ရွှေဒုံမြေ

  • Home
  • ရွှေဒုံမြေ

ရွှေဒုံမြေ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေဒုံမြေ, Media/News Company, .

08/09/2023
(၃၉)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပ မုဒုံ...
03/09/2023

(၃၉)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဝါတော်(၄၀)နှင့်အထက် ဆရာတော်

ကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပ



မုဒုံ စက်တင်ဘာ ၃



မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် (၃၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲကို

ယနေ့နံနက် ၈ နာရီက မြို့မ (၂)ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။



ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး

မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဂျုံးဂျုံးဂျတောရ​ကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ

ဘဒ္ဒန္တ ကိတ္တိဝဏ္ဏထံမှ မြို့နယ်ဗုဒ္ဓဘာသာကလျာနယုဝအသင်း (YMBA) နာယက ဗိုလ်မှူး ကြီး(ငြိမ်း) ဝင်းနိုင်ဦး၊မုဒုံမြို့နယ်တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး မိုးဝင်း၊ မြို့နယ်စီမံအုပ်

ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက်

ပင့်ကျောင်းသံဃာတော်များနှင့် ဒါယကာ/ဒါယကမများက ဝါတော် (၄၀)နှင့်အထက်

သံဃာ့မထေရ်ကြီးများအား ပူဇော်ကန်တော့၍ ဓမ္မရာဇိန်ကျောင်းဆရာတော်က ဆုချီးမြှင့်ပေးအပ်ကာ ဆရာတော်/သံဃာတော်တို့မှ မေတ္တာသုတ် ပရိတ်ရွတ်ဖတ်

ပူဇော်ပေးခဲ့သည်။



ယင်းနောက် တက်ရောက်ကြသည့် တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ

သက်တော်ရှည် မထေရ်ကြီး (၆)ပါး ကိုယ်စား၊ ဝါတော် (၄၀)နှင့်အထက် ဆရာတော်

ကြီး(၃၂)ပါးအား သင်္ကန်း၊လှူဖွယ်ဝတ္ထုနှင့်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မဒူ

တကျောင်းဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရား ချီးမြှင့်ပေးကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍အခမ်းအနားအား ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။

မင်္ဂလာပါ  ယနေ့ (1.9.2023)သောကြာနေ့ အတွက်ဈေးတင်ထားတာပါခင်ဗျ။
01/09/2023

မင်္ဂလာပါ
ယနေ့ (1.9.2023)
သောကြာနေ့ အတွက်ဈေးတင်ထားတာပါခင်ဗျ။

28/08/2023
မင်္ဂလာပါ  ယနေ့ (28.8.2023)တနင်္လါနေ့ အတွက်ဈေးတင်ထားတာပါခင်ဗျ။
28/08/2023

မင်္ဂလာပါ
ယနေ့ (28.8.2023)
တနင်္လါနေ့ အတွက်ဈေးတင်ထားတာပါခင်ဗျ။

မင်္ဂလာပါ  ယနေ့ (24.8.2023)​ကြာသပတေးနေ့အတွက်ဈေးတင်ထားတာပါခင်ဗျ။
24/08/2023

မင်္ဂလာပါ
ယနေ့ (24.8.2023)
​ကြာသပတေးနေ့
အတွက်ဈေးတင်ထားတာပါခင်ဗျ။

21/08/2023

အမေရိကန်အစိုးရ၏ ၂၀၂၃ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာပါ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ
*******************************
၁။ Safe Migration page တွင် အလုပ်သမားရေးရာသတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်ပြုသည့်စာရင်းများအား စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိပါသည်။
၂။ Compliant Mechanism Center များ၊ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်းအလုပ်သမားထောက်ပံ့ကူညီပေးရေးဗဟိုဌာနများ၊ အလုပ်သမားသံအရာရှိရုံးများနှင့် ဝန်ကြီးဌာနသို့ အလုပ်သမားရေးရာတိုင်ကြားမှုများအပေါ် လက်ခံဖြေရှင်းပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်း တရားစွဲဆိုမှု ၂ မှု၌ တရားစွဲဆိုခံရသူ ၂ ဦးရှိပါသည်။
၃။ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လွှဲပြောင်းပေးခြင်းအား သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် ကော်မတီများဖွဲ့စည်း၍ ပြန်လည်ကြိုဆိုလက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ကျား ၁,၁၇၀ ဦး၊ မ ၃၆၈ ဦး၊ စုစုပေါင်း ၁,၅၃၈ ဦးတို့ကို ပြန်လည်ကြိုဆိုလက်ခံခဲ့ပါသည်။
၄။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ပြည်တွင်းအလုပ်သမားခန့်ထားမှုနှင့် ပတ်သက်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေနှင့်အညီ အလုပ်ရှာဖွေသူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းပေါ်မူတည်၍ အလုပ်ရှင်များ၏ လိုအပ်ချက်အရ သင့်လျော်သူများကို ရွေးချယ်ခန့်အပ်နိုင်ရန် စည်းကြပ်ဆောင်ရွက်လျက်ရှိပြီး တည်ဆဲအလုပ်သမားဥပဒေများတွင် သန်စွမ်းသူ၊ မသန်စွမ်းသူ၊ ကျား/မ ခွဲခြားမှုမရှိဘဲ၊ မြို့ပြ/ ကျေးလက်မကျန် အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၅။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခုတွင် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး (၈၉) ရုံး၊ အထူးစီးပွား

16/08/2023
10/08/2023
မင်္ဂလာပါ  ယနေ့ (3.8.2023)ကြာသပ​တေးနေ့အတွက်ဈေးတင်ထားတာပါ
03/08/2023

မင်္ဂလာပါ
ယနေ့ (3.8.2023)
ကြာသပ​တေးနေ့အတွက်ဈေးတင်ထားတာပါ

မုဒုံမြို့၌ မြေယာလျော်ကြေးငွေပေးအပ်ခြင်းဆောင်ရွက်မုဒုံ      ဇူလိုင်      ၂၈မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတ...
28/07/2023

မုဒုံမြို့၌ မြေယာလျော်ကြေးငွေပေးအပ်ခြင်းဆောင်ရွက်

မုဒုံ ဇူလိုင် ၂၈

မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ် တစ်ခုနှင့် လေယာဥ်ကွင်းအသစ် တစ်ခုတည်ဆောက်ရေးစီမံကိန်း
လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဧရိယာအတွင်း ပါဝင်သော မြေဧရိယာအတွက် လျော်ကြေးငွေပေးအပ်ခြင်းကို ဇူလိုင် ၂၇ ရက်နေ့က
မုဒုံမြို့နယ်ရှိ ရွှေဟသင်္ာခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့မြေယာလျော်ကြေးငွေထုတ်ပေးနေမှုများကို မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယ ဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင် များမှ ကြီးကြပ်၍ တာဝန်ရှိသူများက ငွေပေးချေရာတွင် လိုအပ်သော အထောက် အထားမှတ်တမ်းများ ပြုလုပ်ပေးခြင်း၊ လျော်ကြေးပေးချေရမည့် ပုံစံ (၁၂) အရ
ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဧရိယာ (ဧက)စစ်ဆေးခြင်းနှင့် ချက်ဖြင့်ငွေပေးချေ
ခြင်းတို့ကို ပူးပေါင်းကူညီဆောင်ရွက်ပေးသည်။

ထို့နောက် လေဆိပ်စီမံကိန်းဧရိယာအတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ
ကျေးလက်ရှောင်ကွင်းလမ်း (ကော့ပရံ-တံခွန်တိုင်လမ်း)တွင်ပါဝင်သော မြေဧရိယာ
( ၂၂ ဒသမ ၂၃ )ဧကအတွက် မြေယာလျော်ကြေးငွေကျပ် (၁၁၃၅၃၆၈၈၀) ကိုလည်း
ကောင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မုဒုံတူးမြောင်း
ချဲ့ထွင်ခြင်းနှင့်ရေလွှဲတူးမြောင်းဧရိယာအတွင်း ပါဝင်သည့် လယ်မြေနှင့်အခြားမြေ
များအတွက် မြေယာ၊သီးနှံနှင့်အဆောက်အဦ လျော်ကြေးငွေပေးချေရန် ဧရိယာ (၆၂
ဒသမ ၀၈) ဧကအတွက် လျော်ကြေးငွေကျပ် (၃၈၅၀၂၄၅၀၀) ကို တောင်သူဦးရေ
စုစုပေါင်း (၆၈) ဦးတို့အား လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ကျန်ရှိနေသေးသည့်
မြေဧရိယာများအတွက်ကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်္ဂလာပါ  ယနေ့ (28.7.2023)သောကြာနေ့အတွက်ဈေးတင်ထားတာပါ
28/07/2023

မင်္ဂလာပါ
ယနေ့ (28.7.2023)
သောကြာနေ့အတွက်ဈေးတင်ထားတာပါ

မင်္ဂလာပါ  ယနေ့ (27.7.2023)ကြာသပတေးနေ့အတွက်ဈေးတင်ထားတာပါခင်ဗျ။
27/07/2023

မင်္ဂလာပါ
ယနေ့ (27.7.2023)
ကြာသပတေးနေ့အတွက်ဈေးတင်ထားတာပါခင်ဗျ။

မုဒုံမြို့၌ စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးမုဒုံ      ဇူလိုင်      ၂၇မွန်ပြည်နယ် မုဒုံမြို...
27/07/2023

မုဒုံမြို့၌ စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

မုဒုံ ဇူလိုင် ၂၇

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စိုက်ပျိုး၊မွေးမြူ၊ထုတ်လုပ်၊ ဖြန့်ဖြူးသူများမှ စားသောက်
ကုန်ပစ္စည်းများကို ယနေ့ နံနက် ၆ နာရီမှစတင်ကာ မြို့မစျေးအနောက်တွင် ဒေသခံ
ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။

ထိုသို့ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် (၂၄၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာ
လျှင် (၅၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊အမဲသား တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်
(၂၁၀၀၀)ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ပုဇွန် တစ်ပိဿာလျှင်
(၂၀၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်
(၇၄၀၀)ကျပ်၊ပလာတူးနှင့်ငါးဖမ်းမ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ငါးနှပ် တစ်ပိဿာ
လျှင် (၂၅၀၀)ကျပ်နှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ရောင်းချပေးသည်။

မုဒုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာ
ရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်းများကို ပြင်ပစျေးနှုန်းထက် သက်သာ စွာဖြင့် ဝယ်ယူနိုင်ရန်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေများထုတ်ချေးပေးမုဒုံ      ဇူလိုင်      ၂၇မွန်ပြည်နယ် မုဒုံ...
27/07/2023

မုဒုံမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေများထုတ်ချေးပေး

မုဒုံ ဇူလိုင် ၂၇

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်၏ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဥ်ကို အထောက်အကူပြုစေရန်၊
လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများနှင့် အသေးစား
စီးပွားရေး လုပ်ကိုင်လိုသူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေ ပြီး မိသားစုဝင်ငွေတိုးပွားလာအောင် လုပ်ငန်းများဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာ
သော ရန်ပုံငွေများဖြင့် ကျေးရွာများပိုင်ဆိုင်သည့် မတည်ရန်ပုံငွေထူထောင်ကာ စဥ်ဆက်မပြတ် ငွေကြေးအရင်းအနှီးများ ရရှိစေရန်အတွက် ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဒေါ်မိဝတ်ရည်မွန်ကပြောသည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ကို တောင်ပ၊ ကွေ့ဝမ်း၊ ကော့ခပုံ
(ရွာသစ်)၊ ကွမ်တာ(ရွာဟောင်း) ကျေးရွာလေးရွာအတွင်းရှိ စိုက်ပျိုးရေး၊မွေးမြူရေး၊
အရောင်းအဝယ်၊အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူဦးရေ (၁၉၀) ဦးအတွက် စုစု ပေါင်းချေးငွေကျပ် (၁၃၄၀) သိန်းကို စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်ရှိ ဘုန်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မုဒုံ      ဇူလိုင်      ၂၇မွန်ပြည်နယ် မုဒုံမြို့နယ...
27/07/2023

မုဒုံမြို့နယ်ရှိ ဘုန်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မုဒုံ ဇူလိုင် ၂၇

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့်ပရိယတ္တိစာသင်တိုက်များ
သန့်ရှင်းသာယာလှပစေရန် ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ကြသည်။

ဘုန်းကြီးကျောင်းများတွင် သီတင်းသုံးနေထိုက်ကြသော သံဃာတော်အရှင်သူမြတ်
တို့နှင့် ကျောင်းဒကာ၊ ဒကာမများ ဝါတွင်းကာလ စိတ်အေးချမ်းစွာ တရားအားထုတ် ဥပုသ်သီလ စောင့်တည်နိုင်စေရန်နှင့် သန့်ရှင်းသပ်ရပ်ပြီး ခြင်ယင်ပေါက်ပွားမှုမရှိ
စေရန်အတွက် ပေါင်းမြတ်များ၊ ချုံနွယ်များ၊ သစ်ပင်အကိုင်းအခက်များ ခုတ်ထွင်း
ရှင်းလင်းခြင်းနှင့်အမှိုက်များကို စနစ်တကျစွန့်ပစ်မီးရှို့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ
သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့
ဝင်များက ဦးဆောင်ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း
များ၊ နယ်မြေခံတပ်မတော်သားများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ ဝင်များ၊ ဒေသခံပြည်သူများတို့က မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၄၂) ကျောင်းနှင့် ဘုရားစေတီများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်္ဂလာပါ  ယနေ့ (26.7.2023)ဗုဒ္ဓဟူးနေ့အတွက်ဈေးတင်ထားတာပါခင်ဗျ။
26/07/2023

မင်္ဂလာပါ
ယနေ့ (26.7.2023)
ဗုဒ္ဓဟူးနေ့အတွက်ဈေးတင်ထားတာပါခင်ဗျ။

မုဒုံမြို့ အ.ထ.က (ညောင်ကုန်း)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပမုဒုံ      ဇူလိုင်      ၂၂မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြ...
22/07/2023

မုဒုံမြို့ အ.ထ.က (ညောင်ကုန်း)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မုဒုံ ဇူလိုင် ၂၂

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစား
နှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ
လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေ
ရန်အတွက် လူငယ်စကားဝိုင်းကို ဇူလိုင် ၂၁ ရက်နေ့က အ.ထ.က (ညောင်ကုန်း) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

လူငယ်စကားဝိုင်းတွင် မုဒုံမြို့နယ် ပညာရေးမှူး ဒေါ်မြဝင်းက အမှာစကားပြောကြား
ပြီး မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုး
စန္ဒာထွန်းက ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေပြီး ပြန် လည်မျှဝေပေးနိုင်ရန်၊ကျောင်းသား/သူ အချင်းချင်းစည်းလုံးညီညွတ်၍ ချစ်ခင်ရင်း
နှီးမှုကို ပိုမိုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အထကောင်းများရ
ရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဦးဆောင်ဆွေးနွေးသူများအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီး တန်းစာရေး ဒေါ်မာမာစန်းတို့ကဆောင်ရွက်ပေးခဲ့ပြီး မောင်ဟက်သွေးစံ(ဒသမတန်း) က လူငယ်နှင့်ပညာရေး၊ မောင်ထွန်းထွန်းဝင်း (ဧကဒသမတန်း)က ကျောင်းသားနှင့် စာပေ၊ မခင်စန္ဒီလင်း (ဧကဒသမတန်း)က ကျောင်းသားနှင့်ယဥ်ကျေးမှု၊ မထက်ထက် ဖြူ (ဧကဒသမတန်း)က ကျောင်းသားနှင့်အားကစား ခေါင်းစဥ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ အခြေခံ အိတ်ချုပ်နည်းသင်တန်းဆင်းပွဲကျင်းပမုဒုံ      ဇူလိုင်      ၂၂မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိ...
22/07/2023

မုဒုံမြို့၌ အခြေခံ အိတ်ချုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

မုဒုံ ဇူလိုင် ၂၂

မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်ခဲ့ သည့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ အိတ်ချုပ်နည်းသင်တန်း ဆင်းပွဲကို ဇူလိုင် ၂၁ ရက်နေ့က နိုင်လှုံကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ် သည်။

အခမ်းအနားတွင် မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက် ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက ဌာန၏ လုပ်ငန်းစဥ်အကြောင်းအရာများ၊ အသက် မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက် နေပြည်သူများ တက်မြောက်ထားသည့် ပညာရပ်များအသုံးချကာ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေ၍ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်၊ အိမ်တွင်း လက်မှုပညာရပ်များ တိုးပွားလာစေရန်နှင့် ပိုမိုလေ့လာသင်ယူကြရန် သင်တန်းဆင်း
အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ကို ပေး အပ်ခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက သင်တန်းနည်းပြအား လက်ဆောင်ပစ္စည်း ကိုပေးအပ်သည်။

သင်တန်းကို နည်းပြနှစ်ဦးမှ ဖုန်းအိတ်၊ ဖိုင်အိတ်၊ ဇစ်နှစ်ထပ်အိတ်၊ဘေးလွယ်အိတ်၊
ဘောပင်အိတ်၊ ခရုပိုက်ဆံအိတ်၊ ခေါက်အိတ်၊ ဖရုံအိတ်ချုပ်နည်းတို့ကို ၁၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်တန်းသူ (၂၀) ဦးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရဲဘော်ကိုထွေး၏တူ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) အောင်ကိုကို(၇၆)နှစ်မြောက် အာဇာနည်နေ့မှာအဘအနေနဲ့ လွန်ခဲ့တဲ့ ၇၆ နှစ်ကကျဆုံးသွာ...
20/07/2023

ရဲဘော်ကိုထွေး၏တူ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) အောင်ကိုကို

(၇၆)နှစ်မြောက် အာဇာနည်နေ့မှာအဘအနေနဲ့ လွန်ခဲ့တဲ့ ၇၆ နှစ်ကကျဆုံးသွားကြတဲ့ အာဇာနည်ကိုးဦး အပါအဝင် အဲဒီအချိန်က နိုင်ငံ့ခေါင်းဆောင်ကြီးတွေ အမျိုးသားခေါင်းဆောင်ကြီးတွေကို နှမြောတသလွမ်းဆွတ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမျိုးသားခေါင်းဆောင်ကြီးတွေက အဲဒီအချိန်က တာဝန်ကြီးသုံးခုကို ထမ်းဆောင်ခဲ့ကြတယ်။ ပထမတာဝန်က မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာရရှိရေးဆိုတဲ့ တာဝန်၊ ဒုတိယတာဝန်က တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရရှိရေးဆိုတဲ့တာဝန်၊ နောက် တတိယတာဝန်က မြန်မာနိုင်ငံလွတ်လပ် ရေးရရှိပြီးတဲ့အချိန်မှာ ဖွံ့ဖြိုးတိုးတက် စည်ပင်ရေးဆိုတဲ့တာဝန်တွေ အဲဒီအချိန်က လုပ်လို့တော့မရသေးဘူး။ ဒါပေမယ့် စီမံကိန်းတွေချပြီးတော့ လုပ်ခဲ့ကြတယ်။ အဲဒီတာဝန်သုံးခု ထမ်းဆောင်နိုင်တုန်းမှာ မမျှော်လင့်ဘဲကျဆုံးသွားကြတယ်။

ဒါပေမယ့် လွတ်လပ်ရေးရရှိပြီး အချိန်မှာလည်း ခေတ်အဆက်ဆက်အစိုးရအသီးသီးက ဒီလုပ်ငန်းတာဝန် သုံးရပ်ကိုဆက်ပြီး ဆောင်ရွက်ခဲ့ကြတယ်။ ကိုယ့်နည်းကိုယ်ဟန် ကိုယ့် မူဝါဒနဲ့ပေါ့။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ၇၆ နှစ်ကြာတဲ့အချိန်မှာ တွေ့ကြုံနေရတာက ဒီတာဝန်ကြီးသုံးရပ်၊ အရေးအရာကြီးသုံးရပ်ကို နှောင့်ယှက်ဖျက်ဆီးနေတဲ့သူတွေ ရှိနေတာတွေ့ရတဲ့အတွက် ဝမ်းနည်းစရာပါ။ ဗိုလ်ချုပ်ဆိုရင် လူငယ်ပါပဲ၊ ကျဆုံးချိန်မှာ ၃၂ နှစ်ပဲ၊ ရဲဘော် ကိုထွေးဆိုလည်း ၁၈ နှစ် မပြည့်သေးဘူး။ သူတို့လူငယ်တွေက နိုင်ငံအတွက်ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြတယ်။ ဗိုလ်ချုပ်ဆိုရင် နိုင်ငံအတွက်လုပ်ခဲ့တာ နည်းတာမဟုတ်ဘူး။ လူငယ်တွေဆိုပေမယ့် ကြိုးစားပမ်းစားလုပ်ခဲ့ကြတယ်။ အခုတာဝန်ကြီး သုံးရပ်ကိုဆန့်ကျင်ဖီလာတဲ့ စိတ်ထားတွေနဲ့ လူငယ်တွေလုပ်နေကြတယ်။ အဲဒီလို လုပ်တဲ့အတွက် များစွာစိတ်မကောင်း ဖြစ်မိပါတယ်။ လူငယ်ဘဝမှာ နိုင်ငံကောင်းဖို့အတွက် ကြိုးစားအားထုတ်နေတဲ့ လူတွေဖြစ်ပါစေ၊ ပြည်ပကနေအိုးမဲသုတ်နေတာကိုသိပြီး နိုင်ငံတိုးတက်ရေးအတွက် ညီညီညွတ်ညွတ်လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။

ဦးအုန်းမောင်၏သား ဒေါက်တာမင်းမြင့်နှစ်တိုင်းတက်ရောက် ဂါရဝပြုနေကျပါ။ နိုင်ငံတော်ကလည်းကျကျနန နှစ်စဉ်အကုန်လုပ်ပေးတယ်။ ဆရာ့ အ...
20/07/2023

ဦးအုန်းမောင်၏သား ဒေါက်တာမင်းမြင့်

နှစ်တိုင်းတက်ရောက် ဂါရဝပြုနေကျပါ။ နိုင်ငံတော်ကလည်းကျကျနန နှစ်စဉ်အကုန်လုပ်ပေးတယ်။ ဆရာ့ အမေက မဆုံးခင်ကတည်းကမှာသွားတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ ဆရာ့အဖေအပါအဝင်ရယူပေးသွားတဲ့ လွတ်လပ်ရေးအတွက် ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ ဆရာတို့ကျန်းမာသရွေ့ အာဇာနည်နေ့ကို တက်ရောက်ဖို့လိုတယ်ဆိုပြီး။ အာဇာနည်နေ့ဆိုတာ နိုင်ငံတော်ကကျင်းပတဲ့ အခမ်းအနားဖြစ်တဲ့အတွက် ဘယ်သူကဦးဆောင်ဆောင် ဆရာတို့ကကျန်းမာ ရေးကောင်းရင်တက်ဖို့ အဆင်သင့်ပါ။

ဆရာ့အဖေက တစ်ချိန်ကနိုင်ငံခြား က ICS အောင်လာတော့တိုင်းမင်းကြီး အနေနဲ့မြစ်ကြီးနားမှာလုပ်ခဲ့တယ်။ ဗိုလ်ချုပ်ကသိတယ်။ အဖေ့ကို ပြန်ခေါ်တယ်၊ အတွင်းဝန်ဆိုပြီး ဗိုလ်ချုပ်က အားကိုးတယ်၊ ပင်လုံညီလာခံကိုအခြေခံပြီး ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်ကိုသွားပြီး ဗြိတိသျှဝန်ကြီးချုပ်ကို ရအောင်ပြောခဲ့တယ်။ အောင်ဆန်း - အက်တလီ စာချုပ်ချုပ်ဆိုပြီးလုပ်ကြံခံရတော့ ဝန်ကြီးချုပ်ဦးနုကဆက်ပြီးအကောင်အထည်ဖော်တယ်။ အဲဒါကြောင့် နု-အက်တလီစာချုပ် ဖြစ်လာတယ်။ နောက်ဆုံးလွတ်လပ်ရေးရခဲ့တယ်။ အချုပ်ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရုံးရည်နှလုံးရည်ပြောင်မြောက်မှု၊ သတ္တိရှိမှုတို့ကို နောင်လာနောက်သား လူငယ်တွေအတုခိုးပြီး အဲဒီလိုကြိုးစားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။

ဦးရာဇတ်၏သား ဦးလှကြည်အာဇာနည်တွေရဲ့ အကြောင်းကို မျိုးဆက်သစ်လူငယ်တွေအတွက်က ကျောင်းတွေကဆရာ ဆရာမတွေပြောရင်ပိုပြည့်စုံပါတယ်။ ဆ...
20/07/2023

ဦးရာဇတ်၏သား ဦးလှကြည်

အာဇာနည်တွေရဲ့ အကြောင်းကို မျိုးဆက်သစ်လူငယ်တွေအတွက်က ကျောင်းတွေကဆရာ ဆရာမတွေပြောရင်ပိုပြည့်စုံပါတယ်။ ဆရာမတွေကိုယ်တိုင်က ခံစားရမယ်။ နားလည်ရမယ်။ သူတို့ကတစ်ဆင့် ကျောင်းသားကျောင်းသူတွေကို ပြန်ပြောပေးတာပိုကောင်းပါတယ်။ အာဇာနည်ကြီးတွေရဲ့ သားသမီးဖြစ်တဲ့အတွက် ငယ်ငယ်က ကျောင်းသားဘဝက သိပ်မသိဘူး။ အတန်းကြီးလာတော့ ဆရာဆရာမတွေ၊ ဝန်ထမ်းအချင်းချင်းကစပြီး လေးလေးစားစား ဆက်ဆံတဲ့အတွက် ပီတိဖြစ်မိပါတယ်။ သမ္မတကြီးမန်းဝင်းမောင် လက်ထက်ကျမှ နိုင်ငံတော်ဈာပနဆိုပြီး မိသားစုဖိတ်တယ်။ သူတို့ ကိုယ်တိုင်ဂါရဝပြုပါတယ်။ အလေးပြုတယ်၊ ဝမ်းသာတယ်၊ ကျေးဇူးတင်တာပေါ့။

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏သား စဝ်ကိုင်ဖဒီလို အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းကျင်းပပေးတာ အများကြီးကျေးဇူးတင်ပါတယ်။ ...
20/07/2023

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏သား စဝ်ကိုင်ဖ

ဒီလို အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းကျင်းပပေးတာ အများကြီးကျေးဇူးတင်ပါတယ်။ မဖြစ်မနေတက်ဖြစ်အောင် တက်ခဲ့ပါတယ်။ ဒီနေ့အခြေအနေက ကျန်းမာရေး မကောင်းတဲ့အတွက် ဝှီးချဲနဲ့ လာခဲ့ရတာပါ။

Address


Website

Alerts

Be the first to know and let us send you an email when ရွှေဒုံမြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share