NaungHkio Sesone

  • Home
  • NaungHkio Sesone

NaungHkio Sesone hi မင်္ဂလာပါ

01/07/2021

လူအချို့သည် ဘဝကို တစ်ယောက်တည်းဖြင့် ငြိမ်းချမ်းသာယာစွာဖြင့် ဖြတ်သန်းလိုကြသော်လည်း အချို့သည်ကား ချစ်ရတဲ့ .....

29/06/2021

တရားလိုဘက်မှတင်ပြသည့်သက်သေခံစာရွက်စာတမ်းများကို တရားရုံးက လက်ခံ------ ------ ------ ----- -----ယနေ့ (29-06-2021) ရုံးချိန်းတွင် ဒေါ်.....

29/06/2021

မတည်မငြိမ်ဆက်ဖြစ်နေပါကသက်တမ်းနှစ်ကြိမ်တိုးရလိမ့်မည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြော အရေးပေါ်အခြေအနေကာလကိုကျော....

29/06/2021

စစ်တပ်ဆက်နွှယ်ကုန်များ မရောင်းချရန် TNLA ပိတ်ပင်
-----------------------------------------------
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၎င်းတို့ထိန်းချုပ်သည့် ဒေသအတွင်း စစ်ကောင်စီနှင့် ပတ်သက်သည့် ကုန်ပစ္စည်းများကို ဇွန်လကုန်မှစတင်ပြီး မရောင်းချရန် ညွှန်ကြားလိုက်ပြီး မလိုက်နာပါက အရေးယူသွားမည်ဟု ဆိုသည်။

ဇွန် ၁၅ ရက် ရက်စွဲဖြင့် TNLA အဖွဲ့၏ အကောက်ခွန်ဌာနက တအာင်း (ခေါ် ) ပလောင်ဘာသာဖြင့် အမိန့်စာထုတ်ပြန်၍ သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာအများအလိုက် အစည်းအဝေးခေါ်ယူပြီး ဈေးသည်များထံ တိုက်ရိုက်ညွှန်ကြားခဲ့ကြောင်း၊ ညွှန်ကြားစာကို ယနေ့ (ဇွန် ၂၈) တွင် ရရှိခဲ့ကြောင်း ကွတ်ခိုင်မြို့ဒေသခံများထံမှ သိရသည်။

အသုံးမပြုရန် တားမြစ်ထားသည့် အရာများတွင် ဘီယာ၊ ဆေးလိပ်၊ ကော်ဖီမစ်၊ တီးမစ်၊ လဖက်ခြောက်၊ အချိုရည်၊ ဘိလပ်မြေ၊ ဆပ်ပြာ၊ နို့ဆီ၊ အခြားကုန်ပစ္စည်းများနှင့် အမြန်ယာဉ်လိုင်းတချို့လည်း ပါဝင်သည်။

ဘီယာတံဆိပ်များတွင် Myanmar, Dagon တို့ ပါဝင်ပြီး ဆေးလိပ်တွင် Red Ruby, Premium Gold တို့ ပါဝင်သည်။ အမြန်ယာဉ်လိုင်းများတွင် ဗန္ဓုလ၊ ရွှေမန်းသူ၊ သန်မြန်သူနှင့် ပါရမီလိုင်းတို့ ပါဝင်နေသည်။

၎င်းအမိန့်ကို လိုက်နာခြင်းမရှိလျှင် ထပ်မံသတိပေးမည်ဖြစ်ပြီး ထပ်မံမလိုက်နာပါက အရေးယူသွားမည်ဟု ပါရှိသည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး TNLA ၏ ပြောခွင့်ရအရာရှိ ဗိုလ်မှူးတာအိုက်ကျော်ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းခြင်း မရှိသေးသောကြောင့် မည်သို့အရေးယူမည်ကို အသေးစိတ် မသိရှိရပေ။

တအာင်းတိုင်းရင်းသားအများစုနေထိုင်သည့် နမ့်ခမ်းမြို့နယ်မှ အသက် ၄၀ ခန့်ရှိသည့် ဒေသခံ အမျိုးသားတစ်ဦးက TNLA ၏ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ပြည်သူကို သတ်ဖြတ်နေသည့် စစ်ကောင်စီပြုတ်ကျရန် အရေးကြီးကြောင်း ပြောသည်။

“ကိုဗစ်နဲ့ ပေါင်းပြီး ပြည်သူကိုသတ်သလို ဖြစ်နေတယ်လေ၊ မအလ(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ပြုတ်ကျဖို့က အဓိကဆိုတော့ လုပ်စရာရှိတာ အကုန်လုပ်ရမှာပဲ” ဟု ၎င်းက ဆိုသည်။

၎င်းထုတ်ပြန်ချက်ကို ယနေ့ (ဇွန် ၂၈) မှ ရရှိသည့် ကွတ်ခိုင်မြို့နယ်မှ အမျိုးသမီးဈေးသည်တစ်ဦးကလည်း တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများ ဝင်‌ငွေလျော့သွားအောင် လုပ်နိုင်မည်ဖြစ်သည့်အတွက် TNLA ထုတ်ပြန်ချက်ကို လိုက်နာသွားမည်ဟု ပြောသည်။

“စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို မရောင်းရတော့ဘူးဆိုတော့ တစ်ဆိုင်နဲ့တစ်ဆိုင် အခက်အခဲက မတူဘူးပေါ့။ ကျွန်မတို့က လက်ရှိရှိနေတဲ့ ထုတ်ကုန်တွေကိုပဲ ဒီလ အကုန်ရောင်းပြီးမှ အသစ်တွေတော့ ဆိုင်မှာ မတင်တော့ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီ၏ ဝင်ငွေရလမ်းတစ်ခုဖြစ်သော စစ်တပ်ပိုင် ကုန်ပစ္စည်းများမသုံးစွဲရေး လှုံ့ဆော်သည့် လှုပ်ရှားမှုသည် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့ပြီး ထိုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တိုက်တွန်းထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ စသည့် တအာင်းတိုင်းရင်းသားများရှိသည့် မြို့နယ်များတွင် TNLA အဓိက လှုပ်ရှားလေ့ရှိသည်။

၂၀၁၈ ခုနှစ်မှစတင်ပြီး TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့က စစ်တပ်နှင့် ပဏာမအပစ်ရပ်လက်မှတ်ရေးထိုးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့အပြင် မြောက်ပိုင်း ၄ ဖွဲ့၏ တစ်လတစ်ကြိမ် ထုတ်ပြန်နေသည့် တစ်ဖက်သတ်အပစ်ရပ်ခြင်းကိုလည်း မတ်လကုန်မှ စတင်ပြီး သက်တမ်းတိုးခြင်းမရှိတော့ဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်တပ်နှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာပြီး စစ်တပ်၏ အာဏာသိမ်းခြင်းကို ရှုတ်ချကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က တရားဝင်ထုတ်ပြန်ထားသည်။

မေလဆန်းမှ စတင်ကာ ကွတ်ခိုင်မြို့နှင့် အနီးတစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) ပူးပေါင်းလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ခန့် လှုပ်ရှားနယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီနှင့် အဆက်အသွယ် တတ်နိုင်သမျှလျှော့ချရန် TNLA က ဇွန်လဆန်းတွင် တိုက်တွန်းထားသည်။

29/06/2021

KNOWLEDGEတစ်ရွာလုံးနီးပါး ရှိသမျှမိန်းကလေးတိုင်းလိုလို ဆံပင်အရှည်ထားပြီး မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ ရ....

29/06/2021

အနုပညာရှင် ၂၄ ဦးအား ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ်ထားခြင်းမှ ရုပ်သိမ်းပေးလိုက်ကြောင်း ကြေညာ

Address


Website

Alerts

Be the first to know and let us send you an email when NaungHkio Sesone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share