Revolution Echo Wave

  • Home
  • Revolution Echo Wave

Revolution Echo Wave Revolution Echo Wave
(1)

https://m.facebook.com/story.php?story_fbid=10228590724144456&id=1574868997&mibextid=Nif5oz
22/12/2023

https://m.facebook.com/story.php?story_fbid=10228590724144456&id=1574868997&mibextid=Nif5oz

📢 ယခင် BITE BACK SHOW တွေက Rebel Artists တွေအပြင် ချင်းမိုင်က Artists တွေပါ ပါဝင်အားဖြည့်မယ့် BITE BACK SHOW 2023 CHIANG MAI

🚨 ပွဲနေ့က ဒီဇင်ဘာ ၂၂ (မနက်ဖြန် ည ၇ နာရီ)
🚨 နေရာက ချင်းမိုင် 6ixcret Gay Bar အောက်တည့်တည့်
🚨 ကြိုတင်လက်မှတ် တစ်စောင် ဘတ် ၂၂၀
🚨 လက်မှတ်ဝယ်ယူရရှိနိုင်တဲ့ နေရာတွေကို pin comment မှာ ကြည့်ပေးပါ

Rebel Artists တွေကတော့ တော်လှန်သွေးတွေကို နွှေးဖို့ အဆင်သင့်ဖြစ်နေကြပြီ။

ချင်းမိုင်က တော်လှန်မိတ်ဆွေတွေရော ရှိုးလက်မှတ်တွေ ဝယ်ပြီးကြပြီလား ခင်ဗျ။

6ixcret Show - Gay Bar တည်နေရာ 👇
https://maps.app.goo.gl/gv42FsJoY2s4Byhd7




https://m.facebook.com/story.php?story_fbid=1507521793315069&id=100021717879409&mibextid=Nif5oz
22/12/2023

https://m.facebook.com/story.php?story_fbid=1507521793315069&id=100021717879409&mibextid=Nif5oz

တော်လှန်သွေးတွေကို ဂီတသံစဉ်တွေနဲ့ နွှေးကြမယ်
REBEL DOG က စီစဉ်တဲ့ Rebel Artists တွေရဲ့ BITE BACK SHOW က ဒီတစ်ခါမှာတော့
ချင်းမိုင်မြို့ကို ရောက်လာပါပြီ။

ဒီဇင်ဘာ ၂၂၊ ည ၇ နာရီ မှာ ချင်းမိုင်က တော်လှန်မိတ်ဆွေများနဲ့ ဆုံကြမယ်ဗျာ။

ပုံမှာပါတဲ့ QR code ကို scan ဖတ်ပြီး Location ကို ရှာခဲ့ပေးပါ။



Tickets Available 📣တော်လှန်အနုပညာရှင်တွေရဲ့ ပွဲလေးပါ ❤️‍🔥
04/10/2023

Tickets Available 📣
တော်လှန်အနုပညာရှင်တွေရဲ့ ပွဲလေးပါ ❤️‍🔥

Get Ready For the - ITTA - Live Concert
In This Oct7th 2023 !

- ITTA - လာမဲ့ အောက်တိုဘာ ၇ရက်နေ့မှာ
နေ့လည် ၁:၀၀ နာရီမှာ ''အီတာ'' Live Concert ကို
We are Soccer Fieldရဲ့ Show Area မှာ
ကျင်းပမှာဖျော်ဖြေမှာဖြစ်ပါတယ်..

Hip Hop Sessions မှာ အားရပါးရဖြုတ်ပြီးတာနဲ့
Indie Sessions ကို ဆက်စီးမြောမယ်
ပြီးတာနဲ့ Hip Hop Sessions အချိန်ပြန်လာမယ်
ပြန်ဖြုတ်မယ် !

Location - We Are Soccer Field
The Show Time - 1pm to 6pm
⛓️⛓️⛓️⛓️⛓️⛓️

- Hip Hop Sessions
- Indie Sessions
- Share Love and Have Fun

( 1 person = 100 Baht )

Ticket Available Here
📞0800036612📞

29/07/2023

အခုဂျူလိုင်လကုန်ဟာ မင်းအောင်လှိုင်အာဏာရူးခဲ့တာ ၂ နှစ်ပြည့်ပြီး သက်တမ်း ၆ လတိုးခဲ့တာ သက်တမ်းကုန်ပြီဖြစ်ပါတယ် ၊
ဒါပေမဲ့...
တိုင်းပြည်ကိုမအုပ်ချုပ်နိုင်လို့ နောက်ထပ် ၆ လသက်တမ်းတိုးအုံးမှာဖြစ်ပါတယ် ၊
သူ့ရဲ့ထွက်ပေါက်အဖြစ်လုပ်မဲ့ရွေးကောက်ပွဲကလဲ ပျောက်ခြင်းမလှပျောက်ခဲ့ပါပြီ ၊
သူတို့စွဲကိုင်ထားတဲ့ ခြေဥအရ ၆ လပြီး ၆လ သက်တမ်းတိုးခွင့်ပေးထားတာကို ဥပဒေဘောင်ထဲကဆိုပြီးပြောဆိုနေတာပါ ၊ တကယ်တမ်းက အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကတဲက ခြေဥ ကမရှိတော့ပါဖူး ၊
၆ လပြီး ၆ လ အသက်ဆက်ချင်တဲ့
မင်းအောင်လှိုင်ရေ
လုပ်လိုက်စမ်းပါ နောက်ထပ် ၆ လ
ကျုပ်တို့ကလဲ မပြီးသေးဖူးဗျ
ကျုပ်တို့အလှည့်က ကျန်နေသေးတယ်ဆိုတာ
မှတ်ထားလိုက်စမ်းပါ
တရားတဲ့သူသာနိုင်ကြေးပါ အာဏာရူးရေ။https://fb.watch/m4glV-8iH0/?mibextid=Nif5oz

23/07/2023

ဒေဝီ....သို့ - ဇော်ရဲ (Official Lyrics Video)

Composer - နိုင်ငံကျော်တေးရေးဆရာတစ်ဦး
Music Producer - A TAUK
Violin - Phoe San

နီလာရေ ..
ချစ်သူရေ..
နေရစ်ခဲ့တော့နော်.....
ပြန်လာခဲ့မယ်လို့ပြောခဲ့တဲ့သစ္စာစကားကို
ဂတိမတည်ခဲ့ဖူးချစ်သူရယ် ၊
ပြည်ရေးပြည်ရာအကြောင်းတရားတွေထဲမှာ
တာဝန်ကျေချင်ခဲ့တာကိုကပဲ ကိုယ့်သစ္စာတရားကိုဖေါက်ဖျက်ခဲ့ရာများကျခဲ့ပြီလားချစ်သူရယ်..
ချစ်သူရေ..
လူဆိုတာ ဘဝမှာတခါပဲသေရတာပါ
သေခြင်းတရားတွေမှာသိက္ခာရှိချင်ခဲ့တာက အမှန်တရားတခုပါချစ်သူ.
ချစ်သူရေ..
ဘဝတိုတိုအချိန်လေးအထဲမှာ ချစ်သူကိုချစ်ခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ်ချစ်သူ.
ချစ်သူဆီက အေးချမ်းတဲ့မေတ္တာတရားတွေရရှိခဲ့တဲ့အတွက်ပေါ့..
ချစ်သူရေ..
ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်စမ်းပါကွယ်
လွင့်မျောနေတဲ့တိမ်တွေကြားမှာ ကိုယ့်ကိုမင်းတွေ့တယ်မဟုတ်လားချစ်သူ..
ချစ်သူရေ ..
တို့တတွေပြန်မဆုံနိုင်တော့တာနားလည်မယ်ထင်ပါတယ်နော် ဝေးခဲ့ကြရတာဝဋ်ကြွေးတခုလေများလားလို့မတွေးမိပါနဲ့နော်..
ဘယ်လိုဝေးခဲ့ပါစေ ချစ်သူအပေါ်ထားရှိခဲ့တဲ့မေတ္တာတရားကမပျောက်မပျက်ကမ္ဘာတည်သ၍
ရှိနေမယ်ဆိုတာ ချစ်သူယုံကြည်နေမယ်ဆိုတာကိုယ်နားလည်ပါတယ်ချစ်သူ..
ချစ်သူရေ..
အတိတ်ဆိုတာရှိသလို ရာဇဝင်ဆိုတာလဲရှိခဲ့တာပါ ၊ ဒီအကြောင်းတွေကို ကိုယ်ဘယ်တော့မှမမေ့မလျော့အမှတ်ရနေမဲ့သူပါချစ်သူ.
ချစ်သူရေ..
ကိုယ့်ကိုနုတ်ဆက်ခွင့်ပြုပါချစ်သူ..
အဆုံးအစမရှိတဲ့မိုးကောင်းကင်ပေါ်မှာ တိမ်ဆိုင်တွေလို ကိုယ့်ကိုပျံသန်းခွင့်ပြုပါတော့
ချစ်သူရယ်...
ချစ်သူရေ..
ပန်းချီကားတချပ်ဟာအချိန်ကြာလာတာနဲ့အမျှ
ပိတ်ကားပေါ်ကဆေးအရောင်တွေပြက်ပျယ်သွားနိုင်သလို အချိန်သက္ကရာဇ်တွေလဲ
တဖြေးဖြေးနဲ့ဝေးကွာသွားနိုင်တာကလဲသဘာဝပါချစ်သူ..
ဘယ်အချိန်အထိဖြစ်ဖြစ် ကိုယ်ချစ်သူအနားပြန်မရောက်လာနိုင်တော့တာကိုတော့ ကိုယ့်ကိုနားလည်ခွင့်ပြုပေးပါချစ်သူရယ်....
ချစ်တဲ့
ဂျင်မီ ( ခ ) ကျော်မင်းယု





23/07/2023

မနက်ခင်း ၄ နာရီ - ဇော်ရဲ (Official Lyrics Video)

Composer - ဇော်ရဲ
Music Producer - A TAUK
Guitars - Moe Htet

မနှစ်ကဒီအချိန် ကိုဂျင်မီတို့သတင်းကြားပြီး စိတ်မကောင်းဖြစ်ရသလို ဒေါသလဲအင်မတန်ထွက်ခဲ့ရပါတယ် ၊ အဲဒီ့နောက်ကျနော့်စိတ်ထဲမှာ သူတို့မိခင်တယောက်အနေနဲ့ ခံစားရတာမျိုးစိတ်ထဲခံစားရမိပါတယ် ၊
ဒီတော့ " မနက်ခင်း ၄ နာရီ " သီချင်းလေးရေးဖွဲ့မိခဲ့ပါတယ် ၊
တခါ ကိုဂျင်မီအနေနဲ့ မနီလာအပေါ်ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး ခံစားရတာလေးအတွက်ရေးဖွဲ့မယ်လို့စီစဉ်နေဆဲမှာပဲ
နိုင်ငံကျော်တေးရေးဆရာတယောက်ဆီကနေ
" ဒေဝီ.......သို့ " ဆိုတဲ့ တေးသီချင်းလေးကိုသီဆိုခွင့်ရခဲ့ပါတယ် ၊
ဒီသီချင်း ၂ ပုဒ်ကို music video အဖြစ်ဆောင်ရွက်ခဲ့ရာမှာ ကိုဂျင်မီ ၊ ကိုဇေယျာသော်တို့ရဲ့ရုပ်ပုံများ နဲ့အတူ အသံဖိုင်တခုကိုထဲ့သွင်းအသုံးပြုခဲ့မိပါတယ် ၊ ဒီ့အတွက်မည်သူ့ကိုမှထိခိုက်နစ်နာစေလိုတဲ့စိတ်မရှိတာအားလုံးကိုအသိပေးတောင်းပန်အပ်ပါတယ် ၊
သက်ဆိုင်သူ ကာယကံရှင်များထံအဆက်အသွယ်မလုပ်နိုင်ခဲ့တဲ့အတွက်လဲ
တောင်းပန်အပ်ပါတယ် ၊
ဒီသီချင်း ၂ ပုဒ်ကိုနားထောင်ခံစားပြီး
ကျနော်တို့မှာကျန်ရှိနေသေးတဲ့ သမိုင်းသွေးကြွေးဆပ်ရမဲ့တာဝန်တွေကျန်နေသေးတယ်ဆိုတာ အမှတ်တရရှိနေမယ်ဆိုရင် တေးသီချင်းဖန်တီးရကျိုးနပ်ပါပြီလို့ ဖေါ်ပြလိုပါတယ် ။

အားလုံးကိုကျေးဇူးတင်လျှက်
ချစ်ခြင်းများဖြင့်
( ဇော်ရဲ )
REVOLUTION ECHO WAVE






နီလာရေ ..ချစ်သူရေ..နေရစ်ခဲ့တော့နော်.....ပြန်လာခဲ့မယ်လို့ပြောခဲ့တဲ့သစ္စာစကားကိုဂတိမတည်ခဲ့ဖူးချစ်သူရယ် ၊ပြည်ရေးပြည်ရာအကြော...
22/07/2023

နီလာရေ ..
ချစ်သူရေ..
နေရစ်ခဲ့တော့နော်.....
ပြန်လာခဲ့မယ်လို့ပြောခဲ့တဲ့သစ္စာစကားကို
ဂတိမတည်ခဲ့ဖူးချစ်သူရယ် ၊
ပြည်ရေးပြည်ရာအကြောင်းတရားတွေထဲမှာ
တာဝန်ကျေချင်ခဲ့တာကိုကပဲ ကိုယ့်သစ္စာတရားကိုဖေါက်ဖျက်ခဲ့ရာများကျခဲ့ပြီလားချစ်သူရယ်..

ချစ်သူရေ..
လူဆိုတာ ဘဝမှာတခါပဲသေရတာပါ
သေခြင်းတရားတွေမှာသိက္ခာရှိချင်ခဲ့တာက အမှန်တရားတခုပါချစ်သူ.

ချစ်သူရေ..
ဘဝတိုတိုအချိန်လေးအထဲမှာ ချစ်သူကိုချစ်ခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ်ချစ်သူ.
ချစ်သူဆီက အေးချမ်းတဲ့မေတ္တာတရားတွေရရှိခဲ့တဲ့အတွက်ပေါ့..

ချစ်သူရေ..
ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်စမ်းပါကွယ်
လွင့်မျောနေတဲ့တိမ်တွေကြားမှာ ကိုယ့်ကိုမင်းတွေ့တယ်မဟုတ်လားချစ်သူ..

ချစ်သူရေ ..
တို့တတွေပြန်မဆုံနိုင်တော့တာနားလည်မယ်ထင်ပါတယ်နော် ဝေးခဲ့ကြရတာဝဋ်ကြွေးတခုလေများလားလို့မတွေးမိပါနဲ့နော်..
ဘယ်လိုဝေးခဲ့ပါစေ ချစ်သူအပေါ်ထားရှိခဲ့တဲ့မေတ္တာတရားကမပျောက်မပျက်ကမ္ဘာတည်သ၍
ရှိနေမယ်ဆိုတာ ချစ်သူယုံကြည်နေမယ်ဆိုတာကိုယ်နားလည်ပါတယ်ချစ်သူ..

ချစ်သူရေ..
အတိတ်ဆိုတာရှိသလို ရာဇဝင်ဆိုတာလဲရှိခဲ့တာပါ ၊ ဒီအကြောင်းတွေကို ကိုယ်ဘယ်တော့မှမမေ့မလျော့အမှတ်ရနေမဲ့သူပါချစ်သူ.

ချစ်သူရေ..
ကိုယ့်ကိုနုတ်ဆက်ခွင့်ပြုပါချစ်သူ..
အဆုံးအစမရှိတဲ့မိုးကောင်းကင်ပေါ်မှာ တိမ်ဆိုင်တွေလို ကိုယ့်ကိုပျံသန်းခွင့်ပြုပါတော့
ချစ်သူရယ်...

ချစ်သူရေ..
ပန်းချီကားတချပ်ဟာအချိန်ကြာလာတာနဲ့အမျှ
ပိတ်ကားပေါ်ကဆေးအရောင်တွေပြက်ပျယ်သွားနိုင်သလို အချိန်သက္ကရာဇ်တွေလဲ
တဖြေးဖြေးနဲ့ဝေးကွာသွားနိုင်တာကလဲသဘာဝပါချစ်သူ..
ဘယ်အချိန်အထိဖြစ်ဖြစ် ကိုယ်ချစ်သူအနားပြန်မရောက်လာနိုင်တော့တာကိုတော့ ကိုယ့်ကိုနားလည်ခွင့်ပြုပေးပါချစ်သူရယ်....

ချစ်တဲ့
ဂျင်မီ ( ခ ) ကျော်မင်းယု

သမိုင်းကြွေးဆပ်ရအုံးမှာ မမေ့ကြပါနဲ့---------------------------------------------------------လွန်ခဲ့တဲ့နှစ်က ကိုဂျင်နဲ့ က...
20/07/2023

သမိုင်းကြွေးဆပ်ရအုံးမှာ မမေ့ကြပါနဲ့
---------------------------------------------------------

လွန်ခဲ့တဲ့နှစ်က ကိုဂျင်နဲ့ ကိုဇေယျာသော်တို့အဖြစ်အပျက်တွေအပြီးမှာ ကျနော်အရမ်းဒေါသထွက်ခဲ့ရပါတယ် ၊
အဲဒီ့နောက်သူတို့ရဲ့မိခင်တွေဖက်ကနေခံစားပြီး တေးသီချင်းတပုဒ်ရေးဖွဲ့မိပါတယ်၊ အခက်အခဲတွေကြားထဲကပဲ ပြီးခဲ့တဲ့ မတ်လလောက်ကစပြီးအတီးတွေကိုစတင်တီးခတ်ခဲ့ပါတယ် ၊ စိတ်ကူးက တနှစ်ပြည့်ချိန်ကြထုတ်လွှင့်ဖို့ပေါ့ ၊

ဖြစ်ချင်တော့ လွန်ခဲ့တဲ့ ၄ လလောက်ကစပြီး
ကျနော်ကျန်းမာရေးအတော်မကောင်းဖြစ်ခဲ့ရပါတယ် ၊ အိပ်ယာထဲလဲခဲ့ရပါတယ် ၊
သီချင်းထုတ်လွှင့်ဖို့ တနှစ်ပတ်လည်နေ့မရောက်ခင်မှာ အချိန်ကပ်လာချိန်မှာပဲ ကျနော်ဆေးရုံတက်ရမဲ့အနေအထားရောက်လာခဲ့ပါတော့တယ်၊
အမှန်ကကျနော်သီချင်းမဆိုနိုင်တော့ပါဖူး ဘာလို့ဆိုတော့ ကျနော်တီဘီဆေးယဉ်ပါးဖြစ်ရလို့ပါ ၊
အဆုတ်ကအရမ်းခံစားရတာပါ ၊
သီချင်းဆိုတယ်ဆိုတာကလဲ အဆုတ်ထဲလေအားကောင်းကောင်းထဲ့ပြီးမှ အဖိအဖေါ့ ထဲ့ဆိုရတာမျိုးမှာ ကျနော်အရမ်းခက်ခဲခဲ့ပါတယ် ၊
ဘာဖြစ်ဖြစ် စိတ်ကအရမ်းထက်သန်နေတော့ မရရအောင် ကျိုးစားပြီးအသံသွင်းယူခဲ့ပါတယ် ၊
စာသားတကြောင်းထဆိုလိုက် ပြန်လှဲနေလိုက်နဲ့
သီချင်း ၂ ပုဒ်ကိုအချိန်မှီအောင်အသံသွင်းယူခဲ့ရတာပါတယ် ၊ စကားလုံးပီပြင်ဖို့ KEY မယိုင်ဖို့
အဓိကထားပြီးသီဆိုအသံသွင်းခဲ့ရတာဖြစ်တဲ့အတွက် အသံအဖိအဖေါ့ နဲ့ mood မှာ အရမ်းအားနဲ့ခဲ့ရတာကိုတော့ အားလုံးကိုနားလည်ပေးပါလို့တောင်းပန်ချင်ပါတယ် ၊

ဒီသီချင်းအသစ် ၂ ပုဒ်ကိုလဲ အခုမကြာခင်
ကိုဂျင်မီ ကိုဇေယျာသော်တို့ တနှစ်ပြည့်ချိန်
၂၃ . ၇ . ၂၀၂၃ နေ့ နဲ့ ၂၅ . ၇ . ၂၀၂၃ ရက်နေ့တွေမှာကျနော်တို့ရဲ့ Revolution Echo Wave page နဲ့ youtube မှာလွှင့်တင်ပေးမှာဖြစ်ပါတယ် ၊
မိဘပြည်သူများ ခံစားနားဆင်အားပေးပါလို့ တောင်းဆိုချင်ပါတယ် ၊
သမိုင်းကြွေးဆပ်ဖို့ခွန်အားတခုဖြစ်ပါစေလို့ရည်ရွယ်ထုတ်လွှင့်ရခြင်းဖြစ်ပါတယ် ။

တလက်စထဲပြောပြချင်တာက
ကျနော်ရေးဖွဲ့တဲ့ " မနက်ခင်း ၄ နာရီ " ဆိုတဲ့တေးသီချင်းမှာ ‌ ကိုဂျင်မီ ကိုဇေယျာသော်တို့ရဲ့ဖြစ်စဉ်ကို အကျဉ်းဦးစီးကသူတယောက်ကပြောပြတာကို တခြားတယောက်ကိုပြန်ပြောပြနေတဲ့ အမျိုးသမီးအသံဖိုင်တခုကိုထဲ့သွင်းထားမိပါတယ် ၊
ဒီလိုထဲ့သွင်းထားမိတာကလဲ သက်ဆိုင်သူမိသားစုတွေ ၊ မိတ်ဆွေတွေကိုနစ်နာစေဆိုတဲ့စိတ်မျိုး
အလျင်းမရှိဖူးဆိုတာပြောပြရင်းတောင်းပန်အပ်ပါတယ် ။

ဒုတိယတပုဒ်ကတော့ နံမည်ကြီးတေးရေးဆရာတဦးကရေးဖွဲ့ပေးထားတဲ့
" ဒေဝီ....သို့ " ဆိုတဲ့သီချင်းလေးဖြစ်ပါတယ် ၊
ဒီသီချင်းလေးက ကိုဂျင်မီ အနေနဲ့ မနီလာသိန်းကိုနောက်ဆုံးပြောပြခဲ့တဲ့စကားတွေမျိုး ရေးဖွဲ့ထားတာမျိုးလေးပါလို့ ။

မိဘပြည်သူအပေါင်း နားဆင်ခံစားရင်း သမိုင်းကြွေးတာဝန်ကျေပွန်ပါစေလို့ဆုတောင်းပါတယ်။

အားလုံးကိုကျေးဇူးတင်လျက်
( ဇော်ရဲ )
Revolution Echo Wave

အချိန်တွေသာတရွေ့ရွေ့ကုန်သွားတယ် ၊ကျနော်တို့နှလုံးသားထဲစွဲမှတ်ထားတာတွေက ကုန်ဆုံးမသွားကြပါဖူး ၊ဂျူလိုင်ဟာမိုးစက်မိုးပေါက်တ...
16/07/2023

အချိန်တွေသာတရွေ့ရွေ့ကုန်သွားတယ် ၊
ကျနော်တို့နှလုံးသားထဲစွဲမှတ်ထားတာတွေက ကုန်ဆုံးမသွားကြပါဖူး ၊
ဂျူလိုင်ဟာမိုးစက်မိုးပေါက်တွေရွာသွန်းခဲ့ကြ‌
ပေမဲ့ ရင်ထဲမအေးချမ်းခဲ့ကြပါဖူး ၊
7.7.62 ဆဲဗင်းဂျူလိုင် 😥
19.7.1947 အာဇာနည်နေ့ 😥
23.7.2022 ခောတ်သစ်အာဇာနည် ကိုဂျင်မီ ကိုဇေယျာသော် 😥😥😥

သမိုင်းဟာလုပ်ကြံလို့မရဖူး ၊
အတိတ်ကိုသင်ခန်းစာအဖြစ်မှတ်ယူရမယ် ၊
နာကျင်မှုကိုတန်ပြန်ရမယ် ၊
မိစ္ဆာကိုမိစ္ဆာလိုကျင့်ရမယ် ၊
ဒါမှတရားမျှတာတယ်ဆိုတာဖြစ်မှာ ။

ကိုယ်တွေမမှီလိုက်တဲ့သမိုင်းတွေအတွက်တုန့်ပြန်မှုတခုခု မလုပ်ပေးနိုင်ခဲ့ပေမဲ့ ကိုယ်တွေရှင်သန်နေရတဲ့ ကာလမှာဖြစ်ပျက်သွားတာတွေကိုတော့ တတ်နိုင်တဲ့ဘက်ကတုန့်ပြန်ရမယ် ၊

ကိုယ်တွေကဂီတသမားမို့.
ဂီတနဲ့သရုပ်ဖော်ချင်တယ်...
ဂီတနဲ့တော်လှန်ချင်တယ်...
ဂီတနဲ့သွေးကြွေးဆပ်ချင်တယ်...
ဂီတနဲ့တုန့်ပြန်ချင်တယ်...
ကိုယ်စွမ်းတဲ့ဘက်ကပေါ့...
ဒီ့အတွက်သဲတပွင့်...
ဒီ့အတွက်အုတ်တချပ်...
ဒီ့အတွက် နှမ်းတစေ့ဖြစ်ပါစေ ...
တာဝန်ကိုသိမှလူပီသမယ် .
ဒီလိုပဲ မှတ်ယူထားတယ်
Revolution Echo Wave အဖွဲ့သားတွေအားလုံးကပေါ့ ...

လာမဲ့ ဂျူလိုင် ၂၃ မှာ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့
ခောတ်သစ်အာဇာနည် ၂ ဦး ကြိုးပေးခံထိတဲ့ ၁ နှစ်ပြည့်နေ့မှာ Revolution Echo Wave အနေနဲ့ သီချင်းအသစ် ၂ ပုဒ်ကို ပြည်သူများထံတင်ဆက်ပေးမှာဖြစ်ပါတယ် ၊
ဒီသီချင်း ၂ ပုဒ်တင်ဆက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ...
သမိုင်းကိုခြေရာပျောက်မသွားဖို့ ..
အတိတ်ကိုသင်ခန်းစာယူဖို့..
အတိတ်ကိုမေ့မသွားနိုင်ဖို့..
တရားမျှတမှုကိုပြန်ရအောင်ယူဖို့..
ကောက်ရိုးမီးမဖြစ်ဖို့..
ပြည်သူတွေသွေးမအေးဖို့..
မိစ္ဆာကိုမိစ္ဆာလိုပြန်ကျင့်ဖို့...
သွေးကြွေးကိုပြန်ယူဖို့ ရည်ရွယ်ပါတယ် ။

အားပေးမှုကိုအစဉ်ခံယူလျက်
REVOLUTION ECHO WAVE

Revolution Echo Wave # #
Spring nweoo # #
Ayarwady # #
Zawye # # #

အနုပညာသမားတယောက်ဂီတသမားတယောက်ဟာ အနုပညာအလုပ်ဂီတအလုပ် ၊ လုပ်လို့မရတာလောက် နာကျည်းစရာကောင်းတာမရှိတော့ပါဖူး ၊Revolution Echo...
18/06/2023

အနုပညာသမားတယောက်
ဂီတသမားတယောက်ဟာ
အနုပညာအလုပ်
ဂီတအလုပ် ၊ လုပ်လို့မရတာလောက် နာကျည်းစရာကောင်းတာမရှိတော့ပါဖူး ၊
Revolution Echo Wave ဂီတအဖွဲ့ကိုတည်ထောင်သူကျနော့်အနေနဲ့ကျန်းမာရေးအခြေအနေအတော်
မကောင်းတာကြောင့်
အမေစု ၇၈ နှစ်မြောက်မွေးနေ့ဆုတောင်း တေးသီချင်းတွေ ဖန်တီးခွင့်မရတော့တာ အရမ်းဝမ်းနဲမိပါတယ် ၊
Revolution Echo Wave အနုပညာမောင်နှမတွေလဲအတော်စိတ်မကောင်းဖြစ်ရပါတယ် ၊
အားပေးနေတဲ့ပရိသတ်ကိုလဲတောင်းပန်ပါတယ် ။

--- --- --- --- --- ---

အမေစု
ကျန်းမာပါစေ
အနှောင်အဖွဲ့ကနေအမြန်ဆုံးလွတ်မြောက်ပါစေ
အမေစုသက်တော်ရာကျော်ရှည်ပါစေ လို့
အမေ့ရဲ့ ၇၈ နှစ်မြောက်မှာ အမေ့အတွက်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်‌‌ ။

Revolution Echo wave founder

14/06/2023

Revolution Echo Wave ရဲ့တေးချစ်သူပရိသတ်ကိုပြောပြချင်မိပါတယ် ၊
အခုဒီလ ၁၉ ရက်နေ့ဟာ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ရက်မြတ်ဖြစ်ပါတယ် ၊
အမေစုရဲ့ ပြည်သူအပေါ်ထားရှိတဲ့မေတ္တာစေတနာ
တွေ အနစ်နာခံမှုတွေအတွက် မှတ်မှတ်ရရမွေးနေ့
တေးသီချင်းလေးတွေဖန်တီးထုတ်လွှင့်ဖို့ကျိုးစားစဉ်မှာပဲ အဖွဲ့တည်ထောင်သူရဲ့ မမျှော်လင့်ထားတဲ့ကျန်းမာရေးအခြေအနေတခုကြုံခဲ့ရတဲ့အတွက်
အမေစုအတွက်မွေးနေ့တေးသီချင်းလေးကိုမဖန်တီးနိုင်တော့တာ ဝမ်းနဲစွာဖြင့်တင်ပြအပ်ပါတယ် ။

အမေစုကျန်းမာရွှင်လမ်းအသက်ရာကျော်ရှည်ပြီး
အမြန်ဆုံးလွတ်မြောက်ပါစေလို့ Revolution Echo Wave အဖွဲ့ ဂီတမောင်နှမများကဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ။

( REVOLUTION ECHO WAVE )

26/05/2023

မငိုပါနဲ့ ခလေးရယ် - ဘကြီးအောင် (Official Lyrics Video)
Composer - Ba Gyi Aung
Music Producer - A TAUK | Guitarist Moe Htet
Mixing & Mastering - HOBBY Studio
Lyrics Video - HOBBY Studio

ကမ္ဘာကြီးက လစ်လျူရှု မေ့လျော့ထားတဲ့
ကျွန်တော်တို့ မြန်မာနိူင်ငံရဲ့ နယ်ပယ်မြို့ရွာအတွင်းအပြင်က
ဒုက္ခကျရောက်နေသော ခလေးငယ်များအတွက် ရည်ရွယ်ပြီး
အခုသီချင်းလေးကိုရေးသားဖွဲ့ဆိုပါတယ်

စစ်ပွဲတွေ၊တိုက်ပွဲတွေ၊ပဠိပက္ခတွေ ကြားထဲမှာ သွေးအလိမ်းလိမ်း၊ နာကြင်မှုဒဏ်ရာအလိမ်းလိမ်း၊ ခံစားချက်အလိမ်လိမ်းနဲ့ ထိခိုက်နာကြင်နေကြရတဲ့
ခလေးငယ်လေးတွေရဲ့ မျက်ရည်စတွေကိုမြင်ပြီး
ကျွန်တော်တကိနိုင်သလောက် အားပေးနှစ်သိမ့်ဖေးမ
ဖြည်းဆည်းပေးနိုင်ဖို့အတွက်ရည်ရွယ်၍
ဒီသီချင်းလေးကိုရေးဖွဲ့သီဆိုပါသည်။





ဒီနေ့ည 7:30 အချိန်တွင် Revolution Echo Wave Page မှ "မငိုပါနဲ့ ခလေးရယ်" အမည်ရှိတဲ့တေးသီချင်းလေး ၁ ပုဒ်ကိုတင်ဆက်ထုတ်လွှင့...
26/05/2023

ဒီနေ့ည 7:30 အချိန်တွင် Revolution Echo Wave Page မှ
"မငိုပါနဲ့ ခလေးရယ်" အမည်ရှိတဲ့တေးသီချင်းလေး ၁ ပုဒ်ကို
တင်ဆက်ထုတ်လွှင့်ပြသမည်ဖြစ်ပါသဖြင့်.....
စောင့်မျှော်ကြည့်ရှုနားဆင်ခံစားပေးပါ.......📣📣





25/05/2023

မကြာခင်မှာ ကျွန်တော်တို့ Revolution Echo Wave Page ကနေ
သီချင်းလေး ၁ ပုဒ်တင်ဆက်ဖို့ရှိပါတယ်.....📣📣
စောင့်မျှော်အားပေးကြဖို့မျှော်လင့်ပါတယ်.....🙆‍♂️
ဒီသီချင်းကိုတော့ ဘကြီးအောင် မှ သီဆိုထားပြီး....
တီးခတ်ပေးထားတာကတော့ A TAUK နှင့် Guitarist မိုးထက် ပဲဖြစ်ပါတယ်ဗျ
အားလုံးပဲ Stay Tuned.....


ကျေးဇူးတင်လွှာ......ကျနော်တို့ Revolution Echo Wave ရဲ့ February 1st Project က တော်လှန်‌ရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "ဘုရင်ရ...
18/04/2023

ကျေးဇူးတင်လွှာ......

ကျနော်တို့ Revolution Echo Wave ရဲ့ February 1st Project က တော်လှန်‌ရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "ဘုရင်ရူး" သီချင်းလေးဟာ အခုဆို YouTube မှာ Viewers 34k ရရှိသွားပါတယ်ဗျ....😍
ကျနော်တို့မထင်မှတ်ထားခဲ့တဲ့ အားပေးမှုကိုရရှိတဲ့အတွက် ပရိတ်သတ်တစ်ဦးတစ်ယောက်ခြင်းဆီကို ဒီကနေ ကျေးဇူးတင်ဂါရ၀ပြုပါတယ်ခင်ဗျာ.....
ကျနော်တို့ အားစိုက်ထုတ်ခဲ့ ပင်ပန်းခဲ့တဲ့အရာလေးတွေက အခုလိုရလာဒ်မျိုးပြန်ရတော့ အရမ်းပီတိဖြစ်မိပါတယ်ခင်ဗျာ.....☺️

YouTube Channel လေး Monetization ပွင့်ဖို့အတွက်လဲ အားလုံး Subscribe လုပ်ပေးခြင်း သီချင်းများသွားနားဆင်ပေးခြင်းဖြင့် Support နိုင်ပါတယ်ဗျ.....🙏🙏

ဘုရင်ရူး - https://youtu.be/F8IN49pJkG0

အရေးတော်ပုံအောင်ရမည် ✊
Revolution Echo Wave




12/04/2023

Revolution Echo Wave page ကိုအားပေးကြသော ချစ်ခင်ရတဲ့ပရိသတ်များကိုပန်ကြားပါရစေ ၊
စကစ မှ ကန့်ဘလူ ပဇီကြီးကျေးရွာတွင် အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်မှု
ဖြစ်စဥ်အတွက် Revolution Echo Wave ဂီတမောင်နှမများအနေဖြင့် အလွန်တရာမှကြေကွဲရပါသည် ၊
သို့အတွက်ကြောင့် မိမိတို့အနေဖြင့်သက်ြန်တေးသီချင်းတပုဒ်ထုတ်လွှင့်မည့်အစီအစဉ်အား
ရက်ရွှေ့ဆိုင်းလိုက်ရပါကြောင်းအားပေးကြသော ပရိသတ်များအား ညှိုးငယ်စွာဖြင့်အသိပေးအပ်ပါသည် ။

😢😢😢

ခင်မင်လေးစားမှုများဖြင့်
Revolution Echo Wave ဂီတမောင်နှမများ ။

တေးသီချင်းကောင်းတပုဒ်ရေးဖွဲ့နိုင်ဖို့ဆိုတာ တကယ်မလွယ်ပါဖူး ၊ရေးနိုင်ပြီဆိုအုံးတော့ arrangement ကလဲကောင်းနိုင်မှ တေးသွားနဲ...
05/04/2023

တေးသီချင်းကောင်းတပုဒ်ရေးဖွဲ့နိုင်ဖို့ဆိုတာ တကယ်မလွယ်ပါဖူး ၊

ရေးနိုင်ပြီဆိုအုံးတော့ arrangement ကလဲကောင်းနိုင်မှ တေးသွားနဲ့ လိုက်ဖက်မဲ့ arrange ဖြစ်ဖို့ကလဲ ဂီတမှုးနဲ့တကွ အားလုံးဝိုင်းပြီး အတော်ကြိုးစားရတာပါ ၊

တခါ တေးသီချင်းကောင်းတပုဒ် စာသား ၊ သံစဉ်
Intro , solo , fine စသဖြင့်အကုန်ကောင်းပြန်ပေမဲ့
သီဆိုသူရဲ့ colour နဲ့ တေးသီချင်း မယ်လိုဒီကလဲ လိုက်ဖက်ဖို့လိုပြန်တာပါ ၊

ဟုတ်ပြီ ...
အားလုံး အဆင်ပြေပြီဆိုရင်တောင် တေးရေးခ ၊အသံသွင်းဖို့စတူဒီယိုကုန်ကျစရိတ် ၊ အတီးသမား ၊ ဂီတမှုး စသဖြင့်တို့ကိုသုခုမကြေးပေးရတာအပြင် အစားအသောက် ကအစ ကုန်ကျစရိတ်တွေ သိန်းချီကုန်ကျစရိတ်ရှိကြပါတယ် ၊

အခုပြောပြနေတာက ရိုးရိုးတိုင်းပြည်အေးချမ်းပျော်ရွှင်ချိန်မှာ သီချင်းတပုဒ်အသံသွင်းမဲ့အခြေအနေနဲ့ကုန်ကျမှာမျိုးပါ ၊

အခုလက်ရှိ အခြေအနေပြောရရင်
တလရ သီချင်းကို လူမသိအောင် တိုးတိုးလေးညည်းဆိုပြီးရေး ၊
ရေးပြီးရင် သံစဉ်နဲ့လိုက်ဖက်မဲ့ အသံပိုင်ရှင် တလရ စိတ်ဓါတ်ရှိသူကို vocal guide အဖြစ် demo လေးလုပ်ပြီးပို့ပေး ၊
ပြီးရင် တလရ စိတ်ဓါတ်အပြည့်ရှိပြီး လုပ်ရဲကိုင်ရဲ တီးပေးရဲတဲ့ ဂီတမှုးအပါအဝင် အတီးသမားတယောက်ချင်းကိုရှာဖွေရပြန်ပါတယ် ၊ အခြေအနေက တီးခမရပါဖူး ၊ ကျနော်တို့လဲမပေးနိုင်ပါဖူး ၊ အခန့်မသင့်ရင် သတင်းထွက်သွားရင် ဖမ်းခံထိယုံမက တခါထဲ ရှော့ လိုက်နိုင်တာပါ ၊ ဒါကြောင့် တော်ယုံသတ္တိနဲ့ ကျနော်တို့ကို ကူညီဖို့ကမဖြစ်နိုင်ပါဖူး ၊
အားလုံးအဆင်ပြေပြီဆို အသံဖမ်းစက်လေးကို တယောက်ချင်းဆီ ပို့ပေးရပြန် ၊ ပထမဆုံး drum body ပြီးရင် သက်ဆိုင်ရာ lead , bass , keyboard , စသဖြင့်ပေါ့ ၊ ပြီးရင် ပြန်ပေါင်း ၊ နောက်ဆုံးပြီးရင် mixing လုပ်ပေမဲ့သူဆီပို့ပေးရပါတယ် ၊

အဲလိုလို ခက်ခက်ခဲခဲနဲ့ တေးသီချင်းတွေရေးဖွဲ့ပြီး
ပြည်သူတွေစိတ်ခွန်အားဖြစ်အောင်
ပြည်သူတွေစိတ်ဓါတ်ခွန်အားရအောင်
ပြည်သူတွေ ပိုညီညွတ်အောင်
စသဖြင့် ရည်ရွယ်ချက်တွေနဲ့ ကြိုးစားတင်ဆက်ခဲ့ပေမဲ့
တကယ့်လက်တွေ့မှာ
Like မပေးနိုင်တာ
Share လုပ်မပေးနိုင်တာ
Commect လေးမရေးပေးနိုင်တာ
တွေ့ရပါတယ် ၊
ဆိုလိုချင်တာက ထုတ်လွှင့်ခဲ့တဲ့သီချင်းတွေက ကိုယ့်အကြိုက်တွေ့ချင်မှတွေ့မှာဖြစ်နေအုံးတော့
Share ပေးချင်းဖြင့် တပါးသူကြိုက်ချင်ကြိုက်သွားနိုင်တာလဲဖြစ်နိုင်တာပါပဲမဟုတ်ပါလား ။

အခုတော့ အခြားသော ကိစ္စတွေမှာဖြင့် အုံလိုက်ကျင်းလိုက်ကို ဝက်ဝက်ကွဲ like လုပ်ကြ ၊ share ကြ၊ commect တွေဝင်ရေးကြ နဲ့ပေါ့ ၊

အဲဒီလိုတွေမြင်တွေ့ရတော့လေ .
😞😞😞😞

26/03/2023

တရားတဲ့သူနိုင်ကြေး - Zaw Ye , Ba Gyi Aung , AD

Composer - Zaw Ye
Music Produced By Revolution Echo Wave
Lyrics Video By A TAUK





26/03/2023

Exit - Ba Gyi Aung (Official Lyrics Video)

Composer - Ba Gyi Aung
Music Produced By Revolution Echo Wave
Lyrics Video By A TAUK



26/03/2023

ညွှတ်ကားမညွတ် - Zaw Ye (Official Lyrics Video)

Composer - ?
Music Produced By Revolution Echo Wave
Lyrics Video By A TAUK



26/03/2023

၊" တရားတဲ့သူနိုင်ကြေး ဟေ့ "

,🎵မင်းလုပ်မဲ့ ရွေးကောက်ပွဲက ထွက်ပေါက်တဲ့လား
🎵၆ လပြီး ၆ လ ၆ လ အသက်ဆက်ချင်သလား
🎵လုပ်ရဲရင်လုပ်ကြည့်လိုက်
🎵ငါဒို့သွေးကိုစမ်းကြည့်လိုက်
🎵မပြီးသေးဖူး ဒို့အလှည့်ကကျန်နေသေးတယ်
🎵မှတ်လို့ထားလိုက် 🎵🎼🎶

တေးရေး - ဇော်ရဲ
တေးဆို - AD , Ba Gyi Aung , Zaw Ye
တေးဂီတ - Revolution Echo Wave

26/03/2023

ဖက်ဆစ်တော်လှန်ရေးနေ့
အထိမ်းအမှတ် တေးသီချင်း ၃ ပုဒ်
အားပေးကြပါလို့ ။

25/03/2023

သက်ဆိုင်သူများကိုလေးစားစွာတောင်းပန်အပ်
--------------------------------------------------------------------
ပါသည် ။
--------------

Revolution Echo Wave ၏ ဒုတိယမြောက် တော်လှန်ရေးတေးသီချင်း ၃ ပုဒ်ကို
ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်သော မတ်လ ၂၇
ရက်နေ့တွင် ကျနော်တို့၏ Revolution Echo Wave page နှင် youtube စာမျက်နှာများမှထုတ်လွှင့်မည်ဖြစ်ပါသည် ၊

ထို သီချင်း ၃ ပုဒ်အနက်
" ညွှတ်ကားမညွှတ် " တေးသီချင်းရေးဖွဲ့သူအား ဆက်သွယ်၍မရခဲ့သဖြင့် ခွင့်မတောင်းမိပဲ အသံသွင်းယူခဲ့မိပါသည် ၊

တဖန်..
" တရားတဲ့သူနိုင်ကြေး " ဟူသော
ကိုဂျင်မီ၏စကားစုကိုသီချင်းခေါင်းစဉ်အဖြစ်
အသုံးပြုမိခြင်းဖြစ်ခဲ့ပြီး ၎င်းသီချင်းထဲမှာပင်
"မပြီးသေးဖူး တို့အလှည့်ကျန်သေးတယ်" ဟူသော Nathan Maung ၊ဒါရိုက်တာ ဏ ကြီးနှင့် ညီမ ပိုင်ဖြိုးသု တို့၏ စကားစုကိုလဲ သံစဉ်ထဲ့ရေးစပ်မိပါသည် ၊

( သက်ဆိုင်သူ မိသားစုများထံသို့ စကားစုအားအသုံးပြုခွင့်ပြုပါရန် ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်မှုမရခဲ့ပါသဖြင့် ယခုကဲ့သို့တောင်းပန်ရခြင်းဖြစ်ပါသည် )

ခင်မင်လေးစားစွာတောင်းပန်အပ်ပါသည်
( R e v o l u t i o n E c h o W a v e )






#

📣နွေဦးတော်လှန်ရေးပြည်သူများခင်ဗျားနွေဦးတော်လှန်ရေးပြည်သူတို့၏စိတ်ဓါတ်ခွန်အားများအတွက်ရည်ရွယ်၍ ကျွန်တော်တို့၏ ဒုတိယ proje...
20/03/2023

📣နွေဦးတော်လှန်ရေးပြည်သူများခင်ဗျား
နွေဦးတော်လှန်ရေးပြည်သူတို့၏စိတ်ဓါတ်ခွန်အားများအတွက်ရည်ရွယ်၍ ကျွန်တော်တို့၏ ဒုတိယ project အဖြစ်တော်လှန်ရေးတေးသီချင်းများကိုထုတ်လွှင့်တင်ဆက်ပါမည်ဟု အသိပေးအကြောင်းကြားအပ်ပါသည် ။

လေးစားခင်မင်စွာဖြင့်
( Revolution Echo Wave ဂီတမောင်နှမများ)

ABSDF တပ်ရင်း ( ၁ )တပ်ခွဲ ( ၃ ) ဒေါင်းမင်းစခန်းက ကျောင်းသားရဲဘော်လေး အံ့ညီညီဦး ရဲ့ ရှေ့တန်းမသွားခင် ရင်ဖွင့်ခဲ့တဲ့ သူ့ခံ...
12/03/2023

ABSDF တပ်ရင်း ( ၁ )တပ်ခွဲ ( ၃ )
ဒေါင်းမင်းစခန်းက ကျောင်းသားရဲဘော်လေး
အံ့ညီညီဦး ရဲ့ ရှေ့တန်းမသွားခင် ရင်ဖွင့်ခဲ့တဲ့
သူ့ခံစားချက်လေးပါ ...

မှန်ပါတယ်..
ကျနော်တို့နိုင်မှဖြစ်မှာပါ ..
နိုင်မယ်သိလို့တိုက်ခဲ့တဲ့ပွဲ လို့ဆိုပေမဲ့..
အောင်ပွဲဆိုတာ ညီညွတ်မှရတာပါ...
ကျနော်တို့ညီညွတ်သည်ထက်..
ပိုညီညွတ်ကြရပါမယ်...

တရားတဲ့သူသာနိုင်ကြေးပါ ( ဂျင်မီ )
----- ----- ----- ----- ------ ----- ----- ----- -----

R E V O L U T I O N E C H O W A V E

Revolution Echo Wave အဖွဲ့သားတွေကလဲကိုယ်တတ်ကျွမ်းတဲ့ဘာသာရပ်နဲ့ စစ်ခွေးတွေကိုတဒေါင့်တနေရာကနေ အုတ်တချပ် သဲတပွင့်အဖြစ်အနုပည...
11/03/2023

Revolution Echo Wave အဖွဲ့သားတွေကလဲ
ကိုယ်တတ်ကျွမ်းတဲ့ဘာသာရပ်နဲ့ စစ်ခွေးတွေကို
တဒေါင့်တနေရာကနေ အုတ်တချပ် သဲတပွင့်အဖြစ်အနုပညာလက်နက်နဲ့ပါဝင်ခွင့်ရနေခဲ့လို့အတိုင်းမသိဝမ်းသာမိပါတယ်၊

တော်လှန်ရေးကြီးပြီးဆုံးရင် အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ အနာဂတ်နိုင်ငံတော်အသစ်ကို ပြိုင်တူအုတ်မြစ်ချဖို့ ကျိုးစားကြပါမယ်နော် ...

လူချင်းမတွေ့ဖူး မခင်ခဲ့ဖူးပေမဲ့...
ကိုယ့်သွေး‌သား ကိုယ့်ဆွေမျိုးတွေလို နှလုံးသားထဲမှာ စူးစူးနစ်နစ်ချစ်ခင်တာမို့ ကျန်းမာရေး လုံခြုံရေး
အထူးဂရုစိုက်ပြီး တိုက်ပွဲတိုင်းအောင်နိုင်ပါစေလို့
အမြဲဆုတောင်းနေပါတယ်...

ရောက်မှာယုံကြည်လို့ ဖေါက်ခဲ့ကြတဲ့လမ်းမှာ..
လျှောက်ပါရောင်ခြည်သစ် လန်းဖြာပြီမို့...
စခန်းသာ ကိုယ်စီပိတိ ဝမ်းသာရတော့မှာပါလို့ ။

❤️❤️❤️❤️❤️
( R E V O L U T I O N E C H O W A V E )

11/03/2023

ကမ္ဘာတုန်ဟီးအောင် အော်ပြောလိုက်ချင်ပါတယ်...
ကြယ်လေးတွေ ကြွေတာမဟုတ်ပါဖူး....
ကမ္ဘာကိုအလင်းပေးနေကြတာပါ............................. ............

ရှေ့တန်းမှာရန်သူစစ်ခွေးကိုရင်ဆိုင်တိုက်ခိုက်ရင်း
ဆရာလဲဖြစ် သူငယ်ချင်းလဲဖြစ်တဲ့ ကိုယ့်ရဲဘော်
တယောက် ကိုယ့်နဘေးမှာကျဆုံးခဲ့ရတာကို ကြုံတွေ့ခဲ့ရတဲ့ နဂါးဖြူစစ်ကြောင်း တပ်ခွဲ ၁ က
ရဲဘော်လေး L Deep De Aung ‌ကိုယ်ပိုင်ရေးဖွဲ့ထားတဲ့ " အဓိဌာန် " ဆိုတဲ့တေးသီချင်းလေးပါ ၊

ပြည်သူတွေအနေနဲ့..
ရိက္ခာတွေလှု..
လိုအပ်တဲ့ပစ္စည်းတွေလှုကြသလို...
ဒီ သီချင်းလေးကိုလဲ..
Like and Share လုပ်ပေးခြင်းဖြင့်သော်၎င်း ၊
Comment လေးတကြောင်းလောက်ရေးသားခြင်းဖြင့်သော်၎င်း ၊
တော်လှန်ရေး ရဲဘော်လေးတွေကို ခွန်အားတွေပေးစေခြင်ပါတယ်လို့ ။

😠အာဏာရူးမင်းအောင်လှိုင်ကြောင့်မြန်မာလူငယ်တွေအနာဂတ်ပျောက်ခဲ့ရ ၊နိုင်ငံမဲ့ခဲ့ရတယ် ၊😞ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းနိုင်ဖို့ ကြို...
08/03/2023

😠အာဏာရူးမင်းအောင်လှိုင်ကြောင့်
မြန်မာလူငယ်တွေအနာဂတ်ပျောက်ခဲ့ရ ၊
နိုင်ငံမဲ့ခဲ့ရတယ် ၊

😞ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားနေတဲ့လူငယ်တွေ အသက်တွေဆုံးရှုံးခဲ့ရ ၊
အိုးအိမ်မဲ့ခဲ့ရ ၊ မိဘမဲ့ခဲ့ရ နဲ့
သိတ်ရင်နာဖို့ကောင်းတယ် ၊

😲ဒီအသက်အရွယ် ပညာသင်ကြားရမဲ့အချိန်မှာ.
သေနတ်ကိုင်ပြီး လူသတ်ရမယ်လို့
ဘယ်သူကတွေးထင်မှာလဲ ။

❤️လူဆိုတာခံစားတတ်တဲ့နှလုံးသားရှိတယ် .
အမှားအမှန် ခွဲခြားတတ်တဲ့ ဦးဏှောက်ရှိတယ်.
တိရိစ္ဆာန်တွေမှာ ခံစားမှုမရှိဖူး
ကိုယ်ချင်းစာစိတ်မရှိဖူး .
ဒီတော့..
ရင်ထဲကခံစားရမှုကို စကားလုံးတွေစီကြည့်တယ်. နှလုံးသားထဲကအသံကို လိပ်ပြာတောင်ပံခတ်သံနဲ့ပေါင်းစပ်ကြည့်မိလိုက်တော့.....
......................
မနက်ဖန် ( ၉.၃.၂၀၂၃ )နေ့မှာ
Aent Nyi Facebook account ကနေထုတ်လွှင့်မဲ့ ..
ABSDFကျောင်းသားတပ်မတော်ရဲ့...
တပ်မဟာ (၁) တပ်ရင်း (၃ ) ဒေါင်းမင်းစခန်း မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်လေး အံ့ညီညီဦး ရဲ့သူ့ရင်ဘတ်ထဲကထွက်ကျလာတဲ့ ခံစားချက်တွေကို Revolution Echo Wave ကတန်ဆာဆင်ပေးထားတဲ့ " ဒေါင်းသွေးငယ် " ဆိုတဲ့သီချင်း
လေးကို ခံစားနားဆင်ပေးကြပါအုံးလို့ပန်ကြားအပ်ပါတယ် ။





Address


Website

Alerts

Be the first to know and let us send you an email when Revolution Echo Wave posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share