တက်နေဝင်း - Than Tun Oo

  • Home
  • တက်နေဝင်း - Than Tun Oo

တက်နေဝင်း - Than Tun Oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from တက်နေဝင်း - Than Tun Oo, Film/Television studio, .

ရှေးရေစက်ကံဆုံ❤❤😍အကြင်နာရင်မှာလွှမ်းလို့❤❤တက်နေပမာ ချစ်သူ့ရင်ခွင်နှလုံးသားမှာ❤❤ရောင်စဉ်လွှမ်းစေသော်။🤗🤗💑
20/01/2024

ရှေးရေစက်ကံဆုံ❤❤😍
အကြင်နာရင်မှာလွှမ်းလို့❤❤
တက်နေပမာ ချစ်သူ့ရင်ခွင်နှလုံးသားမှာ❤❤
ရောင်စဉ်လွှမ်းစေသော်။🤗🤗💑

🙏🙏🙏🙏🙏
01/08/2023

🙏🙏🙏🙏🙏

"မြန်မာသက္ကရာဇ် ၁၃၈၅ ခု၊ ကဆုန်လပြည့်နေ့" 🙏🏻ဗုဒ္ဓနေ့"  🙏🙏🏻🙏🙏🏻 မြတ်စွာဘုရားရှင် ဗျာ၊ ဖွား၊ ပွင့်၊ စံ  ဆိုတဲ့ ဖြစ်ရပ်လေးခုလ...
03/05/2023

"မြန်မာသက္ကရာဇ် ၁၃၈၅ ခု၊ ကဆုန်လပြည့်နေ့"

🙏🏻ဗုဒ္ဓနေ့" 🙏🙏🏻🙏

🙏🏻 မြတ်စွာဘုရားရှင် ဗျာ၊ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ ဖြစ်ရပ်လေးခုလုံးဖြစ်ခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေထဲက "ကဆုန်လပြည့်နေ့" မှာ ညောင်ရေသွန်းပြီး ကုသိုလ်ယူကြတဲ့ ချစ်စရာကောင်းလှတဲ့ ဓလေ့လေးဖြစ်ပါတယ်😊
🙏 ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တဲ့ "ကဆုန်လပြည့်နေ့" မှာ မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း Than Tun Oo(TNW)မှ
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🙏🙏🙏🙏

တောင်သူလယ်သမားများအားလုံး သီးနှံအထွက်နှုန်းများကောင်းပြီး စီးပွားတိုးတက်ကြပါစေ🙏Photo- Credit
02/03/2023

တောင်သူလယ်သမားများအားလုံး သီးနှံအထွက်နှုန်းများကောင်းပြီး စီးပွားတိုးတက်ကြပါစေ🙏
Photo- Credit

Merry Christmas to you all 😍😘😘😘Photo - Credit
25/12/2022

Merry Christmas to you all 😍😘😘😘
Photo - Credit

သီတင်းကျွတ်လပြည့်နေ့လေးမှာကိုယ်စိတ်နှစ်ပါးရွှင်လန်းနိုင်ကြပါစေလို့ တက်နေဝင်း ဓာတ်ပုံ ဗီဒီယို မိသားစုမှ ဆုတောင်းမေတ္တာပို...
09/10/2022

သီတင်းကျွတ်လပြည့်နေ့လေးမှာ
ကိုယ်စိတ်နှစ်ပါးရွှင်လန်းနိုင်ကြပါစေလို့
တက်နေဝင်း ဓာတ်ပုံ ဗီဒီယို မိသားစုမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏🙏🙏

ဝါဆိုလပြည့်နေ့ 🙏🙏🙏🙏🙏ဓမ္မစကြာအခါတော်နေ့ ကိုယ်၊ စိတ်၊ နှလုံး ရွှင်လန်းချမ်းမြေ့ပြီးရောဂါဘယများ ကင်းဝေး၍ စီးပွားရေးများတိုး...
12/07/2022

ဝါဆိုလပြည့်နေ့ 🙏🙏🙏🙏🙏
ဓမ္မစကြာအခါတော်နေ့

ကိုယ်၊ စိတ်၊ နှလုံး ရွှင်လန်းချမ်းမြေ့ပြီး
ရောဂါဘယများ ကင်းဝေး၍ စီးပွားရေးများ
တိုးတက်ကြီးပွာပါစေကြောင်း ....

တက်နေဝင်း မိသားစုမှ
ဆုတောင်းမေတ္တာ ပို့သပေးလိုက်ပါတယ်..
ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
--------------------------------
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ် ဣန္ဒြိယပ
ရောပရိယဉာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တောျမူုလိုကျ၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ်ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

-ဗုဒ္ဓသာသနံ စိရံ တိဋ္ဌာတု
Credit
Photo Artist ATA😘

"မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ကဆုန်လပြည့်နေ့" 🙏🏻 ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် "ဗုဒ္ဓနေ့"  🙏🏻🙏🏻 မြတ်စွာဘုရားရှင် ဗျာ၊ ဖ...
14/05/2022

"မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ကဆုန်လပြည့်နေ့"

🙏🏻 ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် "ဗုဒ္ဓနေ့" 🙏🏻

🙏🏻 မြတ်စွာဘုရားရှင် ဗျာ၊ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ ဖြစ်ရပ်လေးခုလုံးဖြစ်ခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေထဲက "ကဆုန်လပြည့်နေ့" မှာ ညောင်ရေသွန်းပြီး ကုသိုလ်ယူကြတဲ့ ချစ်စရာကောင်းလှတဲ့ ဓလေ့လေးဖြစ်ပါတယ်ရှင်☺

ဗုဒ္ဓဘာသာတို့ရဲ့🙏 နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တဲ့ "ကဆုန်လပြည့်နေ့" မှာ မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း တက်​​နေဝင်းဓာတ်ပုံ ဗီဒီယို မှ
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🏻🙏🏻🙏🙏🙏

17/04/2022

သာသနာတော်နှစ် ၂၅၆၅ ခုနှစ်
ကောဇာသက္ကရဇ် ၁၃၈၄ ခုနှစ်
နှောင်းတန်ခူးလဆုတ် (၂) ရက်နေ့သည်
(နှစ်ဆန်းတစ်ရက်) နေ့ ဖြစ်ပါသည်
"မြန်မာ နှစ်သစ်ဆုတောင်း"🙏🙏🙏🙏🙏
မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှစ၍
မြန်မာပြည်သူ/ပြည်သားအပေါင်း🤗🤗🤗
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံပါစေ။
အကြံအစည်မှန်သမျှအောင်မြင်ပါစေ။
လိုရာဆန္ဒပြည့်ဝပါစေ။
ဘေးရန်အန္တရာယ်အပေါင်းမှကင်းဝေးပါစေကြောင်းတက်နေဝင်း Video & Photo Studioမိသားစု မှ ဆုတောင်းမေတ္တာပို့ပါသည် ။🙏🙏🙏🙏🙏

တပေါင်းလပြည့် ပြည်တော်ဝင် အခါတော်နေ့****************************************** တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ...
16/03/2022

တပေါင်းလပြည့် ပြည်တော်ဝင် အခါတော်နေ့
******************************************

တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ် သည်။ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။
တပေါင်းလ၏ ပထမလ၀က်သည်ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။

တပေါင်းလပြည့်နေ့ တွင်ကာဠုဒါယီ မထေရ် က ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူပါရန် ဘုရားရှင်အားလျှောက်ထားသည်ကို အကြောင်းပြုပြီး ကျင်းပရခြင်းဖြစ်ပါသည်။ ၎င်းလျှောက်ထားချက်အရ မြတ်စွာဘုရားက ရဟန္တာပေါင်းနှစ်သောင်း ခြံရံပြီး မဟာသက္ကရာဇ်(၁ဝ၃)ခုနှစ် တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှာ ရာဇဂြိုဟ်မှ ယူဇနာခြောက်ဆယ် ဝေးကွာသော ကပိလဝတ်ပြည်သို့ တစ်နေ့လျှင် တစ်ယူဇနာ ခရီးဖြင့်ရက်ပေါင်းခြောက်ဆယ် ဒေသစာရီကြွချီတော်မူခြင်း ကို အကြောင်းပြု၍ မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ စတင်ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။
ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ်(သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။

နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်းမှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။
တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။
ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကြားသိ သောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တစ်ယောက်အား အခြွေအရံ တစ်ထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ်၍ အမတ်တို့ကို အခြွေအရံ တစ်ထောင်စီဖြင့်ကိုးကြိမ်တိုင်အောင်စေလွှတ် ခဲ့သည်။ သို့သော် အားလုံးရဟန်းပြု၍ နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ် သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များ နှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန် သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း
၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့် အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန် သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့် နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီးတပုဿနှင့်ဘလ္လိက ကုန်သည််ညီနောင်တို့ကြီးမှူး၍ရွှေတိဂုံစေတီတော်ကြီး တည်ထား ခဲ့သည်ဟု သမိုင်းကဆိုသည်။
ဤကား တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်က ဖခမည်းတော်{ဖခင်}ကို ကျေးဇူးဆပ်ခဲ့သောနေ့ ။မြတ်စွာဘရားရှင် ပြည်တော် ဝင်ရန် စတင်ကြွလှမ်းသောနေ့ #တပေါင်းလပြည့်နေ့
မြတ်ဗုဒ္ဓ ပြည်တော်ဝင်ဥပုသ်နေ့ အခါတော်နေ့တွင် ဗုဒ္ဓဘာသာဝင်အားလုံး ဘုရားရှင်၏ တရားဓမ္မတို့နှင့် မွေ့ပျော်ပြီး ဒါန သီလ ဘာဝနာ ဥပုသ်သီလဆောက််တည်ခြင်း ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်နိုင်ကြ ပါစေရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ် ။
🙏🙏🙏မတ်လ ၁၆ ရက်နေ့တွင် ကျရောက်သည့် တပေါင်းလ ပြည့်နေ့တွင် မိဘပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ပါတယ်🙏🙏🙏

ကျမ်းကိုးကား။ ။အရှင်ဇဝန(ပဲခူး)၏ အခါတော်နေ့ဆိုင်ရာ တရားတော်များစာအုပ်)
- Original Uploader
Photo crd***တပေါင်းလပြည့်
မြတ်ဗုဒ္ဓ ပြည်တော်၀င်အခါတော်နေ့***

မြတ်ဗုဒ္ဓ နှင့် တပေါင်းလ

တပေါင်းလသည်
မြန်မာလများတွင်၁၂-လမြောက်ဖြစ်သည်။
တနှစ်တာ၏နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ပထမလ၀က်သည်
ဆောင်းရာသီတွင်ကျရောက်သည်။
ဒုတိယလ၀က်ကားနွေရာသီတွင်ကျရောက်သည်။

ဆောင်းကူးနွေစသာယာလှသောလရာသီဖြစ်သည်။ထို့ကြောင့်ခေတ်အဆက်ဆက်
စာဆိုတို့သည်တပေါင်းလ၏အလှကို
ရေးဖွဲကြသည်မှာယနေ့တိုင်ဖြစ်သည်။

ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားသည်။

တပေါင်းလပြည့်နေ့တွင်
ဘုရားပွဲတော်များကျင်းပသည့်ဓလေ့
ခေတ်စားလာခဲ့သည်။
ထိုသို့ဘုရားပွဲတော်ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟုခေါ်ကြသည်။

တပေါင်းလသည်ရာသီဥတု သာယာသည်နှင့်အမျှ
သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော
ဖြစ်ရပ်ကြီးများပေါ်ထွန်းခဲ့သည်။

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတစ်ထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ် အမတ်တို့ကို အခြွေအရံတစ်ထောင်စီဖြင့် ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။
သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။

ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း
ရှေးက အမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်
တကွ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။

ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း
မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့်
အနာဂါမ် တည်ခဲ့သည်။ နောင်အခါ အရဟတ္တဖိုလ် တည်သွားသည်။

ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော် ဂေါတမီသည်လည်း သောတာပန်တည်သည်။

ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။
ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။

သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။ သာကီ၀င်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်
ဗုဒ္ဓဟူးနေ့တွင်သိကြားမင်း၊ ဥက္ကလာပမင်းကြီး
တပုဿနှင့်ဘလ္လိကကုန်သည်ညီနောင်တို့ကြီးမှူး၍
ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု သမိုင်းကဆိုသည်။

ဤကား တပေါင်းလကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

✍ပြန်လည်ကူးယူမျှဝေလိုက်ပါသည်

ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေ🙏🙏🙏🙏🙏

🤗🤗🤗
02/01/2022

🤗🤗🤗

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ❤💛💚💙💜🖤*ကျန်းမာခြင်း* ပျော်ရွှင်ခြင်း *ကံကောင်းခြင်းများနဲ့ပြည်စုံတဲ့2022 နှစ်သစ်လေးကို...
01/01/2022

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ❤💛💚💙💜🖤
*ကျန်းမာခြင်း* ပျော်ရွှင်ခြင်း *ကံကောင်းခြင်းများနဲ့
ပြည်စုံတဲ့
2022 နှစ်သစ်လေးကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

😍🤗🤗🤗
25/12/2021

😍🤗🤗🤗

ရွှေခိုင်သူလေးအလှ 😍*လက်ဝတ်ရတနာ*ဝတ်စုံ*မိတ်ကပ် *ဓာတ်ပုံ*ဗီဒီယို *တနေရာတည်းနဲ့ပြည့်စုံပီးလှပစေတာမို့တက်နေဝင်း Studioကို လှ...
01/12/2021

ရွှေခိုင်သူလေးအလှ 😍

*လက်ဝတ်ရတနာ
*ဝတ်စုံ
*မိတ်ကပ်
*ဓာတ်ပုံ
*ဗီဒီယို
*တနေရာတည်းနဲ့ပြည့်စုံပီး
လှပစေတာမို့
တက်နေဝင်း Studioကို လှမ်းခဲ့ပါနော်လို့🤗🤗🤗

*ရွှေဘိုသူ Model လေးရဲ့ အလှ ကြည့်မဝ😍😘😘😘Photo - Than Tun Oo(Tet Nay Win)Studio- (Tet Nay Win)Dress & Jawellary - (Tet Nay...
21/11/2021

*ရွှေဘိုသူ Model လေးရဲ့ အလှ ကြည့်မဝ😍😘😘😘
Photo - Than Tun Oo(Tet Nay Win)
Studio- (Tet Nay Win)
Dress & Jawellary - (Tet Nay Win)
Make up- Sunny
အလှဓာတ်ပုံလေးအတွက်ဆိုရင် လှမ်းလာခဲ့ပါ
Tet nay Win မှကြိုဆိုနေပါတယ်နော်🤗🤗🤗
Phone: 09443225368
: 09953795372

Happy Anniversaryအမှတ်တရ ဇနီးမောင်နံရဲ့အလှ😍Photo - Than Tun Oo(Tet Nay Win)📸Tet Nay Win Studio 🤗
01/11/2021

Happy Anniversaryအမှတ်တရ
ဇနီးမောင်နံရဲ့အလှ😍
Photo - Than Tun Oo(Tet Nay Win)📸
Tet Nay Win Studio 🤗

သီတင်းကျွတ်လပြည့်နေ့🙏🙏🙏ကိုယ်စိတ် ကျန်းမာ ဘေးဘယာဝေးကွာလန်းဖြာကြပါစေ🙏🙏🙏
20/10/2021

သီတင်းကျွတ်လပြည့်နေ့🙏🙏🙏
ကိုယ်စိတ် ကျန်းမာ ဘေးဘယာဝေးကွာ
လန်းဖြာကြပါစေ🙏🙏🙏

20/09/2021

၁၃၈၃ ခုနှစ် တော်သလင်းလပြည့်နေ့
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်

"တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့)"
************************************
ဗုဒ္ဓဘာသာဝင်များအတွက် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ဟု သတ်မှတ်ထားကြပါတယ်။ ထိုနေ့ကိုရောက်လာရင် ငါးပါးသီလ ချို့ယွင်းနေသူများအား သတိပေးတဲ့အနေ့နဲ့ ငါးပါးသီလကို အသက်ထက်ဆုံး လုံခြုံအောင် စောင့်ထိန်းကြဖို့အသိပေးတယ်တဲ့နေ့ ဆိုလည်း မှားမည်မထင်ပါ။ ဂရုဓမ္မဆိုတာ လူသားတို့ အနေဖြင့် တလေးတစား စောင့်ထိန်းအပ်တဲ့ (ကုရုဓမ္မ) ငါးပါးသီလကိုပဲ ဆိုလိုခြင်းဖြစ်ပါတယ်။ ကုရုဓမ္မကနေ ဂရုဓမ္မဖြစ်လာတာပါ။
ထိုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းက ရဟန်းနှစ်ပါး ဟင်္သာတစ်ကောင်ကို အလောင်းအစားလုပ်ကာ ကျောက်ခဲနှင့် ပစ်သတ်ခဲ့တဲ့အတွက် သာသနာတွင်းရဟန်းများအနေဖြင့် ပါဏာတိပါတကံကို မကျူးလွန်သင့်ကြောင်းနှင့် ရှေးပညာရှိများအနေဖြင့် သာသနာပ ကာလလူဘောင်ဘဝဖြင့်ပင် ပါဏာတိပါတကံ စတဲ့ သီလများကို စောင့်ရှောက်ထိန်းသိမ်းခဲ့ကြောင်းကို အကြောင်းပြုပြီး ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် အလောင်းတော်ဘဝတစ်ခုမှာ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့ ဓနဉ္စယကောရဗျမင်းရဲ့ မိဖုရားကြီးတို့ရဲ့ သားတော်တစ်ဦးဖြစ်ခဲ့ပြီး အရွယ်ရောက်တာနဲ့ တက္ကသိုလ်မှာ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်ပြီး အိမ်ရှေ့မင်းအရာမှာ ခန့်အပ်ခြင်းကို ခံရပါတယ်။ ဖခင်မင်းကြီးကွယ်လွန်တဲ့အခါမှာ မင်းအဖြစ်ဆက်လက် အုပ်ချုပ်ခွင့်ရပြီး ဆယ်ပါးသော မင်းကျင့်တရားနှင့် ညီစွာအုပ်ချုပ်လျက် ငါးပါးသီလလို့ခေါ်တဲ့ ကုရုဓမ္မကိုလည်း စောင့်ထိန်းပါတယ်။ ဘုရားအလောင်းတော် မင်းဟာ ငါးပါးသီလကိုစောင့်ထိန်းသကဲ့သို့၊ ဘုရားအလောင်း၏ မယ်တော်၊ မိဖုရားကြီး၊ ညီတော် အိမ်ရှေ့မင်း၊ ပုရောဟိတ်ပုဏ္ဏား၊ အမတ်၊ ရထားထိန်း၊ သူဌေး၊ အမတ်ကြီး၊ တံခါးစောင့်၊ ပြည့်တန်ဆာမတို့လည်းပဲ ငါးပါးသီလလို့ခေါ်တဲ့ ကုရုဓမ္မ(ဂရုဓမ္မ)ကို စင်ကြယ်စွာစောင့်ထိန်းကြတာပါ။ ဘုရားအလောင်းတော်ဟာ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော် ဤခြောက်ဌာနတို့မှာ အလှူမဏ္ဍပ်တွေဆောက်လုပ်ပြီး နေ့စဉ် ခြောက်သိန်းသော ဥစ္စာများကို စွန့်လှူခြင်းမှာလည်း မွေ့လျော်တာကြောင့် ဇမ္ဗူဒိပ်၌ ကျော်ကြားနေပါတယ်။ တစ်တိုင်းပြည်လုံးမှ လူများလည်း ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလမြဲကြပါတယ်။

ဘုရားအလောင်း၏ နိုင်ငံနှင့်မနီးမဝေး ကာလိင်္ဂတိုင်း ဒန္တပူရမြို့မှာ ကာလိင်္ဂမင်းဟာ မင်းပြုနေပါတယ်။ ထိုမင်းရဲ့ တိုင်းမှာတော့ မိုးမရွာ။ မိုးမရွာတော့ တစ်တိုင်းပြည်လုံးမှာ ငတ်မွတ်ခြင်းဘေး၊ ရောဂါဘေး ရာသီဥတုဖောက်ပြန်တဲ့ဘေးဆိုပြီး ဘေးသုံးမျိုးနှင့်ကြုံတွေ့ရပါတော့တယ်။ တိုင်းသူပြည်သားတွေက ကာလိင်္ဂမင်းကြီးဆီ ထိုကဲ့သို့ကပ်ဆိုက်နေချိန်မှာ ရှေးမင်းများ ပြုကျင့်သည့်အတိုင်း ဒါန သီလများပြုပါက မိုးရွာမည်ဖြစ်ကြောင်းလျောက်ထားပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ ဒါန သီလများပြုသော်လည်း မိုးမရွာပါဘူး။ နောက်တစ်ဖန် ကုရုတိုင်းမှာ အဥ္ဏနဝဏ္ဏမင်္ဂလာဆင်ကြီးကို အလှူခံပြီး သယ်ဆောင်ပါက မိုးရွာနိုင်ပါသည်ဟု ဒုတိယအကြိမ်လျောက်ထားပြန်ပါတယ်။ ဆင်တော်မင်္ဂလာကြီး သယ်ဆောင်လာနိုင် သော်လည်း မိုးမရွာပြန်ပါဘူး။ နောက်ဆုံးမှာ အကြောင်းစုံကို စုံစမ်းပြီး ကုရုတိုင်းမှ ဘုရားအလောင်းအတော် အပါဝင်၊ မယ်တော်၊ မိဖုရား၊ ညီတော်၊စတဲ့ ပုဂ္ဂိုလ်ဆယ်ယောက်အပြင် တစ်တိုင်းပြည်လုံးမှ လူများ စောင့်ထိန်းကြတဲ့ ကုရုဓမ္မ(ဂရုဓမ္မ)လို့ခေါ်တဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးစေပြီး ကာလိင်္ဂတိုင်းသူ ပြည်သားအားလုံးအပြင် ဘုရင်မှစ၍ ထိုကုရုဓမ္မကိုစောင့်ထိန်းကျင့်သုံးတော့မှ ရာသီဥတုတွေ မှန်ကန်လာပြီး တစ်တိုင်းပြည်လုံး သာယာဝပြောကာ ဘေးသုံးပါးမှ ကင်းလွှတ်ခဲ့ပါတယ်။

အချုပ်အားဖြင့် ဘုရားအလောင်းတော် အုပ်ချုပ်သော တိုင်းပြည်မှာ ဘုရင်မှစ၍ မယ်တော်၊ မိဖုရားအပါဝင် တစ်တိုင်းပြည်လုံး ငါးပါးသီလမြဲကြသဖြင့်၊ ရာသီဥတုမှန်ကန်ကာ တိုင်းပြည်တစ်ခုလုံး သာယာဝပြောခြင်း၊ ကာလိင်္ဂတိုင်းမှာ ဘုရင်မှအစပြု၍ တိုင်းပြည်တစ်ခုလုံး ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလ မမြဲကြသဖြင့် ရာသီဥတုဖောက်ပြန်ကာ ဘေးဆိုးများနှင့်ရင်ဆိုင်ရခြင်း၊ ငါးပါးသီလမြဲပါမှ တစ်ဖန် ရာသီဥတု မှန်ကန်ပြီး တိုင်းပြည်သာယာဝပြောလာခြင်း စတဲ့အချက်များကို ထောက်ဆကြည့်မည်ဆိုပါလျှင် ယနေ့ခေတ် ရာသီဥတုဖောက်ပြန်ခြင်း၊ အစာငတ်မွတ်ခြင်း၊ ရောဂါထူပြောခြင်းစတဲ့ဘေးဆိုများနှင့် ရင်ဆိုင် နေရခြင်းသည် လူတို့စောင့်ထိန်းအပ်သည့် ဂရုဓမ္မခေါ် ငါးပါးသီလ ဖောက်ဖျတ်ခြင်း၊ လောဘ၊ ဒေါသ မောဟ စတဲ့ကိလေသာများထူပြောခြင်းကြောင့် သုံးသပ်ရမည်ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းပြည်သာယာဝပြောပြီး ရာသီဥတုမှန်ကန်၊ ကပ် ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေရန် မိမိမှအစပြု၍ တစ်ဦးချင်းလိုက်၊ တစ်မိသားစုချင်းလိုက်၊ အစပြုကာ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းသင့်လှကြောင်း နေ့စဉ်စောင့်ထိန်းကြဖို့ အသိပေးလိုခြင်း ဖြစ်ပါတယ်။ ငါးပါးသီလဖောက်ပြားနေသူများ၊ ပျက်ယွင်းနေသူများအား ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းကြဟု ဘုရားအလောင်းတော် ကုရုမင်းကြီး သတိပေးနေဟန် တူပါတော့တယ်။
ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက ကုရုဓမ္မဇာတ်တော်ကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ကုရုဓမ္မ(ဂရုဓမ္မ)အခါတော်နေ့ဟု သတ်မှတ်ခြင်းသာဖြစ်ပါတော့တယ်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
မေတ္တာဖြင့်မျှဝေပူဇော်ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when တက်နေဝင်း - Than Tun Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share