Nway Oo Mg

Nway Oo Mg Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nway Oo Mg, News & Media Website, .

14/05/2024

ေပါက်. ကိုယ်တော်ထွက်တိုက်ခိုင်းလိုက်ရင်အကောင်းဆုံးသဂြိုလ်ပေးရအောင်

 #မြဝတီသို့မဟုတ်အကျိုးအမြတ်ရသူနှင့်ခံရသူတို့ရဲ့ငရဲခန်းအောက်ပါအကြောင်းအရာတွေကိုဖတ်ပြီးသွားရင် စောချစ်သူနှင့် မြဝတီအကြောင်...
13/05/2024

#မြဝတီသို့မဟုတ်အကျိုးအမြတ်ရသူနှင့်ခံရသူတို့ရဲ့ငရဲခန်း
အောက်ပါအကြောင်းအရာတွေကိုဖတ်ပြီးသွားရင် စောချစ်သူနှင့် မြဝတီအကြောင်း ကောင်းကောင်းသဘောပေါက်သွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို မိတ်ဆွေကြီး နိုင်ရန်စီမံမှ မြဝတီတိုက်ပွဲမဖြစ်ခင်ကတည်းက ထိုင်းလွှတ်တော်ထဲမှာ တင်ပြထားပြီးဖြစ်ပေမယ့် အချိန်အခက်အခဲကြောင့် ယ္ခုမှဘဲရေးနိုင်ပါတယ်။ သေသေချာချာဖတ်ကြဖို့နှင့်၊ လူအများသိအောင် ပြန်လည်ဖြန့်ဝေပေးကြဖို့ တိုက်တွန်းပါတယ်။

၁။ ရဲဌာနရဲ့မှတ်တမ်းတွေအရ ထိုင်းနိုင်ငံသားတွေနှင့် တကမ္ဘာလုံးကလူတွေကို ဖုန်းဆက်ပြီး နည်းမျိုးစုံနဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုလုပ်တဲ့ ကောလ်စင်တာ Call Center နဲ့ပတ်သက်တဲ့အမှုပေါင်းဟာ မတ်ခ်ျလ ၂၀၂၂ မှ ဇွန်လ ၂၀၂၃ အထိ၊ ၁၄ လတာကာလမှာ အမှုပေါင်း ၂၈၅,၀၀၀ (နှစ်သိန်းရှစ်သောင်းငါးထောင်) ရှိခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုးဟာ ဘတ်ငွသန်းပေါင်း ၄ သောင်းကျော်ရှိတာကြောင့် အစိုးရဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်ထက်ကိုများပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှရရှိတဲ့ မှတ်တမ်းတွေအရ အဲဒီ ကောလ်စင်တာများမှနေ ဖုန်းခေါ်ဆို လိမ်ငြာခဲ့ကြတဲ့ အရေအတွက်ဟာ ၂၀၂၀ မှာအကြိမ်ရေ ၁.၇ သန်း (တသန်း ခုနှစ်သိန်း) ရှိခဲ့ပြီး၊ ၂၀၂၂ မှာ အကြိမ်ရေ ၁၇ သန်း (ဆယ့်ခုနှစ်သန်း) ရှိခဲ့တာကြောင့် ၂ နှစ်အတွင်းမှာ ၁၀ ဆပိုများလာတာဖြစ်ပါတယ်။ နောက်ပြီး အဲဒီ အွန်လိုင်းငွေကြေးလိမ်လည်မှု Call Center မှရတဲ့ ငွေကြေးတချို့ကို ကမ္ဘောဒီးယားက သီဟာနုဗေးကို လွှဲပြောင်းခဲ့ကြကြောင်းသိရပါတယ်။

၂။ လောက်ကိုင်နှင့် လားရှိုးဖက်မှာ အခြေစိုက်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုဂိုဏ်း ကောလ်စင်တာတွေဟာ တရုတ်ရဲ့ဖိအားပေးမှုနှင့် ဖြိုခွဲခံရပြီးတဲ့နောက် မြဝတီဘက်မှာ လာရောက်အခြေစိုက်နေကြတာဖြစ်ပြီး၊ တရားမဝင်စီးပွါးရေးလုပ်ငန်းပေါင်းစုံနှင့် ရာဇဝတ်မှုလုပ်ငန်းတွေအားလုံးဟာ အဲဒီမှာ အခြေစိုက်နေကြတာဖြစ်ပါတယ်။
မြဝတီမှာ ကာစီနိုပေါင်း အနည်းဆုံး ၃၄ ခုရှိပြီး၊ ၁၇ ခုကို ထိုင်းမှအရာရှိအချို့က ပိုင်ဆိုင်ကြတာဖြစ်ပါတယ်။

မြဝတီက ရွှေကုက္ကိုလ်ဆိုတဲ့မြို့သစ်ဟာ အကျယ်အဝန်း ရိုင်းပေါင်း ၇ သောင်းခွဲရှိပါတယ်။ ရွှေကုက္ကိုလ် ကို "ယာထိုင်းကုမ္ပဏီ" မှတာဝန်ယူတည်‌ဆောက်တာဖြစ်ပြီး အဲဒီ "ယာထိုင်းကုမ္ပဏီ" မှဘဲ ပိုင်တာဖြစ်ပါတယ်။ ယာထိုင်းကုမ္ပဏီရဲ့ပိုင်ရှင်ဟာ တရုတ်လူမျိုး "စေကျူးကျီယန်" ဖြစ်ပါတယ်။ တရုတ်ရဲ့ဖမ်းဝါရမ်းကြောင့် ထိုင်းမှာအဖမ်းခံလိုက်ရတဲ့ အဲဒီ "စေကျူးကျီယန်" ဆိုသူဟာ သူ့ကိုဝင်ဖမ်းတဲ့အချိန်မှာ လက်ရှိတပ်စင်အစိုးရဝန်ကြီးအချို့နဲ့ ထမင်းအတူစားနေတုန်း ထမင်းစားဝိုင်းမှာ ဝင်ဖမ်းတာဖြစ်ပါတယ် (သူ့ကို ထိုင်းအစိုးရမှဖမ်းတာမဟုတ်ဘဲ တရုတ်အစိုးရရဲ့အစီအစဉ်နဲ့ ဖမ်းတာဖြစ်ပါတယ်)။

ဒီလူဟာ ဘယ်လောက်အထိအဆက်အသွယ်ကောင်းလဲဆိုရင် အရင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်လက်ထက်က ထိုင်းမြို့ကြီးတွေမှာ ကာစီနိုနှင့် ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် အဆောက်အဦးဆောက်ပြီး တရားဝင်စီးပွါးရေးလုပ်ဖို့အထိ လွှတ်တော်ထဲသွားပြီး ပရီစင်တေးရှင်း Presentation သွားလုပ်နိုင်ခဲ့ပါတယ်။ အဲဒီလူ လွှတ်တော်ထဲသွားပြီး ပရီစင်တေးရှင်းလုပ်နိုင်အောင် ခေါ်သွားသူကတော့ တပ်စင်ရဲ့ပါတီ ဖတ်ဖွေးရယ်ထိုင်းပါတီ အမတ်ဖြစ်ပါတယ်။
(ယ္ခုတော့ အဲဒီအစီအစဉ်ကို အကောင်အထည်ဖေါ်ဖို့ စေထာဦးဆောင်တဲ့အစိုးရက ချင်းမိုင်၊ ချွန်ဘူရီနှင့် ပတ္ထရားတို့မှာ အဆောက်အဦးအတွက် ပြီးခဲ့တဲ့အပတ်ကဘဲ လက်သိပ်ထိုး ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲဒီ ၃ နေရာလုံးကရမယ့်အကျိုးအမြတ်ကို တပ်စင်ကရမှာဖြစ်ပေ‌မယ့် သူ့အမည်မခံဘဲ သူယုံကြည်စိတ်ချရသူကို အမည်ခံခိုင်းတာဖြစ်ပါတယ်)။

၃။ ယာထိုင်းကုမ္ပဏီနှင့် စေကျူးကျီယန်အကြောင်းပြန်ဆက်ရရင် လွှတ်တော်မှာ ပရီစင်တေးရှင်း Presentation လုပ်ပြီးနောက် ဘန်ကောက် "ဖက်ဘူရီတတ်မိုင်" လမ်းမကြီးပေါ်က "ဘန်ကောက်စမိုင်းစကွဲယား" Bangkok Smile Square ဆိုတဲ့အဆောက်အဦးကြီးကို ဝယ်လိုက်ပါတယ်။ ကံကောင်းချင်တော့ လုပ်ငန်းမစခင်မှာဘဲ "စေကျူးကျီယန်" ကို တရုတ်အစိုးရက ဖမ်းဆီးပြီး တရုတ်ကိုခေါ်သွားလိုက်တာကြောင့် လုပ်ငန်းစဖို့ ရပ်တန့်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်ပြန်စနိုင်ပါတယ်။

၄။ မြဝတီနှင့် စောချစ်သူတို့ ဒီအဆင့်အထိဖြစ်လာတာဟာ အဲဒီ တရုတ်ဒုစရိုက်သမားတွေရဲ့ရင်းနှီးမြှပ်နှံမှုနှင့် မဲဆောက်ဖက်က အရာရှိတွေ ပံ့ပိုးကူညီနေလို့ဖြစ်ပါတယ်။ အဲဒီ တရုတ်တွေဟာ မြဝတီမှာလိုဘဲ ကမ္ဘေဒီးယားက သီဟာနုဗေးကိုလည်း သူတို့ဘဲပိုင်တာဖြစ်ပါတယ်။
စောချစ်သူရဲ့ ရွှေကုက္ကိုလ်မှာ အသက် ၁၅ နှစ်အောက် ထိုင်းအမျိုးသမီးငယ်တွေကို အတင်းအကြပ် ပြည့်တံဆာလုပ်ခိုင်းနေပြီး လက်ရှိအချိန်မှာ အေအိုင်ဒီအက်စ် AIDS ရောဂါ အကြီးအကျယ်ပျံ့နှံ့နေကြောင်းသိရပါတယ်။

၅။ ကေကေပါ့ခ် KK Park မှာ စကင်မာ Scammer လုပ်တဲ့ဝန်ထမ်းပေါင်း ၁ သိန်း ၂ သောင်းအထိရှိပါတယ် (လက်ရှိအချိန်မှာ ၁ သိန်းရှိနေကြောင်းသိရပါတယ်)။ ဒါ့အပြင် မူးယစ်ဆေးဝါးများကိုပါ ထုတ်လုပ်နေကြောင်းသိရပါတယ်။ ကေကေပါ့ခ်ရဲ့ အကျယ်အဝန်းက ရိုင်းပေါင်း ၁၂၅၀၀ ရှိပါတယ်။ အဲဒီမှာ ပရော့ဂျက် ၄ ခုရှိပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုတွေလုပ်တဲ့ ကောလ်စင်တာတွေ ရာနုန်းပြည့် အခြေစိုက်နေကြတာဖြစ်ပါတယ်။
ကေကေပါ့ခ်ကို "တုံမေဂရု" မှအဓိကရင်းနှီးမြှပ်နှံလုပ်ကိုင်နေတာဖြစ်ပြီး ပိုင်ရှင်က ‌"ဝမ်ကုတ်ကိုင်" လို့လည်းခေါ် "ဖွမ်လော်" လို့လည်းခေါ်တဲ့ မကာအိုနိုင်ငံသားဖြစ်ပါတယ်။ သူဟာ အခုတော့ ငွေပေးပြီး ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီဖြစ်ပါတယ်။

၆။ အကျယ်အဝန်း ရိုင်းပေါင်း ၁၀၀၀၀ ရှိတဲ့ နောက်ထပ်မြို့သစ်တခုဖြစ်တဲ့ "ဝမ်ယာ အင်တာနေရှင်နယ်" ဆိုတဲ့ကုမ္ပဏီဟာလည်း ရွှေကုက္ကိုလ်မှာဘဲရှိပြီး၊ အဲဒီကုမ္ပဏီကို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတာဖြစ်ပါတယ်၊ ရုံးချုပ်က မဲဆောက်မှာရှိတာဖြစ်ပါတယ်။ (ပျမ်းမျှ- ၃ ရိုင်းမှာ ၂ ဧကရှိပါတယ်)။

၇။ မြဝတီမှာရှိတဲ့ ကာစီနို ၃၄ ခုထဲမှ အနည်းဆုံး ၁၇ ခုကို ထိုင်းမှ အပြည့်အဝပိုင်တာ ဒါမှမဟုတ် ရှယ်ယာအများစုကို ပိုင်ထားတာဖြစ်ပါတယ်။ အဲဒီကာစီနိုတွေထဲက "မြဝတီ ကွန်းပလင့်" ကို ရဲဗိုလ်ချုပ်တဦးက ပိုင်တာဖြစ်ပါတယ်။ အဲဒီရဲဗိုလ်ချုပ်ဟာ တပ်စင်ညီမ ယင်လတ်ဝန်ကြီးချုပ်ဖြစ်တုန်းက မဲဆောက်မှာတာဝန်ကျတာဖြစ်ပြီး ယ္ခုအချိန်အထိလည်း ရဲဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။ သူဟာ တပ်စင်အပါအဝင် ဖတ်ဖွေးရယ်ထိုင်းပါတီကလူကြီးတွေနဲ့လည်း အလွန်ရင်းနှီးသူဖြစ်ပါတယ်။ အရင်က ဘာပိုင်ဆိုင်မှုမှမရှိခဲ့ပေမယ့် ယ္ခုတော့ အလွန်ချမ်းသာကြွယ်ဝနေပြီး ဩဇာလည်း အတော်ကြီးနေပြီဖြစ်ပါတယ်။

၈။ မြဝတီက "စကိုင်း ကွန်းပလင့်" ကို ရဲဗိုလ်အဆင့်ရှိသူတဦးမှ ပိုင်တာဖြစ်ပြီး၊ "အီစတန် ကွန်းပလင့်" နှင့် ကပ်လျှက်ဖြစ်ပါတယ်။ "အီစတန် ကွန်းပလင့်" ကို "အာခီနှင့် အာကွေး" တို့ကပိုင်တာဖြစ်ပါတယ်။ နောက် "စတား ကွန်းပလင့်" ကို "စေယာတေ" ဆိုသူကပိုင်တာဖြစ်ပါတယ်။ မြဝတီက အခြားကျန်နေသေးတဲ့ ကာစီနိုတွေကိုလည်း ရဲဗိုလ်ချုပ်တွေ၊ အတွင်းဝန်တွေက ပိုင်တာဖြစ်ပါတယ်။

၉။ အွန်လိုင်းငွေကြေးလိမ်လည်မှုဂိုဏ်း ကောလ်စင်တာတွေကနေ ထွက်ပြေးတဲ့လူတွေကို စောချစ်သူတို့အဖွဲ့ကနေဖမ်းပြီး အဲဒီဂိုဏ်းတွေဆီ ကောလ်စင်တာတွေဆီ ပြန်ဖမ်းပို့ကြတာကြောင့် ဆုကြေးအဖြစ် တယောက်ကို ဘတ် ၅ သောင်းရပြီး၊ ရိုဟင်ဂျာတဦးကို ဘတ် ၁ သိန်းရကြောင်းသိရပါတယ်။
ပြန်ဖမ်းမိတဲ့လူတွေကို ပြင်းထန်စွာအပြစ်ပေးသလို၊ တချို့တွေကိုသတ်ပစ်ပြီး ကိုယ်တွင်းအဂ်ါအစိတ်အပိုင်းတွေကို ထုတ်ရောင်းပါတယ်။ အမျိုးသမီးဆိုရင်လည်း ပြည့်တံဆာလုပ်ခိုင်းပြီး ငြင်းဆန်ရင်တော့ အသတ်ခံရပြီး ကိုယ်တွင်းအဂ်ါအစိတ်အပိုင်းတွေကို ပြန်ရောင်းပါတယ်။

၁၀။ ကေကေပါ့ခ်၊ ရွှေကုက္ကိုလ်နှင့် ဝမ်ယာ စတဲ့ မြဝတီမှာအခြေစိုက်တဲ့ ပရော့ဂျက်တွေကို စောချစ်သူထံ ငွေပေးပြီးငှါးထားတာကြောင့် အကျိုးအမြတ်တွေရနေတာဖြစ်ပါတယ်။ အဲဒီအကျိုးအမြတ်ထဲကဘဲ စောချစ်သူဟာ မအလကို ပြန်ပြီးခွဲဝေပေးတာဖြစ်ပါတယ်။ မြဝတီမှာရှိတဲ့ အကြီးစားပရော့ဂျက်တွေကိုပိုင်ကြတာဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေဖြစ်ပြီး၊ ထိုင်းမှ အရာရှိကြီးတွေကလည်း သူတို့ကို ထောက်ပံ့ပေးတာ အကာအကွယ်ပေးထားတာလုပ်ပြီး အကျိုးအမြတ်ရယူနေကြတာဖြစ်ပါတယ်။

အခုတော့ ရွှေကုက္ကိုလ်ရဲ့ပိုင်ရှင်(အဓိက ရင်းနှီးမြှပ်နှံသူ) "ယာထိုင်းကုမ္ပဏီ" ပိုင်ရှင် "စေကျူးကျီယန်" ကို တရုတ်တွေဖမ်းခေါ်သွားပြီဖြစ်သလို၊ ကေကေပါ့ခ်ရဲ့ပိုင်ရှင် "တုံမေဂရု" မှ ‌"ဝမ်ကုတ်ကိုင်" လို့လည်းဖမ်းထားပြီးဖြစ်ပါတယ်။ တပ်စင်အနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်ရခြင်း အကြောင်းရင်းတွေထဲက တခုဟာ ပိုင်ရှင်လွှတ်နေတဲ့ ရွှေကုက္ကိုလ်နှင့် ကေကေပါ့ခ်တို့နေရာမှာ အစားထိုးနေရာဝင်ယူဖို့ဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် ဘယ်သူတွေဟာ ဘယ်လောက်အထိ အကျိုးအမြတ်ရပြီး၊ ဘယ်သူတွေကပေးဆပ်နေကြရလဲဆိုတာ သေသေချာချာစဉ်းစားပြီး ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ပြည်သူများ၊ စောချစ်သူအောက်က ရဲဘော်များ၊ စောချစ်သူနဲ့ပတ်သက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ၊ အခြား နိုင်ငံရေးနှင့် တော်လှန်ရေး‌မှာ ခေါင်းဆောင်တာဝန်ယူထားကြသူများ စဉ်းစားသုံးသပ် ဆုံးဖြတ်ကြဖို့ အသိပေးနိုးဆော်လိုက်ပါတယ်။


မေလ ၁၂ ရက်၊ ၂၀၂၄

11/05/2024

အကောင့်ပြန်ပွင့်လာပြီ

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား ဖူးမျှော်နိုင်စေရန် တင်ပေးလိုက်ရပါတယ်။ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ဉေ...
30/04/2024

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား ဖူးမျှော်နိုင်စေရန် တင်ပေးလိုက်ရပါတယ်။
ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ဉေယျဓာမ်တောရ၌ပင် အပူဇော်ခံထားပါသည်။

ဆရာတော်ဘုရားကြီးမှာ ယမန်နေ့ကစတင်အဖျားတက်ခဲ့ရာ သမားတော်များပင့်သော်လည်း မသက်သာခဲ့ပါ။ဆရာဝန်များ၏ ဆေးစစ်ချက်အရ ကျောက်ကပ်နှင့်သက်ဆိုင်သော ရောဂါ က အဓိကဖြစ်ကြောင်း သိရသည်။

ပျံလွန်တော်မူချိန်တွင် သက်တော် ၈၃ နှစ်၊သိက္ခာတော် ၄၅ ဝါ ရှိပြီဖြစ်သည်။

လွန်ခဲ့သည့်တစ်ပတ်က ဒကာရင်းမိသားစုအားခေါ်ယူ ၍ အရပ်ရပ်သော ကိစ္စရပ်များအားကြိုတင်မှာကြားပြီးဖြစ်ကြောင်း နီးစပ်သော တပည့်များထံမှသိရသည်။

Credit

30/04/2024

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီးပျံလွန်တော်မူပြီ။

22/04/2024

မြ၀တီသို့ စစ်ကူလာသော အောင်ဇေယျစစ်ကြောင်းမှ KNLA,Cobra ထံ ဒေါနတောင်ခြေတွင် သံချပ်ကာကားနှင့်
စက် ေ၊_သနတ်တင်ကားများလှူဒါန်း😍👏

20/04/2024
19/04/2024

Breaking news
မင်္ဂလာဒုံလေဆိပ်ပိတ် 1နာရီအကြာမှာပြန်ဖွင့်
19.4.24 Pm

လှိုင်သာယာ ပြန်မယ့်သူတွေ ပေးမဝင်တော့ဘူးနော်အခုချိန်အထိ ဂရုစိုက်ကြပါ လမ်းလျှောက်ပြီတောင်ပေးမဝင်ဘူး                       ...
19/04/2024

လှိုင်သာယာ ပြန်မယ့်သူတွေ ပေးမဝင်တော့ဘူးနော်အခုချိန်အထိ ဂရုစိုက်ကြပါ လမ်းလျှောက်ပြီတောင်ပေးမဝင်ဘူး Apr-19

မွန်-ကရင် နယ်စပ်မှာ တိုက်ပွဲပြင်းထန်မွန်-ကရင်အစပ်က ကျိုက်မရောမြို့နယ် တရနာကျေးရွာနဲ့ သံကလောင်ကျေးရွာကြားမှာ ဧပြီလ ၁၉ ရက်...
19/04/2024

မွန်-ကရင် နယ်စပ်မှာ တိုက်ပွဲပြင်းထန်

မွန်-ကရင်အစပ်က ကျိုက်မရောမြို့နယ် တရနာကျေးရွာနဲ့ သံကလောင်ကျေးရွာကြားမှာ ဧပြီလ ၁၉ ရက် ဒီကနေ့ မနက် ၆နာရီကနေ ၁၁နာရီအထိ ၅နာရီကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ တရနာ ရွာခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

ဒီမနက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် လေယာဉ် ၂စင်းနဲ့ပါ လာရောက် ဗုံးကြဲ တိုက်ခိုက်တဲ့အကြောင်း ရွာခံတဦးက ခုလို ပြောပါတယ်။

“ ၆နာရီခွဲကတည်းက စဖြစ်တာပေါ့၊ ဒီ ကျွန်းကုန်းအနားမှာ။ ကျွန်းကုန်းရယ် သံကလောင်ရယ် အဲ့နားတခွင်မှာပဲ ပစ်ခတ်တော်တော်ကြမ်းတယ်။ လေယာဉ်ရော ၊ လေယာဉ်က နှစ်ခေါက်လာကြဲတာပေ့ါ။ ဒီတရနာဘက်ကတော့ မဝင်သေးဘူး၊ တရနာကျွန်းကုန်းရယ် နောက်ပြီး သံကလောင် နားမှာပေ့ါ၊ အဲ့ဒီလမ်းထဲမှာပဲ(တိုက်ပွဲဖြစ်တယ်)။ ၁၁နာရီလောက်မှ အသံတိတ်သွားတယ်။ ဒီနေ့ (ပစ်ခတ်သံကြားရတာ) အများဆုံးပဲ။ တခြားနေ့ကတော့ တစ်ချက် နှစ်ချက်ပေါ့၊ နေ့တိုင်းပဲကြားရတာ။”

စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်မှုကြောင့် တရနာရွာ၊ ကျွန်းကုန်းရွာက နေအိမ်တချို့ မီးလောင်ကျွမ်းနေတယ်လို့ နောက်ထပ်ရွာခံတဦးကလည်း အခုလို ပြောပါတယ်။

“ဒီအခြေအနေကတော့ အိမ် ၂လုံးထပ်လောင်တယ်။ စစ်သင်္ဘောကနေ လက်နက်ကြီးပစ်လို့ထင်တယ်။ တိုက်ပွဲက မနက်က စစ်သင်္ဘောကနေ လက်နက်ကြီးပစ်လာတယ်၊ မနက်အစောပိုင်းကတည်းက ၇နာရီ ၈နာရီအထိ လေယာဉ်ရော လက်နက်ကြီးရော မနားမရပ်ပစ်နေတယ်။ အခုကတော့ တရနာရွာမှာ ဆက်လောင်နေတယ် တစ်အိမ် နှစ်အိမ် မီးလောင်ကျွမ်းနေတုန်းပဲ၊ ညနေ ၄နာရီကနေ အခု ၅နာရီအထိ လောင်နေတုန်းပဲ” - လို့ မွန်ဘာသာနဲ့ ပြောဆိုသွားတာပါ။
အပြည့်အစုံဖတ်ရှုရန် - https://burmese.voanews.com/a/7576708.html 🌐
📷 (ယခင်မှတ်တမ်းပုံ) မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)

လိပ်ပြာလုံပါစေ---------------ဒီနိုင်ငံမှာမွေးဒီမြေမှာနေဒီရေကိုသောက်ဒီဆန်စားပြီးဒီနိုင်ငံရဲ့အရေးကိုမှကိုယ်နဲ့မဆိုင်သလိုနေ...
19/04/2024

လိပ်ပြာလုံပါစေ
---------------

ဒီနိုင်ငံမှာမွေး
ဒီမြေမှာနေ
ဒီရေကိုသောက်
ဒီဆန်စားပြီး
ဒီနိုင်ငံရဲ့အရေးကိုမှ
ကိုယ်နဲ့မဆိုင်သလို
နေနိုင်ကြတဲ့သူတွေ
တစ်နေ့---
ရောင်နီသာတဲ့တစ်နေ့
မျက်ဝန်းချင်းဆုံရင်
လိပ်ပြာလုံပါစေ။
uminkyawmyint

တံတားဦး လေတပ်စခန်းကို ရှော့ဒုံး(၁၅)လုံးနဲ့ တိုက်ခိုက်ရာ လေယာဉ်ဂိုထောင်နဲ့ ပြေးလမ်း ထိဟု FRF ပြော၊တံတားဦး လေဆိပ်အနီး ပေါက...
19/04/2024

တံတားဦး လေတပ်စခန်းကို ရှော့ဒုံး(၁၅)လုံးနဲ့ တိုက်ခိုက်ရာ လေယာဉ်ဂိုထောင်နဲ့ ပြေးလမ်း ထိဟု FRF ပြော၊
တံတားဦး လေဆိပ်အနီး ပေါက်ကွဲမှု ဖြစ်သလို ရှော့ဒုံးတွေလည်း သိမ်းဆည်း ရမိတယ်လို့ စစ်အုပ်စု သတင်းဖြန့်၊

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ စစ်အုပ်စုရဲ့ တံတားဦးလေတပ်စခန်းကို ဧပြီ(၁၇)ရက် မနက်ပိုင်းက ရှော့ဒုံး (၁၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ဂိုထောင်နဲ့ တိုက်လေယာဉ်ပြေလမ်းကို ထိမှန်ကာ ပျက်စီးမှု ရှိတယ်လို့ ကြားသိရကြောင်း Freedom Revolution Force (FRF) က MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ တံတားဦး လေတပ်စခန်းမှာ အခြေပြုပြီး အညာဒေသ အပါအဝင် အထက်မြန်မာပြည် တဝန်းက အရပ်သား ပြည်သူနဲ့ ရပ်ရွာအိုးအိမ်တွေကို နေ့စဉ် ဗုံးကြဲ သတ်ဖြတ် ဖျက်ဆီးနေတာကြောင့် Freedom Revolution Force (FRF) အထူးတာဝန်တပ်ဖွဲ့ - ၁၊ Kyaukse Revolution Army (KRA)နဲ့ စဥ့်ကိုင်မြို့နယ် ပကဖ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ(၁၇)ရက် မနက် (၂)နာရီမှာ စစ်အုပ်စုရဲ့ တံတားဦး လေတပ်စခန်းကို (၁၀၇မမ) ရှော့ဒုံး (၁၀)လုံး၊ (၉၀မမ) ရှော့ဒုံး ငါးလုံး၊ စုစုပေါင်း ရှော့ဒုံး(၁၅)လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ FRF သတင်းတာဝန်ခံက ပြောပါတယ်။

"စစ်ကောင်စီရဲ့ နယ်မြေဆိုတော့ safe (လုံခြုံရေး) ဖြစ်အောင်လို့ တော်တော်ကို ရုန်းကန်ခဲ့ရတယ်၊ တော်တော် အချိန်ယူ ခဲ့ရတယ်ပေါ့၊ လေယာဉ်ထားတဲ့ ဂိုထောင် ပျက်စီးသွားတယ်၊ လေယာဉ်ပြေးလမ်း ပျက်စီးသွားတယ် ၊အဲ့ဒီ ဂိုထောင်ထဲမှာ ထားတဲ့ ဂျက်ဖိုက်တာက ခြောက်စီးလို့ ပြောတယ်ဗျ၊ အဲ့ဒါ ပျက်စီးတယ်လို့ ပြောတယ်၊ လေယာဉ် ဟာတွေပေါ့"လို့ FRF သတင်းတာဝန်ခံက MFP ကို ပြောပါတယ်။

တံတားဦး လေတပ်စခန်း ပတ်လည်ကို စစ်အုပ်စုက လုံခြုံရေး တင်းကြပ်ထားတာကြောင့် တော်လှန်ရေး ရဲဘော်တွေ လုံခြုံမှုရှိဖို့ ခက်ခက်ခဲခဲ ကြိုးစားပြီး တိုက်ခိုက်ခဲ့ရတယ်လို့လည်း FRF က ဆိုပါတယ်။

FRF အနေနဲ့ ‌အခုလို တံတားဦး လတပ်စခန်းကို တိုက်ခိုက်တာဟာ ဒုတိယအကြိမ် ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ကလည်း တံတားဦး လေတပ်စခန်းကို ရှော့ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

တံတားဦး လေဆိပ်အနီးမှာ ယမန်နေ့က ပေါက်ကွဲသံ ကြားလို့ စစ်အုပ်စုက အနီးဝန်းကျင် လိုက်လံ စစ်ဆေးရာ လေဆိပ်ကို ချိန်ရွယ်ထားတဲ့ (၁၀၇မမ) ရှော့ဒုံး ခြောက်လုံး သိမ်းဆည်း ရရှိတယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက တံတားဦး လေဆိပ်နဲ့ လေတပ်စခန်း ဝန်းကျင် လုံခြုံရေး ပိုမို တင်းကြပ်ထားတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ပြည်သူကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ တံတားဦး လေတပ်စခန်းကို တော်လှန်ရေး တပ်တွေက ရှော့ဒုံးနဲ့ တိုက်ခိုက်ခဲ့မှုနဲ့ မပေါက်ကွဲတဲ့ ရှော့ဒုံးတွေကို စစ်အုပ်စုက တွေ့ရှိသွားစဉ်/Photo – FRF၊ စစ်အုပ်စု

Credit: Mandalay Free Press_ထင်လင်း/MFP
19 April 2024

အစ္စရေးဂျူးတွေကို ပါလက်စတိုင်းသား ဟားမတ်စ်တွေ၊ ယီမင်နိုင်ငံ က ဟူသီသူပုန်တွေ၊ လက်ဘနွန်နိုင်ငံက ဟစ္စဘိုလာ ပြောက်ကျားတွေက ရ...
18/04/2024

အစ္စရေးဂျူးတွေကို ပါလက်စတိုင်းသား ဟားမတ်စ်တွေ၊ ယီမင်နိုင်ငံ က ဟူသီသူပုန်တွေ၊ လက်ဘနွန်နိုင်ငံက ဟစ္စဘိုလာ ပြောက်ကျားတွေက ရရာနေရာက ဝိုင်းတိုက်နေတယ်။ ဒီအဖွဲ့တွေကို ပေါ်ပေါ်တင်တင် လက်နက်၊ ငွေကြေး ထောက်ပံ့နေတာက အီရန်နိုင်ငံ။

အစ္စရေးက ဂါဇာကမ်းမြှောင် တခုလုံးဝင်ပြီး ဟားမတ်စ်တွေကို မြေလှန်ရှာတိုက်တယ်။ ယီမင်အထိသွားပြီး စစ်စခန်းတွေ ဗုံးကြဲတယ်၊ လက်ဘနွန်နိုင်ငံထဲဝင်ပြီးဟစ္စဘိုလာတွေကို တိုက်တယ်။

အစ္စရေးဟာ အီရန်ကို ဆယ်စုနှစ်တခုကျော်ကျော် အတော်မကျေမချမ်းဖြစ်နေတယ်။ မင်းတို့ အကြမ်းဖက်တွေကို ထောက်ပံ့နေလို့ ငါတို့ အတိုက်ခံနေရတာပေါ့။ လွန်ခဲ့တဲ့ တပတ်ကျော်ကျော်က အီရန် က ဗိုလ်ချုပ်တွေ ဆီးရီးယားကို တိတ်တဆိတ်ရောက်လာပြီး အစ္စရေးကို တိုက်နေတဲ့အဖွဲ့တွေနဲ့ လာတွေ့တယ်။ အစ္စရေးက သတင်းကြိုရထားတယ်။ အစည်းအဝေးလုပ်နေတုန်း ဗုံးကြဲလိုက်တာ အီရန်က အရေးကြီးစစ်အရာရှိ ဗိုလ်ချုပ် ငါးယောက် အပါအဝင် ၁၃ ယောက် လျောသွားရော။

ဒါက ဒုတိယအကြိမ်၊ အမေရိကန်သမ္မတ ထရန့်လက်ထက်က အစ္စရေးကိစ္စတွေမှာ အဓိက ကြိုးဆွဲနေတဲ့ အီရန်ဗိုလ်ချုပ်ကြီးတယောက်ကို အမေရိကန်က ဒရုန်းနဲ့ ချလို့ သေဖူးတယ်။ အခုအစ္စရေးကသတ်လိုက်တာ အဲ့ဒီဗိုလ်ချုပ်ကြီးနေရာကို ဆက်ခံတဲ့ ခေါင်းဆောင်တဲ့။

အီရန်ခေါင်းဆောင် အယာတိုလာခိုမေနီ က အစ္စရေးကို ပြန်လက်စားချေရမယ် လို့ပြောပြီး ကီလိုမီတာ ၁၅၀၀ လောက်ဝေးတဲ့ အီရန်ကနေ အစ္စရေးနိုင်ငံကို အသံထက်မြန်တဲ့ ဒုံးကျည် အလုံး ၁၁၀ နဲ့ လှမ်းထုတယ်။ ဒုံးကျည်တစင်း တစင်း ပေ ၆၀ ကျော်ရှည်တယ်၊ ကီလို ၁၅၀၀ ကျော်ခရီးကို ၁၂ မိနစ်နဲ့ အစ္စရေးကိုရောက်တယ်။ ဒုံးကျည်မှာ ပေါင် ၁၁၀၀ လေးတဲ့ ယမ်းတွေထည့်ထားတယ်။ အစင်း ၁၁၀ ဆိုတော့ ယမ်းအား တန် ၆၀ ကျော် နဲ့ အစ္စရေး တနိုင်ငံလုံးက နေရာအနှံ့ကို လှမ်းထုတာ။ အဲ့ဒီ မဟာဗျူဟာမြောက် ဒုံးတွေအပါအဝင် ဒရူန်း ၁၇၀ ကျော်၊ တခြား ဒုံးကျည် ၃၀ ကျော်နဲ့ပါ တိုက်တာ။

အမေရိကန်၊ ဗြိတိသျှ နဲ့ အစ္စရေးတိုက်လေယာဉ်
တွေ၊ စစ်သင်္ဘောတွေ က အီရန်က ထုလိုက်ပြီဆို
ရင်ပဲ အီရတ်နိုင်ငံပေါ် အဖြတ်မှာ လမ်းကနေ ဒုံးတွေကို ပစ်ချရတယ်၊ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်တဲ့ သံကွန်ချာ လေကာစနစ်က သိပ်ကောင်းတော့ ဒုံးကျည်၊ ဒရုန်း သုံးရာကျော်မှာ ၄ ခုပဲ အစ္စရေး လေတပ်စခန်းကိုထိတယ်။ ၉၉% ကာကွယ်နိုင်တယ်။ အဲ့ဒီတညထဲတင် အစ္စရေး က ဒီဒုံးတွေ ကာကွယ်ရတဲ့စားရိတ် ဒေါ်လာတဘီလီယံကျော် ကုန်တယ်တဲ့။

အီရန် ရဲ့ နောက်ဆုံးပေါ်လက်နက်တွေဟာ အစ္စရေးကို ထင်သလောက် ထိခိုက်အောင် မလုပ်နိုင်ဘူးဆိုတာတော့ ပေါ်သွားတယ်။ အဲ့ဒီ ဒုံးအားလုံး၊ ဒရုန်းအားလုံးသာအစ္စရေးမတားနိုင်ခဲ့ရင် အစ္စရေးမှာ လူရှိမှာမဟုတ်တော့ဘူး။ သေတဲ့သူကသေ၊ ပြေးတဲ့သူကပြေး။
ကဲ… အခုတော့ အစ္စရေးအလှည့်။ သူ့ကို ပါးကိုက်ရင် နားကိုက်ယုံမကဘူး၊ နားရင်းပါရိုက်တတ်တာ အစ္စရေးအကျင့်။ သူ့ပေါ်လစီက ကိုဓဥပဒေ ထက်ဆိုးတယ်၊ သူ့လူတယောက်ထိရင် သူက ၁၀ ယောက်ပြန်သတ်တာ။

အစ္စရေးက လက်စားချေကို ချေရမယ်တဲ့။ ဒီလိုအစ္စရေးကို ဒုံးကျည်နဲ့ထုတာ ငြိမ်ခံလိုက်ရင် အာရပ်တကမ္ဘာလုံးက ဝိုင်းထုကြတော့မှာပေါ့တဲ့၊ ကျောင်းမှန်းကန်မှန်းသိအောင် လက်တုံ့ပြန်ပြမယ် မင်းတို့ ပြင်သာထားပေတော့ လို့ ပြောတယ်။ အမေရိကန်သမ္မတ ဘိုင်ဒင် ကလည်း သူ့ရဲ့ဒုတိယအကြိမ် ရွေးကောက်ပွဲနီးမှ အရှေ့အလယ်ပိုင်းစစ်ပွဲကြီးတခု ဖြစ်လာမှ လန့်လာပုံရတယ်၊ အစ္စရေးကို မင်း ဘာသာလုပ်ချင်လုပ်၊ ငါတို့တော့ မပါဘူး လို့ ပြောတယ်။ ဗြိတိန်ကလည်း မလုပ်ကြပါနဲ့တော့၊ ဒီနေရာမှာတင် ရပ်လိုက်ပါတော့လို့ တားတယ်။ အီရန်က ဒါအမြည်းပဲကျွေးထားတာ၊ ငါတို့ကိုလုပ်ရင် ဒီထက် အဆင့်မြင့်တာတွေနဲ့ထုမယ်လို့ ပြောတယ်။

ရုရှကလည်း အီရန်ဆီက လက်နက်အကူအညီယူပြီး ယူကရိန်းကိုတိုက်နေတာ။ ပူတင် က အီရန်၊အစ္စရေး စစ်ဖြစ်ရင် သူလည်းမချောင်ဘူး။ ယူကရိန်းကတဖက်၊ အီရန်ကတဖက်၊ တရုတ်ကလည်း အတော် စိတ်ဆင်းရဲနေတယ်။ အီရန် တရုတ် ရုရှ က စစ်ရေးအဆက်အဆံတွေရှိနေတာကိုး။ သူတို့မှာဆုတ်လည်းရူး၊ စားလည်းဆူး။ ဒီစစ်ပွဲဟာ ယူကရိန်း၊ ထိုင်ဝမ် အစရှိတဲ့ တကယ့် တကမ္ဘာလုံးရဲ့ hot topics နေရာတွေကို ပတ်မွှေမယ့်သဘောရှိနေတယ်။

အီရန် နဲ့ အစ္စရေး တကယ်ချရင် အနောက်အင်အားကြီးနိုင်ငံတွေက အစ္စရေးဘက်က လူပါ ဝင်ပါပြီး တိုက်ကြမှာ။ မတိုက်လို့မရဘူး။ အစ္စရေးဆိုတာ သူတို့ထူထောင်ပေးထားတဲ့နိုင်ငံ။ အစ္စရေးမှာလည်း နူကလီးယားလက်နက်တွေရှိတယ်။

တကယ်တော့ အစ္စရေးကို ဇီယွန်ဝါဒီတွေ ငါတို့အာရပ်နယ်မြေထဲကျူးနေတဲ့ကောင်တွေဆိုပြီး အစ္စရေးတွေကို မုန်းတီးစိတ်ဝင်နေတာ ကျွံသွားပြီး မျိုးဆက်အမုန်းဖြစ်လာတာကပြဿနာပဲ။

အစ္စရေးဟာ အီရန်ရဲ့ နူကလီးယားစက်ရုံဆောက်နေတဲ့ နေရာလေးခု ကိုအရင် တိုက်မယ် လို့ယူဆကြတယ်။ အစ္စရေးကိုယ်တိုင် တိုက်ရိုက်တိုက်မလား? သူမွေးထားတဲ့အဖွဲ့အစည်းတွေနဲ့တိုက်မလား တော့ မသိဘူး။ လက်ရှိတော့ အစ္စရေးဟာ နေ့တိုင်း စစ်အရေးပေါ်အစည်းအဝေး တွေလုပ်ပြီး အီရန်ကိုချဖို့ ပြင်နေပြီ။

တကယ်တော့ အီရန်ကလည်း ယဲ့ယဲ့ရယ်၊ စီးပွါးရေးပိတ်ခံထားရတာရယ်၊ ငွေကြေးဖေါင်းပွတာရယ်၊ ဒီကာလမှာ အနောက်ကမ္ဘာဟာ အီရန် ကို မွဲသွားအောင်အနုနည်းနဲ့ ဝိုင်အရေဆုတ်ကြဦးမယ်။ အီရန်ချိနဲ့ မှ အစ္စရေး သက်သာမှာကိုး။

တရုတ်၊ ရုရှ တို့ကတော့ အီရန်နဲ့ ပေါ်ပေါ်တင်တင် ဆက်ဆံနေတာ နည်းနည်းတော့ တွန့်သွားမယ့်ပုံပေါက်တယ်။ အ‌ေနာက်ကမ္ဘာ က တရုတ် နဲ့ ရုရှကို ဝင်မပါဖို့ပြောနေတယ်။ အခုကာလကတော့ ရပ်ကွက်ထဲ ရန်ဖြစ်ခါစ အုတ်နီခဲတွေ တုတ်တွေနဲ့ တဖက်နဲ့တဖက် ဟေ့ကောင်တွေ မင်းမဝင်နဲ့နော်၊ နောက်ဆုတ်နော်၊ တော်ပြီနော် အိမ်ထဲဝင် ဘာညာ လှန့်နေတဲ့အချိန်။ အဲ… တကောင်က ထဖေါက်ပြီး ဟေရှုပ်တယ်ကွာ၊ ရိုက်ဟေ့ ဆိုပြီး အတင်းဝင်ရိုက်ရင်တော့ သူ့လူ ကိုယ့်လူဆွဲရဖို့ မမြင်ဘူး။ အမေရိကန်၊ တရုတ်၊ ရုရှ ရပ်ကွက်လူကြီးတွေကပါ ဒုတ်ကိုင်ထားကြတာ။
Credit


💢💢💢⁉️

18/04/2024

ဦးရည်မွန်ပြောထားတဲ့တလရ ဘယ်ထိရောက်နေလဲနားထောင်ကြည့်ပါ

16/04/2024

နောင်ချို မြို့ကိုလဲ သိမ်းတော့မယ်

ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ဦးစားပေးအဆင့်မှာ မြန်မာ့အရေးရှိနေကြောင်း NUG ပြော~~~■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းပြီ...
16/04/2024

ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ဦးစားပေးအဆင့်မှာ မြန်မာ့အရေးရှိနေကြောင်း NUG ပြော
~~~
■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းပြီး သုံးနှစ်တာအတွင်း နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံနိုင်ခဲ့တာကြောင့် ကမ္ဘာမှာအရေးကြီးကိစ္စတွေရှိပေမယ့် မြန်မာ့အရေးဟာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေးအဆင့်အနေနဲ့ ရှိနေဆဲပဲလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

၂၀၂၄ ခုနှစ်ဟာ အောင်မြင်မှုကိုဖော်ဆောင်နိုင်မယ့်နှစ်၊ ပန်းတိုင်ရဲ့အနီးကပ်ဆုံးကို ရောက်မယ့်နှစ်တစ်နှစ်လို့ ယုံကြည်ကြောင်း ဧပြီလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ NUG ဖွဲ့စည်းမှု သုံးနှစ်ပြည့်နေ့မှာ သူက ပြောလိုက်ပါတယ်။

မြန်မာပြည်သူတွေဟာ စစ်ကောင်စီကို အုပ်ချုပ်ခွင့်မရစေရဆိုတဲ့ သန္ဒိဋ္ဌာန်နဲ့ ကြံ့ကြံ့ခံရပ်တည်ခဲ့လို့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို ရခဲ့တာဖြစ်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး CDM မှာ ပါဝင်ခဲ့သူတွေ၊ သံတမန်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ပြည်သူအားလုံးကို ကျေးဇူးတင်တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အာဆီယံနဲ့ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းမှာတော့ အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေကို သံတမန်ရေးအရ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အသိအမှတ်ပြုဖို့နဲ့ စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်မပြုဖို့ လှုံ့ဆော်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

NUG ရဲ့ ဝန်ကြီးဌာနအသီးသီးက သုံးနှစ်အတွင်း ဆောင်ရွက်ချက်တွေကို အွန်လိုင်းကနေ အကျဉ်းရုံးတင်ပြခဲ့ကြတာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့တင်ပြချက်မှာတော့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေယာဉ်ကွင်းကို ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့ပြီး ဧပြီလ ၅ ရက်နေ့မှာ ကပစစက်ရုံ အမှတ် (၂၁) ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က NUG ထံ ဧပြီလ ၁၆ ရက်နေ့ပေးပို့တဲ့ သဝဏ်လွှာမှာတော့ မဟာမိတ်အင်အားစုတွေနဲ့ ဆက်လက် လက်တွဲဖို့နဲ့ ပြည်ထောင်စုနဲ့ ဖက်ဒရယ်ယူနစ်တွေအကြား ပိုကောင်းတဲ့ အာဏာခွဲဝေကျင့်သုံးမှုစနစ်တွေကို တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။
----------------
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင်ကျင်းပသည့် Munich Security Conference 2024 တွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား တွေ့ရစဉ်။ (Photo: Twitter/ Zin Mar Aung)
RFA
16-04-2024

16/04/2024

ဂျပန် ပြည်က အကတွေကြက်သီးပါထတယ်

အဖြူက တမျိုး
အပြာကတမျိုး နွေဦးးသကြ်န်တဲ့ အားပေးလိုက်ကြပါအုံး။

15/04/2024

အနီးကပ်ကို ဖြုတ်တာ PDF 🤞အားရပါတယ်😍
လှချက်ကွာ

15/04/2024

တပ်ရင်း၁ ရ င်း လုံး
လ န ချ လိုက်ပြန်ပီဝေ့
😍👇

14/04/2024

စိန်လုံတောင်စခန်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကို ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာဟန်ပန်များဖြင့် KIA က လက်ရ ဖမ်းဆီးရရှိ (ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၁၄

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်ဗျူဟာစစ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး ကို KIA က ဧပြီလ ၆ ရကနေ့တွင် ဖမ်းဆီးရရှိခဲ့ပြီး ဗျူဟာမှူး ဗိုလ်မှူးကြီးကို ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာအမူအရာများဖြင့် ဖမ်းမိခဲ့ကြောင်း KIA မြေပြင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စိန်လုံတောင်စစ်ဗျူဟာစခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဧပြီလ ၅ ရက်နေ့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံ တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းနောက် ဗျူဟာမှူး ဗိုလ်မှူး ကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး ကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူများလည်း ရှိကြောင်း သိရှိရသည်။

“စိန်လုံတောင်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်တပ်ကို ဧပြီလ ၅ ရက်နေ့ မနက်မှာ တိုက်ခိုက်တယ်။ ဗျူဟာမှူးနဲ့စစ်သား ၁၈ ဦး ကို ဖမ်းဆီးရရှိခဲ့တာပါ”ဟု KIA မြေပြင်သတင်းရင်းမြစ်က ရှင်းပြသည်။

စိန်လုံတောင်ဗျူဟာစစ်စခန်းကို ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

13/04/2024

အောင်မြင်ပါစေ မီဒီယာပေါ်ရောက်တာကြာခဲ့ပါပြီ

ခုလိုလေး ဝန်းရံပေး လိုက်ရတာ ကျေနပ်တယ် ☺

13/04/2024

အီရန်-အစ္စရေး စစ်ပွဲစပြီ
အသကုန်စဝုန်းနေပီ

မြဝတီကို စစ်ကူလာတဲ့ စစ်ယာဥ်တန်း ကြားဖြတ် တိုက်ခိုက်ခံရလို့ စစ်သားအများအပြား သေဆုံးပြီး၊ သံကျပ်ကာ ကားနဲ့ စစ်ကားနှစ်စီးပါ ...
13/04/2024

မြဝတီကို စစ်ကူလာတဲ့ စစ်ယာဥ်တန်း ကြားဖြတ် တိုက်ခိုက်ခံရလို့ စစ်သားအများအပြား သေဆုံးပြီး၊ သံကျပ်ကာ ကားနဲ့ စစ်ကားနှစ်စီးပါ ပျက်စီးသွား

ဧပြီ ၁၃ - ၂၀၂၄

မောင်း---- သတင်း

ကရင်ပြည်နယ် မြဝတီမြို့ကို စစ်ကူတတ်လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်း ကို ဧပြီလ ၁၃ရက်နေ့က KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြားပြတ် တိုက်ခိုက်ခဲ့လို့ စစ်သားအများအပြား သေဆုံးခဲ့ပြီး သံကျပ်ကာကား ၁ စီး နဲ့ FAW စစ်ကား ၂စီးပါ ပျက်စီးသွားကြောင်း မြေပြင်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဧပြီလ ၁၁ရက်နေ့ကတည်းက မြဝတီ ကော့ကရိတ် လမ်းပိုင်းမှာ တိုက်ပွဲ တွေဖြစ်ပွားနေပြီး၊ ယနေ့ချိန်အထိ စစ်ကောင်စီဘက်က. စစ်သား ၃၀ ကျော်အထိ သေဆုံးတာတွေ ရှိနေပြီ ဖြစ်ကြောင်းသိရတာပါ။

စစ်ကောင်စီတပ် ယာဥ်တန်းကို စစ်လေယာဥ်နဲ့ ကောင်းကင်ကဝဲပြီး ကင်းထောက်ပေးတာတွေ ပြုလုပ်ပေးပြီး လမ်းကြောင်းတစ်လျှောက်မှာလည်းလက်နက်ကြီးပစ်ခက်တာတွေကိုပါလုပ်နေပြီး လက်ရှိအချိန်မှာ အဆိုပါစစ်ကောင်စီ ယာဥ်တန်းဟာ ကော့ကရိတ်မြို့နယ် ကော့နွယ်ကျေးရွာအုပ်စုရွာသစ်ကုန်းကျေးရွာ အာရှလမ်းမကြီးတောင်ခြေကို ကျော်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။

အီကော ဘာလာစီဗစ် ၏ မြဝတီ သိမ်းပိုက်မှု အပေါ် သုံးသပ်ချက်****************Hla soe waiမြဝတီ အား သိမ်းပိုက် နိုင်မည်ဟု အားလုံ...
11/04/2024

အီကော ဘာလာစီဗစ် ၏ မြဝတီ သိမ်းပိုက်မှု အပေါ် သုံးသပ်ချက်
****************

Hla soe wai
မြဝတီ အား သိမ်းပိုက် နိုင်မည်ဟု အားလုံးက မျှော်လင့်ထားကြပြီး ဖြစ်သည်။
မင်းအောင်လှိုင် နှင့် ၎င်း၏ နောက်လိုက် နောက်ပါ ဗိုလ်ချုပ်များ အတွက်က ရခိုင်၊ ကချင်ပြည်နယ်များ တွင် ဆက်တိုက်ဆိုသလို အရေးနိမ့်လာနေရာမှ ယခု မြဝတီ နယ်ခြား ကုန်သွယ်‌ ရေး မြို့အား လက်လွှတ်လိုက်ရခြင်းသည် ၎င်းတို့ အထိနာဖို့ လွန်စွာ အရေးပါသော အကြောင်း နှစ်ရပ် ထွက်ပေါ်လာရသည်ဟု အီဂေါ ဗလာစီဗစ်က ဧရာဝတီ သတင်းစာမျက်နှာတွင် သုံးသပ်ထား သည်။
ပထမ အကြောင်းက အရှက်တကွဲ အဖြစ်နှင့် ရင်ဆိုင်ရခြင်းပင် ဖြစ်သည်။ စစ်တပ် အတွင်း စိတ်ဓါတ်အင်အား များ သေချာပေါက် ပြိုလဲသွားခဲ့မှု နှင့် အတူ စစ်တပ် နှင့် ၎င်းတို့အား ထောက်ခံသူများ အကြား မင်းအောင်လှိုင်၏ ဦးဆောင်မှု အပေါ် ယုံကြည်မှု ကင်းမဲ့သွားကြခြင်း ပင် ဖြစ်သည်။ (၎င်းတို့အဖို့က မင်းအောင်လှိုင် အား ယုံကြည်စရာ အကြောင်း ကွယ်ပျောက်သွားပြီး ၎င်းနိုင်ငံ အနှံ ချေနေသည့် ယတြာများ အစွမ်းပြလာလေမည်လားဟုသာ မျှော်လင့်စရာ ရှိတော့သည်။- ဤကား မိမိ စကားချပ်)
ဒုတိယ အကြောင်းသည်ကား မဟာဗျူဟာ ပိုင်းနှင့် သက်ဆိုင်နေသည်။ မြဝတီမြို့ အား လက်လွှတ်လိုက်ရခြင်းကြောင့် ထောက်ပို့ နှင့် ကုန်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ ယင်းနှင့်အတူ ဒေသတွင်း နှင့် နိုင်ငံတကာ၏ စစ်ကောင်စီ အပေါ် အမြင်သည်လည်း သိသိသာသာ ပြောင်းလဲ သွားစေခဲ့သည်။
အာဏာသိမ်း တပ်များသည် ကချင် နှင့် ရခိုင်ပြည်နယ်များ တွင် ထောက်ပို့ ပိုင်း အခက်အခဲများ နှင့် မြေ အနေအထား မကျွမ်းကျင်မှု များ ကြောင့် ထိုးစစ်ကြီး တရပ် မည်သို့မျှ ဆင်နွှဲလာနိုင်စရာ မရှိပေ။ လုပ်မည်ဆိုကလည်း အောင်မြင်စရာ မရှိပဲ လက်နက်ချသူချ၊ ထွက်ပြေးသူ ပြေး နှင့် ပို၍ အရှက်ကွဲ ရဖို့သာ ရှိသည်။
သို့သော် မြဝတီ ကိုကား တန်ပြန် ထိုးစစ် ဆင်လာနိုင်သည်။ ၎င်းတို့၏ လက်ရှိ စစ်အင်အား အနေအထား နှင့် တည်ဆောက်ပုံအရ ပြန်လည် သိမ်းယူ နိုင်စွမ်း မရှိတော့သော်လည်း ဖျက်လို ဖျက်စီး လုပ်နိုင်သမျှ လုပ်သွားရန် ကြိုးစားလာမည် ဖြစ်သည်။
၎င်းတို့၏ အင်အား အရင်းအမြစ် များ နှင့် စွမ်းဆောင် နိုင်စွမ်းသည် ရက်သတ္တပတ်ပြီး တပတ် လျော့ကျ လာနေပြီ ဖြစ်သည်။ မှေးမှိန် ကျဆင်းလာသော အင်အားကိုသာ ကျစ်လစ်စွာ စုစည်းကာ အဖျက်စွမ်းအား ကို မြှင့်တင် သွားဖို့ ရှိသည်။
စစ်တပ် အတွက်ကာ သေဖို့ ရှင်ဖို့ ရွေးချယ်ရဖို့ ဖြစ်လာနေသည်။
ယခုအခါ စစ်ထရပ်ကားများသည် ဖားအံ နှင့် မော်လမြိုင်ဖက်မှ မြဝတီသို့ ဦးတည်လာနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ စစ်တပ်၏ အလဲလဲ အပြိုပြို ဖြစ်လာမည့် မြင်ကွင်းကို ပြင်ပ ကမ္ဘာ မှ မျက်မြင် တွေ့ခွင့်ရတော့မည် ဖြစ်ပြီး ၎င်းတို့အဖို့ဖို့ အခြေအနေ အရပ်ရပ် ပြောင်းလဲသွားစေမည့် game changer ဖြစ်လာနိုင်သည်။ လမ်းများ ပေါ်တွင် ဖျက်စီး ခံထားရသော ထရပ်ကားများ နှင့် စစ်သားများ လဲကျနေသည့် ဗီဒီယို ဖိုင်များ နှင့် ဓါတ်ပုံ များ စစ်တပ် အတွင်း အင်အားပြင်းသော လှိုင်းဂယက်ကြီး ရိုက်ပုတ်ခံလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။
ရခိုင် နှင့် ချင်းပြည်နယ် များ တွင် တွေ့ရသော စစ်ယာဉ်တန်း များ တုံးလုံးပက်လက် ဖြစ်နေသလို မျိုး တွေ့လာရမည် ဆိုက မင်းအောင်လှိုင်၏ နိဂုံး ရောက်လာပြီကို အချက်ပြ နေသလို ဖြစ်လာပေလိမ့်မည်။
ပြဿနာတခု ရှိနေသည်ကား ဖားအံ၊ မော်လမြိုင် နှင့် မြဝတီ အကြား မြေအနေအထားသည် ချင်း နှင့် ရခိုင် ပြည်နယ်များလို မတူပဲ ကွဲပြားနေခြင်းပင် ဖြစ်သည်။ စစ်တပ်သည် လက်နက်ကြီးများ သုံး၍ အင်အားကို အလျှင်အမြန် တည်ဆောက်နိုင်နေသည်။
သို့သော် ၎င်းတို့၏ တန်ပြန် ထိုးစစ်က အကြောင်း အမျိုးမျိုး ဖြင့် ပျက်ပြားသွားနိုင်သည်။
မြဝတီသို့ အသွားလမ်း တွင် စစ်ဆေးရေး ဂိတ် ပေါင်း များစွာ ရှိနေသည်။ မြို့ အနောက်ဖက် ၂၅ မိုင် အကွာရှိ ကော့ကရိတ် အား ကေအင်ယူ နှင့် တပ်ပေါင်းစု က ထိန်းချုပ်ထားပြီး ဖြစ်သည်။ တောင်ဖက် တွင်လည်း ထိုနည်း၎င်း ဖြစ်၍ စစ်ကောင်စီ ယာဉ်တန်းအား ခြုံခို တိုက်ခိုက်ခြင်း၊ မြေမြုပ် မိုင်းများ နှင့် နှေးကွေးသွားအောင် ပြုလုပ်နိုင်သည်။
တန်ပြန်ထိုးစစ် အား ရိုက်ချိူးနိုင်ရန် ဒီထက်မက လုပ်ဖို့ လိုနေသေးသည်။ ထိုနေရာတွင် ကရင် အမျိူးသား တပ်ဟု အမည်ပြောင်းထားသည့် နယ်ခြားစောင့် တပ် မည်သို့ မည်ပုံ လှုပ်ရှားလာမည် ဆိုသည် ပေါ်လည်း မူတည်နေသည်။ ၎င်းတို့ပြောထားသလို ကြားနေမည်လော၊ သို့တည်း မဟုတ် စစ်ကောင်စီ ယာဉ်တန်းများ မြဝတီသို့ ရောက်မလာနိုင်အောင် ကေအင်ယူ နှင့် တပ်ပေါင်းစုကို ခိုးကြောင်ခိုးဝှက် ကူညီသွားမည်လော၊ လက်ရှိတွင် ကေအင်ယူသည် စစ်အင်အား အသာဖြင့် ရှိနေသည်။
စစ်ကောင်စီ သည် အဆိုပါ ထိုးစစ်အား ကြီးကြပ်ရန် ဒု ခေါင်းဆောင်ကိုပင် စေလွှတ်ထား၍ ၎င်းတို့ အတွက် မည်မျှအထိ အရေးကြီးနေသည်ကို သိသာနေသည်၊ ရှိသမျှ အင်အားကို ထုတ်နှုတ် သုံးဖို့ ရှိနေ၍ လစ်ဟာသွားသော နေရာများကို နောက်ဖက်မှ ဝင်တိုက်နိုင်ဖို့ လိုနေသည်။ နိုင်ငံ အနှံ့ တိုက်လို့ရသည့် နေရာ မှန်သမျှ တိုက်မှ ဖြစ်မည်၊ သို့မှသာ ၎င်းတို့ အနေအထားကို ပြောင်းပြစ်နိုင်မည် ဖြစ်သည်။
ထိုသို့ တပြိုင်တည်း တိုက်နိုင်မည် ဆိုက တော်လှန်ရေး တပ်ဖွဲ့များ တစုတစည်း တည်း ရှိကြောင်း ပြသရာလည်း ရောက်ပေသည်။ ၎င်းတို့ အဖို့လည်း ကရင်ပြည်နယ်ထဲ ဝင်နိုင်ဖို့ အင်အား လျော့နည်းသွားမည် ဖြစ်သည်။
ထိုင်း၏ ကဏ္ဍသည်လည်း အရေးပါလာသည်၊ စစ်ကောင်စီသည် မြဝတီအား တန်ပြန် ထိုးစစ်ဆင်လာမည် ဆိုက ထိုင်း နယ်စပ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလာနိုင်ပြီး ၎င်းတို့ အတွက်ကုန်သွယ်ရေး တွင် အရေးပါသော မြို့ ပျက်စီးသွားနိုင်ပြီး လူများ အလုံးအရင်း နှင့် ထွက်ပြေး ခိုလှုံလာနိုင်သည်။ ထိုင်းမှ အပစ်အခတ် ရပ်စဲရန် သံတမန်ရေး အရ ဖိအား မပေးနိုင်ခဲ့လျှင် နောက်ထပ် အနည်းဆုံး ဒုက္ခသည် ၅၀,၀၀၀ ကျော် သောင်တင်သွားနိုင်သည်။
ကေအင်ယူ နှင့် တော်လှန်ရေး တပ်ပေါင်းစုသည်လည်း စစ်ကောင်စီ၏ တန်ပြန် ထိုးစစ်အား နှောင့်နှေးသွားအောင် နည်းမျိုးစုံ ဖြင့် ဟန့်တားထားနိုင်သည်။ သို့မှသာ ထိုင်းအစိုးရ၊ သံတမန်များ နှင့် စစ်ဗိုလ်ချုပ်များ အတွက် အခြေအနေကို အပြည့်အဝ သုံးသပ်နိုင်ပြီး စစ်ကောင်စီအား စစ်ရေး လှုပ်ရှားမှု များ ရပ်ဆိုင်းရန် ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်ဖို့ အချိန်ရမည် ဖြစ်သည်။
ဘန်ကောက် မှ ထိုသို့ ဖိအား ပေးနိုင်သည့် အနေအထား ရှိနေသည်၊ စစ်ကောင်စီသည် ထိုင်းသို့ ရောင်း၍ရသော ရေနံ နှင့် ဓါတ်ငွေ့များမှ ဝင်ငွေများ ရနေသည်။ မင်းအောင်လှိုင်အားလည်း ၎င်းတို့ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း မလုပ်ဖို့ သိုသိုသိပ်သိပ် သတိပေးလာနိုင်သည်။
စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ကို ဟန့်တားနိုင်မှ ဖြစ်မည်၊ သို့မဟုတ်က နောက်ထပ် မြို့တမြို့ကို ဖျက်ဆီး ခံရနိုင်သည်။ ဆိုလိုသည်က မင်းအောင်လှိုင်၏ လုပ်ရပ်များ ရပ်တန်းက ရပ်အောင် လုပ်မှ ဖြစ်ပေမည်ဟု ရေးသားထားသည်။
ခေတ်သစ် သတင်းအရ ယခင် လည်/ဆယ် ဝန်ကြီးဟောင်း မြင့်လှိုင်သည် မင်းအောင်လှိုင်အား ဖြုတ်ချရန် ကြဲစည်သည်ဟု သတင်းကို ခင်ရီမှ တဆင့် ပေါက်ကြားသွား၍ ၎င်းအား ယခင် ဝန်ကြီး ဖြစ်စဉ် အမှုများ ဖြင့် ဖမ်းဆီးထားသည်ဟု သိရသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
(နယ်စပ် ဖြတ်ကျော် တံတား တွင် တဖက်နိုင်ငံသိူ့ ဝင်ပြေး နိုင်ရန် စောင့်ဆိုင်းနေသော စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်)

11/04/2024

ကမ္ဘာပေါ်မှာ အယုတ်မာဆုံးနဲ့ မြေခွေးထက်ဆိုးတဲ့ ကောက်ကျစ်မှုကိုပြပါဆိုရင်ဘာကျေးဇူးမှမရှိတဲ့ စစ်တပ်နဲ့ ကြံ့ဖွတ်ပဲ။

11/04/2024

ဇော်မဲလုံး ဝန်ခံပြီ
လေသံပျော့လာတယ်

11/04/2024

ဘူးလက် လှဆွေ
သမခံရပီ

မြဝတီမြို့ပြင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့အက...
11/04/2024

မြဝတီမြို့ပြင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းဘက်ခြမ်း အမှတ် ၁ ချစ်ကြည်ရေးတံတား အနီးအနားဝန်းကျင်တွင် လုံခြုံရေးတိုးမြှင့်ထားသည့်မြင်ကွင်းများ။ ပုံ-ကေအိုင်စီ

နေပြည်တော် အေလာလေတပ်စခန်းသို့ ရှော့တိုက်ဒုံး ၅ လုံးကျရောက်ပေါက်ကွဲပြီး လေယာဉ်များထားသည့် ဟန်ကာ အဆောက်အအုံများ ထိခိုက်ပျက...
11/04/2024

နေပြည်တော် အေလာလေတပ်စခန်းသို့ ရှော့တိုက်ဒုံး ၅ လုံးကျရောက်ပေါက်ကွဲပြီး လေယာဉ်များထားသည့် ဟန်ကာ အဆောက်အအုံများ ထိခိုက်ပျက်စီး၊ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအတွက် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်လည်း ပြိုကျ

■ စစ်ရဟတ်ယာဉ်များဖြင့် ရှော့တိုက်ဒုံးပစ်သူများကို ရှာဖွေနေ၊ ပစ်ခတ်သည့်အဖွဲ့မူ လေတပ်အရာရှိနှင့်တပ် သား တချို့ ထိခိုက်သေဆုံးဟုဆို

ဧပြီ ၁၁ ရက်

နေပြည်တော် အေလာလေတပ်စခန်းသို့ ယနေ့ နံနက်အစောပိုင်း ရှော့တိုက်ဒုံး ၅ လုံးကျရောက်ပေါက်ကွဲပြီး လေယာဉ်များထားသည့် ဟန်ကာ အဆောက်အအုံများ ထိခိုက်ပျက်စီးကာ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအတွက် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်လည်း ပြိုကျသွားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် နေပြည်တော် အေလာလေတပ်အတွင်းသို့ ရှော့တိုက်ဒုံး ၅လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လေယာဉ်များထားရှိသည့် ဟန်ကာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ရှော့တိုက်ဒုံးတစ်လုံး သင်္ကြန်ကာလ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအတွက် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်အနီးသို့ ကျရောက်ပေါက်ကွဲပြီး မဏ္ဍပ်လည်း ပျက်စီးခဲ့ရကြောင်း၊ နေပြည်တော် အေလာ လေတပ်တစ်ခုလုံး ရှော့တိုက်ဒုံးကြောင့် မနက်အစောပိုင်းအကုန်လန့်နိုးခဲ့ရကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ရဟတ်ယာဉ်များဖြင့်ရှော့တိုက်ဒုံးပစ်ခတ်ရာ နေရာများကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ နေပြည် တော်အေလာလေတပ်သင်္ကြန်မဏ္ဍပ်တွင် မင်းအောင်လှိုင် လာရောက်မည်ဖြစ်ပြီး အဆိုတော် ယုန်လေး Gfatt ၊ Ice cool ၊ ဆုပန်ထွာ၊ အဆိုတော်နှင့် ရုပ်ရှင်မင်းသားမင်းသမီးများလာရောက်ရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည် ။

ရှော့တိုက်ဒုံးကို ပစ်ခတ်ခဲ့သော Brave Warriors for Myanmar (BWM) တပ်ဖွဲ့ကမူ အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနှင့် တပ်သားအချို့ထိခိုက်သေဆုံးမှုရှိကြောင်း ထုတ်ပြန်ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော်၊ အေလာ လေတပ်စခန်း အတွင်း သို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနှင့်တပ်သားအချို့သေဆုံး ပြီး အများအပြားဒဏ်ရာရရှိကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် နေပြည်တော် အေလာလေဆိပ်သို့ ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အာ ဏာသိမ်း စစ်ကောင်စီ၏ အလုံခြုံဆုံးနှင့်အဆင့်အမြင့်ဆုံးသော လေတပ်စခန်းသည်ပင်လျှင်တော် လှန်ရေးအင်အားစုများ ၏ လက်တကမ်း ပစ်မှတ်အဆင့်သို့ ရောက်ရှိနေကြောင်း သက်သေ ပြရင်း နိုင်ငံတဝန်းတော်လှန်ရေး အရွေ့ဖြစ်စေမည့် နောက်ထပ်စစ်ရေး ပစ်မှတ်များကိုလည်း တစိုက် မတ်မတ် ဆက်လက်ပစ်ခတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

နေပြည်တော်အေလာလေဆိပ်သည် နိုင်ငံတကာလေဆိပ်ဖြစ်ပြီး နိုင်ငံ၏ ဗဟိုအချက်အချာတွင် တည်ရှိနေသဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ရေးအတွက် အနယ်နယ် အရပ်ရပ်သို့ စစ်လေယာဥ်များ စေလွှတ်ရန် အဓိက အခြေခံရာ အဆင့်မြင့်လေတပ်စခန်း တစ်ခု ဖြစ်သည့်အပြင် စစ်ကောင်စီ အကြီးအကဲတို့၏ အခြေအနေမဟန်လျှင် ထွက်ပြေးရန် အဓိကပြေး ပေါက်လည်း ဖြစ်ကြောင်း သိရသည်။

ဒေသပြည်သူတစ်ဦးကမူ အေလာလေဆိပ်တွင် ယနေ့ နံနက် ၄ နာရီ ၄၇ မိနစ် ရှော့တိုက်ဒုံး ပေါက်ကွဲသံများ ကြားရ ကြောင်း အတည်ပြု ပြောဆိုကြသည်။

ဓာတ်ပုံ- နေပြည်တော်အေလာ လေတပ်ကို လှမ်းမြင်နေရစဉ်။

Address

Magway

Website

Alerts

Be the first to know and let us send you an email when Nway Oo Mg posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share