Yangon Special Guerrilla Force - YSGF

  • Home
  • Yangon Special Guerrilla Force - YSGF

Yangon Special Guerrilla Force - YSGF Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Special Guerrilla Force - YSGF, News & Media Website, .

20/01/2023

“UGတွေအတွက် အချစ်တွေလှူပါ ၁၅၀၀” ကမ်ပိန်းမှ
ထောက်ပံ့ငွေကျပ် တသိန်း လက်ခံရရှိခဲ့ပါတယ်ဗျ။

ရရှိလာသော ထောက်ပံ့ငွေများကိုလဲ လိုအပ်သောအဖွဲ့
တခုထံသို့ လမ်းစရိတ်အနေနဲ့ ပို့ပေးပြီးပါပြီ။

ကမ်ပိန်းတွင် ပါဝင်ပေးကြသော လူတဦးချင်းစီကို ကျေးဇူးအထူးပါခင်ဗျာ🖤

Revolution must prevail✊🏻

15/12/2022

“လှိုင်းတို့၏စိန်ခေါ်သံ”ဘာလဲဘယ်လဲ

ဒီတစ်ခေါက်မှာတော့ အညာမြေကရဲဘော်တွေအတွက် FCR Fundraising နဲ့ Revolutionary Youths တို့မှပြုလုပ်တယ့် “လှိုင်းတို့၏စိန်ခေါ်သံ” ဆိုတယ့် Fandom တစ်ခုခြင်းစီအလိုက်မဲရောင်းသွားမှာဖြစ်ပါတယ်။ ဒီပရောဂျက်ရဲ့ရည်ရွယ်ချက်ကတော့ အညာမြေကရဲဘော်များအတွက် ရိက္ခာ၊ ဆေးဝါးနဲ့အခြားလိုအပ်တယ့်အထွေထွေပစ္စည်းများထောက်ပို့သွားမှာပါခင်ဗျာ။

အညာမြေမှာအဖွဲ့ပေါင်းရာနဲ့ချီရှိပေမယ့် ထောက်ပံ့ငွေရရှိမှုနည်းပါးတယ့်အပြင် ယခုအချိန်ထိမောင်းပြန်သေနပ်အစစ်တစ်လက်တောင်မရှိသေးတယ့်အဖွဲ့တွေများစွာ‌ရှိနေပါတယ် ဒါကြောင့်ရဲဘော်တွေမှာအားကိုးစရာဆိုလို့ပြည်သူတွေပဲရှိပါတယ် သူတို့အတွက်‌သေနပ်အလက်လိုက်မကူညီနိုင်ရင်တောင် ရိက္ခာနဲ့ဆေးဝါးအပြင်အခြားကျည်ဆံဖိုးနဲ့ Production ပိုင်းတွေကိုတတ်နိုင်သလောက်ကူညီလို့ရအောင်ရည်ရွယ်တယ့် ပရောဂျက်လေးပဲဖြစ်ပါတယ်။

Fandom ငါးခုမှာဘယ် Fandom တွေပါလဲ?
1. Football Fandom
2. Kpop Fandom
3. Anime Fandom
4. Meme Fandom
5. Esport Fandom တွေပဲဖြစ်ပါတယ်။

Fandom မဲတစ်ခုကိုဘယ်လောက်လဲ?
◾1 Ticket = 3,000MMK
◾Target မဲ 500 ထိရောင်းချသွားပြီး
◾Dec 12 ရက်ကနေ Dec 27 ထိ၁၅ရက်တာပြုလုပ်သွားမှာဖြစ်ပါတယ်။

“လှိုင်းတို့၏စိန်ခေါ်သံ” Project မဲပုံစံကတော့မိမိတို့ကြိုက်နစ်သက်တယ့် Fandom တစ်ခုကိုရွေးချယ်ပြီး မင်မင်တို့စီမှာမဲလက်မှတ်လာဝယ်လို့ရပါတယ်။

Payment Method ကတော့ထုံးစံအတိုင်းပါပဲဗျ။ ပိုစ့်လေးကိုအခြားသူတွေမြင်အောင်များများ Share ပေးကြပါဦးခင်ဗျာ။

02/12/2022

◾ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ တသားတည်းရပ်တည်သည် - Profile Photo Campaign

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင် တို့ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

သေဒဏ်ချမှတ်တာ၊ စီရင်တာတွေဟာ လူ့အခွင့်ရေးစံနှုန်းအရ ဘယ်လိုမှ မကိုက်ညီသလို နိုင်ငံတကာမှာလည်း သေဒဏ်နဲ့ပတ်သတ်ပြီး တားဆီးကန့်သတ်ထားတာတွေရှိပါတယ်။ ဒီလိုတွေရှိပါလျက်နဲ့ လူငယ်လူရွယ်ကျောင်းသားတွေကို စစ်အုပ်စုက အဓမ္မသေဒဏ်ချမှတ်နေတာဟာ သူတို့ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အလုံးစုံပျက်သုဉ်းတဲ့အထိ လက်စားချေမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ ဖက်ဆစ်သရုပ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၄၀ ကျော်ရှိနေပြီး ယင်းတို့အနက်မှ ထင်ရှားသူ (၄) ဦးကို ရက်စက်စွာစီရင်ကွပ်မျက်ခဲ့ပြီးဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦးအပါအဝင် ဒီမိုကရေစီအရေးအတွက်လှုပ်ရှားရင်း သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားပြည်သူများနဲ့အတူ တသားတည်း ရပ်တည်ရင်း စစ်ကောင်စီရဲ့ အဓမ္မသေဒဏ်ချမှတ်နေမှု၊ စီရင်နေမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

ကျောင်းသားပြည်သူများအနေဖြင့်လည်း စစ်အုပ်စုရဲ့လုပ်ရပ်ကို ချွင်းချက်မရှိဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူများနဲ့ တစ်သားတည်းရပ်တည်ကြောင်းကို အောက်ပါ Profile photo ကို ချိန်းပြီး ပြသကြဖို့တိုက်တွန်းပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီဖြစ်ရပ်တွေရဲ့ အဓိကတရားခံဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့အတွက် တော်လှန်ရေးကိုအရှိန်မြှင့်ကြဖို့ အလေးအနက်တိုက်တွန်းလိုက်ပါတယ်။








(Profile Photo ပြောင်းတဲ့အခါ အထက်ပါစာများနဲ့ # များကို ကူးယူဖော်ပြပေးဖို့ တိုက်တွန်းပါတယ်)

16/11/2022

လူတွေအားလုံးကမေ့မေ့ပျောက်ပျောက်ဖြစ်လာတဲ့ UG တွေဟာမြို့ပြ အတွက်ရှိတဲ့အားနဲ့ ပုန်ကန်နေတုန်းပဲ..အဆင်ပြေနေလားမေးရင်ပြုံးမိတယ်..အခုရက်ထဲမှာဆိုအနီးကပ်ဆုံးအန္တရာယ် တချို့ကို ရင်ဆိုင်နေရချိန်မလို့ ပျောက်နေတာပါ...မိသားစုလိုဖြစ်နေကျတဲ့ အမတွေအကိုတွေရဲ့ဝိုင်းဝင်းကျားကန်ပေးမှုကြောင့်အန္တရာယ်ကင်းကင်းရှိနေ နိုင်လို့ ကူညီပေးကျတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်။ တလရ အတွက် မပါတော့တဲ့သူတွေကိုဘေးဖယ်ပြီး ဆက်သွားကျမယ့်လူတွေ ပိုပင်ပမ်းမှု့ကို ကြံ့ကြံ့ခံဆက်သွားကျတာပေါ့...အရှုံးမပေးးရွေ့နိုင်ပါတယ်နော်။

16/11/2022

page report မိထားလိုပါကျွန်တော်တို့သွေးမအေးပါဘူး

27/10/2022

Address


Website

Alerts

Be the first to know and let us send you an email when Yangon Special Guerrilla Force - YSGF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share