Fiter Gyin ကီးဘုက်ဖိုက်တာ

  • Home
  • Fiter Gyin ကီးဘုက်ဖိုက်တာ

Fiter Gyin ကီးဘုက်ဖိုက်တာ သတင်းမီဒီယာ

စစ်ကိုင်းမြို့ရှိနေအိမ်တစ်အိမ်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး အိမ်ရှင်ကို ပစ်ခတ်ဖမ်းဆီး စစ်ကိုင်း၊...
05/08/2022

စစ်ကိုင်းမြို့ရှိနေအိမ်တစ်အိမ်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး အိမ်ရှင်ကို ပစ်ခတ်ဖမ်းဆီး

စစ်ကိုင်း၊ သြဂုတ် ၅
လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ရွာထောင်ရပ် ကွက်ရှိ နေအိမ်တစ်ခုကို ယမန်နေ့ ဩဂုတ်လ (၄)ရက်ညပိုင်းက အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်ရှင် ဦးမြင့်ဆန်းကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရွာထောင်ရပ်ကွက်၊ ရွာထောင်လမ်းခွဲအနီး ရှိ အိမ်ခြံဝန်းအတွင်းသို့ ည(၁၀နာရီခွဲ)တွင် စစ် ကောင်စီတပ်သားများက အိမ်စီးကားနှင့် စစ် ကားကြီးများပါဝင်သည့် အင်အားအပြည့် ဖြင့် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုကြောင့်အိမ်ရှင်ဖြစ်သူ ဦးဆန်းမြင့်နောက်ကျောကို သေနတ်(၂) ချက်ထိမှန်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဆန်းမြင့်ကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခဲ့သည်ကို မသိရှိရသေးကြောင်း သိရသည်။

"ပစ်ခတ်စီးနင်းမှုဖြစ်တာတော့ သိရတယ်။ ဘာကြောင့်ဘယ်လိုဖြစ်တယ်ဆိုတာတော့ မသိကြသေးဘူး။ သတင်းမဖြန့်ဖို့စစ်ကောင်စီဖက်က ခြိမ်းခြောက်တာတွေရှိတယ်လို့လည်း ကြားရတယ်" ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

လက်ရှိ ဦးမြင့်ဆန်း၏ အခြေအနေနှင့်အသေး စိတ်အချက်အလက်များကို လူငယ့်ခေတ် အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။



ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေး

05/08/2022

5.8.2022(9.15Am)

မုံရွာမြို့ ကျောက္ကာလမ်း သံလမ်း မီးပွိုင့်တွင် အကြမ်းဖက်ရခ (၃) ကောင်နှင့် ဘဲဥ (၂)လုံး ရောက်ရှိနေပြီး
အစစ်အဆေးမလုပ်သေးကြောင်းသိရပါတယ်

#မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ)

04/08/2022

Local NewsCDM စစ်သားသစ္စာ‌ဖောက်၍ Y-PDF ယာယီစခန်း ဝင်ရောက်စီးနင်းခံရကာ သိန်း၂၀၀ ခန့်ဆုံးရှုံး August 4, 2022 - by admin - Leave a Comment CDM စစ်သားသ.....

Address


Website

Alerts

Be the first to know and let us send you an email when Fiter Gyin ကီးဘုက်ဖိုက်တာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share