Wa News Agency

  • Home
  • Wa News Agency

Wa News Agency Wa News Agency is local news agency that gathers, writes and distributes news from around a nation.

ဖော်ပြပါ Vueမြေပုံသည် "ဝ"ပြည်နယ်ရှိ ပန်ဆန်းအထူးမြို့နယ်(၁)နှင့် မိုင်းမောအထူးမြို့နယ်(၂)တွင်ရှိသည့် အစိုးရကျောင်းများနှင...
05/02/2023

ဖော်ပြပါ Vueမြေပုံသည် "ဝ"ပြည်နယ်ရှိ ပန်ဆန်းအထူးမြို့နယ်(၁)နှင့် မိုင်းမောအထူးမြို့နယ်(၂)တွင်ရှိသည့် အစိုးရကျောင်းများနှင့် မြန်မာအစိုးရထိန်းချုပ်နယ်မြေတွင်ရှိသည့် မက်မန်းခရိုင်နှင့် ဟိုပန်ခရိုင်တွင်ရှိသည့် အစိုးရကျောင်းများကို ရေးဆွဲဖော်ပြထားသည်။

02/02/2023

လားရှိုးမြို့မှာ အမျိုးသမီး ၁ဦး ပိုက်ဆံအိတ်လုယက်ခံရ

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်

ရှမ်းပြည်နည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ MCCလမ်းကြားမှာ ဒီကနေ့ နေ့ခင်း ၁နာရီခွဲ ၀န်းကျင် အမျိုးသား ၂ဦးက အမျိုးသမီး ၂ဦး နောက်ကို ဆိုင်ကယ်နဲ့ ၀င်တိုက်ပြီး ပိုက်ဆံအိတ် လုယက်သွားကြောင်း MCCလမ်းကြားရှိ CCTVမှတ်တမ်းအရ သိရပါတယ်၊၊

ဆိုင်ကယ်နဲ့ အတိုက်ခံရပြီး ပိုက်ဆံအိတ် လုယက်ခံရတာ‌ကြောင့် လုယက်သွားတဲ့ အမျိုးသားနောက်ကို လိုက်ခဲ့ပေမယ့် မမီလိုက်ဘဲ ၎င်းအမျိုးသမီး၂ဥိီးမှာ ဒဏ်ရာအနည်းငယ် ရရှိပြီး ငွေသားကျပ် ၅သိန်းခွဲ ပါသွားကြောင်း သိရပါတယ်။

လားရှိုးမြို့မှာ လုယက်ကြသူတွေဟာ ပိုက်ဆံအိတ်၊ ဖုန်း၊ ဆွဲကြိုးတွေကို အဓိကပစ်မှတ်ထား လုယက်ကြပြီး ဆိုင်ကယ်တွေ ခိုးယူခံရတာမျိုးလည်း ရှိပါတယ်။

လုယက်မှုတွေ၊ ဆိုင်ကယ်ခိုးမှုတွေ မကြာခဏဖြစ်ပွားနေတဲ့ လားရှိုးမြို့မှာ အရင်ကထက် ဒေသခံ‌တွေအ‌နေနဲ့ စိုးရိမ်နေရပါတယ်။

Credit - Video

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဌ၊ ...
01/02/2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်(၁၆)ဦးတို့နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းကြောင်း ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မှာ "ဝ"အမျိုးသားပါတီ(WNP)ရဲ့ ဥက္ကဌဖြစ်သူ ဦးရန်ကျော်လည်း ပါဝင်ထားပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှုကို (၂)နှစ်တိတိ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာတဲ့စိတ်နဲ့ လုပ်ဆောင်လျက်ရှိတဲ့...
01/02/2023

အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှုကို (၂)နှစ်တိတိ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာတဲ့စိတ်နဲ့ လုပ်ဆောင်လျက်ရှိတဲ့ ပြည်သူ့သူရဲကောင်းတွေနဲ့ နိုင်ငံသူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ သဘောထားထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့၂၀၂၃ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လားရှိုးညဈေးမှာ ပျောက်သွားတဲ့ အမ်းဆားကပ် မိသားစုနဲ့ အဆက်အသွယ်ပြန်ရWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂‌၁ရက်ဇန်နဝါရီလ ...
21/01/2023

လားရှိုးညဈေးမှာ ပျောက်သွားတဲ့ အမ်းဆားကပ် မိသားစုနဲ့ အဆက်အသွယ်ပြန်ရ

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂‌၁ရက်

ဇန်နဝါရီလ ၁၇ရက်နေ့ ညနေ၄နာရီအချိန် လားရှိုးမြို့ရဲ့ ညဈေးမှာ ဈေးဝယ်ထွက်ဖို့ သွားရာက ၃ရက်ကြာ ပျောက်သွားတဲ့ လားရှိုးမြို့၊ ရပ်ကွက်၅မှာ နေထိုင်တဲ့ ဦးဆိုင်ကပ်ရဲ့သမီး အမ်းဆားကပ်နဲ့ အဆက်အသွယ်ရပြီဖြစ်တယ်လို့ မိသားစုဝင်က Wa News Agencyကို အတည်ပြု ပြောပါတယ်။

လားရှိုးညဈေးမှာ ပျောက်သွားတဲ့ အမ်းဆားကပ်ကို ခုထိရှာမတွေ့သေးWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်ရှမ်းပြည်နယ်မြောက်...
20/01/2023

လားရှိုးညဈေးမှာ ပျောက်သွားတဲ့ အမ်းဆားကပ်ကို ခုထိရှာမတွေ့သေး

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်၅မှာ နေထိုင်တဲ့ ဦးဆိုင်ကပ်ရဲ့သမီး အမ်းဆားကပ် အသက်၂၅နှစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ရက်နေ့ ညနေ၄နာရီအချိန်က လားရှိုးမြို့ရှိ ညဈေးမှာ ဈေးဝယ်ထွက်ဖို့ သွားရာက ပျောက်သွားတယ်လို့ မိသားစုဝင်ဆီက သိရပါတယ်။

"ကျတော့်ညီနဲ့ အစ်မက ညဈေးအတူသွားကြတာ။ ကျတော့်ညီက ဟင်းသွားဝယ်တယ်။ အစ်မက အဝတ်အစားသွားကြည့်မယ်ဆိုပြီး လမ်းခွဲသွားတာ။ ပြီးတေ့ာ ရှာမတွေ့တေ့ာဘူး။ သူ့ဖုန်းက အိမ်မှာ ကျန်ခဲ့လို့ ဆက်သွယ်လို့ မရဘူး။ ပျောက်သွားတဲ့ ၃ရက်လုံး ရှာနေတာ ရှာမတွေ့သေးဘူး"လို့ အမ်းဆားကပ်ရဲ့ မောင်လေးဖြစ်သူက ပြောပါတယ်။

ပျောက်သွားတာ ဒီနေ့ဇန်နဝါရီလ ၂၀ရက်နေ့မှာ ၃ရက်ရှိပြီဖြစ်ပြီး ပျောက်သွားတဲ့ ဇန်နဝါရီလ ၁၇ရက်နေ့ ညနေ၄နာရီကတည်းက အိမ်ကိုပြန်မရောက်သေးဘဲ အခုထိ အဆက်အသွယ်မရသေးတာ‌ကြောင့် မိသားစုဝင်‌တွေအ‌နေနဲ့ စိတ်ပူနေပြီး တွေ့ရှိပါက အကြောင်းကြားပေးဖို့ မိသားစုဝင်တွေက ပြောပါတယ်။

ပျောက်သွားတဲ့ အမ်းဆားကပ်ကို တွေ့တဲ့သူတွေအနေနဲ့ အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
09696468498
09458336122

"ဝ"အထူးဒေသ(၂)မှာ အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်"...
18/01/2023

"ဝ"အထူးဒေသ(၂)မှာ အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်

"ဝ"အထူးဒေသ(၂)အတွင်း ပန်းခင်းစီမံချက်စနစ်နဲ့ ကွင်းဆင်းဆောင်ရွက်ပေးတဲ့ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ဇန်နဝါရီလ ၁၅ရက်၊ "ဝ"အထူးဒေသ(၂)၊ မိုင်းမောမြို့နဲ့ နမ့်တစ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မိုင်းမောမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးတဲ့ အိမ်ထောင်စုလူဦးရေစာရင်း ၉၇၅စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၈၈ကတ်နဲ့ နမ့်တစ်မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးတဲ့ အိမ်ထောင်စုလူဦးရေစာရင်း ၂၉၄၁စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၇၇၁၅ကတ်၊ အားလုံးပေါင်း မိုင်းမောမြို့နယ်နဲ့ နမ့်တစ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်စနစ်နဲ့ ပြုလုပ်တဲ့ အိမ်ထောင်စု လူဦးရေစာရင်း ၃၉၁၆စောင်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ၉၃၀၃ကတ်ရှိပြီး ဇန်နဝါရီလ ၁၅ရက်နေ့မှာ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်တွေကို ပေးအပ်ခဲ့ပါတယ်။

ပန်းခင်းစီမံချက်ဟာ ၂၀၂၃မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား အမျိုးမျိုးကိုင်ဆောင်ပြီး မဲပေးဖို့အတွက် ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီး ဆောင်ရွက်ဖို့ကျန်နေသေးတဲ့ "ဝ"အထူးဒေသနဲ့ အခုနှစ်မှာ အသက်(၁၆)နှစ်ပြည့်လာမယ့် နိုင်ငံသားတွေအတွက် ပန်းခင်းစီမံချက်အဆင့်(၂)နဲ့ ကွင်းဆင်းဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ စစ်ကောင်စီလက်‌အောက်ခံ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

ဟိုပန်မြို့မှာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတို...
16/01/2023

ဟိုပန်မြို့မှာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေ

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်မှာ (၁၀)ရပ်ကွက်၊ ပန်လုံမြို့မှာ (၈)ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၁၇)အုပ်စုရှိပြီး အိမ်ထောင်စုပေါင်း (၇၅၅၀)ကို မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (၃၀)ခွဲပြီး ဇန်နဝါရီလ ၉ရက်နေ့မှ ၃၁ရက်နေ့ထိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) အချက်အလက်နဲ့ မြေပြင်လူဦးရေစာရင်း တိကျမှန်ကန်ဖို့ ကွင်းဆင်းကောက်ယူသွားမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပန်မြို့နယ် ဦးစီးမှူးရုံးမှ သိရပါတယ်။

အိမ်ထောင်စုလူဦးရေစာရင်းတွေကို မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူတာ ရွေးကောက်ပွဲ ပြုလုပ်ကျင်းနိုင်ဖို့ဖြစ်ပြီး လက်လှမ်းမမီနိုင်တော့တဲ့ သေဆုံးသူ‌တွေရဲ့ နာမည်စာရင်းတွေကိုလည်း ပြန်လည်ထည့်သွင်းထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ရေနစ်သွားတဲ့ ရုပ်အလောင်းကို ပြန်တွေ့Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်ဇန်နဝါရီလ ၁၂ရက်၊ နေ့လည်၂နာရီခွဲအချိန်က လာ...
15/01/2023

ရေနစ်သွားတဲ့ ရုပ်အလောင်းကို ပြန်တွေ့

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်

ဇန်နဝါရီလ ၁၂ရက်၊ နေ့လည်၂နာရီခွဲအချိန်က လားရှိုးမြို့၊ ရှန်ခိုက်ဘက်ရှိ ရေ‌‌ချောင်းမှာ ငါးမျှားရင်း ချောင်းထဲခြေ​ချော်ကျပြီး ရေနစ်သွားတဲ့ အိုက်တောင်းဆန်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၁၅ရက်၊ နေ့လည် ၂နာရီဝန်းကျင်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၁၂ရက်မှာ ‌"ဝ"နှစ်ခြင်းခရစ်ယာန်၊ WBCရဲ့ လူမှုရေးအသင်းနဲ့ ဇန်နဝါရီလ ၁၃ရက်မှာ မီးသတ်တပ်ဖွဲ့တို့က ရှာဖွေခဲ့ပြီး ဒီနေ့ဇန်နဝါရီလ ၁၅ရက်မှာ ရှမ်းဆရာနဲ့ "ဝ"နှစ်ခြင်းခရစ်ယာန်၊ WBC ဆရာညီပလိပ်တို့က ဝါးဖောင်စီးပြီး ချိပ်နဲ့ ရှာဖွေရာ နေ့လည်၂နာရီဝန်းကျင်အချိန် ရေနစ်သွားတဲ့ နေရာမှာပဲ အိုက်တောင်းဆန်ရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၃ရက်ကြာ ရှာဖွေပြီးနောက် ပြန်တွေ့ခဲ့တဲ့ အိုက်တောင်းဆန်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၁၅ရက်၊ ညနေ၃နာရီခွဲအချိန် လားရှိုးသုဿန်မှာ မြေမြှုပ်သင်္ဂြိုလ်ခဲ့ပါတယ်။ ၎င်းချောင်းဟာ ၁နှစ်၁ကြိမ် လူပုံမှန်စားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဟိုပန်နှစ်သစ်ကူးပွဲတော်ကို နီနီခင်ဇော် လာရောက်ဖျော်ဖြေခဲ့Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက်ဇန်နဝါရီလ ၁၃ရက် ညပို...
14/01/2023

ဟိုပန်နှစ်သစ်ကူးပွဲတော်ကို နီနီခင်ဇော် လာရောက်ဖျော်ဖြေခဲ့

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက်

ဇန်နဝါရီလ ၁၃ရက် ညပိုင်း၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ တိုင်းရင်းသားများ ယဉ်ကျေးမှုကွင်းမှာ ပြုလုပ်တဲ့ ဟိုပန်နှစ်သစ်ကူးပွဲတော်မှာ နိုင်ငံကျော် တေးသံရှင် နီနီခင်ဇော်၊ One Has Three Band၊ အေးသဇင်မောင်(The Voice Myanmar)၊ ရှင်မင်းဆက်၊ နန်းသူသူထက်(အိမ်မက်ဆုံရာ)၊ အေမီတို့က သီဆိုဖျော်ဖြေခဲ့ပါတယ်။

ညပိုင်း၁၁နာရီမှ သီဆိုဖျော်ဖြေခဲ့တဲ့ နီနီခင်ဇော်ကို ဒေသခံတွေအပြင် ဟိုပန်မြို့အနီးတဝိုက်ကလည်း လာ‌ရောက်ကြည့်ရှုခဲ့ကြပါတယ်။

ဇန်နဝါရီလ ၁၃ရက် ညပိုင်းမှာသာ ပွဲလာသူများပြီး ဇန်နဝါရီလ ၁၁ရက်နဲ့ ၁၂ရက်မှာတေ့ာ ပွဲလာသူနည်းတာကြောင့် ၁ဝိုင်း၂၅သိန်း ပေးရတဲ့ လောင်းကစားဝိုင်းထောင်သူတွေအနေနဲ့ ရှုံးနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဟိုပန်နှစ်သစ်ကူးပွဲတော်ကို ကိုကုလားနဲ့ Grand Royalတို့က ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့မှာ ပွဲတွေမကြာခဏ ပြုလုပ်ပြီး နိုင်ငံကျော် တေးသံရှင်တွေကို ဖိတ်ခေါ်‌ကာ ပွဲစည်ကားအောင် ပြုလုပ်ပါတယ်။

ဇန်နဝါရီလ ၁၆နဲ့၁၇ရက်မှာ တေးသံရှင် ဟန်ထွန်းနဲ့ ဇန်နဝါရီလ ၂၀နဲ့၂၁ရက်မှာ တေးသံရှင် မိုးမိုး လာရောက်သီဆိုဖျော်ဖြေမှာဖြစ်ပြီး ဇန်နဝါရီလ ၂၁ရက်ထိ ဟိုပန်နှစ်သစ်ကူးပွဲတော်ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုဖြစ်ခဲ့Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက်မနေ့က ဇန်နဝါရီလ ၁၃ရက်‌ ယနေ့မှာ G...
14/01/2023

Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုဖြစ်ခဲ့

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက်

မနေ့က ဇန်နဝါရီလ ၁၃ရက်‌ ယနေ့မှာ Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုဖြစ်ခဲ့ပြီး ဇန်နဝါရီလ ၁၄ရက် မနက်ပိုင်း ၇နာရီမှ မီးငြိမ်းသွားတယ်လို့ Myanmar Platformက ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၁၃ရက်၊ ညနေ၃နာရီအချိန်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမကြီးရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုကို Level 3 ယာဉ်အုပ်စု‌တွေက ထွက်ခွာငြိမ်းသတ်ခဲ့ရပြီး ည၈ နာရီခွဲမှာ မီးထိန်းနိုင်ကာ ဇန်နဝါရီလ ၁၄ရက်နေ့ မနက်ပိုင်း ၇နာရီအချိန်မှ မီးငြိမ်းသွားတာ ဖြစ်ပါတယ်။

ဘာအ‌ကြောင်းကြောင့် မီး‌လောင်မှုဖြစ်ခဲ့ရတာကိုတေ့ာ မသိရဘဲ Grand Royalဟာ ဇန်နဝါရီလ ၁၁ရက်ကနေ ဇန်နဝါရီလ ၂၁ရက်နေ့ထိ ပြုလုပ်တဲ့ ဟိုပန်နှစ်သစ်ကူးပွဲတော်ကို ပံ့ပိုးကူညီထား‌ကြောင်း သိရပါတယ်။

Photo - ရွှေပြည်သာမီးသတ်စခန်း

ရေနစ်သွားတဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်ဇန်နဝါရီလ ၁၂ရက် နေ့လည်၂နာရီခွဲအချိန်က ...
13/01/2023

ရေနစ်သွားတဲ့ ရုပ်အလောင်းကို ရှာမတွေ့သေး

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်

ဇန်နဝါရီလ ၁၂ရက် နေ့လည်၂နာရီခွဲအချိန်က လားရှိုးမြို့၊ ရှန်ခိုက်ဘက်ရှိ ရေ‌‌ချောင်းမှာ သူငယ်ချင်း၄ယောက်နဲ့အတူ ဦးမြင့်စန်း၊ ဒေါ်အီးနွယ်ရုန်းတို့ရဲ့ သားအိုက်တောင်းဆန် ငါးမျှားရင်း ချောင်းထဲခြေ​ချော်ကျပြီး ရေနစ်သွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူဆီက သိရပါတယ်။

‌အိုက်တောင်းဆန် ရေနစ်တဲ့ အခြေအနေကို ကြားသိချင်းမှာပဲ မိသားစုဝင်တွေနဲ့အတူ သွားရောက်ပြီး "ဝ"နှစ်ခြင်းခရစ်ယာန်၊ WBCရဲ့ လူမှုရေးအသင်းက တညလုံးကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပေမဲ့ ရှာမတွေ့ခဲ့‌ဘဲ ဒီနေ့ဇန်နဝါရီလ ၁၃ရက် မနက်ပိုင်း ၁၀နာရီဝန်းကျင်အချိန်မှာလည်း မီးသတ်တပ်ဖွဲ့က ထပ်မံသွားရောက်ရှာဖွေပေမဲ့ ၅နာရီထိုးချိန်ထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

မတ္တရာမြို့နယ်၊ စကျင်ရွာက အသက်(၁၅)နှစ်အရွယ် ကလေး၁ဦး ပျောက်ဆုံးWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်မန္တလေးတိုင်းဒေ...
13/01/2023

မတ္တရာမြို့နယ်၊ စကျင်ရွာက အသက်(၁၅)နှစ်အရွယ် ကလေး၁ဦး ပျောက်ဆုံး

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ရွာနေ ဦးအောင်ဆန်းနဲ့ ဒေါ် မော်တို့ရဲ့ သားဖြစ်သူ မောင်သန့်ကြည်ဇင်( ခ)မောင်သားကြီး အသက်(၁၅)နှစ် ဇန်နဝါရီလ ၁၂ရက် ညနေပိုင်းအချိန် အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေကြောင်း အစ်ကိုဖြစ်သူဆီက သိရပါတယ်။

"ဘုရားဆင်းတုတော် ထုတဲ့အလုပ်သင်ပါတယ်။ နေမကောင်းလို့ နားနေတာ ၄ရက်ရှိပါပြီ။ ဇန်နဝါရီလ ၁၂ရက် နေ့လည်က အလုပ်ကိုလာပြီး အိတ်အလွတ်တောင်းသွားတယ်။ သူ့သူငယ်ချင်းကိုတေ့ာ မန္တလေးမှာ အလုပ်လုပ်ချင်တယ်လို့ ပြောတယ်။ သူ့သူငယ်ချင်းကို မေးတေ့ာလည်း မလာဘူး"လို့ အစ်ကိုဖြစ်သူက ပြောပါတယ်။

မောင်သန့်ကြည်ဇင်ကို တွေ့ပါက အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်အကြောင်းကြားပေးဖို့ အစ်ကိုဖြစ်သူက တောင်းဆိုထားပါတယ်။
09797555641
09976783276

သုံးဘီး‌မှောက်ပြီး စိုးရိမ်အခြေအနေနဲ့ ဆေးရုံတင်ရတဲ့ အိုက်ဆောင်Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်"ဝ"ကိုယ်ပိုင်အု...
12/01/2023

သုံးဘီး‌မှောက်ပြီး စိုးရိမ်အခြေအနေနဲ့ ဆေးရုံတင်ရတဲ့ အိုက်ဆောင်

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပန်ကောက်အုပ်စု၊ ပန်ကောက်"ဝ"ရွာမှာ နေထိုင်တဲ့ ဦးအိုက်ရိုင်းရဲ့ သားဖြစ်သူ အိုက်ဆောင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ရက်၊ အင်္ဂါနေ့၊ "ဝ"ပြည်၊ ပန်ဆန်းမြို့မှာ ၎င်းကိုယ်တိုင်မောင်းတဲ့ သုံးဘီးတိမ်းမှောက်ပြီး ပါးစပ်၊ လည်ပင်းနဲ့ ရင်ဘတ်ပြင်းထန်ဒဏ်ရာကြောင့် စိုးရိမ်အခြေအနေနဲ့ ဆေးရုံတင်ခံရကြောင်း ဆေးရုံစောင့်ဆီက သိရပါတယ်။

"အစားလည်း မစားနိုင်၊ စကားလည်း မပြောနိုင်၊ ဒဏ်ရာက အရမ်းနက်တယ်။ မိသားစုဝင်တွေနဲ့ အခုထိအဆက်အသွယ်မရသေးဘဲ ကုသစရိတ် အခက်အခဲရှိ‌တယ်"လို့ ဆေးရုံစောင့်က‌ ပြောပါတယ်။

‌ကုန်ကျစရိတ် မပေးနိုင်ပါက ကုသမပေးဘဲ ၎င်းရဲ့အခြေအနေ ပိုဆိုးပြီး အသက်ဆုံးရှူံးသွားမှာကိုလည်း စိုးရိမ်တယ်လို့ ပြောပါတယ်။

အိုက်ဆောင်ဟာ ပန်ကောက်"ဝ"ရွာမှာ နေထိုင်တဲ့ "ဝ"လူငယ် ၁ဦးဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် "ဝ"ပြည်၊ ပန်ဆန်းမှာ လာရောက်အလုပ်လုပ်ကိုင်သူ ဖြစ်ပါတယ်။

အကျဥ်းသား ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့...
12/01/2023

အကျဥ်းသား ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့မှာ ကျရောက်တဲ့ PSLF/TNLA နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား ၇၃ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ Ta'ang Stateက ဖော်ပြထားပါတယ်။

နှစ်စဥ်နှစ်တိုင်း ကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ပြစ်မှုရှိပြီး အကျဥ်းထောင်အသီးသီးမှာ အကျဥ်းကျနေတဲ့ အကျဥ်းသား‌တွေကို ပြစ်မှု‌လျှော့ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ ဖြစ်ပါတယ်။

Photo - News & Information Department

အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် ၉ဦးကို စစ်ကောင်စီက ဖမ်းဆီးWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၉ရက်မကွေးတိုင်း၊ ပခုက္ကူမြိ...
09/01/2023

အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် ၉ဦးကို စစ်ကောင်စီက ဖမ်းဆီး

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၉ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ချောက်ကျေးရွာမှာ မနေ့က ဇန်နဝါရီလ ၈ရက် မနက်ပိုင်း၉နာရီအချိန် အသက်၁၃နှစ်နဲ့ ၂၀ ကြားရှိ ကလေး ၉ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့‌ကြောင်း Chindwin News Agencyက ဖော်ပြထားပါတယ်။

၎င်းကလေး ၉ဦးဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မြိုင်ကို ပံ့ပိုးကူညီတာ‌ ဖြစ်တယ်လို့ စစ်‌ကောင်စီက စွပ်စွဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်မောင်းမှာ တက်တူးထိုးထားတဲ့ အသက်၂၀အရွယ် ကောင်လေးဟာ အကြီးဆုံးဖြစ်ပြီး ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး‌တွေလည်း ပါဝင်ပါတယ်။

Photo - Chindwin News Agency

လက်လုပ်မိုင်းသယ်လာတဲ့ တော်လှန်ရေးရဲဘော်အမျိုးသမီးနှစ်ဦး အသေခံ မိုင်းဖောက်ခွဲခဲ့Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၉ရက...
09/01/2023

လက်လုပ်မိုင်းသယ်လာတဲ့ တော်လှန်ရေးရဲဘော်အမျိုးသမီးနှစ်ဦး အသေခံ မိုင်းဖောက်ခွဲခဲ့

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၉ရက်

စစ်ကိုင်းတိုင်းကောလင်းမြို့နယ်မှာ လက်လုပ်မိုင်းသယ်လာတဲ့ တော်လှန်ရေးရဲဘော်အမျိုးသမီးနှစ်ဦး စစ်‌ကောင်စီရဲ့ စစ်ကြောင်းနဲ့ထိပ်တိုက်‌တွေ့ပြီး စစ်ဆေးနေချိန်မှာပဲ အသေခံ မိုင်းဖောက်ခွဲခဲ့တယ်လို့ မနေ့က ဇန်နဝါရီလ ၈ရက်မှာ ကောလင်းKR Teamက အတည်ပြုပါတယ်။

ကျို့ခုံ၊ ဝါးရုံခုံရွာကနေ မင်းချမ်း၊တဲကြီးကုန်း၊ မင်းတဲကြီး‌တို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဆိုင်ကယ်ရပ်ခိုင်းပြီး စစ်ဆေးဖို့ လုပ်ချိန်မှာ ‌တော်လှန်‌ရဲဘော် အမျိုးသမီးနှစ်ဦးဟာ ပါလာတဲ့မိုင်းကိုခွဲကာ စစ်ကောင်စီတပ်ကို အပါခေါ်ဖို့ နောက်ဆုံးလုပ်ဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

၎င်းတော်လှန်ရဲဘော် အမျိုးသမီးနှစ်ဦးမှာ ဒေါ်စုစုရည် အသက်(၄၅)နှစ်နဲ့ မနှင်းဆီလှိုင် အသက်(၂၀)နှစ်တို့ ဖြစ်ကြတယ်လို့ KR Teamကဖော်ပြထားပါတယ်။

နှစ်သစ်ကူးပွဲတော်ကို နီနီခင်ဇော်အပါအဝင် အခြားနာမည်ကြီး အနုပညာရှင်‌တွေနဲ့ စည်ကားစွာပြုလုပ်သွားမယ်လို့ သိရWa News Agency၊ ...
07/01/2023

နှစ်သစ်ကူးပွဲတော်ကို နီနီခင်ဇော်အပါအဝင် အခြားနာမည်ကြီး အနုပညာရှင်‌တွေနဲ့ စည်ကားစွာပြုလုပ်သွားမယ်လို့ သိရ

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၇ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့မှာ နှစ်သစ်ကူးပွဲတော်ကို ယဉ်ကျေးမှုကွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံကျော်အဆိုတော်နီနီခင်ဇော်အပါအဝင် ထင်ရှားတဲ့ အခြားအနုပညာရှင်တွေကိုလည်း ဖိတ်ကြားထား‌တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဆီက သိရပါတယ်။

ရှမ်းနှစ်သစ်ကူးအကြိုပွဲတော်ကို ၃၁ဘုံစေတီကုန်းမှာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်နေ့ထိ ၁၀ရက်ကြာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့ထိ ဟိုပန်မြို့၊ ကောင်းဟုန်းရပ်ကွက်ရှိ "ဝ"ဘုရားကျောင်းမှာ စုပေါင်းခရစ္စမတ်ပွဲတော်ကို ၈ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ရက်မှ ဇန်နဝါရီလ ၅ရက်နေ့ထိ လေးမျက်နှာဘုရားမှာ မိုင်းဖုန်းဆရာတော်သက်တော်(၆၀)နှစ်ပြည့် ဝိဇာတပူဇာ မဂ်လာပွဲနဲ့ သိမ်ကျောင်း၊ ဆွမ်းစားဆောင် ရေစက်ချလှူဒါန်းပွဲ‌တော် ပြုလုပ်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်မှ ဇန်နဝါရီလ ၂၁ရက်နေ့ထိ ၁၁ရက်ကြာ နှစ်သစ်ကူးပွဲတော်ကို စည်ကားစွာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လောင်းကစားဝိုင်း‌တွေနဲ့ အခုလို ရက်ရှည်ပွဲတွေကို မကြာခဏ ကျင်းပလာတဲ့အပေါ် ဒေသခံ‌တွေအနေနဲ့ စိုးရိမ်မှု‌တွေရှိကြောင်း ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ဇန်နဝါရီလ ၈ရက်‌နေ့မှာ ပြန်ဖွင့်မယ်လို့ သိရWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၆ရက်၂၀၂၃ခုနှစ...
06/01/2023

တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ဇန်နဝါရီလ ၈ရက်‌နေ့မှာ ပြန်ဖွင့်မယ်လို့ သိရ

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၆ရက်

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့မှာ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမြို့က ဂျယ်ကောင်ဂိတ်ကို ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

၎င်းဂိတ်ကို Covid19ကြောင့် နှစ်ရှည်ကြာ ပိတ်ထားခဲ့တာဖြစ်ပြီး ဒေသခံ‌တွေရဲ့ ဝင်ငွေထိခိုက်မှုများစွာ ရှိခဲ့ပါတယ်။

မိုင်းဖုန်းဆရာတော်သက်တော်(၆၀)နှစ်ပြည့် ဝိဇာတပူဇာ မဂ်လာပွဲနဲ့ သိမ်ကျောင်း၊ ဆွမ်းစားဆောင် ရေစက်ချလှူဒါန်းပွဲ‌တော် ပြုလုပ်W...
05/01/2023

မိုင်းဖုန်းဆရာတော်သက်တော်(၆၀)နှစ်ပြည့် ဝိဇာတပူဇာ မဂ်လာပွဲနဲ့ သိမ်ကျောင်း၊ ဆွမ်းစားဆောင် ရေစက်ချလှူဒါန်းပွဲ‌တော် ပြုလုပ်

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၅ရက်

"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ပန်မြို့ လေးမျက်နှာဘုရားမှာ မိုင်းဖုန်းဆရာတော် သက်တော်(၆၀)နှစ်ပြည့် ဝိဇာတပူဇာ မဂ်လာပွဲနဲ့ သိမ်ကျောင်း၊ ဆွမ်းစားဆောင် ရေစက်ချလှူဒါန်းပွဲတော်ကို ဒီနေ့ ဇန်နဝါရီလ ၅ရက်၊ မနက်၈နာရီမှာ ပြုလုပ်ပါတယ်။

ဇန်န၀ါရီလ ၁ရက်နေ့က စတင်ပြီး ဇန်န၀ါရီလ ၅ရက်‌နေ့အထိ ညပိုင်းမှာ ရှမ်းဇာတ်နဲ့ မြန်မာခေတ်ပေါ်သီချင်းတွေကို ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို "ဝ"စာပေနှင့်ယဉ်‌ကျေးမှုအဖွဲ့ တက်ရောက်Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝ...
04/01/2023

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို "ဝ"စာပေနှင့်ယဉ်‌ကျေးမှုအဖွဲ့ တက်ရောက်

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ရက်

နေပြည်တော်မှာ ပြုလုပ်ကျင်းပတဲ့ ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို "ဝ"စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လားရှိုးမြို့က တက်ရောက်ခဲ့ပြီး "ဝ"ရိုးရာအကနဲ့ ကပြခဲ့ပါတယ်။

လက်ရှိ "ဝ"စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လားရှိုးမြို့ရဲ့ ဥက္ကဌ ဦးလုတ်ယွန်းဟာ စစ်‌ကောင်စီခန့် ရှမ်းပြည်နယ်ကောင်စီအာဏာပိုင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ NLDအစိုးရလက်ထက်မှာတေ့ာ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

တိုင်းရင်းသား တပ်မဟာ အပတ်စဉ်(၂) သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ MNDAAကျင်းပWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၃ရက်၂...
03/01/2023

တိုင်းရင်းသား တပ်မဟာ အပတ်စဉ်(၂) သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ MNDAAကျင်းပ

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၃ရက်

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၃ရက်မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ(၆၁၁)က တိုင်းရင်းသား တပ်မဟာ အပတ်စဉ်(၂) သင်တန်းဆင်းပွဲနဲ့ သေနတ်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း The Kokangစာမျက်နှာမှာ ဖော်ပြထားပါတယ်။

Photo - The Kokang

ဟိုပန်မြို့မှာ ၇၅ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အတွက် အားကစားကျင်းပWa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂ရက...
02/01/2023

ဟိုပန်မြို့မှာ ၇၅ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အတွက် အားကစားကျင်းပ

Wa News Agency၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂ရက်

"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ရှိ လွတ်လပ်ရေး ကျောင်တိုင်ကွင်းမှာ ၇၅ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ်အတွက် မနေ့က ဇန်န၀ါရီလ ၁ရက်နေ့၊ မနက်၉နာရီအချိန်ကစလို့ အလွတ်တန်း ဘော်လီဘော အားကစားကို ကျင်းပခဲ့ကာ အခြားအားကစားတွေကိုလည်း ပြုလုပ်သွားမှာဖြစ်ပြီး အနိုင်ရသူတွေကို ဇန်နဝါရီ ၄ရက်နေ့မှာ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

၇၅ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးကို ကြိုဆိုတဲ့အနေနဲ့ "ဝ"တိုင်းရုံး၊ ဌာနဆိုင်ရာရုံး၊ မြို့လယ်ခေါင် အဝိုင်းပတ်၊ လွတ်လပ်ရေးကျောက်တိုင်သွားရာ ရုံးကုန်းလမ်းတစ်လျှောက်၊ နေအိမ်နဲ့ ဆိုင်အချို့‌တွေရဲ့ရှေ့မှာ နိုင်ငံတော်အလံကို စိုက်ထူထားပါတယ်။

"၀" ရိုးရာမီးပုံပွဲကို ဒီဇင်ဘာလ ၂၈ရက်ကစပြီး ပြုလုပ်Wa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင်...
30/12/2022

"၀" ရိုးရာမီးပုံပွဲကို ဒီဇင်ဘာလ ၂၈ရက်ကစပြီး ပြုလုပ်

Wa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်

"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့ရှိ "၀"နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာ စုပေါင်းခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလ ၂၅ရက်က စတင်ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ရက်က "၀"ရိုးရာမီးပုံပွဲကို စတင်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

"၀"ရိုးရာမီးပုံပွဲကို "ဝ"နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအပြင် ဟိုပန်မြို့ရှိ ရပ်ကွက်တွေမှာလည်း ပြုလုပ်ပါတယ်။

ဟိုပန်မြို့ ဝိုင်ဖိုင်ရုံးတွင် ဆိုယ်ကယ်၂စီးပျောက်Wa News Agency၊ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ...
28/12/2022

ဟိုပန်မြို့ ဝိုင်ဖိုင်ရုံးတွင် ဆိုယ်ကယ်၂စီးပျောက်

Wa News Agency၊ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ရွှေမြင်းတောင်ဟိုတယ်‌ဘေးက Wi-fiရုံးမှာ ဒီဇင်ဘာလ ၂၆ရက်၊ မနက်ပိုင်း ၇နာရီဝန်းကျင် ရုံးဆိုင်ကယ်နဲ့ ရုံးဝန်ထမ်းဆိုယ်ကယ် ‌ရုံးရှေ့ရပ်နေရင်း ပျောက်သွားတယ်လို့ ရုံးဝန်ထမ်းဆီက သိရပါတယ်။

ဆိုယ်ကယ်ပျောက်သွားတာနဲ့ ပတ်သက်ပြီး “ဆိုင်ကယ်က ရုံးမှာ အလုပ်လုပ်နေချိန် မနက်၇နာရီဝန်းကျင် ပျောက်သွားတာ။ ၂စီး‌တောင်ပျောက်တယ်။ အရင်ကတည်းက ဆိုယ်ကယ်ကို ဒီလို ထားထားတာ မပျောက်ခဲ့ဘူး"လို့ ဆိုင်ကယ်ပျောက်သူ Wi-fiရုံးဝန်ထမ်းက ပြောပါတယ်။

ဟိုပန်မြို့မှာ ခိုးမှု၊ ဆိုင်ကယ်ပျောက်မှုတွေ ပိုများလာတာကြောင့် ဒေသခံတွေအနေနဲ့
နေအိမ်တွေကို အရင်ကထက် လုံခြုံအောင် ပိုဂရုစိုက်နေကြရပါတယ်။

ဟိုပန်မြို့မှာ စုပေါင်းခရစ္စမတ်ပွဲ‌တော်ကို ၈ရက်ကြာ ကျင်းပWa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်"ဝ"ကိုယ်ပိုင်အုပ်ချုပ...
27/12/2022

ဟိုပန်မြို့မှာ စုပေါင်းခရစ္စမတ်ပွဲ‌တော်ကို ၈ရက်ကြာ ကျင်းပ

Wa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့မှာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၂၅မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ရက်‌နေ့ထိ ၈ရက်ကြာ စုပေါင်းခရစ္စမတ်ပွဲ‌တော်ကို ကောင်းဟုန်းရပ်ကွက်ရှိ "ဝ"နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်သွားမယ်လို့ အသင်းတော်တာဝန်ရှိသူတွေက သိရပါတယ်။

စုပေါင်းခရစ္စမတ်ကို မြို့မ"ဝ"နှစ်ခြင်းခရစ်ယာန်အသင်းတော်နဲ့ WBC"ဝ"နှစ်ခြင်းခရစ်ယာန်အသင်းတော် ၂ခုပေါင်းပြီး ပြုလုပ်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၆နဲ့ ၂၇ရက်မှာ Blue Bird Music Bandနဲ့အတူ နိုင်ငံကျော် တေးသံရှင် ကောင်းကောင်း၊ မေကြည်၊ "ဝ"တေးသံရှင် ယေ့နဲ့ Paul Austinတို့က ဖျော်‌ဖြေသွားမှာဖြစ်ပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၈မှ ၂၀၂၃၊ ဇန်နဝါရီလ ၁ရက်နေ့ထိ "ဝ"ရိုးရာမီးပုံပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။

အခုနှစ် ၂၀၂၂မှာ ပြုလုပ်တဲ့ စုပေါင်းခရစ္စမတ်ပွဲတော်ကို "ဝ"တိုင်းဥဣဌ ဦးညီနပ်က ပွဲဖြစ်မြောက်ဖို့ အလှူငွေ သိန်း၁၀၀ ပေးလှူထားပါတယ်။

စစ်ကောင်စီလက်ထက် စုပေါင်းခရစ္စမတ် ပြုလုပ်တာနဲ့ ပတ်သက်ပြီး အသင်းသား‌တွေရဲ့ ဝေဖန်မှု များစွာရှိနေပြီး စုပေါင်းခရစ္စမတ် ပြုလုပ်လာတာ အခုနှစ် ၂၀၂၂မှာ ၄ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ကွမ်းလုံမြို့ ဗြုံးတောင်အ၀င် ၄၅မိုင်အနီး အိမ်သုံးယာဉ်ငယ်၁စီး တိမ်းမှောက်ခဲ့Wa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်မနေ...
27/12/2022

ကွမ်းလုံမြို့ ဗြုံးတောင်အ၀င် ၄၅မိုင်အနီး အိမ်သုံးယာဉ်ငယ်၁စီး တိမ်းမှောက်ခဲ့

Wa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်

မနေ့က ဒီဇင်ဘာလ ၂၆ရက် မနက်ပိုင်းမှာ ကွမ်းလုံမြို့ ဗြုံးတောင်အ၀င် ၄၅မိုင်အနီး အိမ်သုံးယာဉ်ငယ်၁စီး တိမ်းမှောက်ပြီး လမ်းတစ်ဖက် ချောက်အတွင်းကျကာ ယာဉ်မောင်းအမျိုးသားနဲ့ ၎င်းရဲ့ ဇနီးဖြစ်သူ အမျိုးသမီးတစ်ဦး ကားတွင်းပိတ်နေခဲ့ပါတယ်။

ယာဉ်ပေါ်ပါ ၎င်းတို့ရဲ့ ကလေးငယ် ငိုပြီးလမ်းမပေါ်တက် အကူညီတောင်းခံတာကြောင့် ဒေသခံကားသမား‌‌တွေက ကွမ်းလုံကြက်ခြေနီရုံးကို ဖုန်းဆက်အကူညီတောင်းခံခဲ့ပါတယ်။

အသင်းပိုင်ယာဉ်နှစ်စီးနဲ့ တပ်ဖွဲ့မှူးဦးမိုးသူ ဦးဆောင်ကာ ဒု-တပ်ဖွဲ့မှူး ‌ဦးရဲမြတ်သူ၊ ဒု-တပ်စိတ်မှူး ဦးကိုကိုမောင်၊ ဒုတပ်စိတ်မှူး ဦးမျိုးမျိုးနဲ့ ဒုတပ်စိတ်မှူး ဦးဟိန်းမင်းနိုင်တို့ သွားရောက်ကူညီဆောင်ရွက်ပြီး ထိခိုက်ဒဏ်ရရှိသူတွေကို ကားအတွင်း ရှေးဦးပြုစုပြီး ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ဒေသခံကားဆရာများနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး ချောက်အတွင်းမှ လမ်းမပေါ် ယာဉ်ငယ်ကို တင်ဆောင်ခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတေ့ာ ကွမ်းလုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ၎င်းမှတဆင့် လားရှိုးဆေးရုံကြီးကို ဆက်လက်ပို့ဆောင် ကူညီပေးခဲ့ပါတယ်။

အပြစ်မဲ့ပြည်သူ မီးရှို့သတ်ဖြတ်ခံရခြင်း ၁နှစ်ပြည့် ​အောက်​မေ့သတိရခြင်း အစီအစဉ်ပြုလုပ်Wa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ...
24/12/2022

အပြစ်မဲ့ပြည်သူ မီးရှို့သတ်ဖြတ်ခံရခြင်း ၁နှစ်ပြည့် ​အောက်​မေ့သတိရခြင်း အစီအစဉ်ပြုလုပ်

Wa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်​

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို​ကျေးရွာမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက်​၊ ခရစ္စမတ် အကြို​နေ့မှာ ဖြစ်ပွားခဲ့​တဲ့ စစ်​ကောင်စီတပ်မှ အရပ်သားပြည်သူ‌တွေကို အရှင်လတ်လတ် အစုလ်ိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တဲ့ ဝမ်းနည်းဖွယ်ဖြစ်စဥ်ဟာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက်​ ဒီနေ့မှာတေ့ာ ၁နှစ်ပြည့်ခဲ့ပြီး အောက်မေ့သတိရခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။

ဖရူဆိုမြို့နယ်၊ မိုဆို​ကျေးရွာကို စစ်​ကြောင်းထိုးလာ​တဲ့ တပ်မ ၆၆ ​လက်​အောက်ခံ ခမရ ၁၀၈ ဓနုဖြူတပ်ရင်းဟာ စစ်​ဘေးရှောင်ပြည်သူ‌တွေနဲ့ ဆီတင်ဆောင်ထားတဲ့ ကား‌တွေကို ဖမ်းဆီးပြီး က​လေးငယ်‌တွေနဲ့ အမျိုးသမီး‌တွေ အပါအဝင် အရပ်သားပြည်သူတွေကို ​မီးရှို့သတ်ဖြတ်ခဲ့ပြီး တားဆီးဖို့ ရောက်လာတဲ့ နယ်ခြား​စောင့်တပ် တပ်ဖွဲ့ဝင် ၄ဦးကို​လည်း လက်ပြန်ကြိုးတုတ် သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်ခဲ့​တဲ့ အရပ်သားပြည်သူ ၄၀ကျော်နဲ့ လက်ပြန်ကြိုးတုတ် သတ်ဖြတ်ခံရတဲ့ ၁၀၀၄တပ်ရင်းမှ နယ်ခြား​စောင့်တပ်သား ၄ဦးတို့ကို အမြဲအောက်မေ့သတိရပြီး တရားမျှတမှု ရတဲ့ထိ လုပ်​ဆောင်သွားမယ်လို့ Karenni Nationalities Defense Forceမှ ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


နိုင်ငံသားစိစစ်ရေးကတ်ပြား‌တွေကို ကြာစီရှူးကျေးရွာအုပ်စုရှိ ဒေသခံ‌‌တွေအတွက် ထုတ်ပေးWa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂...
23/12/2022

နိုင်ငံသားစိစစ်ရေးကတ်ပြား‌တွေကို ကြာစီရှူးကျေးရွာအုပ်စုရှိ ဒေသခံ‌‌တွေအတွက် ထုတ်ပေး

Wa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်၊ နေ့လည်ပိုင်း ၁နာရီအချိန် ကြာစီရှူးကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥဣဌဦးမြင့်ဆွေနဲ့အတူ အဖွဲ့ဝင်တို့က ကြာစီရှူးကျေးရွာအုပ်စုရှိ ဒေသခံ၁၀၄၆ဦးအတွက် "ပန်းခင်းစီမံချက်" မူဝါဒနဲ့အညီ ဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေတဲ့ အခြေအနေတွေကို လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

ဥဣဌဦးမြင့်ဆွေမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးပါက ကျေးရွာအုပ်ချုပ်ရေးမှူးမှ လူဝင်မှုကြီးကြပ်ရေးဌာနကို တိုးတက်မှုအခြေအန မေးမြန်းပြီး အမြန်ဆုံး ဆောင်ရွက်ပေးဖို့၊ ဒေသတွင်းရှိ ကြံတွေကို တရုတ်နိုင်ငံသို့ တင်သွင်းဖို့နဲ့ ဒေသလုံးဆိုင်ရာ လူဦးရေသန်းခေါင်စာရင်းတွေကို ကောက်ယူဖို့ ပြောခဲ့ပြီး တပ်မ(၁၆)မှ တမမှူးကလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားရဲ့ အရေးပါမှုကို ပြောခဲ့ပါတယ်။

"ပန်းခင်းစီမံချက်" မူဝါဒနဲ့အညီ ဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးတဲ့ ကြာစီရှူးကျေးရွာအုပ်စုရှိ ပြည်သူများအတွက် ဆက်လက်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

"ပန်းခင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ကျေးရွာတွေပါမကျန် ဆောင်ရွက်ပေးနေတာတွေ ရှိနေပါတယ်။

Photo - ကိုးကန့်သတင်း

မိုင်းပေါက်မြို့၊ ဟွာရှင်းကုမ္ပဏီမှာ ဗမာ၁၂ဦး ရောင်းစားခံရWa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်"ဝ"ပြည် မိုင်းပေါက်မြ...
22/12/2022

မိုင်းပေါက်မြို့၊ ဟွာရှင်းကုမ္ပဏီမှာ ဗမာ၁၂ဦး ရောင်းစားခံရ

Wa News Agency၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်

"ဝ"ပြည် မိုင်းပေါက်မြို့၊ ဟွာရှင်းကုမ္ပဏီမှာ ဗမာ၁၂ဦး အမျိုးသား ၈ဦး၊ အမျိုးသမီး ၄ဦး ရောင်းစားခံရပြီး ပြင်ဦးလွင်က ၁ဦးနဲ့ အခြားဒေသက ဖြစ်ကြပြီး မနေ့က ဒီဇင်ဘာလ ၂၁ရက် ညနေမှာတေ့ာ "ဝ"အပြည်ပြည်ဆိုင်ရာရုံးမှာ ထိန်းသိမ်းခံထားရကြောင်း သိရပါတယ်။

ပွဲစားက ဂိမ်းဆိုင်မှာ လုပ်ရမယ်‌‌ပြောပြီး အလုပ်သွင်းပေးကာ ပိုက်ဆံယူပြီး ပြန်သွားပါတယ်။ အလုပ်ရောက်မှ ကျားဖြန့်အလုပ်ဖြစ်မှန်း သိရပြီး စာချုပ်ချုပ်ရ‌တယ်လို့ ပြောပါတယ်။ ပွဲစားက ဗမာလူမျိုးဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ လူအရေအတွက်တိုင်း အွန်လိုင်းကနေ မလိမ်နိုင်တာကြောင့် နေပူထဲ ပြေးခိုင်းတာ၊ ထိုင်ထအကြိမ်ရေ (၄၀၀)လုပ်ခိုင်းတာ၊ ဒိုက်ထိုးတာ‌မျိုးတွေကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ လုပ်ခိုင်းပါတယ်။ အလုပ်ချိန် ၁၈နာရီဖြစ်ပြီး ကွန်ပျူတာရှေ့ အချိန်ပြည့် ထိုင်ရပါတယ်။

"လစာပုံမှန်ပေးမယ်ဆိုပြီး အပြည့်မပေးဘူး။ လစာတွေ ဖျက်ခံရတယ်။ နေပူထဲ ပြေးရတယ်။ ပြစ်ဒဏ်တွေ မတရားများတယ်။ ဒီဇင်ဘာလ ၁၈ရက်ကကျွန်တော်တို့ အဖွဲ့တွေ နေပူထဲ ပြေးရတယ်။ နေမကောင်းတဲ့သူကိုလည်း လုပ်ခိုင်းတယ်ဗျ။ မောလို့ နားချင်တာတောင် မနားခိုင်းဘူး။ လစာဖျက်မယ်ပြောတယ်"လို့ Wa News Agency ကို ရောင်းစားခံရသူတစ်ဦးက ပြောပါတယ်။

အလုပ်ထွက်ချင်ပါက လျော်ကြေးပေးရမှာဖြစ်ပြီး လျော်ကြေးက တရုတ်‌ငွေ ယွမ်၅၀၀၀၀ဖြစ်ပါတယ်။ မပေးနိုင်ပါက တိုက်ပိတ်ပြီး တရုတ်ပြည်မကို ရောင်းစားပစ်မယ်လို့လည်း ခြိမ်းခြောက်ပြောဆိုတာ‌မျိုး‌တွေ ရှိခဲ့ပါတယ်။

ရဲကို နေရာပြပုံပို့ပြီး တိုင်လိုက်တာကြောင့် မနေ့က ဒီဇင်ဘာလ ၂၁ရက်၊ ညနေပိုင်းအချိန် ၁၂ဦးလုံးကို အလုပ်ကနေ ရဲက ခေါ်ထုတ်ပြီး လက်ရှိမှာတေ့ာ "ဝ"အပြည်ပြည်ဆိုင်ရာရုံးမှာ ထိန်းသိမ်းခံထားရပါတယ်။ တစ်ဦးကို နေထိုင်၊ စားစရိတ် တရုတ်ငွေ ယွမ်၁၀၀ပေးရပြီး ထွက်လာတဲ့ကုမ္ပဏီကိုလျော်ကြေး တရုတ်ငွေ ယွမ်၅၀၀၀၀ကျော် ပေးရမယ်လို့ ပြောပါတယ်။

"လွှတ်လာတဲ့ ကလေးတွေနဲ့အတူ သွားတုန်းက အတူတူပါ။ ဟိုရောက်မှ သားလေးတစ်ယောက်ထဲ ကွဲသွားတာပါ။ ပြင်ဦးလွင်က ၈ယောက်ထဲက ၇ယောက် ပြန်လွှတ်လာပြီ။ အခု၁၁ယောက်နဲ့က တစ်ဆင့်ပြောင်းရင်း သိကြတာပါ။ ဖုန်းတွေ သိမ်းထားပြီး ထမင်း၁နပ်ပဲကျွေးတာ ၂ပတ်ကျော်ရှိပါပြီ။ အခု"ဝ"အပြည်ပြည်ဆိုင်ရာရုံးကို ရောက်နေပါတယ်။ ဘယ်လိုထုတ်ရမလဲ။ အခုမှ သားကဖုန်းကိုင်ရပြီး အဆက်အသွက်ရတာ။ ဟိုအထဲ ပြန်ရောက်မှာ စိုးရိမ်ရပါတယ်။ လျော်ကြေးငွေကလည်း များလွန်းတေ့ာ မိဘတိုင်း မပေးနိုင်ကြဘူး"လို့ ရောင်းစားခံရသူတစ်ဦးရဲ့ အသက်၆၀အရွယ်ရှိ မိခင်က Wa News Agencyကို ပြောပါတယ်။

Address


Alerts

Be the first to know and let us send you an email when Wa News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wa News Agency:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share