PDF News

PDF News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PDF News, Media/News Company, .

12/07/2023

စစ်ကောင်စီတပ်သားတွေ အကုန်လက်နက်ချ
တော့ အဆင်ပြေတာပေါ့

Credit -karennigenerationyouth

I❤️PDF
23/05/2023

I❤️PDF

20/05/2023

ဒိန်းဒေါင်၊အုံးသီး
တို့ စစ်ကောင်စီထံသတင်းပေးလိုက်သဖြင့်
ဆိုင်းဆရာ စိန်ဒူးဝါးအဖမ်းခံရပြီးနောက် နှိပ်စက်ခံရကာအသက်အန္တရာယ်စိုးရိမ်ရ

အမေ့ကို "ခဏ"လို့ပဲပြောပြီးထွက်လာတာအရေးထဲ ခြေတဖက်ကလည်းပြန်ပါမလာပြန်ဘူးအမေတော့ သားကိုဆူဦးမယ်နဲ့တူပါတယ် ။ #သံမဏိ
10/05/2023

အမေ့ကို "ခဏ"လို့ပဲပြောပြီးထွက်လာတာ
အရေးထဲ ခြေတဖက်ကလည်းပြန်ပါမလာပြန်ဘူး
အမေတော့ သားကိုဆူဦးမယ်နဲ့တူပါတယ် ။

#သံမဏိ

17/04/2023

စစ်ရေးသတင်းထုတ်ပြန်ချက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က တာဝါတိုင်စခန်းကုန်းကို သိမ်းဆည်း၊ လက်နက်များပါ ရရှိခဲ့
၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့

၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့ မနက်(၇:၄၀)နာရီမှ မနက်(၈)နာရီအထိ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ရန်သူ့အင်အား(၃၀)ခန့် ရှိသော တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့တပ်ထံမှ
(၁) MA-2 (၃) လက်
(၂) MA - 11 (၆) လက်
(၃) MA - 3 (၅)လက်
(၄) MA - 4 (၁)လက်
(၅) MA ကျည်ဘောက် (၈)ခု
(၆) ၅.၅၆ ကျည် (၉၃၈၀) တောင့်
(၇) 60mm - ပြောင်းတို (၁)လက်
(၈) 60 mm ဗုံးသီး (၅၀) လုံး
(၉) 40 mm ဗုံးသီး (၅၇) လုံး
(၁၀) လက်ပစ်ဗုံးသီး (၅၆) လုံး
(၁၁) ရှေ့ထွက်မိုင်း (၁၀) လုံး
(၁၂) နင်းမိုင်း (၂၉) လုံး
(၁၃) Detonator(လက်ပစ်) (၃၇) ခု
(၁၄) Detonator (မိုင်း) (၄၅) ခု
(၁၅) ချပ်ဝတ်တန်ဆာ (၂) ခု
(၁၆) ငွေကျပ် (၁၁၁၀၀) ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

 #မိုးကုတ်
17/04/2023

#မိုးကုတ်

17/04/2023

ကန့်ဘလူ မှာဗုံးကြဲခံရတာ ကွယ်လွန်သွားတဲ့ကလေးငယ်များအားလုံးဒီနေ့ရက်လည်တာ ဘယ်တော့မှမမေ့သင့်ဘူး။

11/04/2023

ဖလမ်းမြို့အနီး ဗာရ်းရွာအခြေဆိုက် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို မနေ့က CNDF တပ်ဖွဲ့၀င်များက တိုက်ခိုက်သိမ်းပိုက်သည့် ရုပ်သံ

25/03/2023
11/03/2023

သတင်းမီဒီယာများ သတိထားကြပါ!
စစ်ကိုင်းတိုင်းနှင့် မ​ကွေးတိုင်းက​နေ ချင်းပြည်ကို တက်လာကြတဲ့ အကြမ်းဖက်စစ်အုပ်စု​တွေရဲ့ ဓါတ်ပုံနှင့် Video မှတ်တမ်း​တွေ သတင်းမီဒီယာမှာတင်ထားတာ သတိထားကြ​ပါ။ အ​ကြောင်းရင်းက​တော့ ဒီအကြမ်းဖက်သမား​တွေ တိုက်ပွဲအတွင်းအထိနာပါက Videoနှင့် ဓါတ်ပုံမှတ်တမ်းယူတဲ့ ပြည်သူ​တွေကို အမျိုးမျိုးစွပ်စွဲကာ ပြသနာပြန်ရှာနိုင်တာမို့ သတင်းမီဒီယာမှာတက်လာတဲ့ ဓါတ်ပုံနှင့် Video ​တွေဟာ ပြည်သူ​တွေရဲ့ အသက်အန္တရာယ်ကိုပါ ​နောက်ပိုင်းမှာ ထိခိုက်နိုင်ပါတယ်။ လူမှုကွန်ယက်စာမျက်နှာမှာလည်း မတင်ကြ၊ ထပ်ဆင့်မဖြန့်ကြဖို့ လိုပါတယ်။

https://www.facebook.com/100063664151739/posts/650609663737833/?mibextid=Nif5oz

ရှေ့တန်းပြန် ပြည်သူ့ကာကွယ်ရေးတပ်များကို မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာမှလူထုက ကြိုဆိုနေကြစဉ်။Mizzma
13/02/2023

ရှေ့တန်းပြန် ပြည်သူ့ကာကွယ်ရေးတပ်များကို မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာမှလူထုက ကြိုဆိုနေကြစဉ်။

Mizzma

CDF-Kanpetlet ထံသို့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ အလင်း၀င်ဖေဖော်ဝါရီလ ၁၂၊ ချင်းဂျာနယ်ချင်းပြည်နယ်၊ ကန်ပက်လက...
12/02/2023

CDF-Kanpetlet ထံသို့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ အလင်း၀င်

ဖေဖော်ဝါရီလ ၁၂၊ ချင်းဂျာနယ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ အခြေဆိုက် ခမရ-၃၀၄ လက်အောက်ခံတပ်သား လင်းထက်အောင်၊ ကိုယ်ပိုင်အမှတ် (တသ ၁၂၇၈၆၈) သည် ဇန်နဝါရီလ ၃၀ရက်နေ့တွင် CDF-Kanpetlet ထံသို့ ဆက်သွယ်အလင်းဝင်​လာခဲ့ကြောင်း CDF-Kanpetlet ကထုတ်ပြန်ပါတယ်။

ပြည်သူနဲ့ပူးပေါင်းပြီး အလင်း၀◌င်သော ရဲဘော်လင်းထက်အောင်က MA 1 ၁လက်၊ MAကျည် ၃၃၆တောင့်၊ နင်းမိုင်း ၁လုံး၊ လက်ပစ်မိုင်း ၁လုံး၊ အီနာဂါ ၂လုံး၊ စကားပြောစက် ၁လုံး၊ ကျည်ကာအင်္ကျီ ၁ထည်တို့ကို CDF-Kanpetlet ထံသို့အပ်နှံခဲ့ပါတယ်။

CDF-Kanpetlet အနေနဲ့ ပြည်သူနှင့်ပူးပေါင်းလိုသော ရဲနှင့် တပ်မတော်သားများကို နွေးထွေးစွာဖိတ်ခေါ်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက် တိုက်ပွဲမှာ စစ်အုပ်စု (၂၅) ယောက်သေ၊ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံး၊လေကြောင်းပစ်ကူပေးတဲ့ကြားက စကစတွေ အသေအပျ...
11/02/2023

ရှမ်းမြောက် တိုက်ပွဲမှာ စစ်အုပ်စု (၂၅) ယောက်သေ၊ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံး၊

လေကြောင်းပစ်ကူပေးတဲ့ကြားက စကစတွေ အသေအပျောက်များပြီး လက်နက်ခဲယမ်းတွေပါ သိမ်းပိုက်ရရှိ၊

MFP ၊ ဖေဖော်ဝါရီ - ၁၁

မန္တလေးတိုင်း မေမြို့နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အစပ်မှာ စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး (MDY PDF) တို့ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က (၂၅)ယောက် ထက်မနည်း သေကာ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေးက သတင်းထုတ်ပြန်ပါတယ်။

စစ်အုပ်စုက တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေသုံးကာ လေကြောင်းပစ်ကူပေးပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တဲ့ကြားက တော်လှန်ရေး ရဲဘော်တွေက တည်တည်ငြိမ်ငြိမ် ခုခံနိုင်ခဲ့ပြီး စစ်အုပ်စုရဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေးက ဆိုပါတယ်။

" ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ၏ တပ်ရင်းတပ်ဖွဲ့များကို အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့များမှ ဖေဖော်ဝါရီ (၁၀)ရက် နံနက် (၆) နာရီဝန်းကျင်တွင် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ရာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ပါသည် ။ မြေပြင်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးရုံတင်မက ရန်သူဘက်မှ (Mi-35) တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အသုံးပြု၍ လည်းကောင်း ၊တိုက်လေယာဉ်များကို အသုံးပြု၍ သုံးကြိမ်တိုင်တိုင် လေကြောင်းပစ်ကူပေး၍ လည်းကောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)မှ စစ်သည်များကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခဲ့သည်။ မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ စစ်သည်များသည် လူအင်အား ၊ လက်နက်အင်အား သာလွန်စွာဖြင့် အကြိမ်ကြိမ် ထိုးစစ်ဆင်လာခဲ့သော ရန်သူကို တည်တည်ငြိမ်ငြိမ်ဖြင့် ခုခံတွန်းလှန်နိုင်ခဲ့ပြီး ရန်သူ့ဘက်မှ ခဲယမ်းမီးကျောက် မြောက်များစွာကိုလည်း သိမ်းဆည်း ရရှိခဲ့ပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ (၂၅) ဦး (မျက်မြင်အတည်ပြု) ကျရှုံးပြီး ၊ ထိခိုက်ဒဏ်ရာရသူ များပြားသည်" လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေးက ဖော်ပြပါတယ်။

မနေ့က မနက်ပိုင်း (၆) နာရီကျော်ကြာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အသေအပျောက် များသလို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ရဲဘော်စစ်နိုင် နှင့် ရဲဘော် ဖိုးဝ တို့ ကျဆုံးတယ်လို့ ဆိုပါတယ်။

" အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များကို ရဲ့ဝံ့စွန့်စားစွာ ရင်ဆိုင်တိုက်ခိုက်ရင်း ဖယ်ဒရယ် ဒီမိုကရေစီ အရေးအတွက် အသက်ပေးလှူ သွားခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အနေဖြင့် ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်ပေးလှူသွားသော ရဲဘော်ရဲဘက်များကို ဦးညွှတ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်" လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေးက ဖော်ပြပါတယ်။

စစ်အုပ်စုရန်ကြောင့် နောင်ချိုမြို့နယ် ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
[Mandalay_Free_Press]

#မန္တလေး #စစ်ကိုင်း #မေမြို့

မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖ...
11/02/2023

မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးအရှင်ဖမ်းမိကာ လက် နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရှိရသည်။

"ဒီနေ့ မနက် ၆ နာရီမှာ စပြီး တပ်ကို ဝင်စီးတာ။ တိုက်ပွဲထဲမှာ စစ်တပ်ဘက်က ခွေးဗိုလ်လေး ၁ ဦး၊ ခွေးဗိုလ်ကြီး ၁ ဦး နဲ့ တပ်သား ၅ ဦးသေတယ်။ ၅ ဦး အရှင်ဖမ်းမိတယ်။ အဲဒီမှာ ၂ ဦးက အရပ်သားဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းမိတာက တပ်ကြပ်ကြီး ၁ ဦးနဲ့ တပ်သား ၂ ဦး ဖမ်းမိတယ်။ တိုက်ပွဲက မနက် ၈ နာရီ ၄၅ မိနစ်မှာပြီးတယ်။ စစ်ခွေးတွေဘက်က ရဟတ်ယာဉ်နဲ့လာပစ်တယ်။ သူတို့လာပစ်တဲ့အချိန် ကျနော်တို့ လွတ်ပါတယ်" ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၂၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ ၊ မြစ်ခြေMCKC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Earthquake ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Aerial Team ဘာဂျာ Drone တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

(Facebook ၏ လူမှုကွန်ရက် စံချိန်စံညွန်းများအရ ဖော်ပြနိုင်ခြင်းမရှိသော ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/98860 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ကော့ကရိတ်မြို့နယ်၊ ညောင်ပင်အောက်ဂိတ်စခန်းကို ကျားဖြူရဲဘော်တွေ တိုက်ခိုက်၂၀၂၃ ၊ဖေဖော်ဝါရီ ၁၁ ~~~~~~~~~~~~~~~~~~~~အကြမ်းဖက...
11/02/2023

ကော့ကရိတ်မြို့နယ်၊ ညောင်ပင်အောက်ဂိတ်စခန်းကို ကျားဖြူရဲဘော်တွေ တိုက်ခိုက်

၂၀၂၃ ၊ဖေဖော်ဝါရီ ၁၁
~~~~~~~~~~~~~~~~~~~~
အကြမ်းဖက်စစ်သား ၆ ဦးကျော်သေ၊ သေနတ် ၇ လက်နှင့် ခဲ့ယမ်းများ သိမ်းဆည်းရမိ

သတိပေးထုတ်ပြန်ချက် (၂၁ ဇန်နဝါရီလ၊ ၂၀၂၃)——————————————————————————————————၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ တွင် စစ်ကောင်စ...
21/01/2023

သတိပေးထုတ်ပြန်ချက် (၂၁ ဇန်နဝါရီလ၊ ၂၀၂၃)

——————————————————————————————————

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင် တောင်ဥက္ကလာ (၁၄) ရက်ကွက် အုပ်ချုပ်ရေးမှုးရုံးကို မြို့ပြပျောက်ကြားတော်လှန်ရေး အဖွဲ့မှ တိုက်ခိုက်ရာတွင် ၄င်းရုံး၏ဘေးကပ်လျှက်ရှိ စကစမှဗိုလ်တစ်ယောက်ပိုင်ဆိုင်သည့်ငွေတောင် စားသောက်ဆိုင်ဝန်ထမ်းများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့သည်ဟု ကြားသိရသည်။ အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ပူးပေါင်းပါဝင် ရပ်တည်သော ငွေတောင်စားသောက်ဆိုင်သည် မိမိလုပ်ရပ်အတွက် တာဝန်ယူရမည်။ ကျွန်ုပ်တို့၏ တော်လှန်ရေးဘက်တော်သား ရဲဘော်ရဲဘက်များ နှင့် ပြည်သူများကို ဒုက္ခပေး အကြမ်းဖက်သော စစ်ကောင်စီ၏ ကြိုးဆွဲရုပ်၊ ဒလန်များနှင့် နောက်လိုက်များအားလုံးကို လွတ်လပ်ရေးပန်းတိုင်၏ ခလုတ်ကန်သင်းအဖြစ် သတ်မှတ်ပြီး ရှင်းလင်းဖယ်ရှား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Dark Shadow(UG) အဖွဲ့မှ ထုတ်ပြန်ကြေငြာလိုက်သည်။

ရှိတာလေးနဲ့ဖြစ်သလိုကြမ်းပြဖို့ရှိတဲ့ YDF
11/01/2023

ရှိတာလေးနဲ့ဖြစ်သလိုကြမ်းပြဖို့ရှိတဲ့ YDF

လူယုတ်မာတို့ ကြီးစိုးနေခြင်းသည်...    ၄င်းတို့ တော်၍ မဟုတ်...   လူကောင်းများက ရပ်ကြည့်    နေခြင်းကြောင့် ဖြစ်သည်။       ...
10/10/2022

လူယုတ်မာတို့ ကြီးစိုးနေခြင်းသည်...

၄င်းတို့ တော်၍ မဟုတ်...

လူကောင်းများက ရပ်ကြည့်

နေခြင်းကြောင့် ဖြစ်သည်။


#ဟံသာဝတီဦးဝင်းတင်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)အခြေခံစစ်ပညာသင်တန်း အပတ်စဥ်(၄)သင်တန်းဆင်းပွဲအခမ်းအနားအမှတ်(၁၀၇)စစ်ဒေသဓာတ်ပုံ - BPLA
08/10/2022

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)
အခြေခံစစ်ပညာသင်တန်း အပတ်စဥ်(၄)
သင်တန်းဆင်းပွဲအခမ်းအနား
အမှတ်(၁၀၇)စစ်ဒေသ

ဓာတ်ပုံ - BPLA

07/10/2022

KNLA B6
Cobra Column 🐍

Crd- wah fish paste

07/10/2022

ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်

07/10/2022

တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာခြင်း

မုံရွာမြို့မှ ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆန်တက်လာသော စကစ ရေယာဉ်တိုက်ခိုက်ခံရ

၇၊၁၀၊၂၀၂၂

ယနေ့ နံနက်၇ နာရီခန့်တွင် မြွေပိုင်းတောင်အနီးတွင် ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း(GTF) ၊တပ်ခွဲ(၂) ယက္ခညီနောင် ၊တပ်ခွဲ(၄) စစ်ကျွန်မခံမြွေဆိုးတသိုက် ၊ တပ်ခွဲ (၅) Eagle Freedoom Fighter lChindwin Counter Colum၊ မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။
ထိုတိုက်ခိုက်မှုကြောင့် စကစဘက်မှ အကျအဆုံးများရှိပီး ထိခိုက်မှုများစွာရရှိထားကြောင်း ကနဦး သတင်းအရသိရှိရသည်။

#ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်းGTF
#အရေးတော်ပုံအောင်ရမည်

02/10/2022

စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်သား(၄၈)ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း Federal Wingsထုတ်ပြန်

ပြီးခဲ့သည့် စက်တင်ဘာတစ်လတာအတွင်း၌ KNU တပ်မဟာ (၆) နယ်မြေ ဖြစ်သော ဝေါ်လေ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် ဒေသများအတွင်းရှိ Federal Wings တပ်ဖွဲ့များသည် ဒရုန်းစစ်ဆင်ရေးပေါင်း (၈၉) ကြိမ် တိုက်ခိုက်စစ်ဆင်ခဲ့ကြပြီး အကြမ်းဖက်စစ်သား(၄၈)ဦးသေဆုံးကာ အ‌မြောက်
အမြား ဒဏ်ရာရခဲ့ကြသည်။

01/10/2022

အကြမ်းဖက်စစ်တပ်အား ပြည်သူ့ကာကွယ်ရေးတပ်များ ကြားဖြတ် တိုက်ခိုက်

Crd_Aung Paing Htwe

27/09/2022

ယင်းမာပင်မြို့နယ် ပျူစောထီကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ စခန်းအား ပြည်သူကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်

စက်တက်ဘာ ၂၇၊၂၀၂၂

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာမ(ပျူရွာ)တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား စက်တင်ဘာ၂၆ရက်နေ့ ညနေ၅နာရီတွင် ဒေါင်းလုလင် LPDF ပါဝင်သော မဟာမိတ်တပ်များ
ပူးပေါင်း၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းလုလင်LPDF က ထုတ်ပြန်သည်။

အကြမ်းစစ်ကောင်စီတပ်သားသေဆုံးထိခိုက်မှုအခြေအနေမသိရသေးပါ။ မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ပေ။

Video crd_ဒေါင်းလုလင် - LPDF

စတင်ဘာလ၂၇ရက်နေ့၊၂၀၂၂ခုနှစ်။                        ဒီမော့ဆို မြို့ ၊ကုန်းသာကျေးရွာ အတွင်း တိုက်ပွဲ မှ ထိခိုက်ဒဏ်ရာ ရရှိသ...
27/09/2022

စတင်ဘာလ၂၇ရက်နေ့၊၂၀၂၂ခုနှစ်။

ဒီမော့ဆို မြို့ ၊ကုန်းသာကျေးရွာ အတွင်း တိုက်ပွဲ မှ ထိခိုက်ဒဏ်ရာ ရရှိသော ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) လက်အောက်ခံ KDF တပ်ဖွဲ့ မှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး (ခ) အခြောက်မ သည်
အကြမ်းဖက်တို့ ၏ လက်နက်ကြီး ကျည် ထိမှန်ခဲ့ပြီး ယနေ့ မနက် ၁၀:၂၅မိနစ် အချိန်တွင် ရံဝံ့စွာ ဂုဏ်ယူစွာ ဖြင့် ကျဆုံးသွားခဲ့ပါသည်။

ရဲဘော် သည် တိုင်းပြည် နှင့် လူမျိုးအတွက် အသက်အား ပဓာန မထား သတ္တိရှိရှိ တိုက်ပွဲ ဝင်ခဲ့သောကြောင့် ရဲဘော် အား အာဇာနည် သူရဲကောင်း အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်လိုက်ပါသည်။

** အလေးနီ ပြု လျက် **

Karenni Revolution Union (KRU)

သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ
09403651233

သူပုန်တေး__________လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းတော့မယ်*လဖက်ရည်ဆိုင်နဲ့မိုင်ငါးရာစာအုပ်စဥ်နဲ့စိတ္တညများစွာအနာကို တိတ်တ...
16/09/2022

သူပုန်တေး
__________

လွမ်းတတ်ရင်လည်း
လမ်းမှာပဲ လွမ်းတော့မယ်*
လဖက်ရည်ဆိုင်နဲ့မိုင်ငါးရာ
စာအုပ်စဥ်နဲ့စိတ္တညများစွာ
အနာကို တိတ်တိတ်လေး နားထောင်နေပါတယ်

ပေတရာပေါ်က သွေးတွေမခြောက်ခင်
တောင်ပေါ်ရွာလေးတွေ လည်လှီးခံရတယ်
ကမ္ဘာက ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ
အညာက စစ်ဘေးရှောင်စခန်းကလေးတွေ
မိုးဒဏ် မီးဒဏ်ခံနေရတယ်

လူကြီးတွေစကားပြောဖို့
လူငယ်တွေသေပေးနေရတာကို
စစ်ပွဲလို့ခေါ်တယ်ဆို
ရေပေါ်ဆီကလေးတွေ အောင်ပွဲခံဖို့
အခြေခံလူတန်းစားတွေသေပေးနေရတာကို
တော်လှန်ရေးလို့ ခေါ်ပါတယ်

ဓာတ်ဆီတဗူး လေးထောင်
မီးခြစ်တလုံးငါးရာ
မနက်စာက မလွယ်တော့ဘူး
ညစာရောဆို ခက်ပါတယ်
ပြည်သူတွေ အဆီအစိမ့်မစားပဲ
သွေးတိုးနေရတယ်

တယောက်ကိုတယောက်
နမ်းဖို့လည်း မလွယ်ကူ
လွမ်းဖို့လည်း မလွယ်ကူ
လွယ်ကူတာဆိုလို့ စစ်ငရဲခံနေရတဲ့
ပြည်သူတွေရဲ့အသက်ပဲရှိတယ်

တို့ရဲဘော်တွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့
တို့ရဲဘော်သွေး နီရဲ့လားဟေ့ နီတယ်ဟေ့
တို့ရဲဘော်တွေ တိုက်ရဲလားဟေ့ တိုက်ရဲတယ်ဟေ့
တို့ရဲဘော်တွေ သေရဲလားဟေ့
မသေရဲဘူးအကို
ကျွန်တော်တို့ကသတ်မှာ
စစ်မိစ္ဆာခေါင်းကို ဖြတ်မှာ
ကျွန်တော်တို့ သေနတ်ပြောင်းကို
စစ်ဘီလူးသွေးနဲ့ဆေးမှာ
သူတို့ အရေကိုဆုတ်ပြီး
သူတို့အရိုးကို ပုလွေမှုတ်မှာ
ဒါကြောင့် ကျွန်တော် မသေရဲဘူးအကို
မသေသေးဘူးအကို

ငါတို့အပေါ် လာမနင်းနဲ့
ငါတို့က ရှားဆူးတွေ ကျားအစွယ်တွေ
တတောင်နဲ့တတောင်
ခုန်ပျံကူးလွှားနေတဲ့ တောင်ဆိတ်တွေ
ငါတို့က အဆိပ်ပြင်းမြွေကိုတောင်
ဦးနှောက်ဖောက်စားနိုင်တဲ့ လင်းယုန်ငှက်တွေ
ငါတို့က ကျောပိုးအိတ်တလုံး
ဖိနပ်တရံ သေနတ်တလက်နဲ့
ခေတ်သစ် မွန်ဂိုတွေ
မင်းတို့ လိပ်ပြာတွေ လွင့်ဖို့ပြင်ထား။ ။

-မိုးအိမ်သစ်(23.6.22)

*ခင်ဝမ်း စာသား

လူငယ်တွေဟာ အတတ်နိုင်ဆုံး ဘဝတွေ စတေးပြီးကြိုးစားနေကြတယ် ဖက်ဆစ်အောက်တပ်ရဲ့ ယုတ်မာအောက်တန်းကျမှုကို အသည်းထဲ စွဲမှတ်ထားပါ။  ...
14/09/2022

လူငယ်တွေဟာ အတတ်နိုင်ဆုံး ဘဝတွေ စတေးပြီး
ကြိုးစားနေကြတယ်

ဖက်ဆစ်အောက်တပ်ရဲ့ ယုတ်မာအောက်တန်းကျမှုကို အသည်းထဲ စွဲမှတ်ထားပါ။

တော်လှန်ရေးအောင်မြင်ဖို့အတွက် အရေးကြီးတယ်။
ခံစားရတဲ့ လူတွေမှာ နှလုံးသားထဲအထိနာကျဉ်းရပါတယ်။

ရဲဘော် ရီရယ် ၁၁-၉-၂၀၂၂. ရက်နေ့ မိုးဗြဲတိုက်ပွဲတွင်မြင့်မြတ်စွာကျဆုံးသည်။    #ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်
11/09/2022

ရဲဘော် ရီရယ် ၁၁-၉-၂၀၂၂. ရက်နေ့ မိုးဗြဲတိုက်ပွဲတွင်မြင့်မြတ်စွာကျဆုံးသည်။


#ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်

UGတွေအစွမ်းကြောင့်သာ ဒလံတွေ ပြည်သူကို ဒုက္ခမပေးရဲတာပါ။
11/09/2022

UGတွေအစွမ်းကြောင့်သာ ဒလံတွေ ပြည်သူကို ဒုက္ခမပေးရဲတာပါ။

စစ်ကြီးထဲက ငိုကြွေးသံတွေ_____________________စစ်တလင်းဟာ ခေတ်တခင်းမှာကျက်သရေမဲ့လိုပြေးကြ၊ လွှားကြ၊ ငိုကြ၊ ပူပန်ကြစိုးရိမ်...
08/09/2022

စစ်ကြီးထဲက ငိုကြွေးသံတွေ
_____________________

စစ်တလင်းဟာ ခေတ်တခင်းမှာ
ကျက်သရေမဲ့လို
ပြေးကြ၊ လွှားကြ၊ ငိုကြ၊ ပူပန်ကြ
စိုးရိမ်ကြ၊ ဆုံးရှုးကြ၊ ပေးဆပ်ကြ၊
လဲကျလိုက် ပြန်ထလိုက်ပဲ။

အဲဒီလိုနဲ့ပဲ
တောတောင်တွေထဲ ဝမ်းခေါင်နေတဲ့
လူတွေထဲက လူသားစစ်စစ်တွေ ကို
စစ်ကြီးထဲက ခိုးခိုးခစ်ခစ် ရယ်သံတွေဟာ
လှောင်ပြောင်လို . . .

စစ်တုရင်ပွဲမှာ အရေးကြီးဆုံးရွှေ့ကွက်တွေအတွက်
ပေးဆပ်ရတဲ့နယ်ရုပ်တွေလို
စီးချင်းထိုးပွဲတွေမှာ ဒေါင်းအလံကိုလွှင့်ရင်း
တိုက်ပွဲဝင်ကြ
စစ်တလင်းပြင်ထဲက
လက်တစ်ဖက်ဆုံးရှုံးရတဲ့ ရဲဘော်တွေ
ရက်စက်ယုတ်မာခံရတဲ့ ရဲရင့်သောအမျိုးသမီးတွေ
ပေးဆပ်ခဲ့ရတဲ့ လူနေမှုဘဝတွေ

ဗုံးသီးတွေလွမ်းမိုးခဲ့တဲ့ လယ်ကွင်းတွေ
တရားသောစစ်မှာ ငြိမ်းချမ်းရေးဆိုတာ မရှိဘူးလို
နားလည်လိုက်တဲ့ ဒူးမထောက်ပဲတိုက်ပွဲဝင်ကြတဲ့
လူသားစင်စစ်တွေဟာ

ဒီစစ်တလင်းထဲမှာ
ငိုကြွေးရင်း ငိုကြွေးရင်းနဲ့ပဲ
တပ်ဦးအလံကို လွှင့်ထူလာကြလိမ့်မယ်။

◾️ စစ်နေ

Credit - Oway

07/09/2022

စစ်ခွေးတွေကို ပညာပေးနေသော ရဲဘော်များ

ရင်ပေါင်တိုင်ရွာ တိုက်ခိုက်ခံရမှု ဒလံသတင်းပေးမှုကြောင့်သာဖြစ်တယ်လို့ ဗိုလ်နဂါးပြောယင်းမာပင်၊ သြဂုတ် ၁၂၊ ၂၀၂၂။ယင်းမာပင်မြ...
12/08/2022

ရင်ပေါင်တိုင်ရွာ တိုက်ခိုက်ခံရမှု ဒလံသတင်းပေးမှုကြောင့်သာဖြစ်တယ်လို့ ဗိုလ်နဂါးပြော

ယင်းမာပင်၊ သြဂုတ် ၁၂၊ ၂၀၂၂။

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို သြဂုတ်လ ၁၁ရက်မနေ့က စစ်ကောင်စီ လေယာဥ်၆စီးနီးပါးနဲ့ ပစ်ခတ်ပြီး မြေပြင်မှာလည်း အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခံရခြင်းဟာ ဒလံသတင်းပေးမှုကြောင့်သာဖြစ်တယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ ဒေါက်တာအငြိမ်းနဲ့ ‌ဗိုလ်နဂါးတို့ တွေ့ဆုံပြီးနောက်ပိုင်း ယင်းမာပင်ပုလဲနယ်မှာ အင်အားသုံးတိုက်ခိုက်ခံရတဲ့ တိုက်ပွဲဖြစ်လို့ ပြည်သူလူထုကြားမှာ ဒေါက်တာအငြိမ်းကြောင့်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီကိစ္စဟာ ပြည်သူလူထုက စိုးရိမ်မှုနဲ့ သံသယစိတ်တွေကြောင့် ဆက်စပ်တွေးခေါ်ရင်း ဖြစ်ပေါ်လာတဲ့ သတင်းတွေသာ ဖြစ်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခေါင်း‌ဆောင် ဗိုလ်နဂါးက ပြောပါတယ်။

" လူတွေကအထင်နဲ့ စိုးရိမ်မှုတခုခုကြောင့် သံသယတခုခုကိုဆက်စပ်တွေးတောရာကနေသူတို့ယူဆမိတဲ့အဖြေပါ၊တကယ်တမ်းကကြတော့ ဒီဥစ္စာက မနေ့ကမှရောက်လာတဲ့ဟာ၊ မနေ့ကမှ ပစ္စည်းသယ်ပြီးတော့မှအဲဒီရွာကိုဝင်တာ၊လမ်းကြောင်းတလျှောက်မှာလည်း ပစ်ခတ်ခံရပြီးလာခဲ့ရတာလို့ကြားတယ်" လို့ ပြောပါတယ်။

လက်နက်သယ်ပြီးပြန်လာတဲ့ ချင်းတပ်ဖွဲ့တခုက ရင်ပေါင်တိုင်ရွာအရောက်မှာ ခဏနားနေတဲ့အချိန် ဒလံရဲ့ သတင်းပေးမှုကြောင့် နမခ က လေယာဥ်၄ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့သလို မြေပြင်မှာလည်း စစ်ကြောင်းထိုး ပိတ်ဆို့ပြီး တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

" အဲဒီဒလန်လည်းဖမ်းမိထားတယ်လို့ကြားတယ်၊ အငြိမ်းနဲ့က ဘာမှမဆိုင်ပါဘူး၊အငြိမ်းကပြန်သွားတာတောင်မှကြာပြီပဲ၊လက်နက်သယ်လာတဲ့လူတွေကမနေ့ကမှအဲဒီရွာကိုရောက်တယ်၊အဲဒီရွာမှာချက်ခြင်းသူတို့နားနေတုန်းမှာဝင်ပစ်ခံရတယ်၊အမှန်တော့ သံသယနဲ့စိုးရိမ်စိတ်တွေနဲ့ဆက်စပ်တွေးတော့ပြီး ယူဆတဲ့အနေအထားပဲနေမှာပါ၊မဆိုင်ပါဘူး" လို့ ဗိုလ်နဂါးက ပြောပါတယ်။

အဲ့ဒီတိုက်ခံခံရမှုမှာ PDF ၇ဦး ကျဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းခံလိုက်ရတဲ့အပြင် ‌ဒေသခံပြည်သူ အမျိုးသားတဦးနဲ့ အမျိုးသမီး ၁ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

သြဂုတ်လ ၁၂ရက် ဒီနေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီက ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဥ်နဲ့ အင်အားထပ်ချခဲ့ပြီး ရွာကိုပါ မီးထပ်ရှို့ခဲ့သေးတဲ့အပြင် အင်အား ၁၀၀ ကျော်နဲ့ အဲ့ဒီရွာထဲမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

08/08/2022

ကလစ်နှိပ်၊ဂိမ်းကစားရင်း
တော်လှန်ရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ ဗိုလ်နဂါးတိုက်တွန်းပြောကြား

Click2donate

အာဏာသိမ်းမှု ဆန့်ကျင်သူပြည်သူများကို သတ်ဖြတ်ရန် လက်နက်ခဲယမ်းမျိုးစုံ ထုတ်လုပ်နေ သည့် လက်နက်ထုတ်စက်ရုံပေါင်း ၂၅ ခုရှိပြီး...
03/08/2022

အာဏာသိမ်းမှု ဆန့်ကျင်သူပြည်သူများကို သတ်ဖြတ်ရန် လက်နက်ခဲယမ်းမျိုးစုံ ထုတ်လုပ်နေ သည့် လက်နက်ထုတ်စက်ရုံပေါင်း ၂၅ ခုရှိပြီး နိုင်ငံအလယ်ပိုင်း တောတောင်လျှိုမြောင်များအကြားတွင် အခိုင်အမာ တည်ဆောက်ထားသည်။​

“ကပစစက်ရုံတွေကို သူတို့စိတ်ချတဲ့ အတွင်းပိုင်းမှာပဲထားတယ်။ နောက်တစ်ချက်ကတော့ သယ်ယူပို့ ဆောင်ရေးအတွက်က ဧရာဝတီမြစ်ရှိနေတော့ အရမ်းအဆင်ပြေတယ်ပေါ့ဗျာ" ဟု တပ်မတော်အကြီးစား စက်ရုံတွင် သုံးနှစ် တာဝန်ထမ်းဆောင်ခဲ့သူ CDM အရာရှိတစ်ဦးက ပြောသည်။​

"စစ်တပ်မှာ ပြောနေကျက တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအား ဆိုပြီး ရှိတာပေါ့။ အခု စစ်တပ်မှာက စွမ်းဆောင်ရည် မရှိတော့ဘူး။ အဲ့ဒါကို ဘာနဲ့ပြန်ထိန်းထားလည်းဆိုတော့ တိုက်စွမ်းအားနဲ့ ပြန်ထိန်းထားတာ။ တိုက်စွမ်းအားဆို တာက ဗုံးတွေ၊ စိန်ပြောင်းတွေ၊ အမြောက်တွေပေါ့”

အာဏာရှင်ကို ကာကွယ်ပေးသည့် လူသတ်လက်နက် ထုတ်လုပ်ပေးရာ ကပစစက်ရုံများ၏ တည်နေရာနှင့် ထုတ် လုပ်သည့် လက်နက်ခဲယမ်းများအကြောင်း Myanmar Now က လက်လှမ်းမီသလောက် ခြေရာခံထားသည်။
----
အပြည့်အစုံဖတ်ရန် - https://www.myanmar-now.org/mm/news/12161

01/08/2022

ပင်လည်ဘူးပြည်သူကာကွယ်ရေးတပ် ကောလင်းခရိုင်တပ်ရင်း(၃)

01/08/2022

ပျော်တာပေါ့
တစ်နှစ်ကျော်ကြာမှ မုန့်ပြန်စားရတယ်😥

Crd

01/08/2022

မင်းလှPDFနှင့်မ‌ကွေးတောင်ပိုင်းPDFတို့က
လက်လုပ် အီနာဂါဗုံးသီး စမ်းသတ်ထုတ်လုပ်ခြင်း ပထမ အဆင့် အောင်မြင်ခဲ့သည်။

လေကြောင်းမပါရင် စစ်မတိုက်ရဲတော့တဲ့ စစ်ကောင်စီဟာ EROs ဒေသတွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များကို တိုက်လေယ...
26/07/2022

လေကြောင်းမပါရင် စစ်မတိုက်ရဲတော့တဲ့ စစ်ကောင်စီဟာ EROs ဒေသတွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များကို တိုက်လေယာဥ်များ၊ စစ်ရဟတ်ယာဥ်များအသုံးပြုပြီး မတရားသဖြင့် တိုက်ခိုက်ချေမှုန်းနေတာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်ရဲ့ စစ်ရဟတ်ယာဥ်များထဲက ကျွန်တော်ကိုယ်တိုင်မောင်းနှင်ပျံသန်းခဲ့တဲ့ စစ်ကောင်စီရဲ့အသုံးပြုမှုအများဆုံးနဲ့ အန္တရာယ်အပေးနိုင်ဆုံးသော Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ် အကြောင်းနဲ့ မုံရွာမြို့ အရှေ့မြောက်ဘက်ရှိ မြို့ရွာတွေကို MI-35P နှင့် MI-17 ရဟတ်ယာဉ်များရဲ့ခန့်မှန်းပျံသန်းချိန် များကို သတင်းပေးများ အသုံးပြုနိုင်ရန် တွက်ချက်ပြီး မျှဝေလိုက်ပါတယ်။
Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ အတောင်ပံ ပါရှိပြီး အောက်ကကြည့်ပါက ရှည်မျောမျော ပုံသဏ္ဍာန် ရှိပါတယ်။၂ယောက်မောင်းဖြစ်ပြီးလက်နက်တပ်ဆင်ထားပါတယ်။ ကျည်ကာပါတဲ့ အတွက် အတော်သင့် ကျည်မတိုးပါဘူး။Mi-35 ကို အောက်မှ ပြန်ပစ် မယ်ဆိုရင် ချိန်မပစ်ပဲ အရှေ့ တစ်စီးစာ ကြိုပစ်ရပါတယ်။ သူပစ်တဲ့ rockets တစ်လုံး ဟာ မီတာ တစ်ရာ ပတ်လည် ထိခိုက်နိုင်ပါတယ်။ ဒိရဟတ်ယာဉ် ရော့ကတ် ၅၀ တောင့် ပစ်ခတ်လေ့ရှိပြီး ပစ်ခတ်တဲ့နေရာမှာ အနည်းဆုံး ၃ ပတ် လှည့်လည် ပစ်ခတ်လေ့ ရှိပါတယ်။
ဒိရဟတ်ယာဉ်ပစ်ခတ်နေစဉ်မှာ လုံးဝ ထွက်မပြေးပါနဲ့၊ ရောက်ရာအရပ်မှာ မှောက်နေပါ။ ဖြစ်နိုင်ရင် မြောင်းရှိရင် မြောင်းထဲ ဝပ်နေပါ။ ဒိရဟတ်ယာဉ် တိုက်ခိုက်နေတဲ့ လမ်းကြောင်းထဲကနေ လုံးဝ ပြန်မပစ်သင့်ပါဘူး။ ညကြည့်(NVG) ပါတဲ့ အတွက် ညမှာလဲ စစ်ဆင် တိုက်ခိုက်နိုင်ပါတယ်။ ညဘက်တက်ခဲ့ရင်လဲ တော်လှန်ရေး အင်အားစုများကို သတင်းပေးကြပါဗျ။သတင်းပေးများအနေနဲ့ ဒိ ရဟတ်ယာဉ် မုံရွာမှ စတင် ထွက်ခွာတာကို မြင်တာနဲ့ တပြိုင်နက် ထွက်ခွာသည့် အရပ်မျက်နာ ကို ခန့်မှန်းတွက်ချက်ပြီး PDF တပ်ဖွဲ့များ သို့မဟုတ် အောက်မှ ချပေးထားသော link များတွင် သတင်းနိုင်ပါသည်။

Revolution Social Platform တစ်ခုဖြစ်တဲ့ Telegram တွင် Subscribe ထားသင့် ၊ သတင်းပေးသင့်သော တော်လှန်ရေးချန်နယ်(Channel) များအား ဖော်ပြလိုက်ရပါတယ်*
“Myanmar Secret Informations - MSI” ဟာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအစမှ ယနေ့ထိတိုင် ပြည်သူလူထုသိသင့်သောတော်လှန်ရေးသတင်းမှန်များအား အချိန်နဲ့တပြေးညီ တင်ပေးနေတဲ့ ‘ပြည်သူ့သတင်းချန်နယ်’ တစ်ခုပဲ ဖြစ်ပါတယ်။
Link - https://t.me/msi22222
“Rangoon Scout Network - RSN” ကတော့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြေပြင်သတင်းတွေကို အချိန်နဲ့တပြေးညီ အဓိကလုပ်ဆောင်နေတဲ့ ‘ယုံကြည်ရတဲ့ တော်လှန်ရေးချန်နယ်’ တစ်ခုပဲ ဖြစ်ပါတယ်။
Link - https://t.me/rangoonscoutnetwork
“Myanmar Scout Network - MSN” မှာတော့ မြန်မာနိုင်ငံရှိ ‘ဒေသအလိုက် အရေးကြီးမြေပြင်သတင်းများ’ ကိုပဲ Highlight ပြပေးမှာဖြစ်ပါတယ်။
Link - https://t.me/myanmarscoutnetwork
“Enemy Air Route - EAR” မှာတော့ ရန်သူစကစရဲ့ လေကြောင်းလေတပ်နဲ့သက်ဆိုင်တဲ့သတင်းတွေစောင့်ကြည့်နိုင်ပြီး ‘PDF/LDF များနဲ့ ERO များ’ ပါ ယုံကြည်စွာစောင့်ကြည့်ကြတဲ့ ချန်နယ်တစ်ခုပဲ ဖြစ်ပါတယ်။
Link - https://t.me/enemyairroute
အထက်ပါချန်နယ်များသည် နွေဦးတော်လှန်ရေးအစကတည်းက သတင်းအချက်အလက်ကဏ္ဍတွင် အားစိုက်ပါဝင်လာခဲ့ပြီး လက်ရှိတွင်လည်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အပါအဝင် တခြားသော ယုံကြည်ရသော မြေပြင် သပိတ်အဖွဲ့များ၊ ဒေသအလိုက် Scout အဖွဲ့များ၊ မြို့ပြပြောက်ကျား (UG) များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များနှင့်အတူ သတင်းအချက်အလက်အားဖြင့် တော်လှန်ရေးမှာ ကူညီအားဖြည့်လျက်ရှိပါသည်။
*ဘယ်လို သတင်းအမျိုးအစားတွေ ပေးကြဖို့လိုလဲ?*
၁) မြို့တွင်းမြို့ပြင် အစစ်အဆေး ၊ အဖမ်းအဆီး နှင့် ဧည့်စစ်ဝင်မွှေသတင်းများ
၂) Barrier, Zigzag နဲ့ CCTV များ ချထားမှုများ
၃) တပ်တည် တပ်လှုပ် ၊ ရန်သူ့ယာဉ်တန်းလမ်းကြောင်းများ (ကား၊ ရထား၊ ရေ‌ယာဉ်၊ လေယာဉ်)
၄) တပ်စွဲ၊ ကင်းစောင့်၊ ကင်းပတ်အခြေအနေများ
၅) တပ်တွင်း(ဖရဲသီး) သတင်းအစရှိသည့် ရန်သူစကစနှင့်သက်ဆိုင်‌သော သတင်းမှန်သမျှကို အောက်ပါ Telegram Account များဆီ လုံခြုံစိတ်ချစွာပေးပို့နိုင်ပါတယ်။
မြေပြင်သတင်းပေးအကောင့် > https://t.me/Inform_RSN
လေကြောင်းသတင်းပေးအကောင့် > https://t.me/EAR_Info

Crd_Zaythu Aung

Address


Website

Alerts

Be the first to know and let us send you an email when PDF News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share