လည်း လုံခြုံရေး အခြေအနေအရ ပြန်လည် ဆုတ်ခွာခဲ့ရသည်။ အုပ်ကြီးနှင့် စခများ ကိုင်ဆောင်သော (MA-1) သုံးလက်၊ ရှော့ဂန်း တစ်လက်၊ ကာဘိုင် သုံးလက်၊ စုစုပေါင်း ခုနှစ်လက် တို့ကို သိမ်းဆည်းရရှိခဲ့ပါသည်” လို့ NPDF ရဲဘော်က MFP ကို ပြောပါတယ်။

မြင်းခြံနယ် ပျော်ဘွယ်ရွာက အုပ်ကြီးနှင့် စစ်အုပ်စုဟာ လက်နက်ကိုင်ပြီး ပြည်သူကို ရန်ပြု သောင်းကျန်းနေပေမယ့် သူတို့ကို သွားရောက် တိုက်ခိုက်ချိန်တိုင်း ပြန်လည် ခုခံတာ မရှိဘဲ ထွက်ပြေးနေတယ်လို့ NPDF ရဲဘော်က ပြောပါတယ်။

“ပျှော်ဘွယ်က အုပ်ကြီးက အဲ့ဒီရွာထဲမှာ တော်တော် သောင်းကျန်းနေတာ။ ဒါပေမယ့် သူ့ကို ဝင်ရှင်းရင်တော့ ပြန်မခုခံဘဲ အမြဲ ထွက်ပြေးနေတာ။ လွန်ခဲ့တဲ့ သုံးလလောက်ကလည်း ကျနော်တို့ ပထမ မစ်ရှင်အဖြစ် ဝင်ရှင်းသေးတယ်။ အဲ့တုန်းကလည်း အခုလိုပဲ။ အုပ်ကြီးက ထွက်ပြေးသွားလို့ သူ့ကို မရလိုက်ဘူး။ အဲ့ဒီတုန်းကလည်း စခ တစ်ကောင်ရယ်၊ ရှော့ဂန်းတစ်လက်ရယ်၊ ကာဘိုင်တစ်လက်ရယ်ပဲ ရလိုက်တာ။ အခုလည်း အုပ်ကြီးက ထွက်ပြေးသွားလို့ သူကို မရလိုက်ဘူး။ လက်နက်တွေပဲ ရလိုက်တာ” လို့ NPDF ရဲဘော်က ပြောပါတယ်။

မြင်းခြံနယ် ပျော်ဘွယ်ရွာထဲမှာ အုပ်ကြီးနှင့် စကစ ခြောက်ယောက်လောက် ရှိကာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ သောင်းကျန်းနေတာလို့ ဆိုပါတယ်။

မြင်းခြံနယ် အပါအဝင် နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန်နယ်ထဲ စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတဲ့ အုပ်ကြီးတွေ အပါအဝင် စကစ ထောက်တိုင်တွေကို ဆက်လက် ရှင်းလင်းမယ်လို့ နွားထိုးကြီး NPDF က ထုတ်ပြန်ထားပါတယ်။

မြင်းခြံနယ် ပျော်ဘွယ်ရွာထဲ သောင်းကျန်းနေတဲ့ အုပ်ကြီးနှင့် စစ်အုပ်စုကို ရှင်လးင်းရာက သိမ်းဆည်း ရရှိခဲ့တဲ့ လက်နက်တွေ/Photo – NPDF

မကွေးတိုင်း ထီးလင်းမှာ မိတ္ထီလာမှ စစ်ကောင်စစ်သား တစ်ဦး G4 တစ်လက် နှင့်အတူ CDMပြုလုပ်။PDFမှ ကျပ်သိန်း၆၀ဂုဏ်ပြုချီးမြှင့်။
28/09/2022

မကွေးတိုင်း ထီးလင်းမှာ မိတ္ထီလာမှ စစ်ကောင်စစ်သား တစ်ဦး G4 တစ်လက် နှင့်အတူ CDMပြုလုပ်။

PDFမှ ကျပ်သိန်း၆၀ဂုဏ်ပြုချီးမြှင့်။

မြိုင်တွင် မိုင်းမိ သေဆုံးသော ခလရ ၂၅၈ မှ  တပ်ကြပ်ကြီး အောင်ဆန်းဝင်းကို အမိန့်ပြန်တမ်း၊ ငွေ ၆၄၅၀ ကျပ်ဖြင့် မြေမြုပ်သဂြိုလ...
26/09/2022

မြိုင်တွင် မိုင်းမိ သေဆုံးသော ခလရ ၂၅၈ မှ တပ်ကြပ်ကြီး အောင်ဆန်းဝင်းကို အမိန့်ပြန်တမ်း၊ ငွေ ၆၄၅၀ ကျပ်ဖြင့် မြေမြုပ်သဂြိုလ်ခဲ့၊ မိုင်းဆွဲမှုကြောင့် အရာရှိအပါအဝင် စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၆

မကွေးတိုင်းမြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာတွင် ယမန်နေ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သူ တပ်ကြပ်ကြီးအောင်ဆန်းဝင်း၏ အလောင်းကို အမိန့်ပြန်တမ်းတစ်ခု၊ ငွေကျပ် ၆၄၅၀ ဖြင့် မြေမြှုပ်သဂြိုလ်ထားခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြိုင်မြို့နယ် ပကဖသည် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန် မြိုင်နယ် ကျောက်ခွက်ရွာသို့ စစ်ကြောင်းထိုးလာသော စစ်အင်အား ၆၀ ခန့်အား မိုင်းပွိုင့်အကြီး ၂ ပွိုင့်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်ကြပ်ကြီးအပါအဝင်နှစ်ဦးသေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရသွားကြောင်း၊ သေဆုံးသွားသော တပ်ကြပ်ကြီးအလောင်းအား ပိုက်ဆံ ၆၄၅၀ ကျပ်(နှစ်ရာတန်တစ်ရာတန်ငါးဆယ်တန်အကြွေများ)နှင့်အမိန့်ပြန်တမ်းစာတစ်ခုပါ အတူမြုပ်နှံထားခဲ့ကြောင်း မြိုင်ပကဖက ပြောသည်။

တပ်ကြပ်ကြီးအောင်ဆန်းဝင်းကို ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်း၏ အမိန့်ဖြင့် အမိန့်ပြန်ထားသည်ကို တွေ့ရသည်။

ထို့ပြင် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် မြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်များ ကြက်ဆူအိုင့်ကျေး ရွာရောက်ရှိနေချိန် ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီး လက်လုပ်မိုင်းများဖြင့်တိုက်ခိုက်ရာ စစ်တပ်မှ အရာရှိတစ်ဦး အပါအဝင် ၂ ဦး သေဆုံးကြောင်း ၊ အလောင်း အား မီးရှို့ ခြင်း မြေမြှပ်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း မြိုင်ပကဖက ပြောသည်။

"အလောင်းက မနေ့က သူတို့မြှုပ်ထားခဲ့တာက။ ဒီနေ့ ထပ်ပြီး မိုင်းဆွဲတယ်။ ၂ ဦးသေတယ်" ဟု မြိုင်ပကဖက ဆိုသည်။

Original News Source By KhitThit

ချောင်းဦးတွင် မိုင်းထိသည့် စစ်ကားကို ပြုပြင်နေသည့် စစ်ကြောင်းကို PDF က ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လက်နက...
26/09/2022

ချောင်းဦးတွင် မိုင်းထိသည့် စစ်ကားကို ပြုပြင်နေသည့် စစ်ကြောင်းကို PDF က ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းပေါ်တွင် မိုင်းထိသည့် စစ်ကားကို ပြုပြင်နေသည့် စစ်ကြောင်းကို PDF က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိကြောင်းချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)က ပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ မုံရွာ - မန္တလေးကားလမ်းမကြီးအတိုင်း ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်ကား ၁ စီး ပျက်စီး၍ ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

လမ်းပေါ်တွင် ရပ်တန့်ပျက်စီးသွားသော စစ်ကားကို အခြား စစ်ကား ၁ စီးမှ စစ်သားများက ရပ်တန့်ကူညီခဲ့ကြကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များက ကားပြုပြင်နေသည့် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၅ ဦးနှင့် ခင်မွန်အခြေစိုက် နမခ စစ်သား ၁ ဦး စုစုပေါင်း စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း၊ အခြား စစ်သား ၂ ဦးကို ဒဏ်ရာဖြင့်အရှင်ဖမ်းဆီးရမိခဲ့သော်လည်း ဒဏ်ရာကြောင့် သေဆုံးသွားကြကြောင်း သိရှိရသည်။

စစ်သားများထံမှ BA-72(G1) ၁ လက်၊ MA-3 ၁ လက်၊ BA-94(Uzhi) ၁ လက်၊ 7.62 (ကပစ) ၂၀တောင့်၊ 5.56(ကပစ) ၂၆တောင့်၊ 9mm(ကပစ) ၁၅တောင့်၊ ဓားမြှောင် ၁ လက်၊ Mytel Keypad ၁ လုံး၊ walkitalki (ဆက်သွယ်ရေးစကား ပြောစက်) ၁လုံး သိမ်းဆည်းရရှိခဲ့ပြီး PDF ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲရဲတပ်ဖွဲ့မှ ရဲမေ နှင်းဝတ်ရည်ဝင်း စစ်ကားတိုက်ခံရပြီးသေဆုံး၂၀၂၂၊စက်တင်ဘာ ၂၅ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ...
25/09/2022

ကျောက်မဲရဲတပ်ဖွဲ့မှ ရဲမေ နှင်းဝတ်ရည်ဝင်း စစ်ကားတိုက်ခံရပြီးသေဆုံး

၂၀၂၂၊စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမေ နှင်းဝတ်ရည်ဝင်း(ခ) ဝတ်ရည်သည် ယမန်နေ့ စစ်ကားတိုက်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-သီပေါ-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ နောင်ချိုမြို့နယ် ဘန့်ဘွေးကုန်းရွာအနီးတွင် စစ်ကားနှင့် ရဲမေ နှင်းဝတ်ရည်ဝင်း လိုက်ပါသော ကားတို့ တိုက်မိပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"မဝတ်ရည်က ကားတိုက်တာမှာ ပွဲချင်းပြီး သေဆုံးတယ်။ သင်တန်းပါလို့ သွား တက်ရင်း ဘန့်ဘွေးကုန်းနားမှာ ကားတိုက်တာ။ တိုက်တာက စစ်ကားက ဝင်တိုက်တာ။ ကားပေါ်ပါသူတွေလည်းဒဏ်ရာရတယ်။ သူ့အမျိုးသားနဲ့ ၂၀၁၉ က မှ မင်္ဂလာဆောင်ထားတာ။ သူ့အမျိုးသား ရှမ်းပြည်နယ်က ရဲတပ်သားပဲ" ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ရဲမေ နှင်းဝတ်ရည်ဝင်းသည် ရလက ၁ ၊ အမစ ၃၂ သင်တန်းဆင်းတပ်ခွဲမှ ရဲမေတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ကြာအင်းဆိတ်ကြီးမှာ မိသော အကောင်ကြီးတစ်ကောင်။
24/09/2022

ကြာအင်းဆိတ်ကြီးမှာ မိသော အကောင်ကြီးတစ်ကောင်။

သေနတ်တောင် မဖောက်လိုက်ရပဲ စစ်သားတွေ ထွက်ပြေးသွားလို့ လက်နက်တွေ သိမ်းဆည်းခဲ့ရေး၊ စက်တင်ဘာ ၂၃၊ ၂၀၂၂။မွန်ပြည်နယ် ရေးမြို့ စ...
23/09/2022

သေနတ်တောင် မဖောက်လိုက်ရပဲ စစ်သားတွေ ထွက်ပြေးသွားလို့ လက်နက်တွေ သိမ်းဆည်းခဲ့

ရေး၊ စက်တင်ဘာ ၂၃၊ ၂၀၂၂။

မွန်ပြည်နယ် ရေးမြို့ စစ်တပ်အနီးက စစ်ကောင်စီတပ်ဖွဲ့တွေကို အလစ်ဝင်တိုက်ခဲပေမယ့် သေနတ်တောင် မဖောက်လိုက်ရပဲ ထွက်ပြေးသွားခဲ့လို့ သေနတ်တွေပဲ သိမ်းလာခဲ့တယ်လို့ Ye Guerrilla Force (YGF) ဆီက သိရပါတယ်။

စက်တင်ဘာ ၂၃ရက်နေ့ ဒီကနေ့ မနက် ၄နာရီခွဲက YGFနဲ့မဟာမိတ်အဖွဲ့တွေပူးပေါင်းကာ ခလရ-၅၈၈တပ်ရင်းအနီးက ကြိုးတံတားဘုန်းကြီးကျောင်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၆ဦးခန့်ရှိတဲ့ ဘုရားကျောင်းဝန်းထဲကို အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးမြို့ပျောက်ကျား-YGFအဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

“သူတို့အဲ့နေရာမှာရှိနေတယ်ဆိုတာ သိပြီးသားပါ၊ အလစ်ငိုက်ဝင်စီးဖြစ်ခဲ့တာဗျ၊ စကစတွေက အကုန်ထွက်ပြေးကုန်တော့ သေနတ်လုံးဝမဖောက်ခဲ့ရဘူး၊ အသေပျောက်လည်းမရှိဘူး”လို့ ပြောပါတယ်။

အဲ့ဒီ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သားတွေ ကျန်ရစ်ခဲ့တဲ့ M16 တလက်၊ M16ကျည်အတောင့် ၅၀၊ AK တလက်၊ AKကျည်အတောင့် ၃၀၊ ကိုးလုံးကျည်တလက်နဲ့ ဓားတချောင်း သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ရက်နေ့ ညနေ ၅နာရီကလည်း နယ်မြေခံတပ်ရင်းတခုဖြစ်တဲ့ ခလရ-၁၀၆တပ်ရင်းရဲ့ တပ်ရင်းမှူးအိမ်နဲ့အရာရှိရိပ်သာကို M79mmနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

Source

#မြေလတ်အသံ

16/09/2022

မြန်မာနိုင်ငံဟာ Top Global Ranking #5 ၊ကမ္ဘာ့ငွေကြေး

ဖောင်းပွမှူ အဆင့်၅ပါရောက်ပြီဟုသိရ။

စစ်သား ၁ ဦး   CDF-Hualngoramထံသို့  လက်နက်နှင့်အတူ CDM ဝင်၊ သိန်း ၆၀ ပေးအပ်ပြီး လွတ်မြောက်နယ်မြေပို့ဆောင်ရန်ကုန်၊ စက်တင်...
16/09/2022

စစ်သား ၁ ဦး CDF-Hualngoramထံသို့ လက်နက်နှင့်အတူ CDM ဝင်၊ သိန်း ၆၀ ပေးအပ်ပြီး လွတ်မြောက်နယ်မြေပို့ဆောင်

ရန်ကုန်၊ စက်တင်ဘာ ၁၆

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် MA ၁ လက်၊ ကျည် (၂၅၀) တောင့်၊ ကျည်ဘောက် (၄)ခုဖြင့် CDF-Hualngoram တပ်ဖွဲ့ထံ CDM ဝင်လာကြောင်း ဒေသသတင်းရင်းမြစ် Zalen က သတင်းဖော်ပြသည်။

အဆိုပါစစ်သားသည် စခန်းမှ ထွက်ပြေးခဲ့သည်မှာကြာမြင့်ပြီဖြစ်ပြီး NUG နှင့် ပြည်သူ့ရင်ခွင်သို့ အရင်အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် စက်တင်ဘာ ၁၅ ရက်နေ့တွင် ဂုဏ်ပြုငွေ ကျပ်သိန်း ၆၀ ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

27/03/2022

စစ်ရေးပြပွဲတွင် စခတစ်ကောင်က ရဲမေ အားပန်းကုန်းစွပ်ဖွင်ကြောင်ရက ရန်ဖြစ်ကြ၍ သေနတ်ဒင်များဖြင့်ရိုက်နက် ထိန်းသိမ်း။

နေတိုး၊ ယုန်လေး၊ ခန့်စည်သူ၊ဖိုးသောကြာ နှင့် လွင်မိုး အပါအဝင် အနုပညာရှင် (၄၈)ဦးကို စစ်အာဏာရှင်က လူမှုထူးချွန်ဆုပေး။
27/03/2022

နေတိုး၊ ယုန်လေး၊ ခန့်စည်သူ၊ဖိုးသောကြာ နှင့် လွင်မိုး အပါအဝင် အနုပညာရှင် (၄၈)ဦးကို စစ်အာဏာရှင်က လူမှုထူးချွန်ဆုပေး။

Address


Website

Alerts

Be the first to know and let us send you an email when PDF Reference News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share