Chin Media Group
  • Home
  • Chin Media Group
Chin Media Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin Media Group, Media/News Company, .
ချင်းပြည်နယ်ဝန်ကြီးချုပ်က ဖလမ်းမြို့၊ ဇာလိုင်ရပ်ကွက်တွင် တည်ဆောက်မည့် အစိုးရစက်မှုလက်မှုသိပ္ပံ( ဖလမ်း ) မြေနေရာအားကြည့်ရ...
04/01/2021
ချင်းပြည်နယ်ဝန်ကြီးချုပ်က ဖလမ်းမြို့၊ ဇာလိုင်ရပ်ကွက်တွင် တည်ဆောက်မည့် အစိုးရစက်မှုလက်မှုသိပ္ပံ( ဖလမ်း ) မြေနေရာအားကြည့်ရှုစစ်ဆေး
ဖလမ်း ဇန်နဝါရီ ၃
=============================
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ဖလမ်းမြို့၊ ဇာလိုင်ရပ်ကွက်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ( ဖလမ်း ) တည်ဆောက်မည့် မြေနေရာကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးကြည့်ရှုရာတွင် အစိုးရစက်မှုလက်မှုသိပ္ပံ( ဟားခါး ) ကျောင်းအုပ်ကြီး ဒေါက်တာ တလွန်းဇထန်က စာသင်ဆောင်ဆောက်လုပ်ရန် လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအား ဖြည့်စွက်မှာကြားခဲ့သည်။ အစိုးရစက်မှုလက်မှုသိပ္ပံ( ဖလမ်း )ကို ဖလမ်းမြို့၊ ဇာလိုင်ရပ်ကွက်ရှိ မြေဧရိယာ( ၂၉ )ဧကတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စာသင်ဆောင် (၁၆၂×၃၈)ပေရှိ RCC (၂)ထပ်တိုက် တစ်လုံး ကို တင်ဒါရ Aroma Rose ကုမ္ပဏီကလည်းကောင်း၊ ကျောင်းခြံစည်းရိုး ပေ(၄၀၀၀)အရှည်ကာရံခြင်းကို တင်ဒါရ Cherry Par ကုမ္ပဏီတို့ကလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ( ဖလမ်း )အတွက် နှစ်စဉ် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ စာသင်ဆောင်၊ အလုပ်ရုံ၊ ဝန်ထမ်းအိမ်ရာ၊ ရေ၊ မီး၊ လမ်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် ခန့်မှန်းထားကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ( ဟားခါး )ကျောင်းအုပ်ကြီး၏ ပြောပြချက်အရ သိရသည်။
ဗဟိုကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းမှ သိန်း၄၀၀ ကျော်တန်း ဆေးဝါးများခိုးယူသူနှင့် ရောင်းချ ပေးသူများကို ဖော်ထုတ်ဖမ်းဆီးရမိ...
04/01/2021
ဗဟိုကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းမှ သိန်း၄၀၀ ကျော်တန်း ဆေးဝါးများခိုးယူသူနှင့် ရောင်းချ ပေးသူများကို ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဇန်နဝါရီ ၄
မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ဗဟို ကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းအတွင်းထားရှိသော ရေခဲသေတ္တာအမှတ် BC 2 အတွင်းမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးထားခြင်း လုံးဝမရှိသေးသော သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးပုလင်းပေါင်း(၁၉၀,၅၅၂)ပုလင်းအနက် (၅၈၁၀)ပုလင်းနှင့် အသည်းရောင် အသားဝါ B ကာကွယ်ဆေး (၄၈၀)လုံး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး(၇၀၀)လုံး စုစုပေါင်းတန်ဖိုး (၄၆,၀၈၁,၇၆၈)ကျပ်မှာ ပျောက်ဆုံးနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး အအေးခန်းမှ ဦးစီးအရာရှိက ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့က ဆေးပစ္စည်းအရောင်းဆိုင်များအား လိုက်လံ စုံစမ်းခဲ့ရာ ပန်းဘဲတန်းမြို့နယ်၊ (၄)ရပ်ကွက်၊ (၂၇/အပေါ်)လမ်း၊ တိုက်(၂၀၂)၊ (ပ)ထပ်နေ တင်အေး (ခ)မိုဟာမတ်အီလီယက်(ခ)တင်လှ ၏ ဆေးဆိုင်တွင် ရောင်းချကြောင်း စုံစမ်းသိရှိရသဖြင့် ၂၉.၁၂.၂၀၂၀ ရက်နေ့တွင် တင်အေး(ခ)မိုဟာမတ်အီလီယက်(ခ)တင်လှ ၏ ဆေးဆိုင် အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ Lot No – T013330 ပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (၆၄၃)လုံး သိမ်းဆည်းရမိခဲ့ပါသည်။ တင်အေး(ခ)မိုဟာမတ်အီလီယက်(ခ)တင်လှ အား စစ်မေးရာ သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ယာနေ စိုးမြင့်(ခ)စလိုဒါဂျူး က လာရောက်ရောင်းချခြင်း ဖြစ်ကြောင်း ထွက်ဆိုချက်အရ စိုးမြင့်(ခ)စလိုဒါဂျူး အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးရာ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ပန်းပင်ချောင်ရပ်ကွက်၊ သစ်ခွမြိုင်လမ်း၊ အမှတ်(၅၇)နေ ဝဏ္ဏထွန်း က ရောင်းခိုင်းခြင်းဖြစ်ကြောင်း ထွက်ဆို စစ်ဆေးပေါ်ပေါက်ပါသည်။
ဝဏ္ဏထွန်း ပါ (၃)ဦးအား အမှုဖြင့်ဖမ်းဆီးပြီး တိုက်ဆိုင်စစ်ဆေးရာ ဝဏ္ဏထွန်း က Lot No – T013330 ပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (၅၈၁၀)လုံး၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး တို့အား ခိုးယူပြီး စိုးမြင့်(ခ)စလိုဒါဂျူး အား ရောင်းချခိုင်းခြင်း ဖြစ်ကြောင်း၊ စိုးမြင့်(ခ)စလိုဒါဂျူး က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများအား ဆေးဝါးရောင်းချသူ တင်အေး(ခ)မိုဟာမတ်အီလီယက်(ခ)တင်လှ၊ သန်းထွန်း(ခ)အီမရမ်း(ခ)စာကလေး၊ အောင်နေဦး နှင့် စလင်း တို့ထံ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ ပျောက်ဆုံး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (၅၅၁၃)လုံး၊ အသည်းရောင်အသားဝါ B ကာကွယ်ဆေး(၄၈၀)လုံး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (၇၀၀)လုံး အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ဝဏ္ဏထွန်း ပါ (၆)ဦးကို ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Credit: ရဲဇာနည်
ဟားခါးမြို့ လွပ်လတ်ရေးကျောက်တိုင် မနက်ဖြန်ဖွင့်လှစ်မယ်    ဟားခါးမြို့၊မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံမှာ ကျပ် ၆၁ သန်းက...
03/01/2021
ဟားခါးမြို့ လွပ်လတ်ရေးကျောက်တိုင် မနက်ဖြန်ဖွင့်လှစ်မယ်
ဟားခါးမြို့၊မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံမှာ ကျပ် ၆၁ သန်းကျော်နဲ့ တည်ဆောက်ထားတဲ့ လွပ်လတ်ရေးကျောက်တိုင်ကို မနက်ဖြန် ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်လှစ်မယ်လို့သိရပါတယ်။
ယင်းကျောက်တိုင်ဟာ ချင်းပြည်နယ် စည်ပင်သာယာရေး အဖွဲ့ရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(GRF) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၀)၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁.၆သန်း စုစုပေါင်းကျပ် ၆၁.၆သန်းဖြင့် အမြင့် ၇၅ပေ၊အချင်း၁၄ပေ ရှိ လွတ်လပ်ရေးကျောက်တိုင်ကို ချင်းကာလီလီကုမ္ဗဏီမှ တာဝန်ယူကာ ဇူလိုင်လမှစတင်တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
Credit: Zalen
👑 8th Miss Universe Myanmar 2020 👑၈ ကြိမ်မြောက်မယ်စကြာဝဠာမြန်မာပြိုင်ပွဲကြီးတွင် အနိုင်ရရှိခဲ့သည့် မယ်စကြာဝဠာမြန်မာ ၂၀၂၀...
31/12/2020
👑 8th Miss Universe Myanmar 2020 👑
၈ ကြိမ်မြောက်မယ်စကြာဝဠာမြန်မာပြိုင်ပွဲကြီးတွင် အနိုင်ရရှိခဲ့သည့် မယ်စကြာဝဠာမြန်မာ ၂၀၂၀ သရဖူဆုရှင် ဟားခါးကိုယ်စားပြုအလှမယ် သူဇာဝင့်လွင် 👑
မယ်စကြာဝဠာမြန်မာအဖွဲ့အစည်းမှ နွေးထွေးစွာကြိုဆိုပါသည်။
Makeup : BSC Team
Hairdo : NK Aung Sha & Team
Fabrics : Alvaascé - Myanmar
Gown Designer : Lazing Gam Htoi
Photo : Aw Ya Tha Soe
Location : Novotel Yangon Max
- - -
Source - Miss Universe Myanmar Organization
COVID-19 ကာလအလွန် လည်ပတ်နိုင်မည့် ခရီးစဉ်တွင် ပါဝင်သည့် မင်းတပ်မြို့နယ် လှတွီကျေးရွာ၌ စိတ်ဝင်စားဖွယ် Trekking လမ်းကြောင်...
31/12/2020
COVID-19 ကာလအလွန် လည်ပတ်နိုင်မည့် ခရီးစဉ်တွင် ပါဝင်သည့် မင်းတပ်မြို့နယ် လှတွီကျေးရွာ၌ စိတ်ဝင်စားဖွယ် Trekking လမ်းကြောင်းနှင့် သဘာဝအလှအပ မြောက်မြားစွာ တည်ရှိ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
မင်းတပ်၊ ဒီဇင်ဘာ(၃၁)
COVID-19 ကာလအလွန် လည်ပတ်နိုင်မည့် ခရီးစဉ်တစ်ခု အဖြစ် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် လှတွီကျေးရွာတွင် စိတ်လှုပ်ရှားဖွယ် Trekking လမ်းကြောင်းများ နှင့် သဘာဝအလှအပများ တည်ရှိနေသည်။
လှတွီကျေးရွာသည် ချင်းပြည်နယ် မင်းတပ်ခရိုင်၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီက ခရီးစဉ်ဒေသ Community Based Tourism (CBT) ဆောင်ရွက်ရန် လျာထားသည့် လမ်းကြောင်း(၁)ခရီးစဉ်တွင် ပါဝင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်း၊ COVID-19 ကာလအလွန် ခရီးသွားလုပ်ငန်းများ စတင်လည်ပတ်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနနှင့် ကျေးရွာလူထု ပူးပေါင်းကာ ဆောင်ရွက်သည့် စွန့်စားခရီးသွား လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း သိရသည်။
လှတွီကျေးရွာ ခရီးစဉ်တွင် ကျေးရွာပြည်သူများ၏ လူနေမှုဘဝပုံစံများ ကာဏ်းမျိုးနွယ်စုတို့၏ ချင်းရိုးရာအိမ်နှင့် ယဉ်ကျေးမှုများ၊ ရိုးရာအကများ၊ ပျောက်ကွယ်လု နီးပါးဖြစ်နေသည့် နှာခေါင်းပလွေ တို့ကို တွေ့မြင်ခံစား နားဆင်နိုင်မည့်အပြင် ရိုးရာအစားအစာ များလည်း ရရှိနိုင်မည် ဖြစ်သည်။
Trekking စွန့်စားလမ်းတစ်လျှောက်တွင် ဘိုးဘေးတို့၏ အရိုးပြာထားရာ နေရာ ကျောက်ဖျာများ (Lung ng’Bum)၊ နဂါးလုံတောင်း ကျောက်ဆောင် (Lung Tawng) ၊ နောင်ခေါလုံတောင်း ကျောက်ဆောင် (Nawng Khaw Lung Tawng)၊ ခါရာယ် ရေဝေတောင်တန်း (Kha Ge)၊ တွီရှိ ရေတံခွန်(Tui Shih Shawi)၊ မုန်းချောင်းရှိ နတ်သမီး ရက္ကန်းစင် (Tah Kyäng) ၊ ခွက်ဗွေး(ခေါ် )သဘာဝရေအိုင်၊ ဆင်လိမ့်ကျ ရေတံခွန် (m’Vui kyah Shawi) တို့၏ သဘာဝအလှအပများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် စတုတ္ထအမြင့်ဆုံးဖြစ်သည့် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ (၈၈၁၈)ရှိ ထိုင်ထဲ့တောင် (Thai Theh m’Htung) ၏ နေဝင်၊ နေထွက် ဆည်းဆာအလှကိုလည်း ရှုမြင်ခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။
လှတွီကျေးရွာသည် ပင်လယ်ရေမျက်နှာပြင် အမြင့်(၆၅၆၀)ပေတွင် တည်ရှိပြီး အိမ်ခြေပေါင်း(၆၅)အိမ်၊ လူဦးရေစုစုပေါင်း (၃၆၇)ဦး နေထိုင်ကြောင်း သိရသည်။
#မင်းတပ်သတင်းဌာနခွဲ
နှစ်သစ်ကူးသတင်းကောင်းအနေဖြင့် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများ ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်း အစောဆုံး ကာ...
31/12/2020
နှစ်သစ်ကူးသတင်းကောင်းအနေဖြင့် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများ ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်း အစောဆုံး ကာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် အခြေအနေရှိခြင်း
(၃၁-၁၂-၂၀၂၀၊ ပေကျင်း)
၁။ တရုတ်နိုင်ငံမှထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများအား အရေးပေါ်သုံးစွဲမှု (Emergency Use) အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ခွင့်ပြုပေးခဲ့ပြီးနောက် အရေးပေါ်သုံးစွဲမှု (Emergency Use) အနေဖြင့် စတင်သုံးစွဲခဲ့ပါသည်။ ထိုအချိန်မှစ၍ ပေကျင်းမြို့၊ မြန်မာသံရုံးအနေဖြင့် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့် သုံးစွဲမှုများအား သေချာစွာစောင့်ကြည့် လေ့လာခဲ့ပါသည်။
၂။ ထိုနောက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှစတင်၍ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ ပေးပို့နိုင်ရေး အတွက် စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။
၃။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် COVID-19 ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်မှုနှင့် အဆင့်အလိုက် စမ်းသပ်မှုများတွင် အောင်မြင်မှုများ ရရှိလျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက အသိအမှတ်ပြုကာ အရေးပေါ်သုံးစွဲမှု (Emergency Use) ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် China National Pharmaceutical Group Co., Ltd (Sinopharm) နှင့် Sinovac Botech (Hong Kong) Limited တို့သို့ ဆက်သွယ်၍ မြန်မာသံအမတ်ကြီးက သွားရောက်တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။ တစ်ချိန်တည်း မှာပင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်လည်း တွေ့ဆုံ ဆွေးနွေးကာ ညှိနှိုင်းမှု များ‌ဆောင်ရွက်ခဲ့ပါသည်။
၄။ ပေကျင်းမြို့၊ မြန်မာသံရုံးမှ မြန်မာသံအမတ်ကြီးအနေဖြင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ Sinopharm ၊ Sinovac နှင့် အခြားသော ရောဂါ ကာကွယ်ရေး သုတေသနဌာနများ၊ လူပုဂ္ဂိုလ်များနှင့် ၃၀-၁၂-၂၀၂၀ ရက်နေ့ အထိ တွေဆုံဆွေးနွေးမှုပေါင်း (၃၁) ကြိမ် ပြုလုပ်ခဲ့ပါသည်။
၅။ ၂၉-၁၂-၂၀၂၀ ရက်နေ့နှင့် ၃၀-၁၂-၂၀၂၀ ရက်နေ့တို့တွင် တွေ့ဆုံဆွေးနွေး မှုများအရ တရုတ် နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ၂၀၂၁ ခုနှစ်၏ နှစ်ဆန်းပိုင်း၊ အစောဆုံး ကာလများတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည့် အခြေအနေအထိ ရောက်ရှိနေပြီဖြစ်ပါကြောင်းနှင့် နှစ်ဖက် ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်လျက်ရှိပါကြောင်း မြန်မာပြည်သူများ အတွက် နှစ်သစ်ကူး သတင်းကောင်း အဖြစ် အသိပေးဖော်ပြအပ်ပါသည်။
Source - Ministry of Foreign Affairs Myanmar
ဖလမ်းမြို့နယ်အတွင်း ကျေးရွာလည်ပတ်မှု ခရီးစဉ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လိုက်နာရန် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင...
31/12/2020
ဖလမ်းမြို့နယ်အတွင်း ကျေးရွာလည်ပတ်မှု ခရီးစဉ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လိုက်နာရန် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း
ဖလမ်း ဒီဇင်ဘာ ၃၁
ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ရေးဆွဲထုတ်ပြန်ထားရှိသော ကျေးရွာလည်ပတ်မှုခရီးစဉ်နှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း ( Community Based Tourism)များအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာအကြံပေးလမ်းညွှန်ချက်များကို ခရီးသွားဧည့်သည်များ သိရှိနိုင်ရန်နှင့် ကျေးရွာရှိ ဝန်ဆောင်မှုပေးသူများ လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို လူထုအခြေပြုခရီးသွားလုပ်ငန်းတည်ရှိရာ ဖလမ်းမြို့နယ်၊ တာရွှန်းကျေးရွာ နှင့် ကလောမွန်ကျေးရွာ တို့တွင် ဒီဇင်ဘာ ၃၁ ရက်နေ့နံနက် ၉ နာရီက ပြုလုပ်သည်။
ဖလမ်းမြို့နယ်၊ တာရွှန်းကျေးရွာနှင့် ကလောမွန်ကျေးရွာများတွင် ကျေးရွာလည်ပတ်မှုခရီးစဉ်နှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း ( Community Based Tourism)များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လိုက်နာရန် အသိပညာပေး ဆိုင်းဘုတ်များကို စိုက်ထူကြပြီးနောက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးနှင့် ဖလမ်းမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်တို့က ပါးစပ်နှင့်နှာခေါင်းစည်းများ၊ Hand Gel များ၊ Face shield များကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
31/12/2020
ရေဇွာမြို့စည်ပင်သာယာရေးအဖွဲ့၏ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်းမှသန်း(၁၀၀)ကြားတင်ဒါအောင်မြင်သူများစာရင်းကြေညာခြင်း
ရေဇွာ ဒီဇင်ဘာ ၃၁
ချင်းပြည်နယ်၊ရေဇွာမြို့စည်ပင်သာယာရေးအဖွဲ့၏ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေ ကျပ်(၁၀)သန်းမှသန်း(၁၀၀)ကြားတင်ဒါအောင်မြင်သူများစာရင်းကိုဒီဇင်ဘာလ(၃၀) ရက်နေ့ကကြေညာခဲ့ကြောင်းသိရသည်။
ရေဇွာမြို့စည်ပင်သာယာရေးအဖွဲ့၏၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်းမှသန်း(၁၀၀)ကြားဆောင်ရွက်မည့်လုပ်ငန်း(၁၃)ခုရှိပြီးတင်ဒါအောင်မြင်သည့်ကုမ္ပဏီ(၁၅)ခုမှယင်းလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါတင်ဒါအောင်မြင်သည့်စာရင်းများကိုရုံးတွင်းကြော်ငြာသင်ပုန်းများ တွင်ကပ်ထားခြင်း၊ရပ်ကွက်အုပ်အုပ်ချုပ် ရေးမှူးရုံးများတွင်အများပြည်သူသိ ရှိနိုင်ရန်ကြော်ငြာထားပြီးဖြစ်ကြောင်းသိရသည်။
ဟုန်းအွမ်
ချင်းပြည်နယ် ပလက်ဝ​မြို့နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများအတွက် ဒီဇင်ဘာလ ၃၀ ရက်​နေ့  နေ့လည်ပိုင်းက ချင်းပြည်နယ်အစိုးရအ...
30/12/2020
ချင်းပြည်နယ် ပလက်ဝ​မြို့နယ်အတွင်းရှိ
တိုက်ပွဲရှောင်ပြည်သူများအတွက်
ဒီဇင်ဘာလ ၃၀ ရက်​နေ့ နေ့လည်ပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်စည်ပင်သာယာရေးလျှပ်စစ်နှင့်စက်မှု့လက်မှုဝန်ကြီးဦးစိုးထက်ရုံးခန်းကို"No Roads Chin Humanitarian Foundation "မှအလှူငွေကျပ် ဆယ်သိန်းတိတိကို လာ
ရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ၂၀၂၀ ပြည့်နှစ်အတွင်း ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆုများ ချီး...
30/12/2020
ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ၂၀၂၀ ပြည့်နှစ်အတွင်း ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆုများ ချီးမြှင့်
ဖလမ်း ဒီဇင်ဘာ ၃၀
ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ၂၀၂၀ ပြည့်နှစ်အတွင်း ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆုများ ချီးမြှင့်ခြင်းကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီက အဆိုပါဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာ တလွန်ကျုံးထန် က လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆုများ ချီးမြှင့်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆုရ ဝန်ထမ်း(၅)ဦးကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုငွေများအား ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဆုရရှိသူများက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြသည်။
၂၀၂၀ ပြည့်နှစ်အတွင်း ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ဝန်ထမ်းများအား အငယ်တန်းဝန်ထမ်းမှ အကောင်းဆုံးဆု၊ အခြားဝန်ထမ်းအစုအဖွဲ့မှ အကောင်းဆုံးဆု၊ သူနာပြု ဝန်ထမ်းအစုအဖွဲ့မှ အကောင်းဆုံးဆု၊ ဝန်ထမ်းအားလုံးမှ အကောင်းဆုံးဆု နှင့် အထူးဆုများကို ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်က ချီးမြှင့်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ဂျွန်
ရိရေကန်၏ ထူးခြားချက်တစ်ခုဖြစ်သည့် နှစ်စဉ်မပျက်ကန်ရေနောက်ခြင်းသည် ယခင်နှစ်ထက် ကန်ရေပိုမိုနောက်ကျိလာရိခေါ်ဒါရ်            ...
30/12/2020
ရိရေကန်၏ ထူးခြားချက်တစ်ခုဖြစ်သည့် နှစ်စဉ်မပျက်ကန်ရေနောက်ခြင်းသည် ယခင်နှစ်ထက် ကန်ရေပိုမိုနောက်ကျိလာ
ရိခေါ်ဒါရ် ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ရှိ ချင်းပြည်နယ်၏ အမှတ်သင်္ကတနှင့် အထင်ကရ နေရာဒေသတစ်ခုဖြစ်သည့် အသည်းနှလုံးပုံသဏ္ဍာန် ရိရေကန်၏ ထူးခြားချက်တစ်ခုဖြစ်သည့် ဆောင်းတွင်းရာသီ၌ နှစ်စဉ်မပျက်ကန်ရေနောက်ခြင်း ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
အသည်းနှလုံးပုံသဏ္ဍာန် ရိရေကန်၏ နှစ်စဉ်မပျက် ကန်ရေနောက်ကျိမှုအခြေအနေကို ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ပြောကြားရာတွင် “ကန်ရေဟာ နှစ်စဉ်မပျက်မကွက် ဆောင်းတွင်းရာသီ၌ ကန်ရေနောက်လေ့ရှိပါတယ်။ ကန်ရေ နောက်ရခြင်းအကြောင်းရင်းကိုတော့ ကျွန်တော်တို့အနေနဲ့ သိပ္ပံပညာရှင်များရဲ့အတည်ပြုချက် မရှိသေးတဲ့အခါကျတော့ ဘာကြောင့်နောက်သလဲဆိုတာမပြောနိုင်ပါဘူး။ ကန်ရေဟာ နှစ်စဉ်မပျက် ရေနောက်ပြီးတော့ ရေမနောက်တဲ့နှစ်တစ်နှစ်မျှမရှိသေးပါဘူး။ ဆောင်းတွင်းကာလ မှာရေနောက်တတ်ပါသော်လည်း ရေနောက်တဲ့အချိန်ကိုတော့ နှစ်စဉ်မတူပါဘူး။ ဆောင်းရာသီ အဝင်စောပြီး အအေးလွန်ကဲ၍ဆောင်းထန်တဲ့နှစ်မှာဆိုရင် ကန်ရေနောက်တာလည်းစောပြီး ပိုမိုနောက်ကျိလာတယ်။ သို့ပေမယ့် အအေးပေါ့တဲ့နှစ်တွေဆိုရင် ရေနောက်တဲ့အချိန်နောက်ကျ ပြီး ရေနောက်ယုံသာသာလေး နောက်တာပါ။ ကန်ရေနောက်လာလို့ရှိရင်လဲ ချက်ချင်းနောက်လာ တာမဟုတ်ပဲ တစ်ပတ်လောက်အချိန်အတွင်း တစ်ဖြေးဖြေးနောက်ကျိလာတာဖြစ်ပြီးတော့ ကန်ရေပြန်ကြည်လင်လာတာကလည်း ချက်ချင်း ကြည်လင်လာတာမဟုတ်ပဲ လနဲ့ချီပြီး တစ်ဖြေးဖြေး ပြန်ကြည်လင်လာတာပါ။ နှစ်စဉ်ကန်ရေနောက်ကျိလာတာက များသောအားဖြင့် ဒီဇင်ဘာလနှောင်းပိုင်းကစပြီး နောက်ကျိလာပြီးတော့ ကန်ရေများ လုံးဝပြန်ကြည်လင်လာတာ ကတော့ များသောအားဖြင့် ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကြည်လင်လာတာများပါတယ်။”ဟု ထည့်သွင်းပြောကြားသည်။
ယခုနှစ်တွင်လည်း ဆောင်းရာသီ အအေးထန်ပြီး အအေးလွန်ကဲခြင်းကြောင့် ရိရေကန် ကန်ရေ နောက်ကျိခြင်းသည်လည်း ယခင်နှစ်ထက် ကန်ရေပိုမိုနောက်ကျိလာကြောင်း မြင်တွေ့ ရပါသည်။
ရိရေကန်သည် လူရှိုင်း၊ ဟွာလ်ငို(မီဇီုး)ချင်းလူမျိုးများ၏ သမိုင်းဝင်အထင်ကရ ရေကန်ကြီး တစ်ကန်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ လေ့လာရေးခရီး၊ အပန်းဖြေခရီးနှင့် ပျော်ပွဲစားခရီးတို့ဖြင့် နှစ်စဉ်လာရောက်လည်ပတ်သူများပြားကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)
30/12/2020
The new Miss Universe Myanmar 2020
Hakha " Thuzar Wint Lwin "
၁၉၃၈ ခုနှစ် မြေပုံကိုအခြေခံပြီးချင်းပြည်နယ် နဲ့စစ်ကိုင်းတိုင်းနယ်နမိတ် နယ်သတ်မှတ်တဲ့ ဘုတ်တိုင် BP 1 မှBP 5 ထိ ဆောင်ရွက်ပ...
29/12/2020
၁၉၃၈ ခုနှစ် မြေပုံကိုအခြေခံပြီးချင်းပြည်နယ် နဲ့စစ်ကိုင်းတိုင်းနယ်နမိတ် နယ်သတ်မှတ်တဲ့ ဘုတ်တိုင် BP 1 မှBP 5 ထိ ဆောင်ရွက်ပြီးစီးမှုပြီလို့ချင်းပြည်နယ်သစ်တော၊သံယံဇာတ၀န်ကြီးဦးမန်ဟင်းဒါးလ်ကလူမူကွန်ရက်မှာဖော်ပြချက်အရသိရပါတယ်။ Ref: Chin World
တီးတိန်မြို့နယ်၊တွီးထန်ကျေးရွာ၌ စောင့်ကြပ်ကြည့်ရှုထားသူ (၈)ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ         တီးတိန်    ...
29/12/2020
တီးတိန်မြို့နယ်၊တွီးထန်ကျေးရွာ၌ စောင့်ကြပ်ကြည့်ရှုထားသူ (၈)ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ
တီးတိန် ဒီဇင်ဘာ ၂၉
ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊တွီးထန်ကျေးရွာ Facility Quarantine Center ၌ အသွား၊အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားသူ (၃၂)ဦးအား ဒီဇင် ဘာ ၂၈ ရက်နေ့က RDT ဖြင့်စစ်ဆေးရာအမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၆) ဦးတွင် ကိုဗစ်- ၁၉ ရောဂါ ပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
အဆိုပါပိုးတွ့လူနာများကို တွီးထန်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူကြမည်ဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
တွီးထန်ကျေးရွာတွင် ယခုလတ်တ လောအချိန်၌ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့လူနာ(၂၀)ဦးအထိ ရှိလာကြောင်း၊ပိုးတွေ့လူနာအစုလိုက် တွေ့ရှိရခြင်း ကြောင့် လည်းကောင်း၊ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့သူ များပြားနေ၍ လည်းကောင်း၊တွီးထန်ကျေး ရွာအား ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၁ ခု၊ဇန်နဝါရီ ၉ ရက်နေ့အထိ အဝင်အထွက် ကန့်သတ်သည့်ကျေး ရွာအဖြစ် သတ်မှတ်ကြောင်း သိရသည်။
ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မ...
29/12/2020
ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်
Digital News
ချင်းပြည်နယ်တွင်"ဝ"ဥခေါ်ဖျံဥစိုက်တောင်သူများနှစ်စဥ်စီးပွားဖြစ်◆●◆●◆●◆◆●◆●◆●◆◆●◆●◆●◆ရေဇွာ      ဒီဇင်ဘာ      ၂၈     ချင်းပ...
28/12/2020
ချင်းပြည်နယ်တွင်"ဝ"ဥခေါ်ဖျံဥစိုက်တောင်သူများနှစ်စဥ်စီးပွားဖြစ်
◆●◆●◆●◆◆●◆●◆●◆◆●◆●◆●◆
ရေဇွာ ဒီဇင်ဘာ ၂၈
ချင်းပြည်နယ်၊မတူပီမြို့နယ်ရှိတောင်သူများသည်ယခင်ကရွေ့
ပြောင်းတောင်ယာများကိုမိရိုးဖလားလုပ်ကိုင်ခဲ့ရာမှယခုအခါချင်း
ပြည်နယ်၏အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာသော"ဝ"ဥများကိုဥယျာဥ်ခြံမြေများဖြင့်လုပ်ကိုင်လာခဲ့ကြသောကြောင့်လူမှုစီးပွားဘဝပိုမိုအဆင်လာကြောင်းသိရသည်။
ချင်းပြည်နယ်ရှိမြို့နယ်အများအပြားတွင်"ဝ"ဥများကိုစိုက်ပျိုး
ကြသော်လည်းသဘာဝအလျောက်ပေါက်ရောက်မှုနှင့်စိုက်ပျိုးမှုမှာမင်းတပ်နှင့်ကန်ပက်လက်မြို့များတွင်အများဆုံးထွက်ရှိကြောင်း၊ချင်းပြည်နယ်တွင်ထွက်ရှိလာတဲ့"ဝ"ဥများသည်အခြားပြည်နယ်၊တိုင်းများမှစိုက်ပျိုးထားသော"ဝ"ဥများထက်အရည်အသွေးပိုမိုကောင်းမွန်ကြောင်းသိရသည်။
"ဝ"ဥဟာချင်းပြည်နယ်ရဲ့အဓိကရတနာလို့ခေါ်ရမှာဖြစ်ပါတယ်၊
"ဝ"ဥစိုက်ပျိုးခြင်းဖြင့်ချင်းပြည်နယ်၏လူမှုစီးပွားဘဖွံဖြိုးတိုးတက်လာစေသည့်အပြင်ရွေ့ပြောင်းတောင်ယာလုပ်ငန်းလုပ်ကိုင်သည့်အလေ့အထကိုပပျောက်စေတာဖြစ်ပါတယ်၊နှစ်ရှည်ပင်များစိုက်ပျိုးထားသောဥယျာဥ်ခြံမြေများတွင်လည်းရေရှည်လုပ်ကိုင်စားသောက်နိုင်သည့်"ဝ"ဥခေါ်ဖျံဥများကိုညှပ်ပြီးစိုက်ပျိုးနိုင်တာကြောင့်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့်တောင်သူများအနေဖြင့်ပိုမိုအဆင်ပြေနေတာဖြစ်ပါတယ်၊ပြီးခဲ့တဲ့နှစ်က"ဝ"ဥအစို၁ပိဿာလျှင်ငွေကျပ်
(၁၉၀၀)ဖြင့်ရောင်းခဲ့ရသော်လည်းယခုနှစ်မှာတော့ငွေကျပ်(၁၇၀၀)
လောက်သာ အရောင်းအဝယ်ရှိပါတယ်၊တစ်နှစ်ထက်တစ်နှစ်ပိုမို စျေးကောင်းမွန်သည့်"ဝ"ဥကိုချင်းပြည်နယ်အတွင်းရှိဒေသအနှံ့အပြားတွင်အများအပြားစိုက်ပျိုးတာကိုတွေ့ရပါတယ်၊ဒီနှစ်မှာတော့ စျေးအနည်းငယ်ကျနေသောကြောင့်ဒီထက်စျေးတက်လာဖို့ကတောင်သူများမျှော်နေကြတာဖြစ်ပါတယ်"ဟု"ဝ"ဥစိုက်ပျိုးသည့်တောင်သူတစ်ဦးကပြောကြားသည်။
ချင်းပြည်နယ်၏ရေ၊မြေ၊သဘာဝနှင့်ကိုက်ညီသော"ဝ"ဥခေါ်ဖျံ
ဥကိုဥယျာဥ်ခြံမြေများဖြင့်စနစ်တကျတိုးချဲ့စိုက်ပျိုးလာကြသောကြောင့်ချင်းပြည်သူတို့၏လူမှုစီးပွားဘဝတိုးတက်မြင့်မားလာကြောင်း၊"ဝ"ဥအများအပြားစိုက်သောတောင်သူများမှာအကျိုးစီးပွားများသလို"ဝ'ဥတူးဖော်လုပ်သားများလည်းမှာလည်းဝင်ငွေများရရှိလာသောကြောင့်လူတိုင်းအလုပ်အကိုင်ရရှိပြီမိသားစုဝင်ငွေအဆင်ပြေလျက်ရှိပါသည်။ချင်းပြည်နယ်အတွင်း၌ထွက်ရှိသော"ဝ"ဥများကို မန္တလေး-မူဆယ်မှတဆင့်ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိပြီးနိုင်ငံခြားဝင်ငွေရှာဖွေပေးနေသောသီးနှံပင်ဖြစ်ကြောင်းသိရ သည်။
ဆက်လက်၍"ဝ"များစတင်စိုက်ပျိုးသူများအနေဖြင့်ဒီနှစ်အ သီးစတင်စိုက်ပျိုးပါကသုံးနှစ်အကြာတွင်စတင်တူးဖော်ရောင်းချနိုင်ကြောင်းနှင့်နှစ်စဥ်အသီးများဆွတ်ခူးရသောကြောင့်စိုက်ဧကများ တစ်ဖြည်းဖြည်းတိုးချဲ့ စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဟုန်းအွမ်
လိုင်လင်းပီမြို့ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့်ဆုတောင်းပြည့်စေတီတော်မြတ်ကုန်းမြေနေရာအား မြေသန့်ရှ...
28/12/2020
လိုင်လင်းပီမြို့ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့်ဆုတောင်းပြည့်စေတီတော်မြတ်ကုန်းမြေနေရာအား မြေသန့်ရှင်းခြင်းဆောင်ရွက်
လိုင်လင်းပီ ဒီဇင်ဘာ ၂၈
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်တွင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးတည်ထားကိုးကွယ်မည့်ကုန်းမြေနေရာအား မြေနေရာရွေးချယ်သတ်မှတ်ခြင်း၊ ကမ္မဝါရွတ်ဖတ်ခြင်းနှင့် မြေသန့်ခြင်းခြင်းကို မတူပီမြို့၊ ဖနိုင်တပ်ဦးကျောင်းဆရာတော် ဦးအဂ္ဂဥာဏဦးဆောင်သော သံဃာတော်အရှင်သူမြတ်များမှ ယနေ့ နံနက်(၉)နာရီအချိန်တွင် ဆောင်ရွက်ကြသည်။
ရှေးဦးစွာ စေတီတော်တည်ထားကိုးကွယ်ရန်အတွက်ရွေးချယ်သတ်မှတ်ထားသောမြေနေရာ၌ စစ်ဗျူဟာအဖွဲ့(အခြေချ) (မတူပီ) မှ ဗျူဟာမှူးကြီးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များမှ ဆရာတော်ဦးအဂ္ဂဥာဏထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များမှ ကမ္မဝါရွတ်ဖတ်ခြင်းနှင့် မြေသန့်ခြင်းများပြုလုပ်ကြကာ ဧည့်ပရိတ်သတ်များမှ ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါဆုတောင်းပြည့်စေတီတော်မြတ်ကို ကျောင်းတိုက်၏ တောင်ဘက်တွင် တည်ထားမည်ဖြစ်ကြောင်းနှင့် ဘုရားရင်ပြင်တော်အကျယ်အဝန်း ပေ (၅၀)၊ ဉာဏ်တော်အမြင့် (၉)တောင်ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ဖြစ်ကြောင်းသိရသည်။
ယာကမ်
တီးတိန်မြို့ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၄) ဦး ကျန်းမာ ရေးကောင်းမွန်သဖြင့်ဆေး...
28/12/2020
တီးတိန်မြို့ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၄) ဦး ကျန်းမာ ရေးကောင်းမွန်သဖြင့်ဆေးရုံမှဆင်း
တီးတိန် ဒီဇင်ဘာ ၂၈
ချင်းပြည်နယ်၊တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ရောဂါပိုးတွေ့အ တည်ပြုလူနာ Case -113572၊Case -113573၊Case -113574 နှင့် Case -113575 တို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ဒီဇင် ဘာ ၂၈ ရက်နေ့ (ယနေ့) နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
၄င်းပိုးတွေ့လူနာတို့သည် တီးတိန်မြို့၊စကောလမ်းရပ်ကွက်နေ အသက် (၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် (၂၇) အရွယ်အမျိုးသားတစ်ဦးနှင့် အသက် (၃)နှစ်အရွယ် အမျိုး သားတစ်ဦးနှင့် မြို့မရပ်ကွက်နေ အသက် (၁၉) နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။
တီးတိန်ပြည်သူ့ဆေးရုံ၌ ယခုလတ် တလောအချိန်တွင် ပိုးတွေ့အတည်ပြုလူနာ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး (၉)ဦးဆေးကုသမှုခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင်အ...
28/12/2020
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဒုတိယအကြိမ်ဖွင့်လှစ်သင်ကြားပေး
ဟားခါး ဒီဇင်ဘာ ၂၈
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာတွင် ဒီဇင်ဘာလ ၂၈ရက်နေ့မှစတင်၍ ဆိုင်ကယ်ပြုပြင်ရေးသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းက“ကျွန်တော်တို့ ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်းမှာ ရွာ(၂)ရွာကို ရွေးချယ် ထားပါတယ်၊ ဒီဇင်ဘာလမှာစသင်ပေးပါတယ်၊ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်း ကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ပြီးဖွင့်လှစ်သင်ကြား ပေးတာပါ၊ သင်တန်းကာလကတော့ တစ်ကြိမ်ကို (၁၈)ရက်ကြာပြီးတော့သင်တန်းနည်းပြကိုတော့ ဟားခါးက (၂)ဦးကိုငှားထားပါတယ်၊ ဆိုင်ကယ်ပြင်ဆိုင်လဲဖွင့်လို့ရအောင်ပြီးတော့ ဆိုင်ကယ် တစ်စီးလုံး ဖြုတ်တပ် အကုန်သင်ပေးပါတယ်။ အင်ဂျင်ခွဲတာအစသင်ပေးပါတယ်၊ သင်တန်းသား အနေနဲ့ တစ်ကြိမ်(၂၅)ဦးတက်ရောက်ပါတယ်။ သင်တန်းမှာအသုံးပြုဖို့ ပစ္စည်းဖိုး၊ သင်တန်းနည်းပြ အတွက် သင်တန်းတစ်ကြိမ်ကို ငွေကျပ်(၂၄၅၀၀၀၀)ကို ထောက်ပံ့ပါတယ်။(၂)ရွာဆိုတော့ ငွေကျပ်(၄၉၀၀၀၀၀)ကို ထောက်ပံ့ဆောင်ရွက်သွားဖို့ရှိပါတယ်။ ပြည်ထောင်စုရန်ပုံငွေနှင့် ဆောင်ရွက်တာပါ၊ ဟားခါးမြို့နယ် ဖာရွန်းကျေးရွာမှာ ပထမအကြိမ် ဖွင့်လှစ်သင်ကြားပေးပြီးပါပြီ၊ အခုဒုတိယအကြိမ်အနေဖြင့်ဗန်ဟားကျေးရွာမှ ဒီကနေ့ဖွင့်ပွဲလုပ်ခဲ့တာပါ ”ဟု ပြောသည်။
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေးရည်ရွယ်၍ ၂၀၂၀-၂၀၂၁ခု ပြည်ထောင်စုရန်ပုံငွေ(၄၉၀၀၀၀၀)ဖြင့် ဟားခါးမြို့နယ် ဖာရွန်းကျေးရွာနှင့် ဗန်ဟားကျေးရွာတို့တွင် ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း ဟားခါး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံမှ သိရှိရသည်။
အောင်ခွီရှိန်း
ကန်ပက်လက်မြို့ Facility Quarantine စင်တာမှ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၄)ဦးတွေ့ရှိကန်ပက်လက်           ဒီဇင်ဘာလ        ၂၇...
27/12/2020
ကန်ပက်လက်မြို့ Facility Quarantine စင်တာမှ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၄)ဦးတွေ့ရှိ
ကန်ပက်လက် ဒီဇင်ဘာလ ၂၇
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၌ တည်ဆောက်ရေးလုပ်ငန်းများတည်ဆောက်ရန်လာရောက်သူများကို Facility Quarantine စင်တာတွင်ထားရှိပြီး Test Kit စစ်ဆေးခြင်းနှင့် Swab Test ပေးပို့စစ်ဆေးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီဆောင်ရွက်ရာ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၄)ဦးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အဆိုပါ ပိုးတွေ့လူနာများမှာ မန္တလေးမြို့မှ တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်ရန် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ကန်ပက်လက်မြို့သို့ရောက်ရှိလာခဲ့ကြပြီး Test Kit စစ်ဆေးရာမှ တစ်ဦးမှာ ကိုဗစ်-၁၉ရောဂါတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန်(၃)ဦးမှာ ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် Swab Test များ ပေးပို့စစ်ဆေးခဲ့ရာမှ ဒီဇင်ဘာလ (၂၆)ရက်နေ့စစ်ဆေးချက်အဖြေအရ သိရှိရခြင်းဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးကပြောသည်။
ကန်ပက်လက်မြို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဥ်ကာလတစ်လျောက်လုံး၌ အတည်ပြုလူနာ (၅)ဦးအထိရှိလာခဲ့ရာ (၁)ဦးမှာဆေးရုံမှဆင်းခွင့်ရရှိပြီး လက်ရှိတွင် အတည်ပြုလူနာ(၄)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင်စောင့်ရှောက်ထားကြပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြကြောင်းသိရသည်။
ကိုလိန်း(မင်းတပ်)
အလုပ်လျှောက်ထားနိုင်ရန် ဖိတ်ခေါ်ခြင်း‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်မြင်သံကြားအစီအစဉ်တွ...
27/12/2020
အလုပ်လျှောက်ထားနိုင်ရန် ဖိတ်ခေါ်ခြင်း
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်မြင်သံကြားအစီအစဉ်တွင် အင်္ဂလိပ်ဘာသာဖြင့် သတင်းအစီအစဉ်ကို ထည့်သွင်းထုတ်လွှင့်သွားမည်ဖြစ်ရာ အသက်(၁၈-၃၀) နှစ်အတွင်း အင်္ဂလိပ်ဘာသာ(အရေး၊ အဖတ်၊ အပြော) ကျွမ်းကျင်ပြီး သတင်းဖတ်ကြားရန် စိတ်ဝင်စားသူများ (၃၀-၁၂-၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
- TV Screen Test ဆောင်ရွက်သွားမည်
- ညှိနှိုင်းလစာဖြင့် (၆)လ သို့မဟုတ် တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းမည်ဖြစ်ပါသည်
- ဆက်သွယ်ရန် - Ph: 067-79393(ရုံးချိန်အတွင်း), [email protected]
Source -MRTV
'' ကုလားတန်မြစ်ကမ်း နံဘေး က လေဆိပ်ကို လွမ်းပါသည်''+++++++++++++++++++++++++++++++++++++++ဆလိုင်းကျော်မိုး(တောင်ဇလပ်)### ...
27/12/2020
'' ကုလားတန်မြစ်ကမ်း နံဘေး က လေဆိပ်ကို လွမ်းပါသည်''
+++++++++++++++++++++++++++++++++++++++
ဆလိုင်းကျော်မိုး(တောင်ဇလပ်)
### ငွေဇင်ယော်တွေလို တောင်ပံတွေပါရင် ဝေဟင်မှာဝဲလိုက်ချင်ပါတယ် ကြင်ဖော်တူစုံရယ် ပျော်ရွင်ချင်သူမှာ တူနှစ်ကိုယ် လေဟုန်ထဲချစ်သူတို့နှစ်ယောက် ### ### ###x
အဆိုတော်စိန်လွင်ရဲ့ မိုးပေါ်မှာနေချင်တယ်ဆိုတဲ့သီချင်း လေးကို လေယာဉ်စီးတိုင်းလည်းဒီသီချင်းကိုညည်းနေမိတယ် ။ လေယာဉ်စီးတဲ့ အချိန် မှာဆိုရင် လေယာဉ်ပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်ရင် ဖြူဖွေးနေတဲ့ တိမ်တိုက်တွေ ကိုမြင်ချင်မြင် ဒါမှမဟုတ် ပြာမှိုင်းနေတဲ့ ပင်လယ်ရေပြင်ကြီးကိုတောက်လျောက်မြင် တွေ့နေရတာပါ ။ ဒါက လေယာဉ်စီးတဲ့သူတိုင်း မြင်တွေ့ခံစားနေရတဲ့ ခံစားမှုတစ်ခု ။ လေယာဉ်စီးရင်တွေ့မြင်ရတဲ့ မြင်ကွင်းတွေ နဲ့ သီချင်း ကလည်းလိုက်ဖက်လွန်းလှပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့မှာဖလမ်းမြို့ ဆူရ်ဘုန်လေဆိပ်မှာ လေယာဉ် စမ်းသပ်ဆင်း တော့ချင်းလူမျိုးတွေအားလုံးဝမ်းသာ အားရဖြစ်ခဲ့ကြရပါတယ် ။ လေယာဉ်ပျံကြီးပေါ်ကနေ အတူပျံဝဲပြီး ချင်းတောင်တန်းကြီးကို လှမ်းကြည့်လိုက်ရတဲ့ ခံစားမှု က ဘာနဲ့မှနှိုင်းယှဉ်မရအောင် တုန်ရီလှိုက်မောလွန်းလှပါတယ် ။ ချင်းတောင်လိုလမ်းပန်း ဆက် သွယ် ရေးခက်ခဲတဲ့ နေရဒေသမှာ လေဆိပ်တစ်ခု ကနေ လေယာဉ်စီး နိင်ဖို့ဆိုတာ တောင်ထိပ်မှာ ပေါက်တဲ့ကြာပန်းရယ် လို့တင်စားကြမလား ။
တကယ်လည်း ဆူရ်ဘုန်လေဆိပ် ဆိုတာ တောင်ထိပ်မှာ ပေါက်တဲ့
ကြာပန်း ဆိုလည်းမမှားပါဘူး ။ပင်လယ်ရေမျက်နှာပြင် ၆၀၀၀ အထက်မှာ လေဆိပ် တစ်ခုဆောက်ဖို့ဆိုတာ ကုန်ကျစရိတ် ရာသီဉတု အစစအရာရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာပါ ။ ဒီလိုလေယာဉ်ဆင်းသက်တဲ့အခါမှာ ချင်းပြည်နယ်အတွင်း ပထမဆုံး လေဆိပ်ဆိုပြီးပြောကြ ဆိုကြ တဲ့ အပေါ်မှာ လည်း အငြင်းပွားမှု တွေ ရှိလာပြန်ပါတယ် ။ တကယ်ကော ချင်းပြည်နယ်အတွင်းက ပထမဆုံးလေဆိပ် နဲ့ ပထမဆုံး လေယာဉ်ဆင်းသက်မှု ဟုတ်ပါသလား ။
တကယ်တော့ ချင်းပြည်နယ်မှာ ခေတ်မီလေယာဉ်ကွင်း ဆိုရင်တော့ ဖလမ်းဆူရ်ဘုန်လေဆိပ်က ပထမဆုံး လေယာဉ်ကွင်းဖြစ်ပေမယ့် ၊ချင်းပြည်နယ် အတွင်းက လေယာဉ်ကွင်းဆိုရင်တော့ ပလက်ဝမြို့နယ်ထဲက စိမ့်စင်း လေယာဉ်ကွင်းကပထမဆုံးဖြစ်ပါ လိမ့်မယ်။
မဆလခေတ်မှာ တကယ်လိုအပ်လို့ လေယာဉ်ကွင်းဖောက်ခဲ့တာဖြစ်ပြီး ၁၉၇၈ခုနှစ်ကနေ -၁၉၈၃ခုနှစ်အ ထိ ပလက်ဝမှာရှိတဲ့ စိမ့်စင်းလေဆိပ် မှာ တွင်အော်တာလေယာဉ် ဆင်းခဲ့ တာ ဖြစ်ပါတယ်။
ပထမဆုံး လေယာဉ်ဆင်း တဲ့ နေ့ကတော့ ၂၃ရက် ဇန်နဝါရီလ ၁၉၇၈
ခုနစ်မှာဖြစ်ပါတယ် ။ အဲဒီချိန်က ပလက်ဝရဲ့ မြေမျက်နှာပြင် အနေအထား အရ ရေခံမြေခံကောင်းတဲ့ အတွက် တောင်ဖြိုစရာမလိုဘဲ ပလက်ဝဒေသခံ တွေက ကိုယ်ထူကိုယ်ထလုပ်အားဖြင့် ပေါက်ပြားနဲ့ မြေညှိပြီးလေယာဉ်ကွင်းဖောက်ခဲ့ကြတာဖြစ်ပါတယ်။
ရှေးဘိုးဘေးတွေရဲ့ကိုယ့်မြေကိုယ်ရေကိုယ့်ဒေသအတွက်ပေးဆပ်ဝံ့နိုင်တာတွေကချီးကျူးစရာပါ ။ လမ်းတွေတော်တော်များကိုဘိုးဘေးေတွရဲ့သွေးချွေးပေါက်ပြားတစ်လက်နဲ့ဖောက်လုပ်ခဲ့တဲ့လမ်းတွေ ချင်းတောင်နေရာအနှံ့အပြားမှာတွေ့မြင်ရမှာဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်းဒီလမ်းတွေကိုအသုံးပြု နေဆဲပါ။
ပလက်ဝ လေယာဉ်ကွင်း နဲ့ ပတ်သက်ပြီး လက်ရှိချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဆလိုင်းမဲလု(ခ)ဦးစိုးထက်ကလည်းခုလိုပြန်ပြောင်းပြောပြ ပါတယ် ။
''ကျွန်တော် ရန်ကုန်မှာ တက္ကသိုလ်တက်ပြီး ကျောင်းပိတ်ပြန်ချိန်၁၉၈၂ ခုနှစ်ဝန်း ကျင်မှာအခု သရက်ခြံတွေဖုံး နေတဲ့ စိမ့်စင်းလေယာဉ်ကို တွင်အော်တာတွေ နှင့်စီးပြီးပြန်လာနေကျတကယ့်ကိုလေယာဉ်စီးပြီးပြန်လာတာ၊အခုတော့လူတွေကမေ့ေနကြပြီလေ။စိမ့်စင်း မှာ လေယာဉ်ကွင်းရှိတယ်ဆိုတာကိုတောင်မသိကြတာ့ ဘူးဗျ'' လို့
ပြောပြပါတယ် ။
ဟိုတစ်ချိန်က ဝေဟင်မှာ ၀ဲပြီး ပလက်ဝမြေကို ပြန်ခဲ့ရတာကို ပြန်ပြောင်းသတိရ နေသလိုပေါ့ ။
ပလက်ဝ မှာရှိတဲ့ စိမ့်စင်း လေယာဉ်ကွင်း ကို မဆလခေတ် မှာ ၅ နှစ်လောက်အသုံးပြုခဲ့ပါတယ် ။ ဝမ်းနည်းစရာကောင်းတဲ့ နေ့စွဲတစ်ခု ဖြစ်တဲ့ ၁၉၈၂−ခုနှစ်၊ ဩဂုတ်လ (၁၂)ရက် နေ့ ၊ ကျောက်ထု လေယာဉ်ကွင်းမှာ အဆိုတော်စိန်လွင် လေယာဉ်မောင်
အဖြစ်လိုက်ပါလာ တဲ့ လေယာဉ်ပျက် ကျပြီး နောက်ပိုင်း မှာ တွင်အော်တာတွေ ကိုအနားပေး လိုက် သလို ပလက်ဝ လေယာဉ်ကွင်းလည်း အလိုလိုနဲ့ ပိတ်သွားခဲ့ပါတော့တယ် ။ အခုအခါမှာတော့ ပလက်ဝမြို့နယ်မှာရှိတဲ့ စိမ့်စင်းလေယာဉ်ကွင်း ဟာဆိုရင် သရက်ပင်တွေနဲ့ပြေးလမ်းတွေဖုံး လို့ နေပါပြီ ။ တကယ်တော့အရင်ထဲက လေယာဉ်ကွင်းပြေးလမ်း ဆိုတာ ကလည်း မြေသားလမ်းဖြစ်ခဲ့တာကိုး ။
''ပလက်ဝမှာ လေယာဉ်ကွင်း ရှိစေချင်တာပေါ့ဗျာ ၊ တချို့ကလည်းပြောကြတယ် ။ စီးမဲ့သူရှိပါ့မလားတဲ့ လေယာဉ်ကွင်း သာရှိကြည့်ပါဗျာစီးမဲ့သူတွေပြည့်နေပါလိမ့်မယ်။ အခုတောင် အရေးကြုံလို့ ရှိရင် စက်လှေတွေစင်းလုံးငှားကြ ၊ ကားတွေစင်းလုံးငှားကြ ပြီး ခရီးသွား နေကြတာပဲဗျာ ။ ဒီထက်စာရင် လေယာဉ် က အချိန်လည်း အများကြီး သက်သာတယ်လေလို့''မင်းဘူးခရိုင်ပညာရေးမှူးဆရာကြီးဆလိုင်းအောင်မင်း ပြောပြသည် ။
လေယာဉ်ခရီးစဉ် ရှိမယ်ဆိုရင် အခုထက် ပိုပြီး သွားလာရ လွယ်ကူမှာ ဆိုတာ အမှန်ပဲလေ ။ဒါ့အပြင် ၈တန်းကျောင်းသားအရွယ်မှာ စနေ၊တနင်္ဂနွေနေ့မျိုးဆိုရင်သူငယ်ချင်းတွေနှင့်စုပြီး ကုလားတန်မြစ်ကိုဖြတ်ကူးပြီးစိမ့်စင်းလေယာဉ်ကွင်းမှာလေယာဉ်ဆင်းတာကိုသွားကြည့်ဖူးကြတယ်လို့လည်းသူကဆိုသည်။
'မှတ်မိနေတာတစ်ခုတော့ရှိတယ်။ လေယာဉ်စဆင်းတဲ့နေ့ ကပေါ့ အဖေကနေပြီး သမီးတို့ လာကြလာကြဆိုပြီး အမှတ်တရဓါတ်ပုံရိုက်ကြတာမှတ်မိတယ် ၊ပြီးတော့အခုဒီပုံမှာ သမီးလေးယောက်နှင့်အမှတ်တရဆိုပြီး ၂၃ရက် ၊၁လ ၊၇၈ ခုနှစ်ဆိုပြီး ဖေဖေက
ရေးထားတာ''ဟု အဲဒီအချိန်က ပါတီကောင်စီအတွင်းရေးမှူးဖြစ်သူရဲ့သမီးဖြစ်သူ ဒေါ်သူဇာထိုက် ကသူ့ရဲ့ငယ်ဘဝကိုပြန်ပြောင်းပြောခဲ့တာဖြစ်ပါတယ်။
စိမ့်စင်းလေဆိပ် ဖွင့်ပွဲနေ့ ကဆိုရင် လေဆိပ်ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့တဲ့ သူတွေကို နှစ်သုတ်ခွဲပြီး ပလက်ဝမြို့ကို ကောင်းကင်ယံ ကနေ လေယာဉ်နဲ့ ပတ်ပြခဲ့တယ်လို့ လည်းဆိုပါတယ်။'' မှတ်မိသေးတယ်ဗျ ၊ ကျွန်တော်တို့က လက်မှတ်တစ်စောင်ကို ၅၆ကျပ်နဲ့ရောင်းတယ်။ ၅၀ ကတော့ လေကြောင်းကနေမူရင်ဈေးပေါ့ ။၆ကျပ်ကိုတော့ လက်မှတ်ရောင်းခ အနေနဲ့ သမကနေယူတယ်၊ရန်ကုန်သွား မယ်ဆိုရင် ပလက်ဝကနေ စစ်တွေ ၊ အဲဒီကနေ အမ်းလေဆိပ် ပြီးမှရန်ကုန်ကိုသွားကြတာ ။ အခုတော့ ကျောက်ထုလေဆိပ်လည်းမရှိတော့ဘူး ပလက်ဝစိမ့်စင်း လည်းမရှိတော့ဘူး။ အမ်းလေဆိပ် ကတော့အခုထိ အသုံးပြုနေသေးတယ်'' ဟု စာရေးဆရာမောင်ကျော့(ပလက်ဝ)က ပြောပြပါတယ် ။ ။
တကယ်တော့ ပလက်ဝ ဆိုတာ ကုန်းတွင်းပိတ် ချင်းပြည်နယ် ထဲက သဘာဝကပေးထားတဲ့ရေကြောင်း ၊ လေကြောင်း ၊ ကုန်ကြောင်းမျိုးစုံသွားလာလို့ ရတဲ့ ထွက်ပေါက်တစ်ခုပါ ။ ဒါကြောင့်လမ်းပန်းဆက်သွယ်ရေး သာကောင်းမွန်မယ် ၊ နယ်မြေအေးချမ်းမယ်ဆိုရင် ချင်းပြည်နယ်ထဲမှာ ရှိတဲ့မြို့နယ်တွေ အနက် ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးမြို့ဖြစ်လာမှာပါ။
ယခင်က လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့တဲ့အတွက် ချင်းပြည်နယ်မှာ အစစအရာ နိမ့်ကျခဲ့ရပါတယ်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိခဲ့ တဲ့ အတွက် စီးပွားရေးလုပ်လို့ အဆင်မပြေခဲ့ကြတာပါ ။ ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံသူများကလည်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲလှတဲ့ ချင်းပြည်နယ် မှာ လာရောက်ရင်းနှီးမြုပ်နှံမှု မလုပ်လိုကြပါ ဘူး ။ ဒါကြောင့်လည်း ပြည်နယ်ဖွံ့ဖြိုးရေးမှာ နှောင့်နှေးခဲ့ရခြင်း ဖြစ်တယ် ။ ဒါ့ကြောင့် ချင်းပြည်နယ်မှာ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက် ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးက အရေးကြီးသည့်ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်။ ချင်းပြည်နယ်အစိုးရ ကလည်း လမ်းပန်းဆက်သွယ်ရေး ဦးစားပေး အစီအစဉ် အဖြစ်ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) တည်ဆောက်ရေးစီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့နယ် မတူပီ-ပလက်ဝ လမ်း ဆိုတာ ဟာ မတူပီမြို့၊ ဆမီးမြို့၊ ပလက်ဝမြို့တို့ကို ဆက်သွယ်ထားတာပါ။ ဒါ့ပြင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကိုလည်း ဆက်သွယ်ထားပါသေးတယ် ။
ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) နေရာမှ မတူပီမြို့အထိ ၁၂၉ မိုင် ၇ ဖာလုံ၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ၄၈ မိုင်၊ ကျောက်တော်-မတူပီလမ်းခွဲအထိ ၃ မိုင် ၄ ဖာလုံ၊ ပလက်ဝ မြို့သို့ ၆ မိုင် ကွာဝေးတာပဲဖြစ်ပါတယ်။
ဒီလိုလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမယ့် နယ်မြေအေးချမ်းမှု တရားဥပဒေစိုးမိုးမှု သာရှိခဲ့မယ်ဆိုရင် အိန္ဒိယအစိုးရကနေစီမံမှု နဲ့ RPP infar project ပလက်ဝ-အိန္ဒိယနယ်စပ် အထိ နှစ်လမ်းသွားလမ်း ၊အိန္ဒိယရေနက်စီမံကိန်းစတဲ့စီမံကိန်းတွေပြီး သွားခဲ့ရင်တော့ ပလက်ဝရဲ့ အနာဂတ် က အလွန်ပဲလှပ လွန်းလှပါတယ် ။
ဒီချိန်မှာ အရင်က ချင်းပြည်နယ်ထဲမှာတောင် အစစအရာရာနောက်ကျနေတဲ့ ၊ ပလက်ဝမြို့လေး ဟာဆိုရင် ကုန်းလမ်း၊ ရေလမ်း ကိုလွယ်ကူစွာအသုံးပြုနေနိုင်ပါပြီ ။ ဒါကြောင့်လည်း လူမှုစီးပွားပိုပြီးတော့မြန်ဆန်စွာ ကူးလူး ဆက်သွယ်နိုင်ဖို့အတွက် အရင်ကအသုံးပြုခဲ့တဲ့ ပလက်ဝက စိမ့်စမ်း လေယာဉ်ကွင်း ကိုသာပြန်လည်ပြုပြင် အသုံးပြုနိုင်မယ် ဆိုရင်တော့ ပလက်ဝရဲ့လူနေမှုဘဝ က အရမ်းကိုတိုးတက်မြန်ဆန်လာမှာဖြစ်ပါတယ်။
ဒါကြောင့် တစ်ချိန်က ၊ တစ်ခေတ်တခါက ပလက်ဝသား တွေအသုံးပြုခဲ့တဲ့ ကုလားတန်မြစ်ကမ်း နဖူးကိုမှေးတင်ေဖာက်လုပ်ခဲ့တဲ့ စိမ့်စမ်းလေဆိပ်ကိုလွမ်းလှပါပြီ တမ်းတရပါပြီ ။
===============================
+++++++++++++++++++++++++++++++++++++++
ရှေးဘိုးဘေးတှရေဲ့ကိုယျ့မွကေိုယျရကေိုယျ့ဒသေအတှကျပေးဆပျဝံ့နိုငျတာတှကေခြီးကြူးစရာပါ ။ လမျးတှတေျောတျောမြားကိုဘိုးဘေးတှေရဲ့သှေးခြှေးပေါကျပွားတဈလကျနဲ့ဖောကျလုပျခဲ့တဲ့လမျးတှေ ခငျြးတောငျနရောအနှံ့အပွားမှာတှေ့မွငျရမှာဖွဈပါတယျ။လက်ရွိအၿခိန်ထိလည်းဒီလမ်းတွေကိုအသုံးပြဳ နေဆဲပါ။
''ၾကႇန်ေတာ် ရန်ကုန်မွာ တက္ကသိုလ်တက်ပြီး ေၾကာင်းပိတ်ပြန်ၿခိန်၁၉၈၂ ခုႏွစ်ဝန်း ကျင်မွာအခု သရက်ခြံတွေဖုံး နေတဲ့ စိမ်႕စင်းလေယာဉ်ကို တွင်ေအာ်တာေတွ ႏွင်႕စီးပြီးပြန်လာနေကၾတကယ်႕ကိုလေယာဉ်စီးပြီးပြန်လာတာ၊အခုေတာ့လူတွေကေမ့ေနကြပြီေလ။စိမ်႕စင်း မွာ လေယာဉ်ကွင်းရွိတယ်ဆိုတာကိုေတာင်မသိကြတာ့ ဘူးဗြ'' လို့
ပြောပြပါတယ် ။
ဒါကြောင့် တစ်ချိန်က ၊ တစ်ခေတ်တခါက ပလက်ဝသား တွေအသုံးပြုခဲ့တဲ့ ကုလားတန်မြစ်ကမ်း နဖူးကိုမှေးတင်ဖောက်လုပ်ခဲ့တဲ့ စိမ့်စမ်းလေဆိပ်ကိုလွမ်းလှပါပြီ တမ်းတရပါပြီ ။ Ref: Taungzalat Time Media
Address
Website
Alerts
Be the first to know and let us send you an email when Chin Media Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Chin Media Group:
Shortcuts
  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?
Share