မြောင်-Myaung

  • Home
  • မြောင်-Myaung

မြောင်-Myaung Click For Myaung
(2)

ဒီနေ့ည ကိုးနာရီ မြောင်-Myaung ယူကျု့ဘ်ချန်နယ်မှာ ဆရာ မောင်ဝံသရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု (အပိုင်း ၁၁) ဇာ...
16/06/2023

ဒီနေ့ည ကိုးနာရီ မြောင်-Myaung ယူကျု့ဘ်ချန်နယ်မှာ ဆရာ မောင်ဝံသရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု (အပိုင်း ၁၁) ဇာတ်သိမ်းပိုင်း လာပါမယ်ခင်ဗျာ ❤️

03/06/2023

ကလစ်ကာများအားလုံးကို အသိပေးချင်တာလေးရှိပါတယ်

Click For Myaung ယူကျူ့ချန်နယ်က Monetize ပြန်ပြုတ်သွားပါတယ် ခင်ဗျာ

ဒါကြောင့် ချန်နယ်မှာ ကြော်ငြာပြန်တက်ဖို့အတွက် တစ်လ ပြန်စောင့်ပေးရမှာပါ
Monetize ပြုတ်သွားရတဲ့ အကြောင်းရင်းကတော့ လူဝင်နှုန်း မငြိမ်တာရယ်၊ ကလစ်ကာ အသစ်တွေ ထပ်မတိုးလာရယ်ကြောင့်ပါ

ဒါကြောင့် ဒီကြားထဲမှာ ကျွန်တော်တို့ တင်လက်စဖြစ်တဲ့ ဆရာ မောင်ဝံသရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု ဝတ္ထုကို ပုံမှန်အတိုင်း ဆက်တင်သွားပါမယ်

အခု monetize ပြန်လျှောက်နေစဥ်ကာလအတွင်းမှာလည်း ကျွန်တော်တို့ မြောင်ချန်နယ်လေးကို view မကျအောင် အရင်လိုပဲ ပုံမှန်လေး ဝင်ကြည့်ပေးကြပါဦးခင်ဗျာ

မနက်ဖြန် မနက် ၈ နာရီမှာ "ဘာလဲဟဲ့ လူ့ငရဲ" ဇာတ်သိမ်းပိုင်း လာပါမယ်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ "ဘာလဲဟဲ့ လူ့ငရဲ" အသံ...
30/05/2023

မနက်ဖြန် မနက် ၈ နာရီမှာ "ဘာလဲဟဲ့ လူ့ငရဲ" ဇာတ်သိမ်းပိုင်း လာပါမယ်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ "ဘာလဲဟဲ့ လူ့ငရဲ" အသံစာအုပ် တင်ဆက်နေစဥ်ကာလအတွင်း တရက်မပျက် နားဆင်အားပေးခဲ့ကြတဲ့ ကလစ်ကာ တဦးတယောက်ချင်းစီတိုင်းကို မြောင်ချန်နယ်မှ ကျေးဇူးအထူးတင်ပါတယ်

ကျွန်တော်တို့ ဒီစာအုပ်လေးကို ဖတ်ပြခဲ့တာနဲ့ ပတ်သက်ပြီး မှတ်မိနေတာလေးတွေ၊ ဖတ်ပြစေချင်တဲ့ စာအုပ်လေးတွေရှိရင်လည်း ဒီပို့စ်အောက်မှာ ပြောသွားခဲ့ပါဦး ခင်ဗျာ ..

ဒီနေ့ည ကိုးနာရီ မြောင်-Myaung ချန်နယ်မှာ ဆရာ မောင်ဝံသရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု (အပိုင်း ၇) ပြန်လာပါမယ်...
30/05/2023

ဒီနေ့ည ကိုးနာရီ မြောင်-Myaung ချန်နယ်မှာ ဆရာ မောင်ဝံသရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု (အပိုင်း ၇) ပြန်လာပါမယ် ခင်ဗျာ

ကလစ်ကာများအားလုံး စောင့်မျှော်အားပေး နားဆင်ပေးကြပါဦးနော်

ကျွန်တော်တို့ မြောင်-Myaung ချန်နယ်မှာ လွန်ခဲ့တဲ့နှစ်ရက်ကစပြီး view တွေရော watch hours တွေပါ ပြန်ထိုးကျနေပါတယ် ခင်ဗျာအသစ...
29/05/2023

ကျွန်တော်တို့ မြောင်-Myaung ချန်နယ်မှာ လွန်ခဲ့တဲ့နှစ်ရက်ကစပြီး view တွေရော watch hours တွေပါ ပြန်ထိုးကျနေပါတယ် ခင်ဗျာ

အသစ်ဝင်ကြည့်စရာ ကုန်သွားရင်လည်း အဟောင်းလေးတွေ ကို နေ့တိုင်း ပြန်ဖွင့်ပြီး view ပြန်များလာအောင် ဝိုင်းကူပေးကြပါဦးနော် ❤️

View ပုံမှန်ဖြစ်မှ ads limit ဖြစ်နေတာ ရပ်ပြီး မြောင်မှာ ပန်းတွေပြန်ပွင့်လာနိုင်မှာမို့ပါခင်ဗျာ

*** android YouTube App နဲ့ ကလစ်နေကြတဲ့ ကလစ်ကာများအနေနဲ့ browser တစ်ခုခုကနေ ချန်နယ်ထဲကို desktop mode နဲ့ ဝင်ကြည့်ပေးပါ (အဲ့နည်းနဲ့ဆို ကြော်ငြာတက်ပါတယ်)***

IOS မှာတော့ ကြော်ငြာက တက်ပြီးသားပါ

(ဒါ့ကြောင့် အပန်းမကြီးဘူးဆိုရင် ဒီပို့စ်လေးကို ads limit ဖြစ်နေတာကြောင့် android မှာ ကြော်ငြာမတက်တာဆိုတာရယ်၊ ချန်နယ်လေးကို နေ့တိုင်း ပုံမှန်လေးဝင်ကြည့်ပေးဖို့ ပြောပြီး ထပ် share ပေးကြပါဦးခင်ဗျာ)

ကျွန်တော်တို့ မြောင်-Myaung ချန်နယ်မှာ လွန်ခဲ့တဲ့နှစ်ရက်ကစပြီး view တွေရော watch hours တွေပါ ပြန်ထိုးကျနေပါတယ် ခင်ဗျာအသစ...
29/05/2023

ကျွန်တော်တို့ မြောင်-Myaung ချန်နယ်မှာ လွန်ခဲ့တဲ့နှစ်ရက်ကစပြီး view တွေရော watch hours တွေပါ ပြန်ထိုးကျနေပါတယ် ခင်ဗျာ

အသစ်ဝင်ကြည့်စရာ ကုန်သွားရင်လည်း အဟောင်းလေးတွေ ကို နေ့တိုင်း ပြန်ဖွင့်ပြီး view ပြန်များလာအောင် ဝိုင်းကူပေးကြပါဦးနော် ❤️

View ပုံမှန်ဖြစ်မှ ads limit ဖြစ်နေတာ ရပ်ပြီး မြောင်မှာ ပန်းတွေပြန်ပွင့်လာနိုင်မှာမို့ပါခင်ဗျာ

*** android YouTube App နဲ့ ကလစ်နေကြတဲ့ ကလစ်ကာများအနေနဲ့ browser တစ်ခုခုကနေ ချန်နယ်ထဲကို desktop mode နဲ့ ဝင်ကြည့်ပေးပါ (အဲ့နည်းနဲ့ဆို ကြော်ငြာတက်ပါတယ်)***

IOS မှာတော့ ကြော်ငြာက တက်ပြီးသားပါ

(ဒါ့ကြောင့် အပန်းမကြီးဘူးဆိုရင် ဒီပို့စ်လေးကို ads limit ဖြစ်နေတာကြောင့် android မှာ ကြော်ငြာမတက်တာဆိုတာရယ်၊ ချန်နယ်လေးကို နေ့တိုင်း ပုံမှန်လေးဝင်ကြည့်ပေးဖို့ ပြောပြီး ထပ် share ပေးကြပါဦးခင်ဗျာ)

ကျွန်တော်တို့ မြောင်-Myaung ချန်နယ်မှာ အရင်နေ့တွေက view တွေ တအားထိုးတက်သွားပေမယ့် မနေ့ကစပြီး view တွေရော watch hours တွေပါ ပြန်ကျနေပါတယ် ခင်ဗျာ

အခုလို ချန်နယ်ထဲကို ဝင်ကြည့်တဲ့နှုန်းက အမြဲမငြိမ်ဖြစ်နေမယ်ဆိုရင် invalid traffic ဖြစ်ပြီး android မှာ ကြော်ငြာပြန်တက်ဖို့ မလွယ်ပါဘူးခင်ဗျာ

ကာကာတို့အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ချန်နယ်လေးကို ကြော်ငြာပြန်တက်နိုင်ဖို့ တနေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် အချိန်ပေးပြီး ဝင်ကြည့်ပေးပါ

ကာကာတို့အနေနဲ့လည်း ကလစ်တဲ့အခါမှာ လျှပ်စစ်မီးနဲ့ အင်တာနက် ဒေတာ အခက်အခဲရှိကြတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်
ဒါကြောင့် WiFi သမားတွေက ပိုအားစိုက်ပြီး ကလစ်ပေးကြပါဦးနော်
ဒေတာသမားတွေကတော့ မိနစ်အတိုတွေ ရွေးပြီးကလစ်ပေးပါ

ကာကာတို့ရဲ့ စုစည်းမှုနဲ့အားနဲ့ဆို ဘာမဆိုဖြစ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်
ကျွန်တော်တို့ဘက်က တင်ဆက်မှုနဲ့ ပတ်သက်ပြီး အခက်အခဲ၊ လိုအပ်ချက် တစုံတရာရှိရင်လည်း ပြောပေးသွားလို့ရပါတယ်

(အဆုံးထိ စာဖတ်ပြီးပြီဆိုရင် ပို့စ်အောက်မှာ တခုခုမန့်ပြီး ကာကာတို့ အားလုံးသိအောင် ဒီပို့စ်လေးကို လူသိများအောင် ရှဲပေးသွားကြပါဦးခင်ဗျာ)

“ဒရုန်းသယ် ကားဝယ်ဖို့ ကလစ်ကြစို့”The PDF Game လေးမှာ ကလစ်ပေးကြတဲ့ အမာခံကလစ်ကာများ၏ တစ်ပတ်အတွင်းအားများနဲ့ CDSOM အတွက် ဒရ...
27/05/2023

“ဒရုန်းသယ် ကားဝယ်ဖို့ ကလစ်ကြစို့”

The PDF Game လေးမှာ ကလစ်ပေးကြတဲ့ အမာခံကလစ်ကာများ၏ တစ်ပတ်အတွင်းအားများနဲ့ CDSOM အတွက် ဒရုန်းသယ်ဖို့နဲ့ စစ်ဆင်ရေးမှာ အသုံးပြုဖို့ ကားလေး ဝယ်ချင်ပါတယ်။ The PDF Game မှာ တစ်ပတ်အတွင်း ရတဲ့ ငွေရဲ့ ၅၀% ကို CDSOM ကားဝယ်ဖို့ ရမှာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း ကလစ်အားလေးက CDSOM အတွက် လိုအပ်ချက်လေးတစ်ခုကို အများကြီး အထောက်အကူဖြစ်စေမှာပါ။ အချိန်က မေလ ၂၅ ရက် ည ၁၀နာရီခွဲကနေ ဇွန်လ ၁ ရက် ည၁၀ နာရီခွဲ အထိပဲဆိုတော့ ရှိတဲ့ ကျန်တဲ့ အချိန်လေးမှာ ဝိုင်းဝန်းကြီး ကလစ်ပေးကြဖို့ မေတ္တာရပ်ခံ ပူဆာပါရစေ။

#ဒရုန်းသယ်ကားဝယ်ဖို့ကလစ်ကြစို့



https://m.facebook.com/story.php?story_fbid=172055079162532&id=100090741235330&mibextid=Nif5oz

ဒီနေ့ည ကိုးနာရီ မြောင်-Myaung ချန်နယ်မှာ ဆရာ မောင်ဝံသရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု (အပိုင်း ၆) ပြန်လာပါမယ်...
25/05/2023

ဒီနေ့ည ကိုးနာရီ မြောင်-Myaung ချန်နယ်မှာ ဆရာ မောင်ဝံသရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု (အပိုင်း ၆) ပြန်လာပါမယ် ခင်ဗျာ

ကလစ်ကာများအားလုံး စောင့်မျှော်အားပေး နားဆင်ပေးကြပါဦးနော်

ဒီနေ့ည တင်ဆက်မှာကတော့ အားလုံးတောင်းဆိုနေတဲ့ ယမကာလုလင် (အစ - အဆုံး) ကို ပြန်လည် နားထောင်ကြရမှာပါယမကာလုလင် ဝတ္ထုကို တပိုင်...
22/05/2023

ဒီနေ့ည တင်ဆက်မှာကတော့ အားလုံးတောင်းဆိုနေတဲ့ ယမကာလုလင် (အစ - အဆုံး) ကို ပြန်လည် နားထောင်ကြရမှာပါ
ယမကာလုလင် ဝတ္ထုကို တပိုင်းစီ တင်ဆက်နေချိန်အတွင်း အားပေးတောင်းဆိုခဲ့ကြတဲ့ ကလစ်ကာများအားလုံး တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်

ဆက်လက်ပြီး သတင်းကောင်းပါးလိုတာကတော့ ကြည့်ရှုသူဦးရေနဲ့ ကြည့်ရှုချိန်နှုန်းက အနည်းငယ် ပြန်တက်လာပါပြီ
ဒါကြောင့် အခုလိုပဲ နေ့စဥ် ပုံမှန်လေး အားစိုက် ကလစ်ပေးကြပါ
ဒါဆို မကြာမီ မြောင်မှာ တမာတွေ ပြန်ပွင့်လာတော့မှာပါ

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီနေ့ ညနေ (၆:၀၀) နာရီကစပြီး ယမကာလုလင်ရဲ့ အသံတင်ဆက်သူ ကိုကိုရာဟုနဲ့အတူ ရှိနေပါမယ်နော်

ဒီနေ့ည ၇ နာရီခွဲမှာ ယမကာလုလင် ဇာတ်သိမ်းပိုင်း လာမယ်အားပေးဖို့ အသင့်နော် ကာကာတို့ရေ ..ယမကာလုလင်ဝတ္ထု ဖတ်ပြခဲ့တာနဲ့ ပတ်သက်...
21/05/2023

ဒီနေ့ည ၇ နာရီခွဲမှာ ယမကာလုလင် ဇာတ်သိမ်းပိုင်း လာမယ်
အားပေးဖို့ အသင့်နော် ကာကာတို့ရေ ..

ယမကာလုလင်ဝတ္ထု ဖတ်ပြခဲ့တာနဲ့ ပတ်သက်ပြီး မှတ်မိနေတာလေးတွေ၊ ရယ်စရာလေးတွေရှိရင်လည်း ပြောသွားခဲ့ပါဦး

ကျွန်တော်တို့ မြောင်-Myaung ချန်နယ်မှာ အရင်နေ့တွေက view တွေ တအားထိုးတက်သွားပေမယ့် မနေ့ကစပြီး view တွေရော watch hours တွေ...
19/05/2023

ကျွန်တော်တို့ မြောင်-Myaung ချန်နယ်မှာ အရင်နေ့တွေက view တွေ တအားထိုးတက်သွားပေမယ့် မနေ့ကစပြီး view တွေရော watch hours တွေပါ ပြန်ကျနေပါတယ် ခင်ဗျာ

အခုလို ချန်နယ်ထဲကို ဝင်ကြည့်တဲ့နှုန်းက အမြဲမငြိမ်ဖြစ်နေမယ်ဆိုရင် invalid traffic ဖြစ်ပြီး android မှာ ကြော်ငြာပြန်တက်ဖို့ မလွယ်ပါဘူးခင်ဗျာ

ကာကာတို့အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ချန်နယ်လေးကို ကြော်ငြာပြန်တက်နိုင်ဖို့ တနေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် အချိန်ပေးပြီး ဝင်ကြည့်ပေးပါ

ကာကာတို့အနေနဲ့လည်း ကလစ်တဲ့အခါမှာ လျှပ်စစ်မီးနဲ့ အင်တာနက် ဒေတာ အခက်အခဲရှိကြတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်
ဒါကြောင့် WiFi သမားတွေက ပိုအားစိုက်ပြီး ကလစ်ပေးကြပါဦးနော်
ဒေတာသမားတွေကတော့ မိနစ်အတိုတွေ ရွေးပြီးကလစ်ပေးပါ

ကာကာတို့ရဲ့ စုစည်းမှုနဲ့အားနဲ့ဆို ဘာမဆိုဖြစ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်
ကျွန်တော်တို့ဘက်က တင်ဆက်မှုနဲ့ ပတ်သက်ပြီး အခက်အခဲ၊ လိုအပ်ချက် တစုံတရာရှိရင်လည်း ပြောပေးသွားလို့ရပါတယ်

(အဆုံးထိ စာဖတ်ပြီးပြီဆိုရင် ပို့စ်အောက်မှာ တခုခုမန့်ပြီး ကာကာတို့ အားလုံးသိအောင် ဒီပို့စ်လေးကို လူသိများအောင် ရှဲပေးသွားကြပါဦးခင်ဗျာ)

16/05/2023

ဒီနေ့ မြောင်ချန်နယ်က အရင်နေ့တွေကထက် view နှစ်ဆကျော် သုံးဆနီးပါး ပြန်ထိုးတက်လာပါတယ်
ငွေရနှုန်းလည်း အရင်ကထက် ပိုများလာပါတယ်

အခု ဒီနှုန်းအတိုင်း ဆက်ထိန်းထားနိုင်ရင် Android မှာ ads limit ထိနေတာကနေ ကြော်ငြာ အမြန် ပြန်ဝင်လာမှာပါ
အဲ့ဒီနှုန်းထက် ပိုနည်းသွားရင်တော့ invalid traffic ဆက်ဖြစ်ပြီး android မှာ ကြော်ငြာပြန်ရဖို့ ကြာပါဦးမယ်

ဒါကြောင့် ကလစ်ကာတို့ကို အခုလိုပဲ အားစိုက်ပြီး ကြော်ငြာပြန်ဝင်လာတဲ့အထိ ဆက်ကလစ်ပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ ..

အကျဥ်းထောင်ဆိုတာ ဘယ်လိုနေရာမျိုးပါလဲ။ ရာဇဝတ်သား မဟုတ်တဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ဘယ်လိုဆက်ဆံကြလဲ။ ဟံသာဝတီ ဦးဝင်းတင်ဆို...
12/05/2023

အကျဥ်းထောင်ဆိုတာ ဘယ်လိုနေရာမျိုးပါလဲ။ ရာဇဝတ်သား မဟုတ်တဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ဘယ်လိုဆက်ဆံကြလဲ။

ဟံသာဝတီ ဦးဝင်းတင်ဆိုတာ ထင်ရှားတဲ့ သတင်းစာဆရာတစ်ယောက်ဖြစ်သလို ထောင်တွင်းနှစ်ပေါင်း နှစ်ဆယ်နီးပါး အကျဉ်းကျခံခဲ့ရတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အမှန်တရားအတွက် ဘာကိုမှ ဒူးမထောက်ခဲ့သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

"နိုင်ငံရေးအကျဥ်းသားများအားလုံး မလွတ်မချင်း ထောင်အင်္ကျီ အပြာရောင်ကို မချွတ်ဘူး" လို့ ဆိုခဲ့ပြီး သေသည်အထိ ထောင်အင်္ကျီအပြာကို မချွတ်ခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကတော့ သူကိုယ်တိုင်ကြုံခဲ့ရတဲ့ထောင်ဆိုတာကို -

"အရိုင်းဘုံ၊ ဆင်းရဲဘုံ၊ အကြမ်းဖက်ဘုံ၊ အဓမ္မဘုံ၊ ပရိဒေဝဘုံ၊ အငတ်ဘုံ၊ နလပိန်းတုံးဘုံ၊ အာဃာတဘုံ၊ သောက်ရမ်းဘုံ၊ ဘုရင်ရူးဘုံ၊ ဒုစရိုက်ချားရဟက်ဘုံ၊ သေမင်းတမန်ဘုံ၊ရန်ငါဘုံ၊ အနိဌာရုံဝိသေသတွေနဲ့ ထုံလွှမ်းနေတဲ့လူတွေဖန်တီးတဲ့ငရဲ၊ 'လူ့ငရဲ' ဘုံမိုက်ဘုံဆိုးကြီး" လို့ အမှတ်သညာပြုခဲ့ပါတယ်။

ဦးဝင်းတင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ "လူ့ငရဲ" ဟာ အခုထက်ထိ ရှိနေဆဲဖြစ်ပြီး အာဏာရှင်ကို တော်လှန်နေကြတဲ့ ပြည်သူ့တော်လှန်ရေး အရေးတော်ပုံတပ်သားတွေကို အာဏာရှင်တွေအလိုကျ ဖိနှိပ်ရာ၊ နှိပ်စက်ညှင်းပန်းရာ နေရာအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ "ဘာလဲဟဲ့ လူ့ငရဲ" အသံစာအုပ်ကို အသံတင်ဆက်သူအဖြစ် James မှ ဖတ်ပြထားပြီး မနက်ဖြန် မေလ ၁၃ ရက်နေ့၊ မနက် (၈:၀၀) နာရီအချိန် ကျွန်တော်တို့ရဲ့ မြောင်ချန်နယ်မှာ တင်ဆက်သွားမှာ ဖြစ်လို့ ကလစ်ကာများအနေနဲ့ စောင့်မျှော်အားပေး နားဆင်ပေးကြပါဦး ခင်ဗျား။

#ဟံသာဝတီဦးဝင်းတင် #ဘာလဲဟဲ့လူ့ငရဲ #အသံဝတ္ထု
#မြောင်

Android မှာ ကြော်ငြာမတက်လို့ Click For Myaung (C4M) မြောင်-Myaung ချန်နယ်ကို browser တစ်ခုခုကနေ desktop mode နဲ့ ဝင်ကြည့...
11/05/2023

Android မှာ ကြော်ငြာမတက်လို့ Click For Myaung (C4M) မြောင်-Myaung ချန်နယ်ကို browser တစ်ခုခုကနေ desktop mode နဲ့ ဝင်ကြည့်ပေးပါနော်

Ads တွေ အမြန်ပြန်တက်ဖို့ ကာကာတို့ကို အားကိုးပါတယ် ❤️

ကျွန်တော်တို့ မြောင်ချန်နယ်က android မှာ ads limit ထိနေတာ အတော်ကြာပါပြီAds limit ထိတဲ့ အကြောင်းအရင်းက တစ်နေ့နဲ့ တစ်နေ့ ဝ...
10/05/2023

ကျွန်တော်တို့ မြောင်ချန်နယ်က android မှာ ads limit ထိနေတာ အတော်ကြာပါပြီ
Ads limit ထိတဲ့ အကြောင်းအရင်းက တစ်နေ့နဲ့ တစ်နေ့ ဝင်ရောက်ကြည့်ရှုတဲ့ဦးရေက ပုံမှန်မဟုတ်လို့ပါ
အဲ့ဒီလိုမျိုး ကလစ်ကာတွေ ပုံမှန်မဝင်တာမျိုးက အခုထိ ဖြစ်နေတုန်းပါပဲ
ဒါကြောင့် YouTube က invalid traffic ဆိုပြီး android မှာ ads limit လုပ်ထားတာပါ

လတ်တလော Android မှာ ads limit ဖြစ်နေတာကို ဖြေရှင်းနိုင်မယ့်နည်းကတော့ လွယ်ပါတယ်
ကလစ်ကာတွေအနေနဲ့ ကျွန်တော်တို့ချန်နယ်က audiobooks တွေကို ဝင်ရောက်နားဆင်မယ်ဆိုရင် မိမိတို့ အသုံးပြုနေတဲ့ဖုန်းရဲ့ browser တစ်ခုခုကနေ desktop mode on ပြီး ဝင်ကြည့်ပေးဖို့ပါပဲ

Android မှာ Ads limit ဖြစ်နေတာကို ပုံမှန်အတိုင်း ကြော်ငြာ အမြန်ပြန်တက်စေချင်ရင်တော့ ကလစ်နေကျ ကာကာတို့ကိုပဲ အားကိုးရမှာပါ
အရင်ကြည့်နေသလိုမျိုးပဲ (Premium VPN) ခံပြီး နေ့တိုင်း ပုံမှန်လေး (အားစိုက်ပြီး) ဝင်ကြည့်ပေးနေရင်ပဲ အဆင်ပြေပါပြီ
အဲ့ဒါဆို android မှာ ကြော်ငြာ အမြန်ပြန်တက်လာမှာပါ

နောက်ပြီး ကာကာတို့ကို အကူအညီ တောင်းချင်တာလေးတစ်ခုရှိပါတယ်
ကျွန်တော်တို့ရဲ့ page က reach ချခံထားရလို့ ဒီပို့စ်လေးကို တွေ့တာနဲ့ comment တစ်ခုခု ဝင်ရေးသွားပေးပါ
(အစက်ချလိုက်ရင်လည်း အဆင်ပြေပါတယ်)
ကလစ်ကာတွေကြားထဲမှာ ကျွန်တော်တို့ ချန်နယ်ရဲ့အကြောင်း ပိုမိုသိရှိသွားအောင် ဒီပို့စ်ကို share ပေးမယ်ဆိုရင်တော့ ပိုကျေးဇူးတင်မိမှာပါ

အားစိုက်ပြီး ကလစ်ပေးနေကြတဲ့ မြောင်ချန်နယ်ရဲ့ အမာခံကလစ်ကာများ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

07/05/2023

စာရေးဆရာ မင်းလူရဲ့ ယမကာလုလင်စာအုပ်ကို နားဆင်စေချင်ပါတယ်ဆိုပြီး မြောင်ချန်နယ်မှာ လာရောက်တောင်းဆိုထားတဲ့ comment လေးများကို ပရိသတ်များကို ကျေးဇူးအထူးတင်ရှိပါတယ်

ဒီ "ဝတ္ထုတောင်းပေးခြင်း အစီအစဥ်" မှာ ပါဝင်တောင်းဆိုထားတဲ့ comment များကို ကိုရာဟုမှ ပြန်လည်ဖတ်ပြပေးထားပါတယ်

ဆရာ မင်းလူရဲ့ ယမကာလုလင် ဝတ္ထုကို ယနေ့ မေလ (၇) ရက်နေ့ ည (၇:၃၀) အချိန် မြောင်ချန်နယ်မှာ စတင်တင်ဆက်သွားမှာဖြစ်လို့ အားပေးနားဆင်ချင်ပါတယ်လို့ ပါဝင်တောင်းဆိုထားကြတဲ့ ချစ်ရတဲ့ကာကာများ အားလုံး နားဆင်ကြည့်ကြပါဦးနော် ..

#မင်းလူ #ယမကာလုလင် #အသံဝတ္ထု
#မြောင်

ယမကာလုလင်တွေဆိုတာ စည်းကမ်းရှိရှိသောက်ရင် အရမ်းချစ်စရာကောင်းပါတယ်အရက်တူတူသောက်ရင်၊ ခရီးအတူတူသွားရင် အချင်းချင်း ကြားမှာ ခ...
05/05/2023

ယမကာလုလင်တွေဆိုတာ စည်းကမ်းရှိရှိသောက်ရင် အရမ်းချစ်စရာကောင်းပါတယ်
အရက်တူတူသောက်ရင်၊ ခရီးအတူတူသွားရင် အချင်းချင်း ကြားမှာ ခပ်မြန်မြန် ရင်းနှီးလွယ်ပါတယ် ခင်ဗျ

အက်ဒမင်တွေကတော့ ဘယ်လောက်သောက်သောက် မမူးဘူး ပြောတဲ့သူရယ် ၊ "ဘီယာဆို လာထား" ဆိုတဲ့သူရယ်၊ ဝီစကီကို သံပုရာသီးလေး၊ ဆားလေးနဲ့ တို့တို့ပြီး မြည်းတတ်တဲ့သူရယ် ပါတယ်ဗျ

မြောင် ပရိသတ်ကြီးကရော "ဘယ်လို ယမကာလုလင်တွေများလဲ" ဆိုတာ အချင်းချင်း မျှဝေပေးရင်းနဲ့ ဒီတစ်ပတ် အထူးအစီအစဉ်အနေနဲ့ မြောင်ပရိသတ်တွေ အချင်းချင်း ဝတ္ထု တောင်းပေးခြင်း အစီအစဉ်လေးမှာ ပါဝင်နိုင်ပါပြီ

ပါဝင်ရမယ့် ပုံစံကတော့ အခုတင်ထားတဲ့ပို့စ်အောက်မှာ "ဘယ်သူက ဘယ်သူ့အတွက် ဒီယမကာလုလင် စာအုပ်ကို နားဆင်စေချင်ပါတယ်" လို့ comment ရေးကာ တောင်းဆိုသွားနိုင်ပါတယ်။

မြောင်ပရိသတ်တွေ ရေးထားတဲ့ comment တွေထဲက အကောင်းဆုံး အရယ်ရဆုံး comment (၁၅) ခုကို ကာကာတို့ရဲ့ အချစ်တော် ကိုကိုရာဟုက "ဝတ္ထုတောင်းပေးခြင်း အစီအစဉ်" မှာ ထည့်သွင်းရွတ်ဖတ်သွားမှာ ဖြစ်ပါတယ်

အဲ့တော့ မြောင်ရဲ့ ဒီ "ဝတ္ထုတောင်းပေးခြင်း အထူးအစီအစဥ်" မှာ လက်မနှေးဘဲ အမြန်ပါဝင် comment ရေးပြီး လာတောင်းဆိုလိုက်တော့နော် ..

#မင်းလူ #ယမကာလုလင် #ဝတ္ထုတောင်းပေးခြင်းအစီအစဥ်
#မြောင်

မြောင်ချန်နယ်က ကလစ်ကာများအားလုံး မင်္ဂလာပါအခုတခေါက် ထပ်မံ တင်ဆက်ပေးသွားမယ့် စာအုပ်ကတော့ ဆရာ မောင်ဝံသရဲ့ ၁၉၇၉ ခုနှစ်မှ ၁၉...
03/05/2023

မြောင်ချန်နယ်က ကလစ်ကာများအားလုံး မင်္ဂလာပါ

အခုတခေါက် ထပ်မံ တင်ဆက်ပေးသွားမယ့် စာအုပ်ကတော့ ဆရာ မောင်ဝံသရဲ့ ၁၉၇၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ၁၆ အုပ် ထုတ်ဝေခဲ့သော ရှေ့နေကြီးပယ်ရီမေဆင်၏ စာအုပ်တွဲများတွင် ပထမဆုံးသောလက်ရာဖြစ်သည့် "ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု" စာအုပ် ဖြစ်ပါတယ်။

အသံဇာတ်လမ်းတွင် သေတမ်းစာနှင့် ခွေးအူသံအားအကြောင်းပြု၍ ရှေ့နေကြီး ပယ်ရီမေဆင်ထံ ရောက်လာသည့် အာသာကက်ထရိုက်မှ အစပျိုးကာ လူသတ်မှုဖြစ်ပွားကြပုံကို နားဆင်ကြရမည် ဖြစ်ပါသည်။

ယခု စုံထောက်ဝတ္ထု အသံဇာတ်လမ်းတွင် အသံတင်ဆက်သူအဖြစ် နွေဦးကိုကိုက ပါဝင်အားဖြည့်ထားပြီး အသံဇာတ်လမ်းအား မနက်ဖြန် မေလ (၄) ရက်နေ့ ည (၉:၀၀) နာရီအချိန်တွင် စတင် တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်နားဆင်ပေးကြပါဦးနော် ...

#မောင်ဝံသ #ရှေ့နေကြီးပယ်ရီမေဆင်နှင့်ခွေးအူသံအမှု #စုံထောက်ဝတ္ထု
#မြောင်

28/04/2023

ကိုနွေလင်းဟန်သည် အဘယ့်ကြောင့် လူပျိုကြီးလုပ်၍ နေပါသနည်း - အပိုင်း(၁)
=============================

အားလုံးပဲ မင်္ဂလာပါ။ ကျနော် နွေလင်းဟန်ပါ။ အခု ကျနော် ဖတ်ပြတင်ဆက်ပေးသွားမှာကတော့ ဆရာကြီးရွှေဥဒေါင်းရဲ့ 'မောင်စံရှားသည် အဘယ့်ကြောင့် လူပျိုကြီးလုပ်၍နေပါသနည်း’ ဆိုတဲ့ ဝတ္ထုတိုပဲ ဖြစ်ပါတယ်။ အားပေးနားဆင်ကြပါဦး ခင်ဗျာ။

ဟာ၊ မောင်စံရှား လူပျိုကြီးလုပ်တဲ့အကြောင်းက မြောင်ချယ်နယ်မှာ အချိန်မရွေး နားထောင်လို့ရပါတယ်ဗျ။ ကိုနွေလင်းဟန် လူပျိုကြီးလုပ်ရတဲ့အကြောင်းလေးပဲ ပြောပြပါလား။

ဟင်၊ ကိုနွေလင်းဟန်က လူပျိုကြီးမှန်း ဘယ်လိုလုပ် သိတာလဲ။

ဪ၊ ဒီလောက် Audio Books တွေ အဆက်မပြတ် ဖတ်ပြနေနိုင်တာ လူပျိုကြီးမို့လို့ပဲပေါ့။ အသံပါဝါကလည်း လူပျိုကြီးတစ်ယောက်ရဲ့ အသံပါဝါမျိုး နားထဲကိုစိမ့်နေတာလေ။

အို၊ တော်လှချေတကား။

တော်မှာပေါ့၊ မောင်စံရှားဝတ္ထုတွေ အရည်ကျိုသောက်ထားတာကိုး။

ကျုပ်နဲ့ခင်ဗျား သိလာတာကြာပြီဆိုပေမယ့် ခင်ဗျားကို ကျုပ် အခုပြောမယ့်အကြောင်းအရာတွေ တစ်ခါမှ မပြောပြရသေးဘူးဗျာ။
**************

နွေရာသီ ပူပူလောင်လောင်ရှိနေစဉ်တွင် အီးပီစီမီး ဖြတ်ထားသည့် အခိုက်အတန့် ဖြစ်နေလေရာ ကိုနွေလင်းဟန်မှာ မအလ အသက် (တေဂျင်းဇိုး၊ ကာလနာ၊ ဒရုန်းကိုက်) ဟုရေးထားသော အသုဘတစ်ခုမှကမ်းသည့် ယပ်တောင်လေးကို တဖျပ်ဖျပ်ခတ်ရင်း အဝေးတစ်နေရာသို့ ခပ်ဆွေးဆွေး ငေးကြည့်နေလေ၏။ အဝေးတစ်နေရာဟု ဆိုလိုက်ရပါသော်လည်း ပတ်ဝန်းကျင်တစ်ခွင်လုံး တောကြီးမျက်မည်းကဲ့သို့ ပိန်းပိတ်အောင် မှောင်လျက်သားရှိရာ အဝေးပဲကြည့်ကြည့် အနီးပဲကြည့်ကြည့် မှောင်မှောင်နှင့် မည်းမည်းချည်းသာ ဖြစ်နေလေ၏။

"မြို့ပြလို့ ပြောလည်းပဲ အမှန်တကယ်တမ်းတော့၊ တောနက်ကြီးတစ်ခုလိုပါပဲ”

21.22 MHz Channel မှ cover song လေးတစ်ပုဒ် ကိုနွေလင်းဟန် ဖုန်းထဲမှ ထွက်ပေါ်လာနေသည်။

ထိုစဉ် ကိုနွေလင်းဟန်သည် အဝေးတစ်နေရာကို ငေးကြည့်နေရာမှ ရုတ်တရက် သတိဝင်လာပြီး သီချင်းကို ဆတ်ခနဲ ပိတ်လိုက်သည်။

"ဟိုက် ဒေတာနဲ့ ဖွင့်နေမိတာဟ”

ကျွန်ုပ်သည်လည်း ကိုနွေလင်းဟန် ဂဏာမငြိမ်ဖြစ်နေသည်ကို သတိထားမိသဖြင့် စိတ်သက်သာရာရစေရန် စောစောက မေးခွန်းကိုပင် ပြန်မေးလိုက်သည်။

"ကိုနွေလင်းဟန် လူပျိုကြီးလုပ်ရတဲ့အကြောင်း ပြောပြမယ်ဆို”

ကိုနွေလင်းဟန်က ကျွန်ုပ်ကို လက်ကာပြလိုက်ပြီး လက်ကိုင်ဖုန်းထဲမှ ဂယ်လာရီကိုဖွင့်ကာ ဓာတ်ပုံလေးတစ်ပုံကို ထုတ်ပြလေသည်။

"ဒီလို အမျိုးသမီးမျိုးကို ချစ်ဖူးကြိုက်ဖူးခဲ့တဲ့သူက နောက်ထပ်အမျိုးသမီးတွေကို ထပ်ပြီးတော့ ချစ်ကြိုက်နိုင်ပါဦးမလားဗျာ”

ကိုနွေလင်းဟန်က ဓာတ်ပုံကို တစိမ့်စိမ့်ကြည့်ရင်း ချီးမွန်းခန်းဖွင့်နေလေတော့၏။ ကျွန်ုပ်လည်း အီးပီစီမီး ဖြတ်ထားသည့်အချိန်ဖြစ်သောကြောင့် အထွေအထူး လုပ်စရာမရှိဘဲ ဖြစ်နေလေရာ ကိုနွေလင်းဟန်ပြသောဓာတ်ပုံကို ယူကြည့်လိုက်မိသည်။

"ဟင် ဟန်နီနွေဦးပါလား”

ကျွန်ုပ်က အံဩတကြီးရေရွတ်လိုက်မိရာ ကိုနွေလင်းဟန်က မအလယပ်တောင်ကြီးကို တဖျပ်ဖျပ်ခတ်လျက် ငါးစင်ရိုင်းပြုံးလေး ပြုံးပြရင်း ကြည့်နေသည်။

"ဟင် ခင်ဗျာပြောတော့ မောင်စံရှားဝတ္ထုတွေ အရည်ကြိုသောက်ထားဆို၊ အခုတော့ ဟန်နီနွေဦးမှန်း ဟန်နီမိုးဦးမှန်း မခွဲတတ်တော့ပါလားဗျ”

ကိုနွေလင်းဟန်က ရယ်သံမှာ လှောင်သံစွက်လျက် အကွက်ဝင်တုန်း ကျွန်ုပ်ကို ခပ်နာနာလေး နှက်လိုက်သည်။

"ခင်ဗျားပြောချင်တာက ဟန်နီနွေဦးမှာ အမြွှာညီအစ်မ ရှိတယ်လို့ ဆိုလိုချင်တာလား”

"သိပ်မှန်တာပေါ့ဗျာ၊ ဒါ ဟန်နီနွေဦးရဲ့ အမြွှာညီမ ဟန်နီမိုးဦးတဲ့”

"မဖြစ်နိုင်တာ၊ တစ်ခါမှ မကြားဖူးဘူး”

ကျွန်ုပ်က အသံကိုမြှင့်ပြီးပြောလိုက်ရာ ကိုနွေလင်းဟန်မှာ မျက်နှာထားကို ပြန်တည်လိုက်ပြီး သူဖုန်းထဲက ဓာတ်ပုံလေးကို zoom ဆွဲပြသည်။

"ဒါဘာလဲ”

"နားရွက်လေ”

"အဲ့ဒါတော့ ခင်ဗျားပြောမှလား၊ အဲ့ဒိနားရွက်က ဘာထူးခြားလဲ၊ သေချာကြည့်စမ်း”

ကိုနွေလင်းဟန်က အလွန်တရာ ခက်ခဲနက်နဲသော မေးခွန်းကိုမေးလိုက်ပါသော်လည်း ကျွန်ုပ်မှာ ဟန်နီနွေဦး၏ အမာခံပန်ကာတစ်ယောက် ဖြစ်နေလေရာ ကွာခြားချက်ကို ချက်ချင်း သိလိုက်လေသည်။

"ဟင် နားရွက်မှာ အဖုလေး မပါပါလား”

ထိုအခါကျမှ ကိုနွေလင်းဟန်က ကျေနပ်သွားဟန်ဖြင့်

"ခင်ဗျားနဲ့ကျုပ်သိတာ သိပ်မကြာသေးပေမယ့် ခင်ဗျားရဲ့တွေးခေါ်စဉ်းစားပုံက ကျုပ်လောက်နီးနီး တိုးတက်လာနေပြီပဲဗျ”

ဟု ချီးကျူးထောပနာ ပြုသည်။ ကျွန်ုပ်မှာ အနှက်ခံရလိုက်၊ ချီးကျူးခံရလိုက် ဖြစ်နေရကား အားတိုင်းယားတိုင်း မီးဖြတ်နေသော အီးပီစီကိုသာ ကြိတ်ဆဲနေမိတော့၏။

"ဟန်နီနွေဦးရဲ့ အမြွှာညီမ ရှိတယ်ဆိုတာ လက်ခံပါပြီ၊ ဒါပေမယ့် နာမည်က ဘာကြောင့် နွေဦးနဲ့မိုးဦးဆိုပြီး တစ်ရာသီစာလောက် ကွာဟနေရတာလဲ”

ကျွန်ုပ်က စောဒကတက်ဟန်ဖြင့် မေးလိုက်ရာ ကိုနွေလင်းဟန်က မအလယပ်တောင်ကိုတဖျတ်ဖျတ်ခပ်လျက် အားမလိုအားမရဟန်ဖြင့် ကျွန်ုပ်ကိုကြည့်လျက်

"တော်ပါတယ်လို့ ချီးကျူးလိုက်ခါမှ ခင်ဗျားက လျှော်ထွက်သွားပြန်ပါပြီ၊ နွေဦးရာသီရဲ့ နောက်ဆုံးညနဲ့ မိုးဦးရာသီရဲ့ အစောဆုံးမနက်ခင်း အချိန်မှာမွေးလို့ ဟန်နီနွေဦးနဲ့ ဟန်နီမိုးဦးဆိုပြီး မှည့်ထားတာဗျ”

"အင်း ဒီလိုဆိုတော့လည်း ဟုတ်ပေသားပဲနော်”

(ဆက်ရန်)

ဘုတ် ဘုတ် ပဲနော် အွန့်
25/04/2023

ဘုတ် ဘုတ် ပဲနော်

အွန့်

သရဲ ၊ တစ္ဆေ ဝတ္ထုတွေကို ဆရာမကြီး ဒဂုန်ခင်ခင်လေးက သူ့ရဲ့ ကလောင်ခွဲတခုဖြစ်တဲ့ ကိုကိုလေး ကလောင်နဲ့ ၁၉၃၃ ခုနှစ် အသက် (၂၇)နှစ...
21/04/2023

သရဲ ၊ တစ္ဆေ ဝတ္ထုတွေကို ဆရာမကြီး ဒဂုန်ခင်ခင်လေးက သူ့ရဲ့ ကလောင်ခွဲတခုဖြစ်တဲ့ ကိုကိုလေး ကလောင်နဲ့ ၁၉၃၃ ခုနှစ် အသက် (၂၇)နှစ်အရွယ်မှာ စတင်ရေးသားခဲ့တာဖြစ်ပါတယ်။

အခုလို သိပ္ပံခေတ်မှာ ယုံနိုင်ဖွယ်မရှိတဲ့ ဂမ္ဘီရလောက၊ နာနာဘာဝ အကြောင်းတွေကို ယုတ္တိယုတ္တာ တန်တန်နဲ့ စုန်း၊ ကဝေ၊ သရဲ၊ တစ္ဆေတွေကို တကယ် ကိုယ်တွေ့ကြုံနေရသလိုမျိုး ကျောချမ်းစရာကောင်းလောက်အောင် ရေးသားနိုင်တဲ့ ဆရာမကြီးရဲ့ ကလောင်စွမ်းကလည်း အတော်အံ့ဩဖို့ ကောင်းပါတယ်။

တခြား ပေါပေါပဲပဲ သရဲဝတ္ထုတွေနဲ့ ကွာတဲ့အချက်က ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ သိုက်သမိုင်း၊ မိစ္ဆာနတ်ဆိုး၊ စုန်းကဝေ၊ တစ္တေသရဲ၊ ပြိတ္တာ၊ မှင်စာ၊ နာနာဘာဝ တို့နဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတွေကို အားရပါးရ ဖတ်ချင်သူတွေ အတွက် အကြိုက်တွေ့စေမယ့် စာအုပ်တစ်အုပ်ပါ။

ဒီလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆရာမကြီး ဒဂုန်ခင်ခင်လေး (ကိုကိုလေး) ရဲ့ "မှော်ဆရာမှတ်တမ်း ဝတ္ထုတိုပေါင်းချုပ်" စာအုပ်မှ "ချစ်သူ့လိပ်ပြာ" ဝတ္ထုတိုကို ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ အသံတင်ဆက်သူအဖြစ် ကိုနွေလင်းဟန်က ဖတ်ပြပေးထားပါတယ်။

ဒီအသံဇာတ်လမ်းကို "Click For Myaung" YouTube Channel မှာ မနက်ဖြန် ဧပြီလ ၂၂ ရက်နေ့၊ ည (၈း၀၀) နာရီ အချိန်ကနေစတင်ပြီး တင်ဆက်ပေးသွားမှာဖြစ်တာမို့ ဆက်ဆက် စောင့်မျှော်အားပေးကြပါဦးနော် ..

ဆရာကြီး ဒဂုန်ရွှေမျှားဆိုတာနဲ့ စာဖတ်သူ ကလစ်ကာ တော်တော်များများက ဘာသာပြန်၊ ဂမ္ဘီရ၊ လျှို့ဝှက်သည်းဖို၊ ပရလောက ဇာတ်လမ်းတွေန...
19/04/2023

ဆရာကြီး ဒဂုန်ရွှေမျှားဆိုတာနဲ့ စာဖတ်သူ ကလစ်ကာ တော်တော်များများက ဘာသာပြန်၊ ဂမ္ဘီရ၊ လျှို့ဝှက်သည်းဖို၊ ပရလောက ဇာတ်လမ်းတွေနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ

အခုတခါမှာတော့ မြောင်ချန်နယ်မှာ တင်ဆက်ပေးသွားမယ့် အသံစာအုပ်ကတော့ ဆရာကြီး ဒဂုန်ရွှေမျှားရဲ့ ထင်ရှားတဲ့စာအုပ်တွေက တအုပ်ဖြစ်တဲ့ "ဝိညာဥ်လောက ဝတ္ထုတိုများ" စာအုပ်ထဲက "ညမဖတ်ရ (သို့မဟုတ်) သွေးစုပ်ရောဂါ" ဆိုတဲ့ ဇာတ်လမ်းလေးကို တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။ အသံတင်ဆက်သူအဖြစ် ကိုရာဟုက ဖတ်ပြပေးထားပါတယ်။

ဒီအသံဇာတ်လမ်းကို မနက်ဖြန်ည (၈:၀၀) နာရီအချိန် Click for Myaung YouTube Channel မှာ တင်ဆက်ပေးသွားမှာမို့ ဆက်ဆက်နားဆင်ပေးကြပါဦးနော်။

17/04/2023

"ကျောင်းသားအားမာန် တော်လှန်သင်္ကြန်" ခေါင်းစဥ်ဖြင့် သံချပ်ဧည့်ခံဖျော်ဖြေခြင်း

Myaung Education Network မြောင်ပညာရေးကွန်ရက် Youths for Community-YfC Myaung

#တော်လှန်သင်္ကြန်


Burmese Alphabet Concrete Visual Art နွေလင်းဟန် - လေရူး ❤️
17/04/2023

Burmese Alphabet Concrete Visual Art
နွေလင်းဟန် - လေရူး

❤️

အသံဝါကြီးနဲ့
စာတွေဖတ်ပြတတ်တဲ့
ကိုကိုနွေလင်းဟန်ကိုလည်း
စိတ်မှန်းနဲ့ ပုံဖော်လိုက်ပါတယ်။

နောက်ထပ်လည်း စာတွေအများကြီးကို
အသံဝါကြီးနဲ့ နားကြောစိမ့်နေအောင်
ဆက်ပြီးဖတ်ပြနိုင်ပါစေ။

We stand with you.
Fighting!

#နွေလင်းဟန်

ဒီချန်နယ်အတွက် အသံရှင်တွေဖတ်ဖို့ သရဲဝတ္ထု စာရွေးရုံပဲ ရှိသေးတာလေ ဘာလို့ ခြောက်တာလဲလို့ 🙄မနေ့က ပြန်ရောက်တာနောက်ကျ ၊ အိမ်ပ...
17/04/2023

ဒီချန်နယ်အတွက် အသံရှင်တွေဖတ်ဖို့ သရဲဝတ္ထု စာရွေးရုံပဲ ရှိသေးတာလေ ဘာလို့ ခြောက်တာလဲလို့ 🙄

မနေ့က ပြန်ရောက်တာနောက်ကျ ၊ အိမ်ပြန်တော့လည်း မြစ်ဘေးလမ်းကနေ မောင်းပြီးပြန်လာတာ အိမ်လည်းပြန်ရောက်ရော ယွကျားဖုန်းက ဘာမှ မထိရဘဲ ကင်မရာတွေထရိုက်တယ် တညလုံးသုံးလေးခါ🥴
အပြင်မှာ ထွက်ထိုင်နေကျ ကိုယ်တောင် လန့်လာလို့ အိပ်ခန်းထဲစောစောဝင်အိပ်ရတယ်😬
မနက်ကျတော့လည်း တံခါးမဖွင့်သေးဘဲ ယူကျူဖွင့်ဖို့လုပ်နေတုန်း ယွကျားဖုန်းက ဓာတ်ပုံရိုက်သံတွေ တချပ်ချပ် ထွက်လာပြန်ရော ဖုန်းကို ဖွင့်ပြီး refresh လုပ်တော့ သွားပွတ်တံက မော်တာနဲ့ဆိုတော့ ထမြည်ပြန်ရော တစ်ခါ ကင်မရာတွေထရိုက်ပြန်
ရော ကင်မရာပိတ်ပြီးတော့ သွားပွတ်တံ မော်တာထလည်ပြန်ရော🥴သုံးလေးခါဖြစ်သွားတယ်
အိမ်တံခါးတွေဖွင့်လိုက်မှပဲ အသံအကုန်ရပ်သွားတော့တယ်
ကြည့်ရတာ ပါလာပြီးပြန်ထွက်မရလို့ထင်တယ်😹 အခုတော့ အိမ်ထဲက ပြန်ထွက်သွားပါပြီ 😁မြောင်ချန်နယ်
တော်တော်စွမ်းနော်
နားထောင်မယ့်သူတွေရယ် ၊ အသံရှင်တွေရယ်လည်း သတိထားကြအုံး 😂
ပလုံဂျူဆာတော့ အခြောက်ခံပြီးသွားပြီ

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်​နေ့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်​နေ့တွင် ပြုသမျှ​​သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်...
17/04/2023

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်​နေ့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်​နေ့တွင် ပြုသမျှ​​သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်အားလုံးသည် ပဇီကြီး​ကျေးရွာတွင် အသက်ဆုံးရှုံးခဲ့​သော ပြည်သူများအား ရည်စူး​ကြောင်း ရှင်သန်တိုက်ပွဲဝင်​​နေ​သော ပြည်သူတစ်ရပ်လုံးနှင့် အတူ မြောင်-Myaung မှ သတ်မှတ်လိုက်သည်။



မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မဟာသင်္ကြန်စာ မဟာသင်္ကြန်ကျချိန် ၁၃၈၄ ခု၊ နှောင်းတန်ခူးလဆုတ် (၁၀) ရက် ခရစ်နှစ် ၂၀၂၃ ခုနှစ် ဧပြ...
16/04/2023

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်
မဟာသင်္ကြန်စာ

မဟာသင်္ကြန်ကျချိန်

၁၃၈၄ ခု၊ နှောင်းတန်ခူးလဆုတ် (၁၀) ရက် ခရစ်နှစ် ၂၀၂၃ ခုနှစ် ဧပြီလ (၁၄) ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီ (၁၂) မိနစ် (၈) စက္ကန့်

မဟာသင်္ကြန်အကြတ်ရက်

၁၃၈၄ ခု၊ နှောင်းတန်ခူးလဆုတ် (၁၁) ရက်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဧပြီလ (၁၅) ရက် စနေနေ့

မဟာသင်္ကြန်အတတ်ရက်

၁၃၈၄ ခု၊ နှောင်းတန်ခူးလဆုတ် (၁၂) ရက်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၆) ရက် တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည (၁၀) နာရီ (၁၆) မိနစ် (၄၉) စက္ကန့်

နှစ်ဆန်းတရက်

၁၃၈၅ ခု၊ တန်ခူးလဆုတ် (၁၃) ရက်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဧပြီလ (၁၇) ရက်၊ တနင်္လာနေ့

ဇေယျတုသဗ္ဗမင်္ဂလံ

ရောင်ခြည်တစ်ထောင်အလင်းဆောင်သော မြန်မာ ​ပြည်သူတို့ နှင့်ယှဉ်လျက် ဒီမိုကရေစီ အမည်ရှိသော တော်လှန်ဂြိုဟ်မင်းသည် ပြောက်ကျား အဝတ်တန်ဆာကို ဝတ်ဆင်လျက် Drone ကို စီး၍ လက်တဖက်ကား ၁၀၇ ရှော့တိုက်ဒုံး လက်တဖက်ကား မောင်းပြန်ရိုင်ဖယ် ​ကိုင်လျက် အညာဒေသမှသည် မြေလတ်တခွင်လှည့်ကာ တောင်ပိုင်းသို့ ဝင်တော်မူ၏။

​LVဒေဝီ ခေါဘဏီအမည်ရ ကြက်ကလီးမ ကား အလှည့်စေ့၍ ဗလာဒီမာငပူတင်း၏ မယားပါသား စတုမသာလပ်တီး အမည်ရှိသော ကြင်စိုးမင်း၏ ဘောပျော့တွဲ ကို ကမ်းသည်ရှိသော် သသက္ခံအမည်ရှိ ကြက်ကလီးမက ဆောင့်ကြောင့်ထိုင်၍ သေးပန်းရင်းမှ လက်လှမ်းလင့်၏။

အညာဒေဝီနတ်သမီးကား ပဒေသာ၊ အာပီဂျီ၊ ရှော့တိုက်၊ မောင်းပြန်၊ လေးပါးသော လက်နက်ကို ကိုင်လျက် ထိုစတုမသာလပ်တီးမင်းကို စောင့်လင့်၏။

တောင်ပိုင်းဒေဝီနတ်သမီးက ကော်ဘရာ၊ လိုင်းရင်း၊ ကျားသစ်နက်၊ ကျားဖြူ လေးပါးသော အခြံအရံတို့ဖြင့် မြေသြဇာအလောင်းအလျာများကို စောင့်လင့်၏။

ဒွေးမယ်နော်နတ်သမီးကား ငွေတောင်ပြည်တဝှမ်း KA အစွမ်းဖြင့် မုဆိုးမလောင်းလျာ လင်များအလာကို စောင်နီအုပ်သော လှည်းဖြင့် စောင့်နှင့်၏။

ထို့ကြောင့် မိုးဦး မိုးလယ် မီးပျက်အံ့။ မိုးနှောင်း မီးမလာအံ့။
နွေရေမလာအံ့။ ဆောင်း ရေပျက်အံ့။
မော်တော်ကားဘက်မှန်များ ခိုးခံရအံ့။
ဘုရား ပုထိုး ကျောင်းကန်များ မီးတဟုန်းဟုန်းဖြင့် ပူဇော်မှုများကုန်အံ့။ ယုတ်သော ဘောင်းဘီစိမ်းဝတ်တို့ ဖောကားအပြာပေါ်တွင် ပက်လက်လှဲ လိုက်ပါရလတ္တံ။
စစ်ခွေး၊ ရဲခွေး အခြေလေးခု ဦးနှောက်ဗလာသတ္တဝါများ တွန်းလှည်းစီးရလတ္တံ့။
တပ်ဦးကျောင်းဆရာတော်များ သက်ပျောက်ဆွမ်းလိုက်ရ လက်မလည်အံ့။
ဓာတ်ဆီရှားအံ့။ ဘားကလပ်များ တအားထွက်အံ့။
ခွေးတိုးပေါက်ထဲမှ အနုပညာရှင်များ တန်ခိုးထအံ့။
ရေပေါ်ဆီများ လျှပ်စစ်ကားပေါ်တွင် မီးစက်မောင်းရအံ့။
ဂျန်လီးများ ခံညည်းကြရအံ့။

(ဤကား မဟာသင်္ကြန်အကျအဟောတည်း)

သင်္ကြန်သုံးပါးတို့ထက် ထူးကဲသော တော်လှန်သင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် ၂၄ မိနစ်တွင် ကလစ်မင်္ဂလာ ပြုလုပ်ရန် အချိန်တည်း။

အသီးအသန့် ဝိသေသအခါပေးကား။

သင်္ကြန်ကျသည့်အချိန်တွင် သင်္ကြန်ကျ မြေခံသည် တိထီ ၈ လုံး ၄၇ ဃဋီ၌ ဣဋ္ဌ တနင်္ဂနွေမြေခံဖြစ်သည်။
သင်္ကြန်ကျသည့်ရက်မှာ သောကြာနေ့ ဖြစ်၏။
သို့ဖြစ်ရာ သင်္ကြန်အကျမြေခံ တနင်္ဂနွေနေ့ဖွားသားသမီးနှင့် သင်္ကြန်အကျနေ့ သောကြာနေ့ဖွားသားသမီးတို့မှ ကြွင်းကျန်ကုန်သော နေ့သားသမီးတို့သည် မိမိတို့၏ နေ့အလိုက် ကလစ်မင်္ဂလာပြုရာ အရပ်ကား ...

တနင်္ဂနွေနေ့ဖွား သားသမီးများအတွက် "အ" အက္ခရာအလယ်ထိုင် "ဒို့အညာ" တွင် ကလစ်ရာ၏။

အနောက်တောင် သောကြာနေ့ဖွား သားသမီးများအတွက် "Raung Ni" တွင် ကလစ်ရာ၏။

တောင်အရပ် တနင်္လာနေ့ဖွား သားသမီးများအတွက် "Doh Khit" မှာ ကလစ်ရာ၏။

အင်္ဂါနေ့ သားသမီးကား အနောက်မြောက်အရပ် "wesupportmm " မှာ ကလစ်ရာ၏။

ဗုဒ္ဓဟူးနေ့ သားသမီးကား မြောက်အရပ် "Weclick" မှာ ကလစ်ရာ၏။

ကြာသပတေးနေ့ သားသမီးကား အရှေ့အရပ် "မြောင်" မှာ ကလစ်ရာ၏။

စနေနေ့ သားသမီးကား အရှေ့မြောက်ထောင့်အရပ် "Padaythar P2P" ကလစ်ရာ၏။

ခုနစ်ရက်သားသမီးမှာ မပါဝင်တဲ့ ကျုပ်လို ရာဟု သားသမီးများအနေနဲ့ Click to Donate YouTube၊ အခြားသော Click Application များကို ကလစ်ရာ၏။

ထိုခုနှစ်ရက်သားသမီးတို့သည် ကလစ်ခြင်းမင်္ဂလာပြုရာ၌ တနင်္ဂနွေဂြိုလ်မင်းအလိုအရ နော်ဝေ၊ ယူအက်စ်၊ ယူကေ VPN တည်းဟူသော ကြားခံဖြင့်သာ ပြုလုပ်ရာ၏။

သို့မှသာ အကျိုးများပေမည်။

ကလစ်မင်္ဂလာပြုခြင်းအကျိုးကား

တော်လှန်သင်္ကြန်ဟု ခေါ်ဝေါ်အပ်သော ဒီမိုကရေစီ ဂြိုဟ်မင်းသည် အတို၊ အရှည်၊ အဖူး၊ ရိက္ခာဖိုးများ ရသဖြင့် တစ်ဘဂဏပြည့်၍ ခုခံစစ်ကာလ ကာကွယ်နဝင်း မှ ထိုးစစ်ကာလ မြို့သိမ်းနဝင်းသို့ ပြောင်းခဲ့သည်ရှိသော်
ဤလူ့ပြည်၌ မဏဝါ သတ္တဝါဟု ခေါ်ဝေါ်အပ်ကုန်သော မနုဇာ လူအပေါင်းတို့သည် သိရာ ကလစ်ကြရကုန်၏။

ကလစ်သောသူတို့အား သတ္တတဘာဂီ သုံးနှစ်သုံးမိုး ဒုက္ခပေးလျက်ရှိသည့် လပ်တီးသေနာမျိုးတို့သည် ပျက်စီးခြင်းငါးပါးဆိုက်ကုန်ရာ၏။

သုခဘာဝီ ချမ်းသာခြင်း၏ အဖို့ဖြစ်ကုန်သော ဘဝေကျုံ စစ်ကျွန်ဘဝမှ လွတ်မြောက်ရာကို ဖြစ်ရာ၏။

သက်ြန်အခါ ရှောင်ကြဉ်ရန် အမှုကား လပ်တီးနား၊ ကြင်စိုးနား၊ စခဝန်းကျင်အရပ်များတွင် ပျော်ခြင်းပါး​ခြင်းများတည်း။

အကျယ်ဆိုရသော်...

၁။ ရသ၊ ​ယုန်လေး မဏ္ဍပ်ဘေးတွင် ခွေးဇာတ်ခင်းမည့်ကိစ္စကိုလည်းရှောင်
၂။ ကာမတဏှာ ရုပ်ရှင်ဖာများ မြူးတူးသည်လည်းရှောင်
၃။ ဘောမတသိုက် ဖောကားထက်၌ ငါးထောင်ပေးလည်းရှောင်
၄။ အုပ်ကြီး၊ ငပျူ၊ အစိမ်းလူတို့ သေရည်သောက်စား ခွေးပါးဝလည်းရှောင်
၅။ နန်းစီဒီအမ် စစ်ပြန် မဏ္ဍပ် အရပ်ပျက်လည်းရှောင်
၆။ ဒီဂျေဂျန်လီး သာရာစီးသည့် ဘောငုံများလည်းရှောင်
၇။ ပရဟိတရှေ့ဘန်းပြ၍ လော်လည်ဖောက်ပြား ဆေးပြားစားပြီး စစ်ဘောခိုးယက် ဆယ်လီပျက်လည်းရှောင်
၈။ ​အိပ်၊ စား၊ ကာမ၊ ဖောင်းထုပြ၍ ကိုယ်တိုင်မပါ လေပဲအာသည့် ဟိုတယ်ပေါ်စား အလံရှူးများလည်းရှောင်
၉။ လက်သုံးချောင်းထောင် အချောင်ဝင်နှိုက် ရေစီးလိုက်ပြီး.. အခွင့်မသာ.. ရှိသောအခါမှ.. ခွေးအောက်ခိုဝင်.. ရှိုးဆိုချင်သည့် ငဖျင်းများလည်းရှောင်
၁၀။ အိအိအားအားအား တော်ကီပွား၍ ပရော့ဂျက်စား လူလည်များလည်းရှောင်

ရှောင်ရလေသည် ဤဆယ်မည်ကို လူ့ပြည်လူ့ခွင် လူကိုစင်ထား မြင်းမိုရ်ဖျားဝယ် သိကြားသော်မှ မပြုရာ ရှောင်ကြဉ်ရာဟု ကျမ်းလာသော်ကား လက်ာကြားသည်။ ( ဤကား မဟာသက်ြန်အကျအလိုတည်း)

၁၃၈၅ ခုနှစ် အတာစားသော နေ့နံ့သည် လပ်တီး၊ စခ၊ ပျူ၊ဘောမ ဟူသမျှတည်း။
အတာစားခြင်းကား မတ်စေ့ငုံ၊ မုန့်ဟင်းခါး၊ မြေသြဇာ ဘဝသို့ ပြောင်းခြင်းမည်၏။

ပုံ
ဆရာသခင် ဗလာဒီမာသောင်းလှိုင်
နန်းတွင်းနက္ခတဗေဒနှင့် နိုင်ငံတကာသင်္ကြန်စာ ထုတ်ပြန်ရေးဗဟိုဌာနချုပ်တာဝန်ခံ

မြောင်-Myaung ယူကျု့ဘ်ချန်နယ်လေးက လတ်တလောမှာ ads limit ထိထားတဲ့အတွက် ကြော်ငြာတွေ တက်ဦးမှာ မဟုတ်ပါဘူးခင်ဗျာကျနော်တို့ ချန...
16/04/2023

မြောင်-Myaung ယူကျု့ဘ်ချန်နယ်လေးက လတ်တလောမှာ ads limit ထိထားတဲ့အတွက် ကြော်ငြာတွေ တက်ဦးမှာ မဟုတ်ပါဘူးခင်ဗျာ

ကျနော်တို့ ချန်နယ်လေးက ပြန်ပြီး စ run တဲ့အချိန်မှာ viewers တွေ ရုတ်တရက် ထိုးတက်သွားတာကြောင့် ဂူဂူက မယုံပဲ invalid traffic ဆိုပြီး ငွေမပေးတာပါ
ဒါပေမယ့် တနေ့တနေ့ကို ပုံမှန်လေး ဝင်ကလစ်ပေးရင် ကြော်ငြာတွေ အမြန်ပြန်တက်လာမှာပါ

ဒါကြောင့် တနေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်တော့ ကျနော်တို့ ချန်နယ်ထဲဝင်ပြီး နားထောင်ပေးပါဦးလို့ တောင်းဆိုပါရစေခင်ဗျာ

ကြော်ငြာတွေ မဝင်တော့လို့ ကလစ်ကာတွေဘက်ကနေ မဝင်တော့ရင် ငွေပြန်ဝင်ဖို့ ပိုခက်ခဲသွားမှာမို့ပါ
ကြော်ငြာပြန်တက်ပြီဆိုတာနဲ့ ဒီ Page ကနေ ပြန်အသိပေးသွားမှာပါ

ကလစ်ကာများအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ..

14/04/2023

မြောင်လူငယ် တော်လှန်သင်္ကြန်သံချပ်အဖွဲ့ရဲ့ ဖျော်ဖြေမှု။
မြောင်လူငယ်များအစတည် မြောင်မြို့နယ်က သီကြွေးတဲ့သံချပ်
ကြားချင်ရင် နားဆင်ပါလေ့

-Youth
သကြ်န်အကျနေ့
14.4.2023

13/04/2023

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်စာ
"တော်လှန်သင်္ကြန်ရဲ့ ကလစ်မင်္ဂလာ"

Doh Ah Nyar ဒို့အညာ Doh Khit Raungni We Love Myanmar Family-WLMF Padaythar Pin - ပဒေသာပင် Click2donate မြောင်-Myaung

#တော်လှန်သင်္ကြန် #ကလစ်မင်္ဂလာ #မဟာသင်္ကြန်စာ
#မြောင်

အင်သစ်အားသစ်နဲ့ ဒီနှစ် တော်လှန်သင်္ကြန်မှာ ကလစ်ကာများဆီ မြောင် YouTube ချန်နယ် ပြန်ရောက်လာပါပြီ ဆရာကြီး ရွှေဥဒေါင်းဆိုရင...
12/04/2023

အင်သစ်အားသစ်နဲ့ ဒီနှစ် တော်လှန်သင်္ကြန်မှာ ကလစ်ကာများဆီ မြောင် YouTube ချန်နယ် ပြန်ရောက်လာပါပြီ

ဆရာကြီး ရွှေဥဒေါင်းဆိုရင် အတွေးအခေါ် ဆောင်းပါးများနှင့် သုတ၊ ရသ စာအုပ်ပေါင်းများစွာကို ရေးသားခဲ့တဲ့သူလို့ ကလစ်ကာတို့ တွဲပြီး မှတ်မိနေကြမယ် ထင်ပါတယ်

အခု ကျွန်တော်တို့ရဲ့ မြောင် YouTube Channel ကနေ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်ဝတ္ထုများထဲမှ တစ်ပုဒ်ဖြစ်တဲ့ "မောင်စံရှားသည် အဘယ်ကြောင့် လူပျိုကြီးလုပ်၍နေပါသနည်း" ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ကို အတာသင်္ကြန်ကာလမှာ အောက်ပါနေ့ရက်များအတိုင်း နေ့စဥ် နံနက် (၈:၀၀) နာရီအချိန်တွင် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်

သင်္ကြန်အကြိုနေ့ - အပိုင်း (၁)
သင်္ကြန်အကျနေ့ - အပိုင်း (၂)
သင်္ကြန်အကြတ်နေ့ - အပိုင်း (၃)
သင်္ကြန်အတက်နေ့ - အပိုင်း (၄)
နှစ်ဆန်းတစ်ရက်နေ့ - အပိုင်း (၅)
နှစ်ဆန်းနှစ်ရက်နေ့ - အပိုင်း (၆)
ဧပြီလ (၁၉) ရက်နေ့ - အပိုင်း (၇) ဇာတ်သိမ်းပိုင်း

ဒါကြောင့် တော်လှန်သင်္ကြန်ကာလမှာ ကျွန်တော်တို့ရဲ့ ကြိုးစားထားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ မြောင် YouTube Channel မှာ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်ဝတ္ထုကို ဝင်ရောက်ကြည့်ရှုပေးကြဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ

အရေးတော်ပုံ အောင်ရမည်။


#မြောင်

မြောင်-Myaung ချန်နယ်အတွက် FB စာမျက်နှာဖွင့်လှစ်လိုက်ပါပြီ နားဆင်ပေးကြပါဦးနော်. ဒီချန်နယ်က မြန်မာစာရေးဆရာများရဲ့ စုံထောက...
11/04/2023

မြောင်-Myaung
ချန်နယ်အတွက် FB စာမျက်နှာဖွင့်လှစ်လိုက်ပါပြီ
နားဆင်ပေးကြပါဦးနော်.

ဒီချန်နယ်က မြန်မာစာရေးဆရာများရဲ့ စုံထောက်ဝတ္ထုများ ၊ သရဲဝတ္ထုများ ၊အက်ဆေးများ၊ ဝတ္ထုတိုများ၊ ဆောင်းပါးများ စသည်တို့ကို ပုံမှန် တင်ဆက်သွားမည့် အသံစာအုပ်ချန်နယ် ဖြစ်ပါတယ်။
https://www.facebook.com/click4myaung

#မြောင်_Myaung

Address


Alerts

Be the first to know and let us send you an email when မြောင်-Myaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share