Gaming by Zaw

  • Home
  • Gaming by Zaw

Gaming by Zaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gaming by Zaw, Gaming Video Creator, .

21/08/2022

PUBG မှာ အကောင်းဆုံးလက်ဖြောင့်သမား🤣🤣




#ဟာသ

21/08/2022
09/08/2022
13/06/2021

အရမ်းအသုံးဝင်တဲ့ fonts လေးတွေပါ.....

PC Myanmar Fonts နှင့် Font အလှများ
==========================

Win Art House Fonts အလှ(1-70)
------------
https://my.pcloud.com/publink/show?code=XZXmXUZ7XKQow7KjhhL7myhnDrrfYhh1k7V

Zawgyi One /Wininnwa/Myanmar 3
Fonts အပြင် အခြားfontတွေ အားလုံး
---------
www.myordbok.com/myanmar-fonts/external?font=innwa.TTF

Alpha zawgyi font for (64 bit)
-------------------------------
https://my.pcloud.com/publink/show?code=XZqmXUZnrKdeFeaBuS3rebzd3k7p79y0abX

SmartZawgyi Pro font
-------------------------------
https://my.pcloud.com/publink/show?code=XZ0XsMZCfugKbqArHXYd951AjQGOB8H6a37

arial zawgyi ttf
---------------------
https://my.pcloud.com/publink/show?code=XZdbXUZMnfX7CRU9m7JVloWb0nsX5JYaGOk

Win 10 MMT (1/2)
------------------
https://my.pcloud.com/publink/show?code=XZba7GZUlxDtFeD5R5TEafWAtxuO0Ybh3rX

===============================================

စာစီစာရိုက် အသုံးပြုနေတဲ့ သူငယ်ချင်းတွေးအတွက် စာစီစာရိုက် မှာ အသုံးပြုရန်အတွက် မြန်မာ ဖောက် အလှ 1970 ခုကို တင်ပေးလိုက်ပါတယ်... ဖောက်အစုံ ပါဝင်ပါတယ်...

အသုံးပြုခြင်ရင် ယူသွားပါ....တစ်ကယ်တန်းဖိုး ရှိပြီး စီးပွားရေး နယ်ပယ်မှာ အသုံး ဝင်မဲ့

ဖောက် အလှ တွေပါ....ဖိတ်စာ ပြုလုပ် နေတဲ့ သူငယ်ချင်းတို့အတွက် ဆောင်ထားသင့်ပါတယ်...252MB ပဲရှိပါတယ်..

Download Link
============
https://drive.google.com/file/d/0B_8yCzmbI99tNFp3SmdFeXlEWFU/view?resourcekey=0-NCVlThvCjsG5XJLEkUTGqQ

မေတ္တာဖြင့် ပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါသည်။

ချယ်ရီတွေပွင့်ပြန်ပြီ
13/01/2021

ချယ်ရီတွေပွင့်ပြန်ပြီ

 #ထမင်းတစ်နပ်ရဲ့ဒိုင်ယာရီ ❤ #ဒီနေ့ ကျွန်တော် မထိုင်ဖြစ်တာကြာပြီဖြစ်တဲ့ထမင်းဆိုင်လေးမှာ ထမင်းစားရင်းစဥ်းစားမိတယ်။အမှန်တို...
03/01/2021

#ထမင်းတစ်နပ်ရဲ့ဒိုင်ယာရီ ❤

#ဒီနေ့ ကျွန်တော် မထိုင်ဖြစ်တာကြာပြီဖြစ်တဲ့
ထမင်းဆိုင်လေးမှာ ထမင်းစားရင်း
စဥ်းစားမိတယ်။

အမှန်တိုင်းပြောရရင်

ကျွန်တော်အပါအဝင်
ဒီနိုင်ငံမှာ ရှိတဲ့သူ 75% လောက်က

Pizza တွေ ဟန်ဘာကာတွေလို
နာမည်ကြီး အစားအသောက် မပြောနဲ့

ပုံမှန် ထမင်းဟင်းတွေ ကိုတောင်
ဆိုင်မှာ
#နေ့တိုင်း
#အနပ်တိုင်း ဝယ်စားနိုင်လောက်တဲ့
ဝင်ငွေမျိုး ကျွန်တော်တို့မှာ မရှိကြသေးဘူး

မြန်မာနိုင်ငံကို လာလည်တဲ့ ဧည့်သည်တိုင်းက ပြောတယ်

"Zaw နင်တို့နိုင်ငံကို လာရတာ အရမ်းတန်တယ်။
အစားအသောက်တွေဆိုရင် ငါတို့နိုင်ငံက 20. $ပေးရတဲ့အစားအသောက်က ဒီမှာ 700 cents/0.7 $လောက်ပဲကုန်ကျတယ်" တဲ့

ကျွန်တော်ပြန်စဥ်းစားကြည့်တယ်။
သြော် သူတို့နိုင်ငံက လစာက များများရလို့ ဝယ်ရတဲ့ပစ္စည်း​တွေကလည်း စျေးကြီးတာပေါ့လို့။

ဒါပေမယ့်
သူတို့တွေက နေ့တိုင်း အနပ်တိုင်း ဆိုင်မှာ စားနိုင်တဲ့ အပြင်
ဝင်​ေငွရဲ့ ထက်ဝက်လောက်ကို
စုနိုင်နေသေးတယ်ဆိုတာ သိလိုက်ရတော့
ကျွန်တော် တကယ်အံ့သြသွားတယ်။

သူတို့က အလုပ်ကို အေး​အးဆေးဆေးလုပ်ပြီး
လုံလုံလောက်လောက် သုံးစွဲနိုင်နေတဲ့အချိန်မှာ
ကျွန်တော်တို့က ချွေးတလုံးလုံးနဲ့ သွေးထွက်မတတ် တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်မှ
ရတဲ့ဝင်ငွေက ဆိုင်မှာ ဝယ်စားရင် နှစ်နှပ်စာတောင် မရတဲ့ ဘဝလို့ တွေးနေချိန်

ဧည့်သည်က ကျွန်တော့်ကို ပြန်ပြောလိုက်တာက

#ဘယ်နိုင်ငံသားဘဲ ဖြစ်ဖြစ်
#ဘယ်နေရာမှာပဲနေနေ
#ဘာအလုပ်ပဲလုပ်လုပ်

အသိပညာရယ်
အတတ်ပညာရယ် တတ်ထားဖို့အရေးကြီးတယ်တဲ့
သင်ယူထားဖို့ အရေးကြီးတယ်တဲ့။

မြန်မာနိုင်ငံမှာလည်း ဒီလိုပဲတဲ့။
ဆိုင်မှာ အစားအသောက် နေ့တိုင်း
ဝယ်စားနိုင်တဲ့ ဝင်ငွေ မရနိုင်သေးတာ
ဟိုလူတွေကြောင့် ဒီလူတွေကြောင့်လို့
ပြောနေကြပေမယ့်
အဓိက ကျတာတော့
ပညာရေးညံ့နေသေးလို့ပါ တဲ့

ပညာရေးသာ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ပညာရေးဖြစ်လာလာခဲ့ရင်
ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ရင်ဘောင်တန်းနိုင်လာမှာပါတဲ့။

#ဧည့်သည်တွေရဲ့ပြောစကားကို ပြန်တွေးရင်း
ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်တွေ ချမှတ်နေခဲ့တယ်။

#နိုင်ငံတကာအသိအမှတ်ပြုတဲ့ပညာတွေသင်ယူပြီး

#လူငယ်တွေကိုမျှဝေမယ်။

ကိုယ်သင်ယူလို့ အဆင်မပြေတဲ့ပညာတွေကို တတ်တဲ့ပညာရှင်တွေနဲ့ချိတ်ဆက်ပြီး လူငယ်တွေကိုသင်ပေးခွင့်ရဖို့ ကြိုးစားမယ်။

အစားအသောက်တွေ နေ့တိုင်း ဆိုင်မှာ စားသောက်နိုင်တဲ့
အရည်အချင်းတွေ ဝင်ငွေတွေရဖို့ ကြိုးစားမယ်။
လူငယ်တွေကိုလည်း ဝင်ငွေကောင်းကောင်းရအောင်
အတတ်နိုင်ဆုံးကြိုးစားပေးမယ်။

ဆင်းရဲနေတုန်းက အတူတူခေါ်ခေါ်ပြောပြောရှိကြပေမယ့်တစ်ယောက်က အကြောင်းကြောင်းကြောင့် ချမ်းသာသွားတဲ့အခါပိုက်ဆံတွေ အများကြီး ရှ...
30/12/2020

ဆင်းရဲနေတုန်းက အတူတူခေါ်ခေါ်ပြောပြောရှိကြပေမယ့်

တစ်ယောက်က အကြောင်းကြောင်းကြောင့်
ချမ်းသာသွားတဲ့အခါ
ပိုက်ဆံတွေ အများကြီး ရှိလာ​တဲ့အခါ

ကျန်တဲ့သူတွေကို

#ခေါ်ခေါ်ပြောပြောလုပ်ခွင့်မရှိတော့ဘူး

#မေးခွင့်မရှိတော့ဘူး
#ဘဝင်လေဟပ်ရမယ်
#အောက်ခြေလွတ်ရမယ်
#မာနတွေမိုးပေါ်ထောင်ထားရမယ် လို့များ

​မြတ်စွာဘုရားက မိန့်တော်မူခဲ့လေသလားဗျာ။

ကျွန်တော် ဟိုးအရင်နှစ်တွေတုန်းက အတူတူဒုက္ခရောက်ခဲ့စဥ် ဘဝကို ခက်ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ကြစဥ်တုန်းက အရမ်းကို သဘောကောင်းတယ်လို့ထင်ရတဲ့ ကျွန်တော့်ရဲ့ဆွေမျိုးတစ်ယောက်ကို

ရုတ်တရက်တွေ့လိုက်တော့
မတွေ့တာအတော်ကြာပြီဖြစ်လို့ ဝမ်းသာအားရနဲ့

"ကျွန်တော့ကို မှတ်မိလား" ပေါ့
ကျွန်တော့်မိသားစုတွေကသတိရနေကြောင်းကိုပြောတဲ့အခါ

သူ့ဘက်က အဖတ်တောင်မလုပ်ဘဲ
အထင်းသေးတဲ့အကြည့် အထင်းသေးတဲ့ စကားလုံးတစ်ချို့တွေကိုသာ ရရှိခဲ့တယ်။

ကျွန်တော်သူ့ကို မနာကြည်းခဲ့ပါဘူး

ဒါပေမယ့်
ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သင်ခန်းစာတွေ အများကြီးရခဲ့တယ်။

ကိုယ့်ရဲ့
ဆုံးဖြတ်ချက်တွေ ပိုပြီးတော့ ခိုင်မာလာစေတယ်။

တစ်နေ့ ကျွန်တော် သူတို့ထက် ပိုချမ်းသာရမယ်။
ပိုက်ဆံတွေ အများကြီးရှာနိုင်အောင်ကြိုးစားမယ်။

ဒါပေမယ့်
သူ့လို လူတွေကို အထင်သေးမယ် ဆိုတဲ့
စိတ်ဓာတ်မျိုးမမွေးဘဲ
ကိုယ်ချင်းစာစိတ်နဲ့
လူအပ်သူတိုင်းကို ကူညီမယ်။

ပိုက်ဆံချမ်းသာလာတဲ့အခါ
သူတို့ကိုးကွယ်နေကြတဲ့ မာနဆိုတဲ့စကားကို

ကျွန်တော်ရဲ့ နှလုံးသားထဲမှာမထားဘဲ
ချမ်းသာသူဘဲဖြစ်ဖြစ် ဆင်းရင်းသူဘဲဖြစ်ဖြစ် အဆင့်အတန်း တန်းတူ ထားမယ်။
လူတိုင်းကို တန်ဖိုးထားမယ်။
#ကူညီမယ်။
#ပေးကမ်းမယ်။
#မှျဝေမယ်။

ကျွန်တော့်ကို လိုအပ်သူတိုင်း ကျွန်တော် အဆင်သင့်ဖြစ်အောင်နေမယ်။

နေက်ဆုံး
ဆင်းရဲတုန်းက ကုတ်ကုတ် ကုတ်ကုတ်နဲ့နေကြပြီး
ချမ်းသာလာမှ အောက်ခြေတွေလွတ် မာနတွေ ထောင်နေကြတဲ့
သူတို့လို လူတွေကို

#ငွေကြေးချမ်းသာခြင်း နဲ့

#ပညာရှိခြင်း

တွေ မတူတဲ့အကြောင်း

#လူတိုင်းကငွေကြေးပိုင်ဆိုင်တဲ့ပမာဏခြင်းမတူပေမယ့် လူတွေကလူတွေပဲဖြစ်ကြောင်း

#ကိုယ်ကဘယ်အခြေအနေဘဲရောက်ရောက်လူတိုင်းကို တန်ဖိုးထားသင့်ကြောင်း
တွေကို
သူတို့ကို လက်မထောင်ပြီး ပြောပြဦးမယ်။

လူတိုင်းမှာ သူအားသာချက်နဲ့သူရှိကြောင်းတွေကို ပြုံးပြုံးလေးနဲ့ သူတို့ကို ကျွန်တော် ပြန်ပြောပြမယ်။

ဘဝမှာတစ်ခါလောက်တော့လွတ်လွတ်လပ်လပ်ဖြတ်သန်းခွင့်ရသင့်တယ်
28/12/2020

ဘဝမှာတစ်ခါလောက်တော့
လွတ်လွတ်လပ်လပ်ဖြတ်သန်းခွင့်ရသင့်တယ်

ကျွန်တော်လေးစားမိတယ် ကျွန်တော့်တို့ရွာရဲ့ လူကြီး လူငယ်​​ တစ်ဦးချင်းစီတွေရဲ့စိတ်ဓာတ်ကိုတခြားတခြားသော အကြောင်းအရာတွေဆိုတာ...
29/10/2020

ကျွန်တော်လေးစားမိတယ်
ကျွန်တော့်တို့ရွာရဲ့ လူကြီး လူငယ်​​ တစ်ဦးချင်းစီတွေရဲ့စိတ်ဓာတ်ကို

တခြားတခြားသော အကြောင်းအရာတွေဆိုတာ ဘေးဖယ်ထားဦး

ကျွန်တော့်ရဲ့ ရွာလေးနဲ့ အရင်မိတ်ဆက်ပေးပါရစေ

ကျွန်တော့်တို့ ရွာလေးက
မန္တလေးတိုင်းရဲ့ အစွန်
ရှမ်းပြည်နယ်ရဲ့ အစပ်
လူတွေ အရောက် အပေါက်နည်းပြီး
လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ဒေသ
မီးအလင်းရောင်အတွက် ဆိုလာနဲ့ ပက်ထရီကို
အားကိုးရတဲ့ ရွာလေးပါ။

ရွာရဲ့ နာမည်ကတော့
#ကမ္ဘားနီ ပါ

နာမည်လေးက ကမ္ဘာကြီး ဖြစ်နေပေမယ့်
ဝမ်းစာရေးအတွက်ပဲဖြစ်ဖြစ် ပညာရေးအတွက် ပဲဖြစ်ဖြစ်
လူမှုရေးအတွက်ပဲဖြစ် ဖြစ်
ရွာရဲ့ အပြင်ဘက် ထွက်လို့
ဆယ်မိုင်ကျော်လောက် ဝေးသွားရင်
ကမ္ဘားနီ လို့ အမည်ပေးထားတဲ့
ကျွန်တော်တို့ရဲ့ရွာလေး ရဲ့နာမည်ကို
မသိတဲ့သူတွေက 98 ရာခိုင်နှုန်းကျော်ပါတယ်

အဲသလို လူသူ အရောက် အပေါက်နည်းပြီး
#နာမည်မပေါက်သေးပေမယ့်

ကျွန်တော်တို့ရွာ​ရဲ့လူကြီးလူငယ်တွေရဲ့ စိတ်ကလေးကိုတော့ လေးစားမိတယ်
တခြား အရာတွေကို မဆိုထားဘိ
ကျွန်တော် စိတ်ဝင်စားတဲ့
ပတ်ဝန်းကျင်သန့်ရှင်းရေး ဘက်ကနေ ပြောပါရစေ

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်နဲ့ ရွာက လူငယ်လေးတွေ ရွာထဲမှာ အမှိုက်ပုံး အချို့ကို လှူဒါန်းခဲ့ပြီး ကျွန်​ေတာ့်ရဲ ့ အချိန်ကြောင့် လူငယ်အချို့ကိုပဲ အမှိုက်ရဲ့ ဆိုးကျိုးတွေကို ရှင်းပြပေးခဲ့ရတယ်။

အမှိုက်တောင်းလှူပြီးတော့
ကျွန်တော် ရဲ့ ပညာရေးအတွက် ရွာကို ခွဲနေချိန်မှာ
ရွာက လူကြီးလူငယ်တွေ တစ်ယောက်ချင်းစီက
လမ်းမှာကျသမျှ အမှိုက်တွေကို သူကြောင့် ကိုယ့်ကြောင့်လို့ တာဝန်လွှဲခြင်း မရှိဘဲ
သူအသိ ကိုယ့်အသိကလေးနဲ့ ကောက်ကြ
ကောက်ထားတဲ့အမှိုက်တွေ
စားထားသမျှ အမှိုက် တွေကို
အမှိုက်တောင်းထဲကို စနစ်တကျ ထည့်လာကြတာ
ခုဆို ကျွန်တော့်ရဲ့ ရွာလေးက
အမှိုက် ပစ်တဲ့သူတွေတောင်း မရှိသလောက် ဖြစ်နေပါပြီ။

ခုလို သူ့အသိ ကိုယ့်အသိလေးနဲ့
ကိုယ့်ရွာရဲ့ အလှတရား ကို တန်ဖိုးထားပြီး
ထိန်းသိမ်းပေးကြတဲ့ လူကြီးလူငယ် တစ်ယာက်ချင်းစီကို
ရင်ထဲကနေ လေးစားမိတယ်
ကျေးဇူးတင်လည်း တင်မိတယ်။

ဒီနေ့ ရိုက်ဖြစ်တဲ့ တူမပုံလေးတွေထဲက တစ်ချို့
23/09/2020

ဒီနေ့ ရိုက်ဖြစ်တဲ့ တူမပုံလေးတွေထဲက တစ်ချို့

23/09/2020
ကျွန်တော့်ဘဝ အမှတ်တရများ
23/09/2020

ကျွန်တော့်ဘဝ အမှတ်တရများ

ဖြစ်တည်မှုတစ်ခုအတွက်
20/08/2020

ဖြစ်တည်မှုတစ်ခုအတွက်

ခရီးသွားရတာ ကြိုက်တဲ့သူတွေ ရှိလား     #ခရီးသွား
16/08/2020

ခရီးသွားရတာ ကြိုက်တဲ့သူတွေ ရှိလား

#ခရီးသွား

သဘာဝထဲက သဘာဝများ
11/08/2020

သဘာဝထဲက သဘာဝများ

ဘာနဲ့ရိုက်ရမလဲ
11/08/2020

ဘာနဲ့ရိုက်ရမလဲ

ခုထိမဆိုရသေးဘူးအဲသီချင်း🤣🤣
09/08/2020

ခုထိမဆိုရသေးဘူးအဲသီချင်း🤣🤣

 #ဘဝမှာ #ခေတ်ဆန်စွာ နေတတ်ဖို့ထက် #အေးချမ်းတဲ့နေရာလေးမှာ #ပျော်ရွှင်စာနေတတ်ဖို့က ပိုအရေးကြီးတယ် #ဇော်မင်းထွေး
21/06/2020

#ဘဝမှာ

#ခေတ်ဆန်စွာ နေတတ်ဖို့ထက်

#အေးချမ်းတဲ့နေရာလေးမှာ

#ပျော်ရွှင်စာနေတတ်ဖို့က
ပိုအရေးကြီးတယ်

#ဇော်မင်းထွေး

ရောက်ခဲ့မိသောနေရာ
10/06/2020

ရောက်ခဲ့မိသောနေရာ

ဒီနေ့ ရောက်ခဲ့တဲ့နေရာလေးတွေ
10/06/2020

ဒီနေ့ ရောက်ခဲ့တဲ့နေရာလေးတွေ


အမှတ်တရလေး ချန်ခဲ့ပါရစေ
08/06/2020

အမှတ်တရလေး ချန်ခဲ့ပါရစေ

အေးချမ်းသူတို့နယ်မြေ
03/06/2020

အေးချမ်းသူတို့နယ်မြေ

စိမ်းလန်းခြင်းအနုပညာ
03/06/2020

စိမ်းလန်းခြင်းအနုပညာ

Address


Telephone

09442940711

Website

Alerts

Be the first to know and let us send you an email when Gaming by Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share