Moakkadi Media

  • Home
  • Moakkadi Media

Moakkadi Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moakkadi Media, News & Media Website, .

13/08/2024
 #အိမ်မက်တံတားသက်ြန်စတုဒီသာ #မုက္ကဒိစံပြကျေးရွာ #သက်ြန်အကြတ်နေ့🙏
15/04/2024

#အိမ်မက်တံတားသက်ြန်စတုဒီသာ

#မုက္ကဒိစံပြကျေးရွာ

#သက်ြန်အကြတ်နေ့🙏

11/02/2024

#ထီ့ဆေဝ်မေဝ်ယွာ
#ကရင်လူမျိုးတို့ဆင်းသက်ရာ

03/02/2024

ယနေ့မျက်မှောက်ခေတ်မှာ
သိပ်မမြင်တွေ့ရတော့တဲ့
#ကရင့်ရိုးရာကြိုးကျစ်အက

မူရင်းခရက်ဒစ်ပါဗျာ

 #ပဒေသရာဇ်ခေတ်နှင့်ကရင်ရှေးဟောင်းသမိုင်းများအရ ကရင်နှင့်မွန်လူမျိုးတို့သည် မြန်မာနိုင်ငံ၏ တောင် ဘက်မြေပြန့်ဒေသများတွင် န...
02/02/2024

#ပဒေသရာဇ်ခေတ်နှင့်ကရင်

ရှေးဟောင်းသမိုင်းများအရ ကရင်နှင့်မွန်လူမျိုးတို့သည် မြန်မာနိုင်ငံ၏ တောင် ဘက်မြေပြန့်ဒေသများတွင် နေထိုင်ခဲ့ကြသည့်အတိုင်း မိမိတို့လူမျိုးချင်းကို မိမိတို့ လူမျိုးထဲမှ ဘုန်းပညာပါရမီသမ္ဘာရကြီးသူတို့က မင်းပြု၍ အုပ်ချုပ်ခဲ့ကြ၏။ သို့တည်းမဟုတ် ကရင်၊ မွန်အချင်းချင်း ပေါင်းကာ ထက်မြက်သောခေါင်းဆောင် ကို မင်းမြှောက်ကြ၍ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။

ရှေးအချိန်ကာလက ကရင်စာဟောင်းပေဟောင်းများ ပျောက်ပျက်တိမ်ကော၍ ရှေးအခါက ကရင်ဘာသာစာမရှိသကဲ့သို့လည်း ထင်မှတ်ကြကာ ထိုစာဟောင်း ပညာ ရာဇဝင်မသိကြသဖြင့် “ကရင်ကြီးက စော်ကဲမျှ” ဟူ၍မှတ်ထင်ကြပေ သည်။ ရေးသားဖော်ပြခဲ့သော ကရင်မင်းဆက်မျှမက များစွာသော ကရင်လူမျိုး မင်းတို့ ရှိသင့်ပေသေးသည်။

ဇယျဘူမိတိုင်း ဒွါရပူရမြို့ရှင် ၃၃ ဆူဘုရား ဒါယကာ စောဗျညား ဣန္ဒသေနရာ ဇာဘွဲ့ခံ “အဒူလာ” မင်းသည် ကရင်မင်းဖြစ်ကြောင်းကို တောင်သူ (ပအိုဝ်) ဘာသာစာဖြင့် ရေးသားလျက်ရှိသော “ဗီဒရောမုံ” ကရင်ရာဇဝင်ကျမ်း၌ ဖော်ပြ ထား၏။ ဗီဒရောရုံသည် ပိုးကရင်ဘာသာစကားဖြစ်၍ “ပိုင်တရောင်ဒုံ” ဟု ခေါ်သော “တံခါးဝမြို့” ဟူ၍ အဓိပ္ပါယ်ရှိပါသည်။

သားတော် “သမိန်နွတ်ကုမ္မာ” ဆက်လက်နန်းတက်ခဲ့ပြီး ပါဠိဘာသာဖြင့် ဣန္ဒဒေဝပါလရာဇာ” ဟု ဘွဲ့ခံတော်မူ၏။ မြန်မာဘာသာဖြင့် သိကြားနတ်တို့ စောင့်ရှောက် မစတော်မူသောမင်း ဟုအဓိပ္ပါယ် ရ၏။ ပိုးကရင်ဘာသာစကား ဖြင့် “ဟအိန်တေဝယူထူးဟဒူး” ဟုခေါ်ကြသည်။ karenvibes(ဟဒူး အဓိပ္ပါယ်မှာ “အစိုးရမင်း” စကောကရင်တို့က “ဒို” ဟူ၍ဖြစ်၏။)

အဖခမည်းတော် “အဒူလာ” မင်းကြီး၏ “ဒွါရပူရ” ခေါ် “ပိုင်တရောင်ဒုံ” မြို့ တော်သည် တောင်ကြီး ကမ်းကြီးများပေါ်တွင် တည်ရှိ၍ သွားရေးလာရေး ခက်ခဲ သဖြင့် မှူးမတ်တို့နှင့် တိုင်ပင်၍ “ပိုင်တရောင်ဒုံ” မြို့မှပြောင်းရွှေ့ကာ “ဇယျ” မြို့သစ်ကို တည်ထောင်၏။ “ဇယျ’ မြို့သစ်ကို တည်ထောင်သော ခုနှစ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် “အဇာတသတ်မင်း” ဖြိုကြွင်း သက္ကရာဇ် ၁ ခုနှစ်၌ဖြစ်၏။

ထို “ဇယျ” မြို့နေရာသည် ဟောင်းသရောမြစ်၏ အရှေ့မြောက်ဘက်ကမ်း၊ ယခုအခါဆင်ဖြူကုန်းခေါ်သော ရွာ၏အနီး နောင်တမန်ခေါ်သော ရွာနား၌ရှိ သည့် မြို့ဟောင်းမြို့ပျက် နေရာပင်ဖြစ်သည်။ “ဇယျ” မြို့သည် ကရင်မင်းဆက် ၂၇ ဆက်မြောက် “သီရိပါဂီမင်း” လက်ထက်တွင် မင်းဆက်ပြတ်၍ တပါးသော မင်းတို့၏ နိုင်ငံသို့ပါဝင်လေ၏။ karenvibes

“ဇယျ’ (ဇွဲယျ) မြို့စည်ကားစဉ် အခါကာလက ထိုမြို့နှင့်မင်းပြိုင်ပြုကြသောမြို့ တို့မှာ ယခင်လက်အောက်ခံဖြစ်ဘူးသော မြဝတီမြို့၊ လုံပေါင်မြို့၊ ကျိတ်မြို့၊ တောင် ပို့မြို့တို့သည် ကရင်မင်းများအုပ်ချုပ်သော မြို့များဖြစ်ကြသည်။ ၎င်းပြင် ရမ္မာပူရ ရမ္မဝတီခေါ်ကော့ဗိန်းမြို့ (ရှမ်းမင်း)၊ ပအာဝနမြို့ (ကရင်မင်း)၊ ဂြိုင်းမြို့ (ကရင်မင်း)၊ ထားကြိုင်းမြို့ (ကရင်မင်း) လှိုင်းပွဲမြို့ (လဝမင်း)၊ သောက်ခွက်ပါပိုမြို့ (ကရင်မင်း)၊ သဇိုင်းမြို့ (ကရင်မင်း) သုဝဏ္ဏဘူမိ သုဓမ္မဝတီ သထုံပြည် မွန်မင်းများသည် “ဇယျ” (ဇွဲယျ) မြို့များနှင့် မင်းပြိုင်များဖြစ်ကြကြောင်း ဖော်ပြအပ်ပါသတည်း။

Credit to✍️ The Karen by Drum Publication Group

27/01/2024

#သင်ကရင်_ဘယ်ကလာပါသလဲ?
👉👉👉

#ကရင်လူမျိုးတိုင်း_ဝင်ရောက်ကြည့်ရှုနားထောင်သင့်
#မှတ်သားသင့်တဲ့
#ကရင်လူမျိုးဆင်းသက်လာပုံ

vd crd

23/01/2024

မောဝ်•တုံ့မူ•ဏီအ်ုဟှင်•
❤️🙏💕

ပြာသိုလပြည့်နေ့တွင်ကျရောက်သော
#အမေများနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် တင်ဆက်ပေးလိုက်ရပါသည်🙏

အမေနဲ့ဝေးရာ အဝေးတနေရာကို သွားရောက်အလုပ်လုပ်ကိုင်နေရသူ

ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီးလို့
ကိုယ့်အိုးကိုယ့်အိမ်နဲ့အခြေချပြီး အမေနဲ့ခွဲနေရသူများအတွက် အိမ်မှာကျန်ရစ်တဲ့အမေအိုကို ပြန်လည်သတိတရ ကျေးဇူးဆပ်နိုင်ရန်အလို့ငှာ
#ဖူ့ဆြာ့ကျဝ်လိက်သိင့်ရဲ့ဂန္တဝင်တေး
#မောဝ်•တုံ့ဖေါဟ်ကျဝ်သီချင်းကို တင်ပေးလိုက်ပါသည်

အမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏

သားသမီးများအားလုံး မိဘကျေးဇူးဆပ်နိုင်ကြပါစေ🙏

 #ကရင်ရိုးရာဩပွဲ (ဆအိုင်လောင်) “ဆအိုင်လောင်” သည် ပိုးကရင်ဘာသာစကားဖြင့် ခေါ်ဝေါ်ခြင်းဖြစ်သည်။ တိုက်ရိုက်အဓိပ္ပာယ်မှာ “လက်...
21/01/2024

#ကရင်ရိုးရာဩပွဲ (ဆအိုင်လောင်)

“ဆအိုင်လောင်” သည် ပိုးကရင်ဘာသာစကားဖြင့် ခေါ်ဝေါ်ခြင်းဖြစ်သည်။ တိုက်ရိုက်အဓိပ္ပာယ်မှာ “လက်ဝှေ့ရေးပြခြင်း” ဟူ၍ပင်ဖြစ်သည်။ မြန်မာများက “ဩပွဲ” ဟုခေါ်ဝေါ်ကြသည်။ ရှေးယခင်က ကရင်အပျို၊ လူပျိုများ ဩသံသီဆို ချင်းမပြုမီ လူပျိုကာလသားများက တန်းစီထိုင်နေကြသော အပျို တို့၏ရှေ့တွင် ခါးတောင်းမြှောင်အောင် ကျိုက်လိုကြပြီး၊ တစ်ယောက်ပြီးတစ်ယောက် လက် ဝှေ့ရေးပြ ကြရသည်။

ရှေးအချိန်က လူပျိုများသည် ပေါင်နှစ်ဘက်တွင် ထိုးကွင်းထိုးထားကြပေရာ၊ ကာယဗလကောင်းပြီး ထိုးကွင်းထိုးထားသော လူပျိုက လက်ဝှေ့ရေးပြလိုက် လျှင် အပျိုများက မျက်တောင်မခတ်အောင်ပင် ငေးမောနေမိတော့၏။ karenvibes ကာယ ဗလရှိသူ၊ ထိုးကွင်းမရှိသူ လူပျိုများသည် လက်ဝှေ့ရေးမပြရဲပဲ မျက်နှာငယ်ကြ ရရှာသည်။

ယနေ့ “ဆအိုင်လောင်” ဟုခေါ်သောလက်ဝှေ့ရေးပြသည့် ဓလေ့ထုံးစံကို လုပ် လေ့လုပ်ထမရှိတော့ချေ၊ သို့သော် “ဩပွဲ” ကို ပိုးကရင်တို့က “ဆအိုင်လောင်” ဟုပင် ခေါ်ဆိုနေကြသည်။

“ဩပွဲ” သည်အပျိုလူပျိုတို့၏ ပွဲဖြစ်သည်ဟု ဆိုချင်ပါသည်။ တနည်းအားဖြင့် ဆိုရလျှင် ဖူးစာဘက်ရှာ သည့်ပွဲဟု ခေါ်နိုင်ပေသည်။ အချို့က “ဩပွဲ” ခေါ်ဝေါ် ခြင်းနှင့် လိုက်လျောညီထွေစွာ “ဆအိုင်လောင်” ခေါ်လက်ဝှေ့ရေးပြခြင်းဟု ခေါ် ဆိုရမည့်အစား “မာထာခူးပွဲ” ခေါ်သီချင်းဆိုပွဲဟူ၍ ခေါ်ကြသည်လည်း ရှိသည်။

ကရင်လူမျိုးတို့၏ “ဩပွဲ” သည် ရှေးခေတ်ကပင် အစဉ်အလာ တရပ်အနေဖြင့် ကျင်းပပြုလုပ်လာခဲ့ ကြသည်ဖြစ်ရာ ကုန်းဘောင်မင်းတရားကြီး စိုးစံစဉ်ကာလ၌ စာဆိုတစ်ဦးဖြစ်သူ သာယာဝတီဦးဝိုင်း၏ လွမ်းသံ (တောလား) တွင်၊ တကြော မှောင်ပြာ၊ ကေလာတောင်ခိုးဝေ၊ ကန်ခြေဦး၊ အို-လင်းပြာမြူး တယ်လေး၊ သာထူးထွေ၊ ဝေးမြေတာမှာ၊ ကွာလေကော၊ လေးလားဟေ၊ ဩော်ဩ နောက် မူးဝေ၊ ခွန်သံချွေ၊ ရှောက်ကိုင်းမှ၊ ချိုးကဝိုင်းအစရှိသော ကရင်လူမျိုးတို့၏ ဩသံနှင့် ပတ်သက်၍ သီကုံးဖွဲ့ဆို ထားကြောင်းတွေ့ရှိခဲ့ရသည်။

မျက်မှောက်ခေတ်တွင် တွေ့ရှိရသောဩပွဲသည် အရိုးကောက်ပွဲ၊ ကောက်သစ် စားပွဲ၊ ဘာသာရေးဆိုင်ရာပွဲတော်များတွင် သာမကပဲ လူမှုရေးဆိုင်ရာ မိတ် သဟာယဖွဲ့ခြင်း ကိစ္စများတွင်လည်း သက်ဆိုင်ရာ ရပ်ရွာလူကြီးများက စီစဉ် ကျင်းပြပေးလေ့ရှိသည်။

ကရင်ကျေးရွာတိုင်းတွင် လူပျိုခေါင်းဆောင်တစ်ဦးနှင့် အပျိုခေါင်းဆောင်တစ်ဦး ထားရှိကြ၏။ ရပ်ရေးရွာရေး မည်သည့်အမှုကိစ္စကိုမဆို မိမိတို့ကသာလျှင် သိုက် ဝန်းစွာ စီစဉ်ဆောင်ရွက်ကြရ၏။ တခါတရံ ရပ်ဝေးရွာများမှ အပျိုလူပျိုများ ဘုရား ဖူးခရီးသွားရာတွင် ရောက်ရှိရာရွာ၌ ဧည့်သည်အဖြစ် တည်းခိုတတ်ကြပေရာ ရွာခံ အပျိုလူပျိုများနှင့် ရင်းနှီးသိကျွမ်းကြစေရန် ဧည့်သည်များအား ဒုံးအကဖြင့် ဧည့်ခံပြီးနောက် “ဩပွဲ” ကိုစတင်ကျင်းပပေးလေ့ရှိသည်။

ရှေးခေတ်က ထင်းမီးပုံကို အလင်းရောင်အတွက် အသုံးပြုခဲ့ကြသော်လည်း ယခုခေတ်တွင် စတောင်းကင်းမီး (ဓာတ်မီး) ကို အလင်းရောင်အတွက် အသုံးပြုကြသည်။karenvibes ညဦးပိုင်းတွင် ဒုံးအကဖြင့် ဖျော်ဖြေရာတွင် ရွာအပြင်ရှိလယ် တ လင်းပြင်၌ ကောက်ရိုးခင်းကာ၊ ကမည့် အမျိုးသမီး အမျိုးသားနေရာယူ ကြရ သည်။ စတင်မကမီ ဒုံးဆရာဖြစ်သူက ကန်တော့ပွဲကိုမြှောက်၍ အခန်းအနား ဖွင့်ပေးလေ့ရှိသည်။ ထို့နောက် ဒုံးအဖွဲ့ စတင်ကကြတော့၏။ ဒုံးအဖွဲ့၏ ဦးရေမှာ ၁၆ ယောက်၊ ၂၄ ယောက်၊ ၃၂ ယောက် စသည်ဖြင့် သတ်မှတ်ကြ၏။ ပြုံးရွှင်သော မျက်နှာထားလေးများဖြင့် မြူးကြွစွာ ကခုန်လေ့ရှိကြသည်။

ဒုံးကရာတွင် သီချင်းတစ်ပိုဒ်ပြီးဆုံးတိုင်း ခေတ္တအနားယူလေ့ရှိ၏။ နောက်သီချင်း တစ်ပိုဒ် သီဆိုမကပြမီ စပ်ကြားတွင် “တူချ” ခေါ် “ဆုချ” အစီအစဉ်ကို ကြားညှပ်ထည့်သွင်းလေ့ရှိပါသည်။ “တူချ” ခေါ်“ဆုချ” အစီအစဉ်ဆိုသည်မှာ ဒုံးကသူများရပ်နားစဉ် ပရိသတ်ထဲက တစုံတယောက်သောသူသည် ဒုံးအဖွဲ့တွင် သီချင်းဆိုတော်သူ၊ အသံကောင်းသူအား မိမိနာမည်ကိုဖော်ပြီး လူဘုံလယ်သို့ လာရောက် ကပြပါရန် ဖိတ်ခေါ်စေခြင်းပင်ဖြစ်သည်။ မိမိနာမည်ဖော်၍ ဖိတ်ခေါ် ပေးသူအား ဆေးလိပ်ဖြင့်လည်းကောင်း၊ ငွေငါးကျပ် တဆယ် စသည်ဖြင့်လည်း ကောင်း ပေးဆောင်ဆုချလေ့ရှိသည်။ ထိုသို့ပေးဆောင် ဆုချပြီးသည်နှင့် ဆု ချခြင်း ခံရသူက လူဘုံလယ်တွင်ထကာ စတင်၍ “တူချလောင်” ခေါ်ဆုချသူကို လူဘုံအလယ်သို့ လာရောက်ကပြပါရန် သီချင်းဖြင့် ဖွဲ့နွဲ့ သီဆို ဖိတ်ခေါ်ခြင်းကို ပြုရတော့သည်။ သီဆိုဖိတ် ခေါ်ပုံမှာ−
“ခိုဆွန်နား − ဆွန်နားယမိုးလော် – စဖူးဂီ-ဖူးဂီ အမိန်ထောင်းဖော။ နမိန်ထောင်း မိန်ထောင်းလေး ပွဲထော်−ဂယ်လောင်လေးယိုဝေယဝဲကျော်”

(နားသောတ ဆင်တော်မူကြပါ၊ ကျွန်ုပ်သီဆိုဖော်ပြပါမည်၊ စဖူးဂီ၏အမည် ပေါ်ထွက်လာပြီဖြစ်ပါသည်။ သင်၏အမည်သည် ဤပွဲတွင် ဟိုးလေးတကျော် ပေါ်ထွက်နေပြီးဖြစ်သဖြင့်၊ ကျမရှိရာ လူဘုံလယ်သို့ ကြွခံပါလားရှင့်)

သီဆိုဖိတ်ခေါ်သော “ဆုချ” သီချင်းသံနှင့်အတူ ဗုံသံဆိုင်းသံများတီးမှုတ်ကြရ၏။ “ဆုချ” သီချင်းတစ်ပုဒ်ပြီးတိုင်း ဆိုင်းဝိုင်းကလိုက်၍ တီးမှုတ်ကြရသည်ဖြစ်ရာသီဆိုသူအတွက် ခေတ္တအနားရရှိမည်ဖြစ်ပါ သည်။ ဆိုင်းဝိုင်းအဖွဲ့ တီးမှုတ်သံ ရပ် ဆိုင်းသည်နှင့်တစ်ပြိုင်နက် နောက်ထပ် “တူချလောင်” ခေါ်သီဆို ဖိတ်ခေါ်သော သီချင်းနောက်တစ်ပိုဒ်ကို ဆက်လက်သီဆိုရပြန်ပါသည်။ “စဖူးဂီ” သည် ဖိတ်ခေါ် သူရှိရာ လူဘုံလယ်သို့ကပြီး ဝင်လာရသည်။ ဖိတ်ခေါ်သူကသီချင်း တစ်ပိုဒ်ပြီး တစ်ပိုဒ်သီဆိုသွားရပါသည်။ ပရိသတ်များကလည်း လေချွန်သံ၊ ဩဘာပေးသံ တို့ဖြင့် ဆူညံ၍နေတော့၏။karenvibes ထိုနည်းတူစွာပင် ကျန်ဆုချသူများ လေးငါးယောက် အားအထက်ပါအတိုင်း ဆက်လက်ဖိတ်ခေါ်ကာ တစ်ယောက်ပြီးဆုံးလျှင် နောက်ထပ်တစ်ယောက် ဆက်လက်ကကြရ၏။ ဒုံးတစ်ပိုဒ်ကပြီးတိုင်း ဤကဲ့ သို့ဆုချခြင်း အစီအစဉ်ကို ပြုလုပ်လေ့ရှိကြပါသည်။

အရိုးကောက်ပွဲများတွင် ဒုံးအဖွဲ့ ပထမသီချင်းတစ်ပိုဒ်သီဆိုကြပြီးသော် ဆုချခြင်း အစီအစဉ် စတင်ရာတွင် ရှေးဦးစွာသေဆုံးသူ၏အမည်ကိုခေါ်၍ ဆုချသီချင်းဖြင့် ဖိတ်ခေါ်သီဆိုရ၏။ ထိုသို့ဖိတ်ခေါ်ခြင်းသည် သေဆုံးသူကို ပြန်လည်သတိရ အောက်မေ့သော ရည်ရွယ်ချက်ပင်ဖြစ်ပါသည်။

ဒုံးကပွဲရှိတိုင်းပင် ဒုံးကပြီးသည်နှင့် “ဆအိုင်လောင်”” ဟုခေါ်သော “ဩပွဲ” အစီ အစဉ်ကို အပျိုလူပျို များကစတင်ကြတော့သည်။ ရှေးဦးစွာခင်းထားသော ကောက်ရိုးများပေါ်တွင် အပျိုများတန်းစီထိုင်၍ နေရာယူကြရသည်။ နေရာယူရာ တွင် “နောင်းရွှေပြိုင်း” ဟုခေါ်သောအသက်ငယ်ရွယ်သူနှင့် “နောင်းရွှေနွား” ဟုခေါ်သော အသက်နှစ်ဆယ်ပတ်ဝန်းကျင်အရွယ် အပျိုဖားဖားကြီးတို့သည် အတူထိုင်လေ့ မရှိပေ။ အပျိုလူပျိုများစွာ လာရောက်သောပွဲများတွင် အပျိုများ နှစ်တန်း သို့မဟုတ် သုံးတန်းအထိပင် နေရာယူတန်းစီ ထိုင်ကြရသည်။

လူပျိုများက အပျိုများတန်းစီထိုင်ရာသို့ တန်းစီ၍ နှစ်ပတ်သုံးပတ်လှည့်ပတ်သွား ရသည်။ မိမိတို့က မည်သည့်အမျိုးသမီးနှင့် ဝင်ထိုင်စကားပြောရမည်ကို လှည့် ပတ်၍ ကြည့်ရှုမှတ်သား ကြခြင်းဖြစ်သည်။ အပျိုတို့သည်လည်း မူပျိုများလှည့် ပတ် ကြည့်ရှုနေချိန်တွင် မျက်နှာပေးအမျိုးမျိုး၊ ဟန်အမျိုးမျိုးဖြင့် ထိုင်နေကြသည်။

ထိုသို့လူပျိုများ လှည့်ပတ်ကြည့်ရှုပြီးသော် မိမိတို့နှစ်သက်ရာ မိန်းကလေးရှေ့ တွင် သွားရောက်ထိုင်ချကာ မိန်းကလေး၏အမည်၊ နေထိုင် သောရွာစသည်ဖြင့် မေးမြန်း၍ မိတ်ဖွဲ့စကား ပြောကြသည်။ အပြန်အလှန်အလ္လာပသလ္လာပ စကား ပြောကြသည့်ပြင် ချစ်ရေးကြိုက်ရေး စကားများလည်း တစ်ဦးကိုတစ်ဦးအကဲ ခတ် ပြောဆိုကြလေသည်။ ဤသို့မိတ်ဖွဲ့စကားပြောခြင်းကို “ခလိုင်ကွေ” သို့မ ဟုတ် “လော်နင်းလော်ကွေ” ဟူ၍ ပိုးကရင်ဘာသာစကားဖြင့် ခေါ်ဆိုပါသည်။ တစ်နည်းအားဖြင့် မိတ်ဖွဲ့ စကား စစ်ထိုးခြင်းဟူလည်းခေါ်ဆိုနိုင်ပါသည်။

အရှေ့ပိုးကရင်တို့အတွက် “သြပွဲ” ပြုလုပ်ခြင်း ဓလေ့သည် အပျိုလူပျိုများ ဖူးစာ ဖက်ရှာသော ဓလေ့တစ်ရပ်ပင်ဖြစ်သည်။ လူငယ်လူရွယ်ချင်း လွတ်လပ်စွာ ဆုံ တွေ့စကားပြောခွင့်၊ တစ်ဦးကိုတစ်ဦး လွတ်လပ်စွာအကဲခတ်နိုင်ခွင့်၊ မိမိတို့ စိတ် ကြိုက်ဖူးစာဖက်ရွေးနိုင်ခွင့် အစရှိသောအခွင့်အရေးအတွက် “ဩပွဲ” ရိုး ရာဓလေ့တစ်ရပ်ကို ရှေးလူကြီးများက တီထွင်ပေးခဲ့သည့် အစဉ်အလာတစ်ရပ် ဟု ပြောဆိုရမည် ဖြစ်ပေသည်။

“ခလိုင်ကွေ” ခေါ် မိတ်ဖွဲ့စကား ပြောခြင်းကို ညသန်းခေါင် အချိန်အထိသာ ဖြစ်ပြီး သန်ခေါင်အချိန်မှစ၍ မိုးလင်းသည်အထိ “ဆယိုမိုး” ဟုခေါ်သောဩသံ သီဆိုခြင်းကို စတင်ရတော့မည့် အချိန်ဖြစ်ပါသည်။ ထို့ကြောင့် မိတ်ဖွဲ့စကား ပြောကြရာတွင် အရှိန်ရနေသောသူများအား သတိပေးသောအနေဖြင့် လူပျို များနှစ်ယောက်တစ်တွဲ ခပ်လှမ်းလှမ်းကနေ၍ မျက်နှာကိုစောင် သို့မဟုတ် မျက် နှာသုတ်ပုဝါဖြင့် ကာထားလျက် အောက်ပါ ဩသံအတိုင်းလှမ်း၍ သတိပေးသီ ဆိုရလေသည်။

“ဝေး… အခိန်ဘား အခါဘားဝေ – ဘလယ်ဒိုင်ယားလော် နင်းလော်ကွေ” (ဝေး... အချိန်အခါရောက်နေပါပြီ၊ မိတ်ဖွဲ့ စကားပြောကြလို့ မတော်ကြ သေးဘူးလား ခင်ဗျား)

အထက်ပါအတိုင်းသတိပေးဩသံကို လူပျိုနှစ်ဦး သို့မဟုတ် အပျိုနှစ်ဦးကခပ် လှမ်းလှမ်းကနေ၍ နှစ်ခါသုံးခါမျှ သီဆိုသတိပေးလိုက်သော် မိတ်ဖွဲ့စကားပြော ရာတွင် လေရှည်နေကြသော လူပျိုများသည်အလိုက်တသိပင် ထသွားကြတော့ သည်။

စီတန်းထိုင်နေကြသော အပျိုတို့သည်လည်း “ဆယိုမိုး” ခေါ် ဩသံသီဆိုရန် အချိန်ရောက်ပြီဖြစ်သဖြင့် နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲထိုင်၍ ဟန်ပြင် နေကြတော့၏။ လူပျိုတို့သည်လည်း နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ခပ်လှမ်းလှမ်းကနေပြီး မျက်နှာကို စောင် သို့မဟုတ် မျက်နှာသုတ်ပုဝါဖြင့် ကာ လျက် မိမိတို့ယှဉ်တွဲ ဩသံသီဆိုလိုသော အပျိုအတွဲကို ဩသံဖြင့် လှမ်း၍ သီဆို မေးမြန်းရသည်။ အပျိုအတွဲတို့ကလည်း မည်သည့်လူပျိုအတွဲက မိမိတို့ အ တွဲကိုရည်ညွှန်း၍ သီဆိုမေးမြန်းသည်ကို သိရှိနေကြသည်ချည်းပင်ဖြစ်၏။ အပျို တို့က မိမိတို့အတွဲသည် ဩသံသီဆိုရန် အတွဲရှိနှင့်ပြီးဖြစ်က ရှိပြီးဖြစ်ကြောင်း၊ မရှိသေးပါက မရှိသေးကြောင်း ဩသံဖြင့် ပြန်လည်ဖြေကြားမည်သာ ဖြစ်၏။

ဩသံကို အပျို လူပျိုအတွဲလိုက် မျက်နှာချင်းဆိုင်ထိုင်၍ မသီဆိုမီ ဖော်ပြခဲ့သည့် အတိုင်း လူပျိုများက ထိုင်နေကြသော အပျိုအတွဲများကို ခပ်လှမ်းလှမ်းကနေ၍ ဩသံယှဉ်တွဲသီဆိုခွင့်ပြုပါရန် ဩသံဖြင့် သီဆိုမေးမြန်းရသကဲ့သို့ အပျိုအတွဲ များသည်လည်း ဩသံများဖြင့် အကျိုးသင့် အကြောင်းသင့် ပြန်လည် သီဆိုဖြေ ကြားကြသည်ဖြစ်ရာ တပြန်စီ သီဆိုကြသော ဩသံများကြောင့် ဆူဆူညံညံရှိ လှသည်။ ဩသံဖြင့် အချိတ်အဆက် ရပြီး၍ နှစ်ဦးနှစ်ဘက်ဩသံကို တွဲဖက် သီဆိုရန် သဘောတူကြသောအခါ လူပျိုအတွဲသည် မိန်းကလေးအတွဲရှိရာသို့ မျက်နှာချင်းဆိုင်သွားရောက် ထိုင်ကြတော့သည်။ ထိုနည်းတူစွာ ကျန်အတွဲများ သည်လည်း သူ့အတွဲနှင့်သူဝင်ရောက်ထိုင်ကြရသည်။ အပျိုလူပျိုအတွဲများ မျက် နှာချင်းဆိုင်ထိုင်ချိန်မှစ၍ ဩသံဖြင့်သာ တစ်ဖက်နှင့်တစ်ဖက်သီဆို မေးမြန်းခြင်း၊ ဖြေကြားခြင်းများပြုလုပ်ကြတော့သည်။

ဩသံကို အပြန်အလှန်အဆက်မပြတ် သီဆိုရသည်မဟုတ်ပေ။ အပြန်အလှန် သီဆိုရင်း အလ္လာပသလ္လာပ စကားများပြောယင်းနှင့်ပင် စခန်းသွားကြ၏။ အချို့ အတွဲများသည် ဩသံမသီဆိုပဲ မိုးလင်းပေါက် စကားနိုင်လုပြောကြသူလည်း ရှိသေးသည်။

အပြန်အလှန် ဩသံသီဆိုခြင်းကို ကရင်ဘာသာစကားဖြင့် “မာဖီးဒိုလို့သာ” ဟုခေါ်ကြသေးသည်။ ဤသို့ဩသံသီဆိုကြသော အပျိုလူပျိုအတွဲမှာ အနည်း ဆုံးဆယ်တွဲ ဆယ့်ငါးတွဲမျှ ရှိတတ်၏။ ဩသံ သီဆိုသူများကို ပွဲတာဝန်ခံများက ဆေးလိပ်၊ ကွမ်း၊ ကောက်ညှင်းနှင့် ငါးခြောက်ကင် စသည်များဖြင့် ဧည့်ခံလေ့ ရှိသည်။ ဩသံသီဆိုသူတို့သည် ဆေးလိပ်ဖွာယင်း၊ ကွမ်းစားယင်း၊ စကားပြော ယင်းနှင့် ညလုံးပေါက်သီဆိုသွားကြလေသည်။

တခါတရံ ဩသံသီဆိုကျွမ်းကျင်သော အပျိုလူပျိုအတွဲတစ်တွဲ သို့မဟုတ် နှစ်တွဲ တို့သည် မိုးလင်းပြီဖြစ် သော်လည်း အနိုင်မခံ အရှုံးမပေးဟူသောဇွဲဖြင့် နေထွက် သည်အထိပင် သီဆိုကြသည်လည်းရှိ၏။ ထိုအခါမျိုးတွင် ပွဲတာဝန်ခံများက ငွေ ငါးဆယ်တစ်ရာ စသည်ဖြင့် ဆုပေးတော့မှသာလျှင် ရပ်ဆိုင်းလိုက် ကြ၏။ ဩသံ သီဆိုကြရာတွင် သီဆိုရမည့်အသံနေအသံထား၊ သီဆိုဖွဲ့နွဲ့ရမည့် အကြောင်း အရာ စသည်ဖြင့် သူ့စည်းကမ်းနှင့်သူ သီဆိုကြရသည်။ အနိုင်မခံ အရှုံးမပေး အပြိုင်အဆိုင်သီဆိုကြတော့မည်ဆိုလျှင် စည်းစနစ်တကျ သီဆိုသွားရမည် ဖြစ်သည်။ ဩသံသီချင်း စတင်သီဆိုစ လူငယ်များသည် ဦးတည့်ရာအကြောင်း ကိုဖွဲ့နွဲ့ပြီး အသံမှန်တချက် မမှန်တချက်ဖြင့် သီဆိုလေ့ရှိရာ မိုးမလင်းမီ အချိန်မှာပင် ရပ်နားလိုက်ကြ၏။ ဩသံသီဆိုကျွမ်းကျင်သော အတွဲနှစ်တွဲသုံးတွဲ သာလျှင် နောက်ဆုံးကျန်ရှိမည် ဖြစ်သည်။ ထိုအတွဲများသည် ခက်ခဲသော သီချင်းသွားကို သူတလှည့် ငါတပြန် အမေးအဖြေပြုကာ ဖွဲ့နွဲ့ သီဆိုကြရသည်။

ဩသံသီချင်းအပြန်အလှန် သီဆိုကြရာတွင် သီချင်းသွားလေးမျိုး ခွဲခြားထား ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

၁။ “ယေဖူး” ဟုခေါ်သော ဥာဏ်စမ်း သဘောသက်ရောက်သော အမေးအဖြေ သီချင်းများ၊
၂။ “ယေဖာဒူး” ခေါ်ရေမြေတောတောင်အလှကို ဖွဲ့နွဲ့ သီဆိုထားသော သီချင်း များ
၃။ “လုံးခိုင်မေ့” ခေါ်ဘာသာရေးဆိုင်ရာ သီချင်းဖွဲ့နွဲ့ထားသော သီချင်းများနှင့် ၄။ ဗုဒ္ဓဝင်ဆိုင်ရာ သီချင်းများပင် ဖြစ်ကြပါသည်။

အထက်ပါသီချင်းလေးမျိုးကို မျိုးကို စတင်သီဆိုခြင်းမပြုမီ စတင်သီဆိုခြင်းမပြုမီ မည်သည့်အမျိုးအစား ယှဉ်ပြိုင်၍ သီဆိုလိုကြောင်း အပြန်အလှန်ဩသံဖြင့် သီဆိုမေးမြန်းကြရသည်။ နှစ်ဦးနှစ်ဘက် ပိုင်နိုင်မည်ထင်သော သီချင်းသွားတစ်မျိုးမျိုးကိုရွေး၍ စတင် သီဆိုကြရမည်ဖြစ်သည်။ နှစ်ဦးနှစ်ဘက် ပိုင်နိုင်မည်ထင်သော သီချင်းသွားတစ် မျိုးမျိုးကိုရွေး၍ စတင်သီဆိုကြရမည်ဖြစ်သည်။ တစ်ဘက်ကသီဆိုမေးမြန်းသော စကားထာ၊ စကားဝှက် အစချီသော ဩသံသီချင်းကို တစ်ဘက်က စကားထာ၊ စကားဝှက်ဖြင့် ပြန်လည်ဖြေကြားရသည်။ တခါတရံဩသံသီဆိုရာတွင် ဝါရင့်၍ ကျွမ်းကျင်သူက ဝင်္ကဝုတ္တိအလင်္ကာ မြောက်အောင်ဖွဲ့နွဲ့ လှည့်ပတ်သီဆို သော အခါများတွင် တစ်ဖက်ကနားမလည်၊ ပြန်ဖြေ၍ မတတ်အောင်ရှိတတ်၏။ ထို အခါမျိုးတွင်အားနည်းသည့်ဖက်မှ ကျွမ်းကျင်သူအိမ်ထောင်သည် မိန်းမကြီး များက မည်သို့မည်ပုံ ပြန်လည်ဖြေကြားရကြောင်းကို ပြောပြလေ့ရှိပါသည်။ စင် စစ်အားဖြင့် တစ်ဖက်နှင့်တစ်ဖက် ပညာစမ်းခြင်းမျှသာ ဖြစ်သည်။

“ဆအိုင်လောင်” ခေါ် ဩပွဲသည် အပျိုလူပျို ဖူးစားဖက်ရှာသော ရိုးရာဓလေ့ တစ်ရပ်ပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ သြပွဲတွင်အပျိုလူပျိုများ လွတ်လပ်စွာ ဆုံဆည်းစကားပြောခွင့်ရပြီး စိတ်မဆိုးတမ်း၊ အားမနာတမ်း၊ မရှက်စတမ်း ပွင့် ပွင့်လင်းလင်း ချစ်ရေးကြိုက်ရေးကိစ္စပါ ပြောဆိုနိုင်ကြသော အခွင့်အရေး တစ် ရပ်ပင်ဖြစ်သည်။ သားရှင် သမီးရှင်များကလည်း ဩပွဲတွင် မိမိတို့၏ သားပျို၊ သမီးပျို ပါဝင်ဆင်နွှဲ ကြခြင်းအပေါ် ဂုဏ်ယူကျေနပ်ကြမည်သာဖြစ်၏။ အထူးကရင် သဖြင့်သမီးချောရှိသူ မိဘရှင်များသည် မျက်နှာပွင့်လန်းနေကြမည်သာဖြစ်၏။ ညလုံးပေါက် သြပွဲကျင်းပပြီး၍ အိမ်သို့ပြန်ရောက်လာသော သမီးပျိုအား မိဘ များက ဘယ်လူပျို၊ ဘယ်သူ့သား၊ ဘယ်နှစ်ဦးစကားလက်ဆုံ ပြောရလဲ၊ အ ဆင်ပြေရဲ့လား ဘာလားညာလား စသည်ဖြင့် ရိုးသားပွင့်လင်းစွာ မေးမြန်း တတ်ကြ၏။

မိုးရာသီကုန်ဆုံး၍ ခြောက်သွေ့သောလများသို့ ရောက်ရှိချိန်တွင် သြပွဲကို မကြာ ခဏ ကျင်းပပြုလုပ် လေ့ရှိပါသည်။ စပါးရိတ်သိမ်းပြီးချိန်မှစ၍ မိုးဦးကျသည်အထိ အပျိုလူပျိုများအားလပ်ကြသည့် အချိန်ဖြစ်ပေရာ ဩပွဲကျင်းပပြုလုပ်တိုင်း နီးစပ်ရာ ရွာများရှိ အပျိုလူပျိုများ စုံလင်စွာလာရောက်ကြသဖြင့် စည်စည်ကား ကား ရှိလှသည်။

ဩပွဲရိုးရာဓလေ့သည် သူ့ခေတ်နှင့်သူ ဖူးစာဖက်ရွေးသည့် ပွဲပင်ဖြစ်သည် ဟုဆိုရမည်ဖြစ်ပေရာ လွတ်လွတ်လပ်လပ်စိတ်ကြိုက်ရွေးချယ် နိုင်ကြမည်သာ ဖြစ်၏။ အပျိုများမှာ ရုပ်ရည်လှပချောမောလျှင် မျက်နှာစန်းပွင့်ကြသကဲ့သို့ လူပျိုများမှာလည်း ကာယဗလ၊ ဥာဏဗလနှင့် ဓနအင်အားအပေါ် အခြေခံ၍ သူ့နေရာနှင့်သူ မျက်နှာစန်းပွင့်ကြမည်သာ ဖြစ်ပေသည်။

ရှေးအချိန်အခါက “ဆအိုင်လောင်” ခေါ် လက်ဝှေ့ရေးပြခြင်းဖြင့် ဩပွဲစတင် သော ဓလေ့တစ်ရပ်သည် တိမ်မြုပ်သွားပြီဖြစ်သည်။ ယခုခေတ်တွင် ဒုံးသီချင်း တပိုဒ် သီဆိုကပြပြီးတိုင်း “တူချ” ခေါ် ဆုချသော အစီအစဉ်ကို ကြားညှပ် ထည့်သွင်းလေ့ရှိပြီး၊ ဒုံးသီချင်းကပြခြင်း အစီအစဉ်ပြီးဆုံးလျှင် “ခလိုင်ကွေ” သို့မဟုတ် “လော်နင်းလော်ကွေ” ခေါ်မိတ်ဖွဲ့စကားပြောခြင်း စကြတော့သည်။ သန်းခေါင်အချိန်နှင့် နောက်ပိုင်းမိုးလင်းသည်အထိ “မာဖီးဒိုလို့သာ” ခေါ်ဩသံ အပြန်အလှန် သီဆိုခြင်း သက်သက်မျှသာ ဆက်လက်ကျင်းပ သွားကြမည် ဖြစ်သည်။

Credit to The Karen by Drum Publication Group
Photo Credit to Kayor กะญอ

 #ကရင့်လူနေမှုဘဝကို_ထင်ဟစေသောပုံရိပ်များပန်းချီဆရာအား ခရက်ဒစ် အားရပါးရပေးပါသည်🥰
17/01/2024

#ကရင့်လူနေမှုဘဝကို_ထင်ဟစေသောပုံရိပ်များ

ပန်းချီဆရာအား
ခရက်ဒစ် အားရပါးရပေးပါသည်🥰


 #စာရေးဆရာမန်းသင့်နောင်_ကော့ကရိတ် #မုက္ကဒိစံပြကျေးရွာဇာတိ) ရေးသားသော #ကရင်ဖားစည်အကြောင်း 💕***********ကရင် လူမျိုးတို့၏ တ...
17/01/2024

#စာရေးဆရာမန်းသင့်နောင်_ကော့ကရိတ်
#မုက္ကဒိစံပြကျေးရွာဇာတိ) ရေးသားသော

#ကရင်ဖားစည်အကြောင်း 💕
***********
ကရင် လူမျိုးတို့၏ တူရိယာများအနက် ဖါးစည်သည် တမျိုးအပါအ၀င်ဖြစ်သည်။ ကရင်လူမျိုးတို့ ယဉ်ကျေးမှုအမွေအနှစ်တွင် ဖါးစည်သည် အထွတ်မြဆုံးအဖြစ် သတ်မှတ်ထားကြသည်။ ဖါးစည်သည် ကရင်လူမျိုးတို့၏ အမျိုးသားအထိမ်းအမှတ်အဖြစ်လည်း သတ်မှတ်၍ အထူးလေးစား မြတ်နိုးကြသည်။

#ဖါးစည်အဓိပ္ပာယ်
****************
ဖါးစည်ကို ကရင်လူမျိုးတို့က “က္လိုး”ဟူ၍ ခေါ်ကြသည်။ ကရင်စကား“က္လိုး”သည် ဦးညွတ်အလေးထားခြင်း၊ ကြည်ညိုခြင်း၊ လိုက်နာခြင်းဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။ မြန်မာအခေါ် ဖါးစည်ဖြစ်လာခြင်းမှာ စည်၏မျက်နှာပြင်တွင် ဖါးရုပ်ပါရှိခြင်းကို အစွဲပြု၍ ခေါ်ဆိုဟန်ရှိသည်။
ရှေးအခါက တောတောင်များတွင် နေထိုင်ကြသော ကရင်လူမျိုးတို့သည် တစ်အိမ်နှင့်တစ်အိမ် အလှမ်းကွာဝေးလျက် ရှိကြသည်။ ရွာသူရွာသားများ စုရုံးရန် လိုအပ်သည့်အခါ ဖါးစည်ကို တီးခတ်အသံပေးခြင်းဖြင့် စုရုံးလာကြသည်။ အကြောင်းကိစ္စတစ်ခုကြောင့်လည်းကောင်း၊ ရန်သူဘေးနှင့် ကြုံတွေ့၍သော်လည်းကောင်း ဖါးစည်ကို တီးခတ်၍ လူစုကြသည်။ ဤသည်မှာ ဖါးစည်ကို ဦးညွတ်အလေးထားခြင်း သည်ဟု ဆိုကြသည်။
ကရင်လူမျိုးတို့ရွာတွင် ရောဂါဘယ ထူပြောသောအခါ ရွာကိုပတ်၍ ဖါးစည်ကို ဆုတောင်းအဓိဌာန်တို့ဖြင့် တီးခတ်ပြီး မကောင်းဆိုးဝါးများကို နှင်ထုတ်လေ့ရှိသည်။ ဖါးစည်၏ စူးရှမြည်ဟီးသောအသံသည် ရောဂါများ ရှောင်းပြေးသည်ဟူ၍ ယူဆကြသည်။ ဤသည်မှာ ဖါးစည်ကို ကြည်ညိုခြင်း ဆောင်လေသည်။
ဖါးစည်သည် အထွတ်အမြတ် ပစ္စည်းဟူ၍ ဖါးစည်မှပြသောအတိတ်နိမိတ်အရ ပြုဘွယ်ရှိသော ပသမှုကိစ္စကို ချက်ချင်းပြုကြသည်။ ဤသို့ဖါးစည်သည် လိုက်နာခြင်း သဘောဆောင်သည်။

#ကရင်လူမျိူး၏ #ဖါးအယူအဆ
*************************
ဖါးသတ္တဝါသည် သူတထူးအား ရန်မူလေ့မရှိချေ။ အေးချမ်းစွာနေတတ်သော သတ္တဝါ ဖြစ်သည်။ သို့ရာတွင် ဖါးသည် အဆိပ်ပြင်းသောသတ္တဝါကို အောင်နိုင်သည်။ ဖါးပြုပ်သည် အဆိပ်ရှိသော သတ္တဝါကို မိမိအရေခွံမှထွက်သော အစေးများကို ညှစ်ထုတ်၍ သေစေနိုင်သော သတ္တိရှိသည်။ ဖါးတို့၏ ရန်မူခြင်း မရှိတတ်ခြင်း၊ အေချမ်းစွာနေထိုင်ခြင်းကို ပမပြုပြီး ကရင်လူမျိုးတို့သည် ရိုးသားခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်ခြင်းတို့ဖြင့် နှိုင်းယှဉ်မှု ပြုထားကြသည်။
ဖါးပြုပ်သည် ကတိတည်၍ သစ္စာရှိသည်။ ဖါးပြုပ်အော်လျှင် မိုးရွာသည်။ မိမိဥနှင့်ကလေးကို ပြန်စားလေ့မရှိချေ။ မိခင်စိတ် ပြည့်၀သည်။ ဖါးပြုပ်အရေခွံကို စားမိပါက မူးဝေအော့အန်၍ သေနိုင်သည်။ သို့သော် ဖါးပြုပ်အရေခွံသည် ဆေးဖက်၀င်သည်။ ယားနာ၊ ပွေးနာ၊ မီးလောင်ဒဏ်ရာများကို ဖားပြုပ်အရေခွံနှင့် အုပ်ထားလျှင် ချက်ချင်း ပျောက်ကင်းနိုင်သည်။ ထိုသို့သော ဖားပြုပ်၏လက္ခဏာထူးကြောင့် ရှေးကရင်လူကြီးများသည် ဖားပြုပ်၏ အရေခွံကို အမြတ်တနိုး သိမ်းဆည်းထားလေ့ရှိ၏။

#ဖားစည်တို့၏ #သမိုင်းမူလ
***********************
ကရင်လူမျိုးတို့က “က္လိုး” ဖားစည်သည် မည်သည့်အချိန်မှ စတင်အသုံးပြုခြင်းကိုလည်း သမိုင်း အတိအကျ ဖော်ထုတ်ရန် မလွယ်ကူလှချေ။ ကရင်လူမျိုးတို့က မည်သည့်အချိန်တွင် ဖားစည်ကို သွန်းလုပ်၍ အသုံးပြုခြင်းကိုလည်း အတိအကျ သမိုင်းအထောက်အထားနှင့် ပြောပြနိုင်သူမရှိပေ။ သို့ကြောင့် ဖားစည်နှင့်ပတ်သက်၍ အယူအဆ အမျိုးမျိုးရှိကြသည်။ အသုံးပြုခြင်း၊ အမျိုးအမည်၊ တန်ဘိုးသတ်မှတ်ခြင်းလည်း ဒေသအလိုက် ကွဲပြားခြင်းရှိ၏။ သို့ရာတွင် ဖားစည်ကို အမြတ်တနိုးထားခြင်း၊ လေးစားကြည်ညိုခြင်းတို့မှာ ကရင်လူမျိုးနွယ်စုတွင် တူညီနေကြသည်။
သမိုင်းအရ ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံသို့မရောက်မီ တရုတ်ပြည် ယူနန်မြောက်ပိုင်းဒေသတွင် နေထိုင်ခဲ့ဘူးကြသည်။ ထိုဒေသမှနေထိုင်သော လ၀လူမျိုး၊ ၀လူမျိုးတို့နှင့် ဆက်နွယ်ပြီး ဖားစည်သွန်းလုပ်သော အတတ်ကို တတ်မြောက်လာကြသည်ဟု ဆိုသည်။
မျက်မှောက်ခေတ်တွင် ဖားစည်ကို ကရင်လူမျိုးစုအနွယ်တို့က အသုံးပြုခြင်းရှိသည့်အပြင် အရှေ့အာရှ တရုတ်ပြည်နယ်စ ယိုးဒယား၊ မာန်ဂွန်လီးယား၊ လော၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့တွင် ဖားစည်များကို တွေ့ရှိနိုင်သည်။ ဖားစည်၏ မူလအစ သွန်းလုပ်ရာဌာနမှာ ကမ္ဘောဒီးယားပြည်တွင် ဖြစ်သည်ဟု သုတေသီအချို့က ဆိုသည်။ မည်သို့ပင်ဖြစ်စေ ဖားစည်ကို ကရင်လူမျိုးတို့က လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က အသုံးပြုခဲ့ကြောင်း တေးကဗျာ၊ လင်္ကာ၊ သီချင်းများ သီကုံးထားခြင်း ရှိလေသည်။

#ဖားစည်အမျိုးအမည်
******************
ဖားစည်သမိုင်းအစကို အတိအကျဆိုရန် ခက်ခဲသော်လည်း မျက်မှောက် တည်ရှိနေသော ဖားစည် အမျိုးအမည် အခေါ်အဝေါ်အရ ၀လူမျိုးတို့က အများအပြား သွန်းလုပ်ကြောင်း ထင်ရှားနေသည်။ မျက်မှောက်ခေတ်တွင် ဖားစည်အမျိုးအမည် ခုနှစ်မျိုးရှိသည်ကို အောက်ပါအတိုင်း တွေ့ရှိရသည်။
(၁) က္လိုးယူမူး ။ (မဲခေါင်မြစ်ဖျားရှိ အမျိုးသမီးများ သွန်းသော ဖားသည်။) “က္လိုး”မှာ ဖားစည်ဖြစ်ပြီး “ယူမူး”မှာ မဲခေါင်မြစ်ဖျားတွင် နေထိုင်ကြသော အမျိုးသမီးဟူ၍ အဓိပ္ပာယ်ရ၏။
(၂) က္လိုးယူခွါး ။ (မဲခေါင်မြစ်ဖျားရှိ အမျိုးသားတို့ လွန်းသော ဖားသည်။) “ယူခွါး”၏အဓိပ္ပာယ်မှာ မဲခေါင်မြစ်ထျားဒေသရှိ အမျိုးသားများ ဖြစ်ကြသည်။
(၃) က္လိုးကဝါမူး ။ (၀ အမျိုးသမီး သွန်းသော ဖားစည်။) “ကဝါ”၏ အဓိပ္ပာယ်မှာ ၀လူမျိုး ဖြစ်ပြီး “မူး”မှာ အမျိုးသမီး ဖြစ်၏။
(၄) က္လိုးကဝါခွါး ။ (၀ အမျိုးသား သွန်းသော ဖားစည်။) “ခွား”၏ အဓိပ္ပာယ်မှာ အမျိုးသား ဖြစ်၏။
(၅) က္လိုးရှိုဝေမူး ။ (ပိုးကရင်အမျိုးသမီးတို့ သွန်းသော ဖားစည်)“ရှို” ပိုးကရင်ဖြစ်၍ “မူး”မှာ အမျိုးသမီးမြစ်၏။
(၆) က္လိုးရှိုဝေခွား ။ (ပိုးကရင်အမျိုးသားတို့ သွန်းသော ဖားစည်) “ခွား”၏အဓိပ္ပာယ်မှာ အမျိုးသားဖြစ်သည်။
(၇) က္လိုးယူကော်တယ် ။ (ရှမ်းပြည်နယ်တွင် သွန်းသော ဖားစည်)
ကရင်ရှေးဟောင်း တေးကဗျာ၊ လင်္ကာ၊ သီချင်းများအရ ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ အခြေချခြင်း မရှိမိကပင် ဖားစည်ကို သွန်းလုပ်သုံးစွဲကြောင်း အဆိုရှိသည်။ ကရင်လူမျိုးတို့၏ တေးကဗျာ၊ လင်္ကာ၊ ပုံပြင်များတွင် ကရင်လူမျိုးတို့သည် မံခေါင်မြစ်ဖျားခံရာဒေသတွင် နေထိုင်ခဲ့ဘူးကြောင်းလည်း ရှေးလူကြီးများစကားအရ မှတ်သားခဲ့ဘူးသည်။
ဖားစည်နှင့် ဖားစည်သွန်းလုပ်မှု
ယေဘုယျအားဖြင့် ဖားစည်ကို သတ္တုဖြင့် သွန်းလုပ်ဝကြသည်ဟု နားလည်ထားကြသည်။ ဖားစည်သွန်းလုပ်ခြင်းကို တတ်သိနားလည်သူတို့က ပဉ္ဇရူပခေါ် သတ္တုငါးမျိုးဖြစ်သော ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲနှင့် သွပ်တို့ဖြင့် သွန်းလုပ်ရသည်ဆို၏။ ဖားစည်၏ မည်ဟီးအသံ သာယာစူးရှမှုအရ ထိုအဆိုသည် မှန်ကန်နိုင်ပေသည်။
ဖားစည်၏အသံသည် သာယာ၍ အေးမြသည်။ ငြိမ့်ညောင်းခြင်းဖြစ်သော်လည်း အသံလှိုင်းများ ဝေးစွာလွင့်၍ပြေးသည်။ လျှိုကြား မြိုင်ကြောတွင် တီးခတ်ပါက အသံပို၍ပြေးသည်။ တောတောင်များ ရှင်းနေလျှင် အသံမှာ ဟိန်း၍ ရှည်လျားနေသည်။ ရှေးအခါက စာဆိုများအရ ဖားစည်သံသည် သုံးယူဇနာ အဝေးကပင် ကြားနိုင်သည်ဆို၏။ ဖားစည်၏လိုချင်သောအသံ၊ အသံလွင်လွင်လေး ဖြစ်စေရန်မှာ ပဉ္ဇရူပခေါ် သတ္တုငါးမျိုးကို အချိုးကျ သွန်းလုပ်နိုင်မှသာ ရရှိနိုင်သည် ဆိုကြသည်။

#ဖားစည်အမှတ်အသား
***********************
ကရင်လူမျိုးတို့၏ ဖားစည်သည် တဖက်ပိတ် ဖားစည်ဖြစ်သည်။ မျက်နှာပြင်သာ အပိတ်ရှိပြီး ဖင်ပိုင်းတွင် ဖွင့်ထားလေသည်။ ဖားစည်မျက်နှာပြင် ကိုယ်ထည်တို့တွင် ရောစပ်ထားသော သတ္တုတို့ဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။ ဖားစည်ဟူ၍ မြန်မာအသုံးအနှုန်းအရ ခေါ်ဝေါ်ခြင်းဖြစ်သော်လည်း ဖားသရေတို့ဖြင့်လည်းကောင်း၊ အခြားသားရေတို့ဖြင့်လည်းကောင်း ကျက်ထားခြင်း မရှိချေ။
ဖားစည်၏ မျက်နှာအလယ်တွင် လင်းရောင်ခြည် ဖြာတန်းနေသည်ကို တွေ့ရသည်။ ရောင်ခြည်ခြောက်သွယ်မှ ၁၂ သွယ်အထိ ရှိသည်ကို တွေ့နိုင်သည်။ ရောင်ခြည်ဖြာတန်းနေသော အပေါ်နားတွင် စက်ဝုိင်းအရစ်များရှိသည်။ စက်ဝုိင်းမှာ ခြောက်ခုမှ ကိုးခုအထိ ရှိတတ်သည်။ စက်ဝုိင်းတစ်ခုနှင့် တစ်ခုအကြားတွင် သွန်းလုပ်သူ ပန်းချီဆရာ၊ ပန်းပုဆရာတို့က ပြည့်စုံလှပစေရန် ငါးရုပ်၊ ငှက်ရုပ်၊ ပန်းပွင့်များ စိတ်သန်သလို ဖော်လေ့ရှိသည်။ ဖားစည်၏မျက်နှာပြင်ဆိုအပ်သော အနားပတ်လည်တွင် ဖားရုပ်များ လေးနေရာစီ၍ ထားရှိသည်။ ဖားရုပ်များမှာ လက်ယာရစ်၍ တစ်ကောင်နှင့်တစ်ကောင် လိုက်နေဟန် သရုပ်ဖော်ထားသည်။ တစ်ကောင်ထပ် ဖားစည်ဆိုပါက ဖားလေးကောင်ရှိသည်။ သုံးကောင်ထပ် ဖားစည်ဆိုလျှင် ဖားဆယ့်နှစ်ကောင် ရှိမည်ဖြစ်သည်။
ဖားစည်၏ ကိုယ်ထည်ပိုင်းတွင် စက်ဝုိင်းနှင့် အရုပ်အမျိုးမျိုးကို မွမ်းမံခြယ်သထားသည်။ ကိုယ်ထည်အောက်ပိုင်း နှုတ်ခမ်းတွင် ဆင်ရုပ်၊ ခရုရုပ်လုံးများ တပ်ဆင်ထားသည်။ ဆင်ရုပ်အောက်နားတွင် ဆင်ချေးတုံးများကိုလည်း တွေ့ရတတ်သည်။ အချို့သော ဖားစည်တွင် ဆင်ရုပ်နှင့် ခရုရုပ်များမှာ အဆင်းပုံဏ္ဍာန်ရှိပြီး အချို့က အတက်ပုံဏ္ဍာန်ရှိသည်။ အချို့မှာ မည်သည့်အရုပ်မျှ မပါရှိသည်ကိုလည်း တွေ ့ရသည်။ ဤသည်မှာ သွန်းလုပ်သူ ပန်းချီဆရာ၊ ပန်းပုဆရာတို့အလိုတော်အရ ဖြစ်ဟန်ရှိသည်။
‘ဖားအော်လျှင် မိုးရွာ၊ မိုးရွာလျှင် ငါးကျ၊ ငါးကျတော့ ရေကြီး၊ ရေကြီးမှ ဆင်သစ်ဆွဲ၊ ဆင်သစ်ဆွဲမှ သစ်ကျ၊ သစ်ကျမှ ပြည့်၀’ဟူသော စကားစုအတိုင်း ဖားစည်မျက်နှာပြင်နှင့် ကိုယ်ထည်ကို ဖားရုပ်၊ ငါးရုပ်၊ ဆင်ရုပ်၊ အမှတ်အသား ဖြစ်လာသည်ဟု အချို့လူကြီးများက ဆိုကြပေသည်။

#အရုပ်များ၏အဓိပ္ပာယ်
*********************
ဖားစည်မျက်နှာပြင် ကိုယ်ထည်တို့တွင် အရုပ်များဖော်မှုနှင့် ပတ်သက်၍ထူးခြားချက်အဖြစ် အဓိပ္ပာယ်ဖေါ်၍ ကောက်ချက်ချသည်။ ဖားစည်မျက်နှာပြင် ရောင်ခြည်ဖြာခြင်းသည် ရဲရင့်တည်ကြည်စွာ ရှိနေခြင်းဖြစ်သည်။ ဖားရုပ်မှာ ဖားသတ္တဝါတို့သည် ရေတွင်လည်းကောင်း၊ ကုန်းတွင်လည်းကောင်း ကျက်စားသွားလာနိုင်သည်။ ဖားစည်ကို ပိုင်ဆိုင်သူသည် ကရင်စကားဖြစ်သော ‘လေလေ့ထီ ထီ့ထဘာ၊ လေလေ့ခွန့် ခွန့် ထဘာ’စကားအတိုင်းရေလမ်းတွင် သွားလာ၍ဖြစ်စေ၊ ကုန်းလမ်းတွင် သွားလာ၍ဖြစ်စေ စောင်မခြင်းခံရပြီး ဘေးကင်းရန်ရှင်း၍ ကုန်းမြေပိုင်ရှင်၊ ရေမြေပိုင်ရှင်အဖြစ် တိုးတက်ကြီးပွားနိုင်သော အဓိပ္ပာယ်ဆောင်သည်။
ဆင်ရုပ်ကို ဖော်ထားခြင်းသဘောမှာ ဆင်တို့မည်သည် ကုန်းသတ္တဝါတွင် အားအင်အကြီးမားဆုံးဖြစ်သည်။ လူသားတို့၏ အကျိုးကို အများဆုံးဆောင်နိုင်သော ရတနာတစ်ပါးဖြစ်သည်။ ဆင်ရုပ်ပါသော ဖားစည်ပိုင်ရှင်သည် သြဇာတိက္ကမရှိပြီး ပစ္စည်းကုံလုံကြွယ်၀၍ လူအများ အကျိုးဆောင်နိုင်သော ပုဂ္ဂိုလ်ဖြစ်လာနိုင်၏။
ထို့အတူ ခရုရုပ်သည် ကုန်း၊ ရေ နှစ်ဌာနတို့တွင် နေနိုင်သောသတ္တဝါဖြစ်သည်။ ရာသီချိန်ခါမရွေး ရှာဖွေရရှိနိုင်ပြီး မျိုးဆက်မပြုန်းနိုင်သော သတ္တဝါတစ်မျိုးဖြစ်သည်။ မင်္ဂလာယူရာတွင် ခရုသင်းမှုတ်၍ အသုံးပြုရသကဲ့သို့ဖားစည်ပိုင်ရှင်သည်လည်း ထာ၀စဉ် မင်္ဂလာကျက်သရေတိုးနိုင်သည်ဟု အဓိပ္ပာယ်ဆောင်လေသည်။ အခြားခြားသော အရုပ်ပန်းချီများလည်း သူ့အဓိပ္ပာယ်နှင့်သူ ဆောင်၍ ရှိနေမည် ဖြစ်၏။

ဖားစည်၏ #တန်ဖိုး
****************
ကရင်လူမျိုးများ ဖားစည်တန်ဖိုး သတ်မှတ်ချက်သည် ဖားအရေအတွက်ကို အခြေခံထားကြသည်။ ပိုးကရင်စကားတွင်‘က္လိုးလဖလုံး စေသန့်ဖောင်း’ဟူ၍ ရှိသည်။ အဓိပ္ပာယ်မှာ ဖားစည်တစ်လုံး ငွေသုံးရာ တန်ဖိုးထားသည်။ ဖားတစ်ကောင်ထပ် ဖားစည်ကို ငွေသားတစ်ရာ၊ ဖားနှစ်ကောင်ထပ် နှစ်ရာ၊ ဖားသုံးကောင်ထပ် သုံးရာ စသည်ဖြင့် သတ်မှတ်လေ့ရှိသည်။
အချို့သောဒေသတွင် ဖားစည်မျက်နှာပြင် အကျယ်အ၀န်းကို လိုက်၍ တန်ဖိုး သတ်မှတ်ကြသည်။ ဖားစည်အကြီး၊ အသေး၊ အလတ် တန်ဖိုးထားသည့် သဘောဖြစ်သည်။ ဖားစည်၏မျက်နှာပြင်ကို လက်သီးဆုပ်ဖြင့် တိုင်းတာ၍ လက်သီးဆုပ် နှစ်ဆုပ်မှ ခြောက်ဆုပ်အထိရှိလျှင်’စီမံ’ဖားစည်အဖြစ် သတ်မှတ်ကြသည်။ တချို့က ဖားစည်သွန်းလုပ်သော ပစ္စည်းတန်ဖိုး အသံသာယာမှုကိုလိုက်၍ တန်ဖိုး သတ်မှတ်ခြင်းလည်း ရှိသည်။ ရှေးအခါက အသံအလွန်သာယာသော ဖားစည်ကို တန်ဖိုးငွေ ၁၀၀၀(တစ်ထောင်)အထိ အလွန်ညံ့ဖျင်းလျှင် တန်ဖိုးငွေ ၁၀၀(တစ်ရာ)အထိ ရှိသည်ဟု ဆိုကြသည်။
ဖားစည်တန်ဖိုး သတ်မှတ်ချက်မှာ အမျိုးမျိုးကွဲပြားလေ့ရှိသော်လည်း အများစု သတ်မှတ်ချက်မှာ ဖားစည်ပေါ်တွင် တပ်ဆင်ထားသော ဖားအရေအတွက်ကိုလိုက်၍ တန်ဖိုး သတ်မှတ်ကြသည်။ အချို့ သောဒေသတွင် ပြစ်ဒဏ်ကျူးလွန်သောသူကို လျေ်ကြေးပေးရာတွင် ဖားစည်တစ်လုံးကို တန်ဖိုးငွေသုံးရာဖြင့်လည်းကောင်း၊ မင်္ဂလာကြေး တင်တောင်းရာမှာလည်း ဖားစည်တစ်လုံးကို ငွေသုံးရာဖြင့်လည်းကောင်း တန်ဖိုး ဆုံးဖြတ်လေ့ရှိသည်။

#ကြန်စုံဖားစည်
**************
ဖားစည်တစ်လုံးသည် ကြန်စုံလက္ခဏာနှင့် ပြည့်စုံခြင်း ရှိ မရှိကို သိရှိနိုင်ရန် ဖားစည်သွန်းလုပ်ရာတွင် ရောစပ်သော သတ္တုအမျိုးအစား၊ စည်မျက်နှာပြင် ကိုယ်ထည်တို့တွင် ပါရှိသော အရုပ်များ ပြည့်စုံမှု ရှိ မရှိအပေါ်တွင် သတ်မှတ်ကြသည်။ သို့ရာတွင် ဖားစည်သွန်းလုပ်ရာတွင် သတ္တုရောစပ်မှုမှာ အချိုးအစား ခွဲထားရန် မလွယ်ကူလှသဖြင့် ဖားစည်ပေါ်တွင်သာ ရှိသော အရုပ်အမှတ်အသားများကို အကဲဖြတ် သတ်မှတ်နိုင်ကြသည်။ ကြန်စုံဖားစည်တွင် ရှိအပ်သော အင်္ဂါရပ်မှာ -
(၁) ဖားရုပ် သုံးကောင်ထပ် အမျိုးအစားဖြစ်ခြင်း၊
(၂) ဖားရုပ်များသည် လက်ယာရစ်၍ တစ်ကောင်နှစ်တစ်ကောင် မျက်နှာပြု လိုက်နေခြင်း၊ အနည်းဆုံး ၁၂ ကောင် ပါရှိခြင်း၊
(၃) ဖားစည်မျက်နှာပြင်အလယ်တွင် ဆယ့်နှစ်သွယ်သော ရောင်ခြည် ဖြာတန်းနေခြင်း၊
(၄) ဖားစည်မျက်နှာပြင် အဝုိင်းအရစ်များ အစိပ်အကျဲ မှန်ကန်ခြင်း၊ အနည်းဆုံး စက်ဝုိင်း ခြောက်ခု ရှိခြင်း၊
(၅) ဖားစည်အထက် နှစ်ဖားပေါက်နှင့်တန်း၍ ကိုယ်ထည်ပေါ်တွင် ဆင်သုံးကောင်ရုပ်၊ ခရုသုံးကောင်ရှိခြင်၊
(၆) အသံများလွင်၍ သာယာအေးမြခြင်း စသည်များ ဖြစ်သည်။

#ဖားစည်ဖို #ဖားစည်မ
*****************
အချို့သောဒေသတွင် ဖားစည်ကို အဖိုအမဟူ၍ ခွဲခြားထားသည်။ သို့ရာတွင် အဖိုအမကို တိတိကျကျ ခွဲခြားသတ်မှတ်ခြင်းကား မပါရှိချေ။ မျက်နှာပြင်ကျယ်ပြီး အလျားရှည်သော် ဖားစည်ဖိုဟူ၍လည်းကောင်း၊ ပုပုပျပျရှိသော ဖားစည်ကို ဖားစည်မဟူ၍လည်းကောင်း ယေဘုယျသတ်မှတ်ကြသည်။
ဖားစည်ဖိုသည် မျက်နှာပြင်အ၀တွင် ဖားရုပ်များ အပြည့်အစုံရှိသည်။ ကိုယ်ထည်နှင့်ခါးပိုင်းတို့တွင်လည်း ဆင်ရုပ်၊ ငါးရုပ်များ၊ ခရုရုပ်များရှိသည်။ ဖားစည်အမမှာမူ ရိုးရိုးဖားစည်ကဲ့သို့ပင် ရှိနေပြီး ကိုယ်ထည်မှာ တပိုင်းပြတ်၍ ဖားစည်ဖိုကဲ့သို့အလျားရှည်ခြင်းမရှိဟူ၍ အချို့က ဆိုကြသည်။
အချို့က ဖားစည် အဖိုအမကို အသံဖြင့် ခွဲခြားခြင်းလည်း ရှိ၏။ ဖားစည်အမသည် အသံလွင်၍ အေးချမ်းသည်။ ဖားစည်အဖိုသည် အသံမှာ ဟိန်း၍စူးရှသည်။ ထိုဖားစည်မျိုးကို စစ်ထွက်ရာတွင် အသုံးပြုလေ့ရှိပြီး စစ်ထွက် ဖားစည်ဟူ၍လည်း ခေါ်ကြသည်။ အချို့က စစ်ထွက်ဖားစည်ကို ဇေယျာ ဖားစည်ဟုလည်းကောင်း အမည်ပေးထားလျက် ရှိသည်။ ထိုဖားစည်မျိုးသည် နယ်စား မြို့စားတို့သာ ထားရှိလေသည်။

#မင်္ဂလာဖားစည်နှင့် #အမင်္ဂလာဖားစည်
********************************
ဖားစည်အဖို ဖားစည်အမ ခွဲခြားထားရှိသလို မင်္ဂလာဖားစည်၊ အမင်္ဂလာဖားစည်ဟူ၍လည်း သတ်မှတ်ထားခြင်း ရှိပေသည်။ ဖားစည်မျက်နှာပြင်ရှိ ဖားရုပ်များသည် လက်ယာရစ်ပြီး တစ်ကောင်နှစ်တစ်ကောင် မျက်နှာမူ၍ လိုက်နေကြဟန် သွန်းလုပ်ထားခြင်းကို မင်္ဂလာဖားစည်ဟူ၍ သတ်မှတ်ကြသည်။ မင်္ဂလားဖားစည်၏ ဖားရုပ်များ အနေအထားသည် ဦးဆောင်မှုရှိခြင်း၊ ခေါင်းဆောင်မှုပေးခြင်း၊ ညီညွတ်မှုရှိခြင်းကို ပြသည်။ မင်္ဂလာဖားစည်သည် မင်္ဂလာရှိသော နေ့ထူးနေ ့ မြတ်ဖြစ်သည့် ထိမ်းမြားလက်ထပ်ပွဲ၊ ကောက်ဦးစားပွဲ၊ နှစ်သစ်ကူးပွဲတော်၊ လူမှုရေးရာအလှူပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများတွင် တီးခတ်လေ့ရှိသည်။
အမင်္ဂလာ ဖားစည်သည် ဖားရုပ်များ မျက်နှာချင်းဆိုင်နေလျက် ရှိတတ်သည်။ သေါးကွဲနေခြင်း၊ ရန်စောင်နေခြင်းနှင့် ညီညွတ်မှုမရှိခြင်းကို ပြသည်။ အမင်္ဂလာ ဖားစည်ဟူ၍ အမည်တပ်ခေးခြင်းနှင့်အတူ အသုဘများ၊ အရိုးကောက်ပွဲများ အခြားသော အမင်္ဂလာကိစ္စတို့တွင် တီးခတ်လေ့ရှိသည်။
မင်္ဂလာဖားစည်၊ အမင်္ဂလာဖားစည်ကို အေးသောဖားသည်၊ ပူသောဖားစည်ဟူ၍လည်း ခေါ်ဆိုကြသည်။ အေးသောဖားစည်သည် အိမ်၌သော်လည်းကောင်း၊ ကျောင်း၌သော်လည်းကောင်း မြင့်မြတ်သောနေရာတွင် ချိတ်ဆွဲထားလေ့ရှိပြီး မပြတ်ပူဇော်ပသကြသည်။ ပူသောဖားစည်သည် အိမ်ပေါ်တင်မိလျင် ဘေးဒုက္ခကျရောက်တတ်သည်ဟု ယူဆကြသည်။ ရွာအပြင်ရှိ လုံခြုံသောနေရာတွင် သိမ်းဆည်းထားလေ့ရှိသည်။

#အသုံးပြုခြင်း
**********
ကရင်လူမျိုးတို့သည် ဖားစည်ကို အလွန်ကို တန်ဖိုးထားပြီး အမျိုးသား အထိမ်အမှတ်အဖြစ် သတ်မှတ်သည့်အလျေက် လေးစားစွာ အိမ်ပေါ် မြင့်မြတ်သောနေရတွင် သိမ်းဆည်းထားလေ့ရှိသည်။ ဖားစည်ကို ချိန်ခါမရွေး တီးခတ်ခြင်း မပြုရချေ။ ဝါခေါင်လ လက်ချည်မင်္ဂလာ(အောင်းလာခေါက်ခိုင်စူး)ပြုလုပ်သည့်အခါ သင်္ကြန်အတာကူးသောအခါ သီတင်းကျွတ်ပွဲတ်ေများ ကျင်းပသောအခါ စသော ဘာသာရေးပွဲတေ်၊ မင်္ဂလာပွဲတော် ကျင်းပသောအခါတွင် တီးခတ်လေ့ရှိသည်။
ထို့အပြင် ဆိုခဲ့သည့်အတိုင်း မင်္ဂလာကြေး တင်တောင်းရတွင်လည်း ဖားစည်တစ်လုံးကို တန်ဖိုးငွေ သုံးရာကျော် သတ်မှတ်ပြီး အသုံးပြုခြင်းလည်း ရှိသည်။ အချို့သောဒေသတွင် တရားစီရင် ဆုံးဖြတ်ရာ၌ အမှုငယ် အမှုကြီးအလိုက် ဖားစည်ကို လျော်ကြေးအဖြစ် အသုံးပြုခြင်းလည်း ရှိသည်။
ဖားစည်သည် တန်ဖိုးမြင့်မြတ်ပြီး မင်္ဂလာ စည်တော်ချိန်တစ်မျိုးဖြစ်သဖြင့် ပစ္စည်းဥစ္စာ ဓနကြွယ်၀သူများ အကြီးအကဲများတို့သာ ထားရှိနိုင်ကြလေသည်။ အရှေ့ပိုးကရင်တို့ စကားတရပ်တွင် “ဒေါက်ပိုင်ဒေးက္လိုး ဒေစေ”ငွေကြေးနှင့် ဖားစည်ရတနာ ပြည့်စုံသည်ဟူ၍ တင်စားလေ့ရှိသည်။

#ရွှေဖားစည် #ငွေဖားစည်
********************
ဖားစည်ကို ရွေဖားစည်၊ ငွေဖားစည်ဟူ၍ ခေါ်ဝေါ်ခြင်းရှိသော်လည်း စင်စစ်တွင် ရွေအတိဖြင့် သွန်းလုပ်သော ဖားစည်၊ ငွေအတိဖြင့် သွန်းလုပ်သော ဖားစည်ဟူ၍ သက်သေမရှိပါချေ။ ဖားစည်ကို သွန်းလုပ်ရာတွင် ရွှေကို အဓိကထားပြီး ဖားစည်၏ အရစ်များကို ရွှေဖြင့် ဖေါ်ထားခြင်းကို ကရင့်အခေါ် “က္လိုးထွန့်”ရွှေဖားစည် ဖြစ်သည်။ ထို့အတူ ဖားစည်၏အရစ်များကို ငွေဖြင့်သွန်းလုပ်လျှင်“က္လိုး”ငွေဖားစည် ဖြစ်သည်။
ထို့အတူ ပဉ္စရူပဖြစ်သော သတ္တုငါးမျိုးဖြင့် အချိုးကျ ရောစပ်ပြီး သွန်းလုပ်သော ဖားစည်ကို “က္လိုးထွန်း” သလွဲဖားစည် (ဝါ) ကြေးဖားစည်ဟူ၍လည်း ရှိပေသည်။ မျက်မှောက်ခေတ်တွင် ကြေးဖားစည်ကိုသာ အများအပြား တွေ့ရှိနိုင်သည်။

#ဖားစည်တီးခတ်နည်း
*****************
ဖားစည်တီးခတ်ရာတွင် လက်ယာဖက်လက်က ဖားစည်မျက်နှာပြင်ကို ထုပြီး လက်ဝဲဖက်လက်တွင် တုတ်ပါးပါးတစ်ချောင်း သို့မဟုတ် နှီးစည်းဖြင့် ဖားစည်တွင်သို့သျှိုသွင်းပြီး တီးခတ်ရသည်။ လက်နှစ်ဖက်စလုံး တီးခတ်ပါမှသာ တီးခတ်နည်း မှန်ကန်နိုင်သည်။ မင်္ဂလာလည်းရှိသည်။ တီးခတ်နည်း မမှန်ပါက ထိခိုက်တတ်သည်ဟု အယူအဆရှိသည်။ အချို့သောဒေသတွင် အကြောင်းမရှိဘဲ တီးခတ်ပါက ရွာတွင်းရှိ နေထိုင်ကြသူများ သေကြေပျက်စီးတတ်သည်ဟု အယူအဆရှိပြီး အကြောင်းမဲ့ တီးခတ်ခြင်းမပြုရန် အထူး တားမြစ်ထားကြသည်။
ဒုံးကသောအခါတွင် ဖားစည်၊ လင်းကွင်း၊ မောင်း၊ နှဲတို့ဖြင့် တွဲဖက်၍ တီးခတ်ကြသည်။ ဤအခါတွင် ဖားစည်သည် ကရင်လူမျိုးတို့၏ တူရိယာတစ်မျိုး ဖြစ်သားလေသည်။ ဆယ့်ရှစ်လက်မအရွယ်ရှိသော ဖားစည်၊ ဆယ်နှစ်လက်မ အရွယ်ရှိသော ဖားစည်၊ လင်းကွင်း၊ အ၀ ဆယ့်နှစ်လက်မရှိသော အိုးစည်နှင့် ဆယ်လက်မအရွယ်ရှိသော မောင်းတို့ဖြင့် တွဲဖက်၍တီးလျှင် လိုက်ဖက်ညီညွတ်ပြီး သာယာသောအသံများ ရှိဟည်ဟု ဆိုကြသည်။

ဖားစည်၏ #အတိတ်နိမိတ်
**********************
ဖားစည်သည် တစ်ခါတစ်ရံ အရေများ စိမ့်ထွက်လာတတ်သည်။ ယင်းကို ကရင်လူမျိုးတို့က ဖားစည် မျက်ရည်ယိုထွက်၍ ငိုသည်ဟု ယူဆကြသည်။ ထိုသို့ဖြစ်လာလျှင် ဖားစည်ကို ပူဇော်ပသကြသည်။
ဖားစည်ကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပူဇော်ပသ ကျွေးမွေးရသည်။ အိမ်၌ထားရှိသော ဖားစည်သည် မည်သူမျှ မတီးခတ်ဘဲ အလိုလို မြည်လာပါက ရွာတွင် ရွာသးတစ်ဦးတစ်ယာက် သေဆုံးတေ့မည်ဖြစ်ကြောင်း နိမိတ်ပြသည်ဟု ဆိုလေသည်။ နိမိတ်ပြသည့်အတိုင်း ဖြစ်လေ့ရှိသည်ဟု လူကြီးများက ဆိုကြသည်။ သို့ကြောင့် ဖားစည် အလိုလို အသံမြည်လာပါက စားသောက်ဖွယ်တို့ဖြင့် ပူဇော်ပသကြလေသည်။ အချို့ဒေသတွင် မင်္ဂလာဖားစည်ကို တစ်ခါတီးလျှင် ရွာသား တစ်ယောက် သေတတ်သော ဖားစည် ရှိဖူးကြောင်း ရှေးလူကြီးများက ဆိုကြသည်။ ထိုဖားစည်မျိုးကို ရွာတွင် မထားရှိကြဘဲ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းလိုက်ကြပြီး ဘုန်းတော်ကြီးများက ပရိတ်ရွတ် အစွဲများ ချွတ်ပေးခြင်းဖြင့် ပြန်လည်မွန်မြတ်လာသည့် ဖားစည်များလည်း ရှိကြောင်း သိရှိရသည်။

#မျက်မှောက်ခေတ်
မျက်မှောက်ခေတ်တွင် ဖားစည်သည် အလွန်ရှားပါးလာသော အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတစ်ခု ဖြစ်လေသည်။ ဖားစည်သွန်းလုပ်ခြင်း အတတ်ကိုလည်း တတ်မြောက်သူများ မရှိသလောက် ဖြစ်နေသည်။ ရှေးအခါက မင်္ဂလာကြေးအဖြစ် တင်တောင်းခြင်း၊ တရားစီရင်ရာတွင် လျော်ကြေးအဖြစ် တန်ဖိုးသတ်မှတ်ခြင်း ရှိသော်လည်း ယခုအခါတွင် ကရင်ရွာတိုင်းပင် ရှာဖွေ၍ မတွေ့ရှိနိုင်တော့ချေ။ နောင်အခါတွင် ဖားစည်သည် ရှိခဲ့ဘူးခြင်းသာ ကြားသိရပြီး မျက်မြင်ကိုယ်တွေ့ အသုံးပြုခဲ့သော နှောင်းခေတ်လူငယ်များ လက်တွင် တည်ရှိနိုင်တော့မည်မဟုတ်ချေ။
ကရင်လူမျိုးတို့၏ အမျိုးသား အထိမ်းအမှတ် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တည်ရှိခဲ့သော ဖားစည်သည် လူမျိုးနှင့်အတူ ဆက်လက်တည်တံ့နိုင်ရန် ကရင်လူမျိုးတို့က ဆက်လက်ထိန်းသိမ်းခြင်း၊ ဆက်လက်သွန်းလုပ်ခြင်းကို အားထုတ်ပြုလုပ်သင့်ကြောင်း ဆန္ဒပြုလိုပါပေသည်။

#မန်းသင့်နောင် (ကော့ကရိတ်)
အရှေ့ပိုးကရင် သမိုင်းစာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။
Credit...

Address


Website

Alerts

Be the first to know and let us send you an email when Moakkadi Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share