Channel Myanmar Apk ဖုန်းဆော့ဝဲလ်

  • Home
  • Channel Myanmar Apk ဖုန်းဆော့ဝဲလ်

Channel Myanmar Apk ဖုန်းဆော့ဝဲလ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Channel Myanmar Apk ဖုန်းဆော့ဝဲလ်, News & Media Website, .

Feb 1, Silent Strike
25/01/2022

Feb 1, Silent Strike

ဂိမ်းဆော့ရင်း လှူကြမယ်။
01/11/2021

ဂိမ်းဆော့ရင်း လှူကြမယ်။

PDF Hero ဂိမ်း ရဲ့ ဝင်ငွေ ၂ ရက်အတွင်း ၁၀ ဆ တိုး

Day 1, 30-Oct 14.95 S$ (မြန်မာငွေ ၃ သောင်း ခန့်)
Day 2, 31-Oct 294 S$ (မြန်မာငွေ ၄ သိန်းကျော်)
Day 3, ???

PDF Hero ဂိမ်းရဲ့
Day 1 မှာ ဒေါင်းလုပ် ၅၀၀ ကျော်နဲ့ ၃ သောင်းကျော် ဝင်ငွေရပါတယ်။
Day 2 မှာ ဒေါင်းလုပ် ၅၀၀၀ ကျော် နဲ့ ၄ သိန်းကျော် ဝင်ငွေရပါတယ်။

၂ ရက်အတွင်း ဒေါင်းလုပ် နဲ့ ဝင်ငွေ ၁၀ ဆ ကျော်တိုးခဲ့ပါတယ်။

ဒါဆိုရင် အဆ ၁၀၀ ကျော် ဖြစ်ဖို့ လစဉ် သိန်း ၉၀၀ ကျော် လှူနိုင်ဖို့ သိပ်မဝေးတော့ပါ။

အားလုံးရဲ့ ကူညီပေးမှုကြောင့်
Learn To Donate Page ကို Like ထားတဲ့သူ တစ်ရက်အတွင်း ၂ ထောင်ကျော်ကနေ ၂ သောင်းကျော် ရှိခဲ့ပါပြီ။

၂ သိန်းကျော် ဖြစ် ဖို့ သူငယ်ချင်း အယောက် ၁၀၀ လောက်ကို Invite လုပ်ပေးပါ။

ဂိမ်း Streamer တွေ နဲ့ သိရင်လည်း ဒီဂိမ်းကို ဆော့ပြီးကြောငြာပေးဖို့ အကူအညီ တောင်းပေးနိုင် ပါတယ်။

PDF Hero Game Link
PlayStore Link
https://bit.ly/3GxI6OB
Mediafire
https://www.mediafire.com/file/yhy173prk3uhsr5/pdf+hero.apk/file

English စာလေ့လာရင်း လှူလိုသူတွေအတွက်
Learn English Conversation App
https://bit.ly/3Evc1VO

English Story တွေကို မြန်မာဘာသာပြန်နဲ့ ဖတ်လိုသူတွေ အတွက်
Read English Story App
https://bit.ly/2ZQvJMW

လောလောဆယ် ကြောငြာခ မရသေးခင် ကျွန်တော်တို့ အဖွဲ့ အိပ်စိုက်လှူထားတာတွေကို Comment မှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာခရတဲ့ အခါ လှူတဲ့အလှူငွေတွေကို အလှူငွေ လက်ခံ Certificate တွေ နဲ့အတူ အလှူငွေလက်ခံရရှိတဲ့ အဖွဲ့တွေရဲ့ Page Link ( စုံစမ်းနိုင်အောင်) တွေနဲ့အတူ ချပြပေးပါမယ်။

ဂိမ်းဆော့ရင်း ၊ သင်ယူလေ့လာရင်း လှူလိုက်ကြရအောင်။
https://www.facebook.com/LearnToDonate

မအလ Killer Game ဂိမ်းဆော့ရင်း လှူမယ်။
31/10/2021

မအလ Killer Game ဂိမ်းဆော့ရင်း လှူမယ်။

မနေ့ကနေ့ခင်း PDF Hero Game ကို Launch လုပ်တာ ဒီနေ့မနက်အထိ Download ၅၀၀ ကျော်မှာ 20.4 SGD ရပါတယ်။ မြန်မာငွေ ၃ သောင်းပါ။
ဒါဟာ လူအယောက် ၅၀၀ ရဲ့ ဂိမ်းဆော့ရင်း လှူဒါန်းငွေဖြစ်ပါတယ်။

အဆ ၁၀၀ ဖြစ်ခဲ့ Download ၅၀,၀၀၀ ကနေ မြန်မာငွေ သိန်း ၃၀ ကျော်ရမှာပါ။
၁ ရက် သိန်း ၃၀ ဆိုရင် တစ်လကို သိန်း ၉၀၀ ကျော် လှူဒါန်းနိုင်မှာပါ။

အခုအချိန်အထိ Learn To Donate Page ကို Like ထားတဲ့သူ ၂၀၀၀ ကျော်ပဲ ရှိပါသေးတယ်။ ၂ သိန်းကျော်ဖြစ်ခဲ့ရင် အဆ ၁၀၀ ဖြစ် ပါပြီ။

ဒီ Page ကို Like ထားတဲ့သူတွေရဲ့ လုပ်အားကို အလှူခံချင်ပါတယ်။ တစ်ယောက်ကို ကိုယ့်မှာရှိတဲ့သူငယ်ချင်းတွေထဲက အယောက် ၁၀၀ လောက်ကို Invite လုပ်ပေးရင် မကြာခင် အဆ ၁၀၀ ရပါတော့မယ်။

ဂိမ်း Streamer တွေ နဲ့ သိရင်လည်း ဒီဂိမ်းကို ဆော့ပြီးကြောငြာပေးဖို့ အကူအညီ တောင်းပေးနိုင် ပါတယ်။

PlayStore Link
https://bit.ly/3GxI6OB

Mediafire
https://www.mediafire.com/file/yhy173prk3uhsr5/pdf+hero.apk/file

Click2Donate နဲ့ တခြားအဖွဲ့တွေ ကိုလည်း ကျွန်တော်တို့ Page ကို ကူညီကြောငြာပေးဖို့ အကူအညီ တောင်းထားပါတယ်။

၁၀ သိန်းပြည့်ရင် လူအများစု လှူချင်တဲ့ နေရာကို Vote ပြီး စတင်လှူပေးပါမယ်။

လောလောဆယ် ကြောငြာခ မရသေးခင် ကျွန်တော်တို့ အဖွဲ့ အိပ်စိုက်လှူထားတာတွေကို Comment မှာ ကြည့်နိုင်ပါတယ်။

ဂိမ်းဆော့ရင်း ၊ သင်ယူလေ့လာရင်း လှူလိုက်ကြရအောင်။

https://www.facebook.com/LearnToDonate


12/03/2021

ဆယ်တန်းအောင်ပီးတဲ့ လူငယ်တချို့ DSA တက်ခဲ့ကြတယ်
အခုလို ကိုယ့်မြို့ဒုက္ခရောက်နေချိန် သူတို့ မကာကွယ်ပေးနိုင်ဘူး
စစ်အာဏာရှင်အလိုကျ ပြည်သူကိုနှိပ်စက်ပေးနေရတယ်
သတ်နေကြရတယ်။

DSTA တက်ခဲ့ကြတယ် ကိုယ့်မြို့အတွက် ရေအိုးစင်လေး
ဇရပ်လေးတောင် ဆောက်မပေးနိုင် စစ်သူပုန် အလိုကျ သူပုန်စခန်းတွေဆောက်နေကြတယ်။
ပြည်သူကိုပစ်မဲ့ တင့်ကားကြီးတွေ မောင်းနေကြတယ်။

DSMA တက်ခဲ့ကြတယ် အိမ်မှာကျန်ခဲ့တဲ့ အမေအိုကိုတောင်
ဆေးတစ်လုံးထိုးမပေးနိုင် စစ်သူပုန်အလိုကျ ပြည်သူ့ဆေးရုံတွေဝင်လုနေကြတယ်။

ဆန္ဒပြပြည်သူတွေ ဒဏ်ရာရတဲ့အချိန် ရွာက အပ်ပုန်းဆရာ ကတောင်
မင်းတို့ထက် ပိုအသုံးဝင်သေးတယ် ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့ကြတယ်
ချဲထီ နှစ်လုံးထီးဒိုင်တွေဆီက လိုင်းကြေးပဲ တောင်းနေကြတယ်
မြို့ထဲက ဆန္ဒပြပြည်သူတွေကို သေနတ်ကြီးတကားကားနဲ့
မင်းတို့ရမ်းကားရုံကလွဲလို့ မြို့ထဲခေတ်စားနေတဲ့ မူးယစ်ဆေးဝါးကို
မင်းတို့ မိအောင် မဖမ်းကြဘူး မင်းတို့ကိုပြောမယ် မင်းတို့ လုပ်ကြိုးစားလည်း
မင့်တို့မိဘ ဆွေမျိုးတွေ အခုပတ်ဝန်းကျင်မှာ အရှက်ရနေကြပြီ။

မင်းတို့ ဇနီးမယား သမီးသားတွေ အိမ်ပြင်မထွက်ရဲကြတော့ဘူး
စစ်အာဏာရှင် ကောင်းစားရင် မင်းတို့ ကောင်းစားဖို့ မသေချာပေမဲ့
စစ်အာဏာရှင် ကျဆုံးရင်တော့ မင်းတို့လည်း အမှုတွဲထဲ ပါတော့မယ်
အချိန်မလွန်ခင် စဉ်းစား အားလုံးအတွက် ရုန်းထွက်ကြပါ
သည်ပို့စ်ကို ဖတ်မိတဲ့လူငယ်လေးတွေ စစ်ထဲ ရဲထဲ မဝင်မိကြစေနဲ့
ကောင်မလေးတွေ သူတို့နဲ့ မပတ်ကြနဲ့ မိဘတွေ ကိုယ့်သားကို သူပုန်စာရင်းမသွင်းမိစေနဲ့ မင်းတို့သေနတ်နဲ့ပစ်နေတဲ့ ဆန္ဒပြလူအုပ်ထဲမှာ
မင်းတို့ကို ငယ်ငယ်က စာသင်ပေးခဲ့တဲ့ဆရာတွေပါတယ်။

မင်းတို့အိမ်ရှေ့လမ်းကို ခင်းပေးခဲ့တဲ့ အင်ဂျင်နီယာတွေပါတယ်

မင်းငယ်ငယ်က စာကျက်နေချိန် မီးမပြတ်အောင် လုပ်ပေးခဲ့တဲ့ EPC ဝန်ထမ်းတွေပါတယ်

မင်းလက်မောင်းက အမာရွတ်ကြီးက
ဆန္ဒပြပွဲရှေ့ဆုံးက သားဖွားဆရာမကြီး မင့်ကို ကာကွယ်ဆေးထိုးပေးခဲ့တာ

ဆန္ဒပြနေတဲ့ ဘုန်းတော်ကြီးတွေက မင်းတို့အဘ ကိုးကွယ်တဲ့ ဘကြီးဘုန်းကြီးကျောင်းက ကိုယ်တော်တွေ
အားလုံး အားလုံးက မင်းတို့ကိုကြောက်ပါတယ်

ငါတို့မှ အပ်တစ်ချောင်းတောင်မရှိပါဘူး အလုပ်ပြုတ်မှာကြောက်ပါတယ်
ခေတ်ပျက်ကြီးထဲမှာ ငါတို့မှာ ငွေပိုလည်းမရှိပါဘူး ငါတို့ တကယ်ကို ကြောက်ပါတယ်ကွာ ငါဆက်မပြောနိုင်တော့ဘူး ဝမ်းနည်းလို့ တော်လှန်ရေးကြီး ပီးသွားရင် ငါတို့မင်းတို့ကို ကိုယ့်မြို့သားတွေကွလို့
ဂုဏ်ယူချင်ပါတယ်။

မင်းတို့လည်း လိပ်ပြာသန့်စွာနဲ့
ဇာတိမြေကို ချေချနိုင်ရဲကြပါစေ။
credit

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်ကျရှုံးပါစေ

#စစ်သားCDM

09/03/2021

-လှုပ်တာများရင် ဦးနှောက်ထိတတ်တယ်ဆိုလို့ ပုခက်နဲ့တောင် မသိပ်ရက်ပဲ မွေ့ယာလေးပေါ် အသာသိပ်ခဲ့ကြရတဲ့ ကလေးတွေ..
-ငယ်ငယ်က လန့်မှာစိုးလို့ ရင်ဘတ်ပေါ် အနှီးထူထူလေးတင် သိပ်ပေးခဲ့ရတဲ့ကလေးတွေ..
မိဘတိုင်းက ပိုးမွေးသလို ရင်ခွင်ပိုက် မွေးခဲ့ကြတဲ့ ကလေးတွေ.. ကိုမှ
ခေါင်းကို သေနတ်ဒင်နဲ့ ရက်ရက်စက်စက် ထုသတဲ့လား..?😭
ရင်ဘတ်တည့်တည့်ကိုမှ စစ်ဖိနပ်စီးထားတဲ့ ခြေထောက်နဲ့ ယုတ်ယုတ်မာမာ ဆောင့်ကန်သတဲ့လား..?😭
ဆံပင်ကို ဆောင့်ဆွဲ ကတ္တရာလမ်းပေါ် ပက်ပက်စက်စက် ဒရွတ်ဆွဲ ခေါ်ကြသတဲ့လား..?😭
ခေါင်းတည့်တည့် ကိုမှ ချိန်ပစ်ကြသတဲ့လား..?😭
-ဘာအပြစ်မှ မရှိပါပဲ ဘာအညှိုးမှ မရှိပါပဲ ငါတို့လို မိဘတွေရဲ့ နှလုံးသားတွေကိုမှ ရက်ရက်စက်စက် ယုတ်မာကြမ်းကြုတ်နေကြတာ မိဘစိတ်မရှိတဲ့သူတွေပဲ လုပ်နိုင်ပြီး မိဘစိတ်မရှိကြသူတွေသာလျှင် ထောက်ခံနိုင်မယ်/ နှုတ်ဆိတ်နေနိုင်မယ် လို့ပဲ ယူဆပါတယ်..
-စစ်အာဏာရှင်များ / အာဏာရူး လက်ပါးစေများ/ ကျွန်ရူးများ မြန်မာ့မြေပေါ် မှ သာမက ကမ္ဘာပေါ်မှပါ အမြန်ဆုံး ပျောက်ကွယ်သွားပါစေ 🙏

03/03/2021

ငံပြာရည်ဆိုတာ မြန်မာပြည်မှာ စျေးအပေါဆုံးပါ
တစ်ယောက်ကရေးထားပါ။
ငံပြာရည်ဟာသတ္တုတွေ ကိုတော်တော်ဒုက္ခပေးနိုင်ပါတယ်။
ဥပမာ-သေနတ်တွေ အီလက်ထရောနစ်ဆက်သွယ်ရေးကိရိယာတွေ ပျက်တတ်ပါတယ်၊
နောက်ပြီး သူတို့ရဲ့ဝတ်ထားတဲ့
အဝတ်အစားမှာ နည်းနည်းလေး ပေရင်တောင် တစ်နေကုန် နံပါတယ်၊
လျှော်ဖွတ်ဖို့ခက်ပါတယ်။
မနက်ထဲကသာ ငံပြာရည် ထိမိမယ်ဆိုရင် ???နေ့တိုင်း ဆိုရင်ရော
သင်္ကြန်မှာ ငယ်ငယ်တုန်းက ရေထုတ်လေးတွေ ပြစ်ခဲ့ကြသလိုပေါ့...
ချိန်သားကိုက်ဖို့တော့လိုပါတယ်။
ကြက်ဥဘဲဥအစိမ်းတွေ
ATMကော်လိုမျိုးတွေ
အနံ့ဆိုးဝါတဲ့အရာမျိုးတွေနဲ့ ပစ်ပေါက်ကြမယ်ဆိုရင်
ဒီကောင်တွေ တစ်နေကုန် ဒီအနံ့တွေနဲ့ ဘယ်လိုနေမလဲ
အော် ငံပြာရည် ငံပြာရည်
အရေးတော်ပုံအောင်ရမည်
Crd
#ငံပြာရည်အရေးတော်ပုံ

ဘာသာသနာပျောက်မှာစိုးတဲ့ ကိုမျိုးချစ်တို့ မဖြစ်မနေဖတ်ပါ။(အစိမ်း ၊ အနီ ၂ ဖက် အမြင် )ကျွန်တော် ဘာသာ သာသနာကို တန်ဖိုးထားပြီး...
01/03/2021

ဘာသာသနာပျောက်မှာစိုးတဲ့ ကိုမျိုးချစ်တို့ မဖြစ်မနေဖတ်ပါ။
(အစိမ်း ၊ အနီ ၂ ဖက် အမြင် )
ကျွန်တော် ဘာသာ သာသနာကို တန်ဖိုးထားပြီး မျိုးချစ်စိတ် ပြင်းပြတဲ့ သူတစ်ယောက်ပါ။ ကျွန်တော်တို့ နိုင်ငံကို ဘာသာခြား အစွန်းရောက်တွေ လွှမ်းမိုးချုပ်ကို သွားမှာကို စိုးရိမ်ခဲ့တယ်။
အသေခံ ဗုံးခွဲတဲ့ သာသာခြား အစွန်းယောက်တွေကို မြင်တိုင်း ကိုယ့်နိုင်ငံအတွက် စိုးရိမ်ခဲ့တယ်။

ဒီမိုသမားတွေကြောင့် ဘာသာခြား အနောက်နိုင်ငံတွေ အောက်ကျရောက်သွားမှာကို စိုးရိမ်ခဲ့တယ်။
ဒါက ကျွန်တော်တို့ရဲ့ အမြင်။
ကျွန်တော်တို့က ဒီမိုသမားတွေကို တစ်ဖက်ပိတ် ဒီမိုသမားတွေလို့ မြင်သလို ၊ ဒီမိုသမားတွေကလည်း ကျွန်တော်တို့ကို ဘာသာရေး အစွမ်းရောက်တွေလို့ မြင်နေတယ်။

ဒါဆိုရင် ဘာလွဲ နေတာလည်း ဆိုတာ ကျွန်တော်နဲ့ ဒီမိုသူငယ်ချင်း ဆွေးနွေးခဲ့တဲ့အပေါ်မူတည်ပြီး သုံးသပ်ကြည့်ရအောင်
ကျွန်တော် : “စစ်တပ်အာဏာရမှသာ တိုင်းတစ်ပါး ဘာသာခြားတွေ အောက်မရောက်အောင် ကာကွယ်နိုင်မှာပေါ့ကွ။ ဒေါ်စုကြည်ဒီမိုအစိုးရ အာဏာရသွားရင် ဘာသာခြားတိုင်းတစ်ပါး အောက်ကို ရောက်သွားမှပေါ့ကွ”

ဒီမိုသူငယ်ချင်း :
“မင်းစိုးရိမ်နေတဲ့ ဘာသာခြားနိုင်ငံတွေကနေ တကယ်လာသိမ်းရင် မင်းအဘ စစ်တပ်က တကယ်ကာကွယ်နိုင်တာ ကျိန်းသေလို့လား။ အနောက်နိုင်ငံတွေ အသာထား အိမ်နီးနားချင်းက ဘင်္ဂလားတို့ ၊ ပါကစ္စတန်တို့ နဲ့ တိုက်ရင်တောင် မနိုင်နိုင်တဲ့ဟာ။ ကုန်ကုန်ပြောရရင်ကွာ ပြည်တွင်းမှာဖြစ်တဲ့ ဖုန်ကြားရှင်ကိုတောင် နိုင်အောင် မတိုက်နိုင်တဲ့ စစ်တပ် ကို မင်းက အားကိုးနေသေး။
ဒီခေတ်က တိုင်းပြည်တွေကို သိမ်းပိုက်တဲ့ ကိုလိုနီခေတ် မဟုတ်တော့ဘူး။ ဩဇာခံတဲ့ ခေတ်ပဲ ရှိတော့တယ်။
မင်းစိုးရိမ်နေတဲ့ အမေစု အာဏာရသွားရင် ဘာသာခြားတွေ လွှမ်းမိုးသွားမသွားတော့ မသိဘူး။ အဘတို့ခေတ်မှာတော့ တရုတ်ဩဇာခံ လက်အောက်ကို ရောက်ခဲ့တယ်။ မြစ်ဆုံ ၊ ကြေးနီတောင် ၊ မွန်ပြည်နယ်က ကျောက်တောင်တွေ ၊ သယံဇာတ တွေ အားလုံး ပါသွားပြီ။ ဒါက ခေတ်သစ် ကျွန်ပြုနည်းပဲကွ။

အမေစု လက်ထက်မှာ တရုတ်ကြီးဩဇာညောင်းလို့မရလို့ ၊ သူတို့ဩဇာညောင်းတဲ့ မအလ တို့အုပ်စုကို မြှောက်ပေးပြီး အာဏာသိမ်းခိုင်းလိုက်တာပဲ။ ဒါကြောင့်လည်း နာမည်ပြက်ခံပြီး လုံခြုံရေးကောင်စီမှာ ကာကွယ်ပေးနေတာပေါ့ကွ။ မဲခိုးတယ်ဆိုတာ အကြောင်းပြလို့ကောင်းအောင် ပြလိုက်တာ။”
“ဒေါ်စုကြည် အာဏာရသွားရင်လည်း အမေရိကန် လက်အောက်ကို ရောက်မှာပဲ မဟုတ်ဘူးလား” လို့ ကျွန်တော်က ချေပ လိုက်ပါတယ်။

ဒီမိုသူငယ်ချင်းက
“လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က ကိုရီးယားမှာ အာဏရှင်ထောက်ခံတဲ့သူတွေ နဲ့ ဒီမိုထောက်ခံသူတွေ ပြည်တွင်းစစ်ဖြစ်တယ်။ တရုတ်က အာဏာရှင်ထောက်ခံတဲ့ မြောက်ဖက်ကနေ တိုက်ပေးတယ်။ အမေရိကားက ဒီမိုထောက်ခံတဲ့ တောင်ဘက် ကနေတိုက်ပေးတယ်။ တရုတ်ထောက်ခံတဲ့ မြောက်ကိုရီးယားက စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်ပြီးတော့ ၊ အမေရိကန်ထောက်ခံတဲ့ တောင်ကိုရီးယားက ဒီမို နိုင်ငံဖြစ်တယ်။
အခုမင်းရွေးရမှာက မြောက်ကိုရီးယားလို ဖြစ်ချင်လား ၊ တောင်ကိုရီးယားလို ဖြစ်ချင်လား ၊ ဒါပဲ”

“တိုင်းပြည်ဆင်းရဲတာ ၊ ချမ်းသာတာထက် ဘာသာခြားတွေ မအုပ်စိုး နိုင်ဖို့က ပိုအရေးကြီးတယ်မို့လား” လို့ကျွန်တော်က စောဒက တက်လိုက်ပါတယ်။

ဒီမိုသူငယ်ချင်းက
“မင်းသိပ်အားကိုးပါတယ်ဆိုတဲ့ စစ်တပ်က တိုင်းပြည်ဆဲရဲမွဲတွေ ပြီး စစ်လက်နက်တွေ ဝယ်စရာမရှိရင် ဘာနဲ့ကာကွယ်မှာလဲ။ ဥပဒေကို ပြင်ချင်တိုင်းပြင်လို့ရနေတဲ့ စစ်အစိုးရဆီမှာ ဘယ်နိုင်ငံကမှ စီးပွားရေးမလုပ်ချင်ဘူး။ ပြည်တွင်းမှာရှိတဲ့ ပညာတတ်တွေကလဲ အာဏာရှင်အောက်မှာ အလုပ်မလုပ်ချင်ဘူး။

တိုင်းပြည်စီးပွားရေးက လည်း စုတ်ပြတ်သတ် ၊ ပညာတတ်တွေကလည်းမရှိရင် မင်းပြောနေတဲ့ ဘာသာ သာသနာ ကို ဘယ်လို ကာကွယ်နိုင်မှာလဲ
မင်းစိုးရိမ်နေတဲ့ ဘာသာသာသနာကို တကယ်စောင့်ရှောက်ချင်တယ်ဆိုရင် တိုင်းပြည်မှာ ပညာတတ်တွေလိုတယ်၊ စီးပွားရေးတောင့်တင်းဖို့လိုတယ်။
မင်းသိပ်ပြီး မယုံမကြည်ဖြစ်နေတဲ့ မမေစု က မင်းစိုးရိမ်သလို တိုင်းတစ်ပါးအောက် ရောက်အောင်လုပ်နေတယ်ဆိုရင် ပြည်သူတွေက ပြန်ဖြုတ်ချလို့ရတယ်။ အခုပြည်သူတွေ တိုက်နေတယ်ဆိုတာ အနီတွေ ၊ အစိမ်းတွေ ဆိုတာထက် ကိုယ်လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့ အာဏာရှင် စနစ်ကို တိုက်နေတာ။
အဓိကက အာဏာဆိုတာ ပြောင်းဝ မှာ ရှိမနေဘဲ ပြည်သူလက်ထဲမှာ ရှိနေမှ ပြည်သူတွေအကျိုးကို လုပ်ပေးတဲ့ အစိုးရဖြစ်မှာပေါ့။

ဘာလဲမင်းက ငါတို့ကို ဘာမှစဉ်းစားတွေးခေါ်မှု မရှိဘဲ ဆန္ဒပြနေကြတယ်လို့ထင်လို့လား။ အခု ဆန္ဒပြတဲ့သူတွေ ၊ CDM လုပ်တဲ့သူတွေထဲမှာ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ ၊ ရှေ့နေတွေ စတဲ့ ပညာတတ်လူတန်းစား အများစုပါတယ်။
သူတို့တွေက မင်းတို့ရဲ့ မြစ်ဆုံရောင်းစားတဲ့ အဘတွေ ၊ ၅၀၀၀ စားတွေလောက် မစဉ်းစားနိုင်ဘူးလို့ ထင်နေကြတာလား?” တဲ့

သူနဲ့ပြောဖြစ်တာတွေ တော့ အများကြီးပါပဲ။
ရလိုက်တာကတော့ ကျွန်တော်တို့က သူတို့ကို ဒီမို တစ်ဖက်ပိတ်လို့ ထင်နေသလို ၊
ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ့်ရှုထောင့်တစ်ခုထဲကို ကြည်တဲ့ တစ်ဖက်ပိတ်တွေ ပါပဲလား ဆိုတာ သိလိုက်ရတယ်။ သူတို့ဘက်မှာလည်း ကျွန်တော်တို့မသိတဲ့ အမှန်တရားတွေရှိနေပါလားဆိုတာ သိလိုက်ရပါတယ်။
Credit မောင်အောင် မောင်အောင်
ရှုထောင့် ၂ ခုကနေ ရှုမြင်နိုင်အောင် မိမိ Wall ပေါ်မှာ ပြန်တင်ပါ။
#ဘာသာသာသနာ
#မအလ

MARDAANI 1****************အခုကတော့ rating 7.4 ထိရထားတဲ့ အိန္ဒိယကားကောင်းလေးတစ်ကားပါ။ 2014 ခုနှစ်က ထွက်ရှိထားပြီး ဆုပေါင်...
18/10/2020

MARDAANI 1
****************
အခုကတော့ rating 7.4 ထိရထားတဲ့ အိန္ဒိယကားကောင်းလေးတစ်ကားပါ။ 2014 ခုနှစ်က ထွက်ရှိထားပြီး ဆုပေါင်းငါးခုထိ ပိုင်ဆိုင်သွားတဲ့ကားလေးပါ။
ရာဇ၀တ်မှုနှိမ်နင်းရေးဌာနက အကြီးတန်းစစ်ဆေးမှူးရှီဗာနီ အမှုစစ်တဲ့နေရာမှာ ဘယ်သူ့မျက်နှာမှမထောက်လာဘ်မစားပဲ ရဲရင့်မှန်ကန်စွာလုပ်လေ့ရှိတာမို့ ဂုဏ်သတင်းကြီးမားလှပါတယ်။ သူ့မှာမိဘမဲ့ကလေးတစ်ယောက်ကို မွေးစားထားတာရှိပါတယ်။ ဒါပေမဲ့ အဲ့ကလေးမက လူကုန်ကူးတဲ့ထဲပါသွားပြီး ပျောက်သွားတာကြောင့် လိုက်လံစုံစမ်းရင်း သာမာန်ဂိုဏ်းတစ်ခုမဟုတ်ဘဲ ကောင်း ကောင်းဖွဲ့စည်းထားပြီး အာဏာရှိတဲ့လူတွေလည်း ပါ၀င်ပက်သက်နေတဲ့အခါ သူ့ကလေးကိုပြန်ကယ်နိုင်ပါ့မလား …
သူ့ရဲ့မိသားစုရော ဒီအရှုပ်အထွေးတွေကြားထဲမှာ ထိခိုက်မှုတွေမရှိအောင် သူဘယ်လိုစီစဉ်မလဲ၊ အရမ်းကိုသေသပ်ပြီး စနစ်ကျလွန်းတဲ့ ဂိုဏ်ခေါင်း ဆောင်ကိုရောသူဖမ်းမိနိုင်ပါ့မလား၊ စတာတွေကိုအိုဗာအက်ရှင်တွေမပါဘဲ ဦးနှောက်ကစားပွဲကြီးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
https://apkpure.com/p/com.mm.channel.myanmar

*** After Earth ***👇👇👇ဝီလ် စမစ်တို့သားအဖ နှစ်ယောက်ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကားလေးကို ပြန်တင်ဆက် ပေးလိုက်ပါတယ...
17/10/2020

*** After Earth ***👇👇👇

ဝီလ် စမစ်တို့သားအဖ နှစ်ယောက်ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကားလေးကို ပြန်တင်ဆက် ပေးလိုက်ပါတယ်။ ဇာတ်လမ်းကို နောက်လာမဲ့ အနာဂတ် နှစ်ပေါင်း တစ်ထောင်မှာ ဇာတ်အိမ် တည်ထားပါတယ်။လူသားတွေဟာဆိုရင် ဂေဟစနစ် ပျက်စီး မှု့တွေကြောင့် အမိကမ္ဘာမြေ ကနေ ထွက်ခွာခဲ့ရပြီး Nova Prime လို့ခေါ်တဲ့ ဂြိုလ် တစ်ခုမှာ အခြေချနေထိုင်နေကျတဲ့ အချိန်မှာ ဘယ်လိုတွေ အကောင်းဆုံးတုန့်ပြန်ခဲ့လဲဆိုတာကိုတော့...
https://apkpure.com/p/com.mm.channel.myanmar

*** The Untamed: Fatal Journey 2020 ***uni  < Channel Myanmar App >> အောက်မှာ link ပေးထားပါတယ်👇တရုတ် သိုင်းကားကောင်းတစ်ခ...
15/10/2020

*** The Untamed: Fatal Journey 2020 ***
uni < Channel Myanmar App >> အောက်မှာ link ပေးထားပါတယ်👇
တရုတ် သိုင်းကားကောင်းတစ်ခုထပ်မံ တင်ဆက်ပေးလိုက်ပါတယ်ဓါးဝိဉာဏ် တွေကို စောင့်ရှောက်ရတဲ့မိသားစု ရဲ့ နောက်ဆုံး မျိုးဆက် ညီအကို၂ ယောက် ရဲ့ သိုင်း ဒရာမာ ဇတ်လမ်းလေးပါ 👇👇👇

https://apkpure.com/p/com.mm.channel.myanmar
zawgyi

https://play.google.com/store/apps/details?id=com.mm.channel.myanmar


***Ip Man 4: The Finale ( 2020 )***( Unicode )IP Man ရဲ့ 4 ကားမြောက်ဇာတ်ကားဖြစ်သလို နောက်ဆုံးကားလည်းဖြစ်ပါတယ်။ တကယ်ကိုကေ...
13/10/2020

***Ip Man 4: The Finale ( 2020 )***
( Unicode )
IP Man ရဲ့ 4 ကားမြောက်ဇာတ်ကားဖြစ်သလို နောက်ဆုံးကားလည်းဖြစ်ပါတယ်။ တကယ်ကိုကောင်းလွန်းတဲ့ကားပါပဲ. သိုင်းချစ်သူတွေကိုတော့အထွေအထူး အများကြီးညွှန်းနေစရာတောင်မလိုဘူးထင်ပါတယ်။ ဒီဇာတ်ကားကို Channel Myanmar App မှာ တင်ထားပါတယ် 👇👇

https://apkpure.com/p/com.mm.channel.myanmar
( Zawgyi )

https://play.google.com/store/apps/details?id=com.mm.channel.myanmar


Channel Myanmar မြန်မာစာတန်းထိုးဇာတ်ကားများဖုန်းဆော့ဝဲလ် ဒေါင်းရန်https://apkpure.com/p/com.mm.channel.myanmar
08/10/2020

Channel Myanmar မြန်မာစာတန်းထိုးဇာတ်ကားများ
ဖုန်းဆော့ဝဲလ် ဒေါင်းရန်
https://apkpure.com/p/com.mm.channel.myanmar

Address


Website

Alerts

Be the first to know and let us send you an email when Channel Myanmar Apk ဖုန်းဆော့ဝဲလ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share