PDF သတင်းထူးများ

  • Home
  • PDF သတင်းထူးများ

PDF သတင်းထူးများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PDF သတင်းထူးများ, News & Media Website, .

14/07/2022

M4 နှစ်လက်အတွက် ခရီးဆက်မယ်...

13/07/2022

ကလေးမြို့တောင်ပိုင်းတွင် ပြင်းထန်နေသော တိုက်ပွဲများ‌ကြောင့် ရဲဘော်များတွင် ကျည်များပြတ်လပ်နေပြီးဟု" PDF Kalay တပ်ရင်း (၅) က ပြည်သူထံအသိပေးလာပါတယ်။

ဇူလိုင် ၁၃ ရက်

စစ်ကောင်စီတပ်အား မြန်မြန်ချေမှုန်းနိုင်ရန် ကျည်အများပြားလိုအပ်နေကြောင်း၊ ဒါကြောင့်မို့ အားကိုးရတဲ့ ပြည်သူတွေဆီက အလှူခံရခြင်းဖြစ်ကြောင်း တပ်ရင်း(၅)၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပြီး ပြည်သူများတတ်နိုင်သည့်ဘက်က ပါဝင်ကူညီပေးရန် တပ်ရင်း(၅)က တောင်းဆိုထားပါတယ်။

Video - တပ်ရင်း(၅)/ စည်သာတိုက်ပွဲနှင့် နတ်မြောင်းတောင်ခြေတိုက်ပွဲ

13/07/2022

စကစတေ ခွေးပြေးဝက်ပြေးဆိုပဲ😁😁

13/07/2022

မောင်းပြန်သေနတ် ၀ယ်ဖို့ ပျိုးနုတ်ပြီး ငွေစုနေရ (ရုပ်/သံ)

၀က်လက်၊ ဇူလိုင် ၁၃၊ ၂၀၂၂။

လက်လုပ်တူမီး‌သေနတ်နဲ့ တိုက်ပွဲတွေ တိုက်နေရပြီး ဇူလိုင်လဆန်းပိုင်းမှာ ဒို့ညီနောင် ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။ တပ်ဖွဲ့အတွင်း ရံပုံငွေအခက်အခဲတွေ‌‌‌ကြောင့် တိုက်ပွဲမရှိတဲ့အချိန် ရဲဘော်တွေဟာ လယ်သမားတွေဆီက အငှားလိုက်ပြီး ပျိုးနုတ်စပါးစိုက်တဲ့ အလုပ်တွေ လုပ်နေကြရတာပါ။

ပျိုးနုတ်ခ တရက်ကို ၁၀၀၀ ကျပ်၀န်းကျင်နဲ့ တပ်ဖွဲ့ရံပုံငွေရှာနေရပေမယ့် တပ်ဖွဲ့အတွက် လိုအပ်နေတဲ့ မောင်းပြန်သေနတ်တလက် ၀ယ်ယူဖို့ ‌ငွေမလုံလောက်သေးဘူးလို့ အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

ဒို့ညီနောင် ကာကွယ်ရေးတပ်ဖွဲ့ကို ညီအကိုနှစ်ယောက်က ဦးစီးနေပြီး စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ်အတွင်းမှာ အခြေစိုက်ထားတာ ဖြစ်ပါတယ်။

#မြေလတ်အသံ

13/07/2022

မနေ့က လက် PDF တွေရဲ့လက်ဇ😍😍😍

တပ်ရင်းမူးပါဝင်များကြီးငရဲပို့‼

Video⬇😍။

12/07/2022

စစ်ကောင်စီတပ်က တပ်ရင်းမှူးတွေဘာကြောင့်အရေးယူခံရတာလဲ (ရုပ်/သံ)
+++++++
By -Salween Press

စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၂ မှ တပ်ရင်းမှူးတဦးကို စစ်တပ်အကြီးအကဲ တွေကဖမ်းဆီးအရေးယူထားတယ်လို့ဇူလိုင်လ ၁၁ ရက်နေ့က CDM ပြုလုပ်လာတဲ့ ၁၀၂ တပ်မှ တပ်သား အောင်ငြိမ်းချမ်းက ပြောပါတယ်။

12/07/2022

#အလှုူရေစက်လက်နဲ့မကွာမအလက😅😅

သုံးထပ်ကွေ့တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် အရာရှိအချို့နှင့်အတူ စစ်သားအများအပြား သေဆုံး (ရုပ်သံ)

ကရင်၊ ဇူလိုင်လ ၁၂

ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ ဉကရစ်ထစစ်စခန်းကို စစ်ကူလာသည့်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို KNLA တပ်ရင်း ၂၇ နှင့် PDF ကော်ဘရာစစ်ကြောင်းတို့က ယနေ့တွင် ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်က ထိပ်တန်းစစ်အရာရှိများနှင့် စစ်သားအများ အပြား သေဆုံးခဲ့ကြောင်း KNLA နှင့် နီးစပ်သည့်အသိုင်းအဝန်းများထံမှ သိရသည်။

ဒီကနေ့ မနက် ရှစ်နာရီဝန်းကျင်တွင် မြဝတီ - ဝေါလေလမ်းမရှိ သုံးထပ်​ကွေ့နဲ့ သရက်တစ်ပင်ရွာကြားတွင် KNLA တပ်ရင်း ၂၇ နဲ့ PDF ကော်ဘရာ စစ် ကြောင်း ပူး​ပေါင်းအဖွဲတပ်ဖွဲ့တွေနဲ့အကြမ်းဖက် စစ်ကောင်စီ တပ်မ ၄၄ စစ်ဗျူဟာ ၄၄၁ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ ၈၊ ခမရ ၁၀၂၊ ခမရ ၂၀၇ တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က ဒုတပ်ရင်းမှူးအဆင့်အပါအဝင် အရာရှိအချို့နဲ့ စစ်သားများ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီ တပ်တွေ တပ်ပျက်ပြီး ကစဉ့်ကလျားဆုတ်ခွါထွက်ပြေးသွားရတယ်လို့ ဖော်ပြထားပါသည်။


အကြမ်းဖက်စစ်ကောင်စီထံမှ RPG အသီး ၂၆ လုံး၊ RPG ပို့ယမ်း ၂၁ တောင့်
၊ ရှေ့ထွက်မိုင်း ၁လုံး၊ နင်းမိုင်း ၂၁ လုံး၊ လက်ပစ်ဗုံး - ၁၇ လုံး၊ စကုတ် ၂ ခု
မိုင်းရှာစက် ၁ ခု၊ ၄၀ မမ ၃၁ လုံး၊ အမျိုးအမည်မသိ 79 ၃ လုံး၊ မိတ်ကပ် ၂ဘူး၊ ဖြိုခွင်းရေး ယမ်းမဲ ၇ချောင်း၊ ၆၀ မမ ၂၉ လုံး၊ အီနာဂါ ၂၂လုံး
ကီးပတ်ဖုန်း - ၇လုံး၊ Touch screen ဖုန်း - ၄လုံး၊ ငွေ သိန်း၂၀ ၊ ၅.၅၆ ကျည် ၅၀၀၀၊ စက်လတ်ကျည် ၃၀၀၀၊ MA - 1 ၁လက်၊ ဂျန်ဘာစက် ၁ခု
ဓား၊ ပေါက်တူး၊ ပေါက်ပြား၊ ဂေါ်ပြားများ၊ စစ်အသုံးအဆောင် ပစ္စည်းများ ကို သိမ်းဆည်းရမိခဲ့သည်။

Video - Saw Kaw

12/07/2022

ကလေးမြို့မှ PDF တွေကိုစိန်ခေါ်ပြီး စစ်တပ်ကိုထောက်ခံကာ သတင်းပေးလုပ်နေသူ ပစ်ခတ်ခံရ၍ ပွဲချင်းပြီးသေ (ရုပ်/သံ)

ပစ်ခတ်မှု မဖြစ်ပွားခင်ရက်ပိုင်းအလိုက Live လွင့်ပြီး PDFများကိုစိန်ခေါ်ခဲ့သည့်မှတ်တမ်း ကိုပြန်လည်ဖော်ပြလိုက်ရပါတယ်။

12/07/2022

မြင်းမူမြို့နယ်၊ တောချောင်းဦး ရဲစခန်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး ရဲ ၄ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် တောချောင်းဦး ရဲစခန်းကို ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ၈ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တောချောင်း ရဲစခန်းကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ ZERO POWER တော်လှန်ရေး အင်အားစု (စစ်ကိုင်းတိုင်း)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁) Zarmani Revolution Force GTR MMU အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ ၄ ဦးသေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းခရိုင် မိုင်းထုတ်လုပ်ရေးနှင့် ZERO POWER တော်လှန်ရေး အင်အားစု တို့မှထုတ်လုပ်သောဗုံးများဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Video credit - ZERO ပြောက်ကျားတပ်ဖွဲ့

12/07/2022

ပြည်သူ့အတွက် ရှေ့တန်းပြန် PDF ရဲဘော်တွေ ပေးတဲ့ သတင်းစကား

#ကျားဖြူတပ်ခွဲ၁
#ရှေ့တန်းပြန်PDFရဲဘော်



လူအင်အားများပေမယ့် လက်နက်အင်အားမမျှသေးလို့ရှေ့တန်းထွက်ရတဲ့အခါ လက်နက်ကိုရှေ့တန်း နောက်တန်းချင့်ချိန်နေရတာကြောင့် တော်လှန်ရေးဟာ ရှေ့ရောက်သင့်သလောက် မရောက်သေးဘူးလို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကျားဖြူတပ်ခွဲ (၁)တပ်ခွဲမှူး ဝင်းဇော်လေး(ခ)ဗိုလ်ကျော်ဟိန်း ကပြောပါတယ်။

လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေသေးပေမယ့်ပြည်သူတွေရဲ့ထောက်ပံမှုကြောင့်ကြိုးစားစုဆောင်းထားတဲ့ လက်နက်တွေကိုတန်ဖိုးထားပြီး ရှေ့တန်းတပ်စုတော့ အမြဲစေလွှတ်နေတယ်လို့ သူကဆက်ပြောပါတယ်။

ဇူလိုင်လ ၉ရက်နေ့မှာတော့ ကျားဖြူတပ်ခွဲ (၁)ကရဲဘော်တွေလေးလနီးပါး ရှေ့တန်းတောတောင်တွေထဲ တာဝန်ထမ်းဆောင်ပြီး မိခင်တပ်ဆီပြန်ရောက်လာခဲ့ကြပါတယ်။

ပြန်ရောက်ချိန်မှာ ရဲဘော်တွေဟာ အချင်းချင်းပွေ့ဖက်ဂုဏ်ပြု အော်ဟစ်ရယ်မောကြခဲ့သလို သက်ဆိုင်ရာ မိဘအိမ်တွေကိုပြန်နိုင်တဲ့နေ့ အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်တိုက်ထုတ်နိုင်တဲ့နေ့ထိ တိုက်ပွဲဝင်သွားမယ်လို့ ကျားဖြူတပ်ခွဲ (၁) က ထုတ်ပြန်ထားပါတယ်။

Credit-Delta News Agency

12/07/2022

ယနေ့ ဦးပိန်အခြေနေ

တောနယ်ကလူတွေပြေးလွှားနေရချိန်မှာ မြို့ပေါ်ကလူတေက တော်လှန်ရေးပီးဆုံးသွားတဲ့အတိုင်းပျော်ရွှင်နေကြတယ်ဗျာ...😢

12/07/2022

“အာဏာသိမ်းမှုကြောင့် ကျနော်လက်ထက်ဖိုရည်ရွယ်ထားသူ ကျနော်မိသားစု ကြိုးစားထားသမျှအရာရာကိုစွန့်လွှတ်ခဲ့ရတယ်” ရဲဘော်စောနှောင်နှောင် နှင့် Heartfeltwords မှ အင်တာဗျူးမေးမြန်းတင်ဆက်ထားပါတယ်။

12/07/2022

ဆုတောင်းပေးကြပါအုံးဗျာ အမေ့သား PDF လေးတွေရှေ့တန်းထွက်ပြီ😍(ရုပ်သံ)

12/07/2022

ထီးလင်းမြို့နယ်တွင် YDF နှင့်စစ်ကောင်စီတပ်တိုက်ပွဲဖြစ်

●ပြည်သူများအသွားအလာဆင်ခြင်​ပေးရန် YDF ​ရွှေစွန်ညို​မေတ္တာရပ်ခံ

စော​နွေဦး/People's Spring

မကွေးတိုင်းထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်(YDF) ရွှေစွန်ညိုတပ်ရင်းက ပစ်ခတ်မှု ဖြစ်ပွားနေသည့် ရုပ်သံမှတ်တမ်းနှင့်အတူ သတင်းထုတ်ပြန်သည်။

ထီးလင်းမြို့နယ် ဝါးဘင်းရွာ‌တွင်တပ်စွဲထားသောစစ်ကောင်စီတပ်သည် ဇူလိုင် ၁၁ရက် နံနက် ၁၀နာရီခန့်တွင် ဝက်သက်မြောက်ရွာသို့ ရောက်ရှိပြီးယင်းရွာမှ ထွက်အလာတွင်မွန်းလွဲ ၂နာရီခွဲခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

၁၅မိနစ်ခန့် ကြာမြင့်သည့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ကို YDFတပ်ရင်း ၆ ၊တပ်ရင်း ၁၅ (Shwe Som Nyo)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အကျအဆုံးအထိအခိုက်ကို မသိရသေးကြောင်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ထိခိုက်မှုမရှိစေရေး တိုက်ပွဲဖြစ်ပွားနေစဉ် အသွားအလာ ဆင်ခြင်ပေးကြရန်လည်း YDF က မေတ္တာရပ်ခံထားသည်။ တိုက်ပွဲဖြစ်​နေ​သော ရုပ်သံဖိုင်တွင်
YDF တပ်ဖွဲ့ဝင်တစ်ဦးက စစ်​ကောင်စီတပ်ကို စက်လက်ဖြင့်ပစ်ခတ်တိုက်ခိုက်​နေစဥ် ဆိုင်ကယ်နှစ်စီးဖြင့် ပြည်သူနှစ်ဦးက​ရှေ့မှ ဖြတ်သန်းသွားသဖြင့် ​သေနတ်ပစ်ခတ်သူကကျည်မထိ​စေရန် ရပ်​ပေးခဲ့သည်ကိုလည်း​တွေ့ရသည်။

#လူထုနွေဦး

'sSpring

https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

12/07/2022

မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ဟာနာဆန်/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KING COBRA PEOPLE'S DEFENCE FORCEအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင်၁၀ရက်က မြိုင်မြို့နယ်၊ ဖိုကုန်းရွာနှင့် တည်ပင်ကျေးရွာကြားသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား KING COBRA PEOPLE'S DEFENCE FORCE နှင့် ညီနောင်မဟာမိတ်များက လက်နက်ကြီးများဖြင့် ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည််။

ထို့အပြင် စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုအား မသိရှိရသေးကြောင်း၊ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသော်လည်း အင်တာနက်ရရှိမှု အခက်အခဲကြောင့် အချိန်နှင့်တစ်ပြေးညီ သတင်းမထုတ်ပြန်နိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ KING COBRA PEOPLE'S DEFENCE FORCEအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဇူလိုင်၈ရက်ကလည်း ပခုက္ကူ၊မြိုင်၊ ရေစကြို နယ်နမိတ်အစပ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား KING COBRA People's Defense Force အဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုအဖွဲ့များ ပူပေါင်း၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် တစ်နာရီခန့် အပြန်အလှန် ထိတွေ့တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်ဘက်က ငါးဦးခန့်သေဆုံး၍ အများအပြားထိခိုက်သွားသည်ဟု မဟာမိတ်များက အသိပေးခဲ့သည်။

ရုပ်သံ - KING COBRA PEOPLE'S DEFENCE FORCE

#လူထုနွေဦး

'sSpring

https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

12/07/2022

၀င်ကြည့်ရင်း ကုသိုလ်တွေရသွားစေမဲ့ PDF စခန်းတစ်ခုရဲ့ဝါဆိုသင်္ကန်းကပ်အလှူ(ရုပ်သံ)

Address


Website

Alerts

Be the first to know and let us send you an email when PDF သတင်းထူးများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share