Myanmar ALinn Thit

  • Home
  • Myanmar ALinn Thit

Myanmar ALinn Thit Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar ALinn Thit, Media/News Company, .

ဒေါငံခါးရွာတွင် လေကြောင်း တိုက်ခိုက်မှုများကြောင့် KNDF တပ်ဆုတ်ပေးခဲ့ရ ဟုဆိုဧရာဝတီ၊ မတ် ၁၃ ၊ ၂၀၂၂ကယားပြည်နယ်၊ ဒီးမော့ဆို...
13/03/2022

ဒေါငံခါးရွာတွင် လေကြောင်း တိုက်ခိုက်မှုများကြောင့် KNDF တပ်ဆုတ်ပေးခဲ့ရ ဟုဆို

ဧရာဝတီ၊ မတ် ၁၃ ၊ ၂၀၂၂

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အဆိုပါ ရွာကို ယာယီ လက်လွှတ်ခဲ့ရကြောင်း ကရင်နီ အမျိုးသားများ ကာကွယ် ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း ၁ က ထုတ်ပြန် သည်။

စစ်ကောင်စီသည် လက်နက်ကြီး၊ လေယာဉ်တို့ အသုံးပြုကာ ယမန်နေ့ မတ်လ ၁၂ ရက်နှင့် ယနေ့ ၁၃ ရက် မနက်ပိုင်းတွင် ဒေါငံခါးကျေးရွာရှိ နေအိမ်များကို မီးရှို့နေကြောင်းလည်း သိရသည်။

KNDF က "နန်းမယ်ခုံမြို့ကို ယာယီ ဆုံးရှုံးရပြီးနောက် မတ် ၁၃ ရက်မှာ ကျနော်တို့ ဒေါငံခါးကို ထပ်မံ ဆုံးရှုံးလိုက်ရပါတယ်။ စစ်ကောင်စီဘက်မှ အကြိမ်ပေါင်း မြောက်များစွာ လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် ဗုံးကြဲ ပစ်ခတ်ခဲ့သောကြောင့် နောက်ထပ်သော စစ်ရေးအရ အရေးပါလှတဲ့ ဒေါငံခါးကို ကျနော်တို့ ယာယီ လက် လွှတ်ပေးခဲ့ရပါတယ်" ဟု ဆိုထားသည်။

ယမန်နေ့ တိုက်ပွဲများတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်တချို့ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ပြီး ပြည်သူများအနေဖြင့် ၎င်းတို့ကို တတ်နိုင်သလောက် ဝိုင်းကူကြရန်လည်း မေတ္တာ ရပ်ခံထားသည်။

စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ၊ လေ ကြောင်း တိုက်ခိုက်မှုများကြောင့် ဒေါငံခါးကျေးရွာရှိ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် နေအိမ်များ အမြောက်အများ ပျက်စီးခဲ့သည်။

ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နန်းမယ်ခုံမြို့မှ ဆုတ်ခွာပေးခဲ့ရပြီး ယခုအခါ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရွာမှ ထပ်မံ ဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ- KNDF

ပုလောမြို့ ထွေအုပ်ရုံး မိုင်းခွဲခံရဧရာဝတီ၊ မတ် ၁၃ ၊ ၂၀၂၂ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအား ...
13/03/2022

ပုလောမြို့ ထွေအုပ်ရုံး မိုင်းခွဲခံရ

ဧရာဝတီ၊ မတ် ၁၃ ၊ ၂၀၂၂

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအား ယနေ့ မတ်လ ၁၃ ရက် ညနေပိုင်းတွင် ပြည်သူ့ ကာကွယ်ရေးတပ် (ပုလော) က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထွေအုပ်ရုံးကို ယနေ့ ညနေ ၃ နာရီအချိန်တွင် ပုလော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နှင့် ပုလော ဒေသ ကာကွယ်ရေး တပ်ဖွဲ့ (PRDF) တို့က သွားရောက် မိုင်းဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာ ဖီဆန်မှု လှုပ်ရှားမှု (CDM) ပါဝင်လုပ်ဆောင်မှု မရှိဘဲ စစ်ကောင်စီ၏ ထောက်တိုင်တခုအဖြစ် ပါဝင်နေခြင်းကြောင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွေအုပ်ရုံးဝန်ထမ်း အမျိုးသမီးတဦးနှင့် အမျိုးသားတဦးတို့ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပုံစာ- ပုလော PDF တပ်ဖွဲ့ဝင်တချို့

မြန်မာကိုကူညီဖို့ ဒေါ်လာ ၁၃၆ သန်း ကန်လွှတ်တော် အတည်ပြု(Zawgyi / Unicode)သောကြာနေ့က လွှတ်တော်က အတည်ပြုလိုက်တဲ့ အမေရိကန်နိ...
13/03/2022

မြန်မာကိုကူညီဖို့ ဒေါ်လာ ၁၃၆ သန်း ကန်လွှတ်တော် အတည်ပြု

(Zawgyi / Unicode)

သောကြာနေ့က လွှတ်တော်က အတည်ပြုလိုက်တဲ့ အမေရိကန်နိုင်ငံရဲ့ ဘတ်ဂျက်မှာ မြန်မာနိုင်ငံကို ကူညီဖို့အတွက် ဒေါ်လာ ၁၃၆ သန်းကျော် ချမှတ်လိုက်ပါတယ်။

(၁) ပဋိပက္ခ လျော့ပါးတည်ငြိမ်ရေး၊ (၂) ဒီမိုကရေစီ လူ့အခွင့်အ‌ရေး၊ အရပ်ဘက် အဖွဲ့အစည်းများ တိုးတက်ရေး၊ သီးခြားလွတ်လပ်သော မီဒီယာ ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေ စိုးမိုး‌ရေး၊ (၃) ကျန်းမာရေး၊ (၄) ပညာရေး၊ (၅) ကျေးလက်စီးပွားရေးနဲ့ လယ်ယာစိုက်ပျိုးရေး၊ (၆) လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် ရန်ပုံငွေကို အသုံးပြုမှာဖြစ်ပြီး စစ်ကောင်စီနဲ့ စစ်တပ်၊ သူတို့နဲ့ နှီးနွှယ်သူတွေနဲ့ အဖွဲ့အစည်းတွေဆီ ရန်ပုံငွေ မရောက်စေရလို့ ပြဋ္ဌာန်းထားပါတယ်။

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ လုပ်နေကြတဲ့ အစီအစဉ်တွေ အပါအဝင် မတူကွဲပြားတဲ့ လူမျိုးနဲ့ ဘာသာတွေကြား သည်းခံနိုင်မှု၊ စည်းလုံးညီညွတ်ရေး၊ တာဝန်ခံမှုနဲ့ ကျားမ အခြေခံ အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ်တွေလည်း အကူအညီပေးမယ့် အထဲမှာ ပါဝင်ပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေနဲ့ နေအိမ်စွန့်ခွါ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ကြရသူတွေကို ကူညီနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် လူသားချင်း စာနာထောက်ထားရေး ရပ်ရွာအသိုက်အဝန်း အခြေခံအဖွဲ့အစည်း (CSO) တွေကိုလည်း ကူညီမှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း မှတ်တမ်းတင်တဲ့ ဆောင်ရွက်ချက်တွေကိုလည်း ကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားပြီး ဒီမိုကရေစီဖြစ်စဉ် ပြန်လည်ပေါ်ပေါက်လာဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ လုပ်ဆောင်ရမယ်လို့လည်း ပြဋ္ဌာန်းလိုက်ပါတယ်။

ခုလို အကူအညီပေးမယ့် အစီအစဉ်တွေအတွက် သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေနဲ့လည်း တိုင်ပင်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

USMyanmar USCongress USBudgetMyanmar VOABurmese
----------------------------

(Unicode)

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်https://nugmyanmar.orgအမိန့်ကြေညာချက်အမှတ် (၁/၂၀၂၁)၇ စက်တင်ဘာလ ...
07/09/2021

အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
https://nugmyanmar.org

အမိန့်ကြေညာချက်အမှတ် (၁/၂၀၂၁)
၇ စက်တင်ဘာလ ၂၀၂၁
“အရေးပေါ်အခြေအနေ ကြေညာခြင်း”

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မလုယူသိမ်းပိုက်ထားရုံမက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံဖြင့် စစ်အာဏာရှင်အုပ်စိုးမှုအား ခုခံတွန်းလှန်လျက်ရှိခြင်း၊ ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာခြင်း ဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

၂။ အရေးပေါ်အခြေအနေ သက်ရောက်သည့်နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်သည်။

ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

Address

Website

Alerts

Be the first to know and let us send you an email when Myanmar ALinn Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share