ကလေးမြို့နယ်၊ ရေရှင်ကျေးရွာတိုက်ပွဲအပြီး နယ်မြေရှင်းလင်းသည့် ရုပ်သံမှတ်တမ်းကို RKDF ထုတ်ပြန်၊ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးထက်အောင်ခိုင် အပါအဝင် စစ်သားအလောင်းများ လာမကောက် (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်တွင် ဧပြီလ ၂၂ ရက်နေ့ ဖြစ်ပွားသော ရေရှင်ကျေးရွာအနီး တိုက်ပွဲတွင် အရာရှိ ၃ ဦးအပါအဝင် စစ်သားနှင့် ပျူစောထီး ၂၀ ခန့် သေဆုံးခဲ့ပြီး စစ်တပ်ဘက်က အလောင်း လာကောက်ယူခြင်းမရှိကြောင်းသိရှိရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် ရိန်းဂျားကလေးကာကွယ်ရေးတပ် RKDF က နယ်မြေရှင်းစဉ် စစ်သားအလောင်းများတွေ့ရှိရသည့် ဗီဒီယိုကို ယနေ့ ထုတ်ပြန်သည်။
ဒေသကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် အလောင်းများနှင့် လက်နက်ခဲယမ်းများရရှိကြောင်းRKDF ထံမှ သိရှိရသည်။
ကလေးမြို့နယ်တွင် ပူးပေါင်းတပ်ဖွဲ့များနှင့်
တောတွင်းတနေရာက ဧရာဝတီ PDF တွေရဲ့ " ဒို့ရဲဘော်" သံချပ်
ဧရာဝတီတိုင်းမ်
ဧပြီလ ၁၆ ရက်
ဧရာဝတီအင်အားစု(PDF) နှင့် ဧရာဝတီတော်လှန်ရေးအင်အားစု (ARF) တို့ ပူးပေါင်းစီစဥ်ထားတဲ့ ဒို့ရဲဘော်" သံချပ် ဖြစ်ပါတယ်။
ဧရာဝတီတော်လှန်ရေးအတွက် များများလှူအစီအစဉ်လေးမှာ ပါဝင်ပေးကြဖို့ ဧရာဝတီအင်အားစု (PDF) နှင့် ဧရာဝတီတော်လှန်ရေးအင်အားစု (ARF) တို့ မှ ပူးပေါင်းမေတ္တာရပ်ခံထားပါတယ်။
ပခုက္ကူမြို့ရှောင်လမ်းပေါ်ရှိ စစ်တပ် လုံခြုံရေး ဂိတ်စခန်းကို PPDF တပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက် စစ်သား ၂ဦး သေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၁၄
မကွေးတိုင်း ပခုက္ကူမြို့ မြို့ရှောင်လမ်းပေါ်ရှိ အကြမ်းဖက် စစ်တပ် လုံခြုံရေး ဂိတ်စခန်းကို ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့PPDFက ယနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း PPDF တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် လုံခြုံရေးစခန်းကို ပြည်တော်ဝင် စစ်ဆေးရေး စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရဲကား ၂ စီးဖြင့် ပခုက္ကူ မြိုင်လမ်း (ချောက်ကန်အနီး) တွင် ရဲ့နှင့် စစ်သားများက စောင့်ဆိုင်း ပစ်ခတ်ခဲ့ခြင်းကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံ ဖြစ်ပွားကာ စခန်းမှူး တစ်ဦး ထိခိ
သင်္ကြန်အကြိုနေ့ ရွှေဘို ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲ၊ စစ်သား ၃ဦး ပြင်းထန် ဒဏ်ရာရ (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၁၃
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ် သား ၃ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို C&T SHWEBO၊ SNAKE EYES - PDF၊ PEOPLE DEFENCE FORCE - SHWEBO၊ Alpha 7၊ ဗိုလ်ကျားရိုင်းအဖွဲ့ (ပ.က.ဖ )၊ ဒေါင်းမာန်အဖွဲ့နှင့် တပ်ပေါင်းစု(၂)တို့မှ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Video credit - C&T Shwebo
တော်လှန်သင်္ကြန် အိမ်မှာနေပြီး Dance Challenge အစီအစဉ်မှာပါဝင်ကြဖို့ ဖိတ်ခေါ်
ဧပြီ ၁၃ ၊ ၂၀၂၂
တော်လှန်သင်္ကြန်ကာလအချိန်မှာ အိမ်ထဲမှာ နေကြပြီးတော့ Dance Challenge အစီအစဉ်မှာ ပါဝင်ကြဖို့အတွက် ဖိတ်ခေါ်တဲ့ ကမ်ပိန်းတစ်ခုကို စတင်ပြုလုပ်နေပါပြီ။
ကမ်ပိန်းပြုလုပ်တဲ့သူတွေက “တော်လှန်သင်္ကြန်ကာလ အိမ်မှာ အေးဆေးနေပြီး အကြမ်းဖက် စစ်ကောင်စီကို တော်လှန်ဖို့ ဒီ Dance Challenge မှာ ပါ၀င်လိုက်ကြရအောင်။ Dance Challenge မှာ ပါ၀င်ချင်မယ်ဆိုရင်တော့ မိမိ ကထားတဲ့ Video File ကို ဧပြီလ ၃၀ရက်နေ့ နောက်ဆုံးထားပြီး WOIOW ရဲ့ Official page Messenger ကနေ ပေးပို့လို့ရပါတယ်။” ဆိုပြီး ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။
ပေးပို့လာတဲ့ Dance Challenge တွေကို WOIOW ရဲ့ Social Media Platforms တွေမှာ အမှတ်တရ ပြန်တင်ပေးသွားမှာလို့လည်းဖော်ပြထားပါတယ်။
WOIOW ရဲ့ Official page ကတော့ https://www.facebook.com/WOIOW.Official/ ဖြစ်ပါတယ်။
၀တ်စုံ Costume အနေနဲ့ အကြံပြုလိုတာကတော့ ဆန္ဒပြတုန်းကလိ
အားပေးကြမ်းချက်လက်ကုန်ပဲ
ရန်ကုန်က ဖောကား(၃)စီးတောင်မလာနဲ့လို့ပိတ်ထားရတယ်ဗျို့
တောထဲက islam လူငယ်လေးတွေရဲ့ ဥပုသ် စောင့်တည်ပုံ🥺💔
တော်လှန်ရေးရဲဘော်တွေရဲ့နေ့လည်စာ
ရန်ကုန်မြို့လယ်ခေါင် စစ်တပ်ပိုင် MPT ရုံးချုပ်တွင် ပေါက်ကွဲသံများဖြင့် မီးလောင်မှု ဖြစ်ပွား(ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၁၂
ရန်ကုန်မြို့လယ်ခေါင် စစ်တပ်ပိုင် MPT မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရုံးချုပ်တွင် ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၀၀ နာရီ ၄၀ မိနစ်အချိန် ပေါက်ကွဲသံများဖြင့် မီးလောင်မှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဒေသခံတချို့က ပေါက်ကွဲသံများထွက်ပေါ်ပြီးမှ မီးလောင်ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲသံများသည် ဗုံးပေါက်ကွဲမှု ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ရန်ကုန်မြို့လယ်ခေါင်ရှိ စစ်တပ်ပိုင် MPT ရုံးချုပ်မီးလောင်နေသော ဗီဒီယိုဖိုင်ကို ပြည်သူတချို့က လူမှုကွန်ရက်တွင် ပြန်လည် မျှဝေထားသည်ကို တွေ့မြင်ရသည်။
Video Credit- CJ
ပျံလွှားအောင်စစ်ဆင်ရေးအား ဗဟိုလ်ဘဏ်ဒုဥက္ကဌ နှင့် အဆုံးသတ်ပြီးနောက်"နန်းထိုက်အောင်စစ်ဆင်ရေး" အစ အင်းလျားလမ်း မအလနှင့် စိုးဝင်း အိမ်ရှေ့ပစ်ခတ်သော Missionဖြင့်စတင်။
စခလေးကောင်ထိ။
#Soewinnaing #khawkhaw ရဲ့ အင်တာဗျူးလေးတွေပြန်နာူဆင်လိုက်ရအောင်ဗျာ
“ကျနော်တိုတစ်ခြားသူတွေကရှောင်တော့ ဟိုဖက်ကမ်းကူတော့ နိူင်ငံခြားသွားတော့ လို ပြောကြတယ် ဒါပေမဲ့ ကျနော်သွားဖိုစိတ်ကူးမရှိဘူး ၊ ရှောင်ထွက်ဖိုလည်းမရှိဘူး”
တော်လှန်ရေး ရဲ့ အသက် က ထောက်ပန့်မူ့ပါ
စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်တွင် ပြည်သူများ ပါဝင်ဆင်နွှဲခြင်းမပြုရန် လူငယ်များ မေတ္တာရပ်ခံ
================
ရန်ကုန်မြို့၌ လူငယ်များသမဂ္ဂမှ ဦးဆောင်ပြီး ပြည်သူများ အနေဖြင့် စစ်ကောင်စီ ကျင်းပမည့် အတုအယောင် သင်္ကြန်တွင် ပါဝင်ဆင်နွှဲခြင်း မပြုဘဲ ရှောင်ရှားကြရန် YBS ယာဉ်လိုင်းများပေါ် နံနက်ပိုင်းက မေတ္တာရပ်ခံ လှုံ့ဆော်ခဲ့ကြောင်း လူငယ်များသမဂ္ဂ ဥက္ကဋ္ဌ ကိုဇော်ထက်က မဇ္ဈိမသို့ေ ပြာသည်။
“ဖက်ဆစ်စစ်တပ်ဟာ သူတို့ အုပ်ချုပ်ခွင့်ရနေပြီ ဆိုတာ ပြသချင်တဲ့ အတွက် လာမည့် သင်္ကြန်ကို တကယ်ကို ပျော်ပွဲရွှင်ပွဲ အဖြစ် ကျင်းပဖို့ ကြိုးစားနေပါတယ်။ အဲ့တာကို ပြည်သူလူထု အနေဖြင့် ပူးပေါင်းပါဝင်ခြင်း မရှိစေဖို့ အတွက် အထူးမေတ္တာရပ်ခံ လှုံ့ဆော်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ လှုံဆော်မှုကို လူငယ်များသမဂ္ဂမှ ဦးဆောင်ပြီး လိင်စိတ်ခံယူမ
ရန်ကုန်တိုင်း၊ မရမ်းကုန်းရှိ စစ်တပ်နှင့်ဆက်နွယ်သူများ တည်ထောင်ထားသည့် Honey Nest Bar တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲ
ရန်ကုန်၊ ဧပြီ ၅
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းတွင် စစ်ကောင်စီနှင့်ဆက်နွယ်သူများ တည်ထောင်ထားသည့် Honey Nest Bar တွင် ယနေ့ည ဗုံး ၂ ကြိမ်ပေါက်ကွဲကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။
ဧပြီလ ၅ ရက်၊ ည၇ နာရီ ၅၁ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊သမိုင်းဘူတာရုံလမ်းရှိ စစ်ကောင်စီနှင့်ဆက်နွယ်သူများ တည်ထောင်သော Honey Nest Bar ကို Dark Shadow(YGN) က ယနေ့ည ၂ ကြိမ်ဖောက်ခွဲခဲ့ကြောင်း၊ အဆိုပါ Bar သည် စစ်ကောင်စီကို အခွန်ငွေပေးနေသည့်အပြင် စစ်ကောင်စီနှင့် ဆက်နွယ်နေသောသူများ၊ စစ်တပ်ထောက်ခံသူ ရွှေရူပါဦးတို့ကဲ့သို့ သူများ လာရောက် သောက်စား ပျော်ပါးလေ့ရှိကြောင်း၊ Honey Nest Barကို Dark Shadow (YGN) က ယနေ့ည ပထမအကြိမ်ဖောက်ခွဲပြီးနော
မင်းတပ်-မတူပီလမ်းတွင် စစ်ယာဉ်တန်းကို CDF - မင်းတပ်က ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၂
မင်းတပ်မှ မတူဘီမြို့ဘက်သို့ ထွက်ခွဦနေသော အကြမ်းဖက်စစ်ကောင်စီ၏ ၈၄ စီးပါ စစ်ယာဉ်တန်းကို မတ်လ ၂၉ ရက်နေ့၌ CDF - မင်းတပ်က ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ အများအပြားဒဏ်ရာရကြောင်း CDF - မင်းတပ်ထံမှ သိရှိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် စစ်သား ၂၅၀ ဦး ဝန်းကျင် ရှိနေကြောင်းနှင့် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်း CDF - မင်းတပ် ပြောခွင့်ရက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားသည်။
စစ်ကား ၈၄ စီးပါ စစ်ကောင်စီယာဉ်တန်းသည် မတူပီဗျူဟာသို့ ရိက္ခာသွားပို့သော ယာဉ်တန်းဖြစ်ပြီး မင်းတပ်မှ ထွက်ခွာလာစဉ်ကတည်းက CDF မင်းတပ်က တိုက်ခိုက်နေခြင်းဖြစ်သည်။
အလားတူ အဆိုပါ
“PDF တိုထမင်းဝိုင်း” ထမင်းတစ်နှပ်စားရဖို ရဲဘော်တွေ ဘလိုချက်ပြုတ်စားသောက်နေရပါသလဲ၊ PDF တွေရဲ့ တစ်နေ့တာချက်ပြုတ်စားသောက်ပုံကို Heart Felt words မှစီစဉ်တင်ဆက်ထားပါတယ်။
လေးစားပါတယ် အကိုတို့ရေ..
အားလုံးဘေးကင်းကြပါစေ🙏🙏
ဘီးလင်းရွှေရောင်ပြရွာအနီး တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က စစ်ကားပေါ်မှ စက် သေနတ်ဖြင့် ကလေးငယ် ၂ ဦးကို ပစ်သတ်ပြီး အရပ်သားများကိုပါ စိတ်ကြိုက် ပစ်ခတ်သတ်ဖြတ်နေသည့် ဗီဒီယို၊ မြင်မြင်သမျှ ပစ်သတ်ရန်နှင့်ရွာမီးရှို့ရန် စစ်သားများ ကြွေးကြော်ဆဲဆို (ရုပ်/သံ)
ရန်ကုန်၊ မတ် ၃၀
မွန်ပြည်နယ်၊ သထုံနှင့်ဘီးလင်းအကြား၊ ရွှေရောင်ပြကျေးရွာအနီးတွင် ယမန် နေ့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားများဖြင့် ချီတက်ရာ လမ်းတလျှေက် အရပ်သားကားများကို စစ်ကားပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦးသေဆုံးပြီး အရပ်သားတချို့ ဒဏ်ရာရရှိခဲ့သည်။
ယခုဖော်ပြပါ ဗီဒီယိုဖိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားပေါ်မှ စက်သေနတ်ဖြင့် အရပ်သားကားများကို ဦးတည်ပစ်ခတ်နေသည်ကို မြင်တွေ့ရပြီး ယင်းဗီဒီ
အသက်ခြင်း စီးချင်းထိုးတဲ့ပွဲကို
လနကိုမှ မအလ ဂျ-င်းထည့် ခံရတယ်ဆိုတော့
တေကြပေါ့ များများ 🤣🤣🤣