Breaking News Club

  • Home
  • Breaking News Club

Breaking News Club လက်ရှိဖြစ်ပေါ်နေသောသတင်းများမှန်က?

ဖိုက်တာမင်းသားကြီးအောင်ပိုင်ရဲ့ နောက်ဆုံးခရီး
22/11/2021

ဖိုက်တာမင်းသားကြီးအောင်ပိုင်ရဲ့ နောက်ဆုံးခရီး

ကျိုက်နဲရေလယ်ဘုရား (နတ်လမ်း) ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘုရားဖူးပြည်သူတဦးရဲ့ မျက်မြင်ကိုယ့်တွေ့ ပြောကြားမှု"ဒီနေ့ဖြစ်သွားတာက ခ...
21/11/2021

ကျိုက်နဲရေလယ်ဘုရား (နတ်လမ်း) ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘုရားဖူးပြည်သူတဦးရဲ့ မျက်မြင်ကိုယ့်တွေ့ ပြောကြားမှု

"ဒီနေ့ဖြစ်သွားတာက ခင်တို့နဲ့ရှေ့ဆင့်နောက်ဆင့်ပါပဲ ။ခင်တို့က လမ်းမပေါ်တော့ တစ်ဝက်နဲ့ပြန်လှည့်ခဲ့တာ ။တစ်ချိူ့တွေက အဆုံးထိသွားကြတယ် ။

ဘာလို့သူတို့ကအဆုံးထိသွားကြလည်းဆို တစ်နှစ်မှတစ်ခါကြုံတောင့်ကြုံခဲ ဖူးရတဲ့ ဘုရားမို့ လမ်းပေါ်ဖို့ မနက်2နာရီထဲက မအိပ်ပဲစောင့်ကြရတာ ။အာ့ကြောင့်လူတွေက အဆုံးထိသွားကြတာ ။

ဘုရားကလဲပိတ်ထားတာ 2နှစ်ရှိပြီးဆိုတော့ လူတွေက သောင်းနဲ့ချီလာကြတာ ပေါ်တဲ့လမ်းကကျဉ်း လူတွေကများ လမ်းက တစ်ဝက်ပဲပေါ်သေးတော့လူတွေက ရပ်စောင့်နေတဲ့အချိန်မှာ လှိူင်းအလုံးကြီးပုတ်ပြီး လူ100လောက်ရေထဲကျသွားတာပါ ။

အားလုံးက အပျော်သွားကြတာမဟုတ်ပါဘူး ။ခဲရာခဲဆစ်ဖူးရတဲ့ဘုရားမို့သွားကြရင် အခုလိုတွေ ဖြစ်သွားတာပါ ။တစ်ချို့တွေက ဘာမှမသိပဲ အထင်နဲ့မပြောစေချင်ပါဘူး ကိုယ်ချင်းစာကြပါရှင့်

ကိုယ့်မျက်စိရှေ့မှာ ဖြစ်သွားတဲ့တွက် ပိုပြီးရင်နာရပါတယ်။

Credit မူရင်း

“PDF ဆေးတပ်ဖွဲ့မှ ကျဆုံးခဲ့ရသူ သူရဲကောင်းမလေး မိုင်ချင်းချင်း “
20/11/2021

“PDF ဆေးတပ်ဖွဲ့မှ ကျဆုံးခဲ့ရသူ သူရဲကောင်းမလေး မိုင်ချင်းချင်း “

လူ ဆင်းရဲပေမယ့် သဒ္ဓါတရား မဆင်းရဲ...🙏🙏🙏
18/11/2021

လူ ဆင်းရဲပေမယ့်
သဒ္ဓါတရား မဆင်းရဲ...🙏🙏🙏

ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့************************အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ကိုယ့်က...
14/11/2021

ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့
************************

အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့။

ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့။

သူများအလုပ် လုပ်ကိုင်နေရတော့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့
မတွေးလိုက်ပါနဲ့။

ကိုယ့်မှာတီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်းမနေနိုင်ပါဘူးလို့
မတွေးလိုက်ပါနဲ့။

ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရှုံးသွားတော့လို့
ငါ့ဘဝက အဓိပ္ပာယ်မဲ့သွားပြိီလို့ မတွေးလိုက်ပါနဲ့။

ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့
မတွေးလိုက်ပါနဲ့။

ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့
မတွေးလိုက်ပါနဲ့။

ရောဂါဝေတနာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့
မတွေးလိုက်ပါနဲ့။

အဲဒီလို တွေးလိုက်မိပြီဆိုတာနဲ့ သင့်ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပြီလေ။

ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့
လောကကြီးကို အလင်းရောင် ပေးစွမ်းနေကြတယ်။

အဆင်မပြေမှုတွေ နှလုံးသားရဲ့ ခံစားမှုတွေ
ဖိစီးနှိပ်ဆက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းချီးပေးလာမှာ မဟုတ်ဘူးလေ။

သူငယ်ချင်း
ကိုယ့်ကိုကိုယ် အထင်သေးတဲ့တစ်နေ့
မင်းဟာ တန်ဖိုးမဲ့လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပြီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့
မိဘမျက်နှာကို အိုးမဲ သုတ်သလိုပဲ။
ငါမလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့ မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်။

ခံစားချက်တွေများလွန်းလို့ မခံမရပ်နိုင် ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ။
ပြီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါ။

လေးစားစွာဖြင့်
pr

ပံ့သကူပစ်ပါ!တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲစိတ်စေတနာ သန့်ရှ...
13/11/2021

ပံ့သကူပစ်ပါ!

တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။
ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ
စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။

အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ
ပံ့သကူပစ်ပါ ရတဲ့ သူ ပျော်ရွှင်ပါစေ။

ငွေပမာဏ နဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ
ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ

ကိုယ် တတ်နိုင်သည့် ပမာဏလေးကို
စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။

နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ
ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်

ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့
အကျိုးကျေးဇူးပါပဲ။

သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။

ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။

ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိပ်သေးသေးလေးဖြစ်စေ
ဖန်ခွက်လေး တစ်ခုဖြစ်စေ
ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး
ပံ့သကူပစ်ကြပါနော်။

ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့
ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့
အကြွေးလို ခံစားရမည့်အသိ
ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။

သူလည်း လွတ်လွပ်စွာ ပျော်
ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ
ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။

ပံ့သကူပစ္တဲ့ အခါ
ဗုံးလား၊ မသာမာတဲ့ ပစ္စည်းလား ဆိုပြီး
မြင်တဲ့သူ စိတ်မပူရအောင်

ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။

၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်

အထူးအရေးကြီးတာက
"ပံ့သကူပစ်ပါသည်" ဆိုတဲ့ စာလေး ကပ်ထားပေးနော်
ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ
ရယူနိုင်ကြပါစေ။

🌕 တန်ဆောင်မုန်းလပြည့်ညမှာ
ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။

ရယူတဲ့ ပျော်ရွှင်မှုထက်
ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက
ပိုအေးချမ်းရတယ် မဟုတ်လား။

Crd : original writer

တန်ဆောင်မုန်း လပြည့်နေ့
၁၃၈၃ခုနှစ်၊ (18.11.2021) ကြာသပတေးနေ့

11/11/2021
ပြည်သူ့စစ်သား ဆိုတာ ဒါမျိုးဟု ဝေဖန်ပြောဆိုနေတဲ့ ဓါတ်ပုံ
01/11/2021

ပြည်သူ့စစ်သား ဆိုတာ ဒါမျိုးဟု ဝေဖန်ပြောဆိုနေတဲ့ ဓါတ်ပုံ

ပြည်သူ လူထုထံ " ထိုင်ရှိခိုး၍ ထုတ်ပြန် ကြေငြာချက် ” ဟု YFA ကြေညာ ၊
30/10/2021

ပြည်သူ လူထုထံ

" ထိုင်ရှိခိုး၍ ထုတ်ပြန် ကြေငြာချက် ” ဟု YFA ကြေညာ ၊

💔 ဖိုက်တင်း လို့ ပြောရမှာတောင် အားနာပါတယ် ထန်တလန် 🙏
30/10/2021

💔 ဖိုက်တင်း လို့ ပြောရမှာတောင် အားနာပါတယ် ထန်တလန် 🙏

မျက်ရည်စတွေနဲ့ ထန်တလန်ရင်တွေဗလောင်ဆူ ဘယ်လောက်များပူလိုက်မလဲတို့တွေရင်ထဲလည်း ထပ်တူနာကျင်ရပါတယ် 😢😢Fighting ထန်တလန်💔🥺🙏🏻အားတ...
29/10/2021

မျက်ရည်စတွေနဲ့ ထန်တလန်
ရင်တွေဗလောင်ဆူ ဘယ်လောက်များပူလိုက်မလဲ
တို့တွေရင်ထဲလည်း ထပ်တူနာကျင်ရပါတယ် 😢😢
Fighting ထန်တလန်💔🥺🙏🏻
အားတင်းထားပေးပါ😭🙏🏻💔

ကိုယ်ထူကိုယ်ထဖို့ လိုနေတဲ့ နိုင်ငံတော်ပါ။ နိုင်ငံသူ နိုင်ငံသားအားလုံး တစ်ဦးချင်း အင်အားအပြည့်နဲ့လုပ်ဆောင်ပေးနေတာကို သိရ...
28/10/2021

ကိုယ်ထူကိုယ်ထဖို့ လိုနေတဲ့ နိုင်ငံတော်ပါ။ နိုင်ငံသူ နိုင်ငံသားအားလုံး တစ်ဦးချင်း အင်အားအပြည့်နဲ့လုပ်ဆောင်ပေးနေတာကို သိရတာဝမ်းသာအားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် 🙏

"အမှုဖွင့်ပြီးမှ ဖမ်းရမှာကို ဖမ်းပြီးမှ အမှုဖွင့်တာ အဲဒီအမှုငါနဲ့မဆိုင်" #ဦးဝင်းမြင့်(နိုင်ငံတော်သမ္မတ)
28/10/2021

"အမှုဖွင့်ပြီးမှ ဖမ်းရမှာကို
ဖမ်းပြီးမှ အမှုဖွင့်တာ အဲဒီအမှုငါနဲ့မဆိုင်"

#ဦးဝင်းမြင့်(နိုင်ငံတော်သမ္မတ)

ကန်ကြီးထောင့်၊ ကညင်ငူရွာအနီး စစ်ကောင်စီကားတစ်စီးအား PSTF မှ ဗုံးပစ်သွင်းဖောက်ခွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး ၂ ဦး ဒ...
25/10/2021

ကန်ကြီးထောင့်၊ ကညင်ငူရွာအနီး စစ်ကောင်စီကားတစ်စီးအား PSTF မှ ဗုံးပစ်သွင်းဖောက်ခွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ၊ PSTF အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး ကျဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းသွားယာဉ်များ အဖြူရောင်အလံလွှင့်ထူရန် သတိပေး  #ပုံကိုထိပြီးအပြည့်အစုံဖတ်ပါ👇👇
24/10/2021

ရန်ကုန်-မန္တလေး အမြန်လမ်းသွားယာဉ်များ အဖြူရောင်အလံလွှင့်ထူရန် သတိပေး
#ပုံကိုထိပြီးအပြည့်အစုံဖတ်ပါ👇👇

Travel ရန်ကုန်-မန္တလေး အမြန်လမ်းသွားယာဉ်များ အဖြူရောင်အလံလွှင့်ထူရန် သတိပေး 41 mins ago0 Views1 min read ရန်ကုန်-မန္တလေး အမြန်လမ.....

ထိုင်းနိုင်ငံမှာကျင်းပမယ့် 2021 Miss Grand International ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာအလှမယ် အမရာရွှန်းလဲ့👉 #ပုံကိ...
24/10/2021

ထိုင်းနိုင်ငံမှာကျင်းပမယ့် 2021 Miss Grand International ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာအလှမယ် အမရာရွှန်းလဲ့
👉 #ပုံကိုထိပြီးကြည့်ရှုပါ👇

Cele News ထိုင်းနိုင်ငံမှာကျင်းပမယ့် 2021 Miss Grand International ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာအလှမယ် အမရာရွှန်းလဲ့ 27 seconds ago0 Views...

ခရီးသွားပြည်သူများသို့ အထူးသတိပေး အကြောင်းကြားခြင်း..........🚨🚨🚨မိမိတို့အဖွဲ့အစည်းသည် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ...
24/10/2021

ခရီးသွားပြည်သူများသို့ အထူးသတိပေး အကြောင်းကြားခြင်း..........🚨🚨🚨

မိမိတို့အဖွဲ့အစည်းသည် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ စစ်ကောင်စီတပ်များကို မြန်မာပြည်အနှံ့ အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်လျက်ရှိပါသည်။

သို့သော် ရန်ကုန် မန္တလေး အမြန်လမ်းအပါ အဝင် လမ်းဟောင်း အချို့တွင် များစွာသော အပန်းဖြေခရီးထွက်မည့် ကားများ ၊ ဘုရားဖူးထွက်မည့် ကားများ ကြောင့် မိမိတို့အဖွဲ့အစည်းအနေဖြင့် တော်လှန်ရေးအတွက် အခက်အခဲများစွာကြုံတွေ့နေရပါသည်။

သို့ဖြစ်ပါရဲ့ မိမိတို့အဖွဲ့အစည်းအနေဖြင့် ယနေ့မှ စ အောက်ပါ ကြေငြာချက်ကို ထုတ်ပြန်လိုက်ပါသည်။

အလုပ်ကိစ္စ ၊ ကျန်းမာရေး ကိစ္စ ၊ နာရေး ကိစ္စမှ လွဲ၍ အပန်းဖြေခရီးထွက်ခြင်း ၊ ဘုရားဖူး ထွက်ခြင်းများကို ပြင်းထန်စွာ တားမြစ်ပါသည်။

အလုပ်ကိစ္စ ၊ ကျန်းမာရေးကိစ္စ ၊ နာရေး ကိစ္စ မဖြစ်မနေ သွားရမည့် ကားများသည်လည်း အဖြူရောင်အလံကို ကား၏ ထင်ရှားသော နေရာများတွင် လွှင့်ထူ သွားလာကြပါရန် နှင့် အကယ်၍ ယခုထုတ်ပြန်ချက်ပါ ကြေငြာချက်အား လိုက်နာဆောင်ရွက်ခြင်း မရှိ ပါက မိမိတို့အဖွဲ့အစည်း တာဝန်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်ပါသည်။

ရန်ကုန်၊ ပဲခူး ၊ ဖြူး ၊ သာစည် ၊ မန္တလေး ( အမှတ် ၃ နယ်မြေ စစ်ဆင်ရေး ပျောက်ကြားတပ်ဖွဲ့ခွဲ) မှ အထက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။

အောက်တိုဘာ ၂၅ ရက်ကစ၍ တပတ်အတွင်း ကလေးမြို့မှ ချင်းတောင်သို့ ခရီးသွားလာခြင်းမပြုရန် Zomi PDF ထုတ်ပြန်
24/10/2021

အောက်တိုဘာ ၂၅ ရက်ကစ၍ တပတ်အတွင်း ကလေးမြို့မှ ချင်းတောင်သို့ ခရီးသွားလာခြင်းမပြုရန် Zomi PDF ထုတ်ပြန်

𝗩𝗶𝗱𝗲𝗼 ရိုက်ပြသွားတာ ကြွားချင်ရုံသက်သက်မဟုတ်ဘူး။ကိုယ့်လူတွေကို စိတ်ဓါတ်မကျဖို့သူ့လူတွေကို နောက်ကျောမလုံဖို့သက်သေတစ်ခုဖြစ်...
24/10/2021

𝗩𝗶𝗱𝗲𝗼 ရိုက်ပြသွားတာ ကြွားချင်ရုံသက်သက်မဟုတ်ဘူး။
ကိုယ့်လူတွေကို စိတ်ဓါတ်မကျဖို့
သူ့လူတွေကို နောက်ကျောမလုံဖို့
သက်သေတစ်ခုဖြစ်အောင်ချန်ခဲ့တာ။
ခဏခဏ ပြန်ကြည့်ဖြစ်တယ်မဟုတ်လား။
အေး•••ငါ့ရှင်တို့•••
မကြာ မကြာ ကြည့်ချင်ရင်
အရင်းအနှီးလိုတယ်။
ကြိုးစားပြီးလှူကြတာပေါ့။

အများပြည်သူ စိတ်ဒုက္ခရောက်နေတဲ့ တိုင်းပြည်မှာစိတ်ချမ်းသာတဲ့လူဆိုတာ အင်မတန်မှ ရှက်စရာကောင်းတယ်...                        ...
23/10/2021

အများပြည်သူ စိတ်ဒုက္ခရောက်နေတဲ့ တိုင်းပြည်မှာ
စိတ်ချမ်းသာတဲ့လူဆိုတာ အင်မတန်မှ ရှက်စရာကောင်းတယ်...
ဒေါ်အောင်ဆန်းစုကြည်

နေပြည်တော်မှာ စစ်တပ်နဲ့ရဲ ပစ်ခတ်မှုဖြစ်လို့ ၂ ယောက် ဒဏ်ရာရနေပြည်တော် ဒက္ခိဏသီရိမြို့နယ် တရုတ်မြန်မာစိုက်ခင်း ကျွန်းတောနေ...
23/10/2021

နေပြည်တော်မှာ စစ်တပ်နဲ့ရဲ ပစ်ခတ်မှုဖြစ်လို့ ၂ ယောက် ဒဏ်ရာရ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် တရုတ်မြန်မာစိုက်ခင်း ကျွန်းတောနောက်မှာ အောက်တိုဘာ ၂၂ ည ၉နာရီကျော်က မသင်္ကာဖွယ် လူရိပ်တွေတွေ့တယ်ဆိုပြီး နယ်မြေခံ ဒုရဲအုပ်နဲ့ အရပ်ဝတ်ရဲတပ်ဖွဲ့ဝင် ၃ ယောက်က သွားကြည့်ပြီး လက်နိပ်မီးနဲ့ထိုးကြည့်တာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက မှားယွင်း ပစ်လိုက်တာဖြစ်ပါတယ်။

တပ်မ ၆၆ ၊ ခလ၇-၈၀ (အင်းမ) မှ ဗိုလ်ကြီးအောင်မျိုးထက် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာရန်ကုန်၊ အောက်တိုဘာ ၂၃ တပ်မ ၆...
23/10/2021

တပ်မ ၆၆ ၊ ခလ၇-၈၀ (အင်းမ) မှ ဗိုလ်ကြီးအောင်မျိုးထက် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာ

ရန်ကုန်၊ အောက်တိုဘာ ၂၃

တပ်မ ၆၆ ၊ ခလ၇ - ၈၀ (အင်းမ) မှ စစ်တက္ကသိုလ် အပါတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီး အောင်မျိုးထက်သည် စစ်ကာင်စီတပ်ကို စွန့်ခွာ၍ CDM လုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း ပြည်သူ့စစ်သားအဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

"စစ်တက္ကသိုလ် အပါတ်စဉ် ( ၅၂) မှ ဗိုလ်ကြီး အောင်မျိုးထက်ဟာ စစ်ကာင်စီကို စွန့်ခွါပြီး ပြည်သူ့ဘက်ရပ်တည်ခဲ့ပါတယ်။ စစ်တပ်တွင်းမှာ စစ်ကောင်စီကို စွန့်ခွါလိုသူတွေများပြားနေပြီး စွန့်ခွါဖို့အခက်အခဲရှိနေပါက ပြည်သူ့စစ်သားအဖွဲ့သို့ ဆက်သွယ်ပါ။ တန်ဖိုးမရှိတော့တဲ့ စစ်ကောင်စီစစ်သားလုပ်မလား ၊ တန်ဖိုးရှိရှိ ပြည်သူ့တပ်မတော်သားလုပ်မလားဆိုတာကို ရဲရဲရွေးချယ်ကြပါ ရဲဘော်တို့ " ဟု ပြည်သူ့စစ်သားအဖွဲ့က သတင်းထုတ်ပြန်သည်။

CDM ပြုလုပ်သော ပြည်သူ့စစ်သားများအနေဖြင့် ပြည်သူ့စစ်သားအဖွဲ့သို့ https://www.peoplesoldiers.org မှတဆင့် ကူညီနိုင်ကြောင်း၊ ပြည်သူ့စစ်သားအဖွဲ့သည် ပြည်သူ့ဘက်ရပ်တည်သည့် ပြည်သူ့စစ်သားကောင်းများနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ပြည်သူ့စစ်သားအဖွဲ့အနေဖြင့် NUG အစိုးရအား တင်ပြနိုင်ခဲ့ပြီးနောက် အမျိုးသားညီညွှတ်ရေးအစိုးရ မှ “ တပ်မတော်သားနှင့်စပ်လျဉ်းသော မူဝါဒ” ထုတ်ပြန်ခဲ့ကြောင်း၊ ထိုမူဝါဒနှင့်အညီ ပြည်သူ့စစ်သားအဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

People's Soldiers is an organization that supports the brave soldiers who have defected, and advocates for more soldiers to join the people. People's Soldiers firmly believes that defections is a key strategy in winning this revolution.

လူပေါင်း 1000ကျော် စတေးခဲ့ရတာ 8လကျော်ခဲ့ပီ 😓💔
23/10/2021

လူပေါင်း 1000ကျော် စတေးခဲ့ရတာ 8လကျော်ခဲ့ပီ 😓💔

ရန်ကုန်မြို့လယ်ခေါင်က ကမ္ဘောဇဘဏ်ခွဲ ဓါးပြတိုက်ခံရပြီးနောက် လုံခြုံရေး တင်းကြပ်ထားရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၇ လမ်းနှ...
22/10/2021

ရန်ကုန်မြို့လယ်ခေါင်က ကမ္ဘောဇဘဏ်ခွဲ ဓါးပြတိုက်ခံရပြီးနောက် လုံခြုံရေး တင်းကြပ်ထား

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ Urban Asia အဆောက်အအုံရှိ ကမ္ဘောဇဘဏ်ခွဲတွင် ယနေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်အချိန် ဓားပြတိုက်ခံရပြီးနောက် အခင်းဖြစ်ပွားရာနေရာအပါအဝင် မြို့တွင်းဝင်သည့် လမ်းကြောင်း တချို့တွင် လုံခြုံရေး တင်းကြပ်ထားသည်။

ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဓားပြတိုက်ခံရမှု ဖြစ်စဉ်တွင် မျက်နှာဖုံးစွပ်လူ ၅ ဦးမှ ဘဏ်အတွင်းရောက်နေသူများကို ဝပ်ခိုင်းကာ ပိုက်ဆံများကိုယူသွားကြောင်း၊ လုံခြုံရေး ဝန်ထမ်းနှစ်ဦးသာ အထိုးခံလိုက်ရကြောင်း သိရသည်။

လက်နက်ကိုင် လူ ၅ ဦးသည် fielder အမျိုးအစား အဖြူရောင် တက်စီဖြင့် ‌ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ပစ္စတိုသေနတ်ဖြင့် ချိတ်ရွယ်ကာ ဘဏ်ဝန်ထမ်းကောင်တာ အတွင်းမှ ကျပ် ၁ သောင်းတန် ၁၁၈၉၁ ရွက်၊ ၅ ထောင်ကျပ်တန် ၃၉၀၀၀ ရွက်နှင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၃ ထောင်ကျော် အား ဆာလာအိတ်အတွင်းသို့ ထည့်ကာ မဟာဗန္ဓုလလမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်သွား ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

 #ယနေ့ရင်ကို ထိရှစေသော ပြည်သူ့နှလုံးသားပုံရိပ်တစ်ခု❤️ဓာတ်ပုံဆရာ - Credit ပေးပါသည်။𝗢𝗰𝘁 19,2021
22/10/2021

#ယနေ့
ရင်ကို ထိရှစေသော ပြည်သူ့နှလုံးသားပုံရိပ်တစ်ခု❤️

ဓာတ်ပုံဆရာ - Credit ပေးပါသည်။

𝗢𝗰𝘁 19,2021

Address


Website

Alerts

Be the first to know and let us send you an email when Breaking News Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share