𝗶𝗚𝗮𝗺𝗶𝗲 : 𝗠𝗼𝗯𝗶𝗹𝗲 𝗟𝗲𝗴𝗲𝗻𝗱𝘀.

  • Home
  • 𝗶𝗚𝗮𝗺𝗶𝗲 : 𝗠𝗼𝗯𝗶𝗹𝗲 𝗟𝗲𝗴𝗲𝗻𝗱𝘀.

𝗶𝗚𝗮𝗺𝗶𝗲 : 𝗠𝗼𝗯𝗶𝗹𝗲 𝗟𝗲𝗴𝗲𝗻𝗱𝘀. Info Updated Mobile Legends Events. Follow and Share :3

Lucky Spin MLBB 2023 Event Update 💎Get Chance to Win Exclusive Skin MLBB or Thousands of MLBB Diamonds and Many More  !V...
13/09/2023

Lucky Spin MLBB 2023 Event Update 💎
Get Chance to Win Exclusive Skin MLBB or Thousands of MLBB Diamonds and Many More !
Visit website event ↆ
▪️ linkfly.to/20231220MlbbRaffle
▪️ linkfly.to/20231220MlbbRaffle
TAG your Friends in Comment and Win Prizes Together.
Dont Forget to FOLLOW this Page and SHARE this Post ...💕

09/09/2023

New Epic Skin | Karrie

28/07/2023

ဖြစ်မနေခဲ့ဘူး

25/07/2023
အမှိုက်တွေကို ဒီလိုလေး ထုတ်ပိုးပြီးပစ်ကတည်းက အိမ်နီးချင်းတွေက ကျွန်တော့်ကို လေးလေးစားစား ဆက်ဆံလာကြတယ်။ ပြုံးပြုံးရွှင်ရွ...
25/07/2023

အမှိုက်တွေကို ဒီလိုလေး ထုတ်ပိုးပြီးပစ်ကတည်းက အိမ်နီးချင်းတွေက ကျွန်တော့်ကို လေးလေးစားစား ဆက်ဆံလာကြတယ်။
ပြုံးပြုံးရွှင်ရွှင်နဲ့ ဂွတ်မောနင်း လို့လည်း နှုတ်ဆက်ကြတယ်။
သီချင်းတွေလည်းအကျယ်ကြီးမဖွင့်ကြတော့ဘူး။

စာပါ 🤣
25/07/2023

စာပါ 🤣

ငါဖြစ်နေမှာッ
25/07/2023

ငါဖြစ်နေမှာ

24/07/2023

လက်ရှိ မင်းလစာနဲ့ဆို

၂သောင်းတန် ဘယ်နှရွက်ရမှာလဲ 😆

မွေးလာတော့ တစ်ယောက်ထဲသေတော့လဲ တစ်ယောက်ထဲပဲ..၊‌ဘာဆန်းနေခဲ့လဲ ၊နာစရာတွေကို ထုတ်ပြမှ ကိုယ်ချင်းစာမဲ့အပေါင်းသင်းကို မုန်းလို...
22/07/2023

မွေးလာတော့ တစ်ယောက်ထဲ
သေတော့လဲ တစ်ယောက်ထဲပဲ..၊
‌ဘာဆန်းနေခဲ့လဲ ၊

နာစရာတွေကို ထုတ်ပြမှ ကိုယ်ချင်းစာမဲ့
အပေါင်းသင်းကို မုန်းလို့
အထီးကျန်ခြင်းက
ဘယ်ဘဝထိ ကြာမယ်မှန်း မသိတဲ့အခြေနေ

ငါ့အတွက် ငါရှိတယ် / ရှိနေအုံးမယ်လို့
ကမ္ဘာကို တိုင်တည်ရင်း
နာစရာတွေပေါ်ကနေ စင်ထိုးပြီး ဒီလူငယ်ဟာ
လောကကို ငေးနေလေတယ်..။

#ရိုးတံ

22/07/2023
21/07/2023

༒ပေးတဲ့ ဂတိတွေတည်ပြီး
༒သစ္စာတရားတွေ ခိုင်မြဲခဲ့မယ်ဆို

༒ဒီနေ့လေးက ကျနော်တို့ ချစ်သူသက်တမ်း

༒သုံးနှစ်ပြည့်မယ့် နေ့လေး တစ်နေ့ပေါ့....♥︎♥︎♥︎✈︎

𝟚𝟚.𝟟.𝟚𝟘𝟚𝟘 𝖙𝖔 𝟚𝟚.𝟟.𝟚𝟘𝟚𝟛
#𝒜𝓁ℴ𝓃ℯ𝓌ℴ𝓁𝒻 ッ

မင်းမေ့နိင်ပါစေ🥹
21/07/2023

မင်းမေ့နိင်ပါစေ🥹

မိုး ရွာမယ်ဆိုလည်း အားရပါးရ ရွာချလိုက်ပါ ခဏတဖြုတ်​လေး​တော့ မရွာပါနဲ့ သူ​ဝေးမယ်ဆိုလည်း ပြန်မဆုံနိုင်​တော့တဲ့ ​ဝေးလိုက်ပါ ...
20/07/2023

မိုး
ရွာမယ်ဆိုလည်း
အားရပါးရ ရွာချလိုက်ပါ
ခဏတဖြုတ်​လေး​တော့ မရွာပါနဲ့

သူ
​ဝေးမယ်ဆိုလည်း
ပြန်မဆုံနိုင်​တော့တဲ့ ​ဝေးလိုက်ပါ
​နေသားကျလာပြီဆို
ပြန်ပြန်​ပေါ်မလာပါနဲ့

#သျှင်ယွန်း

တစ်ယောက်ထဲရှိတဲ့ ညတွေဆိုအရမ်းကြောက်တတ်လို့ ဖုန်းခေါ်တဲ့ကောင်မလေးတစ်ယောက် ရှိခဲ့တယ်အဲ့ဒီလိုပဲစောက်ရမ်းအိပ်ချင်နေရင်တောင်မ...
20/07/2023

တစ်ယောက်ထဲရှိတဲ့ ညတွေဆို
အရမ်းကြောက်တတ်လို့ ဖုန်းခေါ်တဲ့
ကောင်မလေးတစ်ယောက် ရှိခဲ့တယ်

အဲ့ဒီလိုပဲ
စောက်ရမ်းအိပ်ချင်နေရင်တောင်
မျက်နှာထသစ်ပြီး တစ်ညလုံးဖုန်းပြောပေးတဲ့
ကောင်လေးတစ်ယောက်လည်း ရှိခဲ့တယ်

အခုများတော့
ကောင်မလေးဟာ
မကြောက်တတ်တော့ဘူး ထင်ပါရဲ့

ဒါမှမဟုတ် …

ဟင့်အင်း
သူ မကြောက်တတ်တော့တာပဲ ဖြစ်မှာပါ ။

#ဆန်းကျော်စွာဝင်း

20/07/2023
တစ်ဖက်က ကိုယ့်ကို မလိုအပ်လောက်ဘူး လို့ ခံစားလာမိတဲ့အခါမျိုးကျရင်  အဲ့ဒါအမှန်ပဲဖြစ်ပါလိမ့်မယ်။တစ်ကယ်လည်း တစ်ဖက်က ကျွန်တော...
19/07/2023

တစ်ဖက်က ကိုယ့်ကို မလိုအပ်လောက်ဘူး လို့
ခံစားလာမိတဲ့အခါမျိုးကျရင် အဲ့ဒါအမှန်ပဲ
ဖြစ်ပါလိမ့်မယ်။
တစ်ကယ်လည်း တစ်ဖက်က ကျွန်တော်တို့ကို
မလိုအပ်ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့
ခံစားရတဲ့feeling တွေက ကျွန်တော်တို့ကို
ဘယ်တော့မှ မလိမ်တတ်လို့ပါ။

ကိုယ်နဲ့စကားပြောချင်လား၊မပြောချင်ဘူးလားဆိုတာကို
အပြုအမူတွေကို မြင်နေရရုံနဲ့
ကျွန်တော်တို့တွေ ခံစားလို့ရနေတယ်။

အမူအရာလေးမြင်လိုက်တာနဲ့သိတယ် ။
စကားလေးတစ်ခွန်း ၊ စတစ်ကာလေးတစ်ခုကနေအစ
ကျွန်တော်တို့တွေ ခန့်မှန်းလို့ရနိုင်တယ် ။

ဒါပေမဲ့ ကျွန်တော်တို့က ကိုယ့်ကိုကိုယ်
မျှော်လင့်တစ်ကြီးနဲ့ ပြန်လိမ်မိနေတာ ။
false hope တွေနဲ့ ကိုယ့်ကိုကိုယ် ပြန်သတ်နေကြတာ။

တစ်ကယ်တော့လေ မလိုအပ်လောက်ဘူးထင်ရင် ၊
ကိုယ့်ကြောင့် သူ့မှာ၀န်ထုပ်၀န်ပိုး ဖြစ်နေမယ်လို့ထင်ရင်
နောက်ဆုတ်ပေးတတ်ရပါတယ် ။

တွယ်ကပ်ထားတယ် ။
ဖက်တွယ်ထားတယ်ဆိုတာ နေရာတိုင်းမကောင်းပါဘူး။
ဖက်တွယ်ရင်း ဖက်တွယ်ရင်း ၊
တွယ်ကပ်ရင်း တွယ်ကပ်ရင်း ကိုယ့်အပေါ်
မာန မရှိတဲ့သူလို .... အနောက်ယှက်၀န်ထုပ်၀န်ပိုး
ဖြစ်စေတဲ့သူလို မြင်လာစေပါတယ် ။

"သူ ငါ့ကို မလိုအပ်လောက်ပါဘူး " လို့ ထင်လာခဲ့ရင်
တစ်ကယ် မလိုအပ်တာ သေချာပါတယ် ။
ကျွန်တော်တို့ ခံစားရတဲ့ feeling တွေက
ကျွန်တေယ်တို့ကို ဘယ်တော့မှ မလိမ်ပါဘူး ။

®ခဲတံ®

19/07/2023

ရွှေတံဆိပ်များဆုရှင် ဆိုင်းဆရာ ကိုဖိုးသကြ်န်နဲ့ CDM အနုပညာရှင် မစန်းနီလာဝင်းတို့သီဆိုထားတဲ့ သီချင်းကိုနားဆင်ကြည့်ရူ့နိုင်ပါပြီ။

ကိုဖိုးသကြ်န်ဟာ နွေဦးတော်လှန်ရေးမှာပြည်သူ့ဖက်ရပ်တည်ကာအခုချိန်ထိ EAOs တခုရဲ့ထိန်းချုပ်နယ်
မြေမှာနေထိုင်နေတဲ့သူပါ။

မစန်းနီလာဝင်းဟာလဲ ယဉ်ကျေးမူ့ဦးစီးဌါနမှာ ဦးစီးအရာရှိရာထူးကနေ CDM ပြုလုပ်လာတဲ့ အနုပညာရှင်ဝန်ထမ်းတဦးလဲဖြစ်ပါတယ်။

အပေါ်ယံကြည့်ရင်တော့ ယောက်ျားမိန်းမ နမ်းနေကြတယ်ပေါ့ ဒီထက်နဲနဲစူးစိုက်ကြည့်ရင် ဘာမြင်ရလဲ ??? အဖြေက 👇👇👇👇  Juti အမြင်ဒီမှာဘဲ...
18/07/2023

အပေါ်ယံကြည့်ရင်တော့ ယောက်ျားမိန်းမ နမ်းနေကြတယ်ပေါ့

ဒီထက်နဲနဲစူးစိုက်ကြည့်ရင် ဘာမြင်ရလဲ ???
အဖြေက 👇👇👇👇


Juti အမြင်ဒီမှာဘဲ ဖြည့်ရေးပေးမယ်နော်
ပန်းချီဆရာက မိန်းမပျိုနဲ့ လုလင်ပျိုပုံကို တခြားရွေးချယ်စရာပုံအများကြီးထဲမှာ
မိန်းမပျိုကို Earthရွေးသုံးတယ် လုလင်ပျိုကို Water ရွေးသုံးတယ်
ပန်းချီဆရာ​ညွှန်းချင်တာက သဘာဝတရားကြီးကိုပါ
အရာအားလုံး သူတို့နှစ်ဦးပေါ်မှာဘဲမူတည်တယ်လေ
နှစ်နှစ်ကာကာချစ်ကြတဲ့အတွဲကို ခွဲရင်ဘာဖစ်မလဲ.... အပျက်သဘောဘဲလာမှာပေါ့...
ရေလဲ မြေမရှ်ိရင်မဖစ်ဘူး မြေလဲရေမရှိရင် အလကားဘဲ မဟုတ်လား

ဒီမြေနဲ့ ဒီရေ ဟိူးအရင်ဘဝေသဏီကတည်းကစ လိုက်လျောညီထွေစွာနဲ့ ချစ်ချစ်ခင်ခင် လက်တွဲထားပီးသားဟာကို ငါတို့ကြောင့် သူတို့နှစ်ဦး မကွဲကြပါစေနဲ့ပေါ့

မင်းပြန်သွားလို့ မရဘူးသူပြန်လာတာကို စောင့်ရမှာDate - ဒိတ်
18/07/2023

မင်းပြန်သွားလို့ မရဘူး
သူပြန်လာတာကို စောင့်ရမှာ

Date - ဒိတ်

18/07/2023

ဟိုက တခြားသူနဲ့သာယာနေပြီ

တချို့က ကိုယ်နဲ့တွဲတယ်ထင်တုန်း။

တွေးရင်း ငေးရင်း ခဏလေးပါပဲ🤣
18/07/2023

တွေးရင်း ငေးရင်း ခဏလေးပါပဲ🤣

အ လို လို ကျ ကွဲ ပေး ရ တဲ့ပန်း အိုး လေး┗(•ˇ_ˇ•)―→(´-ω-`)
18/07/2023

အ လို လို
ကျ ကွဲ ပေး ရ တဲ့
ပန်း အိုး လေး┗(•ˇ_ˇ•)―→(´-ω-`)

ဆုံးရှုံးရမှာကြောက်သည်အထိပိုင်ဆိုင်ချင်မိတဲ့အခါ အဲ့ဒီ့လူကိုလက်လွှတ်ပေးလိုက်ပါ။သူသာတကယ်ချစ်ရင် ဘယ်နည်းနဲ့မဆိုကိုယ့်အနားကိ...
18/07/2023

ဆုံးရှုံးရမှာကြောက်သည်အထိ
ပိုင်ဆိုင်ချင်မိတဲ့အခါ အဲ့ဒီ့လူကို
လက်လွှတ်ပေးလိုက်ပါ။
သူသာတကယ်ချစ်ရင် ဘယ်နည်းနဲ့မဆို
ကိုယ့်အနားကိုပြန်ရောက်လာမှာမို့။

#ဆွေ

မမေ့နိုင်တာ သေချာနေခဲ့လည်းကျနော်တို့ လက်လွှတ်ပေးခဲ့ကြတာပဲ ။ကိုယ့်မှာ ဘာတွေဘယ်လိုပဲ နာကျင်ရသည်ဖြစ်စေအဲ့ဒီတစ်ယောက်ကိုတော့ ...
16/07/2023

မမေ့နိုင်တာ သေချာနေခဲ့လည်း
ကျနော်တို့ လက်လွှတ်ပေးခဲ့ကြတာပဲ ။

ကိုယ့်မှာ ဘာတွေဘယ်လိုပဲ နာကျင်ရသည်ဖြစ်စေ
အဲ့ဒီတစ်ယောက်ကိုတော့ ပျော်စေချင်ခဲ့တာကိုး ။

#မိုးနေ့

မမှီလိုက်ဖူး🥹>⁠.⁠
16/07/2023

မမှီလိုက်ဖူး🥹>⁠.⁠

စောင့်မျှော်ရတာကိုမကြိုက်လို့ စီးနေကျ ဘတ်စ်ကားကို တောင် မစောင့်ပဲလှည့်ထွက်လာခဲ့လိုက်တယ် အဲ့လိုလူက မင်းကိုကျရက်ပေါင်းများ...
16/07/2023

စောင့်မျှော်ရတာကိုမကြိုက်လို့
စီးနေကျ ဘတ်စ်ကားကို တောင်
မစောင့်ပဲလှည့်ထွက်လာခဲ့လိုက်တယ်
အဲ့လိုလူက မင်းကိုကျရက်ပေါင်းများစွာ
စောင့်နေခဲ့တယ်....။

🤍🌾
- လွှမ်း -

ဝေးသွားပေမယ့် လွမ်းနေပါမယ်....
15/07/2023

ဝေးသွားပေမယ့် လွမ်းနေပါမယ်....

15/07/2023

𝕀 ℍ𝕠𝕡𝕖 𝕐𝕠𝕦𝕣 ℍ𝕒𝕡𝕡𝕪
𝔹𝕦𝕥 𝔻𝕠𝕟,'𝕥 𝕓𝕖 𝕙𝕒𝕡𝕡𝕚𝕖𝕣
ပျော်ပါစေလို့ မျှော်လင့်ပေမယ့်
အရင်ကထက်တော့ပိုမပျော်ပါနဲ့

ဘဝမှာမလွဲချော်သင့်တဲ့အရာ နှစ်ခုရှိတယ်အိမ်ကိုပြန်တဲ့နောက်ဆုံး ရထားရယ်ကိုယ့်ကိုအမှန်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူရယ် ။
15/07/2023

ဘဝမှာ
မလွဲချော်သင့်တဲ့အရာ နှစ်ခုရှိတယ်
အိမ်ကိုပြန်တဲ့နောက်ဆုံး ရထားရယ်
ကိုယ့်ကိုအမှန်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူရယ် ။

နာစရာတွေ ပုံကြီးမချဲ့ချင်တော့အရာရာဟာ ပုံမှန်ပဲ မို့ပျော်မယ် ထင်ရာပဲ တန်းဆီလုပ်မယ်မူးယစ်စေတဲ့အရာတွေနဲ့ ငြိချင်ငြိမယ်အချစ်...
14/07/2023

နာစရာတွေ ပုံကြီးမချဲ့ချင်တော့
အရာရာဟာ ပုံမှန်ပဲ မို့
ပျော်မယ် ထင်ရာပဲ တန်းဆီလုပ်မယ်

မူးယစ်စေတဲ့အရာတွေနဲ့ ငြိချင်ငြိမယ်
အချစ်ဆိုတဲ့ အရာနဲ့လဲ ထိချင်ထိမယ်

နောင်တကင်းစွာ/
လိပ်ပြာလုံစွာဖြင့် ရှင်သန်မယ်
သစ်ပင်လေးတွေ စိုက်မယ်
တိရစ္ဆာန်လေးတွေ ချစ်မယ်
အတိတ်ဆိုတဲ့ အမှိုက်ပုံပေါ်
စင်ထိုးပြီး သဘာဝကို ငေးမယ် ။

#ဒဿ 2023

14/07/2023

လစာကို ရုပ်ရည်နဲ့ကြည့်ပြီး

ပေးရင် သိပ်ကောင်းမှာပဲ 😁

14/07/2023

မိသားစုရဲ့ မရှိမဖြစ်က ဗုဒ္ဓဟူး🥵

အချစ်ကြီးတာ ဗုဒ္ဓဟူး😍

သစ္စာရှိတာ ဗုဒ္ဓဟူး 😘

ရုပ်ချောတာ ဗုဒ္ဓဟူး 😎

မာနကြီးတာ ဗုဒ္ဓဟူး 😇

ခပ်ချေချေနေတာ ဗုဒ္ဓဟူး 😬

မရောတတ်တာ ဗုဒ္ဓဟူး 😏

မရှုပ်တတ်တာ ဗုဒ္ဓဟူး 😑

Cbမှာ အရှုပ်ရှင်းကင်းတာ ဗုဒ္ဓဟူး 😂

မ Q တတ်တာ ဗုဒ္ဓဟူး 😱

ကတိတည်တာ ဗုဒ္ဓဟူး 😌

တည်ငြိမ်တာ ဗုဒ္ဓဟူး😌

ရင့်ကျက်တာ ဗုဒ္ဓဟူး😙

ပျော်တတ်တာ ဗုဒ္ဓဟူး😜

သဘောကောင်းတာ ဗုဒ္ဓဟူး😎

ဟူး မောတာ ဗုဒ္ဓဟူးဖြစ်ရတာ အားတောင်နာတယ်။😂

မသိန်းရှင်ဆီပို့ပေးပါ - အပိုင်း (၁) #နိုင်ဝင်းဆွေ၁၉၆၄နှင်းထုကြီး ပိတ်ဆို့ မှောင်ပိန်းနေသောနံနက်များ၌ ရထားကြီးသည် ဘူတာရုံ...
14/07/2023

မသိန်းရှင်ဆီပို့ပေးပါ - အပိုင်း (၁)

#နိုင်ဝင်းဆွေ

၁၉၆၄

နှင်းထုကြီး ပိတ်ဆို့ မှောင်ပိန်းနေသောနံနက်များ၌ ရထားကြီးသည် ဘူတာရုံ ရှေ့မှ ထွက်ခွာရန် ကြောက်ရွံ့တုန်လှုပ်နေသည်။ မထွက်ခွာ၍
လည်း မဖြစ်။ သူ သည် မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး တညည်းညည်းတညူညူဖြင့် ထွက်ခွာရတော့သည်။ ရှေ့နား ကွက်ကွက်လေးသာ မြင်ရသည့် မီးမောင်းကို ဖွင့်လိုက်သည်။ ဖြတ်သန်းမှုအရှိန် ရလာလျှင် သူ့သွေးများသည်လည်း ဆူပွက်ကာ သူသည် တစတစ အကြောက်ပျယ် လာနေသည်။ တောင်တွင်းကြီးဘူတာရုံ ပလက်ဖောင်း မီးရောင်များကို လွန်လာခဲ့လျှင် သူသည် သူ့ကိုယ်သူ အားပေးသည့် ဥဩသံရှည်
တချက်ကို ညှစ်ထုတ်အော်ဟစ်လိုက် သည်။

ချက်ချင်း သူ့ဥဩသံကို ပတ်ဝန်းကျင်မှလာသော ဩဘာကောင်းချီးသံများဟု ကယောင်ကတမ်းဖြင့်တွေးကာ သူသည် အမှားမှားအယွင်းယွင်း အားတက်လာသည်။ ပို၍ မှောင်ပိန်းနေသော အမှောင်ထုကြီးအတွင်းသို့ သွေးရူးသွေးတန်းဖြင့် ခွဲဖြတ် ဝင်ရောက်နေသည်။

ကျနော်သည် ဤရထားကြီး၏ စက်ကရိယာအစိတ်အပိုင်း တခုလိုပင် တွဲတတွဲ၏ ထောင့်ဖက် အမှောင်ရိပ်ထဲမှ လိုက်ပါ နေရသည်။ ကျနော်သည် ပီပီပြင်ပြင်မမြင်ရသည့် တောင်တွင်းကြီးမြို့ကို အမှတ်မထင်ကြည့်လာခဲ့သည်။

ဘူတာရုံမှ မီးရောင်များသည် အနောက်သို့ ဆုတ်ပြေးကာ သေးငယ်နေရစ်ခဲ့သည်။ မြို့ဖက်မှ လမ်းဓာတ်မီးတိုင်အရောင်များသည် ရထားကြီးပေါ် ဖျတ်ကနဲ လာထိနေကြလျက်၊ မြို့ကြီးမှာ ငြိမ်သက်နေလျက်၊ ရခိုင် ဘုရားပျက်ကြီး၏ ထုထယ်သည် အမှောင်ရိပ်ထဲမှ အမှောင်မည်းကြီးတခု အဖြစ်ဖြင့် အမြင်၌ ဖြတ်သန်းနေခဲ့လျက်၊ ရထားကြီးသည် အရှည်ကြီး၌ ဖြည်းဖြည်းရွေ့ရွေ့ ကွေ့လိုက်၏။ သဖန်းကုန်းရွာ
ကလေးဖက်မှ ရေနံဆီ မီးခွက် မီးရောင်မှိန်မှိန်များသည် တဖျတ်ဖျတ် လာရောက်ရိုက်ခတ်နေပြန်သည်။ အမှောင်ထုကြီးအတွင်း၌
အလင်းရောင် ငယ်များသည်ပြောပဖွယ်မရှိ။

ဤအလင်း အမှောင်၊ အမှောင် အလင်းတို့သည် ရထားကြီးပေါ်၌သာ ဖြတ်သန်းနေသည်မဟုတ်၊ ရထားကြီးပေါ်တွင် ပါလာသမျှ သက်ရှိ သက်မဲ့အပေါင်း အပေါ်၌သာ ကျရောက်နေသည်မဟုတ်၊ ကျနော့်ခန္ဓာကိုယ်ပေါ်၌သာ ကျရောက်နေသည်မဟုတ်၊ ကျနော့် နှလုံးသားပေါ်တွင်လည်း ကျရောက်နေကြ၏။

ရထားကြီးကား ဘာမျှ ခံစားရမည်မဟုတ်။ သူသည် စက်ကရိယာဖြစ်၏။ အေးခြင်း၊ ပူခြင်းကိုမသိ။ အမှောင်နှင့် အလင်းကိုမသိ။ ဦးနှောက်မရှိ၊ အသက်မရှိ ခံစားမှုမရှိ၊ နှလုံးသား မရှိ၊ ရည်ရွယ်ချက် မရှိ။

ကျနော်လည်း စက်ကရိယာ တခုပေပါလားဟု ကျနော်သည် အသံမထွက်သော မေးခွန်းကို မေးနေမိပြန်သည်။ ကျနော့်နှလုံးသားများမှာ ခံစားမှုမှန်သမျှ ဆိတ်သုဉ်း ကွယ်ပျောက်စပြုနေပြီဖြစ်သော စက်ကရိယာပေပဲလား။ ကျနော့် ဦးနောက်မှာ အရောင်များအတွင်း၌ မရုန်းဝံ့ မကန်ဝံ့ မလှုပ်ရှားဝံ့၊ ငြိမ်သက်နေရသော ဦးနှောက်များ ပေပဲလား။

ဤရထားကြီးပေါ်၌ ကျောက်ပန်းတောင်းမှ မှောင်ခိုထန်းလျက်များ တင်ရန် လိုက်ပါလာခဲ့သော၊ ကျနော် ငြင်းဆန်မရအောင် မျက်နှာ နာနေ သော မှောင်ခိုသမားများ ပါလာနေသည်။ သူတို့ကို ကျနော်မဖမ်းရက်တော့သည့် အကြောင်းရင်းကို ရှာဖွေ နေမိပြန်သည်။ သူတို့ပါ လာသဖြင့် ကျနော်သည် အလုပ်ပြုတ်သွားနိုင်သည်။ လွတ် မြောက်ရက်မရှိ အကျဉ်းကျ သွားနိုင်သည်ကိုလည်း မတွေးမိ၍မဟုတ်။

ကျနော့်စိတ်ကား ရထားကြီး ခုတ်မောင်းနေသည်ဟု မထင်တော့ပေ။ မှောင်ခိုသူများ၊ ထန်းလျက်တောင်းခွံများ၊ ဆီ၊ ဆား၊ ကြက်သွန်၊ လက်ဖက်ခြောက်၊ ငရုတ်သီး၊ နံနွင်းမှုန့် စသည့် တားမြစ်ကုန်များ၊ ဂါတ်ဗိုလ်၊ စက်ခေါင်းမောင်း အညှီနံ့များ၊ မုဆိုးများ၊ သားရိုင်းသမင်များ၊ ရွံရှာဖွယ်ရာများ၊ ကျောင်းသားများ၊ ရဟန်းသံဃာများ၊ လူသားများ ပျက်ဆီးမှုများ၊ အနံ့ဆိုးများ စသည့် သက်ရှိသက်မဲ့အပေါင်းသည်
အထွေးထွေး အရှုပ်ရှုပ်ဖြစ်ကာ ဘယ်ဆီသို့သွားနေမှန်းမသိသည့် ရေစီးကြောင်းကြီး တခုအတွင်း၌ ဘရမ်းဘတာ မျောပါနေသည်ဟု ထင်နေပြန်သည်။

အမှောင်ထုကြီးကို အဆုံးအစမရှိ နက်ရှိုင်းလှသည့် ပင်လယ်ပြင်ကြီးဟူ၍လည်း တွေးနေမိပြန်သည်။

အတန်ကြာလျှင် နှင်းများ ပိတ်သည်းနေသည့် အမှောင်ထဲ၌ အရုဏ်ရောင်ခြည် များသည် လှပစွာ ပျို့အန်လာနေကြပြန်သည်။ ဆဒ္ဒုန်ချောင်းသို့ ရောက်တော့မည်။ ဆဒ္ဒုန်မှ တက်ရောက်လာကြမည့် ကိုရွှေယောက်နှင့်သားသုံးယောက်၊ ကိုရွှေယောက် အဖွဲ့သားများကို စိတ်၌ မြင်တွေးနေမိပြန်သည်။

ဆဒ္ဒုန်ချောင်းဘူတာရုံရှေ့သို့ရောက်လျှင် ရထားသည် အမှောင်ထုထဲ၌ ငြိမ်သက်စွာ၊ ထိုးဆိုက်ရပ်လိုက်သည်။ ကျနော်သည် ရထားအရှိန်သတ်လိုက်ကတည်းက ရထားပေါ်မှ ဖျတ်ကနဲ ခုန်ဆင်းလိုက်သည်။

ပလက်ဖောင်းပျက်တနေရာ၌ ရပ်လိုက်ပြီး “ဒီမှာ လက်မှတ်လာယူကြ .. ဒီမှာ .. ဒီမှာ” ဟု ကျနော်သည် နေ့စဉ် အော်ဟစ်နေကျအတိုင်း အော်ဟစ်နေရသည်။

ဤ ဘူတာမဲ့၊ ရုံပိုင်မဲ့၊ ကံထရိုက်တာမဲ့ ဘူတာတွင် ခရီးသည်များသည် ပလက်ဖောင်းပျက်အတိုင်း ကျနော်ရှိရာသို့ စိတ်မှန်းဖြင့် အလဲလဲ အကွဲကွဲ ပြေးလာနေကြသည်။ “ကုန်တင်စရာရှိတယ် ဆရာ” ဟု ခရီးသည်တဦးသည် အဝေးကတည်းက လှမ်းပြီး အော်လာသည်။ ဂါတ်ဗိုလ် ကိုအောင်ကျော်သည် မှန်အိမ်ဆွဲပြီး ကောင်းဘွိုင် ဟန်ဖြင့် ကျနော် အလုပ်လုပ်နေသည်ကို ထိုးပြပေးနေ၏။

“ရင်မောင် သုတ်သုတ်လုပ်ဟေ့" ဟု သူသည် လောဆော်နေ၏။

ကျနော်သည် လက်မှတ်ရောင်း၊ တန်ဆာလုပ် အလုပ်များကို အပြေးအလွှား အမြန်ဆုံး လုပ်ဆောင်နေရင်း ကိုရွှေယောက် အဖွဲ့ကိုလည်း လှမ်းကြည့်နေပြန်သည်။ ကိုရွှေယောက်နှင့် သူ့လူများသည် လက်မှတ်မယူဘဲနှင့် ရထားတွဲများပေါ် ပြေးလွှားတက်ရောက်နေကြ၏။

ကိုရွှေယောက်သည် သူ့သားသုံးယောက်ကို ရထားပေါ် တက်ခိုင်းပြီး သူကိုယ်တိုင်မှာ ပလက်ဖောင်းအစွန် အမှောင်ရိပ်၌ရပ်ကာ ကျနော့်ကို လှမ်းကြည့်နေသည်။ သူ့ခြေထောက်၌ ဖိနပ်မပါ၊ သူ့လည်ပင်းတွင် ပုဆိုးစုတ်တစ်ထည် ရစ်ပတ်ထားသည်။ သူ၏ ပြဇာတ်မင်းသားဟန် ဆံပင်ရှည်များသည် ဆီမလိမ်း မဖြီးသင်သဖြင့် သူ့မျက်နှာပေါ်တွင် အရပ်ရှစ်မျက်နှာ၌ ဖရိုဖရဲ ဝဲကျနေသည်။

အလုပ်ပြီးလျှင် ဂါတ်ဗိုလ်သည် ဝစီကိုစစ်မိန့်ပေးသံလို အားကုန်မှုတ်လိုက်ပြီး မီးစိမ်းယမ်းပြလေသည်။ ရထားကြီး ထွက်ခွာလာမှ ကျနော်သည် လူစီးတွဲတတွဲပေါ် တွယ်တက်လိုက်သည်။ ကျနော့်နောက်မှ ကျနော့်ကို အမိဖမ်းရန် ကိုရွှေယောက်သည်လည်း ဖျတ်ကနဲ ခုန်တက်လာသည်။

ကျနော်နှင့်ကိုရွှေယောက်သည် ယှဉ်ရပ်နေမိကြ၏။ ရထားအရှိန်ရလာစဉ်တွင် ကိုရွှေယောက်သည် သူ့လက်အတွင်း၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လာသော ကျပ်တန် အနွမ်းအကျေများနှင့် အကြွေစေ့ကလေးများကို ကျနော့်လက်အတွင်းသို့ လှမ်းထည့်ပေးနေသည်။ သူ့လက်များမှာ ချမ်းအေးနေ သောကြောင့်တကြောင်း၊ ကြောက်ရွံ့တုန်လှုပ်နေသောကြောင့်တကြောင်း တုန်ယင်နေသည်။

“ကျနော်တို့ ရှစ်ယောက် ဆရာ ….”

“ဟ... တစ်အုပ်စုလုံးလား”

“ကိုဖိုးကျော် သူ့မိန်းမဆုံးလို့ နေရစ်ခဲ့တယ်”

ကျနော်သည် သူပေးသည့်ငွေများကို ဘောင်းဘီအိတ်ထဲသို့ မထည့်သေးမီ အမှောင်ရိပ်ထဲ၌ သူ့မျက်နှာကို ရှာကြည့်နေမိပြန်သည်။ သူပေးသည့်
ငွေမှာ တဆယ့်သုံးလေးကျပ်မျှ ရှိမည်။ သူတို့ရှစ်ယောက်အတွက် ကျောက်ပန်းတောင်းအထိ လက်မှတ်မဲ့ဖြင့် စီးခွင့်ပြုရန်ပေးသည့်ငွေ၊ သူတို့သည် လက်မှတ် အတိအကျဖြင့် လက်မှတ်ဝယ်ယူစီးနိုင်သည်အထိ သူတို့မှောင်ခိုထန်းလျက်များအပေါ်မှ မြတ်စွန်းကြသည် မဟုတ်။
သူတို့ရသည့် အမြတ်ထဲမှ ကျနော် ဂါတ်ဗိုလ်၊ မီးရထားရဲ၊ ရှာဖွေရေးများကို ပေးရသည်။ ကျနော်သည် သူ့မိန်းမ နေမကောင်း ဖြစ်နေသည်ကို သတိရနေပြန်သည်။

“ခင်ဗျားမိန်းမ သက်သာပလား”ဟု မေးနေမိသည်။

“ဒီလိုဘဲဆရာ ….”

“ဆေးမထိုးဘူးလား”

"အင်း"

“ဘာအင်းတာလဲ”

“ဒီမြို့ကိုသွားထိုးဘို့ကလဲ ပိုက်ဆံမရှိဘူး၊ ကျနော်တို့ဆီမှာ ဆေးလာလာကုနေတဲ့ လူကလဲ ဆေးတွေပြတ်နေလို့တဲ့”

“ကျန်းမာရေးမှူးလား”

“မဟုတ်ပါဘူး။ မြင်းလှည်းသမားပါ၊ အားကိုးရပါတယ်ဆရာ၊ သူက ဆေးထိုး သိပ်ကောင်းတာ၊ ပိုက်ဆံ သိပ်မယူဘူး။ ဆရာဝန်တွေ ဘာတွေလို ကြီးကြီး ကျယ်ကျယ် လုပ်တဲ့လူလဲ မဟုတ်ဖူး”

ကျနော် ငြိမ်သက်နေမိပြန်၏။ ကိုရွှေယောက်ကား ခလေးတကျိပ်ကျော်ကျော် ကျွေးမွေးနေရသူ၊ သူ့မယားကား အစဉ်အမြဲ မမာမကျန်းဖြစ်နေသူ၊ အရွယ်မရောက်သော သားကလေးသုံးယောက်ကိုပါ မှောင်ခိုလုပ်ခိုင်းနေ ရသူ၊ ကျနော်၊ ဂါတ်ဗိုလ်၊ မီးရထား ရဲများနှင့် ရှာဖွေရေးများကို ရှာဖွေကျွေးမွေးနေရသူ။

သူသည် တခုခုကို နက်နက်ရှိုင်းရှိုင်း တွေးလာနေခဲ့ပုံဖြင့် “ဒီလိုပေါ့ဆရာ ..”ဟု အရင်းမရှိ အဖျားမရှိ စကားပြောနေပြန်သည်။

ကျနော်သည် ငွေတဝက်မျှကို အိတ်ထဲထည့်လိုက်ပြီး တဝက်ကိုကား သူ့မိန်းမ ဆေးကုရန်အတွက် ပြန်ပေးနေမိပြန်သည်။ သူသည် ပြန်ယူရန် ငြင်းဆန်နေသည်။ သူ့ငွေများ အကုန်မယူသဖြင့် သူ့ကို ကျနော်က ဒုက္ခပေးတော့မည်ဟု ကြောက်ရွံ့နေ ပြန်သည်။ ကျနော်သည် သူ့ကိုပြန်ယူရန် တိုက်တွန်းနေရင်း စိတ်မောနေမိသည်။

နောက်ဆုံး၌ ကျနော်ပြန်ပေးသည့်ငွေများကို လှမ်းယူသောအခါတွင် သူ့လက်များ တဆတ်ဆတ်တုန်နေသည်ကို သတိထားမိ လာသည်။ သူ့မျက်လုံးအိမ်၌ လှိုက်လှဲသော မျက်ရည်များ ပြည့်လာနေသည်ကို ကျနော်သည် မမြင်ရဘဲနှင့် သိနေခဲ့သည်။

“ဒီ့ပြင်လူတွေဆိုရင် ဘယ်လောက်ပေးပေး ကျေနပ်ကြတာမှုတ်ဖူး တချို့ မိန်းခလေးတွေဆိုရင် ငွေတင် မကျေနပ်လို့ ဟိုဟာပါပေးရတာ၊ ငွေနဲတယ်ဆိုပြီး ထပ်ထပ်တောင်းကြတာ၊ မြခင်လေးဆို ကြည့်ပါလား၊ အသက်ဆယ့်သုံးနှစ် မပြည့်သေးဘူး၊ ဆံထောက်ကလေးတောင် မထားရဲထားရဲ ထားနေတုန်း ဟိုဟာပါပေးရလို့ ဗိုက်ကလေး ပူလာတာ” ဟု သူက စိတ်ထည်းမှ ပြောနေသည်ကိုလည်း ကျနော်စိတ်အာရုံ၌ လာ၍ ကြားနေရပြန်သည်။

“အေးဗျာ .. ဒီလိုဘဲပေါ့ဗျာ၊ ကြည့်တော့လုပ်ကြဗျာ” ဟု ကျနော်သည် မှာကြားနေမိ၏။

"စိတ်ချပါ ဆရာ၊ ဆရာ့ကို မထိခိုက်ပါဘူး၊ ဘယ်တော့မှ ကျနော်တို့ သားအဖတွေ ထန်းလျက်ကို မမိပါဘူး”

“ခင်ဗျားတို့ကို စီတ်ချပါတယ်၊ ခင်ဗျားတို့ ကျနော့်ကို ဘယ်တော့မှ ဒုက္ခမပေးဘူးဆိုတာ ယုံတာပေါ့ဗျာ၊ ဒါပေမယ့် ရှာဖွေရေးတွေ ဘာတွေမိရင် ကျနော့်မှာ တာဝန်ရှိတာဘဲ”

“ဟုတ်ပါတယ်ဆရာ”

“အလုပ်ပြုတ်နိုင်တယ်။ ထောင်ကျနိုင်တယ်”

သူဆက်ပြောသည်ကို ရထားခုတ်မောင်းနေသံ ဆူညံနေသဖြင့် ကျနော် မကြားရတော့ပေ။ သူ့ထန်းလျက်များကို မည်သည့်အခါ၌ မည်သူများကဖမ်းဖမ်း မိမည်မဟုတ်။ သူ၏ လျှို့ဝှက်ချက်ကို ကျနော်လည်းမသိ။ အမှန်တွင် ကျောက်ပန်းတောင်း တောင်တွင်းကြီး ခုတ်မောင်းနေရာ၌ ရထားနှစ်စင်း လဲလှယ်ခုတ်မောင်းနေရာ ရထားတစ်စင်း၏ အိမ်သာတခုတွင် အပေါ်အမိုး၌ အပေါက်တခုပါရှိသည်။ ထိုအပေါက်အတွင်းမှ သူတို့၏ပစ္စည်းများကို လျှို့ဝှက်တင်ဆောင် နေခဲ့ကြ၏။

ကျနော်သည် ဤရထားပေါ်၌ မှောင်ခိုသမား နှစ်ဆယ်ထက်မနည်း ပါနေခဲ့ပြီကို တွေးမိကာ စိတ်နှလုံး၌ လေးလံလာနေပြန်သည်။ ပင်းချောင်း အောင်နိုင်မြင့်၊ သားမျှား ကိုသန်း၊ မြို့သစ် ကိုသန်း၊ ကျောက်ပန်းတောင်း စိုးမြင့် မည်သူတွေက ဖမ်းဆီး ဖမ်းဆီး ကျနော်၌ တာဝန်ကင်းမည်မဟုတ်။

ကျနော်ကား တီဘီစီ ( ရထားလိုက်ဘူတာစာရေး) ဖြစ်၍ ရထားတစင်းလုံး လက်မှတ်စစ်၊ တန်ဆာမဲ့ပစ္စည်းဖမ်း၊ မှောင်ခိုပစ္စည်းဖမ်း စသည့်တာဝန်များကို ထမ်းဆောင်နေရသူ။ အကယ်၍ တစုံတဦးက ရန်ညိုးဖြင့် ဖမ်းဆီးစစ်ဆေးလျှင် ရှောင်ရှားကွက်မရှိသူ။ မှောင်ခိုသူများနှင့်လည်း တသွေးတည်း တသားတည်း ရင်းနှီးချစ်ခင် နေကြသဖြင့် မျက်စိမှိတ်နေရသူ။

ကျနော်သည် နီတံခဲတံကို ကိုင်ကြည့်နေရင်း၊ ဤရထားပေါ်၌ ကျနော်ကား ဖမ်းဆီးနိုင်သော အာဏာ ပြည့်စုံသူ ဘုရင်ကလေးတစ်ဆူ ဖြစ်နေသည်ကို တွေးနေမိ၏။ ဤ နီပြာတံကလေးဖြင့် ချယ်လှယ်ချင်သလို ရနေနိုင်သော အခွင့်ထူးရရှိနေပုံမှာ ဝမ်းသာ အားရစရာလားဟု တွေးနေမိပြန်သည်။

ဤသို့ဖြစ်နေရပုံမှာ ကမောက်ကမ ဖြစ်နေခြင်းပေလား။ အရုဏ်သည် ပို၍ လင်းလာ၏။ အမှောင်နှင့် အလင်းများ ရောထွေးလာနေပြန်သည်။ မြို့လုင်သို့ ရောက်လျှင် အလင်းရောင် ဖျော့ဖျော့အတွင်း၌ နှင်းစက်များကျနေသည်ကို မသဲမကွဲ မြင်လာရသည်။ ဘူတာကွေ့၌ ရထားဆိုက်ရပ်ချိန်တွင် အလင်းနှင့် အမှောင်ကြား၌ အရာဝတ္ထုများသည် မသဲမကွဲ ရောထွေးနေကြလေသည်။

မြို့လုင်ဘူတာစာရေးသိန်းလွင်ကြီးသည် နံနက်စောစော၌ အရက်မူးနေလျက်ဖြင့် အိတ်တွဲသို့ ခပ်ယိုင်ယိုင် လျှောက်လာတတ်သည်။ သူ့ကိုယ်ပေါ်မှ ယူနီဖောင်းဝတ်စုံမှာ ညစ်နေသည်။ သူ၏ ထန်းလျက်ဘူတာရုံရှေ့တွင် ခရီးသည် များသည် အလုအယက် တိုးဝှေ့နေကြ။ ဟိုဖက်၌ကား ထန်းပင်များ၊ ညောင်ပင် များ၊ ဈေးဆိုင်များ မြို့လုင်ဈေးတန်းနှင့် မြို့လုင်ရွာပေါ်တွင် နှင်းများ ပိတ်ဆို့ မှောင်နေသည်။

ကျနော်သည် ဤဘူတာသို့ရောက်လျှင် လူစီးတွဲ တစ်တွဲတွဲ အဝမှရပ်ကာ ဦးကောင်းဇံ၏ အကြော်တဲဆိုင်ဖက်သို့ အစဉ်အမြဲ လှမ်းကြည့်တတ်သည်။ အကြော်တဲဆိုင်ရှေ့ဖက် ညောင်ပင်ကြီးအောက်ရှိ ထိုင်ခုံ၌ ညိုညိုကို တွေ့နေကျဖြစ်နေသည်။ သူသည် ရထားကြီးဝင်လာလျှင် ကျနော့်ကိုမြင်ရန် လှမ်းကြည့်နေတတ်၏။ ထိုနေရာမှ ထရပ်ပြီး သူ့ကုန်စိမ်းတောင်းများ ချထားရာ သံလမ်းနံဘေးသို့ သုတ်သုတ်ပြေးလာကာ သူ့တောင်းများကို ရေးကြီးသုတ်ပျာ တင်လေသည်။

ကြာသော် သူထိုင်နေကျ ဤညောင်ပင်ကြီးအောက် ထိုင်ခုံပေါ်တွင် ဦးကောင်းဇံဆိုင်ရှေ့ရှိ ထိုင်ခုံပေါ်တွင် မိုးမလင်းမီ နှင်းမှုန်များဝေနေစဉ်တွင် သူ့ကိုမြင်တွေ့နေရသည်မှာ စိတ်၌ အစွဲအလန်းတခုလို ဖြစ်လာသည်။

သူ ဤနေရာကလေးတွင် ထိုင်ပြီး ရထားကြီးကိုစောင့်ပြီး ကျနော့်ကို ရှာဖွေကြည့် နေတတ်သည်မှာ ကျနော် တောင်တွင်းကြီး ကျောက်ပန်းတောင်းလမ်းသို့ ရောက်လာစ ကတည်းက ဖြစ်သည်။

ထိုအခါကမူ သူသည်လည်း ခလေးသာသာအရွယ်ကလေး ဆံရစ် ဆံတောက်ကလေးနဲ့ ဖြစ်၏။

သူသည် ရထားကြီးဆိုက်ရပ်လျှင် ထိုနေရာမှ ဒုန်းစိုင်းပြေးလာတတ်၏။ သူ့ခေါင်းပေါ်မှ ဆံရစ် ဆံတောက် ဆံပင်များသည် တဖွားဖွားနေ တတ်သည်။ သူ့ လည်ပင်း၌ တင်ထားသော ပုဆိုးစုတ်တစ်ထည်သည် ဖိုးသို့ဖားယားဖြစ်နေသည်။ သူ့ပါးပေါ်တွင် ကျောက်နီ နားဆွဲကလေးသည် ယိမ်းက လှုပ်ရှားနေသည်။ သူ့ပါးကလေးများမှာ အပျိုသွေးသစ် ဖောင်းကြွနေသည်။

သူသည် မြို့လုင်နှင့် တစ်မိုင်မျှသာဝေးသည့် ပုတီးကုန်းရွာသူဖြစ်၏။ သူသည် ဖခင် မျက်မမြင်ကြီးကိုလည်းကောင်း၊ မိခင် လူမမာကြီးကိုလည်းကောင်း ကုန်စိမ်း ရောင်းရငွေကလေးဖြင့် လုပ်ကိုင်ကျွေးမွေးနေကာ မောင်လေးတယောက်ကိုလည်း ကျောင်းထားပေးနေရသည်ကို ကျနော်မသိခဲ့၊ သူ ဈေးပတ်လိုက်ရောင်း၍ မြတ်ငွေမှာ သုံးလေးကျပ်မျှသာရှိသဖြင့် ရထားလက်မှတ်ကိုလည်း။ ဝယ်မစီးနိုင် ကုန်ပစ္စည်းများကိုလည်း တန်ဆာမလုပ်နိုင်။

ကျနော် ဤလမ်းသို့ရောက်စ နှင်းများဝေနေသော တစ်နံနက်တွင် ကျနော် လက်မှတ်စစ်သောအခါ သူသည် အိမ်သာနံဘေး၌ရပ်နေရင်း ကျနော့်ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေခဲ့သည်။

ကျနော် လက်မှတ်တောင်းနေသည့် လက်ကို မကြည့်ဘဲ ကျနော့်မျက်နှာကိုသာ မော့ကြည့်ရင်း မျက်တောင်ကော့ကြီးများကိုသာ ပုတ်ခတ်လှုပ်ရှားနေခဲ့သည်။ သူ့ မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာနေသည်။ သူသည် ကြောက်ရွံ့သဖြင့် ငိုလိုက်တော့မည့်အတိုင်း ဖြစ်နေခဲ့သည်။

အတော်ကြာမှ သူသည် တုန်ယင်နေသော လက်များဖြင့် သူ့ချွေးခံအင်္ကျီအောက် အိပ်ကပ်အတွင်းသို့ နှိုက်နေသည်။ လက်ပြန်နှုတ်လျှင် လက်မှတ်မပါဘဲ ကျပ်တန်ကလေးတစ်ရွက်သာ ပါလာသည်။

ရထားသည် ပုလင်းချောင်း တံတားရှည်ကြီးကို ဖြတ်ကျော်နေ၏။

“လက်မှတ်မပါဘူးလား”ဟု ကျနော်က အသံမြှင့်ပြီး မေးနေ သည်။

“အမြဲတမ်း ဒီလိုဘဲစီးနေတာလား”

“ဟုတ်ကဲ့”

“ဒါဖြင့် ဖမ်းရမှာပေါ့”

“ညိုညို... ညိုညို ... မြို့သစ်ရောက်ရင် လက်မှတ်ဆင်းဝယ်ပါ့မယ်။ ကိုစိုးမြင့်ကြီး လိုက်တုန်းက ညိုညို၊ ငါးမူးလောက်ပေးရင် သမျှားဈေးအထိ လိုက်ရတယ်”

သူ့အသံမှာ တုန်ယင်နေခဲ့သည်။

သူ့ငွေတစ်ကျပ်ကို ပြန်လည်ထားရန် ပြောသောအခါ သူသည် ပို၍ ကြောက်ရွံ့လာကာ မျက်ရည်များဝိုင်းလာနေသည်။

"ဒါဖြင့် မြို့သစ်ရောက်ရင် ငါ့နောက်ကလိုက်ခဲ့၊ လက်မှတ်လိုက်ဝယ်ပေါ့”ဟု ပြောလျှင် သူသည် ခေါင်းတဆတ်ဆတ်ညိတ်နေခဲ့၏။

သူ့ကို ဖမ်းရန်အတွက် ဘူတာအတွင်းသို့ ခေါ်သည်ကို သူမသိပေ။

ကျနော်သည် သူ့အနားမှခွာပြီး လက်မှတ်လျှောက်စစ်နေစဉ်၌ သူသည် ကျနော့်ကို စိမ်းစိမ်းစားစား လိုက်ကြည့်နေခဲ့သည်။

မြို့သစ်ဘူတာတွင် ရထားရပ်လျှင် သူသည် ကျပ်တန်တရွက် ကိုင်လျက် ကျနော့်နောက်မှ လျှောက်လိုက်လာခဲ့သည်။

“သူများ လက်မှတ်မယူတော့ဘူးလေ .. ဒီပိုက်ဆံကို ယူပါလား ...”

“တခါတလေတော့ လက်မှတ် ယူဘူးတယ်ရှိအောင် ယူမှပေါ့ကွယ်.….”

ကျနော် ရုံပိုင့်စာပွဲရှေ့သို့ လျှောက်သွားသည်။ သူသည် နောက်ဖက်မှ တကောက်ကောက် လိုက်လာခဲ့သည်။ ကျနော်သည် သူ့ကို စာပွဲရှေ့တွန်းပါလိုက်ပြီး လက်မှတ်မဲ့ဖြင့် အပ်လိုက်၏။ သူ့တောင်းများကိုလည်း အလုပ်သမားများ ချထား လိုက်ကြ၏။ သူသည် ရုံးပိုင်က တရားစွဲရန် “အမည်၊ နေရပ်၊ မိဘ”တို့ကို မေးနေစဉ် ဖြေဆိုနေရင်း ကျနော့်ကို စကားတလုံးမျှ မပြောတော့ဘဲ မျက်ရည်များကျလာသည်။

ရုံးခန်းအတွင်းမှ ကျနော် ထွက်လာသည်။ သူသည် တန်းလျားရှည်တခုပေါ်တွင် ထိုင်နေရင်း ကျနော့်ကို ကျောဖက်မှ လိုက်ကြည့်နေခဲ့သည်။ ကျနော်လည်း အမှတ်မထင်ပင် ရထားပေါ် တက်လာခဲ့၏ ။ လက်မှတ်မဲ့ ခရီးသည်များကို ဖမ်းဆီးရခြင်းမှာ ကျနော့်အတွက်ကား နေ့စဉ်ပြုလုပ်နေကျ အလုပ်သာ ဖြစ်သော်လည်း သူ့အတွက် နတ်မောက်အထိ မလိုက်ရသဖြင့် သူ့ ရောင်းကုန်များလည်း ပျက်ဆီးကုန်ရသည်။

သူနှင့်ကျနော်အကြား၌ ထိုအခါကတည်းကပင် မမြင်ရသော သံယောဇဉ် ကြိုးမျှင်များ စတင် ရစ်ဖွဲ့လာကြသည်ကို ကျနော်လည်းမသိခဲ့။ ဤသံယောဇဉ်များကား သူ့အလိုလို နှလုံးသားအတွင်းတွင် ပေါက်ဖွားလာကြ လေသည်။ ဘာကြောင့် ဖြစ်ပေါ်လာရသည် ဟူသော အကြောင်းရင်း၏ အစကိုကား ဦးနှောက်ဖြင့်ရှာဖွေ၍ ထိတွေ့နိုင်မည်မဟုတ်။

ကျနော်သည် သူ့မျက်ရည်များ တတွေတွေ ကျလာခဲ့ပုံကို အမှတ်မထင် တွေးမိခဲ့သည်။ သူ့မျက်နှာဝိုင်းဝိုင်းကလေး၊ သူ့ ဝိုင်းဝိုင်းစက်စက်မျက်လုံးများ၊ သူ့မျက်တောင်ကော့များ သူ ၏ ဆံတောက်ဖားဖားကြီးများကို မြင်ယောင်မိကာ သူ့ မျက်နှာမှာ ကျနော်နှင့် ရင်းနှီးခဲ့ဖူးသူ တစ်ဦးဦးလို ထင်နေခဲ့ပြန်သည်။ သူ၏ အ၀တ်အစားများ နွမ်းလျနေပုံကို မြင်နေပြန်သည်။ ကရုဏာစိတ်များသည် အမှတ်မထင် ဖြစ်ပေါ်လာကြသည်။

နောက် ခုနစ်ရက်မျှ ကြာသည်အထိ မြို့လုင်သို့ရောက်လျှင် သူ့ကိုရှာကြည့် သော်လည်း မတွေ့မြင်ရတော့ပေ။

ကျနော့်စိတ်၌ ငယ်စဉ်က သေဆုံးသွားခဲ့သော ညီမကလေး၏ မျက်နှာကို သတိရနေပြန်သည်။ သူ့မျက်နှာကို ညီမကလေး မျက်နှာနှင့်တူနေမလားဟု နှိုင်းစာကြည့်နေရင်း သူ့ကိုလည်း ညီမကလေးတစ်ဦးလို စိတ်၌ မှန်းဆနေမိ ပြန်သည်။

မကြာမီ တစ်နံနက်တွင် သူ့ကို ဦးကောင်းဇံ ဆိုင်ရှေ့ ညောင်ပင်ကြီးအောက်ရှိ စာပွဲခုံဘေး၊ ထိုင်ခုံပေါ်တွင်ပင် တွေ့နေရပြန်သည်။

ထိုနေ့က သူသည် ကုန်စိမ်းတောင်းများကို သံလမ်းနံဘေးတွင် ရွှေ့ထားနှင့်သည်။ ရထားရပ်လျှင် ရပ်ချင်း နေရာမှထက ကျနော်ပါလာသည့်တွဲဖက်သို့ ခလေးစိတ်ဖြင့် ခိုးပြေးလာသည်။ ကျနော်သည်လည်း ရထားမရပ်သေးမီ၌ ခုန်ဆင်းလိုက်၏။ သူနှင့်ကျနော်သည် မသဲမကွဲ အလင်းရောင်အောက်တွင် နှင်းများဝေနေစဉ်၌ မျက်နှာချင်းဆိုင် ရပ်နေကြသည်။

“လက်မှတ်စစ်ကြီး... ဒီနေ့ .. ဒီနေ့ …. သူများကို ဖမ်းအုံးမလားဟင် ...”

သူသည် အလောသုံးဆယ် မေးနေသည်။

ကျနော်သည် ပြုံးနေမိ၏။

“လက်မှတ်မဝယ်ရင် ဖမ်းမှာပေါ့”ဟု ရယ်သံဖြင့် ပြောနေမိသည်။

“ဒါဖြင့် ညိုညို မလိုက်တော့ဘူး"

“ဒါဖြင့် ဘာနဲ့သွားမှာလဲ”

“ခြေလျင်သွားမှာပေါ့”

“တောင်းတွေကရော ….”

“တောင်းတွေတော့ တင်ပေးလိုက်မယ်။ အဲဒါ မြို့သစ်ဘူတာရောက်ရင် လက်မှတ်စစ်ကြီး ချခိုင်းထားလိုက်ပါ"

ကျနော်သည် သူ၏နဖူးကို လက်သီးဖြင့် ထိုးကျိတ်လိုက်တော့မလို ရွယ်လိုက်ပြီး ရယ်နေမိ၏။

“ခု လက်မှတ်မပါဘူးလား... ကဲ တောင်းတွေ သုတ်သုတ်တင် လူကော လိုက်ခဲ့ပေါ့၊ ခင်ဗျားတောင်းတွေ ကျုပ်ကူလီမှ မဟုတ်ဘဲ ဘယ်ချနိုင် မလဲ။ ခင်ဗျားကို ကျုပ်မဖမ်းပါဘူး၊ ဘယ်တော့မှ မဖမ်းပါဘူး၊ ဒီပြင်လူတွေ ဖမ်းရင်သာ ကျုပ်ကို ပိုက်ဆံပေးရတယ်လို့ မပြောပါနဲ့”

“တကယ်လား”ဟု သူသည် အံ့အားသင့်စွာ မေးနေခဲ့သည်။

သူသည် ဆယ်ပြားစေ့ကလေး လေးငါး ခြောက်စေ့ကို ထုတ်ပေးနေပြန်သဖြင့် ကျနော် သည် သူ၏ နဖူးကို ခပ်သာသာ ပုတ်ပစ်ခဲ့၏။

သူသည် သူ့တောင်းများကို ရထားတွဲပေါ် ကမန်းကတန်းတင်ပြီး သူပါ တက်လိုက်၏။ ကျနော်လည်း သူ့နောက်မှ လိုက်သွားသည်။

ရထားထွက်လာချိန်တွင် သူနှင့် ကျနော်သည် တွဲပေါက်ဝ၌ နီးကပ်စွာ ယှဉ်ရပ်နေမိကြ၏။ သူသည် အပျိုသွေးဝင်စိတ်ဖြင့် ရှက်နေသော မျက်နှာတစ်ပြင်လုံး နီမြန်းနေခဲ့သည်။

ကျနော်သည် သူ့ကို ခြောက်လှန့်ပြီး နောက်ပြောင်ရန် စိတ်ကူးမိခဲ့၏။ မနောက်ပြောင်ဖြစ်ဘဲ သူ့ဈေးရောင်းရသည့် ဝင်ငွေများကို မေးနေမိပြန်သည်။

သူသည် သူ့ရွာကလေးကို ရထားပေါ်မှ လှမ်းပြခဲ့၏။ သူ့ရွာကလေးမှာ သံလမ်း နှင့် မနီးမဝေးတွင် မန်ကျည်းပင်များ၊ တမာပင်များ အုပ်ဆိုင်းကာ ညိုနေသည်။ သူသည် ထိုရွာကလေး အတွင်းရှိ တဲအိမ်ကလေး တလုံးတွင် နေထိုင်သူဖြစ်၏၊

“လက်မှတ်စစ်ကြီး... သူများတို့ရွာ လာလယ်အုံးပေါ့၊ သူများတို့အိမ်ကိုတော့ မလာနဲ့နော်၊ ရှက်စရာကောင်းလို့ပါ"

သူသည် သူ့ရွာကလေးကို လက်ညှိုးထိုးပြနေခဲ့သည်။

သူ၏ မိဖများ လုပ်ကျွေးနေပုံကို သိရလျှင် ကျနော် စိတ်နှလုံးအိမ်၌ သူ့ကို လေးစားစိတ်၊ ခင်မင်စိတ်များ ပေါ်လာနေပြန်သည်။ သူသည် ချမ်းသဖြင့် တဘက်ကို ပြင်ခြုံလိုက်သည်။

“မင်းကို နောက်ဘယ်တော့မှ ကိုမဖမ်းတော့ဘူး … တကယ်ပြောတာ”

ကျနော်ပြောသည်ကို သူသည် ငေးကြည့်နေသည်။

“မင်းနာမယ် ညိုညိုနော် ... လက်မှတ်စစ် ထွန်းမြင့်တို့ မောင်ရွှေတို့ကို ပြောထားရမယ်၊ ညိုညိုဟာ ကိုယ့်ညီမလေးလို့ ကြားလား။ သူတို့ယုံပါတယ်။ မင်းနဲ့ကိုနဲ့ ရုပ်ချင်းလဲ ဆင်တယ်နော် ... မောင်နှမအရင်းဆိုရင်တောင် ယုံကြမှာ၊ မင်းကို လက်မှတ်စစ်ရင် ကိုရင်မောင့် ညီမညိုညိုလို့ ပြောပြလိုက်ပါ၊ သူတို့ မဖမ်းပါဘူး၊ တခုတော့ ပြောထား ရအုံးမယ် … အဲဒီလူတွေဟာ နာမယ်နဲ့လူတွေနော်။ မိန်းမဆို ရင် သူတို့
ဖို့ချည် ထင်ကြတာ၊ မင်းတို့အရွယ်ဆိုရင် အပျိုကြီးလှဘီလို့ ထင်ကြတာ၊ မရှက်နဲ့လေ .. ကို တကယ် သတိပေးနေတာ၊ ဒီလူတွေဟာ ခပ်တည်တည် နေနိုင်လို့တောင် တန်ကာမကျဘူး၊ တော်ကြာရင် မင်းလဲ အပျိုကြီး ဖြစ်လာတော့မှာနော်၊ အပျိုကြီးဖြစ်လာရင် ကိုတို့ကိုလဲ ခပ်တည်တည်နေ”

သူသည် မျက်နှာနီမြန်းနေကာ ခေါင်းငုံ့ထားနေပြန်သည်။ မြို့သစ်သို့ ရထားဆိုက်လျှင် သူ့တောင်းများကို ကမန်းကတမ်း ဆွဲချနေရင်း ကျနော့်ကို နှုတ်ဆက်နေ၏။

“အမေတို့ကိုပြောရမယ်။ အမေတို့ သိပ်ဝမ်းသာကြမှာ”ဟု ပြောနေသည်။

ကျနော်လည်း ရထားပေါ်မှ အဆင်းတွင် သူ့ကို ခေါင်းတချက်ပုတ်ပြီး ဂါတ်တွဲသို့ ကူးလာခဲ့လေသည်။

*****

အပိုင်း ၂ ဆက်ရန်

ရသလွင်ပြင်မှ

အတည်ပြောတာ ငါ့ကောင်တို့တကယ်ချစ်ရင် မာန မထားနဲ့ပြတ်သွားခဲ့ရင် မိုးလင်းတာနဲ့ နာကျင်ရတယ်Date - ဒိတ်
14/07/2023

အတည်ပြောတာ ငါ့ကောင်တို့
တကယ်ချစ်ရင် မာန မထားနဲ့
ပြတ်သွားခဲ့ရင် မိုးလင်းတာနဲ့ နာကျင်ရတယ်

Date - ဒိတ်

13/07/2023

လုပ်ရက်လိုက်တာ သူတို့မို့😔🥺

Address


Website

Alerts

Be the first to know and let us send you an email when 𝗶𝗚𝗮𝗺𝗶𝗲 : 𝗠𝗼𝗯𝗶𝗹𝗲 𝗟𝗲𝗴𝗲𝗻𝗱𝘀. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗶𝗚𝗮𝗺𝗶𝗲 : 𝗠𝗼𝗯𝗶𝗹𝗲 𝗟𝗲𝗴𝗲𝗻𝗱𝘀.:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share