We Love Pyin Oo Lwin

  • Home
  • We Love Pyin Oo Lwin

We Love Pyin Oo Lwin News

ပြင်ဦးလွင်မြို့နယ် ၊ ပွဲကောက်ကျေးရွာအုပ်စု သို့ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် မြို့နယ...
25/03/2023

ပြင်ဦးလွင်မြို့နယ် ၊ ပွဲကောက်ကျေးရွာအုပ်စု သို့ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

ပြင်ဦးလွင် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာအုပ်စုတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးသောင်းမြင့်သိန်း က စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ နှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများအား ရှင်းလင်းပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်း က မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ယခုကဲ့သို့ တွေ့ဆုံပွဲကျင်းပ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလာရောက်ဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးအရာရှိ ဒေါ်အေးအေးခန့်က လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျ ကိုယ်စားပြု(Proportional Representation System-PR) စနစ်အကြောင်း သိကောင်းစရာများအားလည်းကောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်လျှပ်စစ်၊ ဆည်‌မြောင်း၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၊မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်စည်ပင်အစရှိသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များကို ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေး၊ ဆိုင်ရာကိစ္စရပ်များ၊ ပညာရေး ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးကိစ္စရပ်များနှင့်ပတ်သက်၍တင်ပြခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ စစ်ကြောင်းကြီး (၅)ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပွဲကောက်ကျေးရွာအုပ်စု မှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster ဆေးများ ထိုးနှံပေးခြင်း၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေးဆောင်ရွက်ခြင်း နှင့် စည်ပင်သာယာရေးကိစ္စရပ်များ ၊ အိမ်ထောင်စုလူဦးရေစာရင်း မွေးတိုး နှင့် သေဆုံးပယ်ဖျက်ကိစ္စရပ် များကို ဆောင်ရွက် ပေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ပွဲကောက်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများစုစုပေါင်း (၁၆၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဖြူလူသစ် [ခရိုင်(ပြန်/ဆက်)]

ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပစေရေး အပတ်စဉ်စုပေါင်းသန့်ရှင်းရေး လွတ်လပ်ရေး ကျောက်တိုင်ကွင်းအတွင်း ဝိုင်းဝန်းစုပေါင်းဆေ...
25/03/2023

ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပစေရေး အပတ်စဉ်စုပေါင်းသန့်ရှင်းရေး လွတ်လပ်ရေး ကျောက်တိုင်ကွင်းအတွင်း ဝိုင်းဝန်းစုပေါင်းဆောင်ရွက်

ပြင်ဦးလွင် ၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် နေထိုင်ကြသော ပြည်သူလူထု၏ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များ ဖြစ်ပေါ်စေရန်အတွက် ပြင်ဦးလွင်မြို့၏ အထင်ကရတစ်ခုဖြစ်သည့် လွတ်လပ်ရေးကျောက်တိုင်ကွင်း ရှိ ခြုံနွယ်၊ အမှိုက် သရိုက်များ ဖယ်ရှားရှင်းလင်းခြင်း စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၇ နာရီခွဲက ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြင်ဦးလွင်မြို့ ၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပြင်ဦးလွင်တပ်နယ်မှ အရာရှိ၊စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၃၁၀) ဉီးခန့်တို့က လူအား၊ စက်အားဖြင့် ခြုံနွယ်အမှိုက်သရိုက်များ ရှင်းလင်းခြင်းလုပ်ငန်းကို အင်တိုက်အားတိုက် စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြင်ဦးလွင်မြို့ ၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းအတွင်း ခြုံနွယ်၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာနေရာသို့ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ်ဇော်မင်းလတ် နှင့် ပြင်ဉီးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ် [ခရိုင် (ပြန်/ဆက်)]

ပြင်ဦးလွင်ခရိုင် ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား လူငယ်များအတွက် အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆ...
24/03/2023

ပြင်ဦးလွင်ခရိုင် ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား လူငယ်များအတွက် အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ကျင်းပ

ပြင်ဦးလွင် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ရွှေလှေကား စာပေ၊ ဂီတ အထွေထွေဗဟုသုတပြန့်ပွားရေးကွန်ယက်တို့ ပူးပေါင်းကာ လူငယ်များဗလငါးတန်ပြည့်စုံစေရေး စာဖတ်ရှိန်မြှင့်တင်စေရေးနှင့် စာပေ၊ ဂီတ၊ အထွေထွေ ဗဟုသုတများ တိုးတက်ရရှိစေရေးရည်ရွယ်၍ အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေး ပွဲ များကို ယနေ့ နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ဆွေးနွေးဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး နည်းပညာသစ်များနှင့် နည်းပညာ၏ကောင်းကျိုးဆိုးကျိုးများအား လည်းကောင်း၊ မိုးမှိုင်း (ပြင်ဦးလွင်) က လူနှင့်လူပတ်ဝန်းကျင်ပေါင်းသင်းဆက်ဆံရေး ဆိုင်ရာများအား ဆွေးနွေး ပြောကြားကာ ဦးအောင်သူက ယဉ်ကျေးလိမ္မာရေးဆိုင်ရာ သိကောင်းစရာများအား အသီးသီး ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲများအား ၂၀၂၃ ခုနှစ် ၊ မတ်လ (၁၆) ရက် မှ ဧပြီလ (၇) ရက်နေ့အထိ အပတ်စဉ် ကြာသပတေးနေ့နှင့် သောကြာနေ့တိုင်း နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုသွားမည် ဖြစ်ပြီး ဆွေးနွေးဟောပြောပွဲများအား ကျောင်းသား၊ လူငယ်များ ပါဝင်တက်ရောက်ခြင်းဖြင့် စာပေ၊ ဂီတ ၊ ပန်းချီ ၊ အားကစား ၊ သုတ/ရသ စာပေဆိုင်ရာများ၊ ယဉ်ကျေးမှု ၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာများ၊ နည်းပညာနှင့် သတင်းအချက်အလက် ဆိုင်ရာများ၊ ကျန်းမာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြန်မာစာ၊ မြန်မာစကားနှင့် ကလေးသူငယ်ဆိုင်ရာ အထွေထွေသိမှတ်ဖွယ်ရာများ စသည်တို့အား ရင်းနှီးနားလည် သိကျွမ်းစေမည်ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် မိမိတို့စိတ်ဝင်စားရာဘာသာရပ်များ ကို ထပ်မံတက်ရောက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အရေးများလည်း ရရှိစေမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကျောင်းသားလူငယ်များအချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်းအစီအစဉ် များအပြင် ဦးဆောင်နွေးနွေးသူများ နှင့် ကျောင်းသား /သူများ အပြန်အလှန် မေးမြန်း/ဖြေကြား ပေးမည့် အစီအစဉ်များဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကျောင်းသားလူငယ် များအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အထွေထွေ ဗဟုသုတများ တိုးပွါးလာစေမည် ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ဟောပြောဆွေးနွေးပွဲ ကျင်းပ ပြင်ဦးလွင် မတ် ၂၄ မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရ...
24/03/2023

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ဟောပြောဆွေးနွေးပွဲ ကျင်းပ

ပြင်ဦးလွင် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန တွင် ယမန်နေ့ နံနက်၁၀ နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးးဆိုင်ရာ အသိပညာ​ပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကင်းဝေးစေရန် နှင့် လမ်းအသုံးပြုသူတစ်ဦးအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအား လိုက်နာကြစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးးဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး ပြင်ဦးလွင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းများ ၊ ယာဉ်တိုက်မှုဖြစ်ပွားစေသည့် အကြောင်းရင်းများ၊ မြို့တွင်းလမ်းမများတွင် ထားရှိသည့် သင်္ကေတ အမှတ်အသားအဓိပ္ပာယ်များ ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ ဖောက်‌ဖျက်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း နှင့် ပတ်သက်သည့် အန္တရာယ် များအကြောင်းအား အသိပညာပေးဗီဒီယိုဖိုင်များ ဖြင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။


ဖြူလူသစ် (ခရိုင် ပြန်/ဆက်)

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ ပြင်ဦးလွင် မတ် ၂၄ ပြင်ဦးလွင်ခရိုင်၊ပြန်ကြားရေးနှင့...
24/03/2023

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ

ပြင်ဦးလွင် မတ် ၂၄

ပြင်ဦးလွင်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ယနေ့ မွန်းလွဲ ၁ နာရီက နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့​သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင် က နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်၊နိုင်ငံ့ဝန်ထမ်းများထမ်းဆောင်ရမည့်တာဝန် (၃)ရပ်၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်(၃၀)ပါးမှ ဝန်ထမ်းတစ်ဦးချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၁၂)ပါး ဝန်ထမ်းအချင်းချင်းအပေါ်လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်(၅)ပါး၊ ပြည်သူလူထုအပေါ်လိုက်နာ စောင့်ထိန်းရမည့်ကျင့်ဝတ် (၅)ပါး၊ နိုင်ငံတော်အပေါ်လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်(၈)ပါးတို့အား ဖတ်ကြား၍ လိုက်နာသင့်သည်များကို ဝန်ထမ်းများအား အသေးစိတ်ရှင်းပြခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်(ပြင်ဦးလွင်)

ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် ( ၂ /...
23/03/2023

ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် ( ၂ / ၂၀၂၃ ) ကျင်းပ

ပြင်ဦးလွင် ၊ မတ် ၂၃

ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ် ၊ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် ( ၂ / ၂၀၂၃ ) ကို ယနေ့မွန်းလွဲ (၁) နာရီက ပြင်ဦးလွင်ခရိုင် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ဦးစီးကော်မတီမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာကော်မတီအလိုက် တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ကြသည် ။

ရှေးဦးစွာ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဉက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်ကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ဖွင့်ပွဲ/ ပိတ်ပွဲကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ ၊ဖိတ်ကြားရေး / ကြိုဆိုနေရာချ ထားရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ ၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖျော်ဖြေပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ ၊ ဘဏ္ဍာရန်ပုံငွေရှာဖွေရေးလုပ်ငန်းကော်မတီ ၊ ပြန်ကြားရေးနှင့်မှတ်တမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ ၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်ငယ်များ ဆောက်လုပ်ရေးလုပ်ငန်းကော်မတီ၊
ကျန်းမာရေးလုပ်ငန်းကော်မတီ ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ နှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် တာဝန်ခံများမှ ၂၀၂၃ ခုနှစ် ၊ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အသီးသီးဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပမည့် အစီအစဉ် နှင့် သက်ကြီး ဘိုး/ဘွား ပူဇော်ပွဲ
ကျင်းပမည့် အစီအစဉ်များအား တာဝန်ရှိသူများမှ အသီးသီးဆွေးနွေးတင်ပြကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်ကျော်ထွန်း မှ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ပြီး လုပ်ငန်းအောင်မြင်ရေးအတွက် ဌာနဆိုင်ရာများအားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း အသေးစိတ် ရှင်းလင်းပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွင်ပေးခဲ့ကြောင်း သိရသည် ။

ခရိုင် (ပြန်/ဆက်)

22/03/2023

အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုအသိပညာပေး Talk Show ကျင်းပ

22/03/2023

အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေးTalk Show
အပိုင်း(၃)

22/03/2023

အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေးTalk Show
အပိုင်း(၂)

22/03/2023

အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေးTalk Show

21/03/2023

မီးခိုးမြူငွေ့အန္တရာယ်အကြောင်းအသိပညာပေး Talk Show အပိုင်း (၂)

21/03/2023

မီးခိုးမြူငွေ့အန္တရာယ်အကြောင်းအသိပညာပေး Talk Show အပိုင်း (၁)

ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ရှိန်မြှင့်...
21/03/2023

ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ရှိန်မြှင့်တင်ရေး သုတ/ရသ စာအုပ်များ ခင်းကျင်းပြသ

ပြင်ဦးလွင် မတ် ၂၁

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေလေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြင်ဦးလွင်ခရိုင် ၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူများအား သုတ/ရသ စာအုပ်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား ၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်များအား စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြင်ဦးလွင်ခရိုင် ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ကျောင်းသား ကျောင်းသူများအတွက် အခမဲ့သင်တန်းများ ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပလျက်ရှိကြောင်း သိရသည်။

ဖြူလူသစ်

ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီ အခြေခံပန...
21/03/2023

ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း နှင့် နွေရာသီ အင်္ဂလိပ်စာသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား

ပြင်ဦးလွင် မတ် ၂၁

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်နှင့် အသိပညာအတတ်ပညာများ တိုးတက်ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြင်ဦးလွင်ခရိုင် ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း နှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းများ ဆက်လက် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားလျက်ရှိရာ နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီအထိ နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်းသင်တန်း ဒုတိယအပတ် ၊ ဒုတိယနေ့တွင် ပန်းချီဆရာ ဦးမြင့်သန်းဦးက အရောင်ရောစပ်နည်းအခြေခံများနှင့် ရုပ်ပုံရေးဆွဲနည်းများအား လည်းကောင်း ၊ မွန်းလွဲ ၁ နာရီ မှ ၂ နာရီခွဲအထိ နွေရာသီအင်္ဂလိပ်စာသင်တန်း ဒုတိယနေ့တွင် အင်္ဂလိပ်စာဆရာ ဆရာရှိုင်းက Basic Speaking, Listening နှင့် အင်္ဂလိပ်စာ အသုံးအနှုန်းများအကြောင်းအားလည်းကောင်း အသီးသီ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြင်ဦးလွင်ခရိုင် ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ဖွင့်လှစ်သစ်ကြားလျက်ရှိသည့် နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၄၀) ဦး နှင့် နွေရာသီအင်္ဂလိပ်စာ သင်တန်းတွင် Grade-6 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူ (၁၇) ဦးတို့ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ဖြူလူသစ်

အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှု အသိပညာပေး Talk Show ကျင်းပ ပြင်ဦးလွင် မတ် ၂၀ ပြင်ဦးလွင်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ...
20/03/2023

အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှု အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် မတ် ၂၀

ပြင်ဦးလွင်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ၁နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှု အသိပညာပေးTalk Show ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင် မှ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်မည့်အချက်များကို ဆွေးနွေးမေးမြန်းခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၊ ပြင်ဦးလွင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံး မှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မင်းသူဇာ က အဏ္ဏဝါပတ်ဝန်းကျင်ဆိုသည် ကမ္ဘာ့သမုဒ္ဒရာများ၊ ပင်လယ်များနှင့်ထိစပ်လျက်ရှိသည့် ကမ်းရိုးတန်းဒေသများ၊ ဒီရေရောက်တောများ၊ ကမ်းနီးရေတိမ်ဒေသများ၊ ရွှံ့နွံတာပြင်များဖြစ်ပါကြောင်း၊ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှု ကို ထိန်းသိမ်းခြင်းဖြင့် အဏ္ဏဝါပတ်ဝန်းကျင်မှရရှိနိုင်သောအကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း၊ အဏ္ဏဝါညစ်ညမ်းမှုဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများသိရှိပြီး အဏ္ဏဝါ ညစ်ညမ်းမှုမဖြစ်ပေါ်အောင် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုကိုစနစ်တကျ လုပ်ဆောင်ရန်လိုအပ်ကြောင်းနှင့် စွန့်ပစ်ပစ္စည်းထွက်ရှိမှုထိန်းချုပ်နိုင်ရန် အတွက် ပြာ်သူများအနေဖြင့် Reduce၊ Reuse၊ Recycle၊ Reject၊Return စသည့် စနစ်များဖြင့်ကျင့်သုံးသင့်ပါကြောင်း အများပြည်သူတို့ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပြင်ဦးလွင်)

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် နွေရာသီအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကျင်းပ...
20/03/2023

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် နွေရာသီအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကျင်းပ

ပြင်ဦးလွင် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် နှင့် ဘာသာစကားကျွမ်းကျင်မှု ရရှိစေရန်ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်ဦးသောင်းမြင့်သိန်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဆရာရှိုင်း က သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များ အကြောင်းနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ဘာသာရပ်ဆိုင်ရာ များ စတင်သင်ကြားပို့ချခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသောင်းမြင့်သိန်း၊ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြဆရာများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ကျောင်းသားမိဘများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ သင်တန်းတွင် Basic English four skills Course၊ Basics Grammar ၊ Level 1 and 2 Spoken Course နှင့် Cambridge Flyer Course တို့ကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁နာရီမှ ၂ နာရီခွဲအထိ မတ်လ ၂၀ ရက်နေ့မှစတင်ကာ (သင်္ကြန်ပိတ်ရက်များမပါ) ၂ လတိုင် အခမဲ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ Grade 6 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး ပါဝင်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဖြူလူသစ် [ခရိုင် (ပြန်/ဆက်)]

ပြင်ဦးလွင်မြို့တွင် ကော်ဖီအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၆/၂၀...
20/03/2023

ပြင်ဦးလွင်မြို့တွင် ကော်ဖီအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၆/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် ၊ မတ် ၂၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်၊နောင်ချို) အစုအဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သည့် ကော်ဖီအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၆/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ပြင်ဦးလွင်မြို့၊ Coffee Park ရှိ ကော်ဖီအသင်းရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းကျော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြင်ဦးလွင်မြို့ ၊ မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်-နောင်ချို) အစုအဖွဲ့ ဥက္ကဌ ဦးရဲမြင့်မှ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားကာ ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် လက်ထောက် အင်ဂျင်နီယာတို့က သင်တန်း သင်တန်းဆင်းလက်မှတ်များ နှင့် သင်တန်းသားများအတွက် ထောက်ပံ့ပစ္စည်းများအား အသီးသီး ပေးအပ်ခဲ့ကြသည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှု လက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် အတွက် ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အသေးစားစက်မှု ထုတ်ကုန်များ အရည်အသွေး မှန်ကန်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုရှိရန် ဓါတ်ခွဲစစ်ဆေးပေးခြင်း၊ သုတေသန ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Incubation Centre များ ထူထောင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုလက်မှု ထုတ်ကုန်များအား ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး စီမံကိန်းအဖြစ် ဒေသတွင်းမှာ တန်ဖိုးမြှင့် အမယ်သစ်များ ပေါ်ထွက်လာစေရေး ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုဖွင့်လှစ်ခဲ့သည့် ကော်ဖီအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၆/၂၀၂၃) တွင် ပေါင်မုန့်အမျိုးမျိုး၊ ကိတ်မုန့်အမျိုးမျိုး၊ ကွတ်ကီး နှင့် Donut မုန့်အမျိုးမျိုးပြုလုပ်နည်းတို့ကို သင်တန်းသား/သူ ၂၀ ဦးက (၁၃.၃.၂၀၂၃) ရက်နေ့မှ (၁၉.၃.၂၀၂၃) ရက်နေ့အထိ တစ်ပတ်ကြာ စာတွေ့ လက်တွေ့သင်ကြားခဲ့ကြပြီး သင်တန်းမှ ရရှိသော အတွေ့အကြုံများဖြင့် မိသားစုတစ်ပိုင်တစ်နိုင်ဖြစ်စေ၊ အသင်းအဖွဲ့အစည်း၊ အစုအဖွဲ့ဖြင့် ဖြစ်စေ၊ စီးပွါးဖြစ် မုန့်အမျိုးမျိုး လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး မိသားစု ဝင်ငွေတိုးပွါးအောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် [ခရိုင် (ပြန်/ဆက်)]

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ နေပြည်တော် မတ် ၁၇ပြန်ကြား...
19/03/2023

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော် မတ် ၁၇

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ထမ်းဆောင်

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့သည် ဦးစီးဌာနအသစ်မှ ဝန်ထမ်းများ လူစုံတက်စုံ တာဝန်ထမ်းဆောင်သည့်နေ့ဖြစ်၍ မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ဌာနအသစ်မှ ဝန်ထမ်းအသစ်များအနေဖြင့် အရေးပါသည့်တာဝန်ကို ထမ်းဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းတို့မှ အရည်အချင်းရှိသောဝန်ထမ်းများကို ထုတ်နုတ်၍ စုစည်း၊ ဖွဲ့စည်းထားခြင်းဖြစ်ရာ ပေါင်းစည်း၊ ဆက်စပ်ပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ဆက်လက်ထမ်း ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ယခုစတင်စုစည်း၊ ဖွဲ့စည်းချိန်တွင် ဌာနဖွဲ့စည်းပုံအတိုင်း ပြည့်ပြည့်ဝဝ အင်အားဖြည့်တင်းနိုင်ခြင်းမရှိသေးဘဲ ကျစ်ကျစ်လျစ်လျစ်ဖြင့် ဦးစွာ ဖွဲ့စည်းပေးထားခြင်းဖြစ်ပါကြောင်း။

ဌာနခွဲသုံးခုဖွဲ့စည်း

ဦးစီးဌာနအနေဖြင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဌာနခွဲ၊ စီမံအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနခွဲဟူသည့် ဌာနခွဲသုံးခုဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရပါကြောင်း။

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းမီဒီယာသမားများအား ကျင့်ဝတ်နှင့်အညီဖြစ်စေရန် လုပ်ဆောင် ပေးနေမှုများအား ထောက်ပံ့ကူညီပေးခြင်း၊ မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရင်း နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့် ပိုမိုရရှိနိုင်ရေးလုပ်ဆောင်ပေးခြင်း၊ နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့အစည်းများ ဂုဏ်သိက္ခာရှိစွာဖြင့် နိုင်ငံနှင့်ပြည်သူကို ကိုယ်စားပြု၍ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ပုဂ္ဂလိကမီဒီယာများ ရှင်သန်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းတို့ဖြစ်ပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

18/03/2023

ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပစေရေး အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းစုပေါင်းဆောင်ရွက်
ပြင်ဦးလွင် မတ် ၁၈

ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပစေရေး အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းစုပေါင်းဆောင်ရွက်  ပြင်ဦးလွင်   ၊   မတ် ၁၈မန...
18/03/2023

ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပစေရေး အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းစုပေါင်းဆောင်ရွက်

ပြင်ဦးလွင် ၊ မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် နေထိုင်ကြသော ပြည်သူလူထု၏ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များ ဖြစ်ပေါ်စေရန်အတွက် အများပြည်သူအပန်းဖြေနေရာအဖြစ်ဆောင်ရွက်မည့် ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး(၁၁) ရှိ ယခင် ရေငယ်သုဿန်ဟောင်း မြေနေရာအတွင်း/အပြင်ရှိ ခြုံနွယ်၊ အမှိုက်သရိုက်များ ဖယ်ရှား ရှင်းလင်းခြင်း စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက်၈ နာရီက ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၁၁) ၊ ရေငယ်လမ်းဆုံ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဉီးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်ရဲ တပ်ဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်နေ ပြည်သူများ စုစုပေါင်းအင်အား (၂၅၀) ဉီးခန့်တို့က လူအား၊ စက်အားဖြင့် ခြုံနွယ်အမှိုက်သရိုက်များ ရှင်းလင်းခြင်းလုပ်ငန်းကို အင်တိုက်အားတိုက် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အများပြည်သူအပန်းဖြေနေရာအဖြစ်ဆောင်ရွက်မည့် ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး(၁၁) ရေငယ် သုဿန်ဟောင်းမြေနေရာအတွင်း/အပြင်ရှိ ခြုံနွယ်၊ အမှိုက်သရိုက်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာ နေရာသို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ် [ခရိုင် (ပြန်/ဆက်)]

ပြင်ဦးလွင်ခရိုင် ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာ့ဂီတ နှင့် မြန်မာ့စာပေဆိုင်ရာ အထွေထွေဗဟုသုတ ဟောပြ...
17/03/2023

ပြင်ဦးလွင်ခရိုင် ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာ့ဂီတ နှင့် မြန်မာ့စာပေဆိုင်ရာ အထွေထွေဗဟုသုတ ဟောပြောဆွေးနွေးပွဲများ ကျင်းပ

ပြင်ဦးလွင် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ရွှေလှေကား စာပေ၊ ဂီတ အထွေထွေဗဟုသုတပြန့်ပွားရေးကွန်ယက်တို့ ပူးပေါင်းကာ လူငယ်များဗလငါးတန်ပြည့်စုံစေရေး စာဖတ်ရှိန်မြှင့်တင်စေရေးနှင့် စာပေ၊ ဂီတ၊ အထွေထွေ ဗဟုသုတများ တိုးတက်ရရှိစေရေးရည်ရွယ်၍ အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေးပွဲ များကို ယနေ့ နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ဆွေးနွေးဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး မြန်မာ့ဂီတဆိုင်ရာ အခြေခံဗဟုသုတများ အကြောင်းအား ဆရာပန်တျာဇော်မင်းလွင် က လည်းကောင်း ၊ မြန်မာစာနှင့် မြန်မာစကား ဆိုင်ရာ သိကောင်းစရာများဖြစ်သည့် ဗျည်းအက္ခရာ ၊ သဒ္ဒါ ၊ သရ ၊ ဝါစင်္ဂ ၊ သဒ္ဒ (အသံ) ဆိုင်ရာများ အား ဆရာဟိန်းစိုးလတ်(ဂုဏ်ထူးမြန်မာစာ) က လည်းကောင်း အသီးသီး ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲများအား ၂၀၂၃ ခုနှစ် ၊ မတ်လ (၁၆) ရက် မှ ဧပြီလ (၇) ရက်နေ့အထိ အပတ်စဉ် ကြာသပတေးနေ့နှင့် သောကြာနေ့တိုင်း နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုသွားမည် ဖြစ်ပြီး ဆွေးနွေးဟောပြောပွဲများအား ကျောင်းသား၊ လူငယ်များ ပါဝင်တက်ရောက်ခြင်းဖြင့် စာပေ၊ ဂီတ ၊ ပန်းချီ ၊ အားကစား ၊ သုတ/ရသ စာပေဆိုင်ရာများ၊ ယဉ်ကျေးမှု ၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာများ၊ နည်းပညာနှင့် သတင်းအချက်အလက် ဆိုင်ရာများ၊ ကျန်းမာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြန်မာစာ၊ မြန်မာစကားနှင့် ကလေးသူငယ်ဆိုင်ရာ အထွေထွေသိမှတ်ဖွယ်ရာများ စသည်တို့အား ရင်းနှီးနားလည် သိကျွမ်းစေမည်ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် မိမိတို့စိတ်ဝင်စားရာဘာသာရပ်များ ကို ထပ်မံတက်ရောက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အရေးများလည်း ရရှိစေမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကျောင်းသားလူငယ်များအချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်းအစီအစဉ် များအပြင် ဦးဆောင်နွေးနွေးသူများ နှင့် ကျောင်းသား /သူများ အပြန်အလှန် မေးမြန်း/ဖြေကြား ပေးမည့် အစီအစဉ်များဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကျောင်းသားလူငယ် များအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အထွေထွေ ဗဟုသုတများ တိုးပွါးလာစေမည် ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)

မီးခိုးမြူငွေ့အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ ပြင်ဦးလွင် မတ် ၁၇ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက...
17/03/2023

မီးခိုးမြူငွေ့အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် မတ် ၁၇

ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ၁နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီးခိုးမြူငွေ့အန္တရာယ်အကြောင်း အသိပညာပေးTalk Show ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင် မှ မီးခိုးမြူငွေ့အန္တရာယ် နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပွားပါက လိုက်နာဆောင်ရွက်မည့်အချက်များကို ဆွေးနွေး မေးမြန်းခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၊ ပြင်ဦးလွင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံး မှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ထူးနဒီနိင် မှ မီးခိုးမြူငွေ့ဆိုသည် လေထုထဲတွင်ရှိသော ဖုန်မှုန့်များ၊ရေငွေ့များ၊အလွန်သေးငယ်သော အမှုန်အမွှားများ၊ အမျိုးမျိုးသော ဓာတ်ငွေ့များ ပါဝင်သည့် ရောနှောနေနိုင်သည့် အရာကို ခေါ်ဆိုကြောင်း၊ မီးခိုးမြူငွေ့ အန္တရာယ်အား ကာကွယ်စေရန် အမှိုက်များမီးရှို့ခြင်းကိုရှောင်ရှားရန်နှင့် စနစ်တကျ အမှိုက်စွန့်ပစ်ရန်လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မီးခိုးမြူငွေ့အန္တရာယ် နှင့်ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများနှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သင့် ရန်လိုအပ်သည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပြင်ဦးလွင်)

ပြင်ဦးလွင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်း (၂၂) ခု၌ လမ်းအန္တရာယ်သတိပေးဆိုင်းဘုတ် စုစုပေါင်း (၅၀) စ...
16/03/2023

ပြင်ဦးလွင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်း (၂၂) ခု၌ လမ်းအန္တရာယ်သတိပေးဆိုင်းဘုတ် စုစုပေါင်း (၅၀) စိုက်ထူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရ

ပြင်ဦးလွင် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ကျေးလက်လမ်းများအား ဖြတ်သန်းသွားလာအသုံးပြုနေကြသော ကျေးလက်နေပြည်သူများ ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ကျေးလက်လမ်းများတွင် အန္တရာယ် အသိပေး ၊ သတိပေး လမ်းညွှန်ဆိုင်းဘုတ်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်း (၂၂) ခု၌ လမ်းအန္တရာယ်သတိပေးဆိုင်းဘုတ် စုစုပေါင်း (၅၀) စိုက်ထူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေး-လားရှိုးလမ်းမှ ဇီးပင်ကြီး မီးသတ်သင်တန်းကျောင်းလမ်း၊ ပြင်စာ- လွန်ကောင်းလမ်း၊ ညောင်နီ- ပိန္နဲကုန်းလမ်း၊ ပိန္နဲကုန်း- အင်းကြီးလမ်း၊ ကံကြီးကုန်း-စည်ကား - ဝါးဘိုးရေလမ်း အစရှိသည့် ကျေးလက်လမ်း ၁၉ ခုအား လမ်းအန္တရာယ် သတိပေး ဆိုင်းဘုတ်များ တပ်ဆင်ပြီးဖြစ်ကြောင်း နှင့် ကျန်ရှိသည့် ကျေးလက်လမ်းများအားလည်း လျာထားချက်နှင့်အညီ ပြီးစီးအောင် ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ ဆက်လက်ရွက်သွားမည် ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များအတွက် အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ကျင်းပပြင်ဦးလွင် မတ်...
16/03/2023

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များအတွက် အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ကျင်းပ

ပြင်ဦးလွင် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ရွှေလှေကား စာပေ၊ ဂီတ အထွေထွေဗဟုသုတပြန့်ပွားရေးကွန်ယက်တို့ ပူးပေါင်းကာ လူငယ်များဗလငါးတန်ပြည့်စုံစေရေး စာဖတ်ရှိန်မြှင့်တင်စေရေးနှင့် စာပေ၊ ဂီတ၊ အထွေထွေ ဗဟုသုတများ တိုးတက်ရရှိစေရေးရည်ရွယ်၍ အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ကို ယနေ့ နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ဆွေးနွေးဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး ဦးအောင်သူ (Sky Net) က စာပေဖတ်ရှုမှုဆိုင်ရာ အသိအမြင်ဗဟုသုတများ အကြောင်း အားလည်းကောင်း ၊ ဆရာ မိုးမှိုင်း (ပြင်ဦးလွင်)က လူနှင့်လူ့ပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ သိကောင်းစရာများအားလည်းကောင်း ၊ ပန်းချီဆရာ ဦးမြင့်သန်းဦးက လူငယ်နှင့်ရိုးသားကြိုးစားမှု ၊ လူငယ်နှင့်ဝါသနာ စသည့် အကြောင်းအရာများ အားလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲများအား ၂၀၂၃ ခုနှစ် ၊ မတ်လ (၁၆) ရက် မှ ဧပြီလ (၇) ရက်နေ့အထိ အပတ်စဉ် ကြာသပတေးနေ့နှင့် သောကြာနေ့တိုင်း နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုသွားမည် ဖြစ်ကာ ဆွေးနွေးဟောပြောပွဲများအား ကျောင်းသား၊ လူငယ်များ ပါဝင်တက်ရောက်ခြင်းဖြင့် စာပေ၊ ဂီတ ၊ ပန်းချီ ၊ အားကစား ၊ သုတ/ရသ စာပေဆိုင်ရာများ၊ ယဉ်ကျေးမှု ၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာများ၊ နည်းပညာနှင့် သတင်းအချက်အလက် ဆိုင်ရာများ၊ ကျန်းမာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြန်မာစာ၊ မြန်မာစကားနှင့် ကလေးသူငယ်ဆိုင်ရာ အထွေထွေသိမှတ်ဖွယ်ရာများ စသည်တို့အား ရင်းနှီးနားလည် သိကျွမ်းစေမည်ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် မိမိတို့စိတ်ဝင်စားရာဘာသာရပ်များ ကို ထပ်မံတက်ရောက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အရေးများလည်း ရရှိစေမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကျောင်းသားလူငယ်များအချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်းအစီအစဉ် များအပြင် ဦးဆောင်နွေးနွေးသူများ နှင့် ကျောင်းသား /သူများ အပြန်အလှန် မေးမြန်း/ဖြေကြား ပေးမည့် အစီအစဉ်များဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကျောင်းသားလူငယ် များအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အထွေထွေ ဗဟုသုတများ တိုးပွါးလာစေမည် ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)

Address


Website

Alerts

Be the first to know and let us send you an email when We Love Pyin Oo Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to We Love Pyin Oo Lwin:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share