06/03/2024
အစ္စလာမ်ကြောင့် အာရဗ်တွေ ဘာ ပြောင်းလဲသွား
သလဲ....ဒီမေးခွန်းကို ဖြေနိုင်ဖို့ဆိုရင် အစ္စလာမ်မတိုင်မီ
အာရဗ်သမိုင်းကိုသိဖို့ အရေးကြီးတယ်။အစ္စလာမ်ကို
ဘာသာတရားတစ်ခုအဖြစ် ကွက်ပြီးပုံဖော်ရင်မပြည့်
စုံပါ။အကြောင်းက အစ္စလာမ်ဟာ အဲဒီခေတ် (ရှေး
ဟောင်းခေတ်)ကိုအဆုံးသတ်ပေးခဲ့တဲ့ လှုပ်ရှားမှုကြီး
တစ်ခုဖြစ်ခဲ့တယ်။ကျမ်းချက်အရ ကိုးကွယ်ရာအယူ
အဆနဲ့ဘ၀နေနည်းညွှန်ကြားချက်တွေကအတွေးအခေါ်
ပြုပြင်ပြောင်းလဲရေးနဲ့ တည်ဆဲစနစ်တို့အပေါ် ဆန့်ကျင်
ဘက်ကိုသွားဖို့ရည်ရွယ်ပါတယ်။တကယ်လည်းအေဒီ၇
ရာစုမှာ အသစ်ပေါ်လာတဲ့ အစ္စလာမ်ဟာ သူ့သီအိုရီနဲ့
မငြိစွန်းတဲ့ဓလေ့တွေကို မဖျက်သိမ်းခဲ့ပေမယ့် သူ့သီအို
ရီနဲ့ငြိစွန်းတဲ့စနစ်တွေကိုတော့ ဖျက်သိမ်းခဲ့ပါတယ်။
အစ္စလာမ်မတိုင်မီကအာရဗ်အများစုဟာအခြေချနေ
ထိုင်တဲ့ အဆင့်မှာမရှိခဲ့ဘူးဆိုတာအားလုံးမဟုတ်ပါ။
အခြေကျပြီးသားအာရဗ်တို့ရဲ့သမိုင်းလည်းရှိထားပါ
တယ်။ဒါပေမဲ့အစ္စလာမ်ပေါ်တော့မယ့်အချိန်မှာ အဓိက
အားဖြင့် အာရေဗျမြောက်ပိုင်းကအများစုဟာ ခြေသလုံးအိမ်တိုင်ဘ၀မှာကျန်ရစ်နေဆဲဖြစ်တယ်။ ပီထရာ၊ပါလ်
မိုင်ရာ၊ဖိုးနီးရှန်း၊အဆီးရီးယန်း၊ယီမင်၊အဘီစီးနီးယား၊
ဂတ်ဆာနစ် စတဲ့ အာရဗ်မင်းနိုင်ငံတွေဟာ မြေပြင်မှာ
အခြေကျကာ ပလ္လင်နဲ့ဆင်နဲ့ဖြစ်ပြီး နောက်ပိုင်းမှာပြန်
လည်ကျဆင်းသွားတဲ့ ကျဆင်းမှုဖြစ်တယ်။သေချာတာက အာရဗ်လူမျိုးတွေဟာ အစ္စလာမ်မတိုင်မီဘ၀မှာ စနစ်
ကျတဲ့စုစည်းမှုမဖြစ်သေးပါ။ဒါဟာ ဒေသတွင်းနိုင်ငံရေး
ရဲ့ဖိအားကြောင့်ဖြစ်တယ်။ရောမ-ပါရှန်တို့ရဲ့လွှမ်းမိုးမှုက
အာရဗ်တွေကို စနစ်တကျစုစည်းဖို့ အခွင့်အရေးမပေးခဲ့
ပါ။
အင်ပါယာကြီး၂ခုဟာ သူတို့အကျိုးစီးပွားအတွက်ပဲ
အားထုတ်ခဲ့ကြတယ်။ဒါကြောင့် ပါလ်မိုင်ရာ၊ပီထရာစတဲ့
ရှေးအာရဗ်အင်ပါယာလူမျိုးတွေနဲ့ ဟင်မ်ယာ၊ လတ်ခ်
မစ်၊ဂတ်ဆာနစ်၊အဘီစီးနီးယန်းစတဲ့ ရှေးဟောင်းခေတ်ရဲ့
နှောင်းပိုင်းကအာရဗ်မင်းနိုင်ငံတွေကို အသုံးချခဲ့တာပေါ့။
တောသားဘီဒူးအင်းတွေကလည်း မိမိနယ်နဲ့မိမိအဆင်
ပြေသလိုနေထိုင်နေကြခြင်းက စုစည်းမှုကိုဟန့်တားနေ
သလို အခန့်သား ထီးရိပ်ခို(ရောမ-ပါရှန်)စံနေကြတဲ့ အာ
ရဗ်မင်းနိုင်ငံတွေဟာလည်း တောသားတွေနဲ့မိတ်ဖွဲ့ခြင်း
ကို စိတ်မ၀င်စားခဲ့ကြဘူး။သူတို့မှာ အင်ပါယာကြီး၂ခုရဲ့
နိုင်ငံရေးနဲ့ ယဥ်ကျေးမှု(ဘာသာရေးအပါအ၀င်) ရေစီး
ကြောင်းအတိုင်း စီးဖို့ကလွဲပြီး ကျန်တဲ့ဆန့်ကျင်ဘက်
အတွေးအမြင်မရှိခဲ့ဘူး။ဒါကြောင့်တမန်တော်မိုဟမ္မဒ်နဲ့
အစ္စလာမ်မပေါ်မီကတည်းက ယဥ်ကျေးမှုရှိပြီးသား
အာရဗ်လူမျိုးတွေဟာ သမိုင်းမှာ ရာဇ၀င်တွင်ရလောက်
အောင်ပြုပြင်ပြောင်းလဲရေးမျိုးလုပ်ဖို့ဆန္ဒမရှိခဲ့သလို ဒီ
အတွေးအခေါ်လည်းမရှိခဲ့ကြဘူး။
ခေတ်ပြိုင်အခြေအနေအရ တမန်တော်မိုဟမ္မဒ်ဟာ
မက္ကာဟ်မှာ ၁၃နှစ်တိတိ အနှိပ်စက်ခံသာသနာပြုပြီး
ကုရ်အာန်က ရွှေ့ပြောင်း(ဟေဂျာရာဟ်)ပါလို့အမိန့်ကျ
လာလို့ မဒီနာကိုရွှေ့ပြောင်းနေတဲ့အချိန်နဲ့အတိအကျ
ဖြစ်တဲ့ အေဒီ၆၂၂မှာ ရောမဧကရာဇ်ကြီး ဟီရာကလီး
ယပ်စ်ဟာ ပါရှန်တွေကိုတိုက်ဖို့ ပါရှန်အင်ပါယာထဲကို
စစ်ချီ၀င်ရောက်သွားနေပါပြီ။မဒီနာကိုတမန်တော်ရောက်
ပြီး ၇နှစ်ကျော်အကြာ မက္ကာဟ်သားတွေရဲ့ကျူးကျော်
တိုက်ခိုက်မှုမျိုးစုံကိုခံခဲ့ပြီး အေဒီ၆၂၈ ဟိုဒိုင်ဘီယာမှာ
တစ်ဖက်သတ်အနာခံစာချုပ်ကာ ငြိမ်းချမ်းရေးရအောင်
ယူခဲ့တယ်။အဲဒီခုနှစ် ၆၂၈မှာပဲ ဟီရာကလီးယပ်စ်ဟာ
ပါရှန်ဧကရာဇ်ခိုစရို့ရဲ့နန်းတော်ဖြစ်တဲ့ တက်စီဖွန်(မဒါ
အင်)ကို ချီတက်သိမ်းပိုက်ဖျက်ဆီးနေပြီဖြစ်ပါတယ်။
ဒါကြောင့်တမန်တော်နဲ့ခေတ်ပြိုင် မက္ကာဟ်-ကွန်စတန်
တီနိုပလ် ၃၂၀၀ကီလိုမီတာခန့်အကွာကနေ ၂၃နှစ်တိတိ
ခေတ်ပြိုင်ရှင်သန်ခဲ့ကြချိန်မှာ တမန်တော်ဟာ အာရဗ်
လူမျိုးတွေကို ကိုးကွယ်ရာစနစ်အသစ်နဲ့အတွေးအခေါ်
ကိုပြောင်းလဲနေပြီး ဟီရာကလီးယပ်စ်ကတော့ ပါရှန်တွေ
နဲ့ ၂၈နှစ်တိုင်တိုင်စစ်တိုက်နေခဲ့ပါတယ်။
မုအ်သာ၊သဗူးက် စတဲ့ ရောမ-ပါရှန်တို့နဲ့နွယ်ပြီးဖြစ်တဲ့
စစ်ပွဲမတိုင်မီကတည်းကတမန်တော်မိုဟမ္မဒ်ဟာ စစ်ပြိုင်
နေတဲ့ရောမ-ပါရှန်တို့က ဧကရာဇ်တွေဆီကိုငြိမ်းချမ်းရေး
သ၀ဏ်လွှာပေးပို့ခဲ့တာက ဒီသမိုင်းရဲ့ထူးခြားချက်ပဲ။
ပါရှန်နဲ့ရောမဟာ ဒေသတွင်းမှာ၂၈နှစ်တိုင်တိုင် စစ်ပွဲနဲ့
ချေမွခဲ့တာမှာ လူနဲ့စိုက်ပျိုးမြေတွေအားလုံးပျက်စီးခဲ့ရ
တယ်။တစ်ခါအကြိတ်ဖုထွက်လာတတ်တဲ့ ပုလိပ်ရောဂါ
ကလည်း ဒေသလူဦးရေကိုချေမုန်းခဲ့ပြန်တယ်။ဒါဆိုရင်
ဒေသတွင်းမှာလူဦးရေဘယ်လောက်ကျန်မလဲ။ရောမ-ပါ
ရှန်ရဲ့စစ်ပြိုင်ကာလဟာဒေသတွင်းကို အကြိတ်အနှယ်
ဖျက်စီးပစ်ခဲ့ပါတယ်။
ဒီအင်ပါယာကြီး၂ခုကို ငြိမ်းချမ်းရေးသ၀ဏ်လွှာပေးပို့
ပြီး သူ့ရဲ့ တမန်တော်ဖြစ်ခြင်းကို ပေါ်တင်ကြေငြာကာ
ငြိမ်းချမ်းရေးကို ရှေ့ရှူဖို့နှိုးဆော်လိုက်ခြင်းက အလွန်
ရှေ့ရောက်တဲ့လုပ်ရပ်တစ်ခုပဲဖြစ်တယ်။လူမသိသူမသိ
တမန်တော်အဖြစ်မနေဘဲ ကမ္ဘာသိအောင်အင်ပါယာတွေ
ထိတိုင်အောင် ကြေငြာမောင်းခတ်ကာ စစ်ပွဲကနေရပ်ပြီး
ငြိမ်းချမ်းရေးကိုယူကြဖို့ နှိုးဆော်သွားခြင်းက အင်ပါ
ယာဧကရာဇ်များရဲ့အမြင်မှာမထူးဆန်းတဲ့ကိစ္စတစ်ခု
ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ နောက်၆နှစ်အ
ကြာမှာ အဲဒီ အာရဗီအမျိုးသားစုစည်းခဲ့တဲ့ လူထုကြီး
ဟာ သူတို့ရဲ့အနှစ်နှစ်ထောင်သမိုင်းမှာ ပထမဆုံးကြိမ်
စုစည်းလာပြီးပါရှန်နေပြည်တော်ကြီးကို သိမ်းပိုက်နေပြီ
ဖြစ်သလိုရောမရဲ့ဆီးရီးယားကိုပါ တစ်ပြိုင်တည်းသိမ်း
နေပြီဖြစ်ပါတယ်။
တကယ်တော့ အစ္စလာမ်အကြောင်းသိချင်ရင်သူ့ရဲ့
လူ့အဖွဲ့အစည်းနဲ့ဖြစ်တည်မှုအစုစုကိုနားလည်ချင်ရင်
အစ္စလာမ်မတိုင်မီ အာရဗီသမိုင်းကိုစေ့စေ့ငင သိဖို့လို
ပါတယ်။ဒီသမိုင်းဟာ ဘာသာရေးတစ်ကွက်တည်းရဲ့
သမိုင်းမဟုတ်ဘူး။အဲဒီခေတ်ကလူသားရဲ့နေရေး၊ထိုင်
ရေး၊စားရေး၊ရှင်သန်ရေး၊ကိုးကွယ်ရာကနေ ဓလေ့ထုံး
တမ်းတွေအထိ ပြောပြနိုင်တဲ့ ဘက်စုံမြင်ကွင်းကိုသိမြင်
နားလည်ဖို့ရာကူညီပေးပါလိမ့်မယ်။
ရောမ-ပါရှန်နဲ့ခေတ်ပြိုင် အာရဗီသမိုင်းစာအုပ်
စာမျက်နှာ-၄၈၅
စာအုပ်ဆိုဒ်-မဂ္ဂဇင်းဆိုဒ်
ရောင်းစျေး-၃၀၀၀၀ ကျပ်
၀ယ်ယူလိုသူများအနေနဲ့ Page messanger မှာ
အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာ ရေးပြီး အိမ်ရောက်
ငွေချေစနစ်ဖြင့်မှာယူနိုင်ပါပြီ။