Breaking Global News

  • Home
  • Breaking Global News

Breaking Global News Breaking news updates

07/04/2023

Today (7.4.2023)
ခန့်မှန်းခြေ စျေးနှုန်း


(အကယ်ဒမီ မီးလင်း)

2950000 (Buy)
2965000 (Sell)

ပြင်ပပေါက်ဈေး
-----------
2860 (Buy)
2875(Sell)

သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှင်သန်ကူးခတ်နေတဲ့ ငါးတစ်ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမ...
07/04/2023

သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှင်သန်ကူးခတ်နေတဲ့ ငါးတစ်ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့

သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကူးခတ်နေတဲ့ ငါးတစ်မျိုးကို ကင်မရာနဲ့ မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ပက်ကျိငါးမျိုးစိတ်ဟာ ရေအောက်အနက် ၈၃၃၆ မီတာ ( ၂၇၃၄၉ ပေ) မှာ ကူးခတ်နေတာဖြစ်ပြီး ငါးတစ်ကောင် ရှင်သန်နိုင်တဲ့ အနက်ရှိုင်းဆုံးနေရာ ဖြစ်နိုင်တယ်လို့ ဒီသုတေသနကို ဦးဆောင်သူ သိပ္ပံပညာရှင်က ဆိုပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်း အစ်ဇုအိုဂါဆာဝါရာချောက်ထဲမှာ ချထားတဲ့ မောင်းသူမဲ့ရေအောက်ယာဉ်ရဲ့ ကင်မရာကနေ မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အရင်က ငါးတစ်ကောင် ရှင်သန်ကူးခတ်နေတာကို မှတ်တမ်းတင်နိုင်ခဲ့တဲ့ အနက်ရှိုင်းဆုံးနေရာက ၈၁၇၈ မီတာမှာဖြစ်ပြီး ယခုတွေ့ရှိရတဲ့ နေရာက ၁၅၈ မီတာ ပိုနက်ပါတယ်။

Ref: Deepest ever fish caught on camera off Japan

တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုသည် ကျွန်း၏အရှေ့တောင်ဘက်ကမ်းလွန်ရေပြင်တွင် ရှိနေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူး...
07/04/2023

တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုသည် ကျွန်း၏အရှေ့တောင်ဘက်ကမ်းလွန်ရေပြင်တွင် ရှိနေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ သမ္မတ Tsai Ing-wen သည် လော့စ်အိန်ဂျလိစ်တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy နှင့် မတွေ့ဆုံမီ တရုတ်ဘက်မှ စစ်ရေးလှုပ်ရှားမှု ပြုလာခြင်းဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားကို ကြာသပတေးနေ့က တင်းကျပ်ထားပြီး တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက ကျွန်းကို ပြည်မကြီးနဲ့ ခွဲထုတ်ထားတဲ့ ရေလမ်းအတွက် အဆင့်မြင့် စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။

ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာဆိုထားသည့် တရုတ်နိုင်ငံသည် အစည်းအဝေး မတိုင်မီ ဆက်လုပ်ဆောင်ပါက အတိအကျ မဖော်ပြထားသော လက်တုံ့ပြန်မည်ဟု သတိပေးထားသည်။

World updates

စွဲချက်ပေါင်း (၃၄)ခုနဲ့ တရားရင်ဆိုင်နေရသော သမ္မတဟောင်းထရမ့်သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၁၃၆)နှစ်အထိ ကျခံရဘွယ်ရှိသည်။ ယ...
06/04/2023

စွဲချက်ပေါင်း (၃၄)ခုနဲ့ တရားရင်ဆိုင်နေရသော သမ္မတဟောင်းထရမ့်သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၁၃၆)နှစ်အထိ ကျခံရဘွယ်ရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ထရမ့်က အမေရီကန်သည် ငရဲပမာဖြစ်တော့မည်ဟု မှတ်ချက်ပေးခဲ့သည်။ ထို့အပြင် လက်ရှိဘိုင်ဒန်အစိုးရသည် အမေရီကန်နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ နျူလက်နက်စစ်ပွဲကြီးနှင့် ရင်ဆိုင်ရအောင် လုပ်ဆောင်လျက်ရှိသည်ဟုလည်း စွပ်စွဲလိုက်သည်ဟုသိရသည်။

World updates

ရုရှားကို နယ်ချဲ့လက်ပါးစေတွေရဲ့လက်ကနေ ကာကွယ်ဘို့လိုအပ်ရင် ငါတို့နိုင်ငံက စစ်သားတွေက အသင့်ဖြစ်လိမ့်မယ်လို့ ယူဂန်ဒါသမ္မတရဲ...
02/04/2023

ရုရှားကို နယ်ချဲ့လက်ပါးစေတွေရဲ့လက်ကနေ ကာကွယ်ဘို့လိုအပ်ရင် ငါတို့နိုင်ငံက စစ်သားတွေက အသင့်ဖြစ်လိမ့်မယ်လို့ ယူဂန်ဒါသမ္မတရဲ့သားဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဆော်ဒီအာရေးဗီးယား နိုင်ငံကို တရုပ် နဲ့ရုရှ ဦးဆောင်ဖွဲ့စည်းထားတဲ့ Shanghai Cooperation Organisation အဖွဲ့ထဲ ဝင်ရောက်ခွင့...
02/04/2023

ဆော်ဒီအာရေးဗီးယား နိုင်ငံကို တရုပ် နဲ့
ရုရှ ဦးဆောင်ဖွဲ့စည်းထားတဲ့ Shanghai Cooperation Organisation အဖွဲ့ထဲ ဝင်ရောက်ခွင့် လျှောက်ထားဖို့ ဘုရင့်ကက်ဘိနက်အဖွဲ့က အတည်ပြုပေးလိုက်ပါပြီ။

Shanghai Cooperation Organisation (SCO) အဖွဲ့ဟာအနောက်နိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှု ကိုတန်ပြန်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၀၁ ခုနှစ်ကစတင်ဖွဲ့စည်း ထားတာပါ။

ရုရှနဲ့ တရုပ် ကဦးဆောင်ပြီး ယူရေးရှားဒေသက ယခင်ဆိုဗီယက်ပြည်ထောင်စု အဖွဲ့ဝင်ဟောင်း‌နိုင်ငံတွေကို စုစည်းထားတာပါ။နောက်ပိုင်းမှာ အိန္ဒိယ နဲ့ ပါကစ္စတန်တို့ ပါဝင်လာကြတာတွေ့ရပါမယ်။

ဒီအဖွဲ့ဟာ စစ်ရေးမဟာမိတ် အဖွဲ့ မဟုတ်ဘူးလို့ဆိုထားပေမဲ့ လုံခြုံရေးကဏ္ဍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့အချက် ပါဝင်တာကိုတွေ့ရပါမယ်။

၂၀၁၈ ခုနှစ်၊အောက်တိုဘာလအတွင်းက Washington Post သတင်းဌာနဂျာနယ်လစ် Jamal Khashoggi ဟာ တူရကီနိုင်ငံမှာလုပ်ကြံ သတ်ဖြတ်ခံခဲ့ရတယ်။

ဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဆော်ဒီအာဏာပိုင်တွေ ပါဝင်ပတ်သက်ခဲ့လို့ ဆော်ဒီအာရေးဗီးယား နဲ့ အမေရိကန် တို့ အကြားဆက်ဆံရေး တင်းမာလာခဲ့တယ်။ဒါကို တရုပ်က အမြတ်ထုတ် နိုင်ခဲ့တာတွေ့ရပါမယ်။

ဆော်ဒီ ဟာ အမေရိကန်ရဲ့ ရန်သူလိုဖြစ်နေတဲ့တရုပ်၊ရုရှ၊အီရန် တို့နဲ့ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။

တရုပ်ဟာ ပိုးခါးပတ်လမ်းကြောင်း စီမံကိန်းကြီးနဲ့အတူ အနောက်နိုင်ငံတွေကို အံတုနိုင်မယ့်အစီအစဥ်များစွာကို တဆင့်ချင်းအကောင်အထည် ဖော်ခဲ့တယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မှာ နှစ်စဥ် ကျင်းပတဲ့ World Economic Forum ကို တန်ပြန်တဲ့အနေနဲ့ အာရှ ၂၅ နိုင်ငံ ကိုစုစည်းပြီး Boao Forum for Asia ကိုအိမ်ရှင်အဖြစ် နှစ်စဥ်လက်ခံကျင်းပတယ်။

အမေရိကန် ကလည်း တရုပ်ကို လှုပ်မရအောင် သမုဒ္ဒရာ ထွက်ပေါက်တခုလုံး ပိတ်ဆို့ပြီး ဝိုင်းချုပ် ဖို့ပြင်ဆင်နေပြီ။

အမေရိကန်၊ဗြိတိန်၊သြစတြေလျ ၃ နိုင်ငံ စစ်ရေးမဟာမိတ် သီးသန့်ဖွဲ့လိုက်ပြီး သြဇီ ကိုနျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တွေ ရောင်းပေးခဲ့တယ်။

ဖိလိပိုင်မှာ စစ်အခြေစိုက်စခန်း ပြန်ဖွင့်ခဲ့တယ်။ထူးထူးဆန်းဆန်း စင်ကာပူ လို နိုင်ငံငယ်လေးက ယူကရိန်းစစ်ပွဲ နဲ့ ပတ်သက်ပြီး "ရုရှ ဟာ ကုလသမဂ္ဂချာတာကို ချိုးဖောက်တယ်"လို့
ဒီနေ့(၃၀-၃-၂၃) ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင် လိုက်တယ်။
အားလုံးဟာ ချိန်သားကိုက် သရုပ်ဆောင် နေကြပါပြီ။

ကမ္ဘာကြီးဟာ စစ်အေးခေတ် နဲ့
သိပ်မတူတဲ့"စစ်မပူမအေးခေတ်"
တခုကို ရောက်နေပြီလား။❓

"ကိုကြီး..ချစ်တို့..အိမ်ထောင်ပြုပီးရင်လေ..""အမ်း..""ကိုကြီးက ထမင်းတွေဟင်းတွေချက်ကျွေးမှာလား""ဟာ..ချက်ကျွေးမှာပေါ့..ချစ်လ...
02/04/2023

"ကိုကြီး..

ချစ်တို့..အိမ်ထောင်ပြုပီးရင်လေ.."

"အမ်း.."

"ကိုကြီးက ထမင်းတွေဟင်းတွေ
ချက်ကျွေးမှာလား"

"ဟာ..ချက်ကျွေးမှာပေါ့..
ချစ်လေးကို
လက်မွှေးမီးမလောင်
ခြေမွှေးမီးမလောင်
ဘာမွှေးမှ..မီးမလောင်အောင်ထားမှာ"

"ဟယ်..တကယ်..နော်..ခ်ခ်"

"အမ်း..တကယ်"

"ပီးတော့လေ...ချစ်..လုပ်ချင်တာ
လိုချင်တာတွေရှိရင်..မငြိုငြင်ရဘူးနော်
လုပ်ပေးမှာလား"

"ငြိုငြင်စရာလား..ချစ်ရယ်..
ချစ်လို့ယူထားတာပဲ..
အကုန်လုပ်ပေးဦးမှာ..စိတ်ချ.."

"ဟယ်..ပျော်လိုက်တာ..
တကယ်လုပ်ပေးရမယ်နော်.."

"အမ်းပါဆို...ယောက်ျား ကတိကွာ.."

ချစ်သူဘဝ သာယာလိုက်တာ..
အိမ်ပြန်ချိန်တောင် မခွဲချင်ဘူးရယ်..

အိမ်ပြန်ရောက်တော့..တနေကုန်
လျှောက်လည်ထားသမျှ..ပင်ပန်းပီးအိပ်တာပဲ..

"ယောက်ျား...
ထ..ထ...စျေးသွားရအောင်"

"ဟင်....အမ်း..."

အလုပ်ပိတ်ရက်လေးများ.. အေးဆေး
အိပ်ရမလားမှတ်တယ်.. စျေးသွားရဦးမယ်..
မျက်နှာသစ်ပီး.. အခန်းထဲပြန်ဝင်လာတော့
ဒင်းက အိပ်ယာထဲက မထသေးဘူး...

"သွားမယ်လေ..မထသေးဘူးလား"

"မိန်းမ..မလိုက်ပါဘူး..
ကိုယ်ဘာသာဝယ်ခဲ့လိုက်တော့"

"ဟမ်...ဘာတွေဝယ်ရမှာတုန်း..
မဝယ်တတ်ပါဘူးဆို"

"စားပွဲပေါ်မှာ..
ဝယ်ရမယ့်စာရင်းရေးထားတယ်..
အဲ့အတိုင်းဝယ်ခဲ့လေ"

အမ်မယ်..ရေးထားတာ..
စျေးနှုန်းလေးတွေတောင်ပါသေးဗျာ..

"အာဆို..သွားပီ"

"ခဏလေး..ထမင်းသုတ်ဝယ်ခဲ့ဦး"

"အမ်း.."

"အပေါ်ဆီနဲ့နော်.."

"အမ်း..."

"ကြက်သွန်နဲ့..နံနံပင်..မထည့်ဘူး"

"အမ်း..."

"မိန်းမ..ဝယ်နေကြဆိုင်ကဝယ်နော်..
တခြားဆိုင်ကမစားချင်ဘူး"

"အမ်း..."

သူကြည့်တော့.. မျက်စိကမပွင့်ဘူး..
ပါးစပ်ကသာ..တောက်လျှောက်ရွတ်နေတာ..

"ဟင်...သွားတော့လေ..
ဘာရပ်လုပ်နေတာလဲ"

"မှာတာမပြီးသေးဘူးလားလို့.."

"ပြီးပီ.."

"အာဆို..သွားပီ"

"ယောက်ျား.. "

"ကိုယ်ဒီနေ့..စျေးရောက်ဦးမှာလား.."

"ထမင်းပေါင်းအိုးခလုတ်လေး..နှိပ်ခဲ့ဦး"

"အမ်း.."

အောက်ရောက်တော့.. အိမ်ရှေ့အိမ်က
အဒေါ်ကြီးတောင် စျေးကပြန်လာပီ....

"ကိုဇေ..စျေးသွားမလို့လား.."

"ဟုတ်ကဲ့.."

"အဲ့ဒါဆိုအတော်ပဲဟယ်..ငါ..
ငရုတ်သီးစိမ်းလေးဝယ်ဖို့မေ့သွားလို့.."

"အော်..ဟုတ်ကဲ့..ဝယ်ခဲ့ပေးမယ်လေ..
ဘယ်လောက်သားလည်း..အန်တီ.."

"ငါးဆယ်ဖိုးလောက်ပဲ.."

ငင့်... ငါးဆယ်ဖိုးတဲ့.. ဒီခေတ်ထဲ..ငါးဆယ်ဖိုး
သွားဝယ်ရင်.. ဟိုက.. မျက်နှာကို ပွတ်လွှတ်
လိုက်လိမ့်မယ်..ငရုတ်သီးတောင့်နဲ့ပြောပါတယ်

"ဟုတ်ကဲ့.. "

စျေးထဲရောက်လို့.. အသုတ်ဝယ်ပီး..သူရေးပေးတဲ့
စျေးနှုန်းနဲ့.. တဆိုင်ပီးတဆိုင်မေးကြည့်တာ..
စျေးသာ..နှစ်ပတ်လောက် ပတ်ပြီးသွားတယ်..
စျေးမကိုက်လို့..တခုမှမဝယ်ရသေးဘူး..

"အမ...ဒီ..ချဉ်ပေါင်ရိုးလေး..
တစည်းဘယ်လောက်လဲ.."

"၂၀၀..
ချဉ်ပေါင်ရိုးမဟုတ်ဘူး..
ချဉ်ပေါင်ရွက်"

"ဟုတ်...ပိန်တယ်နော်.."

ဟုတ်တယ်.. ဘုရားစူး..
ချဉ်ပေါင်ရွက် စီးထားတာ.. အရိုးတွေကြီးပဲ..
အဖျားမှာ..အရွက်က.. သုံးလေးရွက်ထဲပါတယ်
အေးလေ..
ကိုယ်စိုက်ထားတာမှ မရှိတာ… ဝယ်ပေါ့..

"ငရုတ်သီးစိမ်းလေး..
ငါးဆယ်ဖိုးလောက်ရမလား.."

မေးလည်းမေး..
သွားကို အသားကုန် ဖြီးထားရတယ်..
မတော်.. ထ,ရိုက်လိုက်မှာဆိုးလို့..

"မရောင်းတတ်ဘူး.."

"အာ့ဆို..အလကားပေး.."

"ဘာ... "

"ဘယ်လောက်ဖိုး
ရောင်းပေးလို့ရမလဲ..မေးတာပါ.."

"တရာဖိုးအနည်းဆုံးပဲ.."

"ဟုတ်.."

ငရုတ်သီး ဆယ့်လေးငါးတောင့်လောက်ကို..
လက်နဲ့စုတ်ပီး..ဒီအတိုင်းပေးလိုက်တာပဲ..

"ဟို..အိတ်လေးနဲ့ထည့်ပေးလို့မရဘူးလား"

"ဝယ်တော့..တရာဖိုးထဲနဲ့..
အိပ်လာတောင်းနေတယ်..ha..ha..ပဲရမယ်"

ငင့်...

နောက်တဆိုင်ဝင်ပီး..ငါးဝယ်တော့

"အမ..ငါးခေါင်းကြီးမထည့်နဲ့လေ.."

"ဟဲ့..လူတောင်ခြေနဲ့လက်နဲ့..ရှိသေးတာ..
ငါးလည်း..အဂါင်္ စုံတော့ပါမှာပေါ့"

"အာဆိုလည်း..သေးတဲ့ခေါင်းထည့်ပါလား.."

"ဒါ..သူ့ခေါင်းပဲ.."

ဟမ်.... ကိုယ်ကလည်း ဒီငါးမျက်ခွက်ကို...
မသေခင်ကကြည့်မိလိုက်ရင်..အကောင်းသား....

ကမြင်းမငါး..ဒီလောက်ခေါင်းကြီးပီး..
ကိုယ်သေးနေတာ..သေတာပဲအေးတယ်..
တခါလေး..စျေးဝယ်မိပါတယ်..
အိမ်ကို ဘေးမသီရန်မခ
ပြန်ရောက်လို့တော်သေးတယ်..

"ယောက်ျား ပြန်လာတာမြန်သားပဲ.."

"အမ်း..ရေလေးတခွက်လောက်ပေးစမ်းပါ"

"အတူတူ..ဟင်းချက်မယ်နော်.."

"ဟင်..လ္ဘက်ရည်ဆိုင်သွားဦးမယ်လေ.."

"ရှင်တို့ဆိုတာလည်းလေ..
ပိတ်ရက်လေးများ..
ကူဖော်လောင်ဖက်ရမလားမှတ်တယ်.."

"အေးပါကွာ..ကော်ဖီမစ်..ပဲ
အိမ်မှာသောက်လိုက်ပါမယ်.."

အမြန် ပြောလိုက်ရတယ်.. နို့မို့ဆို..
တောက်လျှောက် လွှတ်တော့မှာ..
ချက်ပြုတ်ပီးတော့..
ဆယ်နာရီကျော်လောက်ရှိပြီ..

"ဟယ်..အခုမှသတိရတယ်..
အဝတ်တွေစိမ်ထားတာ..မလျှော်ရသေးဘူး"

"စက်က..ဘာဖြစ်လို့လဲ.."

"မသိဘူး..ရေမကျတော့တာ.."

"အဲ့ဒါများကွာ..မနေ့ကမပြောဘူး.."

"မေ့နေတာ...ယောက်ျား
လက်ကိုင်းသန်သန်လေးနဲ့ညစ်ပေးပါဦး"

"လျှော်ပီးသားတွေလား.."

"ဟင့်အင်း..ဆပ်ပြာမှုန်နဲ့စိမ်ထားတာ.."

အမ်....စိမ်ထားတာတွေကဇလုံကြီးနှစ်လုံး..

"ဟင်...အများကြီးပဲ.."

"အေးလေ...ဘာလဲ..ငြိုငြင်တာလား..
ဒါလေးတောင်လုပ်မပေးချင်ဘူးလား.."

"ဘယ်ကသာ....လျှော်စရာရှိရင်
တခါတည်းယူလာခဲ့လို့..ပြောမလို့.."

သုံးနာရီလောက်..ထိုင်လျှော်လိုက်ရတယ်..
လက်တွေလည်း..ပဲကြီးရေစိမ်ထားတဲ့အတိုင်းပဲ..
အကုန်ပီးလို့ တီဗီလေးကြည့်မယ်မှတ်တယ်..

"ယောက်ျား.... ယောက်ျား လို့.."

"အမ်း..."

"မိန်းမခေါင်းသွားလျှော်ချင်လို့..
မလျှော်ရတာ..သုံးရက်လောက်ရှိပီ"

"သွားလေ..ယောက်ျား တီဗီကြည့်ဦးမယ်"

"လုပ်ပီ..ရှင်တို့တွေဟာလေ..
အလိုက်ကန်းဆိုးကိုမသိဘူး..
ပိတ်ရက်လေးများ..မိန်းမသွားချင်တဲ့.."

"အင်္ကျီလဲလိုက်ဦးမယ်နော်..ခဏ.."

"ဟွန်း..."

ဆိုင်ရောက်တော့.. ကျုပ်မှာ.. ငေါင်းစင်းစင်းနဲ့
သူတို့ဖွင့်ထားတဲ့.. ကိုရီးယားကားနဲ့ နှစ်ပါး
သွားနေရတယ်.. သူခေါင်းလျှော်ပီးတော့...
လေးနာရီကျော်နေပီ..

"လှလား.."

"အမ်း..."

"ဟင်...စိတ်မပါတဲ့အသံကြီးနဲ့..
ဒါတွေလုပ်ချင်လို့လုပ်နေတာဟုတ်ဘူးနော်..
ယောက်ျား အတွက်လုပ်နေတာ..ခ်ခ်.."

ဟမ်မလေး.. ကျေးဇူးတွေတင်လိုက်တာ..

"ခဏလောက်..အိပ်လို့ရမလား..ဟင်"

"ညနေစောင်းနေပီလေ..မအိပ်နဲ့တော့..
ရေချိုး..အပြင်သွားကြမယ်လေ "

"ဘယ်...ဘယ်ကိုသွားဦးမှာလဲ..ဟင်.."

"shopping ထွက်မယ်လေ..ဘာလဲ..
လိုက်ဝယ်မပေးချင်ဘူးလား..
ရှင်တို့..ယောက်.."

"ရေချိုးလိုက်ဦးမယ်..ခဏစောင့်"

ကျုပ်ကလည်း..
နားညီးတဲ့အသံကိုမခံနိုင်တာ.. သူကတော့..
ဟိုဆိုင်ဝင်ဒီဆိုင်ဝင်..
ကော့ပက်ကော့ပက်နဲ့ သွားနေတာ..
ကျုပ်မှာနောက်က..
အထုတ်ကြီးအထုတ်ငယ်ကို..
ဆွဲပီးလိုက်နေရတာ..
လက်တွေလည်း ညောင်းပီး..
ပေါင်တွေလည်း ကွနေပီ..

"မိန်းမ.. ပြန်ကြရအောင်လေ..
တကိုယ်လုံးလဲ..
ချိတ်စရာနေရာမရှိတော့ဘူး..
နောက်နေ့မှထပ်ဝယ်ပါလား..ဟင်"

ဟုတ်တယ်.. တချို့ အိတ်သေးတွေဆို..
ပါးစပ်ကတောင်..ကြိုးကိုကိုက်ထားရတယ်..
ဝယ်လိုက်တာဆိုတာ..
အလကား ပေးနေသလား မှတ်ရတယ်..

"အမ်း..ဝယ်လို့ကမပီးသေးဘူး..
ယောက်ျား ကိုသနားလို့.."

ကျေးဇူးတွေတင်လိုက်တာ..စားသောက်ပီး
လူက… တနေကုန်.. ပင်ပန်းထားတာ..
အိပ်ချင်နေပီ..

"မိန်းမ..အိပ်ကြမယ်.."

"အမ်း..ခဏလေး..
ဝယ်လာတာလေးတွေ..
စမ်းဝတ်ကြည့်နေတာ....
ယောက်ျား အိပ်ယာခင်းထားလိုက်လေ...
ခဏလေးနော် "

ခင်းတယ်လေ..
တနေကုန်လုပ်ရတဲ့ အလုပ်ထဲမှာ..
ဒီအိပ်ယာခင်းတဲ့ အလုပ်လောက်ကို...
ဘယ်အလုပ်မှ လုပ်ရတာ စိတ်မပါဘူး..
အိပ်ယာထဲရောက်ယုံရှိသေးတယ်..

"ယောက်ျား ရယ်..ခုတလော..
ညဘက်ဇက်ကြောတွေတက်ချင်သလိုပဲ..
ညောင်းကိုက်နေတာ.."

ဟင်...
တနေကုန် လုပ်နေရတာက ကိုယ်..
ညောင်းတော့ သူကညောင်းတယ်..

"နှိပ်ပေးမယ်လေ..ဘယ်နားလဲ"

"အမ်း..ကန်တော့နော်.."

စိတ်ပါလက်ပါကို နှိပ်ပေးတာ.. အခြေအနေနဲ့
အချိန်ခါကို ကြည့်ရသေးတာလေ..
တနာရီလောက်.. နှိပ်လည်းပီးလို့
သူ့ကြည့်လိုက်တော့..
တခေါခေါနဲ့.. အိပ်ပျော်နေပီ..

"ဟင်..မိန်းမ..မိန်းမ..အိပ်ပီလား"

တုတ်တုတ်တောင် မလှုပ်တော့ဘူး..
သစ်တုံးကြီးအိပ်ယာပေါ်တင်ထားတဲ့
အတိုင်းပဲ… ကျုပ်လည်း..
ကြိတ်မနိုင်ခဲမရတွေဖြစ်ပီး
စိတ်တိုတိုနဲ့ တောက်တချက်ခေါက်ပီး..
ခေါင်းအုံးပေါ်လှဲလိုက်တဲ့အချိန်..
အိပ်ယာက လန့်နိုးသွားတယ်...

ကဗျာကယာ..
မျက်နှာသစ်ဖို့ထလာတဲ့အချိန်..

"ဟဲ့ကောင်လေး..ကြားသားမိုးကြိုး
အစောကြီးဘာထလုပ်တာလဲ"

"အိမ်မက်တွေမကောင်းလို့အမေ..
မျက်နှာထသစ်တာ"

"အဲ့ဒါဆိုလည်း..မျက်နှာသစ်ပြီး..
ဘုရားရှိခိုးလိုက်.."

"ဟုတ်ကဲ့..."

မနက်ကြတော့..ရပ်ကွက်ထဲမှာ..
အင်မတန်မှ..မိန်းမနိုင်ပါတယ်ဆိုတဲ့..
ကိုစိန်သောင်းစီ..သွားပီး..
အိမ်ထောင်ကျပြီးရင်..မိန်းမအခိုင်းမခံရအောင်
ဘယ်လိုလုပ်ရလည်း မေးမလို့..
လ္ဘက်ရည်ဆိုင်က ထိုင်စောင့်နေတာ..
တော်တော်နဲ့ပေါ်မလာတာနဲ့..
သူ့အိမ်လိုက်သွားတာ..

"အမ..ကိုစိန်သောင်းရှိလား.."

"အေး.."

ဖုန်းတောင်အပွတ်မပျက်ဘူး..
ကျုပ်ကိုပြန်ဖြေတာ..

"ဘယ်မှာလဲမသိဘူး..အမ.."

"ကိုစိန်သောင်း.."

"ဟေ..."

ကိုယ့်ဆရာသမားက..ထွက်ချလာတော့..
နောက်ဖေးခန်းက....
ပါးမှာလည်း အိုးမဲတွေနဲ့...
လက်နှီးဆုတ်ကြီး..ပုခုံးပေါ်တင်လို့..
ယောက်းမကြီးခါးထိုးပီး..

"အော်...ကိုဇေ...
ညီခဏလေးထိုင်ဦးနော်..ဘာကိစ္စ လဲ"

"ရတယ်..အကို..ဘာမှမဟုတ်ဘူး..
ခဏဝင်လာတာ..ပြန်လိုက်ဦးမယ်"

အိမ်ပြန်ရောက်တော့...

"အမေ..သားဘုန်းကြီးဝတ်မလို့"

"ဟဲ့..ဘာအရူးထပြန်တာလဲ.."

"တကယ်ဗျ..ဒီနေ့ပဲ..ဝတ်မှာ"

စာလေး တစောင်ရေးပီး..
အမေ့ကို ပေးခဲ့လိုက်တယ်..
ကျုပ်ချစ်သူ..အိမ်လာရင်
ပေးလိုက်ပါဆိုပီး ပေးထားခဲ့လိုက်တယ်.....
...သို့....

ဒကာမကြီး..ခုဒီစာကိုဖတ်နေချိန်မှာ..
ဦးဇင်းကတော့..သာသနာ ဘောင်ထဲမှာ..
ရဟန်းဘဝကို ရောက်နေပါပြီ..
အသိမပေးမိတဲ့အတွက်..
ဦးဇင်းကို..ခွင့်လွှတ်ပါ...
...ပုံ.....တချိန်က..
(...ကိုကြီး...)..ယခု..
(...အရှင်သုဇာတ..)

Credit"ကိုကြီး..

02/04/2023

Today (2.4.2023)
ခန့်မှန်းခြေ စျေးနှုန်း


(အကယ်ဒမီ မီးလင်း)

2930000 (Buy)
2935000 (Sell)

ပြင်ပပေါက်ဈေး
-----------
2860 (Buy)
2875(Sell)

အီရန်ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ခဲ့ခြင်းအတွက်အမေရိကန်က အီရန် အား လျော်ကြေး ပေးရန်  ICJ  ကအမိန့်ချလိုက်သည်...မတော်မတရား...
02/04/2023

အီရန်ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ခဲ့ခြင်းအတွက်အမေရိကန်က အီရန် အား လျော်ကြေး ပေးရန် ICJ ကအမိန့်ချလိုက်သည်...
မတော်မတရား သူများငွေကြေးတွေကို သိမ်းချင်ဦး၊ လျော်စမ်း😆😆

Crd

နည်းဗျူဟာမြောက်နျူဒုံးကျည်တွေ ဘီလာရုစ်မှာ တပ်ဖြန့်ချထားတော့မယ်လို့ ရုရှားသမ္မတပူတင်က ကြေညာလိုက်ပါပြီ။ ယူကရိန်းစစ်ပွဲကာလတ...
26/03/2023

နည်းဗျူဟာမြောက်နျူဒုံးကျည်တွေ ဘီလာရုစ်မှာ တပ်ဖြန့်ချထားတော့မယ်လို့ ရုရှားသမ္မတပူတင်က ကြေညာလိုက်ပါပြီ။ ယူကရိန်းစစ်ပွဲကာလတစ်လျောက် ပူတင် အပြင်းထန်ဆုံး စစ်ရေးခြိမ်းခြောက်မှုကို ပူတင်လုပ်လိုက်ပါပြီ။ အနောက်အုပ်စုအတွက် အလွန်အရေးကြီးတဲ့ အနေအထားလို့ပဲဆိုရတော့မှာဖြစ်ပါတယ်။

23/03/2023

Today (23.3.2023)
ခန့်မှန်းခြေ စျေးနှုန်း


(အကယ်ဒမီ မီးလင်း)

2920000 (Buy)
2930000 (Sell)

ပြင်ပပေါက်ဈေး
-----------
2868 (Buy)
2880(Sell)

ကမ္ဘာ့ရန်လိုဖြစ်နေတဲ့ ဆော်ဒီနဲ့ အီရန်ကို ချိနကြီးက မိတ်ဆက်ပေးပြီးပြီ။ အခု ရုရှားခရီးစဉ်မှာလည်း ချိနကြီးက တွေ့ရာသင်းချိုင...
21/03/2023

ကမ္ဘာ့ရန်လိုဖြစ်နေတဲ့ ဆော်ဒီနဲ့ အီရန်ကို ချိနကြီးက မိတ်ဆက်ပေးပြီးပြီ။ အခု ရုရှားခရီးစဉ်မှာလည်း ချိနကြီးက တွေ့ရာသင်းချိုင်း ဓားမဆိုင်းဖြစ်နေတဲ့ ရုရှားနဲ့ ယူကရိန်းတွေကို ထပ်ပြီး မိတ်ဆက်ပေးလိုက်နိုင်ရင် ယန်ကီးတွေ လုံးဝမြောင်းထဲရောက်သွားပါပြီ။ လောလောဆယ် သတင်းတွေမှာတော့ ချိနကြီးက မော်စကိုကနေ လူရွှင်တော်ဆီဖုန်းဆက်မှာဖြစ်သလို ယန်ကီးတွေကလည်း ချိနရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တွေကို အသိအမှတ်မပြုဘူးဆိုတဲ့ သတင်းတွေ ထွတ်နေပါတယ်။ ယူကရိန်းမှာ အရေးပေါ်စစ်သားစုဆောင်းနေရလို့ သုံးပတ်ပဲသင်တန်းတက်ပြီး ရုရှားတွေနဲ့ တိုက်နေရတာကြောင့် လူရွှင်တော်က ငြိမ်းချမ်းယူချင်နေတယ်လို့ အနောက်မီဒီယာတစ်ချို့ စရေးနေပါတယ်။ လူရွှင်တော်ပြုတ်ကျမလား။ ချိနကြီး အမြတ်ထွတ်မလား။ ယန်ကီးတွေ အစီအစဉ်အတိုင်း ဆက်ကကြမလားဆိုတာ ဒီရက်ပိုင်းအတွင်း ပေါ်ဘာဘို့ရှိနေတယ်လို့ပဲ ဆိုရတော့မယ်ထင်ပါတယ်။

21/03/2023

Today (21.3.2023)
ခန့်မှန်းခြေ စျေးနှုန်း


(အကယ်ဒမီ မီးလင်း)

2960000 (Buy)
2965000 (Sell)

ပြင်ပပေါက်ဈေး
-----------
2867 (Buy)
2880(Sell)

ရုရှားရေတပ်မတော်သည် ၂၀၂၃ခုနှစ်တွင် ရေငုတ်သင်္ဘော(၅)စီး ထပ်မံရရှိမည်ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရေငုတ်သင်္ဘောတပ...
20/03/2023

ရုရှားရေတပ်မတော်သည် ၂၀၂၃ခုနှစ်တွင် ရေငုတ်သင်္ဘော(၅)စီး ထပ်မံရရှိမည်ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရေငုတ်သင်္ဘောတပ်ဖွဲ့ဖြစ်လာဘွယ်ရှိသည်။ လက်ခံရရှိမည့် ရေငုတ်များသည် နျူစွမ်းအင်အားသုံးနှင့် ဒီဇယ်အမျိုးအစား ရေငုတ်များဖြစ်သည်ဟုဆိုသည်။

👉ရုရှားအနေဖြင့် မြန်နှုန်းမြင့်တိကျပဲ့ထိန်းဒုံးကျည်များကို နှစ်ဆတိုးထုတ်သွားမည်ဟု သိရသည်။ 👉ထို့ပြင် တင့်ကားများကိုလဲယခင်...
19/03/2023

👉ရုရှားအနေဖြင့် မြန်နှုန်းမြင့်တိကျပဲ့ထိန်းဒုံးကျည်များကို နှစ်ဆတိုးထုတ်သွားမည်ဟု သိရသည်။
👉ထို့ပြင် တင့်ကားများကိုလဲယခင်နှစ်ထက် တိုး၍ ထုတ်လုပ်မည်ဟု သိရသည် ။ တရုတ်ထံမှ သံချပ်ကာ များကိုလဲ ယခင်ထက်တိုး၍မှာယူမည်ဟုဆိုသည်။

19/03/2023

Today (19.3.2023)
ခန့်မှန်းခြေ စျေးနှုန်း


(အကယ်ဒမီ မီးလင်း)

2932000 (Buy)
2940000 (Sell)

ပြင်ပပေါက်ဈေး
-----------
2865 (Buy)
2875(Sell)

17/03/2023

Today (17.3.2023)
ခန့်မှန်းခြေ စျေးနှုန်း


(အကယ်ဒမီ မီးလင်း)

2882000 (Buy)
2890000 (Sell)

ပြင်ပပေါက်ဈေး
-----------
2863 (Buy)
2873(Sell)

တရုတ်က ရုရှားကို ချေမှုန်းရေးရိုင်ဖယ် အလက်၁၀၀၀နဲ့ ကျည်ကာတွေ ရောင်းချလိုက်တယ်လို့သိပါတယ်။ ရုရှားကို လက်နက်ပေးရင် ပြင်းထန်...
17/03/2023

တရုတ်က ရုရှားကို ချေမှုန်းရေးရိုင်ဖယ် အလက်၁၀၀၀နဲ့ ကျည်ကာတွေ ရောင်းချလိုက်တယ်လို့သိပါတယ်။ ရုရှားကို လက်နက်ပေးရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ သတိပေးထားတဲ့ ယန်ကီးတွေကို တရုတ်ကြီး စိန်ခေါ်လေပြီ။ ယန်းကီးတွေရဲ့ ပြင်းထန်တဲ့အကျိုးဆက်ဆိုတာကြီးတွေ ဆက်ပြီးစောင့်ကြည့်ရတော့မည်။ 😊😊

အိုမန်ပင်လယ်ကွေ့တွင် တရုတ် ရုရှားနှင့် အီရန်ရေတပ်တို့ ပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြသည်။ ထုတ်ပြန်ကြေညာချက...
16/03/2023

အိုမန်ပင်လယ်ကွေ့တွင် တရုတ် ရုရှားနှင့် အီရန်ရေတပ်တို့ ပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြသည်။ ထုတ်ပြန်ကြေညာချက်အရ ထိုသုံးနိုင်ငံအပြင် အမေရီကန်နှင့် အဆင်မပြေသည့် နိုင်ငံအချို့လည်း ထိုစစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်နေသည်ဟုသိရသည်။

16/03/2023

Today (16.3.2023)
ခန့်မှန်းခြေ စျေးနှုန်း


(အကယ်ဒမီ မီးလင်း)

2872000 (Buy)
2880000 (Sell)

ပြင်ပပေါက်ဈေး
-----------
2866 (Buy)
2878(Sell)

အမေရီကန်အနေနဲ့ နိုင်ငံတကာလေပိုင်နက်ထဲမှာရှိနေတဲ့ ရုရှားလေယာဉ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာမယ်ဆိုရင် ဒါဟာ ကမ္ဘာ့န...
16/03/2023

အမေရီကန်အနေနဲ့ နိုင်ငံတကာလေပိုင်နက်ထဲမှာရှိနေတဲ့ ရုရှားလေယာဉ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာမယ်ဆိုရင် ဒါဟာ ကမ္ဘာ့နျူးကလီးယားအင်အားအကြီးဆုံးဖြစ်တဲ့ ရုရှားနိုင်ငံကို စစ်ကြေညာခြင်းအဖြစ် မော်စကိုက မှတ်ယူမှာဖြစ်တယ်လို့ ဝါရှင်တန်ရှိ ရုရှားသံအမတ်ကြီး အန်တိုနော်စ့်က သတိပေးပြောကြားလိုက်ပါတယ်။

****တရုတ်ကြီးကတော့ စီးပွားရေး သောင်းကျန်းနေ****တရုတ်က ပါကစ္စတန်ကို ဂြိုလ်တုတွေ ရှာဖွေ ထောက်လှမ်းနိုင်တဲ့ စွမ်းအားမြင့်ရေ...
15/03/2023

****တရုတ်ကြီးကတော့ စီးပွားရေး သောင်းကျန်းနေ****
တရုတ်က ပါကစ္စတန်ကို ဂြိုလ်တုတွေ ရှာဖွေ ထောက်လှမ်းနိုင်တဲ့ စွမ်းအားမြင့်ရေဒါ ရောင်းချပေးမည်ဟု သိရသည်။

15/03/2023

Today (15.3.2023)
ခန့်မှန်းခြေ စျေးနှုန်း


(အကယ်ဒမီ မီးလင်း)

2873000 (Buy)
2879000 (Sell)

ပြင်ပပေါက်ဈေး
-----------
2866 (Buy)
2880 (Sell)

 # RUSSIA 🤜VS🤛 UKARINESIPRIရဲ့ လေ့လာမှုတွေအရ ယူကရိန်းဟာ ကမ္ဘာပေါ်မှာ အိန္ဒိယနဲ့ ကာတာနိုင်ငံတိုပြီးရင် တတိယမြောက် လက်နက်တ...
14/03/2023

# RUSSIA 🤜VS🤛 UKARINE
SIPRIရဲ့ လေ့လာမှုတွေအရ ယူကရိန်းဟာ ကမ္ဘာပေါ်မှာ အိန္ဒိယနဲ့ ကာတာနိုင်ငံတိုပြီးရင် တတိယမြောက် လက်နက်တင်သွင်းသူဖြစ်လာတယ်လို့ဆိုပါတယ်။ ယူကရိန်းကို အဓိကလက်နက်တွေပေးနေတာကတော့
အမေရီကန်
ပိုလန်နဲ့
ဂျာမနီတို့ဖြစ်ပါတယ်။

🇷🇺⚔️🇺🇦ရုရှားစစ်တပ်ဟာ ဒွန်းဘက်စစ်ဒေသရှိ တိုက်ပွဲပြင်းထန်နေတဲ့ ဘက်ခ်မွန့်မြို့သိမ်းတိုက်ပွဲမှာ JDAMလို့ခေါ်တဲ့ မီးလောင်စမတ...
14/03/2023

🇷🇺⚔️🇺🇦ရုရှားစစ်တပ်ဟာ ဒွန်းဘက်စစ်ဒေသရှိ တိုက်ပွဲပြင်းထန်နေတဲ့ ဘက်ခ်မွန့်မြို့သိမ်းတိုက်ပွဲမှာ JDAMလို့ခေါ်တဲ့ မီးလောင်စမတ်ဗုံးများကို စတင်အသုံးပြုနေပြီလို့ ယူကရိန်းစစ်ဘက်က စွပ်စွဲပြောကြားလိုက်ပါတယ်။

14/03/2023

Today (14.3.2023)
ခန့်မှန်းခြေ စျေးနှုန်း


(အကယ်ဒမီ မီးလင်း)

2871000 (Buy)
2878000 (Sell)

ပြင်ပပေါက်ဈေး
-----------
2865 (Buy)
2875 (Sell)

နယူးယောက် Signature Bank ထပ်မံပြိုလဲခဲ့ပြီး နှစ်ရက်အတွင်း အမေရိကန်၏ဒုတိယမြောက်ဘဏ်ပြိုလဲမှုဖြစ်••••••••••••••••မတ်လ ၁၃ ၊ ...
13/03/2023

နယူးယောက် Signature Bank ထပ်မံပြိုလဲခဲ့ပြီး နှစ်ရက်အတွင်း အမေရိကန်၏ဒုတိယမြောက်ဘဏ်ပြိုလဲမှုဖြစ်
••••••••••••••••
မတ်လ ၁၃ ၊ ၂၀၂၃

နယူးယောက်ပြည်နယ်အာဏာပိုင်တွေက နယူးယောက်အခြေစိုက် ဆစ်ခ်နေချာဘဏ် Signature Bank ကို မတ် လ ၁၂ ရက်နေ့ တနင်္ဂနွေနေ့ မှာ ပိတ်သိမ်းလိုက်ပါတယ်။ ဒါဟာ ကာလီဖိုနီးယားအခြေစိုက် ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲပြီး နှစ်ရက်အကြာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယမြောက်ဘဏ်ပြိုလဲခြင်းဖြစ်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်အခြားဘဏ်အာဏာပိုင်တွေက ပူးတွဲကြေညာချက်ကို တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာရာမှာ Signature Bank ရဲ့ အပ်နှံသူတွေရဲ့ငွေတွေ ပြန်လည်ရရှိလိမ့်မှာဖြစ်ပြီး ဆုံးရှုံးမှုတွေကို အခွန်ထမ်းပြည်သူတွေပေးစရာမလိုဘူးလို့ပြောပါတယ်။

Signature Bank ပြိုလဲမှုဟာ အမေရိကန်သမိုင်းမှာ တတိယမြောက်အကြီးဆုံးဖြစ်ပါတယ်။

Signature Bank ဟာ မတ်၈ရက်နေ့အထိ အပ်နှံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၈၉.၁၇ ဘီလျံရှိပြီး ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ ၁၁၀.၃၆ ဘီလျံရှိတယ်လို့ နယူးယောက်ပြည်နယ်ဘဏ္ဍာရေးဌာနကနေသိရှိရပါတယ်။

13/03/2023

Today (13.3.2023)
ခန့်မှန်းခြေ စျေးနှုန်း


(အကယ်ဒမီ မီးလင်း)

2862000 (Buy)
2868000 (Sell)

ပြင်ပပေါက်ဈေး
-----------
2860 (Buy)
2870 (Sell)

 #ခေတ်သစ်မိုနာလီဇာ (Leng Jun, 冷军) ဟာ ယခင်မိုနာလီဇာ(Mona lisa) ပုံတူကားထက် အသက်ဝင် ဆွဲဆောင်မှုရှိတယ်လို့ ချီးမွမ်း ထောမနာ...
12/03/2023

#ခေတ်သစ်မိုနာလီဇာ (Leng Jun, 冷军) ဟာ ယခင်မိုနာလီဇာ(Mona lisa) ပုံတူကားထက် အသက်ဝင် ဆွဲဆောင်မှုရှိတယ်လို့ ချီးမွမ်း ထောမနာသံနဲ့အတူ ဓါတ်ပုံနဲ့ အလွန် တူလွန်းတယ်လို့လည်း ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်

ဒါကို လိန်းဂျန် (Leng Jun, 冷军) က သူ့ ပန်းချီကားကို လူကိုယ်တိုင် တွေ့ရတဲ့သူအဖို့ အဲသလောက်ထိ လှည့်စား ခံရမှာတော့ မဟုတ်ပါဘူးလို့ ဆိုပါတယ် သူ့အနေနဲ့ ဓါတ်ပုံကို တုပဖို့ ဓါတ်ပုံနဲ့ ယှဉ်ပြိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဟာ စိုးစဉ်းမျှ မရှိခဲ့ပါဘူးတဲ့

စိတ်ခံစားမှုအနုပညာကို အတတ်နိုင်ဆုံး ဆောင်ကြဉ်းနိုင်ဖို့ရာ အသေးစိတ်ကျတဲ့ နည်းပညာရဲ့ စွမ်းဆောင်မှုနဲ့ ဟန်ချက်ညီညီ အနုပညာနယ်ပယ်ထဲ ရောက်အောင် ကြိုးပမ်း တွန်းပို့ ထားပါတယ်လို့ ဆိုပါတယ်

"အခက်အခဲဆုံးက လူပုံကို ဆေးသွင်း
တာပါပဲ သက်မဲ့ အရာဝတ္ထုတွေ ဒါမှမဟုတ် သံချေးတက်နေတဲ့ သတ္တုတွေဟာ နေ့စဉ် လူတွေ မြင်တွေ့နေကြ အရာတွေ မဟုတ်ပါဘူး
လူတွေဟာ နေ့စဉ် လူတွေနဲ့ အများဆုံး ဆက်ဆံပြီး လူတွေနဲ့သာ အရင်းနှီးဆုံး ကျွမ်းဝင်နေကြတာမို့ လူ့စရိုက်ကို ပီပြင်အောင် ချပြတဲ့အခါ တိကျသေချာတဲ့ အမူအရာဖြစ်ဖို့ , ခံစားမှုရဲ့ လက္ခဏာကို အမိဖမ်းဖော်ကျူးဖို့ ခက်ခဲလှပါတယ်" လို့လည်း ရှင်းပြပါတယ်

လိန်းဂျန်ဟာ Wuhan Normal College မှ အနုပညာ ဘွဲ့ရရှိခဲ့ပြီး 2nd Annual Chinese Oil Painting Exhibition, Beijing, နှင့် 3rd Annual Chinese Art Exhibition မှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့တဲ့ ဩဇာရှိသော တရုတ်ခေတ်ပြိုင် ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်

သူ့ရဲ့ ပန်းချီ ဝိသေသကတော့ အနောက်တိုင်း ရေးနည်း ရေးဟန် နည်းစနစ်တွေကို ရှောင်ရှားပြီး သူဖော်ပြလိုတဲ့ အရာအတွက် စိတ်ရှည်ရှည်နဲ့ အသေးစိတ် စောင့်ကြည့်လေ့လာ ချဉ်ကပ်ပြီးမှ
အရောင်အသွေး ကြွယ်ဝမှု, ပြီးပြည့်စုံတဲ့ အမြင်အာရုံ အကျိုးသက်ရောက်မှု ရရှိစေဖို့ ယုံကြည် စိတ်ချရလောက်သည်အထိ အနုစိတ်ဖန်တီးရေးဆွဲခြင်း ဖြစ်ကြောင်း သိရပါတယ်

ဟုတ်ပါပြီ... ဒါဆို
လိန်းဂျန်ရဲ့ မိုနာလီဇာ ပန်းချီကားဟာ မိတ်ဆွေတို့ရဲ့ အမြင်အာရုံ ခံစားမှုကို တကယ်ပဲ နှိုးဆွ စီးမျှောသွားစေနိုင်ပါသလား....?
~Moeswe

***ဘယ်လို မြင်လဲ comments လေးတွေ နဲ့ ဆွေးနွေးခဲ့ပါ🤟

 #ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန #ဒုတိယဦးစီးမှူးရာထူး (၆၁)နေရာခေါ်ယူခြင်း📜 လျှောက်လွှာပိတ်ရက် - (၅.၄.၂၀၂၃)ရက်...
12/03/2023

#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
#ဒုတိယဦးစီးမှူးရာထူး (၆၁)နေရာခေါ်ယူခြင်း

📜 လျှောက်လွှာပိတ်ရက် - (၅.၄.၂၀၂၃)ရက်နေ့

🏛 ပေးပို့ရမည့်နေရာ - ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရုံးအမှတ် (၇) ၊ နေပြည်တော် / [email protected]

📜 လျှောက်လွှာပုံစံကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ www.moi.gov.mm တွင် ရယူနိုင်သည်။

📝 ဖြေဆိုရမည့်ဘာသာ - မြန်မာစာ + English + အထွေထွေဗဟုသုတ

📌 စာမေးပွဲ အစီအစဉ်များကို ထပ်မံကြေညာမည်။

📰(5.3.2023)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

Address


Website

Alerts

Be the first to know and let us send you an email when Breaking Global News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Breaking Global News:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share