Confirmed news

  • Home
  • Confirmed news

Confirmed news Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Confirmed news, Media/News Company, .

20/05/2022

20.5.2022
* ချင်းပြည်နယ် မင်းတပ်မြို့မှပြန်ဆင်းလာတဲ့ တင့်ကား (2)စီး၊စစ်ကား (68) စီးပါတဲ့ ယာဥ်တန်းဟာ ကျောက်ထုဒေသကို ဝင်ရောက်လာပြီဖြစ်ပါတယ်။
* မိဘပြည်သူများအနေဖြင့် စစ်ယာဥ်တန်းနဲ့ ဝေးရာမှာ ​ရှောင်ရှားနေထိုင်ကြပါခင်ဗျာ။

crd ကျောက်ထုသတင်းမှန်

ပြည်သူ့စစ်သား(PDF)တစ်ယောက်က်ိုချစ်မိရင် ဒီအချက်တွေ ကိုနားလည်တတ်အောင်ကြိုးစားရမယ်စာပို့နေရင်းနဲ့အလုပ်မအားလို့ ဆင်းတော့မယ်...
17/05/2022

ပြည်သူ့စစ်သား(PDF)တစ်ယောက်က်ိုချစ်မိရင်
ဒီအချက်တွေ ကိုနားလည်တတ်အောင်ကြိုးစားရမယ်

စာပို့နေရင်းနဲ့အလုပ်မအားလို့ ဆင်းတော့မယ်ဆိုတဲ့ စာလေး
တောင်မပြန်နိုင်ပဲ လိုင်းဆင်းသွားတာမျိုးရောနားလည်နိုင်လား

စာပို့နေရင်းနဲ့ ကိုယ့်ဆီစာလေးတစ်ကြောင်း ပြန်ရေးဖို့
မိနစ်ပိုင်းလဲကြာနိုင်သလို နာရီပိုင်းလဲကြာသွားနိုင်တယ်
အဲဒါကိုရော သည်းခံပေးနိုင်ရဲ့လား

သူ့မှာတာဝန်တွေရှိလို့ကိုယ့်ကို အမြဲတမ်းအချိန်ပေးနိုင်မှာ
မဟုတ်သလို အချိန်တိုင်းလဲဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး
ဒါပေမဲ့ သူအားတဲ့အချိန်လေးကိုပဲစောင့်ပီး သူနဲ့စကားပြောရဖို့
ကိုယ့်ဘက်ကသည်းခံပီး စောင့်ပေးနိုင်ရမယ် အဲဒါတွေကိုရော
နားလည်ပေးနိုင်ပီလား

ကိုယ်ကစကားပြောချင်လို့ ဖုန်းဆတ်ရင်တောင် ကိုယ်မအား
သေးလို့ဒါပဲနော် ဆိုပီးချက်ချင်းဖုန်းချသွားတာကိုရော
သည်းခံနိုင်ရဲ့လား

သူတို့တင်တဲ့postတိုင်းမှာ သူတို့ကိုချစ်တဲ့ပြည်သူတွေ
သူတို့အတွက်အားပေးစကားတွေ တစ်ချို့မိန်းကလေးတွေရဲ့
Commentတွေကိုရော နားလည်ပေးနိုင်ပီလား(မိန်းကလေး
ဖြစ်တဲ့အတွက် သဝန်တိုစိတ်ဆိုတာရှိတာမှန်ပေမဲ့ ကိုယ်က
ပြည့်သူစစ်သားကိုရွေးခဲ့တဲ့အတွက် က်ိုယ့်ထက်ပြည်သူကပဲ
သူ့ကိုပိုပီး ဆိုင်တယ်ဆိုတဲ့အချက်ကိုတော့ အမြဲတွေးထားရမယ်)

မိန်းကလေးတိုင်းက ကိုယ့်ကိုယ်ကိုပထမဦးစားပေးဖြစ်ချင်
ပေမဲ့ ခံစားချက်နဲ့ခံယူချက်ကို ယှဉ်လိုက်တဲ့အခါ ခံယူချက်ကို
အမြဲပထမနေရာမှာ ထားတဲ့သူတို့အတွက် ကိုယ်က ဒုတိယ
နေရာကို အလိုလိုရောက်သွားလိမ့်မယ် အဲဒါကိုရော
နားလည်နိုင်ရဲ့လား

ဘယ်အရာကိုမှ ကြိုတင်မျှော်လင့်ထားလို့မရတဲ့
သူတို့ဘဝအတွက် ကိုယ့်နဲ့အနာဂတ်အကြောင်းတွေ
ဆွေးနွေးဖို့လဲ သူတို့စဉ်းစားလို့ရမှာမဟုတ်သေးပါဘူး
အဲဒါကိုလဲနားလည်ပေးနိုင်အောင်ကြိုးစားရမယ်

ဒီထက်များတဲ့ အချက်တွေလဲအများကြီးရှိနေနိုင်သေးတယ်
ဒီအချက်တွေကိုနားလည်ပေးနိုင်မှသာ pdfချစ်သူဖြစ်ဖို့

စဉ်းစားပါ အချိန်ပေးနိုင်မှချစ်တာမဟုတ်ပါဘူး😊

ကိုယ့်ကိုအချိန်မပေးနိုင်ရင်တောင် သစ္စာရှိရှိနဲ့စောင့်နေတာကလဲ
အချစ်ပါပဲ ❤

ချစ်တဲ့စိတ်ကပဲ ဒီအချက်တွေအကုန်လုံးကို နားလည်အောင်
သင်ပေးသွားပါလိမ့်မယ်

တူမီးနဲ့ မောင်းပြန်သေနတ်ယှဉ်ပစ်ရဲတာမြန်မာနိုင်ငံမှာဘဲရှိတယ်✨❤️crd:
17/05/2022

တူမီးနဲ့ မောင်းပြန်သေနတ်

ယှဉ်ပစ်ရဲတာမြန်မာနိုင်ငံမှာဘဲရှိတယ်✨❤️

crd:

17/05/2022
သတိ​ပေး​ကြေညာချက်ရက်စွဲ-(12.5.2022)(1.2.2021)​နေ့ အကြမ်းဖက်စစ်တပ်မှ နိုင်ငံ့​ခေါင်း​ဆောင်များအားဖမ်းဆီးကာ မတရားအာဏာသိမ်း...
13/05/2022

သတိ​ပေး​ကြေညာချက်

ရက်စွဲ-(12.5.2022)

(1.2.2021)​နေ့ အကြမ်းဖက်စစ်တပ်မှ နိုင်ငံ့​ခေါင်း​ဆောင်များအားဖမ်းဆီးကာ မတရားအာဏာသိမ်းခဲ့ချိန်မှစ၍ ကျွန်ုပ်တို့ထီးလင်းမြို့နယ်တွင် အင်တာနက်ကို အချိန်အကန့်အသတ်ဖြင့်သာရရှိခဲ့ကာ (၉) လပိုင်းမှစတင်၍အင်တာနက်လုံးဝဖြတ်​တောက်ခြင်းခံခဲ့ရပြီး ယခုအချိန်တွင် အင်တာနက်လုံးဝမရရှိသည်မှာ (၈) လ​ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ထီးလင်းမြို့နယ်ဧရိယာ 50% ခန့်သာပုံမှန်ဖုန်းလိုင်းရရှိပြီး စစ်​ကြောင်းများထိုးသည့်အချိန်တိုင်း ထိုဖုန်းလိုင်းများကို ဖြတ်​တောက်ပစ်သဖြင့် ပြည်သူအများသတင်းမရရှိဘဲ အခက်အခဲကြုံ​တွေ့ခဲ့ကြရပါသည်။

ဆက်သွယ်​ရေးကုမ္ပဏီများအ​နေဖြင့် ထမင်းရှင်ပြည်သူများ၏မျက်နှာကိုမကြည့်ဘဲ စစ်​ကောင်စီအလိုကျအင်တာနက်ဖြတ်​တောက်ခြင်း၊ဖုန်းလိုင်းဖြတ်​တောက်ခြင်းများပြုလုပ်​နေပြီး ( Consumer rights) ချိုး​ဖောက်​နေခြင်းများကို ယခုချက်ချင်းရပ်တန့်၍ ထီးလင်းတစ်မြို့နယ်လုံးအား အင်တာနက် ပြန်ဖွင့်​ပေးရန် People Defence Force Htilin (Yaw Region) မှ ​တောင်းဆိုလိုက်သည်။

ဤ​တောင်းချက်ကို ယ​နေ့(12.5.2022)မှ ​နောက်တစ်လအတွင်း အ​ကောင်အထည်​ဖော်ရန်နှင့် တစ်လပြည့်ချိန်ထိ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းများ ပြန်လည်မရရှိပါက ထီးလင်းမြို့နယ်တွင်းရှိ ဆက်သွယ်​ရေးတာဝါတိုင်များအားလုံးကို တစ်စစီဖြိုချကာ ​တော်လှန်​ရေးအတွက် အသုံးချသွားမည် ဖြစ်သည်။

#အရေးတော်ပုံမုချအောင်ရမည်

သတင်းပြန်ကြားရေး
PEOPLE DEFENCE FORCE- HTILIN

12/05/2022

လမ်းပိုင်းအသုံးပြုမှုဆိုင်ရာသတိပေးထုတ်ပြန်ကြေငြာချက်........................................................................................

ကျောက်ထုဒေသတွင်းမိဘပြည်သူများနှင့် ခရီးသွား ခရီးပြန်များ အနေဖြင့်
ယနေ့(12.5.2022 )မှစ၍ -လမ်းပိုင်းအသုံးပြုမှုအခြေအနေထပ်ဆင့် မထုတ်ပြန်ခင် အချိန်ထိ

ပခုက္ကူ-ကျောက်ထု-မင်းတပ်

လမ်းပိုင်းများအားဖြတ်သန်းသွားလာအသုံး​ပြုခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန် " သတိပေးမေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက် *******လိုက်နာမှုမရှိပါကမိမိတို့ကိုယ်တိုင်သာအပြည့်အဝတာဝန်ယူရမည်ဖြစ်ပါသည်။

** သတ်မှတ်ချိန်အတွင်း အရေးပေါ်ကျန်းမာရေးကိစ္စရပ် များ၊ သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန်လိုအပ်ပါက ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းပေးကြပါရန် အသိပေးအပ်ပါသည်။

#သတင်းနှင့်ပြန်ကြားရေး
#ကျောက်ထုpdf

Kyaukhtu PDF ရုံးဖုန်း
09402271057
09767141660

26/04/2022

မင်းဟာတောထဲ၀င်မှ😌

PDFမဟုတ်ပါဘူး😊

မင်းAccထဲမှာPDFတွေပြည့်နေရင်😊

မင်းကတောထဲမှာပဲလေ😍

မင်းဟာလက်နက်ကိုင်ရမှ😌

PDFမဟုတ်ပါဘူး😊

အဲ့လက်နက်တွေ၀ယ်ဖို့😌

မင်းလှူပေးနေရင်မင်းဟာလက်နက်ကိုင်PDFပဲ

အဲ့အတွေးသာမပျောက်ပျက်နဲ့😌

လှူဒါန်းတာတွေမရပ်တန့်နဲ့😒

မင်း ၅၀လှူရင်တောင်PDFတွေက😌

တိုက်ပွဲမှာအိပ်ချင်ပြေသကြားလုံး၅၀တန်စားပီး😊

အသက်ကိုရင်းတိုက်ပေးမယ့်လူတွေကြီးပဲ

၅၀ဆိုတာမင်းအတွက်ဘာမှမဟုတ်ပေမယ့်

သူတောင်းစားကိုပေးသလောက်တောင်

မရှိပေမဲ့သူတို့အတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့အရာဆိုတာမင်းသိရဲ့လား

ဒါ့ကြောင့်လှူနိုင်ရင်လှူပါမလှူချင်ဘူး

ဆိုရင်တောင်ငlickပေးကြပါ..

အရေးတော်ပုံ အောင်နေပြီ....

မူးရင်းရေးသူအား crd # ပေးပါသည်။

We Need နှုတ်ခမ်းနီCrd photo
24/04/2022

We Need နှုတ်ခမ်းနီ

Crd photo

24/04/2022

24.4.2022
* ကျောက်ထုမြို့မဘုန်းတော်ကြီးကျောင်းအတွင်းမှာ ဆိုင်ကယ်(10)စီး၊အင်အား(20)ခန့် စစ်ခွေးတွေဝင်ရောက်ရှာဖွေနေတယ်လို့သိရပါတယ်။
* အရပ်ဝတ်ဖြင့်လက်နက်အပြည့်အစုံပါပြီး ဘဏ်မျက်နှာခြင်းဆိုင် အရက်ဆိုင်မှစစ်ခွေးခေါင်းဆောင်လာတယ်လို့သိရပါတယ်။
* ကိုရင်ကြီးဝတ်နေတဲ့သူတဦးကို လူဝတ်လဲပြီးဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
* ကျောက်ထုက ကြံ့ခိုင်ရေးခေါင်းဆောင်ဦးထွန်းကြိုင်ရဲ့သမက် စိုးနေလင်းက စစ်ခွေးတွေကိုလမ်းပြတာလို့သိရပါတယ်။

crd :ကျောက်ထုသတင်းမှန်

စစ်တပ်ထုတ်ကုန်များ စစ်ဆေးအရေးယူခြင်းနဲ့..............ဖျက်စီးခြင်း..........................................................
23/04/2022

စစ်တပ်ထုတ်ကုန်များ စစ်ဆေးအရေးယူခြင်းနဲ့..............
ဖျက်စီးခြင်း.................................................................

(21.4.2022) ကျောက်ထု - ပခုက္ကူ လမ်းပိုင်းတစ်နေရာတွင် ကျောက်ထု PDF မှ သတင်းအရရှောင်တခင် ကားတစ်စီးအားစစ်ဆေးခဲ့ရာ စစ်တပ်ထုတ်ကုန် ( Red Ruby ) စီးကရက်ဗူး ၅၀၀ ပါအတောင့် ၅၀ နှင့် (Premium goal) စီးကရက်ဗူး ၅၀ ပါအတောင့် ၅တောင့်တို့အား စစ်ဆေးတွေ့ရှိ၍ မီးရှို့ဖျက်စီးခဲ့ကြပါသည်။

@@@ ကျောက်ထုဒေသအတွင်းရှိမိဘပြည်သူများအနေဖြင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများအားဝယ်ယူရောင်းချ​အသုံးပြုခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်သတိပေး မေတ္တာရပ်ခံအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ကျောက်ထု PDF

ပြည်သူ့စစ်သား(PDF)တစ်ယောက်က်ိုချစ်မိရင် ဒီအချက်တွေကိုနားလည်တတ်အောင်ကြိုးစားရမယ်စာပို့နေရင်းနဲ့အလုပ်မအားလို့ ဆင်းတော့မယ်ဆ...
16/04/2022

ပြည်သူ့စစ်သား(PDF)တစ်ယောက်က်ိုချစ်မိရင် ဒီအချက်တွေ
ကိုနားလည်တတ်အောင်ကြိုးစားရမယ်

စာပို့နေရင်းနဲ့အလုပ်မအားလို့ ဆင်းတော့မယ်ဆိုတဲ့ စာလေး
တောင်မပြန်နိုင်ပဲ လိုင်းဆင်းသွားတာမျိုးရောနားလည်နိုင်လား

စာပို့နေရင်းနဲ့ ကိုယ့်ဆီစာလေးတစ်ကြောင်း ပြန်ရေးဖို့
မိနစ်ပိုင်းလဲကြာနိုင်သလို နာရီပိုင်းလဲကြာသွားနိုင်တယ်
အဲဒါကိုရော သည်းခံပေးနိုင်ရဲ့လား

သူ့မှာတာဝန်တွေရှိလို့ကိုယ့်ကို အမြဲတမ်းအချိန်ပေးနိုင်မှာ
မဟုတ်သလို အချိန်တိုင်းလဲဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး
ဒါပေမဲ့ သူအားတဲ့အချိန်လေးကိုပဲစောင့်ပီး သူနဲ့စကားပြောရဖို့
ကိုယ့်ဘက်ကသည်းခံပီး စောင့်ပေးနိုင်ရမယ် အဲဒါတွေကိုရော
နားလည်ပေးနိုင်ပီလား

ကိုယ်ကစကားပြောချင်လို့ ဖုန်းဆတ်ရင်တောင် ကိုယ်မအား
သေးလို့ဒါပဲနော် ဆိုပီးချက်ချင်းဖုန်းချသွားတာကိုရော
သည်းခံနိုင်ရဲ့လား

သူတို့တင်တဲ့postတိုင်းမှာ သူတို့ကိုချစ်တဲ့ပြည်သူတွေ
သူတို့အတွက်အားပေးစကားတွေ တစ်ချို့မိန်းကလေးတွေရဲ့
Commentတွေကိုရော နားလည်ပေးနိုင်ပီလား(မိန်းကလေး
ဖြစ်တဲ့အတွက် သဝန်တိုစိတ်ဆိုတာရှိတာမှန်ပေမဲ့ ကိုယ်က
ပြည့်သူစစ်သားကိုရွေးခဲ့တဲ့အတွက် က်ိုယ့်ထက်ပြည်သူကပဲ
သူ့ကိုပိုပီး ဆိုင်တယ်ဆိုတဲ့အချက်ကိုတော့ အမြဲတွေးထားရမယ်)

မိန်းကလေးတိုင်းက ကိုယ့်ကိုယ်ကိုပထမဦးစားပေးဖြစ်ချင်
ပေမဲ့ ခံစားချက်နဲ့ခံယူချက်ကို ယှဉ်လိုက်တဲ့အခါ ခံယူချက်ကို
အမြဲပထမနေရာမှာ ထားတဲ့သူတို့အတွက် ကိုယ်က ဒုတိယ
နေရာကို အလိုလိုရောက်သွားလိမ့်မယ် အဲဒါကိုရော
နားလည်နိုင်ရဲ့လား

ဘယ်အရာကိုမှ ကြိုတင်မျှော်လင့်ထားလို့မရတဲ့
သူတို့ဘဝအတွက် ကိုယ့်နဲ့အနာဂတ်အကြောင်းတွေ
ဆွေးနွေးဖို့လဲ သူတို့စဉ်းစားလို့ရမှာမဟုတ်သေးပါဘူး
အဲဒါကိုလဲနားလည်ပေးနိုင်အောင်ကြိုးစားရမယ်

ဒီထက်များတဲ့ အချက်တွေလဲအများကြီးရှိနေနိုင်သေးတယ်
ဒီအချက်တွေကိုနားလည်ပေးနိုင်မှသာ pdfချစ်သူဖြစ်ဖို့

စဉ်းစားပါ အချိန်ပေးနိုင်မှချစ်တာမဟုတ်ပါဘူး😊

ကိုယ့်ကိုအချိန်မပေးနိုင်ရင်တောင် သစ္စာရှိရှိနဲ့စောင့်နေတာကလဲ
အချစ်ပါပဲ ❤

ချစ်တဲ့စိတ်ကပဲ ဒီအချက်တွေအကုန်လုံးကို နားလည်အောင်
သင်ပေးသွားပါလိမ့်မယ်
Crd

16/04/2022

16.4.2022
11:00pm

ကျောက်ထုမြို့ပေါ် ရဲစခန်း ဖက်မှ လက်နက်ကြီး လက်နက်ငယ်သံများ အဆက်မပြတ်ကြားနေရ၍
အနီးအနားရှိ "ယောက်ျား၊ လူငယ်" မိဘပြည်သူများ သတိရှိရှိ နေပေးကြပါခင်ဗျာ

စကစဖက်က အပစ်မဲ့ ပြည်သူ တွေကို အကြောင်းမရှိဖမ်းဆီးမှုတွေလည်းရှိနေပြီး ယောက်ျားလေးတွေကို ပိုပြီးပစ်မှတ်ထား နေတတ်လို့ပါခင်ဗျာ

Confirmed News

https://www.facebook.com/104943498436133/posts/297842882479526/
27/03/2022

https://www.facebook.com/104943498436133/posts/297842882479526/

" ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖွဲ့စည်းပြီးကြောင်းကြေငြာခြင်း..................................................

ယောဒေသတွင်း တကွဲတပြားစီဖြစ်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တသွေးတသားတည်းဟူသော စည်းလုံးညီညွတ်မှုနှင့် ယောဒေသပြည်သူလူထု
အကျိုးစီးပွားကို ရှေးရှုလျက် အောက်ပါဒေသကာကွယ်တပ်ဖွဲ့များ စုပေါင်းပြီး " ယောဒေသပြည်သူ့ကာကွယ်ရေး
တပ်ပေါင်းစု " ကိုဖွဲ့စည်းလိုက်သည်။
(က) လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(LSRPDF)
(ခ) ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(KTU-PDF)
(ဂ) ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(Htilin PDF)
(ဃ) ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(YPDF)
ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို တပ်ပေါင်းစုဗဟိုကော်မတီမှ ဦးဆောင်၍ ယောဒေသပြည်သူလူထုအကျိုးစီးပွားနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်များကို စုပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ယောဒေသတွင်းကျန်ရှိနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ဆက်လက်ညှိနှိုင်းလုပ်ဆောင်နေပြီး ယောပြည်သူလူထု လိုလားတောင့်တနေသော ယောဒေသတွင်းစည်းလုံးညီညွတ်ရေးနှင့် တစုတစည်းတည်းသော ပြည်သူ့ကာကွယ်ရေးအင်အားစုတစ်ခု ဖြစ်လာစေရန် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
စုစည်းမှု၊စည်းလုံးညီညွတ်မှုဖြင့်သာ စစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်နိုင်မည်ဟု မိမိတို့တပ်ပေါင်းစုမှ ယုံကြည်သည်။
" ယောဒေသတစ်ခုလုံး စည်းလုံးညီညွတ်ရမည်"
"စစ်အာဏာရှင်စနစ် မုချ ကျရှုံးရမည်"

https://m.facebook.com/laungsheregionalpdf/
လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

https://m.facebook.com/Kyaukhtu-Regional-People-Defense-Force-104943498436133/
ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

https://m.facebook.com/pdf.htilin/
ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

https://m.facebook.com/YPDFHQ/
ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

https://www.facebook.com/yrpaorg/
ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု

#ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု

ရဲဘော်တို့တိုင်းပြည်ကိုလှူခဲ့တဲ့အသက် တရားမျှတမှုရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် ဖြစ်ကိုဖြစ်ရမယ်။ ရဲဘော်တို့အတွက် ကျန်ခဲ...
17/03/2022

ရဲဘော်တို့တိုင်းပြည်ကိုလှူခဲ့တဲ့အသက် တရားမျှတမှုရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် ဖြစ်ကိုဖြစ်ရမယ်။ ရဲဘော်တို့အတွက် ကျန်ခဲ့တဲ့ငါတို့ရဲဘော်တွေက ပိုပြီးကြိုးစားအလုပ်လုပ်ပေးမယ်ဆိုတာ ရဲဘော်တို့ယုံ။

ရဲဘော်တို့တာဝန်ကျေခဲ့ပြီမို့ အေးချမ်းစွာအနားယူကြပါတော့ရဲဘော်တို့။

ကျောက်ထု PDF

17/03/2022

‼️‼️‼️

17.3.2022

-ပခုက္ကူမှ စခ ကား အစီး 80
ခန့် အနောက်ဖက်သို့
ဦးတည်၍တက်လာ

-ရိခ္ခါများတင်ဆောင် ထားပြီး တွဲကားနှင့်တင့်ကားများပါသည်ဟုတ်သိရ
Confirmed news

16/03/2022

တိုက်ပွဲသတင်းထုတ်ပြန်ချက်
=====================

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အခြေပြု CDF-Kanpetlet နှင့်အကြမ်းဖက်စစ်ကောင်စီတို့အကြား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှယခုအချိန်ထိတိုက်ပွဲပြင်းထန်လျက်ရှိသည်။

၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်ကန်ပက်လက်မြို့မှ အင်းအား ၂၀၀ ခန့်ဖြင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဖက်သို့ဦးတည်ကာစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီနှင့် CDF-Kanpetlet တို့အကြား ရဲလောင်းပန်းရွာအထက်နား ပန်းတောင်ကျော တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့ပြီးCDF-Kanpetlet ရဲဘော်များအထိအခိုက်မရှိခဲ့ပါ။

ထို့နောက် ၁၃ ရက်နေ့တွင် ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာ အထက်ပိုင်းတွင်တပ်ဖျောက်ထားသောအကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့အား CDF - Kanpetlet ၊CDF Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Forceနှင့်Saw- PDF တို့မှတောနင်းရှာဖွေရာမှထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ ၂ဦး သေဆုံးခဲ့ပြီး CDF-Kanpetlet ဘက်မှရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ မတ်လ၁၄ရက်တွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှအထိအခိုက်အကျအဆုံးမသိရပါ။

၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်CDF-Kanpetlet ၊ CDF-Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw - PDF ပူးပေါင်းတပ်နှင့်အကြမ်းဖက်စစ်ကောင်စီတို့အကြား နံနက် ၈းဝဝ နာရီမှ ညနေ ၃းဝဝနာရီ အထိ စမ္မသားရွာဟောင်း အတွင်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မိမိတို့ CDF-Kanpetlet ဖက်မှ ရဲဘော်တစ်ဦး မိမိသစ္စာပြုသောအမျိုးသားတော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။အကြမ်းဖက်စစ်ကောင်စီဖက်မှ အထိအခိုက်အကျအဆုံးကိုအတိအကျမသိရပေ။အဆိုပါတိုက်ပွဲအတွင်း မင်းတပ်မြို့တွင်အထိုင်ချသော ခလရ ၂၇၄ တပ်ရင်း နှင့် ကျောက်ထု အမြောက်တပ်တို့ဖက်မှလက်နက်ကြီးပစ်ကူပေးခဲ့ပြီး စမ္မသားရွာဟောင်းရှိ လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်။

မိမိတို့ CDF-Kanpetlet ဖက်မှ ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်။

ထို့ကြောင့် ပြည်တွင်း၊ပြည်ပ ရှိမိဘပြည်သူများနှင့်တော်လှန်ရေးထောက်ပို့ တပ်များအနေဖြင့် လက်နက်အင်အား၊ ကျည်အင်အား ဖြည့်တင်းနိုင်ရေး အထူးအာရုံစိုက် ကူညီထောက်ပံ့ပေးကြရန် အကူညီတောင်းခံ သတင်းထုတ်ပြန်အပ်ပါသည်။


(CDF-Kanpetlet ထုတ်ပြန်ချက်ကို ကူးယူရေးသား ထုတ်ပြန်ခြင်းဖြစ်ပါသည်။)

သတင်းနှင့် ပြန်ကြားရေး
ပြည်သူ့ကာကွယ်ရေးတပ်-ဆော
ယောဒေသ

16/03/2022

ကျောက်ထုဒေသတွင်းမိဘပြည်သူများနှင့် ခရီးသွားပြည်သူများသို့ အရေးပေါ်သတိပေးချက် (မတ်လ-16)..... ..... ..... ..... ..... ..... ..... ..... ...... ..... ..... ...... .....

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ စခွေးးးများထိတွေ့မှုရှိနိုင်ပါသောကြောင့် ကျောက်ထု - ပခုက္ကူ လမ်းပိုင်း / ကျောက်ထု - ထီးလင်းလမ်းပိုင်းများ အသုံးပြုခြင်းတို့ကို ခတ္တရပ်နားထားပေးထားကြပါရန်နှင့် သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန်လိုအပ်ပါကလည်း ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းပေးကြပါရန် အသိပေးအပ်ပါသည်။

လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန်လည်တင်ပြပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ကျောက်ထု PDF

Kyaukhtu PDF ရုံးဖုန်း
09402271057
09767141660

14/03/2022

14.3.2022
* လက်ပန်းကျေးရွာမှာရောက်ရှိနေတဲ့စစ်ခွေးများထဲမှ ထက်ဝက်ခန့်ဟာ ပဆုပ်ကျေးရွာအတွင်းသို့ဝင်ရောက်နေပြီလို့သိရပါတယ်။
* ပဆုပ်၊လက်ပန်းကျေးရွာမှပြည်သူများ ​ရှောင်တိမ်းနေကြရပါတယ်။

crd ကျောက်ထု သတင်းမှန်

  - 14 March 2022ကာတွန်း - ဗီတာမင် လင်းညှို့စေ
14/03/2022

- 14 March 2022

ကာတွန်း - ဗီတာမင် လင်းညှို့စေ

14.3.2022* လက်ပန်းကျေးရွာကိုရောက်နေတဲ့ စစ်ခွေး(100)ကျော်ခန့်ဟာ ရွာအတွင်းကိုလက်နက်ရှာမည်ဟုအကြောင်းပြပြီးအိမ်တွေကိုမွှေနှေ...
14/03/2022

14.3.2022
* လက်ပန်းကျေးရွာကိုရောက်နေတဲ့ စစ်ခွေး(100)ကျော်ခန့်ဟာ ရွာအတွင်းကိုလက်နက်ရှာမည်ဟုအကြောင်းပြပြီးအိမ်တွေကိုမွှေနှောက်နေပြီလို့သိရပါတယ်။
* ကံအိုးကျေးရွာကဖမ်းဆီးခဲ့တဲ့ အမျိုးသမီးကိုပြန်လွတ်ပေးတယ်လို့သိရပါတယ်။
* လက်ပန်းကျေးရွာအတွင်းမှာကြက်များကိုရိုက်သတ်စားနေကြပါတယ်။
* မိဘပြည်သူများ စစ်ခွေးသွားရာလမ်းကြောင်းနဲ့ဝေးရာမှာ သတိထားတိမ်းရှောင်ကြပါခင်ဗျာ။

crd ကျောက်ထု သတင်းမှန်

12/03/2022

‼️‼️‼️‼️
12.3.2022

11:10pm

ကျောက်ထု မြို့ တွင်း စကစ မှ အချိန်မတော် ဝင်ရောက် မွှေ နှောက် မှုကြောင့် ပြည်သူများ ကလေးသူငယ်များ ထိတ် လန့် နေကြသည်ဟု သိရ။

ရပ် ကွက် များတွင် ကလေးငိုသံများ ခွေး​ေ ဟာင်သံများ ဆူညံလာပြီး အပြစ်မဲ့ ပြည်သူများ အဆွဲ ခံနေရသည် ဟု ယူဆကြပါသည်။

Confirmed news

12/03/2022

‼️‼️‼️‼️‼️‼️‼️

12.3.2022

10:00 pm

ကျောက်ထုမြို့တွင်း ယနေ့ ည မွှေ မည်ဟု သတင်းရရှိထားပါသည်။
အမြှောက် တပ်မှ စခ များ ယခုထွက်လာနေကြောင်းလည်း သိရပါသည်။

Confirmed News

The Youth Force-Saw&Kyaukhtu မှ တိုက်ပွဲ သတင်းထုတ်ပြန်
12/03/2022

The Youth Force-Saw&Kyaukhtu မှ တိုက်ပွဲ သတင်းထုတ်ပြန်

စကစ မှ စွန့်ခွာ လိုသော တပ်သား တစ်ဦးအား ကျောက်ထုPDFမှ ကယ်ထုတ် ပေးနိုင်ခဲ့
12/03/2022

စကစ မှ စွန့်ခွာ လိုသော တပ်သား တစ်ဦးအား ကျောက်ထုPDFမှ ကယ်ထုတ် ပေးနိုင်ခဲ့

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ထံမှ ကယ်ထုတ်ပေးပြီး နေရပ်သို့ပြန်ပို့ပေးပါရန် အကူအညီတောင်းလာသော ကျောက်ထုတပ်တွင်းမှ ကိုယ်ပိုင်အမှတ် တ၅၆၇၆၇၇ အား ကျောက်ထု PDF မှ မတ်လ ၇ ရက်နေ့တွင် စနစ်တကျ စိစစ်ကယ်ထုတ်ပြီး ဘေးကင်းကင်းဖြင့် ၎င်း၏မိသားစုထံအရောက်ပို့ဆောင်ပေးခဲ့ပါသည်။ (လက်နက်ပါမလာသည့်တိုင် မိမိတို့ ကျောက်ထု PDF မှကူညီကယ်ထုတ်ပေးခဲ့ပါသည်)

လက်နက်အပြည့်အစုံဖြင့် ထွက်ခွာလာပါက ဆုကြေးငွေ ကျပ်သိန်း ၈၀ ကိုပါ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါ၍ ထွက်ခွာလိုသူများအနေနဲ့ ကျောက်ထု PDF ထံဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ကျောက်ထု PDF

- နှုတ်ခမ်းနီဖိုး ကူညီပါ -ပြတ်သွားတဲ့ ခြေထောက်တစ်ဖက်ကိုယူပါမြေမြှုပ်မိုင်းတစ်လုံး အသစ်ပေးပါကျဆုံးရဲဘော်ရဲ့ ချစ်သူ့မျက်ရည...
11/03/2022

- နှုတ်ခမ်းနီဖိုး ကူညီပါ -

ပြတ်သွားတဲ့ ခြေထောက်တစ်ဖက်ကိုယူပါ
မြေမြှုပ်မိုင်းတစ်လုံး အသစ်ပေးပါ

ကျဆုံးရဲဘော်ရဲ့ ချစ်သူ့မျက်ရည်
ကျောက်ကလေးလည်း
နားပန်တစ်စုံစာ ရောင်းဖို့ရှိပါတယ်

ထုတ်ချင်းပေါက်သွားတဲ့
ရဲဘော်သွေးနဲ့ ရေးတဲ့ပန်းချီကား
လေလံ ဘယ်ဈေး စခေါ်မလဲ

စစ်ရှောင်တွေရဲ့ ကျောပေါ်က
နှင်းခဲလေးတွေ ပုံသဏ္ဌာန်မပျက် ရှိပါတယ်
ဝယ်လက်ရှိရင် လက်တို့ပါ

တောင်ယာစိုက်ပြီး ဆောက်ထားတဲ့
ပျဉ်ထောင်အိမ် မီးသွေးစစ်စစ်တွေလည်း၊ ရပါမယ်

တာယာညှော်နံ့သင်းနေတဲ့
အရိုးတွေ ဘယ်နှစ်ပိဿာ ယူမလဲ

ရှိတာထုတ်ရောင်းရတာမို့ပါဗျာ
ကူညီပါ ။ ။

- စမအ
2.March.2022

Credit တူမီး

The Youth Force(Saw&Kyaukhtu)မှ တိုက်ပွဲ သတင်း ထုတ်ပြန်
10/03/2022

The Youth Force(Saw&Kyaukhtu)မှ တိုက်ပွဲ သတင်း ထုတ်ပြန်

ကျောက်ထုမြို့မရဲစခန်း နှင့် ပတ်ကင်းအားအမဲဖျက်ခြင်းသတင်းစဥ်.................................................................
08/03/2022

ကျောက်ထုမြို့မရဲစခန်း နှင့် ပတ်ကင်းအားအမဲဖျက်ခြင်းသတင်းစဥ်............................................................................

၈.၃.၂၀၂၂ ရက်နေ့ နံနက် (၈:၃၀) မိနစ်ဝင်းကျင်အချိန် ကျောက်ထုရဲစခန်းမှမြို့ထဲသို့ ပတ်ကင်းလှည့်လာသော စခွေးးးရခွေးးးးအကောင်၂၀ ခန့်အား ကျောက်ထု PDF မြို့ပြပျောက်ကြားတပ်ဖွဲ့ နှင့် CDF (Mindat) တို့ပူးပေါင်း၍ မိုင်း ၃ လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စခွေးးးရခွေးးးး ၇ ဦး နေရာတွင်ပင် မောင်းပြန်စာမိကာ ငရဲသို့ အကုသိုလ်အတုံးလိုက်ဖြင့် ခပ်မြန်မြန် ဆင်းသွားကြရှာပါသည်။ ၈ ဦးခန့် မိုင်းထိခိုက်ဒါဏ်ရာများရရှိသွားကြပါသည်။

အပြန်အလှန်ထိတွေ့မှုဖြစ်နေစဥ် ရဲစခန်းမှတပ်ကူမလာနိုင်ရန် ကျောက်ထု PDF လက်နက်ကြီးတပ်ဖွဲ့မှ ကျောက်ထုမြို့မရဲစခန်းအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ပေးခဲ့ကြပါသည်။ စခန်းတွင်းထိခိုက်ကျဆုံးမှုများအားမသိရသေးပေ။ ပြည်သူများ၏မေတ္တာကြောင့် မိမိတို့ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။

@@@@ ဖြစ်စဥ်အပြီး ကျောက်ထုလေတပ်အတွင်းသို့ ရဟတ်ယာဥ်တစ်စီးဖြင့် ပထမတစ်ခေါက်တွင် စခွေးးးအကူများနှင့် လက်နက်ခဲယမ်းများလာချသွားပြီး ဒုတိယအခေါက်တွင် ဒါဏ်ရာရခွေးးးများဟုယူဆရသော ငမိုက်သား ၈ ကောင်အားတင်ခေါ်၍ ဝေဟင်ထက်ပြေးတက်သွားလေတော့သည်။

ကျောက်ထုအမြှောက်တပ်ထဲမှလည်း တင့်ကားနှစ်စီး ကျောက်ထုဘဏ်ရုံးနားတွင်ရပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကြသည့်အပြင် ကျောက်ထုမြို့အတွင်း ကြံရာမရ ရမ်းသမ်းပစ်ခတ်နေကြကာ မြို့တွင်းမှအိမ်အပြင်ထွက်ပါက ပစ်မိန့်ပေးထားသည်ဟုလည်းကြားသိရပါသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ အ​ပြစ်မဲ့ပြည်သူ အမျိုးသမီး ၃ယောက်နှင့် အမျိုးသား၂ ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းကြားသိရပါသည်။

မိဘပြည်သူများအနေနှင့် စခွေးးး၊ ရခွေးးးများနှင့်ပေါင်းသင်းဆက်ဆံခြင်း၊ ၎င်းတို့နှင့်အနီးကပ်သွားလာနေထိုင်ခြင်းများမပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ကျောက်ထု PDF

08/03/2022

8.3.2022
ကျောက်ထုမြို့ဖြစ်စဥ်အကျဥ်း...
* နံနက် (8:30)ခန့်မှစတင်၍ ကျောက်ထုရဲစခန်းအနီးမှာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
* မြေပြင်သတင်းများအရ မြို့ပေါ်ကင်းလှည့်နေတဲ့ စစ်ခွေး၊ရဲခွေး (20)ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
* ဖြစ်စဥ်အပြီး ကျောက်ထုလေယာဥ်ကွင်းမှာ ရဟတ်ယာဥ် တစီးဆင်းပါတယ်။ထိခိုက်လူနာများကို လာသယ်တယ်လို့ ယူဆရပါတယ်။
* အမြှောက်တပ်က တင့်ကား(2)စီး ကျောက်ခွဲစက်နားမှာ အသင့်အနေအထားနဲ့ရှိနေတယ်လို့ သိရပါတယ်။
* စစ်ခွေးဘက်က ထိခိုက်ကျဆုံးစာရင်းတော့ မသိရသေးပါခင်ဗျာ။

Crd :ကျောက်ထု သတင်းမှန်

08/03/2022

‼️‼️‼️‼️

ကျောက်ထု ဒေသ တွင်းမှ မိဘ ပြည်သူများ ကျောက်ထုမြို့သို့ သွားလာခြင်း မပြုကြရန် အသိပေးအပ်ပါသည်။

08/03/2022

သတင်းကောင်းများ တင်ဆက်ရန် အသင့်

ရှေ့တန်း တစ်နေရာမှ CDF စစ်သမီးလေးCrd  :"ငါတို့လိုချင်တဲ့ အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မာ ပေးဆပ်ခြင်းတေရှိ နေပလိမ့်မယ်"...
07/03/2022

ရှေ့တန်း တစ်နေရာမှ CDF စစ်သမီးလေး

Crd :"ငါတို့လိုချင်တဲ့ အောင်မြင်မှုတိုင်းရဲ့
နောက်ကွယ်မာ ပေးဆပ်ခြင်းတေရှိ
နေပလိမ့်မယ်"

❣️6.3.2022

27.2.2022ပျုစောထီး များက ယနေ့မနက်ပိုင်းက ပခုက္ကူမြိုင်လမ်းပေါ်နဲ့ အခြားနေရာများတွင် အောက်ပါစာရွက်များ ကြဲဖြန့်သွားကြောင်...
27/02/2022

27.2.2022

ပျုစောထီး များက ယနေ့မနက်ပိုင်းက ပခုက္ကူမြိုင်လမ်းပေါ်နဲ့ အခြားနေရာများတွင် အောက်ပါစာရွက်များ ကြဲဖြန့်သွားကြောင်းသိရ။

26/02/2022

အထူးသတင်းတက်လာ

အဆိုးဆုံး မင်းဆိုးမင်းညစ်
တိုင်းပြည်ဖျက်တဲ့အထိ ယုတ်မာတဲ့
အောက်တန်းစား

အမေစုကို အခြေအနေကို ထိမ်းပေးဖို့ လူတချို့ လာညှိတယ်လို့ ကြားသိရတယ်။ ရှေ့နေတွေကနေ တိုင်းပြည် အခြေအနေကိုလည်း ကြားသိနေတာမို့လို့ နိုင်ငံ ပြန်လည်တည်ငြိမ် ငြိမ်းချမ်းဖို့ တခုခု လုပ်ပေးမယ်ဆိုရင် စကစဘက်ကလဲ တရားစွဲထားတာတွေ လျှော့ပေါ့ပေးမယ် ပေါ့လေ။

အမေစုက ပြောတယ်

“ဒီစစ်ဗိုလ်တွေ ဒီလောက်အထိ အသိဥာဏ်ပညာ အဆင်အခြင်မဲ့ မိုက်မဲလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ NLD ကို မုန်းလို့လဲ ရတယ် ဖျက်လို့လည်း ရတယ်၊ လက်ရှိ နိုင်ငံ့ ခေါင်းဆောင်တွေကို ဖမ်းလို့လဲရတယ်၊ သတ်လို့လဲ ရတယ်၊ လုပ်ပါ။

ဒါပေမယ့် ပြည်သူကို ရက်စက် တိုင်းပြည်ကို ပျက်တဲ့အထိ ဖျက်တာကတော့ နားလည်ပေးလို့လည်း မရဘူး၊ ခွင့်လွှတ်လို့လဲ မရဘူး၊ သည်းညည်းလည်း မခံဘူး။ ဒါဘဲ” လို့
ပြောခဲ့ပါသတဲ့

credit

PDF-Sawမှ တိုက်ပွဲ သတင်းထုတ်ပြန်
25/02/2022

PDF-Sawမှ တိုက်ပွဲ သတင်းထုတ်ပြန်

22/02/2022
"ပြန်လည်စုရုံး နှစ်​ခြောက်လုံး""ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"Silent strikeတို့ စည်ကားသပိတ်တို့စတဲ့ လူထုလှုပ်ရှားမှုနှိုး​...
21/02/2022

"ပြန်လည်စုရုံး နှစ်​ခြောက်လုံး"
"ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"

Silent strikeတို့ စည်ကားသပိတ်တို့စတဲ့ လူထုလှုပ်ရှားမှုနှိုး​ဆော်ချက်​​တွေအတွက် နည်းလမ်း​တွေကို စဉ်းစားစီစဉ်ကြသူ​တွေဟာ မြေပြင်မှာ ​နေ့စဉ်လိုလို သပိတ်​မှောက်ဆန္ဒပြ​နေကြတဲ့ လူငယ်​လေး​တွေအဓိကပါဝင်ပါတယ်။ သူတို့​တွေကိုယ်တိုင်က​တော့ စစ်​ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုအန္တရာယ်​တွေကြားမှာ အသက်​ရောဘဝပါရင်းပြီး အရဲစွန့်လမ်းထွက်​နေကြ​ပေမယ့် ပြည်သူလူထုကို ပါဝင်ဖို့နှိုး​ဆော်မယ်ဆိုရင် ပြည်သူထိခိုက်မှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။ ဒါ​ကြောင့်မို့လို့ silent strike ဆိုရင်လည်း လူတိုင်းနီးပါး အန္တရာယ်အနည်းဆုံးနဲ့ ပါဝင်နိုင်​အောင်ဆိုပြီး သူတို့​တွေ လမ်း​ပေါ်ထွက်ဖို့လိုအပ်တဲ့ရက်​တွေမှာ​တောင် လူထုမထိခိုက်ဖို့ ဦးစား​ပေးစိတ်နဲ့ လုပ်ခဲ့ကြပါတယ်။

အခုလည်း ၂၂.၂.၂၀၂၂ နှစ်​ခြောက်လုံး​နေ့မှာ လူထုတရပ်လုံးပါဝင်နိုင်မယ့် လှုပ်ရှားမှုအဖြစ် "စည်ကားသပိတ်" ရယ်လို့ နှိုး​ဆော်ကြပြန်ပါတယ်။ လူထုကို စစ်​ကောင်စီက လက်ဖျားနဲ့ထိတာ​တောင် မခံ​စေချင်ကြတဲ့ သပိတ်​ခေါင်း​ဆောင်လူငယ်​တွေက "စည်ကားသပိတ်"မှာ တိုက်တွန်းတဲ့ နည်းလမ်းက ကိုယ့်မြို့ကိုယ့်ရွာရဲ့ စည်ကားတဲ့​နေရာ​​တွေမှာ ပြည်သူ​တွေ အင်နဲ့အားနဲ့သွားလာပေးကြဖို့​လေးပဲ ​တောင်းဆိုပါတယ်။

ဒီလိုစည်ကားသပိတ်မှာပါဝင်တဲ့အခါ တတ်နိုင်မယ်ဆိုရင်

(၁) ဦးထုပ်/ခ​မောက်​တွေ​ဆောင်းပြီး သွားလာကြဖို့

(၂) မျက်နှာမှာ သနပ်ခါးလိမ်းပြီး သွားလာကြဖို့

(၃) အဆင်​ပြေရင် ပန်း​ပွင့် ပန်းစည်း​လေးကိုင်ပြီး သွားလာကြဖို့ (ဒီထက်အဆင်​ပြေရင် စာရွက်တရွက်​ပေါ် ​​ကြွေး​ကြော်သံ​လေး​တခုရေးပြီ ပန်းပွင့်​တွေနဲ့အတူ ကြဲချခဲ့ဖို့)

(၄) ကိုယ်​ရောက်​နေတဲ့​နေရာက လုံခြုံ​ရေး အ​ခြေအ​နေ​ပေးရင် လက်၃​ချောင်း​ထောင် ​ကြွေး​ကြော်ကြဖို့

(၅) ည၈နာရီမှာ သံပုံး​တွေတီး​ပေးကြဖို့

အဲဒါ​တွေကို အဆင်​ပြေရင် အကုန်လုံးလုပ်ပြီး မ​ပြေရင်လည်း နိုင်သ​လောက်​လေးလုပ်​ပေးကြဖို့ နှိုး​ဆော်ထားကြတာ ​တွေ့ရပါတယ်။

​ဒီလို လူထုလှုပ်ရှားမှုနှိုး​ဆော်ချက်​​တွေကို ပြည်သူလူထုက အင်တိုက်အားတိုက် ပါဝင်ကြတယ်ဆိုရင် ​မြေပြင်မှာ စွန့်စားပြီး သပိတ်ထွက်​နေကြတဲ့ လူငယ်​တွေ​​ရော မြို့ပြ​ပျောက်ကြား ရဲ​​​​​​ဘော်​တွေ​ရော တောထဲ​တောင်ထဲက လက်နက်ကိုင်လူငယ်​တွေ​ရောဟာ သူတို့အသက်​တွေရင်းပြီး လှုပ်ရှား​နေရတာကို​တောင်​မေ့ပြီး အတိုင်းမသိ​ပျော်ရွှင်ဝမ်း​မြောက်ကြပါတယ်။ သူတို့အတွက် လူထုရဲ့ ပူး​ပေါင်းပါဝင်မှုဟာ ဘယ်ဆရာဝန်ကမှ မ​ပေးနိုင်တဲ့ ခွန်အားဖြည့်​ဆေးကြီးပါပဲ။ ငါတို့ပြည်သူလူထုကြီးဟာ လူထုသပိတ်​တွေမှာ နိုင်သမျှနည်းနဲ့ပါဝင်​နေကြတာမို့ ငါတို့​တွေ အသက်နဲ့ရင်းရတာတန်တယ်။ ငါတို့​တွေ ​အဖမ်းခံ​ထောင်ကျခံ နှိပ်စက်ခံရရင်​တောင် ရဲရဲကြီး ရင်​ကော့ခံလိုက်မယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ လမ်း​မ​တွေ ​​​တော​တောင်​တွေထဲမှာ လူငယ်​တွေက တိုက်ပွဲဆက်ဝင်​နေကြတာဖြစ်ပါတယ်။

ဒါ​ကြောင့် နိုင်ငံလုံးကျွတ်လူထုသပိတ်​တွေဟာ စကစကို တကြိမ်တည်းနဲ့ ဖြုတ်မချနိုင်​သေးရင်​တောင် တော်လှန်ပြည်သူလူထုအချင်းချင်း အထူးသဖြင့် အသက်နဲ့ရင်းတိုက်ပွဲဝင်​နေကြရတဲ့ ရှေ့တန်းစစ်မျက်နှာ​ပေါင်းစုံကလူငယ်ရဲ​ဘော်​တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားနဲ့တက်ကြွမှုကို
​မုချမ​သွေ ​ပေးစွမ်းနိုင်ပါတယ်။

ကဲ! ဒီ​လောက်ဆိုရင် တော်လှန်​ရေး ရဲ​​​​​​ဘော်​တွေ ပြည်သူ​တွေအတွက် ရှေ့ဆက်နိုင်မယ့်ခွန်အား​တွေ​ပေးဖို့ လူထုသပိတ်​တွေမှာ တတ်နိုင်​သ​လောက်ပါဝင်ဖို့ ဆုံးဖြတ်လိုက်သင့်ပြီ မဟုတ်လား။

၂၂.၂.၂၀၂၂ နှစ်​ခြောက်လုံး​နေ့မှာ လမ်းမ​တွေ​ပေါ်ထွက်ခဲ့လိုက်ပါ
"စည်ကားသပိတ်"နဲ့အတူ နှစ်​ခြောက်လုံး​နေ့မှာ ပြန်လည်စုစည်းပြီး ရုန်းထလိုက်ကြရအောင်ပါ။ ✊✊✊

#222222
#ပြန်လည်စုရုံးနှစ်ခြောက်လုံး
#စည်ကားသပိတ်

Yaw Eagleအဖွဲ့အဓိကadminက အမျိုးသမီးတစ်ဦးထံက ငွေ သိန်း၃၀ကျော်  လိမ်ညာ၊ အလိမ်ခံရသူ မိသားစုကို ၎င်းအဖွဲ့က ခြိမ်းခြောက်ဂန့်ဂ...
20/02/2022

Yaw Eagleအဖွဲ့အဓိကadminက အမျိုးသမီးတစ်ဦးထံက ငွေ သိန်း၃၀ကျော် လိမ်ညာ၊ အလိမ်ခံရသူ မိသားစုကို ၎င်းအဖွဲ့က ခြိမ်းခြောက်

ဂန့်ဂေါ ဖေဖေါ်ဝါရီ ၁၉

Yaw Eagle, Yaw Eagle ll, Yaw Eagle Special Team, ကိုဖုန်းကြွယ် စသဖြင့် လူမှုကွန်ရက်အကောင့်တွေနဲ့ သတင်းတင်နေတဲ့ အမျိုးသားတစ်ဦးဟာ ယောဒေသခံ ပြည်ပရောက် အမျိုးသမီးတစ်ဦးဆီကနေ ငွေကြေး သိန်း ၃၀ခန့် လိမ်ညာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလူလိမ်အမျိုးသားက ငွေကြေးတွေကို ပြန်မပေးတဲ့အပြင် ငွေအလိမ်ခံရသူ အမျိုးသမီးရဲ့ ရွာမှာကျန်ခဲ့တဲ့မိသားစုကိုပါ အသက်အန္တရာယ်ခြိမ်းခြောက်နေတယ်လို့ ကာယကံရှင်က ပြောပါတယ်။ ငွေကြေးလိမ်လည်သူဟာ ထီးလင်းနယ်က ရန်ပိုင်ဆိုသူဖြစ်ပြီး ဂန့်ဂေါမြို့မှာ လွန်ခဲ့တဲ့နှစ်တွေက ငွေကြေးလိမ်ညာမှုတွေ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်ပါတယ်။ ဂန့်ဂေါမြို့ပေါ်မှာလည်း ၎င်းထံ ယခင်ငွေချေးပေးလိုက်မိသူတွေ ယခုထိ ရှိနေပါသေးတယ်။ ယခုဖြစ်စဉ်မှာလည်း ရန်ပိုင်ဆိုသူအနေနဲ့ ဒီဇင်ဘာလနှင့်ဇန်နဝါရီလတွေအတွင်းက အဆိုပါအမျိုးသမီးထံကနေ ငွေကြေးချေးယူခဲ့ကာ ယခုအချိန်အထိ ပြန်မပေးဘဲ ရှောင်နေတယ်လို့ သိရပါတယ်။ အဆိုပါလိမ်လည်မှုဖြစ်စဉ်မှာ Yaw Eagleအမည်ခံ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ငယ်တစ်ခုရဲ့ ဦးဆောင်သူအမျိုးသမီးတစ်ဦး(ဒေါ်မိုး-အမည်လွှဲ) လည်းပါဝင်ပါတယ်။ အလိမ်ခံရသူရဲ့မိသားစုကိုလည်း ဒေါ်မိုးဆိုသူက ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ဒေါ်မိုးဆိုသူက ကြားဝင်တာတွေရှိပြီး ငွေကြေးလိမ်ညာသွားပြီးတဲ့နောက် လိမ်ညာခံရသူအမျိူးသမီးအနေနဲ့ လိမ်လည်သွားသူကိုလည်း ဖုန်းဆက်မရတော့ဘူးလို့ ပြောပါတယ်။ GYVက သိရှိရသလောက်တော့ ၎င်းအမျိုးသားက အခြားပုဂ္ဂိုလ်အချို့ထံကလည်းလိမ်လည်ထားတာတွေ ရှိနေပြီး ငွေကြေးပမာဏလည်း များနိုင်တယ်လို့ သိရပါတယ်။ တော်လှန်ရေးအတွက် ငွေကြေးလှူဒါန်းလိုသူတွေ ‌ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ အထူးသတိထားဖို့လိုပြီး သေချာစိစစ်ဆက်ဆံဖို့ လိုအပ်ပါတယ်။ (လက်ရှိYaw Eagle ll) Yaw Eagleအဖွဲ့အနေနဲ့ ယခင်ကတည်းက သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်မရဘဲ သတင်းတင်တာ၊ မြေပြင်တပ်ပေါင်းစုများ စသဖြင့် အမည်ဝင်ယူတာ၊ နာမည်အလွဲသုံးတာတွေ ရှိခဲ့၊ရှိ‌နေပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ လက်ရှိ ၎င်းတို့ကိုင်တွယ်နေတဲ့ Yaw Eagle ll ကနေ တစ်စုံတစ်ရာ တုံ့ပြန်လာတာမရှိသေးပါဘူး။

Crd: Gangaw Youths Voice

18/02/2022

နိုင်ငံရေး အမြတ် ထုတ် လူလိမ် များအား ကြိုတင်အသိပေးခြင်း
*************×*************

လက်ရှိနိုင်ငံရေး အခြေအနေအတွင်း ပြည်သူ့အစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့ အားဖြည့်ရာတွင် ပြည်သူနဲ့ အစိုးရ တိုက်ရိုက် သော်လည်းကောင်း/ကြားခံ ထောက်ပို့တာဝန်ခံများနှင့်လည်းကောင်း ချိတ်ဆက် ကူညီနေကြရပါသည်။

နယ်မြေအသီးသီးတွင်တော်လှန်ရေး အရှိန်အဟုန် မြှင့်တင်နေကြပြီး ပြည်သူလူထုမှလည်း အားတက်သရော ကူညီပါဝင်ပေးနေကြသည်ကို အခွင့်ကောင်းယူ အမြတ်ထုတ် နိုင်ငံရေးအယောင်ဆောင် အလှူငွေလိမ်/လူလိမ် လူညစ်အမြတ်ထုတ် သမားများအား
ကျွနု်ပ်တို့ Confirmed Newsမှ နေရပ်လိပ်စာ အတိအကျ နယ်မြေအတိ အကျ ထောက်လှမ်း ရရှိပြီးဖြစ်ပါသည်။

ထိုသူများနှင့် ၎င်းတို့၏ နေရပ်အတိအကျ အချက်အလက် များအား သက်ဆိုင်ရာ နယ်မြေ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ များသို့ ပေးပို့ တိုင်ကြားထားပြီးဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

Confirmed news

18/02/2022

ခွေးနှင့်သွားပေါင်းသော ဆိတ်အကြောင်း
---------------------------------------
ဆိတ်နှင့်ခွေး အဆွေခင်ပွန်းဖြစ်သည်ဆိုလျှင် မဖြစ်နိုင်ဟုထင်ကြသည်။ သို့သော် ဆိတ်နှင့်ခွေးတို့သည် ဘုရားရှင်လက်ထက်ကတည်းက နှစ်ကောင်ပေါင်းပြီး အကြံကြီးကြံသော ကိစ္စတစ်ခု ရှိခဲ့ဖူးသည်။

လူတိုင်းသိပြီးသားကိစ္စဖြစ်သည်။

ဆိတ်က မြက်စားပြီး၊ ခွေးက အသားစားသည်။

ဖြစ်ချင်တော့ ဆိတ်က ရိုးရိုးမြက်ကို မစားလို။ ဘုရင့်ဆင်တင်းကုပ်ထဲက မြက်ကိုမှ စားလိုသည်။ ထို့အတူပင် ဘုရင့် စားဖိုဆောင်ဘေးတွင် ထမင်းကျန် ဟင်းကျန် ကပ်စားနေရသည့် ခွေးကလည်း စားဖိုဆောင်ထဲက အမဲဟင်းကိုမှ စားချင်သည်။

ပြဿနာက ဤတွင်စသည်

ဆိတ်သည် တင်းကုပ်ထဲခိုးဝင်သည်။ ထို့နောက် ဆင်ကျွေးရန်ထားသည့် မြက်တို့ကိုစားသည်။ ဆိတ်မြက်ခိုးစား နေသည်ကို ဆင်ထိန်းမြင်သည့်အခါတွင် တံခါးပိတ်ပြီးရိုက်သည်။ ဆိတ်ကား ကျောကော့အောင် ခံလိုက်ရ သည်။

ထို့အတူပင် ခွေးကလည်း စားဖိုမှုးက အိုက်သဖြင့် အပြင်ကို ခေတ္တထွက်ချိန်တွင် စားဖိုဆောင်ထဲခိုးဝင်ကာ ဟင်းအိုးကိုလှန်သည်။ အိုးသံကြားသဖြင့် စားဖိုမှူးဝင်ကြည့်ရာ ခွေးကိုတွေ့သောကြောင့် တံခါးပိတ်ရိုက်သည်။ ခွေးလည်း ကျောကော့အောင် ခံလိုက်ရသည်။

ခွေးနာနှင့်ဆိတ်နာ ဝေဒနာကို ခံစားပြီး အပြင်တွင် တွေ့ကြသည်

“အလို ဆိတ်ပါလား ... ကျောလေးကုန်းကွကွနဲ့ ဘာဖြစ်လာသလဲဗျ”

“အဆွေခွေးရာ ပြောမနေပါနဲ့တော့ ... ဆင်တင်းကုပ်ထဲဝင်ပြီး မြက်ခိုးစားတာ မိသွားလို့ ကျောကော့အောင် အတီးခံလိုက်ရသဗျ ... ဒါနဲ့ ကျုပ်ကိုသာပြောတယ် ... ခင်ဗျားလည်း ကျောကြီးကုန်းကွကွ ဘာဖြစ်လာသလဲဗျ"

“ကျုပ်လည်း အဆွေဆိတ်လိုပဲဗျာ ... စားဖိုဆောင်ထဲက အမဲဟင်းရနံ့က ကျုပ်ကို အတင်းဆွဲခေါ်သလိုဖြစ်ပြီး အိုးသွားလှန်နေတုန်း လူမိပြီးတော့ ကျောကော့အောင် အတီးခံလိုက်ရတယ်”

ဆိတ်နဲ့ခွေး တစ်နေရာတွင် ထိုင်ပြီး ညည်းတွားနေကြသည်။ ခွေးလည်း စားပေါက်ပိတ်၊ ဆိတ်လည်း စားခွက်ပျောက်ဖြစ်နေရသည်။ နောက်တစ်ကြိမ် တင်းကုပ်နှင့် စားဖိုဆောင်နားသို့ သွားမည်ဆိုလျှင် သေဖွယ်ရာသာရှိတော့သည်။

ခွေးက ပြောသည်

“အဆွေရယ် ... ဆင်တင်းကုပ်ထဲ သွားဝံ့သေးလား”

“မသွားဝံ့ပေါင်ဗျာ ... ခင်ဗျားရော စားဖိုဆောင် သွားဝံ့သေးလား”

“မသွားဝံ့တော့ဘူး”

“အင်း ခက်တော့တာပဲ ... ကျုပ်တို့ အဲဒီနေရာတွေကို ကပ်လိုက်တာနဲ့ ဒီတစ်ခါဆိုရင် သတ်ကြမှာ ... ဘယ်လို လုပ်ကြမလဲ”

သူတို့ထိုင်ပြီး တင်းကုပ်နှင့် စားဖိုဆောင်ကို ငေးကာနေကြသည်။ ထို့နောက် ခွေးက ခွေးကျင့် ခွေးကြံဖြင့် ခွေးဉာဏ်ထုတ်ကာ

“အဆွေ ... ဒီလိုလုပ်ရအောင်”

“ဘယ်လိုများ လုပ်မလဲ”

“သင်က စားဖိုဆောင်ကိုသွား ... သင့်ကို ဆိတ်ဆိုတော့ စားဖိုမှူးက ချမ်းသာပေးမှာပဲ ... ကျုပ်ကလည်း ဆင်တင်းကုပ်ကိုသွားမယ် ... တင်းကုပ်နား ခွေးလာကပ်တာကို ဆင်ထိန်းကလည်း ဂရုစိုက်မှာ မဟုတ်ဘူး”

“အဲဒီတော့”

“သင်က စားဖိုဆောင်ထဲက ဟင်းကိုခိုးပြီးတော့ ပါးစပ်နဲ့ ငုံလာပေး ... ငါက ဆင်တင်းကုပ်ထဲဝင်ပြီးတော့ မြက်ကို ခိုးလာပေးမယ် ... ပြီးမှ ဒီနေရာမှာ ပြန်ဆုံပြီး မြက်နဲ့ဟင်း လဲစားကြတာပေါ့”

“အလို ကောင်းလိုက်တဲ့အကြံ ... ဒီနည်းကို အမြန်ဆုံး အကောင်အထည်ဖော်ရအောင်”

“ကိုင်း သွားကြမယ်ဗျာ”

ထိုသို့ဖြင့် ဆိတ်က စားဖိုဆောင်ကိုသွားသည်။ စားဖိုဆောင်နားကို ဆိတ်ကပ်လာသည်အား စားဖိုမှူး မြင်သော်လည်း ဟင်းခိုးစားစရာ အကြောင်းမရှိဆိုကာ လျစ်လျူရှု၏။ ထို့အတူပင် ခွေးကလည်း ဆင်တင်းကုပ် အနီးသို့ ကပ်သွားရာတွင် ဆင်ထိန်းတို့က ခွေးသည် မြက်မစားဟုထင်ကာ လှည့်ပင်မကြည့်။

ဤနည်းဖြင့် ဆိတ်က ဟင်းခိုးသည်

ခွေးက မြက်ခိုးသည်

ခိုး၍ရလာသော အရာများကို တစ်နေရာတွင်ဆုံပြီး လဲလှယ်ကာ စားကြသည်။

ခွေးလည်း အာသာပြေ၊ ဆိတ်လည်း အာသာပြေ

ခွေးဘာကြောင့် ဆိတ်နှင့်ပေါင်းသနည်း

ဆိတ်ဘာကြောင့် ခွေးနှင့်သွားပေါင်းသနည်း

အာရုံပြောင်းကာ ခိုးစားကြရန်သာဖြစ်သည်။

ဤအကြောင်းကို ဘုရားဟော မဟော်သဓာဇာတ်တော်၌တွေ့ရသည်။ ဝိဒေဟရာဇ်မင်းကြီးက ခွေးနှင့် ဆိတ် ပေါင်းသည်ကိုတွေ့ပြီး အမေးပုစ္ဆာလုပ်သည်ကို မဟော်သဓာနှင့် အမတ်တွေ ဖြေရှင်းကြရသည်။

ဆိတ်တစ်ကောင် ခွေးနှင့်သွားပေါင်းသည်မှာ အဘယ်အကြောင်းကြောင့်နည်း ဆိုခြင်းကို ငါးရာ့ငါးဆယ်နိပါတ် တော်ထဲတွင် အကျယ်ဖတ်ကြည့်ကြစေချင်သည်။

(ရည်ညွှန်းကိုးကား - မေဏ္ဍပဥှာခန်း၊ မဟော်သဓာဇာတ်တော်ကြီး၊ ဇာတ်တော်ကြီးဆယ်ဘွဲ့၊ မင်းဘူး ဦးဩဘာသ)

#တင်ညွန့်

၁၅.၂.၂၀၂၂

Address


Website

Alerts

Be the first to know and let us send you an email when Confirmed news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share