Monywa Revolution

  • Home
  • Monywa Revolution

Monywa Revolution Monywa Revolution သတင်းဌာနသည် ပြည်သူပိုင် သတင်?
(192)

12/10/2022

အဆင်မပြေခြင်းတွေ အခက်အခဲတွေ များစွာနဲ့ သတင်းတွေ ဆက်လက် မလုပ်ဆောင်နိင်ခြင်း

ကျနော်တို့ ထောက်ပို့ ရဲဘော်အချို့ ဖမ်းဆီးခံရပြီးနောက်ပိုင်း ကျန် အဖွဲ့သားများ လွတ်မြောက်ရာ တိမ်းရှောင်နေရခြင်းကြောင့် သတင်းများ မလိုက်နိင်ခြင်း

ယနေ့မှ စ သတင်းများကို အချိန်နှင့်တပြေးညီ တင်ပေးနိင်ဖို့ ကျနော်တို့ အဖွဲ့ ပြန်လာပါပြီ

25/07/2022

စကစဖက်က ၅ သိန်း ငါတို့က သန်း၅၀ ဆိုပေမယ့် ဒင်းတို့ ၅ သိန်းက ညီတယ်
ဒင်းတို့က ကိုယ်တွေ ကို $ ကျင့်ယုတ်ဖို့ အစွမ်းကုန်အားထည့်ထားတာ

ကိုယ်တွေ သန်း ၅၀ မှာ
သန်း ၃၀ က Non CDM၊ ၁၅ သန်းက သာကူးခရိုနီ
ကျန်တဲ့ ၅ သန်းမှာ ၄ သန်းက ပိုက်ဆံလည်း မထည့် click လည်း မလုပ် ဘယ်သူသေသေ ငတေမာရင်ပြီးရော
ကျန်တဲ့ ၁ သန်း မှာ ၅ သိန်းလောက်က စစ်ပြေးနေရ
ကျန်တဲ့ ၅ သိန်း မှာ အဖမ်းခံရ အသက်တွေပေးသွားရနဲ့
တစ်ကယ်တန်း ကိုယ်တွေအားက တစ်သိန်းတောင်ရှိရဲ့လားပဲ

မတရားမှုကို လက်ပိုက်ကြည့်နေရင် မတရားမှုက သင့်အိမ်တံခါးကို တစ်နေ့တံခါးလာခေါက်မှာပါ
စကစဖက်က လူတွေက 100% အားထည့်နေတဲ့ အချိန်မှာ သင်က 10% တောင် အားထည့်ရဲ့လား

တော်လှန်ရေးက ၂ နှစ်နားကပ်လာပြီ မအောင်သေးဘူးလား ဘာလို့မအောင်သေးတာလဲ ဆိုတာကို NUG PDF UG တွေကို မမေးပါနဲ့ သင့်ကိုသင်ပဲမေးပါ

Crd

ဒီအသက်အရွယ်ဟာ မိသားစုတွေနဲ့ပျော်ရွှင်စွာ နေထိုင်ပြီး ဘဝကို ဖြတ်သန်းရမဲ့အရွယ် ဒါပေမဲ့ ပြည်သူအတွက် သူမရဲ့ အသက်ကိုရင်းပြီး ...
19/06/2022

ဒီအသက်အရွယ်ဟာ မိသားစုတွေနဲ့ပျော်ရွှင်စွာ နေထိုင်ပြီး ဘဝကို ဖြတ်သန်းရမဲ့အရွယ် ဒါပေမဲ့ ပြည်သူအတွက် သူမရဲ့ အသက်ကိုရင်းပြီး ယနေအချိန်ထိ ပေးဆပ်နေဆဲ..

စစ်အာဏာရှင်တွေသာ နှစ်ပေါင်းများစွာ ပြောင်းသွားတယ် မိန်းမအိုကြီးကို ယောက်ျားတွေတန်မဲ့ လက်နက်အားကိုပြီး အနိုင်ယူကြပေမဲ့ ကျနော်တို့ရဲ့ ပြည်သူ့မိခင်ကတော့ယနေ့အချိန်ထိ...

"ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ"

အခုချိန် စစ်ခွေးတွေရဲ့ လက်ထဲမှာ ဘယ်လိုတွေဖြစ်နေတာလဲဆိုတာ မသိရပေမဲ့ မွေးနေ့မှာ ကျန်းမာပြီး ဘေးအန္တာရာယ် ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အမေစု. ❤️

ပြည်သူတစ်ယောက်အနေနဲ့..

"အရမ်းလွမ်းတယ် အမေ"

- ပုံကတော့ စခွေးတွေ မတရားဖမ်းဆီးပြီး နိုင်ငံကို အာဏာမသိမ်းခင် တစ်ချိန်တုန်းက အမေစုရဲ့ Page မှာ သူကိုယ်တိုင်တင်ထားတဲ့ပုံလေးပေါ့...

crd

11/06/2022

ဘုရားနီထိပ် စခ/ရခ အစစ်အဆေးရှိ

အမှတ်(4) ကျောင်းထိပ် ခ၃ ကောင် ရှိ

ဒီအဖွဲ့ အတွက် အကူအညီလေး တောင်းခံပါရစေ🙏အကူအညီလာတောင်းထားတာတော့ တစ်လလောက် ရှိနေပါပြီတစ်ခြား အကူအညီရော အလှူငွေ နည်းပါးတာရော...
10/06/2022

ဒီအဖွဲ့ အတွက် အကူအညီလေး တောင်းခံပါရစေ🙏

အကူအညီလာတောင်းထားတာတော့ တစ်လလောက် ရှိနေပါပြီ

တစ်ခြား အကူအညီရော အလှူငွေ နည်းပါးတာရောကြောင့် မကူညီနိင်သေးလို့ အခု အရေးတစ်ကြီး လိုအပ်လာလို့
ကူညီပေးကြပါအုံးဗျ

Page messenger မှာ လက်ရောက် ဆက်သွယ် လှူဒါန်းပေးကြပါအုံး

06/06/2022

ပြည်သူတွေဆီကနေ ဓါးမြတိုက်
လုယက်လာတဲ့ စခ/ရခ တွေဆီကနေ

ပေါချောင်စျေးရလို့ ၀ယ်နေကြတဲ့သူတွေ
ကိုယ့်လိပ်ပြာ ကိုယ်လုံကြရဲ့လား

မျက်ရည်ကျ အိုးပစ်အိမ်ပစ်
ပြေးလာတဲ့ ပြည်သူတွေဆီက ခိုးလာကြတာရော
နားလည်ကြရဲ့လား

သူတစ်ပါး မျက်ရည်ကျ စွန့်ပစ်လို့ ရလာတာကို
စျေးချိုလို့ ပြုံးပျော် ၀ယ်နေကြတာ
လိပ်ပြာလုံကြရဲ့လား

အလုံ,ကမ်းနားဆိပ်က ၀ယ်တဲ့သူတွေ လိပ်ပြာလုံကြပါစေ

02/06/2022

နိုင်ငံပျောက်သူနှင့်ပက်သက်သော Update

🔻 Video မှာပါတဲ့အခန်းတွေကြောင့်
ကြော်ငြာကန့်သတ်ခံထားရပါတယ်။

ကြည့်ရှုသူ တစ်သန်းကျော်ပြီးမှကြော်ငြာပိတ်ခံရတာမို့
အရင်ကြည့်ထားတာတွေအတွက်ကြော်ငြာခ ရ မရ
ကတော့ မနက်ဖြန်ဆိုသိရပါမယ်။

(ရနိုင်ချေများပါတယ် အရင်ကလည်းဖြစ်ဖူးခဲ့ပြီး
အရှေ့ပိုင်းရထားတဲ့ကြော်ငြာခကို အဖြတ်မခံရပါ)

🔻 Video ကို ဆက်ကြည့်နေမယ်ဆိုရင် အဲ့ video
အတွက် ကြော်ငြာခမရပေမယ့် လူကြည့်များတဲ့
အတွက် ချန်နယ်ရဲ့ငွေရနှုန်းက တက်လာပြီး
တခြားဗီဒီယိုတွေကိုဝင်ကြည့်တဲ့အခါ ကြော်ငြာခ
အရင်ထက်များများပိုရပါတယ်။

🔻 Video ကိုကြည့်မရတာမဟုတ်ပါ ၊ အသက်
(၁၈) နှစ်အောက်များကြည့်ရန်မသင့်ဆိုတဲ့အတွက်
YouTube App မှာ Sign in ဝင်ပြီးကြည့်လို့ရပါတယ်။
Confirm , Continue ကိုနှိပ်ပြီးဆက်ကြည့်လို့ရပါတယ်။

🔻 Report ထုခံရတာမဟုတ်ပါ ၊ policy နဲ့ငြိနိုင်တဲ့
အတွက် အစောကြိုတင်ထားခဲ့ပြီး policy ကိုရှောင်ခဲ့
တာပါ။ခုက လူဝင်များတော့ ထပ်စစ်ပြီးရစ်တဲ့သဘောပါ။
YouTube Team နဲ့စကားပြောပြီးပါပြီ ၊ ထပ်ပြီး
ပြင်လို့ရတာတွေပြင်ပြီးရင် ကြော်ငြာပြန်ရနိုင်ပါတယ်။

🔻 Channel ကိုထိခိုက်မှုမရှိပါ။
YouTube search ကနေပဲ ချန်နယ်နာမည် ၊ ဇာတ်ကား
နာမည်ကိုရိုက်ရှာပြီးဝင်ကြည့်ထားတာမို့ တခြား
Policy နဲ့ မငြိတဲ့ ဗီဒီယိုတွေမှာ ကြော်ငြာတက်ပါတယ်။

🔻 ပြန်ကူးတင်နေကြတာတွေအတွက် YouTube
မှာရော FB မှာပါ လုပ်သင့်တာတွေလုပ်ထားပါတယ်။
Action ယူဖို့ကြာနေသေးတဲ့အချိန်မှာ ကျနော်တို့
တင်ထားတာမဟုတ်ရင် ဝင်မကြည့်ဘဲ အဖက်မလုပ်
ပစ်ထားလိုက်ရင် သူတို့ဟာသူတို့ပြီးသွားမှာပါ။

🔻 ပဒေသာပင်မှာ Video (90) ကျော်အထိရှိပါတယ်။
တောထဲက ရဲဘော်တွေရဲ့အကြောင်းတွေ ၊ documentary,
Music , ကဗျာ , စာအုပ် အစရှိသဖြင့် စုံလင်အောင်
တင်ထားပါတယ်။မကြည့်ရသေးတဲ့လူသစ်တွေ
တစ်ရက်တစ်ခုလောက်ပုံမှန်ဝင်ကြည့်ပေးပါ။

🔻 နိုင်ငံပျောက်သူကိုမကြာခင် Play2Donate ရဲ့
Nway Oo Videos မှာတင်ပါမယ်။ဇာတ်ကားလည်း
ကြည့်ရင်း ကြော်ငြာခလည်းလှူပြီးသားဖြစ်မှာပါ။

အရှုံးမပေးသရွေ့ ငါတို့နိုင်တယ်ဆိုတာယုံကြည်ရင်
ဘယ်လိုအခက်အခဲပဲရှိရှိ ကိုယ်လုပ်စရာရှိတာတွေ
ဆက်လုပ်ပြီး ရှေ့ဆက်ကြရအောင်ဗျာ။

#နိုင်ငံပျောက်သူ

#ကလစ်ရင်းနဲ့တော်လှန်

02/06/2022

သလ္လာ အမှတ်(၄)စာသင်ကျောင်းတွင်းသိို့
စခ/ရခ အဝင်အထွက်ရှိသလို ဆိုင်ကယ် အသွားအလာများလည်း တားစီးစစ်ဆေးမှုများရှိ

02/06/2022

မုံရွာမြို့, အောင်ချမ်းသာ,မြို့သစ်🚨

ဒီရက်ပိုင်း အောင်ချမ်းသာ မြို့သစ် ပတ်ချာလည်

အစစ်အဆေးများသလို အရပ်ဝတ်များနဲ့ မီတာ ကောက်ခံမှုများလည်းရှိ

အသွားအလာ ဂရုစိုက်ကြပါ သတိထား သွားလာကြပါ

01/06/2022

မုံရွာမြို့

မုံရွာမြို့ ရပ်ကွတ်ထိပ်တိုင်း ကင်းပုန်းများ ချထား

ပစ်ခတ်သံများလည်း ၁၀ချက်ခန့် ကြားရ

01/06/2022

ဝင် Click ပေးကြပါအုံး

27/05/2022

သတိပြုမိစေဖို့ပါ

ဒီသတင်းလေးက အရေးပါလို့...
သိသင့် သိထိုက်သူများ သိနိုင်ရန်အတွက်
ရေးလိုက်တာပါဗျ။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းက PDFတွေနဲ့တော်လှန်ရေးမှာပါဝင်နေတဲ့ ပြည်သူတွေ သတိထားနိုင်ဖို့ပါ။

မုံရွာမြို့ရဲ့အထင်ကရဖြစ်တဲ့
ဒေဝဂတိ လူမှုကူညီမှုအသင်း မှ
အဖွဲ့ဝင်လူငယ် ၆ဦး အဖမ်းခံထားရပြီး..
ကျန်တဲ့အသင်းသား/သူတွေလည်း
ရှောင်နေကြရတယ်လို့ ပြောပါတယ်။

သို့သော်လဲ..မုံရွာမြို့ပေါ်အပါဝင်...
၎င်းဒေသအတွင်းမှာ
၎င်း ပရဟိတအသင်းအနေဖြင့်...
ဆက်လက်လှုပ်ရှားနေလျှက်ရိှပြီး...
၎င်း အသင်းအနေဖြင့် လုပ်ကိုင်နေသူတွေဟာ
အသင်းသားများ အသွင်ယူထားတဲ့...
မအလ စခ ရခ များသာဖြစ်တာကြောင်း...
၎င်း ဒေဝဂတိ ပရဟိတအဖွဲ့အား
သတိထားကြရန် အတွက်
ဒေဝဂတိအသင်းနှင့် နီးစပ်သူ
မုံရွာမြို့ခံတစ်ဦးမှ သတင်းပေးထားပါသည်။

အားလုံးသော တော်လှန်ရေးသမားများနှင့်
သက်ဆိုင်ရာဒေသခံများ သတိထားနိုင်ရန်.

သတင်းပေးပို့သူအား
လေးစားစွာဖြင့်
🚀သံပါးစပ်



#မုံရွာအမြင့်လမ်းသတင်းမှန်ကြားရေး

26/05/2022

ကနီ ဘက်က စစ်ဘေးရှောင်များ အတွက်

ဆန် -ဆီ နှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေလို့

ကူညီပေးကြပါအုံး

17/05/2022

ယနေ့ ၁၀နာရီမှစ၍

အပြင်မထွက်ကြပါရန် အရေးပေါ် ကြေညာ

ပြည်သူများ လိုက်နာပေးကြပါရန်

မြို့ပြ ပျောက်ကျား အဖွဲ့များမှ စာထုတ်

17/02/2022

DAILY MISSION

မနေ့ကတော့ ကျွန်တော်နေမကောင်းလို့ပို့စ်မတင်နိုင်တာတွေနဲ့အတူ သိန်းနှစ်ရာအောက်ကိုပြန်ရောက်သွားပါတယ်ခင်ဗျာ
တစ်ရာကိုးဆယ့်ရှစ်သိန်းကျော်ပဲရပါတယ်ခင်ဗျာ။ ဒီနေ့တော့ပြန်တင်ကြရအောင်နော်။

daily mission
-C2D app လေးမှာ လင့်တွေအများကြီး နှိပ်ကြမယ်ခင်ဗျာ
ကလစ်နှိပ်နည်း အသေးစိတ်ဗီဒီယို >>>
https://www.facebook.com/click2donatemm/videos/306252311447866/
________________________________________________
- လက်ဆောင် app လေးမှာလဲ ကြော်ငြာတွေများများကြည့်ကြမယ်
- ios သမားလေးတို့ lattsaung4U app လေး လူသိနဲကြတယ်ထင်တယ် တနေ့ လူသုံးထောင် လောက်ပဲရှိတာမို့ ios လေးတွေက ပိုသိအောင်အချင်းချင်းရှယ်ပေးကြပါဦးခင်ဗျာ
-youtube ရဲ့ weclick , weclick4mm နဲ့ Raung Ni တို့မှာ မှာ ဝိုင်ဖိုင်သမား
တွေက ဗီဒီယို ငါးခုအထိကြည့်ပေးကြပါခင်ဗျာ
-weclick4pdf .com နဲ့ pyithubawa .com မှာ စာလေးတွေများများဖတ်ပေးကြပါခင်ဗျာ
ဒါ့အပြင်
https://nwayooweb.net
https://c2d.space
web အသစ်နှစ်ခုမှာလဲ ကြော်ငြာတွေတက်နေပါပြီ အဲ့ဒီဝဘ်ဆိုက်အသစ်နှစ်ခုက facebook. မှာလင့်ချပေးလို့ရပါတယ်ခင်ဗျာ ဝိုင်းဝုန်းပေးကြလို့ရပါတယ်
_______________________________________________
ဒီမစ်ရှင်တွေအားလုံးကို
လူလေးသောင်းဆိုသိန်းနှစ်ရာပြည့်မှာပါခင်ဗျာ
လူတသိန်းကျော်ရရင် တနေ့ထဲသိန်းငါးရာရမယ်ခင်ဗျာ
ကလစ်ကနေလဲ တစ်လသိန်းတသောင်းဆက်ရနေဖို့အတွက် လူတသိန်းအင်အားလိုပါတယ်ခင်ဗျာ
ကိုယ်တိုင်လဲနှိပ်သလို ကလစ်နှိပ်ပေးမယ့်သူတွေကိုလဲ ဆွဲခေါ်ပေးကြပါခင်ဗျာ။

17/02/2022

မုံရွာမြို့🚨

ဘုရားနီ လမ်းကြားထိပ် တွေမှာ ကင်းပုန်းစစ်

သတိထား သွားလာကြပါ

05/02/2022

အာရုံကြော အားနည်းပြီး မူးမူးလာလို့

သတင်းလေးတွေ ဒီရက်ပိုင်း မတင်ပေးနိင်တာ

တောင်းပန်ပါတယ် ကျန်းမာရေး ကောင်းလာမှ

မြေပြင် အခြေအနေကို အချိန်နဲ့အမျှတင်ပေးနိင်အောင်

ကြိုးစားပေးပါမယ်

05/02/2022
01/02/2022

ယနေ့ ... တာချီလိတ်

လမ်းပေါ်ထွက် ဆန္ဒပြကြတာကိုး
နည်းတောင် နည်းသေး..😅

31/01/2022

မုံရွာမြို့ 🚨🚨

ဒီနေ့ မြို့တွင်းကနေ ပြည်ထောင်စုလမ်း မြို့တွင်း လမ်း အလုံ တစ်ကြောအထိ နေရာခြား တစ်ဖွဲ့ (၃)ယောက်စီ ကင်းချထား ကန်သာယာ မြောက်ထိပ် ဘဲဥပါ အစစ်အဆေး နေကုန်ရှိ လမ်း တစ်လျောက် ဆိုင်ကယ် နှစ်ယောက်ပိုး တွေနဲ့ပါ ကင်းပတ်နေ

31/01/2022

မုံရွာမြို့

ကမ်းနားလမ်း ဇာတ်ဆိပ် ရခ တွေ ရှိ စစ်ဆေးနေ

27/01/2022

Silent Strike ကို စကစ တော်တော် ကြောက်ပါလား

ဆိုင်တွေ ပိတ်မာ စည်းလုံးမာကို ကြောက်နေကြတာ

မနေ့က ကို လော်နဲ့ ပတ်အော်ပီး ဆိုင်တွေကို ဓာတ်ပုံ ရိုက်သွားတယ်ဆိုပဲ...

အသံတိတ်သပိတ်ဆိုတာ ဆိုင်တွေပိတ်ဖို့မလိုဘူး

လမ်းပေါ် လူမရှိရင်ကို ရပြီ

"Silent Strike ​နေ့ ​စျေးဆိုင်​တွေအတွက်နည်းလမ်းများ"ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက် silent strikeမှာ​​စျေးဆိုင်​တွေကို ​နောက်ရက...
26/01/2022

"Silent Strike ​နေ့ ​စျေးဆိုင်​တွေအတွက်နည်းလမ်းများ"

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက် silent strikeမှာ
​​စျေးဆိုင်​တွေကို ​နောက်ရက်ပြန်မဖွင့်ခိုင်းတာ
ဖျက်ဆီးတာ ​ငွေညှစ်တာ​တွေ လုပ်ခံခဲ့ရ​တော့
ဒီတခါ ​ဖေ​ဖော်ဝါရီ ၁ရက် အာဏာရူးတနှစ်ပြည့်မှာလည်း
ဆိုင်​တွေကို မတရားလုပ်မှာ စိုးရိမ်ကြပါတယ်...

ကျ​နော်တို့ရဲ့ ပြည်သူ​တွေဟာ
မတရားဖိနှိပ်မှု​တွေ အခက်အခဲ​တွေကြားက
ရ​အောင်ကြံဖန်ပြီး တိုက်ပွဲဝင်တတ်တာဟာ
မသင်ဘဲတတ်ခဲ့တဲ့ ပညာတခုပါ
ပြည်သူထဲက​နေပဲ အကြံဉာဏ်သစ်​တွေကို
Comment ​တွေမှာ ​ရေးကြ​ပြောကြတာ​တွေ့ရပါတယ်...

ဒါ​တွေကို စုစည်း​ဖော်ပြချင်ပါတယ်

၁ အချက်က
ကိုယ့်ဆိုင် ကိုယ့်လုပ်ငန်းကို SS​နေ့မှာ ပိတ်မယ်ဆိုတာ
ပညာသားပါပါ ​ကြေညာနိုင်ပါတယ်
SS အတွက်ပိတ်တာလို့ မ​ပြောဘဲ
အ​ကြောင်းတခုခု ပြလို့ ရပါတယ်
အဲ့ဒီ​နေ့ဟာ တိုက်ဆိုင်စွာပဲ
တရုတ်နှစ်သစ်ကူး​​နေ့ဖြစ်​နေပါတယ်
ဒါ​ကြောင့်ပိတ်တယ်ဆိုလည်း ​ပြောလို့ရပါတယ်
၁လစာ စာရင်းချုပ်ဖို့ အလုပ်ပိတ်တယ်ဆိုလည်း
​ပြောလို့ရတဲ့ကိစ္စတခုပါ
ဒီ​နေ့ ဆိုင်သန့်ရှင်း​ရေးလုပ်လို့ဆိုပြီး
တကယ်လည်း ဆိုင်ကို အမှိုက်ရှင်းလို့ရပါတယ်
(မအလ အမှိုက်​တွေကို ရှင်း​နေတာလို့ စိတ်ထဲကမှတ်​ပေါ့)

၂ အချက်က
အဲဒီ​နေ့ ဆိုင်ပိတ်မယ်ဆိုတာကို
ကြိုမ​ကြေညာဘဲ ရင်းနှီးတဲ့​ဖောက်သည်​တွေကိုပဲ
အသာ​လေး အသိ​ပေးထားလို့ရပါတယ်
လကုန်ရက် ပစ္စည်း​​တွေပြတ်မယ်
၁ရက်​နေ့ အတွက်ကြိုဝယ်ထား ဆိုတာမျိုး​ပေါ့...

၃ အချက်က
SS​​နေ့မှာ ဖိအားကြီးလွန်းလို့ မဖြစ်မ​​နေဆိုင်ဖွင့်ရရင်လည်း
ဆိုင်ကို အ​မှောင်ချထားမယ် ဆိုင်ဝမှာ ခုံ​တွေချထားမယ်
ဆိုင်ကို အပြည့်မခင်းဘဲ ဖွင့်တယ်ဆိုရုံ​လေး ဖွင့်ထားမယ်
​နေပူလို့ဆိုပြီး ဆိုင်​ရှေ့ တာလပတ်/ပိတ်စတခု ကာထားမယ်
​ဒါ​တွေလုပ်လို့ရပါတယ်
SS​နေ့ဖြစ်တဲ့အတွက် ဝယ်သူ​တွေက လာမှမဟုတ်သလို
အဲ့​​နေ့ကျမှ ကြိုးကြိုးစားစား လာဝယ်ရင်လည်း
ဒလန်ဖြစ်ဖို့ ၉၉%ပါပဲ
ဒါ​ကြောင့် အဲ့​နေ့လာဝယ်တဲ့သူကို
၂ဆ/၃ဆ ​စျေးတင်​ရောင်းလိုက်ပါ...

​သေချာတာက​တော့ ​​မအလ အာဏာရူးကို
အုပ်ချုပ်ခွင့် မ​ပေးနိုင်တဲ့ ​တော်လှန်သူပြည်သူ​တွေက
SS ကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ ပါဝင်ကြမှာမို့
​စျေးထွက်ဝယ်သူဆိုတာ ဒလန်ကလွဲရင်
ဖြစ်ဖို့ သိပ်မရှိပါဘူး...

SSရဲ့ အဓိက ထုတ်​ဖော်ချက်ကလည်း
လမ်း​တွေ​ပေါ်မှာ လူသူကင်းမဲ့​နေဖို့ဖြစ်တာမို့
ဆိုင်တံခါး​လေး အသာဟထားလည်း
ဝင်သူထွက်သူ လမ်းသွားသူ​တွေမရှိ​နေရင်
လုပ်​ဆောင်ချက် အပြည့်အဝ​အောင်မြင်တာပါပဲ...

ကျန်းမာ​ရေး ​သေ​ရေးရှင်​ရေးကလွဲရင်
​ဖေ​ဖော်ဝါရီ ၁ရက် မနက် ၁၀က ၄နာရီအတွင်း
​နေအိမ်/အလုပ်ခွင်ရဲ့ အပြင်မထွက်ကြဖို့က​​တော့
ပြည်သူအားလုံး အထူးဂရုစိုက်ဖို့လိုပါမယ်...

မိုဃ်း​သွေး
Jan 25th 2022

ဒီနည်းလမ်း​လေး​တွေကို အချင်းချင်းလည်း မျှ​ဝေ​ပေးပြီး
SS မှာ ပြည်သူ​တွေပါဝင်နိုင််မယ့် ​
နောက်ထပ် နည်းနာ​​တွေ စဉ်းစားမိတာရှိရင်လည်း
Comment မှာ​ရေး​ပေးကြပါဦး




#အသံတိတ်သပိတ်
#အသံထွက်သပိတ်
#ပြည်တော်ဝင်ဖို့_ရုန်းကြစို့
#အဆုံးသတ်တိုက်ပွဲ_ဒို့ဆင်နွှဲ
#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး
#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်
#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်
#အရေးတော်ပုံ_အောင်ရမည်

24/01/2022

အကူအညီ တောင်းခံခြင်း

လိုအပ်ချက်လေးတွေရှိလာလို့အကူအညီ တောင်းခံပါရစေ

ကူညီပေးကြဖို့ တောင်းဆိုပါရစေ🙏🙏

24/01/2022

မုံရွာမြို့🚨

မုံရွာမြို့ ပေ၈၀ လမ်းထိပ် ဝါးတောမ စတိုးရှေ့ ရခ အစစ်အဆေးရှိ

ပေ၈၀ ထိပ် သာစည် လမ်းဆုံလည်း ရခ ရှိ

ကျေးဇူး ပြုပြီး Page Reviews လေးတွေရေးပေးကြပါအုံးဗျEng လိုဆို ပိုအဆင်ပြေပါတယ် မအလ ဇူကာ ကလည်း ဘမ်းမယ်ဆိုတာချည်းဘဲ
21/01/2022

ကျေးဇူး ပြုပြီး Page Reviews လေးတွေရေးပေးကြပါအုံးဗျ

Eng လိုဆို ပိုအဆင်ပြေပါတယ်

မအလ ဇူကာ ကလည်း ဘမ်းမယ်ဆိုတာချည်းဘဲ

21/01/2022

(လွိုင်ကော်က လုပ်ငန်းရှင်တစ်ယောက်ရဲ့ ရင်ဖွင့် စကား )
ကျနောက အာဏာသိမ်းတော့
လူထုနဲ့အတူ လိုက်ပြီး ဆန္ဒပြပါသေးတယ်
လက်နက်ကိုင်တော်လှန်ရေး ဖြစ်လာချိန်မှာတော့
မသိသလိုနဲ့ လက်ရှောင်လာခဲ့ပါတယ်
ကယားပြည်အနှံ့ တိုက်ပွဲတွေ ဖြစ်လာလည်း
ကိုယ့်မိသားစု အနား မရောက်ပါဘူးလေ ဆိုပြီး
တစ်ကျပ်တစ်လေတောင် အကျိူးစီးပွား ထိခိုက်မှာ စိုးလို့ မကူပေးခဲ့မိပါဘူး ဒါက ကျနော နောင်မှ ရမိတဲ့ နောင်တပါ ခု ပြည်သူ့ တော်လှန်ရေးမြို့ပေါ်ရောက်လာတော့ ကျနောတို့လည်း ပြေးရပါတယ် ကျနောပိုင်ဆိုင်တဲ့
အားလုံးရဲ့ 80% ကို ထားပြီး ရှမ်းပြည်တစ်နေရာမှာ
ရှောင်နေခဲ့ရပါတယ် နောက်မှ ကြားရတဲ့ သတင်းတွေအရဆို ကျနော့ဆိုင် တွေ အိမ်တွေကို စစ်တပ်က မီးရှို့
လုယူဖျက်ဆီးနေတာ ကြားရတော့ တုန်လှုပ်သွားပါတယ်
အခု ကျနော နောင်တရနေခဲ့ပါတယ်
ကျနော ပိုင်ဆိုင်တာရဲ့ 10% လောက် မပြောနဲ့
တစ်နေ့ ဝင်ငွေရဲ့ အချို့ တဝက်ကိုတောင် မကူညီခဲ့လို့ပါ
ကျနော့ လို နောင်တမျိူး မဖြစ်ရအောင်
ဒီလို ဖွင့်ပြောရတာ ဖြစ်ပါတယ်
လုပ်ငန်းရှင်တွေကိုပြောချင်တာက
တစ်နေ့ ဝင်ငွေရဲ့ နည်းနည်းလောက် ပေးကူရင်တောင်
ကျနောတို့ တော်တော် ခရီးရောက်နိုင်ခဲ့ရဲ့နဲ့
ကျနော့ လို စစ်ပြေးမှ စကစရဲ့ လုယူဖျက်ဆီးတာကို ခံရမှ နောင်တရမယ် ဆိုရင် အခု အချိန်မှီပါသေးတယ်
နောင်တ ဆိုတာ မကြုံရအောင် ကူပေးကြဖို့
ရင်ဖွင့် တိုက်တွန်းလိုက်ပါတယ်
ဆုတောင်းပေးတဲ့ နုတ်ခမ်းတွေထက်
ကူညီပေးတဲ့ လက်တစ်စုံက ပိုထိရောက်ပါတယ် ။

©

ကျဆုံးသွားကြတဲ့ PDF / ပကဖ ရဲဘော်လေးတွေ ကိုင်တဲ့ လန တဲ့😢😢😢ကျဆုံးသွားမှ RIP ပါ တင်နေကြမှာလား?PDF တွေလိုအပ်နေတာ(RIPပါ)ဆိုတဲ...
21/01/2022

ကျဆုံးသွားကြတဲ့ PDF / ပကဖ ရဲဘော်လေးတွေ ကိုင်တဲ့ လန တဲ့😢😢😢

ကျဆုံးသွားမှ RIP ပါ တင်နေကြမှာလား?
PDF တွေလိုအပ်နေတာ(RIPပါ)ဆိုတဲ့စာတန်းမဟုတ်ဘူး
(လိုအပ်နေတာ လန လန)

မြန်မာပြည်က သူဌေးကြီးတွေ က သူထေးခြိီးတွေလား

( RIP ) ပါ ရေးနေမဲ့အစား......သက်ဆိုင်ရာအဖွဲ့အစည်းကို တတ်နိင်တာ လှူကြမယ် / ကူကြမယ်..များများ Click ကြမယ်

YE-U. M
Credit

Local PDF တွေကို နီးစပ်ရာကနေ များများ လှူပေးကြပါ
21/01/2022

Local PDF တွေကို နီးစပ်ရာကနေ များများ လှူပေးကြပါ

ည ၈နာရီ ဆို Campaign. သဘောမျိုး နေ့တိုင်း Click ဖို့  နှိုးဆော်သင့်တယ်
21/01/2022

ည ၈နာရီ ဆို Campaign. သဘောမျိုး နေ့တိုင်း Click ဖို့ နှိုးဆော်သင့်တယ်

20/01/2022

Jan 20 , 2022

❗️အရေးပေါ် သတိ​ပေး ထုတ်ပြန်ချက် ❗️

ယနေ့ 20.1.2022 ရက်နေ့ ည 8 နာရီ မှ
21.1.2022 နံနက် 6 နာရီ အထိ

🚫 မုံရွာ - မန္တလေး လမ်းမကြီး
🚫ထီးဆောင်း - အရာတော် လမ်းမကြီး တို့ကို အသုံးမပြုရန် မေတ္တာရပ်ခံ အပ်ပါသည် ။

လုံးဝ ဖြတ်သန်း သွား လာခွင့်မပြုပါ။

အချိန် မရွေး တိုက်ပွဲ ဖြစ်နိုင်ပါသော ကြောင့် မိဘပြည်သူများ မတော်တဆ ထိခိုက် နစ်နာမှုမျိုး မရှိစေလို၍ လမ်း မကြီး ၂ ခု အား အသုံးမပြုခြင်း၊

လှည့်ပြန်ခြင်းမျိုး ပြုလုပ်ပါ။

မိမိ မိသားစု အသိမိတ်ဆွေများ လမ်းကြောင်းပေါ်တွင် ရှိနေပါက ဖုန်းဆက်အကြောင်းကြားပေးပြီး သတိပေးလိုက်ဖို့ ထပ်ဆင့်မေတ္တာရပ်ခံအပ်ပါသည်ဟု Myint Mu Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။

20/01/2022

မုံရွာမြို့🚨🚨

ယနေ့ညနေခင်း မင်းရွာနား Best Petrolဆီဆိုင်အနီး
စကစ ကားမိုင်းဆွဲခံရလို့ သေနတ် ပစ်ဖောက်သံများကြားရ

ယခုည မင်းရွာထိပ်တွင် စခများ ရောက်ရှိနေ
မြေနဲ တစ်လျောက် ကင်းပုန်းများရှိ စစ်ဆေးနေ

20/01/2022

ဒီနေ့ မုံရွာ အစစ်အဆေး တော်တော် စစ်ပါတယ်

စောက်အရစ်လည်း ရှည်တယ် မအလ တွေက

တစ်ချို့ တော်တော်များများ မဆီမဆိုင်တွေပါ အရစ်ခံရ

အပြင်ထွက်လျှင် မြေပြင်သတင်းကို နားစွင့်ပြီးမှ ထွက်ကြပါ

အရေးကြီးတာတွေ အကုန် ဖျက်ပြီးမှ ထွက်ကြပါ

20/01/2022

မုံရွာမြို့,အာဇာနည်လမ်း
အာသောကကျောင်းအနီး နှင့် ရန်ကင်း မီးပွိုင့် စခရခ အများပြားနဲ့အစစ်ဆေးကြမ်းနေ

သာစည်မီးပွိုင့် ရွေတော်ဝင် ရှေ့လည်း စစ်

ပြည်ထောင်စုလမ်း ကန်သာယာ မြောက်ထိပ်လည်း စစ်

(edit- ထမင်းချိုင့်ပါ မချန် ဖွင့်စစ်နေ)

19/01/2022

ဟုတ်ကဲ့ပါ.. ဆရာ
ဟုတ်ကဲ့ပါ.. ဆရာ

အပိုးကို ကျိုးနေတာပဲ😂

19/01/2022

မုံရွာမြို့

မြဝတီရပ်ကွတ် ပေါက်ကွဲသံကြားပြီ မအလ များက Mytel ရုံးပေါ်ကနေ ဆိုင်ကယ် တစ်စီး ဖြတ်သွားတိုင်း အပေါ်ကနေ ပစ်ခတ်နေ

ပြည်သူတစ်ဦးမှ သတင်းပေးပို့လာ

Address


Website

Alerts

Be the first to know and let us send you an email when Monywa Revolution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share