Southern Rakhine State Real News

  • Home
  • Southern Rakhine State Real News

Southern Rakhine State Real News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Southern Rakhine State Real News, Media/News Company, Rakhine, .

ရခိုင်ပြည်နယ် သဘာဝဘေး အကူအညီပေးနိုင်ရေးအတွက် ၊ YESC မှ လျှပ်စစ်ဝန်ထမ်း ၁၀၄ ဦး ပါဝင်သော အဖွဲ့မှာ ၁၅.၅.၂၀၂၃ ရက်နေ့တွင် ရန်...
18/05/2023

ရခိုင်ပြည်နယ် သဘာဝဘေး အကူအညီပေးနိုင်ရေးအတွက် ၊ YESC မှ လျှပ်စစ်ဝန်ထမ်း ၁၀၄ ဦး ပါဝင်သော အဖွဲ့မှာ ၁၅.၅.၂၀၂၃ ရက်နေ့တွင် ရန်ကုန်မြို့မှ တပ်မတော် ရေယာဉ် မုတ္တမ ဖြင့် လိုက်ပါသွားခဲ့ပါသည်။
ကူညီရေးအဖွဲ့နှင့်အတူ ၁၀ မီတာ/ ၁၂ မီတာ ကွန်ကရစ်ဓာတ်တိုင် ၃၀၀ ၊ 500 kVA Generator ၂ လုံး၊ Chainsaw များ လျှပ်စစ်ဆိုင်ရာ လက်သုံးကိရိယာများ တပါတည်း ယူဆောင်သွားပါကြောင်း တင်ပြအပ်ပါသည်။

credit,yese
ESE Rakhine State

အရေးပေါ်လိုအပ်ပါက potho
14/05/2023

အရေးပေါ်လိုအပ်ပါက

potho

13/05/2023

ရခိုင်ပြည်နယ်နဲ့ကင်းကွာပြီး အဝေးရောက်နေတဲ့ မိသားစုတွေ မုန်တိုင်းသတင်းကြားလို့ စိတ်ပူကြပါတယ်။ ဖုန်းတွေဆက်ကြ အင်တာနက်သုံးပြီး လူမှုကွန်ရက်စာမျက်နှာတွေကြည့်ကြပေါ့။ အဲဒီလိုစိတ်ပူနေတဲ့အချိန်မှာ မုန်တိုင်းနဲ့ပါတ်သက်လို့ သတင်းအမှားတင်သူတွေ ထွက်ပေါ်လာပါတော့တယ်။ အဝေးကလူတွေမပြောနဲ့ ကျွန်တော်နဲ့ လေးမိုင်ပဲဝေးတဲ့ကမ်းခြေကသတင်းကို ကျွန်တော်ကိုယ်တိုင်သွားမကြည့်နိုင်တော့ ဆိုရှယ်လူမှုကွန်ရက်နဲ့ ဖုန်းကိုပဲ အားကိုးရပါတော့တယ်။

ကျွန်တော့်မိတ်ဆွေတွေကို ဖုန်းနဲ့မေးမြန်းချက်အရ မောင်တောကနေ ဂွအထိ ရခိုင်ကမ်းရိုးတန်းတလျှောက် ပုံမှန်တိုက်ရိုးတိုက်စဥ် လေအနေအထားပဲရှိပါသေးတယ်။ ညနေကလေပြင်းလေးတစ်ချက်တိုက်တာမှာ ကျေးရွာတစ်ခုက နေအိမ်အချို့ ခေါင်လန်သွားတာပဲ ရှိပါတယ်။ ဒါလည်း ကျွန်တော်တို့ဒေသခံတွေအတွက် အဆန်းအပြားကြီးတော့မဟုတ်ပါ။ တစ်နာရီ ၄၅ မိုင်လေကတော့ ကမ်းခြေနေရေလုပ်သားကြီးတွေအတွက်က ချွေးတောင်မတိတ်စေပါ။

ကျေးဇူးတင်ပါတယ်။ အကြောက်တရားပိုစေတဲ့ သတင်းအမှားဘေးကင်းဝေးပြီး ကြံခိုင်တဲ့စိတ်နှလုံးနဲ့ မုန်တိုင်းကြီးကိုကျော်လွှားနိုင်ပါစေ။

အဲဒီလောက်အရေးထဲမှာ သတင်းအမှားတွေကတမျိုး။ သံတွဲမှာအခု မိုးသီးအနည်းငယ်ကျတာပဲရှိပါတယ်။
13/05/2023

အဲဒီလောက်အရေးထဲမှာ သတင်းအမှားတွေကတမျိုး။ သံတွဲမှာအခု မိုးသီးအနည်းငယ်ကျတာပဲရှိပါတယ်။

12/05/2023

မုန်တိုင်းသတင်းကြားတော့ သံတွဲကလူတွေ အရမ်းကြီးစိုးရိမ်တာ မတွေ့ရပါဘူး။ သံတွဲမြို့ မြို့တည်ထားပုံအနေအထားကလည်း တောင်တွေအကြားမှာတည်ထားတော့ မုန်တိုင်းတကယ်ဝင်တိုက်တောင် သံတွဲက အဖျားခတ်တာပဲခံရတာက အစဉ်အလာလိုဖြစ်နေတော့ စိုးရိမ်မှုမရှိကြတာက မဆန်းဘူးပေါ့။

ဒါပေမယ့် အရမ်းကြီးမပေါ့ဖို့တော့ လိုပါတယ်။ ၂၀၀၄ ရေကြီးဖြစ်စဥ်ကို သတိရဖို့လိုပါတယ်။ ကျွန်တော့်အဖေတို့ငယ်စဥ်က သံတွဲမှာရေအမြင့်ဆုံးတက်ခဲ့တဲ့ ရေမင်းကြီးတက်ခဲ့တုန်းက ရေအမြင့်ဆုံးက ဒီလောက်ပဲရောက်ခဲ့တာဆိုပြီး ပေါ့ခဲ့မိြကလို့ မြို့ပျက်လုနီးပါး ပစ္စည်းဥစ္စာနဲ့ အိုးအိမ်အမြောက်အများဆုံးရှုံးခဲ့တာကို သတိရဖို့ လိုပါတယ်။

ကျွန်တော့်အဖွားပြောဖူးတာက ၁၉၃၀ ကျော်လောက် သံတွဲကိုမုန်တိုင်းဝင်တာ မြို့မှာတော်တော်များများပျက်စီးခဲ့ဖူးတယ်လို့ ပြောဖူးတာ မှတ်မိပါတယ်။ ခုနှစ်ကလွဲနိုင်ပါတယ်။

ဆိုလိုတာက အရမ်းကြီးမပေါ့ဖို့လိုသလို အရမ်းကြီးမစိုးရိမ်ဖို့လိုပါတယ်။ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတဲ့သင်္ခန်းစာကလည်း ပူပူနွေးနွေးရှိပါသေးတယ်။ မဖြစ်ရင်ကောင်းပါတယ်၊ ဖြစ်လာရင် ဘာလုပ်မလည်းဆိုတာ ကြိုပြင်ဆင်စေချင်လို့ သတိပေးခြင်းသာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်

သံတွဲမြို့နယ် အရေးပေါ်ရွှေ့ပြောင်းရမည့်နေရာများ
11/05/2023

သံတွဲမြို့နယ် အရေးပေါ်ရွှေ့ပြောင်းရမည့်နေရာများ

11/05/2023
11/05/2023
DMG က သတင်းမဟုတ်တာကို သတင်းအဖြစ်ဖော်ပြလာတာ တွေ့ရပါတယ်။ သတင်းရေးသူဟာ သေချာတာက ဆင်ခေါင်းကိုတစ်ခေါက်္မှ မရောက်ဖူးတာ အတိအကျပ...
28/03/2023

DMG က သတင်းမဟုတ်တာကို သတင်းအဖြစ်ဖော်ပြလာတာ တွေ့ရပါတယ်။ သတင်းရေးသူဟာ သေချာတာက ဆင်ခေါင်းကိုတစ်ခေါက်္မှ မရောက်ဖူးတာ အတိအကျပါ။ သဲသောင်ပြင်မှာဆောက်တဲ့အိမ်ဟာ ဆင်ခေါင်းမှာသာမဟုတ်ပဲ ဘယ်နေရာ၊ ဘယ်နိုင်ငံမှာပဲဆောက်ဆောက် ပြိုကျဖို့က ရာနှုန်းပြည့်ပါ။

https://www.facebook.com/466648543487562/posts/2553772238108505/?mibextid=Nif5oz
သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၁၀၀ အထိရှိလာ

DMG ၊ မတ် ၂၇

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၁၀၀ အထိ ရှိလာနေပြီဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ယခုနှစ်အတွင်း ပင််လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးများ တဖြည်းဖြည်း ပြိုကျလာသည့်အတွက် နေအိမ်များပျက်စီးသွားခြင်းဖြစ်ကြောင်း ဆင်ခေါင်းကျေးရွာမှ နေအိမ်ပျက်စီးသွားသူ ဦးအောင်စံထွန်းက ပြောသည်။

တစ်လမှာ ဒီရေနှစ်ခါ တက်တယ်။ ရေတစ်ခါတက်ပြီဆိုရင် ဘာမှမကျန်လိုက်ဘူး။ မြေတွေကို အကုန်တိုက်စားသွားတာ။ အိမ်တိုင်တွေပြိုပြီး အကုန်မျှောပါသွားတယ်။ တစ်ချို့ဆိုရင် ဆယ်ယူလို့ ရလိုက်တယ်။ ကျနော်အိမ်ဆိုရင် အလုပ်က ပြန်လာတာနဲ့ အိမ်က တစ်ခြမ်းမရှိတော့ဘူး ဟု ဦးအောင်စံထွန်းက ပြောသည်။

ပျက်စီးသွားသည့်အထဲတွင် သံဖြူမိုးပျဉ်ထောင်အိမ်များနှင့် ဓနိမိုးဝါးအိမ်များပါဝင်ကြောင်း သိရသည်။ လက်ရှိမှာ နေအိမ်ပျက်စီးသွားသူများထဲမှ ငွေကြေးတတ်နိုင်သူများမှာ အိမ်ငှားနေထိုင်နေကြသော်လည်း ငွေကြေးမတတ်နိုင်သူများမှာ ပျက်စီးသွားသည့် နေအိမ်အနီးတွင် ယာယီတဲအိမ်များဆောက်လုပ်ကာ နေထိုင်နေကြရသည်။

ဆင်ခေါင်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၂,၀၀၀ ခန့်ရှိပြီး ဒေသခံများမှာ ရေလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်ကျောင်းပြုကြသည်။ ပင်လယ်ရေတိုက်စားမှုကြောင့် နေအိမ်ပျက်စီးသွားသူ အများစုမှာ ပြန်လည် တည်ဆောက်ရန်အတွက် ငွေကြေးအခက်အခဲအပြင် မြေနေရာ အခက်အခဲများလည်း ရှိနေကြသည်။

အခု စားရေးသောက်ရေးက အရေးမကြီးဘဲ နေရေးထိုင်ရေးက သိပ်အရေးကြီးနေပါတယ်။ မပြိုနိုင်တဲ့ အိမ်အောက်မှာ စုပြီး နေနေရပါတယ်။ တစ်အိမ်မှာစုနေပြီး အဲဒီအိမ်ပြိုရင် နောက်တစ်အိမ်ပြောင်းပြီး စုနေကြရတယ်။ ကလေးတွေနဲ့ ကျမတို့ သိပ်အခက်အခဲဖြစ်နေရပါတယ် ဟု ဆင်ခေါင်းရွာမှ နေအိမ်ပျက်စီးသွားသူ ဒေါ်ခင်ခင်သန်းက ပြောသည်။

ဆင်ခေါင်းကျေးရွာတွင် ရခိုင်စု၊ ဆင်ခေါင်း၊ မှော်ဖျား ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားထားပြီး ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များမှာ ရခိုင်စုအပိုင်းမှ နေအိမ်များဖြစ်သည်။ ကျေးရွာတွင် နေထိုင်မည့်မြေနေရာ အခက်အခဲကြောင့် ရခိုင်စုအပိုင်းမှဒေသခံများမှာ သဲသောင်ပြင်တွင် တိုးချဲ့နေထိုင်နေလာကြသဖြင့် ယခုကဲ့သို့ ပင်လယ်ရေတိုက်စားမှုဒဏ်နှင့် ကြုံတွေ့လာရခြင်းဖြစ်ကြောင်း သိရသည်။

အရင်နှစ်တွေကဆိုရင် ဒီရေတက်ရင် သဲတွေတင်ပြီး စုပုံကျန်ခဲ့တယ်။ အဲဒါက ကြာလာတော့ သောင်ပြင်တွေလို ဖြစ်နေတာကြောင့် နေအိမ်တွေတိုးချဲ့ ပြီး နေထိုင်လာကြတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလကနေစပြီး ဒီရေတွေက သဲတွေကို ပြန်ပြီး စုတ်ယူသွားတယ်။ ဒီရေတစ်ခါ တက်ပြီဆိုရင် နေအိမ် ၃၀ လောက် ပျက်စီးတယ်။ အခုဆိုရင် နေအိမ် ၁၀၀ လောက် ပျက်စီးနေပြီ ဟု ဆင်ခေါင်းကျေးရွာမှ ကိုသန်းတင် ကပြောသည်။

ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုမှာ တစ်လထက်တစ်လ ဆိုးရွားလာနေပြီး ကျေးရွာအတွင်းရှိ နေအိမ်များပါ ပျက်စီးလာနိုင်သည့်အပြင် လာမည့် မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကျေးရွာသားများ ဘေးကင်းလုံခြုံရေးနှင့် နေထိုင်ရေးအဆင်ပြေစေရန်အတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

ရခိုင်ပြည်အတွင်းက ကျေးရွာများ ပင်လယ်ရေတိုက်စားခံရသဖြင့် ကမ်းပါးပြိုကျလာမှုများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီစဉ်ရှိ/မရှိကို သိရှိနိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကို DMG က ဆက်သွယ်ခဲ့ရာ အစည်းအဝေးတက်ရောက်နေကြောင်း ဖြေကြားခဲ့သဖြင့် တစ်စုံတစ်ရာ မသိရှိခဲ့ရပေ။

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်သည်နှင့်အညီ လှိုင်းလေကြီးပြီး လေပြင်းတိုက်ခတ်မှုများ ရှိသဖြင့် ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများမှာ ပင်လယ်ရေတိုက်စားမှုဒဏ်ကို နှစ်စဉ် ကြုံတွေ့နေကြရသည်။

11/01/2023

သတင်းရင်းမြစ်တွေနဲ့ အချက်အလက်တွေကို "ဘခြောက်လုံး" နဲ့ သေချာအောင်စီစစ်ပါ။ သင်ကိုယ်တိုင် သတင်းတစ်ပုဒ်ကို သေချာမဖတ်ပဲ ဖြန့်ချီသူမလုပ်ဖို့လိုသလို သင့်မိတ်ဆွေတွေကိုလည်း ပြောပြပါ။
( ကြည့်ရှုပြီးပါက မိမိရဲ့ ခံစားချက်လေးကို Comment ရေးသွားကြပါအုံးနော်။
ကျေးဇူးတင်ပါတယ်။)

https://www.facebook.com/groups/5542439505791126/?ref=share_group_link

18/10/2022

video # crd

14/10/2022

Daily News And Entertainment

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်၊ ၁၃၈၄ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့မှာ နိုင်ငံသူနိုင်ငံသား အားလုံး ကမ္ဘာသူ ကမ္ဘာသားအားလုံး...
08/10/2022

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်၊ ၁၃၈၄ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့မှာ နိုင်ငံသူနိုင်ငံသား အားလုံး ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ပြည့်စုံလို့ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများပြည့်ဝကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

ရခိုင်ပြည် ရခိုင်ပြည်သတင်းအမှား ယုံကြည်မှုကိုအလွဲသုံးစားမလုပ်ပါနဲ့ -ဒီပုံဟာ PDYO ကူညီရေးအသင်းကားကွမ်းတောင်အနီး မီးလောင်တ...
29/09/2022

ရခိုင်ပြည် ရခိုင်ပြည်
သတင်းအမှား ယုံကြည်မှုကို
အလွဲသုံးစားမလုပ်ပါနဲ့ -

ဒီပုံဟာ PDYO ကူညီရေးအသင်းကား
ကွမ်းတောင်အနီး မီးလောင်တာပါ -

အရှိအတိုင်းတင်ပြတာ
ကောင်းပါတယ်-

# Ingaraungkhami

08/09/2022

အခြေအနေတစ်ခုကို သေချာမစူးစမ်းပဲ ဆုံးဖြတ်ချက် မစောပါနဲ့

ခေတ်ပျက်တုန်း တောကြောင်အချို့ရဲ့ သတင်းမှားတွေPotho # Ko Gyi Kyaw
28/08/2022

ခေတ်ပျက်တုန်း တောကြောင်အချို့ရဲ့ သတင်းမှားတွေ

Potho # Ko Gyi Kyaw

26/08/2022

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိပါ။ ယခုလိုကာလများတွင် သတင်းအမှားများ၊ ကောလဟလများကို သတိပြုရှောင်ရှားစေလိုပါသည်။

26/08/2022

သတင်းဌာနတွေနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ် သတင်းရေးသူတွေသိဖို့

သတင်းဆိုတာ အရမ်းဦးဖို့ မြန်ဖို့ထက် တိကျဖို့လိုပါတယ်။ ဘာအတွက်ရေးတာလည်း၊ ဘယ်သူ့အတွက် ရေးတာလည်းကို စဉ်းစားပြီးမှ သတင်းတင်ကြပါ။

ခေတ်၊ ကာလက မကောင်းတဲ့အထဲ ပြည်သူတွေ အထိတ်တလန့် မဖြစ်စေလိုပါ။

Address

Rakhine

Website

Alerts

Be the first to know and let us send you an email when Southern Rakhine State Real News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share