HiHi MEDIA

HiHi MEDIA Chit Lar

04/01/2020

ဆန်းကြယ်သော ဖူးစာ အပိုင်း(၁)...............
မနက်ခင်းရဲ့နေထွက်ချိန် မိုးအေးအေးလေးနဲ့ Coffee တစ်ခွက် သောက်နေရင်း မောင်လင်းမူတစ် ယောက် မနက်ခင်းသတင်းလေးကို Feel အပြည့်နဲ့ခံစားရင်း နားထောင် နေသည်။ Tv ရုပ်သံမှ ' ဟုတ်ကဲ့ M416 Channel မှ ကြိုဆိုပါတယ် Breaking new ဖြစ်တဲ့ မိဘပြည်သူပေါင်းတို့ အထူးဂရုစိုက်နားထောင် ပေးကြဖို့ တိုက်တွန်းပါတယ် ဒီနေ့ မနက်ခင်း မှ ထူးဆန်းတဲ့ အမှတ်မသိ Virus တမျိုး မြန်မာပြည်သို့ ရောက်ရှိလာပြီး အချိန်တိုအတွင်း တပြည်လုံးပြည့်နှံ နေပြီဟု Dr ရမ်းရမ်းမှ ပြောဆိုထားပါသည် ရောဂါဖြစ်ပွားနေသည့်နေရာသို့ Live ပြသ ပေါ့မည်။
' ဟုတ်ကဲ့ကျွန် တော်တို့ အခုရောက်ရှိနေတာက တော့ ရန်ကုန်အထူးတောင်း ဆေးရုံကြီးဖြစ်ပါတယ် ဒီမှာမြင် တွေ့နေတဲ့ အတိုင်းပဲ လူနာပေါင်းထောင် ကျော်နေပါပြီ ရောဂါအမည်က တော့ ကျွန် တော်တို့မသိသေးပါဘူး .........(အား..ကျွန်းမီးငှား)...... အော်သံတွေ ကြားတယ်ဗျ လူတချို့လည်း ဆေးရုံထဲက ဆင်းပြေးလာကြတယ် ဗျ ကျွန်တော်တို့ သွား ကြည့်ရ အောင် ဟဲ့ကောင် ကျော်ကြီး ကင်မရာ နောက်တစ်လုံးပါသယ် လာခဲ့ အထဲမှာ မှတ်တမ်းများများရိုက်ရ အောင် လာလာမြန်မြန် ဘာဖြစ်လည်းမသိဘူး အထဲမှာ........... ဆရာဝန် ပေါ် လူနာတစ် ယောက်တက် ခွနေတယ် ဗျှ ဘေးနား မှာလည်း Nurse မ ချောချောလေးတွေ ဝင်ဆွဲနေကြတယ် ဗျ သွေးတွေလည်း အများကြီးဘေးနားမှာ ပြန့်ကြဲနေတယ် ( ဟာသွားပြီပြေးပြေး....) ..........ဒီ..ဒီ..ဒီ( Tv ခါသံ)
အရေးအကြောင်းဆို TVလိုင်းကပြတ်ပြီ ဘာတွေ ဖြစ် နေပါလိမ့် ဒီနေ့ရုံးပိတ်ရက်ပါဆို FB ဖွင့်ကြည့်အုန်းမှ ဘာတွေဖြစ် နေလည်းမသိ Internet လိုင်းပါကျနေတယ် WTF phone လိုင်းတွေပါ ကျနေတာကော် ငါထင်တာ မှန်ပြီလားမသိပါဘူး ဘုရားဘုရား မဟုတ်ပါစေနဲ့ ....(တီးတော်..တီးတော်...) ဟာ ဆေးရုံကားတွေလား မီးသတ်ကားတွေလား ဘာတွေလည်း😱...(အား...ကျွမ်းမီးငှား...) အော်သံတွေကော် wtf....
အပိုင်း ၂ ဆက်ရန်

03/01/2020

'မိန်းကလေးတွေကသေချာကြည့်ရင် မလှကြဘူးပဲနော်' လေးဂွကိုင်ပြီး အမြင့်တွေပဲမှန်းခြင်လာတဲ့ စောင်ဘုရင်ကြီးတပါး ရေကန်နားမှာ ငှေးပြီး တီးတိုးလေး ဆိုက်ကားဆရာအားရင်ဖွင့်လိုက်သည်။ ဆိုက်ကားဆရာလည်း 'သွားကြရအောင်ဗျာ ဒီမှာအချိန်တွေကုန်နေပြီ ရှေ့မှာ‎‎စောင်ချောလေးတွေရှိတယ့်တိုင်းပြည်ရှိတယ် ကြား တယ် ကျွန်တော်ဗိုက်ဆာနေပြီ ဗိုက်အရင်ဖြည့်ပြီးမှ ဖူးစာရှင် လိုက်ရှာရအောင်နော် မင်းကြီး' ဒီလိုနဲ့သူတို့ခရီးဆက်ကြလေသည်။

ဘုရင်ကြီးနဲ့ထူးဆန်းသော လေးဂွ (အပိုငိး2)..................

🕍⛈️ နေရောင်အလှလေးနဲ့ လှပသော တိုင်းပြည်လေးတခု(ကိုယ်တိုင်းပြည်ထက်တော့ မီးမှန်မှာပါ) တိုင်းပြည်ဝင် ဂိတ်ပေါက်ဝ နားမှာစောင့်နေသော အစောင့်ဝတ်ထားသော သံချပ်ကာ ကအစ တောက်ပလွန်းနေသည်...ဘုရင်ကြီး သိမ်ငယ်သွားသည်...ဆိုက်ကားသမားလည်း သူ့ဘုရင်သိမ်ငယ်သွားတာ ကြည့်ပြီးစိတ်မကောင်းဖြစ်သွားတာပေါ့.....ဂိတ်နားရောက်တော့ အစောင့်တွေတားတော့ ပေါ့'ဘယ်သူလည်း ဘယ်ကလည်း passportပြ'...ကျွန်တော် ကုန်သည်ပါ ဝက်သားလာရောင်းတာပါ passport က လမ်းခရီးမှာ ဓားပြတိုက်တော့ passport ပါသွားတယ်(တော်လိုက်တာ) အစောင့်တွေက'OK ပါ ဝင်လို့ရပြီ မြို့ထဲ'(သူတို့ကပိုတော်တယ် )...
ဘုရင်ကြီးလည်း မြို့ထဲရောက်တော့ အရက်ဆိုင်အရင်ရှာတာပေါ့.....ချို မိုင် မိုင် ဘီယာနဲ့အရက်ဖူးစာ 'ဆိုင်နံမည်လေး မဆိုးဘူးပဲ ဝင်ကြည့်ရအောင်)....ဆိုင်ထဲရောက်တော့ တွေ့ရာခုံဝင်ထိုင်လိုက်တာပေါ့...အဲ့မှာ စားပွဲထိုးလေး တစ်ယောက် ရောက်လာ ပြီး menu ပေးသွားတယ်.... ဘုရင်ကြီးလည်း ခပ်တည်တည်နဲ့ကောက်ဖတ်လိုက်တယ် ဘုရင်ဆိုတော့စာမတတ်ဘူးလေ(ထိုခေတ်က မင်းညီမင်းသားများသည် နန်းတွင်းအောင်းရသည်)....ဆိုက်ကားသမားကို လှမ်းပေးလိုက်တယ်.. ဆိုက်ကားသမားလည်း menu ကောက်ကိုင်ပြီးတော့ ကြညိ့လိုက်တာပေါ့'အများကြီးပဲ စားစရာတွေ ရေခဲဆီစမ်း-မာလာငပိချက်-ပြည်ကြီးငါး ရိုးစွပ်ပြုတ်-ဝက်မျှင်ချို ဟင်းခါး-စုံစံစိထမင်းပေါင်း-ဗိုလ်ကြားသေနတ် ခေါက်ဆွဲ သုပ်-ကောက်ရိုးအမဲသားကင်(ဆိုင်ရှင်မမကိုယ်တိုင်ကင်ပေးသည်)......etc...အများကြီးပဲစားစရာတွေ ဘုရင်ကြီး.. 'မင်းကောင်းမယ်ထင်တဲ့ ဟာပဲ မှာလိုက်ပါကွာ'..'ဟုတ် ကျွတ်ကျွတ်(စားပွဲထိုးသို့ လှမ်းခေါ်သံ)
' ကြေးအိုး နှစ်ပွဲ ငပိနဲ့ နော် သံပရာသီးများများ ညစ်ပေးနော် မချဉ်စေနဲ့ မာလာငပိချက်က ပေါင်မုန့်လေးနဲ့ ပဲ ညပ်ပေးနော် မကင်နဲ့နော် ဟင်းရည်ကြတော့ ဘာတစ်ခုကောင်းလည်းမသိဘူး'....'ဟုတ်အကို ရေခဲတောင်ကြာပွင့်ကို ခရမ်းချည်သီး ဆော့နဲ့နှစ်ထားပြီး ငါးသလောက် တောင်ဟင်းချို နဲ့ တွဲထားတဲ့ အထူး ဟင်းလျာ တော့ရှိတယ် အဲ့တာပြင်ပေးလိုက်မယ်နော်'... OK ပါညီလေး အချိုပွဲ ကြတော့ သာကူကျို ပဲပေးလိုက်နော်'
'မောင်လေးနှစ်ယောက်စားရသောက်ရတာအဆင်ပြေရဲ့လားလိုတာရှိရင်ပြောနော် မမရှိတယ် ဟီးsorry မမတို့ဆိုင်မှာ တခြားဟင်းတွေရသေးတယ်လို့ ပြောတာ '.....ဆိုင်ရှင်ဟုထင်ရတော့အမျိုးသမီးက မိမိတို့ကို Spy ဝိုင်သောက်နေရင်းမျက်စပစ်ကာ လှမ်းပြောလိုက်သည်။
ကောက်ရိုးအနံလေးက လေထဲတွင်ပျံနှံသွားပြီး စူးရှလွန်းတဲ့ မျက်လုံးတစ်စုံပိုင်ရှင် သူရဲ့အလှကဖော်ပြစရာမလိုအောင် ပြီးပြည့်စုံနေပြီ ပြောလိုက်တဲ့စကားလုံးတိုင်းက ရင်ထဲကို စူးရှသွားစေသည် လက်တွေလည်းအေးလာသည် အသက်ရှူလည်း မမှန်တော့ စကားလည်းinternetလိုထစ်လာပြီ 'ဒါဟာ အချစ်လား....တကယ်ပါ....' စောင်ဘုရင်ကြီး ချစ်မိသွားတယ်လေ
အပိုင်း 3 ဆက်ရန်

02/01/2020

ဘုရင်ကြီးနဲ့ ထူးဆန်းသော် လေးဂွ(အပိုင်း1)..........
ဝွမ်းအမ်ပေါင်း အန်တိုင်း(ဟိုရှေးရှေးတုန်းကပေါ့) ဘုရင်ကြီး တပါးနေထိုင်တဲ့ တိုင်းပြည်သေးသေးလေးရှိတယ်(Single is the best)....... တနေ့တော့ ဘုရင်ကြီးလည်း နန်းတော်ထဲမှာ နေ့တိုင်းပဲပြုတ် ထမင်းပဲစားတော့ ပျင်းလာတာပေါ့နော် ပြည်သူတွေစားတဲ့ hot pot လေးတွေ Hamburger 🍕🍔🥣🥘🍲 လေးတွေလည်းစားခြင်တာပေါ့.....
အဲ့တော့ အမဲလိုက်တာပေါ့ တောထဲမှာ ဆိုက်ကားစီးပြီးတော့ (ထိုခေတ်အခါက ဆိုက်ကား သည်နန်းတွင်း အသုံးအဆောင်ဖြစ်သည် သာမန်လူမစီးနိုင်).....ဗလကောင်းကောင်း ဆိုက်ကားဆရာက'ဘုရင်ကြီး ဟိုမှာတောဝက်တဲ့ 🐗'(ထိုခေတ်က ဗလကောင်းရင်ဆိုက်ကားနင်းရသည်) ...အဲ့မှာ ဘုရင်ကြီးလည်း သူနားပါတဲ့ လေးကိုထုတ် 🏹...မြားနဲ့လမ်းပစ်လိုက်တာပေါ့(Headshot )...ဝက်လေးလည်း မြက်ပေါ်ကျသွားတာပေါ့(ဝက်မြက်လူးဆိုတာ အဲ့မှာစတာပဲ)🤫....
ရုတ်တရတ်ကြီး မိုးအုံလာတယ်....သေနေတဲ့ ဝက်ဘေးနားမှာ အဘိုးအိုတယောက် ဗွားကနဲ ပေါ်လာတယ်....အဘိုးအို က 'လူကလေ မင်းတော်ပါပေတယ် headshot ရဖို့ဆိုတာ မလွယ်ဘူး....ပြီးတော့ ဒီဝက်က ရိုးရိုး ဝက်မဟုတ်ဘူး... အနောက်ဖက်ကိုခရီးသွားမယ့် ပါကျဲပဲ(ပါကျဲသိတယ်မလား ဝူခုံးကားထဲကလေ).....
'အခုသူသေသွားတော့ အန်ကယ်တောင်းပန်ပါတယ် အနောက်ဖက်ကို ခရီးသွားဖို့က သူ့ကို လိုအပ်တယ်ကွဲ့ အန်ကယ်ကတော့ သူ့ကို အသက်ပြန်သွင်းလို့ရပါတယ် ဒါပေမဲ့ လူကလေးကို တောင်းပန်ခြင်ပါတယ် သူ့ခန္ဓာကိုယ်လေးကို ပြန်ပေးပါကွယ်' သူတို့ပြောနေတဲ့အချိန် ဆိုက်ကားသမားက ဝက်သားတုတ်ထိုးလုပ်နေတယ်....ဘုရင်ကလမ်းမြင်တော့' hey you stop စမ်း' ငါလည်းစားမယ်...ဆိုပြီဝင်ထိုင်လိုက်တယ်.... သူတို့စားနေတာကြည့်ပြီ အဘိုးကြီလည်း စားခြင်လာတာပေါ့....ဘုရင်ကြီးက'စားအုန်းလေ အန်ကယ်'
အဘိုးကြီးကလည်းစားခြင်တော့ 'အင်းနည်းနည်း ပဲစားမယ်နော်'ဆိုပြီး ဝင်ထိုင်လိုက်တယ်
တလုပ်ပဲစားရသေးတယ် အဘိုးကြီးပျော်သွားတယ်'WTF ဘာလို့အဲ့လောက်ကောင်းနေရတာတုန်း'ဆိုပြီး အကုန်အုပ်လိုက်တယ်... ပြီးလည်းပြီးရော်' လူကလေးကို အန်ကယ်ကျေးဇူးတင်တဲ့ အနေနဲ့ မှော်လေးဂွလေး ပေးပါရစေ' ဆိုပြီးလေးဂွလေး ပေးပြီး 'ဒီလေးဂွကို ပစ်ပြီဆိုရင် သရည်ကြိုးလေ ဆွဲရုံပဲ(သူပြောမှာ လား) ဘာမှ ထည့်ပစ်ဖို့ မလိုဘူး ဒီတိုငိးချိနိယုံပဲ' ကိုယ်ပစ်လိုက်တဲ့ သူက ကိုယ်ကို ချက်ချင်းကြိုက်သွားစေတယ်(မြားနတ်မောင် မြားလိုပေါ့) ပြီးရင် အမြန် နောက်တယောက်ကို ပစ်ပြီဆိုရင် ပထမပစ်ထားတဲ့ တယောက်နဲ့ ဒုတိယပစ်ထားတဲ့ တယောက် နှစ်ယောက်ကြိုက်သွားစေတယ်(သေချာ ပြီမြားနတိမောင် မြားလိုပေါ့).......လေးဂွလေးပေး ပြီးတော့ အဘိုးကြီး ပြန်သွားတယ်
ဘုရင်ကြီလည်း ဘယ်ရမလည်း စမ်းပြီလေ 😎သူ့တိုင်းပြည်တောင် မပြန်တော့ ပဲ တိုင်းပြည်တခုသို့ ခရီးထွက်သွား လေသည်....(အပိုင်း 2 ဆက်ရန်)

Address


Website

Alerts

Be the first to know and let us send you an email when HiHi MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share