Infinity Sports

  • Home
  • Infinity Sports

Infinity Sports Sport Media

23/08/2024

👏 မန်စီးတီးအသင်းကို တစ်နှစ်စာချုပ်နဲ့ ပြန်ရောက်လာတဲ့ ဂွန်ဒိုဂန်

10/08/2024

👏👏👏

ဖီအိုရင်တီးနားအသင်းထံ တစ်နှစ်စာချုပ်၊ တစ်နှစ်သက်တမ်းတိုးခွင့်နဲ့ ပြောင်းရွှေ့လာတဲ့
မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း
ဒယ်ဟေးယား

09/08/2024

ဘာစီလိုနာလေ့ကျင့်ရေးကွင်းကို
ရောက်ရှိလာတဲ့ အော်လ်မို

08/08/2024

မန်ချက်စတာစီးတီးအသင်းနဲ့ လာရောက်ပူးပေါင်းပြီဖြစ်တဲ့ ဒီဘရိုင်းနား

04/08/2024

⚽ Man Utd 0-3 Liverpool Highlight

04/08/2024

⚽ Real Madrid 1-2 Barcelona
Highlight

04/08/2024

⚽ Manchester City 4-2 Chelsea
Highlight

ဘာပေ ရီးယဲလ်ကစားသမား တရားဝင်ဖြစ်လာ×××××××××××××××××××××××××××××××××××ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ်တိုက်စစ်မှူး ဘာပေကို ခ...
04/06/2024

ဘာပေ ရီးယဲလ်ကစားသမား တရားဝင်ဖြစ်လာ

×××××××××××××××××××××××××××××××××××

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ်တိုက်စစ်မှူး ဘာပေကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။

ရီးယဲလ်ရဲ့ထုတ်ပြန်ချက်မှာ ဘာပေနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး လာမယ့်ရာသီ အသင်းကစားသမား ဖြစ်လာတော့မယ်လို့ရေးသားခဲ့ပါတယ်။

ဘာပေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရီးယဲလ်မက်ဒရစ်နဲ့ အကြိုသဘောတူညီမှု ရရှိထားတာဖြစ်တယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဘာပေဟာ ရီးယဲလ်နဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်။

တစ်နှစ်လစာ ယူရို ၁၅ သန်း ရရှိမှာဖြစ်ပြီး လက်မှတ်ထိုးကြေး ယူရို သန်း ၁၅၀ ကို ငါးနှစ်အတွင်း အရစ်ကျ ရရှိမှာဖြစ်ကာ ပုံရိပ်မူပိုင်ခွင့် ရာခိုင်နှုန်းလည်း အကျိုးခံစားခွင့် ရှိပါတယ်။

ရီးယဲလ်အသင်းသမိုင်းမှာ နာချိုနဲ့ မိုဒရစ် ဆုဖလားအများဆုံးကစားသမားများဖြစ်လာ×××××××××××××××××××××××××××××××××ရီးယဲလ်မက်ဒရစ...
02/06/2024

ရီးယဲလ်အသင်းသမိုင်းမှာ နာချိုနဲ့ မိုဒရစ် ဆုဖလားအများဆုံးကစားသမားများဖြစ်လာ

×××××××××××××××××××××××××××××××××

ရီးယဲလ်မက်ဒရစ်နောက်ခံလူ နာချိုနဲ့ ကွင်းလယ်လူ မိုဒရစ်တို့ဟာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူး
ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဆုဖလားအများဆုံး ကစားသမားတွေအဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။

၎င်းတို့နှစ်ဦးမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ဘန်ဇီမာ၊ မာဆယ်လိုတို့နဲ့အတူ ဆုဖလား
အများဆုံးအဖြစ် ၂၅ လုံးနဲ့ ပူးတွဲရပ်တည်နေရာမှ တစ်လုံးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

နှစ်ဦးစလုံး ရရှိတဲ့ဆုဖလားချင်းလည်း တူခဲ့ပြီး
ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၅ ကြိမ်၊ ဥရောပစူပါဖလား ၄ ကြိမ်၊ လာလီဂါ
ဖလား ၄ ကြိမ်၊ စပိန်ဘုရင့်ဖလား ၂ ကြိမ်နဲ့ စပိန်စူပါဖလား ၂ ကြိမ်စီ ရရှိခဲ့ပါတယ်။

ရီးယဲလ်အသင်းမှာ နာချိုက အသင်းခေါင်း
ဆောင်နဲ့ မိုဒရစ်က ဒုတိယအသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ကာဗာဟယ်လ်ကတော့ ရီးယဲလ်ကစားသမား
ဘဝမှာ ၂၅ လုံးမြောက် ရရှိပြီး ဘန်ဇီမာ၊ မာဆယ်လိုတို့နဲ့အတူ ရပ်တည်နိုင်ခဲ့ပါတယ်။

ရီးယဲလ်ကစားသမား လေးဦး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဆုဖလားအများဆုံးအဖြစ် ခြောက်ကြိမ်မြောက် ဆွတ်ခူးပြီးသမိုင်းမှတ်တိုင်သ...
02/06/2024

ရီးယဲလ်ကစားသမား လေးဦး ချန်ပီယံလိဂ်
သမိုင်းတစ်လျှောက် ဆုဖလားအများဆုံး
အဖြစ် ခြောက်ကြိမ်မြောက် ဆွတ်ခူးပြီး
သမိုင်းမှတ်တိုင်သစ် စိုက်ထူ

××××××××××××××××××××××××××××

ရီးယဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်မှာ
စံချိန်တင် ၁၅ ကြိမ်မြောက် ဗိုလ်စွဲပြီးနောက်
အသင်းကစားသမား လေးဦးက ချန်ပီယံလိဂ်
ဖလားကို အကြိမ်အများဆုံး ခြောက်ကြိမ်မြောက်စီ ဆွတ်ခူးကာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။

မိုဒရစ်၊ ခရို့စ်၊ ကာဗာဟယ်လ်နဲ့နာချိုတို့က ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ခြောက်ကြိမ်
ရခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်
မြင်ဆုံးကစားသမားတွေ ဖြစ်လာခဲ့တယ်။

မိုဒရစ်နဲ့ ကာဗာဟယ်လ်က ဗိုလ်စွဲတဲ့ ဖိုင်နယ်ပွဲ
ခြောက်ပွဲစလုံး ကစားခဲ့ပြီး ခရို့စ်က ၂၀၁၃ ကလွဲလို့ ကျန် ငါးပွဲကစားကာ နာချိုကတော့
၂၀၁၈နဲ့ ၂၀၂၄ ဖိုင်နယ်ပွဲတွေသာ ကစားခဲ့ပါတယ်။

European Cup ကိုပါထည့်တွက်ရင်တော့
ဒီကစားသမားလေးဦးက ရီးယဲလ်ဂန္ထဝင်ကစားသမား ဟင်တိုနဲ့အတူ ခြောက်ကြိမ်စီနဲ့ အများဆုံး ဖြစ်ခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်း မေဂျာလိဂ်ပြိုင်ပွဲမှာနှစ်ပွဲဆက် နိုင်ပွဲပျောက်××××××××××××××××××××××××××××××××××××အင်တာမိုင်ယာမီအသင်...
02/06/2024

အင်တာမိုင်ယာမီအသင်း မေဂျာလိဂ်ပြိုင်ပွဲမှာ
နှစ်ပွဲဆက် နိုင်ပွဲပျောက်

××××××××××××××××××××××××××××××××××××

အင်တာမိုင်ယာမီအသင်းဟာ အိမ်ကွင်းမှာ စိန့်လူးဝစ်စီးတီးအသင်းနဲ့ သုံးဂိုးစီ သရေကျပြီး မေဂျာ
လိဂ် နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ သုံးဂိုးစလုံး အရှုံးကနေ နောက်ကလိုက်ကစားခဲ့ရတာဖြစ်တယ်။

အင်တာမိုင်ယာမီရဲ့ဂိုးတွေကို မက်ဆီ၊ ဆွာရက်ဇ်၊
အယ်လ်ဘာတို့က တစ်ဂိုးစီ သွင်းယူပြီး ပထမဂိုး
နှစ်ဂိုးစလုံးကို အယ်လ်ဘာက ဖန်တီးပေးခဲ့ကာ
ဆွာရက်ဇ်ကတော့ ကိုယ့်ဂိုးကိုယ် တစ်ဂိုး သွင်းခဲ့
ပါတယ်။

တစ်ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ မေဂျာလိဂ်သမိုင်း
တစ်လျှောက် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု အမြန်ဆုံး ၂၅ ဂိုးပြည့်မြောက်တဲ့ ကစားသမား
အဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပြီး ၁၂ ပွဲမှာ ၁၂ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးကာ ၂၀၁၉ ခုနှစ်က ကားလို့စ်ဗေလာရဲ့ ၁၆ ပွဲကို ကျော်ဖြတ်ခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ အခုရာသီ မေဂျာလိဂ်သွင်းဂိုး ၁၂ ဂိုးအထိ ရှိလာခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ စံချိန်တင် ငါးကြိမ်မြောက် ဆွတ်ခူးတဲ့ပထမဆုံးနည်းပြ ဖြစ်လာ××××××××××××...
02/06/2024

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ စံချိန်တင် ငါးကြိမ်မြောက် ဆွတ်ခူးတဲ့
ပထမဆုံးနည်းပြ ဖြစ်လာ

××××××××××××××××××××××××××××××××

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ
ချန်ပီယံလိဂ်သမိုင်းမှာ ချန်ပီယံဆု ငါးကြိမ်ရတဲ့
ပထမဆုံးနည်းပြ ဖြစ်လာခဲ့တယ်။

အန်ဆယ်လော့တီအနေနဲ့ ၂၀၀၂-၀၃၊ ၂၀၀၆-၀၇ ရာသီတွေမှာ အေစီမီလန်အသင်းနဲ့ နှစ်ကြိမ်၊ ၂၀၁၃-၁၄၊ ၂၀၂၁-၂၂၊ ၂၀၂၂-၂၄ ရာသီတွေမှာ
ရီးယဲလ်မက်ဒရစ်အသင်းနဲ့ သုံးကြိမ် ရရှိခဲ့တာပါ။

အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်သမိုင်း
မှာ ဗိုလ်လုပွဲ ခြောက်ကြိမ် ကိုင်တွယ်ခွင့်ရတဲ့
ပထမဆုံးနဲ့ တစ်ဦးတည်းသောနည်းပြလည်း
ဖြစ်လာခဲ့တယ်။

ဒုတိယအအောင်မြင်ဆုံးအဖြစ် ဘော့ဘ်ပီစလေ၊ ဇီဒန်းနဲ့ ဂွါဒီယိုလာတို့က သုံးကြိမ်စီ ဆွတ်ခူးထား
ပါတယ်။

♦ အန်ဆယ်လော့တီရဲ့ အောင်မြင်မှုများ

🏆 1x Serie A
🏆 1x Premier League
🏆 1x Ligue 1
🏆 1x Bundesliga
🏆 2x La Liga
🏆 1x Coppa Italia
🏆 1x Supercoppa Italiana
🏆 1x FA Cup
🏆 1x Community Shield
🏆 2x Copa del Rey
🏆 2x Supercopa de Espana
🏆 2x DFL-Supercup
🏆 3x Club World Cup
🏆 4x UEFA Super Cup
🏆 5x Champions League

ချန်ပီယံလိဂ်ဖလားကို ရီးယဲလ်မက်ဒရစ် စံချိန်တင် ၁၅ ကြိမ်မြောက် ဆွတ်ခူး××××××××××××××××××××××××××××××××××××၂၀၂၃-၂၄ ရာသီ ချန...
02/06/2024

ချန်ပီယံလိဂ်ဖလားကို ရီးယဲလ်မက်ဒရစ် စံချိန်တင် ၁၅ ကြိမ်မြောက် ဆွတ်ခူး

××××××××××××××××××××××××××××××××××××

၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ မှာ ရီးယဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်အသင်းကို ၂-၀ ဂိုးနဲ့ နိုင်ပြီး စံချိန့်တင် ၁၅ ကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။

ရီးယဲလ်ရဲ့အနိုင်ဂိုးတွေကို ကာဗာဟယ်လ်က
၇၄ မိနစ်နဲ့ ဗင်နီစီယပ်စ်က ၈၃ မိနစ်တွေမှာ
သွင်းယူပေးခဲ့ပါတယ်။

ရီးယဲလ်အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နောက်ဆုံး ကိုးပွဲဆက်တိုက် အနိုင်ရ ဗိုလ်စွဲခဲ့တာဖြစ်တယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံး ၁၀
ရာသီမှာ ငါးကြိမ်အထိ ဆုဖလား ရယူနိုင်ခဲ့
ပါတယ်။

ဒေါ့မွန်ကတော့ ၁၉၉၇ ခုနှစ်မှာ ပထမဆုံးအကြိမ် ဗိုလ်စွဲပြီးကတည်းက ဆုဖလားနဲ့
ဝေးကွာနေမှုကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။

ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ရီးယဲလ်နောက်ခံလူ ကာဗာဟယ်လ်က
ရရှိခဲ့ပါတယ်။

ရီးယဲလ်ကစားသမား လေးဦး သမိုင်းမှတ်တမ်းသစ်ရေးထိုးနိုင်မလား××××××××××××××××××××××××××××××××××အခု ချန်ပီယံလိဂ် ဗိုလ်လုပွဲမှ...
01/06/2024

ရီးယဲလ်ကစားသမား လေးဦး သမိုင်းမှတ်တမ်းသစ်
ရေးထိုးနိုင်မလား

××××××××××××××××××××××××××××××××××

အခု ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းသာ ဗိုလ်စွဲနိုင်ရင် ရီးယဲလ်ကစားသမား လေးဦးက သမိုင်းမှတ်တမ်းသစ် ရေးထိုး
နိုင်ပါလိမ့်မယ်။

မိုဒရစ်၊ ခရို့စ်၊ ကာဗာဟယ်လ်နဲ့ နာချိုတို့က ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ငါးကြိမ်
ရထားပြီး အခုနှစ်မှာ ဗိုလ်စွဲရင် ဆုဖလားအများဆုံး ကစားသမားတွေ ဖြစ်လာပါလိမ့်မယ်။

မိုဒရစ်နဲ့ ကာဗာဟယ်လ်က ဗိုလ်စွဲတဲ့ ဗိုလ်လုပွဲ ငါးပွဲစလုံး ကစားခဲ့ပြီး ခရို့စ်က ၂၀၁၄ ကလွဲလို့ ကျန်
လေးပွဲကစားကာ နာချိုကတော့ ၂၀၁၈ ဗိုလ်လုပွဲတစ်ပွဲသာ ကစားခဲ့ပါတယ်။

European Cup ပါဝင်ရင်တော့ ရီးယဲလ်ဂန္ထဝင်ကစားသမား ဟင်တိုက ခြောက်ကြိမ်နဲ့ အများဆုံး ဖြစ်ထားပါတယ်။

မိုဒရစ်နဲ့ နာချိုကတော့ ချန်ပီယံလိဂ်ဖလား ထပ်ရရင် ရီးယဲလ်အသင်းသမိုင်းမှာ ဆုဖလားအများဆုံးကစားသမားအဖြစ် ဖလား ၂၆ လုံးနဲ့ မှတ်တမ်းသစ်
ရေးထိုးနိုင်ပါလိမ့်မယ်။

ဗိုလ်လုပွဲအတွက် အသင့်ရှိနေပြီး ဘာမဆိုဖြစ်နိုင်တယ်လို့ ဒေါ့မွန်နည်းပြ ကြုံးဝါး×××××××××××××××××××××××××××ဒေါ့မွန်အသင်းနည်...
01/06/2024

ဗိုလ်လုပွဲအတွက် အသင့်ရှိနေပြီး ဘာမဆိုဖြစ်နိုင်တယ်လို့ ဒေါ့မွန်နည်းပြ ကြုံးဝါး

×××××××××××××××××××××××××××

ဒေါ့မွန်အသင်းနည်းပြ တယ်ဇစ်က
ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် အသင့်ရှိ
နေပြီး ဘာမဆိုဖြစ်နိုင်တယ်လို့ ကြုံးဝါး
ခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တတိယအကြိမ်မြောက် ရောက်ရှိလာပြီး ၁၉၉၇
က ဗိုလ်စွဲကာ ၂၀၁၃ မှာတော့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

"သူတို့ဟာ ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီရာသီမှာ သူတို့ဟာ နှစ်ပွဲပဲ ရှုံးခဲ့ပါတယ်။ ဒါပေမဲ့
ကျွန်တော်တို့လည်း အမြင့်ဆုံးအဆင့်မှာ ကစားဖို့ အသင့်ဖြစ်နေပါပြီ။ ဗိုလ်လုပွဲတစ်ပွဲမှာ
ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒီရာသီမှာ ပွဲများစွာ ကစားခဲ့ပြီး ပွဲ ၆၀ လောက် ရှိပါတယ်။ ဒီ ပွဲ ၆၀ က ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုပါပဲ"လို့ တယ်ဇစ်က ပြောခဲ့ပါတယ်။

အသက် ၄၁ နှစ်သာရှိသေးတဲ့ တယ်ဇစ်ဟာ နည်းပြဘဝမှာ ဒေါ့မွန်အသင်းနဲ့ ၂၀၂၁ ဂျာမန်ဖလားသာ ရရှိခဲ့ဖူးပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲက ဘောလုံးလောကရဲ့ အန္တရာယ်အများဆုံးပွဲလို့ အန်ဆယ်လော့တီ ဆို×××××××××××××××××××××××××××××ရီးယဲလ်မက်...
01/06/2024

ချန်ပီယံလိဂ် ဗိုလ်လုပွဲက ဘောလုံးလောကရဲ့
အန္တရာယ်အများဆုံးပွဲလို့ အန်ဆယ်လော့တီ ဆို

×××××××××××××××××××××××××××××

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်
လော့တီက ဘောလုံးလောကမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲက အန္တရာယ်အများဆုံးပွဲလို့
ပြောခဲ့ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ယနေ့
(မြန်မာစံတော်ချိန် ဇွန် ၂ ရက် နံနက် တစ်နာရီခွဲ)ကစားမှာ ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်
အသင်းက ပိုရေပန်းစားတဲ့အသင်းအဖြစ်
ရပ်တည်နေတာပါ။

"ချန်ပီယံလိဂ် ဗိုလ်လုပွဲက အရေးအကြီးဆုံး ပွဲတစ်ပွဲ ဖြစ်သလို၊ အန္တရာယ်အရှိဆုံးပွဲလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗိုလ်လုပွဲ
ကစားရတာ ပျော်ပါတယ်။ ဒါပေမဲ့ အမှားအယွင်းရှိနိုင်တယ်ဆိုတာလည်း သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချန်ပီယံလိဂ် ဗိုလ်စွဲမှုဆိုတဲ့ ဘောလုံးမှာ အရေးအကြီးဆုံးအရာနဲ့ အနီးကပ်ဆုံး ဖြစ်နေလို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ထံ
ကနေ လွတ်မြောက်သွားနိုင်တဲ့
အကြောက်တရားလည်း ရှိပါတယ်။ အရာရာတိုင်း အလွန်ကောင်းရပါမယ်။ ကံကြမ္မာကောင်းရဖို့လည်း လိုပါတယ်။
အောင်မြင်မှုက အရမ်းနီးကပ်နေပါပြီ"လို့
အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ယန်နဲ့ ဒုတိယအကျော့မှာ ပြန်လာနိုင်တာဟာ ရီးယဲလ်ရဲ့အရည်အသွေးပဲလို့
မှတ်ချက်ပြုခဲ့ပါတယ်။

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်သမိုင်းမှာ အအောင်မြင်ဆုံး နည်းပြအဖြစ်
လေးကြိမ် ဗိုလ်စွဲထားပါတယ်။

ချိန်ခွင်လျှာ တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ××××××××××××××××××××××××××××××၂၀၂၃-၂၄ ဘောလုံးရာသီ ချန်ပီ...
01/06/2024

ချိန်ခွင်လျှာ တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့
ချန်ပီယံလိဂ် ဗိုလ်လုပွဲ

××××××××××××××××××××××××××××××

၂၀၂၃-၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ယနေ့ည (မြန်မာစံတော်ချိန် ဇွန် ၂ ရက် နံနက် တစ်နာရီခွဲ)မှာ ဒေါ့မွန်နဲ့ ရီးယဲလ်မက်ဒရစ်တို့
ယှဥ်ပြိုင်ကစားမှာဖြစ်ပြီး ချန်ပီယံလိဂ်ဘုရင်နဲ့
ဆယ်စုနှစ် နှစ်ခုကျော်ကြာ အိပ်မက်အတွက်
ရင်ဆိုင်မှုက စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဗိုလ်လုပွဲကျင်းပမယ့် လန်ဒန်မြို့ရှိ ဝင်ဘလေ
ကွင်းက ချန်ပီယံလိဂ် (ယခင် European Cup) ဗိုလ်လုပွဲတွေကို ၈ ကြိမ်မြောက် လက်ခံကျင်းပမှာဖြစ်ပြီး ၁၉၆၃၊ ၁၉၆၈၊ ၁၉၇၁၊ ၁၉၇၈၊ ၁၉၉၂၊ ၂၀၁၁၊ ၂၀၁၃ ခုနှစ်တွေမှာ လက်ခံကျင်းပခဲ့ဖူးပါတယ်။

အခုနှစ်ဗိုလ်လုပွဲ ရေပန်းစားမှုမှာ ၁၄ ကြိမ် ချန်ပီယံဖြစ်ထားတဲ့ ရီးယဲလ်က အပြတ်အသတ် ရေပန်းစားနေပြီး ချန်ပီယံ အလေးပေးချက်မှာ ရီးယဲလ်က
၄:၁၁ လေးနဲ့ ဒေါ့မွန်ကတော့ ၅:၂လေးပဲ ရှိပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပထမဆုံးအကြိမ် တွေ့ဆုံကြတာဖြစ်ပြီး ရီးယဲလ်က ၆ ပွဲနိုင်၊ ၅ ပွဲသရေ၊
၃ ပွဲရှုံးနဲ့ အသာရထားပါတယ်။

ရီးယဲလ်အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ဂျာမန်ကလပ်နဲ့ နှစ်ကြိမ်သာ တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်
စလုံး အနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်တဲ့ နောက်ဆုံး ၈ ကြိမ်စလုံး အနိုင်ရ
ဗိုလ်စွဲထားပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းအများဆုံး အဖြစ် ရပ်တည်နေတဲ့ ရော်နယ်လ်ဒို×××××××××××××××××××××××××××××××××၁၉၉၂-၉၃ ...
01/06/2024

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းအများဆုံး
အဖြစ် ရပ်တည်နေတဲ့ ရော်နယ်လ်ဒို

×××××××××××××××××××××××××××××××××

၁၉၉၂-၉၃ ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အမည်ပြောင်းလဲပြီးနောက် ဗိုလ်လုပွဲတွေမှာ
ဂိုးသွင်းအများဆုံးအဖြစ် ရော်နယ်လ်ဒိုက
ထိပ်ဆုံးက ရပ်တည်နေတာဖြစ်တယ်။

ရော်နယ်လ်ဒိုဟာ ၂၀၀၇-၀၈ ရာသီမှာ ယူနိုက်တက်နဲ့ တစ်ဂိုး၊ ၂၀၁၃-၁၄ ရာသီမှာ ရီးယဲလ်နဲ့ တစ်ဂိုး၊
၂၀၁၆-၁၇ ရာသီမှာ ရီးယဲလ်နဲ့ နှစ်ဂိုး သွင်းယူခဲ့ပြီး ဂိုးသွင်းတဲ့ဗိုလ်လုပွဲတိုင်း သူကစားတဲ့အသင်း ချန်ပီယံဖြစ်ခဲ့ပါတယ်။

ယခင် European Cup ခေတ်ပါထည့်တွက်ရင်တော့ ရီးယဲလ်ဂန္ထဝင် ဒီစတက်ဖာနိုနဲ့ ပွတ်ရှ်ကပ်စ်တို့က
၇ ဂိုးအထိ အများဆုံး သွင်းယူထားပါတယ်။

ယနေ့ကစားမယ့် ဗိုလ်လုပွဲရောက်နှစ်သင်းဖြစ်တဲ့
ရီးယဲလ်နဲ့ ဒေါ့မွန်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ဂိုးသွင်း
ဖူးတာဆိုလို့ ၂၀၂၁-၂၂ ရာသီ အနိုင်ဂိုးရှင်
ရီးယဲလ်ကစားသမား ဗင်နီစီယပ်စ် တစ်ဦးပဲ
ရှိပါတယ်။

👉 ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဂိုးသွင်းအများဆုံးများ

4Cristiano Ronaldo (Man United, Real Madrid)
3Gareth Bale (Real Madrid)
2Samuel Eto'o (Barcelona)
2Filippo Inzaghi (AC Milan)
2Daniele Massaro (AC Milan)
2Lionel Messi (Barcelona)
2Sergio Ramos (Real Madrid)
2Ral Gonzlez (Real Madrid)
2Mario Manduki (Bayern, Juventus)
2Hernn Crespo (AC Milan)
2Diego Milito (Inter)
2Karl-Heinz Riedle (Dortmund)

နာပိုလီအသင်းနဲ့ ကွန်တီ အပြီးသတ် သဘောတူညီမှု ရရှိပြီး မကြာမီ အတည်ပြု ကြေညာဖွယ်ရှိ ×××××××××××××××××××××××××××××××××နာပိုလ...
01/06/2024

နာပိုလီအသင်းနဲ့ ကွန်တီ အပြီးသတ် သဘောတူညီမှု ရရှိပြီး မကြာမီ အတည်ပြု ကြေညာဖွယ်ရှိ

×××××××××××××××××××××××××××××××××

နာပိုလီအသင်းဟာ အီတလီလူမျိုးနည်းပြ ကွန်တီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အပြီးသတ်သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင် တရားဝင်
ကြေညာဖို့ ရှိပါတယ်။

Add-ons ကြေး၊ လစာငွေ၊ ပုံရိပ်မူပိုင်ခွင့်နဲ့ နည်းပြအဖွဲ့ဝင်များအတွက်စတဲ့ အသေးစိတ် အချက်
အလက် အားလုံးအတွက် သဘောတူညီမှု
ရရှိခဲ့တာပါ။

ကွန်တီအနေနဲ့ သုံးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုမှာဖြစ်ပါတယ်။

ကွန်တီဟာ အသင်းသမိုင်းတစ်လျှောက်နဲ့ လက်ရှိ
စီးရီးအေနည်းပြတွေထဲမှာ လစာအများဆုံး
ဖြစ်လာပါလိမ့်မယ်။

ကွန်တီအနေနဲ့ နည်းပြဘဝမှာ စီးရီအေချန်ပီယံဆုကို ဂျူဗင်တပ်စ်နဲ့ အင်တာအသင်းနဲ့ တစ်ကြိမ် ရရှိခဲ့ပါတယ်။

ဖီနာဘာချီနဲ့ မော်ရင်ညို စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်တယ်လို့ သတင်းထွက်ပေါ်×××××××××××××××××××××××××××××××××ပေါ်တူဂီနာမည်ကြီ...
01/06/2024

ဖီနာဘာချီနဲ့ မော်ရင်ညို စာချုပ်ချုပ်ဆိုခဲ့ပြီး
ဖြစ်တယ်လို့ သတင်းထွက်ပေါ်

×××××××××××××××××××××××××××××××××

ပေါ်တူဂီနာမည်ကြီးနည်းပြ မော်ရင်ညိုဟာ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ စာချုပ်ချုပ်ဆို
ပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မော်ရင်ညိုနဲ့ ဖီနာဘာချီအသင်းအကြား မေလ ၃၁ နံနက်မှာပဲ ကနဦး သဘောတူညီမှု ရခဲ့ပြီး အဆိုပါ
နေ့မှာပဲ လက်မှတ်ထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မော်ရင်ညိုရဲ့စာချုပ်သက်တမ်းက နှစ်နှစ်ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။

မော်ရင်ညိုဟာ သူ၏နည်းပြဘဝမှာ ငါးနိုင်ငံက ကလပ်အသင်းတွေကို နည်းပြဖူးသူ ဖြစ်လာပါလိမ့်မယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကော်တွိုက်စ် ပွဲထွက်ကစားမယ်လို့ အန်ဆယ်လော့တီ အတည်ပြု×××××××××××××××××××××××××××××××××ရီးယဲလ်မ...
01/06/2024

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကော်တွိုက်စ် ပွဲထွက်ကစားမယ်လို့ အန်ဆယ်လော့တီ အတည်ပြု

×××××××××××××××××××××××××××××××××

ရီးယဲလ်မက်ဒရစ် ဝါရင့်ဂိုးသမား ကော်တွိုက်စ်ဟာ ယနေ့ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ
ပွဲထွက်ကစားမယ်လို့ နည်းပြ အန်ဆယ်လော့တီက အတည်ပြုခဲ့ပါတယ်။

ကော်တွိုက်စ်ဟာ ရာသီကြိုမှာ ဒူးဒဏ်ရာရရှိခဲ့လို့ တစ်ရာသီလုံးနီးပါး အနားယူခဲ့ရပြီး အခုလအတွင်းမှာမှ ပြန်ကစားနိုင်ခဲ့တာဖြစ်တယ်။

"လူနင်ဟာ တုပ်ကွေးမိနေပြီး ကျွန်တော်တို့နဲ့အတူ
မလိုက်ပါနိုင်ခဲ့ဘူး။ မနက်ဖြန်မှ သူ ရောက်လာ
ပါလိမ့်မယ်။ ပြီးတော့ အရန်ခုံမှာ ရှိပါလိမ့်မယ်။ ကော်တွိုက်စ်က မနက်ဖြန်ပွဲ ကစားပါလိမ့်မယ်"လို့
အန်ဆယ်လော့တီက မေလ ၃၁ရက်မှာပြုလုပ်တဲ့
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကော်တွိုက်စ်ဟာ အခုရာသီအတွင်း လေးပွဲသာ ကစားထားပြီး လေးပွဲစလုံး Clean Sheet ရခဲ့ပါတယ်။

ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲမှာ Al Nassr ကိုပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့Al Hilal အသင်း တစ်ရာသီအတွင်း သမိုင်းဝင်ဖလ...
01/06/2024

ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲမှာ Al Nassr ကို
ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့
Al Hilal အသင်း တစ်ရာသီအတွင်း သမိုင်းဝင်
ဖလား သုံးလုံး ရယူ

×××××××××××××××××××××××××××××××

ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ Al Nassr အသင်းဟာ Al Hilal အသင်းကို ပယ်နယ်တီ
အဆုံးအဖြတ်နဲ့ ရှုံးခဲ့ပြီး ထပ်မံအရေးနိမ့်ခဲ့
ရပါတယ်။

ရော်နယ်လ်ဒိုရဲ့ Al Nassr အနေနဲ့ ဆော်ဒီလိဂ်မှာလည်း Al Hilalနောက် ဒုတိယသာ ရခဲ့သလို၊
စူပါဖလားမှာ ဆီမီးဖိုင်နယ်နဲ့ အခု ဘုရင့်ဖလား ဗိုလ်လုပွဲ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း
အရေးနိမ့်ခဲ့တာဖြစ်တယ်။

Al Hilal အသင်းက ပထမပိုင်း သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ၈၈ မိနစ်ရောက်မှ Al Nassr အသင်း ချေပဂိုး သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီသရေကျခဲ့ကာ ပယ်နယ်တီမှာတော့ Al Hilal က ၅-၄ ဂိုးနဲ့
အနိုင်ရခဲ့တာဖြစ်တယ်။

Al Hilal အသင်းဟာ အခုရာသီမှာ ပရိုလိဂ်ဖလား၊
စူပါဖလားနဲ့ အခု ဘုရင့်ဖလားစတဲ့ ဖလား သုံးလုံး
စလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Al Nassr အသင်းဟာ ၅၆ မိနစ်ကတည်းက ဂိုးသမား အော့စ်ပင်နာ အထုတ်ခံရပြီး Al Hilal ကတော့ ကူလီဘလီ အပါအဝင် ကစားသမား
နှစ်ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရတဲ့ လက်စတာ×××××××××××××××××××××××××လက်စတာအသင်းဟာ လိဂ်ချန်ပီယံရှစ် ရာသီပြီးဆုံးဖို့ နှ...
27/04/2024

ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရတဲ့ လက်စတာ

×××××××××××××××××××××××××

လက်စတာအသင်းဟာ လိဂ်ချန်ပီယံရှစ် ရာသီပြီးဆုံးဖို့ နှစ်ပွဲအလိုမှာပဲ ပရီးမီးယားလိဂ်ကို
တန်းပြန်တက်ခွင့် ရရှိခဲ့ပါတယ်။

ဒုတိယနေရာက လိဒ်စ်အသင်း QPR ကို
မထင်မှတ်ဘဲ အရေးနိမ့်ခဲ့လို့ လက်စတာအနေနဲ့
တိုက်ရိုက်တန်းတက်ခွင့် ရရှိခဲ့တာဖြစ်တယ်။

လက်စတာအသင်းဟာ လိဂ်ချန်ပီယံရှစ် အမှတ်ပေးဇယားမှာ တောက်လျှောက်ဦးဆောင်ခဲ့ပေမဲ့
ရာသီအဆုံးသတ်ပိုင်းမှာ အမှတ်တွေလျော့ခဲ့လို့
အခုမှ တန်းတက်ခွင့်ရခဲ့ပါတယ်။

တိုက်ရိုက်တန်းတက်ခွင့် လက်ကျန်တစ်နေရာကို
တော့ လိဒ်စ်နဲ့ အစ်ဝစ်ချ်အသင်း ယှဥ်လုရမှာ
ဖြစ်ပြီး လက်ကျန်သုံးပွဲရှိနေသေးတဲ့ အစ်ဝစ်ချ်က
အလားအလာကောင်းနေပါတယ်။

အဆင့် ၃ ကနေ ၆ အထိ လေးသင်းကတော့
တန်းတက်ခွင့်တစ်နေရာအတွက် Play-offs
ထပ်ကစားရပါလိမ့်မယ်။

👉 အာဆင်နယ်နှင့် လီဗာပူးလ်အသင်းများ၏ ယခုရာသီ လန်ဒန်မြို့ခံပြိုင်ဘက်များနှင့် တွေ့ဆုံမှုအခြေအနေ
23/04/2024

👉 အာဆင်နယ်နှင့် လီဗာပူးလ်အသင်းများ၏
ယခုရာသီ လန်ဒန်မြို့ခံပြိုင်ဘက်များနှင့် တွေ့ဆုံမှုအခြေအနေ

မီလန်ဒါဘီမှာ နိုင်ပွဲရခဲ့တဲ့ အင်တာအသင်း စီးရီးအေချန်ပီယံအဖြစ် အောင်ပွဲခံ××××××××××××××××××××××××××××××××××အင်တာမီလန်အသင်...
23/04/2024

မီလန်ဒါဘီမှာ နိုင်ပွဲရခဲ့တဲ့ အင်တာအသင်း
စီးရီးအေချန်ပီယံအဖြစ် အောင်ပွဲခံ

××××××××××××××××××××××××××××××××××

အင်တာမီလန်အသင်းဟာ မီလန်ဒါဘီမှာ အေစီမီလန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် လက်ကျန်ငါးပွဲအလိုမှာ ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပါတယ်။

အင်တာအနေနဲ့ ၃၃ ပွဲကစားအပြီးမှာ ၈၆ မှတ်ရထားကာ ဒုတိယနေရာက အေစီမီလန်ကို ၁၇ မှတ် ဖြတ်ထားနိုင်လို့ ချန်ပီယံအဖြစ် စောစောစီးစီး
အောင်ပွဲခံခဲ့တာပါ။

အခုစီးရီးအေချန်ပီယံဆုဟာ အင်တာအဖို့ အကြိမ် ၂၀ မြောက် ရရှိခဲ့တာလည်း ဖြစ်တယ်။

အင်တာအသင်းဟာ ဂျူဗင်တပ်စ်(၃၆ ကြိမ်)ပြီးနောက် အေစီမီလန်(၁၉ ကြိမ်)ကို ကျော်ဖြတ်ကာ
စီးရီးအေမှာ ဒုတိယအအောင်မြင်ဆုံး ဖြစ်လာခဲ့တယ်။

ပါလ်မာရဲ့ အိမ်ကွင်းနှစ်ပွဲဆက် ဟက်ထရစ်နဲ့အဲဗာတန်ကို ဂိုးဒါဇင်ဝက်သွင်းခဲ့တဲ့ ချယ်လ်ဆီး ×××××××××××××××××××××××××××××××××ချ...
16/04/2024

ပါလ်မာရဲ့ အိမ်ကွင်းနှစ်ပွဲဆက် ဟက်ထရစ်နဲ့
အဲဗာတန်ကို ဂိုးဒါဇင်ဝက်သွင်းခဲ့တဲ့ ချယ်လ်ဆီး

×××××××××××××××××××××××××××××××××

ချယ်လ်ဆီးအသင်းဟာ ကိုးလ်ပါလ်မာရဲ့ ပရီးမဖိး
ယားလိဂ် အိမ်ကွင်းနှစ်ပွဲဆက် ဟက်ထရစ်နဲ့အတူ အဲဗာတန်ကို ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရခဲ့ပါတယ်။

ပါလ်မာရဲ့လေးဂိုးမှာ ပယ်နယ်တီတစ်ဂိုး ပါဝင်ပြီး ဂျက်ဆန်နဲ့ ဂေးလ်ခရစ်တို့ကလည်း တစ်ဂိုးစီ သွင်းခဲ့ပါတယ်။

ပါလ်မာအနေနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း နှစ်ပွဲဆက် ဟက်ထရစ်ရခဲ့တာဖြစ်တယ်။

၂၉ မိနစ်အတွင်းသွင်းယူတဲ့ ပါလ်မာရဲ့ဟက်ထရစ်ဟာ ချယ်လ်ဆီးသမိုင်းမှာ အမြန်ဆုံးဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၀ မတ်လက ဗီလာနဲ့ပွဲမှာ လမ်းပတ် လေးဂိုးသွင်းပြီးနောက် ပရီးမီးယားလိဂ် တစ်ပွဲတည်း လေးဂိုးသွင်းနိုင်တဲ့ ပထမဆုံး ချယ်လ်ဆီး
ကစားသမား ဖြစ်လာခဲ့တယ်။

လီဗာပူးလ် ၀-၁ ခရစ္စတယ်ပဲလေ့စ်
14/04/2024

လီဗာပူးလ် ၀-၁ ခရစ္စတယ်ပဲလေ့စ်

မန်စီးတီးကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို နည်းပြ ဂွါဒီယိုလာ ချီးကျူးစကားဆို××××××××××××××××××××××××××××××...
10/04/2024

မန်စီးတီးကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို နည်းပြ ဂွါဒီယိုလာ ချီးကျူးစကားဆို

××××××××××××××××××××××××××××××

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက
ရီးယဲလ်မက်ဒရစ်နဲ့ သုံးဂိုးစီသရေကျတဲ့ ပွဲအပြီးမှာ အသင်းကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို ချီးကျူးခဲ့ပါတယ်။

"နောက်ဆုံး သုံးရာသီအတွင်း ဒီရလဒ်၊ ဒီပွဲက
အတူရှိခဲ့ပါတယ်။ ကျွန်တော်တို့ ၁-၄ ဂိုး၊
၁-၅ ဂိုးနဲ့တောင် ရှုံးသွားနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု မရှိရင်ပေါ့။ ဒီလိုပွဲတွေမှာ အဓိကအချက်တစ်ခုက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ဖို့ပါ။ ဒါက အခြေခံအကြောင်းတရားပါပဲ။ အနာဂတ်မှာ ပိုကောင်းအောင်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။
နောက်အပတ်မှာ ကျွန်တော်တို့ အိမ်ကွင်း
ကစားရမယ်။ ကျွန်တော်တို့ပရိသတ်တွေက
လက်တစ်စုံနဲ့ ကူညီပါလိမ့်မယ်"လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၂၅ ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တာဖြစ်တယ်။

မန်စီးတီးအသင်းခေါင်းဆောင် ဒီဘရိုင်းနားကတော့ နေမကောင်းဖြစ်နေလို့ ဒီပွဲမှာ မပါဝင်နိုင်ခဲ့တာဖြစ်တယ်။

ဘိုင်ယန်တိုက်စစ်မှူး ဟာရီကိန်းကို ကြောက်စရာမလိုဘူးလို့ အော်ဒီဂွါ ကြုံးဝါး×××××××××××××××××××××××××××××××အာဆင်နယ်အသင်းခေါ...
09/04/2024

ဘိုင်ယန်တိုက်စစ်မှူး ဟာရီကိန်းကို ကြောက်စရာ
မလိုဘူးလို့ အော်ဒီဂွါ ကြုံးဝါး

×××××××××××××××××××××××××××××××

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါက ယနေ့ကစားမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲမှာ ပြိုင်ဘက်တိုက်စစ်မှူး ဟာရီကိန်းကို ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်အသင်းဟာ ပြည်တွင်းမှာ အခြေအနေမကောင်းပေမဲ့ ဟာရီကိန်းက ပုံမှန်ဂိုးသွင်းခြေစွမ်းရနေကာ ပြိုင်ပွဲစုံ ၃၈ ဂိုး သွင်းယူပေးထားပါတယ်။

ဒါ့အပြင် အာဆင်နယ်နဲ့တွေ့ဆုံမှု ၁၉ ပွဲမှာလည်း ဟာရီကိန်းက ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

''သူက ကစားသမားကောင်းတစ်ယောက်ပါ။ ဧရိယာထဲမှာ သူ အရည်အသွေးရှိတာ ကျွန်တော်တို့ သိပါတယ်။ သူ့ကို လေးစားမှုရှိသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ကျွန်တော်တို့ မကြောက်သင့်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ရပါမယ်'' လို့ အော်ဒီဂွါက ပြောခဲ့ပါတယ်။

ဟာရီကိန်းဟာ အခုရာသီ ချန်ပီယံလိဂ် ၈ ပွဲမှာ ၆ ဂိုး သွင်းထားပြီး ဟာလန်း၊ ဘာပေ၊ ဂရီးဇ်မန်းတို့နဲ့အတူ အများဆုံးဖြစ်နေပါတယ်။

★ မန်စီးတီး - ဘန်လေပွဲမှ ထူးခြားချက်များမန်စီးတီး - ၂ဘန်လေ - ဝမန်စီးတီး - ဘာနာဒိုဆေးလ်ဗား(၁၂ မိနစ်)၊ ဒီဘရိုင်းနား(၇၀ မိန...
17/10/2021

★ မန်စီးတီး - ဘန်လေပွဲမှ ထူးခြားချက်များ

မန်စီးတီး - ၂
ဘန်လေ - ဝ

မန်စီးတီး - ဘာနာဒိုဆေးလ်ဗား(၁၂ မိနစ်)၊ ဒီဘရိုင်းနား(၇၀ မိနစ်)

- မန်စီးတီးအသင်းသည် ဘန်လေအသင်းကို ပြိုင်ပွဲစုံ (၉)ပွဲဆက် အနိုင်ကစားခဲ့ပြီး (၃၂)ဂိုးသွင်းကာ (၁)ဂိုးသာ ပေးခဲ့ရသည်။

- မန်စီးတီးအသင်းသည် ယခုရာသီ (၈)ပွဲကစားအပြီးတွင် Clean Sheet (၆)ပွဲအထိ ရရှိထားသည်။

- ဘန်လေသည် အမှတ်ပေးပွဲ (၁၁)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး အင်္ဂလိပ်ထိပ်တန်းလိဂ်(၄)ခုတွင် ဆက်တိုက်နိုင်ပွဲပျောက်မှု အများဆုံးဖြစ်နေသည်။

Image: Premier League

Address


Website

Alerts

Be the first to know and let us send you an email when Infinity Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share