ဝမ်းတွင်းမြို့နယ်သတင်းစုံ

  • Home
  • ဝမ်းတွင်းမြို့နယ်သတင်းစုံ

ဝမ်းတွင်းမြို့နယ်သတင်းစုံ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဝမ်းတွင်းမြို့နယ်သတင်းစုံ, News & Media Website, .
(1)

01/04/2023
01/04/2023
01/04/2023
Mandalay
01/02/2023

Mandalay

ရန်ကုန်၊ မန္တလေး၊ ပဲခူး အပါအဝင် နိုင်ငံတစ်ဝန်း အသံတိတ် သပိတ်များကို ဖျက်ဆီးရန် စစ်တပ်က ခြိမ်းခြောက်မှုများ စတင်လုပ်ဆောင်...
31/01/2023

ရန်ကုန်၊ မန္တလေး၊ ပဲခူး အပါအဝင် နိုင်ငံတစ်ဝန်း အသံတိတ် သပိတ်များကို ဖျက်ဆီးရန် စစ်တပ်က ခြိမ်းခြောက်မှုများ စတင်လုပ်ဆောင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရန်ကုန်၊ မန္တလေး၊ ပဲခူး အပါအဝင် နိုင်ငံတစ်ဝန်း အသံတိတ် သပိတ်များကို ဖျက်ဆီးရန် စစ်တပ်က ခြိမ်းခြောက်မှုများ စတင်လုပ်ဆောင်နေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်မြို့ရှိ မြို့နယ်တချို့တွင် အသံတိတ် သပိတ်တွင် ပါဝင်ခြင်းမပြုရန် ပြည်သူများကို စစ်တပ်နှင့်ရဲများက လိုက်လံပြောဆိုမှုများ ရှိနေပြီး အထူးသဖြင့် စျေးဆိုင်များ၊ ရပ်ကွက်ရုံးသို့ ထောက်ခံစာနှင့်ဧည့်စာရင်း လာတိုင်သူ ပြည်သူ များကို ခြိမ်းခြောက် ပြောဆိုကြောင်း သိရှိရသည်။

မန္တလေးတွင်မူ ယမန်နေ့မှစတင်ပြီး ဆိုင်ကယ်နှင့်ကားများကို စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင်၊ ဝှီးတက်များနှင့် ဆိုင်ကယ်များကို အပြစ်မရှိ အပြစ်ရှာ စစ်တပ်နှင့်ရဲများက သိမ်းဆည်းကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း ဒဏ်ကြေးပေးစရာမလိုဘဲ လာရောက် ရွေးယူ ခိုင်းကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ လာရောက်မရွေးယူလျှင် ဒဏ်ကြေး ၃ ဆ ကောက်ယူမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

"စစ်ခွေးတွေက အသံတိတ်သပိတ်ကို မအောင်မြင်အောင် လုပ်နေကြပြီ။ ဆိုင်ကယ် ဦးထုပ်မဆောင်းတဲ့သူတွေအကုန်ဖမ်းပြီး ဒဏ်ကြေးဆောင်စရာ မလိုဘူးလို့ပြောတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လိုင်စင်တွေ လာရွေးခိုင်း တယ်" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောဆိုသည်။

မကွေးမြို့နှင်ပဲခူးမြို့များတွင်လည်း အလားတူ အခြေအနေများ ကြုံတွေ့နေရ ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုကြသည်။

"ပဲခူးမြို့တွင်း အသံတိတ်သပိတ်ပျက်ပြားစေဖို့ စစ်တပ်က ကြိုးပမ်းနေတယ်။ အသံတိတ်ပျက်ပြားစေဖို့ ရာအိမ်မှူးတွေ ၊လက်အောက်ခံတွေနဲ့ စျေးဆိုင်တွေ ကို စျေးထွက်ကြဖို့ ခံဝန်လက်မှတ်လိုက်ထိုးခိုင်းပါတယ်။ ဆိုင်မထွက်ရင်ဖမ်း မယ်၊ဒဏ်ငွေပေးရမယ်ဆိုပြီးတော့ ခြိမ်း ခြောက်တယ်။ နေရာတိုင်းမှာ ဆိုင်ကယ်အဖမ်းဆီးတွေလည်းရှိပြီး အပြစ်မရှိအပြစ်ရှာဖမ်းတယ်။ ဖေဖော်ဝါရီ လ ၁ ရက်နေ့မနက် ၁၀ နာရီ ရွေးခိုင်းတယ်။ ပဲခူးမြို့ ဇိုင်းကနိုင်းတောင်ပိုင်း၊ ဇိုင်းကနိုင်းမြောက်ပိုင်း လမ်းမတန်းပေါ်ရှိ ဆိုင်များ၊မင်းလမ်းမ ပေါ်ရှိ ဆိုင်များ၊ စျေးကြီး ထဲရှိဆိုင်များ၊ လမ်းမတန်း ပေါ်က ဆိုင်တော်တော်များများကို လက် မှတ် ထိုးခိုင်းပြီး၊ ဆိုင်မဖွင့်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။ ထောင် သုံးလ နဲ့ဆိုင်သိမ်းမယ်လို့ ခြိမ်းခြောက်နေတာ" ဟု ပဲခူးဒေသပြည် သူတစ်ဦး က ပြောဆိုသည်။

29/09/2022
သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တိုကို နိုင်ငံ့ခေါင်းဆောင်များအဖြစ် ကုလသမဂ္ဂ ဆက်လက်အသိအမှတ်ပြုထားစက်တင်...
16/09/2022

သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တိုကို နိုင်ငံ့ခေါင်းဆောင်များအဖြစ် ကုလသမဂ္ဂ ဆက်လက်အသိအမှတ်ပြုထား

စက်တင်ဘာလ ၁၆ ရက်

ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်များအဖြစ် နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံခြားရေး၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်တိုကို ၎င်းတို၏ အမည်စာရင်းစာအုပ်(Blue Book)၌ ဆက်လက်အသိအမှတ်ပြုဖော်ပြထားကြောင်း မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် တရားမ၀င်စစ်အာဏာသိမ်းမှု ၁၉ လ ရောက်ရှိလာချိန်အထိ မင်းအောင်လှိင်ခေါင်းဆောင်သော စစ်ကောင်စီသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်ဆက်ဆံရေးတွင် အသိအမှတ်ပြုမခံရသေးဘဲ ဒီမိုကရေစီနည်းကျရွေးကောက်ခံ အရပ်သားအစိုးရကိုသာ ကုလသမဂ္ဂနှင့် နိုင်ငံတကာက လက်ခံထားခြင်းဖြစ်သည်။
“ကုလသမဂ္ဂမှာ ကျွန်တော်တို အခေါ် Blue Book ရှိတယ်ပေါ့။ ကုလသမဂ္ဂ Blue Book မှာ သက်ဆိုင်ရာ အဖွဲ၀င်နိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ အစိုးရအဖွဲခေါင်းဆောင်တွေ၊ နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အမည်ကို အမြဲတမ်းဖော်ပြလေ့ရှိတယ်။

အမြဲတမ်းကိုယ်စားလှယ်(သံအမတ်ကြီး)အမည်ပါ အပါ။ အခု ကုလသမဂ္ဂ Blue Book ထဲမှာတော့ သမ္မတအနေနဲ့ သမ္မတကြီး ဦးဝင်းမြင့်ရှိတယ်၊ နိုင်ငံခြားရေး၀န်ကြီးအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရှိတယ်။ ဒါကြောင့် ဒီနာမည်တွေတော့ ဆက်ရှိနေတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက People’s Spring နှင့် သီးသန့်မေးမြန်းခန်းတွင် ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ အဆိုပါ နိုင်ငံ့ခေါင်းဆောင်အမည်စာရင်းကို မင်းအောင်လှိုင် ဦးဆောင်သော ၎င်း၏အစိုးရအဖွဲ့ အမည်ကို ပြောင်းလဲရန် တိုက်ရိုက်စာပို့ခဲ့သော်လည်း အတွင်းရေးမှူးချုပ်က ၎င်းတို့ကို အသိအမှတ်မပြု၍ စစ်ကောင်စီ၏တောင်းဆိုချက်ကို အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပေ။

“ဘယ်လိုပဲ စကစကနေ အကြောင်းကြားသည်ဖြစ်စေ အတွင်းရေး မှူးချုပ်ကိုယ်တိုင်လည်း စစ်တပ်အာဏာသိမ်းမှု ကနဦးပိုင်းမှာ ပြောထားတာရှိတယ်။ ဒီခေတ်ကြီးမှာ စစ်အာဏာသိမ်းမှုကို လုံး၀လက်မခံဘူး။ စစ်အာဏာသိမ်းမှုဟာ ဘယ်တော့မှ မအောင်မြင်ရဘူးဆိုတာ ပြောထားတဲ့အတွက် ဒါတွေဟာ ကျွန်တော်တို့အတွက် အရမ်းအားဖြစ်စေပါတယ်ဆိုတာကို ဖြည့်စွက်ပြောကြားလိုပါတယ်ဗျ” ဟု ဦးကျော်မိုးထွန်းက ဆိုသည်။

မြန်မာပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို ကုလသမဂ္ဂသာမက အမေရိကန်၊ ကနေဒါ၊ ဗြိတိန် နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့ကလည်း ဆက်လက်အသိအမှတ်ပြုထားပြီး အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုခြင်း၊ သံတမန်အဆင့်လျှော့ချဆက်ဆံခြင်း များ လုပ်ဆောင်ထားသည်။

(နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံ​တော်သမ္မတ)
LNO - Hlaing Info.

12/09/2022

ဖောင်းဒိုင်း💥
မိတ္ထီလာခရိုင်.ဝမ်းတွင့်မြို့နယ်၊ တဲစုကျေးရွာမှပြည့်သူ့ဆန်ကျင်ဘက် ပျူသင်တန်းဆင်း ၊ရပ်ရွာနေပြည်သူများအား ဒုက္ခမျိုးစုံပေးကာ စကစနဲ့ပေါင်း၍လောင်းကစားဝိုင်းများပြုလုပ်
စကစ အတူသောက်စားပျော်ပါးနေတက်သူ (လက်ကိုင်တုတ်) ပျူအကြီးစားမင်းဌေး အား 12.9.22 ရက်
မနက်9:00 အချိန်တွင် WTRF မှ သုတ်သင်ရှင်းလင်းခဲ့ပါသည်
အရေးတော်ပုံ အောင်ကိုအောင်ရမည်
မန့်မှာ VD ဖိုင်ဝင်ကြည့်လို့ရပါသည်

07/09/2022

ဒါးလှအုပ်စု သစ်ပုလေကန်တဲ့

07/09/2022

ပြည်သူ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက် တပ်ဖွဲ့ဝင် ၁၅၀၀ ကျော်ကျဆုံးကြောင်း ယာယီသမ္မတပြော
~~~~~~
■ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၇ ရက်မှာ ပြည်သူ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက် တစ်နှစ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ မဟာမိတ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဝင် ၁,၅၀၀ ကျော်ကျဆုံးခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် ဒီနေ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

အခုလို ကျဆုံးခဲ့သူတွေကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်သလို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်တိုက်ပွဲ မှာ ပါဝင်နေသူတွေနဲ့ CDM ဝန်ထမ်းတွေ အပါအဝင် အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန် ခဲ့ကြသူတွေကိုလည်း အသိအမှတ်ပြုကြောင်း ယာယီသမ္မတက ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတာကို လက်နက် အားကိုးပြီးတော့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တယ်။ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ ကိုလည်း သတ်ဖြတ်ခဲ့တယ်။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တရားဝင်တဲ့ ခုခံကာကွယ်မှုဖြစ်ဖို့ ဥပဒေတွေနဲ့ညီညွတ်ဖို့ ခုခံတော်လှန်စစ်ကိုကြေညာခဲ့တာ ဖြစ်ပါတယ်”

ဒါ့အပြင် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့အလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်ထဲက တပ်ရင်းတပ်ဖွဲ့နဲ့ မြို့နယ်အခြေပြု တပ်ဖွဲ့တွေထဲ ပါလာအောင် ချိတ်ဆက်ဆောင်ရွက်နေပြီး တပ်ရင်း ၃၀၀ ကျော်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့နယ် ၃၃၀ ကျော်ရှိတဲ့အထဲ မြို့နယ် ၂၅၀ ကျော်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်ပြီး ၂၄ မြို့နယ်မှာတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့လည်း ယာယီသမ္မတက ပြောပါတယ်။

လက်ရှိမှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေး တပ်မတော်တို့အကြား ချိတ်ဆက်ဆောင်ရွက်နိုင်ပြီဆိုပေမဲ့ လက်နက်ခဲယမ်း အပြည့်အစုံ မထောက်ပံ့နိုင်သေးဘူးလို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက RFA ကိုပြောပါတယ်။

“စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာ၊ ချိတ်ဆက်မှုတွေတော့ရှိတယ်။ အခြေအနေ တစ်ခုတော့ ရောက်နေပြီပေါ့။ ဒါပေမဲ့ နယ်မြေခံတပ်ဖွဲ့တွေ အားလုံးကို မချိတ်ဆက်နိုင်သေးဘူး။ လက်နက်ခဲယမ်း ထောက်ပံ့မှုအားနည်းနေသေးတယ်။ စစ်ရေးဆောင်ရွက်ဖို့ စစ်ကြောင်း လှည့်ရင်တော့ နယ်မြေခံတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မှုတော့ လိုနေသေးတယ်။ နောက်တစ်ခုက ပြည်သူ့ကာကွယ်ရေး တပ်မတော်ထဲ ပါမလာသေးတဲ့ အဖွဲ့တွေရှိနေတယ်”

ရန်ပုံငွေ အကန့်အသတ်တွေကြောင့် လက်နက်ခဲယမ်း အပြည့်အစုံ မထောက်ပံ့နိုင်သေးတာ အပါအဝင် စစ်ရေးဦးဆောင်မှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးတာကိုတော့ ယာယီသမ္မတက သူ့ရဲ့မိန့်ခွန်းမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာအပြီး တစ်နှစ်အတွင်း စစ်ကောင်စီ ဘက်ကလည်း သေဆုံးသူ ၂၀,၁၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၇,၀၀၀ ကျော် ရှိတယ်လို့ ယာယီသမ္မတ သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခိက်ပလက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန် ထားတာမျိုး မရှိသေးပါဘူး။
- Unicode
---------------

~~~~~~









- Zawgyi
---------------

Photo: အမျိုးသားညီညွတ်ရေးအစိုးရ လူမှုကွန်ရက်စာမျက်နှာ

(အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလကို ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့က PDF ရှေ့တန်းစခန်းတစ်နေရာမှာ တွေ့ရစဉ်)

13/08/2022

အုံး💥💥
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်
ဒိုင်ဂေါင်းကုန်းရွာတောင်ဘက်အထွက် ရန်ကုန် မန္တလေးလမ်းဟောင်းတွင် ခွေးကားအကြီး၂စီး ခွေးအပြည့် ပဒေသာမိုင်းအဆွဲခံရ အသေအပျောက်များနိုင်သည် လူနာတင်ကားတွေနဲ့ ညံပွက်နေပါတယ်
ဒုန်းမောင်းပြေးရင် ပစ်သွားသည်ဟုသိရ
13.8.22 / 8:30 Am
of Wundwin

ဒလန်တို့သွားရာလမ်း
28/07/2022

ဒလန်တို့သွားရာလမ်း

28/07/2022
27/07/2022

သေဒဏ်ကျခံနေရသူ (၇၄)ဦး စာရင်း
အမျိုးသမီး (၉)ဦး

(၁) မောင်ငြိမ်း
(၂) မောင်ခုံး
(၃) အောင်သီဟဟိန်း
(၄) အောင်အောင်ထက် ခေါ် အောင်ထက်
(၅) ဘိုဘိုသူ
(၆) စိုင်းခေး ခေါ် အိုက်ခေး ခေါ် ကေကေ
(၇) တင်ထွန်းအောင် ခေါ် မိုးလျှံ
(၈) မြင့်မြင့်အေး
(၉) ဝင်းကိုကို ခေါ် အူဝဲ
(၁၀)နိုင်နိုင် ခေါ် ရွှေငါး
(၁၁)စောရဲနိုင် ခေါ် ရဲလေး
(၁၂)ခိုင်မြဲ ခေါ် သော်ဇင်နိုင်
(၁၃)စိုးပြည့်အောင် ခေါ် အောင်အောင်
(၁၄)အောင်မျိုးလင်း ခေါ် ကြက်ဖ
(၁၅)အေးငြိမ်းအောင်
(၁၆)မိုးမိုးမြင့်အောင် ခေါ် မမိုးမြင့်
(၁၇)ရာကျော်
(၁၈)ထွန်းကိုကို ခေါ် ကိုကို
(၁၉)ဝေယံဝင်းမြင့် ခေါ် ဝေယံ
(၂၀)လပြည့်ဝန်း ခေါ် လပြည့်
(၂၁)စိုးမိုးပိုင် ခေါ် ရခိုင်လေး ခေါ် နံဂျပ်ကူ
(၂၂)ရန်နိုင်စိုး ခေါ် ကရင်
(၂၃)ကျော်ကျော်နိုင် ခေါ် ကျော်နိုင်
(၂၄)ဇင်မာထွန်း
(၂၅)လှလှနိုင် ခေါ် မနိုင်
(၂၆)ဝင်းလွင်ဦး
(၂၇)ဇင်မင်းကျော်
(၂၈)အောင်မင်းသူ ခေါ် ကိုသူ
(၂၉)အောင်ကိုမင်း ခေါ် လင်းညို
(၃၀)ထက်ပိုင်စိုး ခေါ် ဖိုးထက်
(၃၁)ဝေယံထွန်း ခေါ် ဝေယံ
(၃၂)ချစ်ကိုကို ခေါ် နဂါး
(၃၃)မျိုးဇင်အောင် ခေါ် ကိုမျိုး
(၃၄)နေသွေး
(၃၅)ဟိန်းထက်အောင် ခေါ် ဈာန်ရဲ
(၃၆)အာကာသိန်း ခေါ် အာကာ
(၃၇)အောင်ချမ်းမြေ့
(၃၈)ဆောင်းလေပြေ ခေါ် ဇူးဇူး
(၃၉)ကျော်စည်သူ
(၄၀)သက်ထက်အောင် ခေါ် လပြည့်
(၄၁)ကျော်ကျော်မင်းခန့် ခေါ် မင်းခန့် ခေါ် ဖက်တီး
(၄၂)ခင်ဝင့်ကျော်မောင်
(၄၃)ဇွဲဝေယံထွဋ် ခေါ် အက်ဒီဇင်
(၄၄)ဝင်းလှိုင်ထွန်း ခေါ် ညီလေး
(၄၅)ဇော်လင်းထွန်း ခေါ် ကိုဇွဲ ခေါ် ဒီမွန်
(၄၆)မြဌေးကို
(၄၇)အောင်ကောင်းခန့်
(၄၈)ကောင်းကောင်း ခေါ် ကောင်းမြတ် ခေါ် စောကောင်းမြတ် ခေါ် ဖြိုးမောင်မောင်
(၄၉)ရဲနိုင် ခေါ် ကိုရဲ
(၅၀)ဖြိုးကျော်ဇင် ခေါ် ကိုဖြိုး
(၅၁)ဆုဝေနှင်း
(၅၂)ဆုမြတ်သွယ်
(၅၃)ခိုင်မင်းထွန်း ခေါ် နေမင်း
(၅၄)ဉာဏ်လင်းထက် ခေါ် ဉာဏ်ဟိန်းထက် ခေါ် ကိုထက်
(၅၅)ပြည့်ဖြိုးသူ ခေါ် ကိုစိုင်း
(၅၆)ရဲရင့်ဖြိုး ခေါ် ပီတာပို
(၅၇)ကျော်ကျော်နိုင်
(၅၈)လှိုင်မင်းကျော်
(၅၉)ဇော်ဝင်းမြင့်
(၆၀)ဇင်မင်းထွန်း
(၆၁)အောင်မြင့်သွင်
(၆၂)အောင်ကိုကိုဇော်
(၆၃)ဖြိုးမင်းထွန်း ခေါ် ကိုဖြိုး
(၆၄)ကိုလတ်
(၆၅)ဖိုးသား
(၆၆)စိုးမိုး
(၆၇)သန့်ဇင်
(၆၈)ဒေဝ
(၆၉)အသေးလေး
(၇၀)ချိုချို
(၇၁)အိုက်ဆိုင်မိန်း
(၇၂)ဂျိုးဇက်
(၇၃)စိုးသူ ခေါ် နိုင်လင်း ခေါ် အောင်ဇေယျ ခေါ် အာကြီး
(၇၄)အံ့မောင် ခေါ် ဖိုးသာထူး

၂၇ ဇူလိုင် ၂၀၂၂

AAPP ဖော်ပြချက်များကို ကူးယူ ဖော်ပြပေးပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ၏ တော်လှန်ရေး သန္နိဌာန် ကြေညာချက်ရက်စွဲ - ဇူလိုင်လ (၂၆) ရက်၊ ၂၀၂၂ခုနှစ်အကြမ်းဖက်စစ်ကောင်စီသ...
26/07/2022

ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ၏ တော်လှန်ရေး သန္နိဌာန် ကြေညာချက်
ရက်စွဲ - ဇူလိုင်လ (၂၆) ရက်၊ ၂၀၂၂ခုနှစ်

အကြမ်းဖက်စစ်ကောင်စီသည် ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြစ်ဒဏ်စီရင်မှုသည် ပြဌာန်း သတ်မှတ်ထားသော ဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှု လုံးဝမရှိသော အကြမ်းဖက် လူသတ်မှု သက်သက်သာ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် နေပြည်တော်၌ မမြသွဲ့သွဲ့ခိုင်အား ကျည်အစစ်ဖြင့် ဦးခေါင်းသို့ ပစ်ခတ်ချိန်မှ စ၍ နေ့စဉ်ရက်ဆက် အကြမ်းဖက် သတ်ဖြတ်မှုများကို ဥပဒေမဲ့ လက်ရဲဇက်ရဲ ကျူးလွန်နေသော ဖက်ဆစ်စစ်အုပ်စု၏ ခွင့်မလွှတ်နိုင်သော နောက်ထပ် ရာဇဝတ်မှုကြီးတစ်ခု ဖြစ် သည်။ ထို့ပြင် ခေတ်အဆက်ဆက် ပြည်သူလူထုအား အထူးသဖြင့် လူနည်းစုတိုင်းရင်းသားများအား ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအား ထပ်မံ အတည်ပြုခြင်းလည်းဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီအား အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် ပြေလည် စေမည့် အဖြေဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်သင့်ပြီဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးပါတီများ တော်လှန်ရေးအင်အားစုများ နှင့် ပြည်တွင်းပြည်ပရှိ ပြည်ထောင်စုဖွားအားလုံးသည် အကြမ်းဖက်စစ်ကောင်စီနှင့် ဖက်ဆစ်စနစ်ကို ကျွန်ုပ်တို့နှင့် ပူးပေါင်း၍ ညီညီညွတ်ညွတ်ဖြင့် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အမြစ်ပြတ်သည်အထိ ပြတ်ပြတ် သားသားတော်လှန်ကြရန်ဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများအနေဖြင့် နိုင်ငံရေးနည်းလမ်းကို ငြင်းပယ် ထားသော အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနှင့် တော်လှန်ရေးကို ဆင်နွှဲနေသော ပြည်သူလူထုနှင့် အင်အားစုအားလုံးကို အဖက်ဖက်မှ ကူညီပံ့ပိုးရေး တို့ကို လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြှင့်ဆောင်ရွက်ပေးကြရန် တောင်းဆိုလိုက်သည်။
ပြည်သူ့တော်လှန်ရေ၏ပန်းတိုင်သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့် ကျင် တိုက်ဖျက်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန်ဖြစ်သည်ဟူသော အချက်မှာ တော်လှန်ရေး အင်အားစုများ၏ ဘုံတူညီသောရည်မှန်းချက်အဖြစ် ရှင်းလင်းပြတ်သားပြီးဖြစ်သည်။ ဤကြေညာချက်သည် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ဆင်နွဲနေသည့် ဖက်ဆစ် စစ်အာဏာရှင် စနစ်မြေလှန်ပစ်မည့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ၏ ခရာတွတ်သံ ဖြစ်သည်။
ကျွန်ုပ်တို့သည် ပြည်သူလူထုတစ်ရပ်လုံး၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံတွင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုပြီး ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်သွားမည်ဟု ခိုင်မာသော သန္နိဌာန်ဖြင့် အဓိဌာန်ပြုကြောင်း ကြေညာလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)
ကရင်အမျိုးသားအစည်းအရုံး (KNU)
ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)
ချင်းအမျိုးသားတပ်ဦး (CNF)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်လိုက်ခြင်းသည် စစ်ကောင်စီက ပြည်သူကို ...
25/07/2022

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်လိုက်ခြင်းသည် စစ်ကောင်စီက ပြည်သူကို စိန်ခေါ်ခြင်းဟု AA က ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂၅

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို အကြမ်းဖက်စစ်တပ်က သေဒဏ်စီရင်လိုက်ခြင်းသည် ပြည်သူကို စိန်ခေါ်လိုက်ခြင်းဖြစ်သည် AA က သဘောထားကြေညာချက်ထုတ်ပြန်သည်။

အကျဉ်းသား ၄ ဦးကို သေဒဏ်စီရင်လိုက်ခြင်းကြောင့် AA နှင့်တကွ မြန်မာပြည်သူတစ်ရပ်လုံးက များစွာ ထိတ်လန့်တုန်လှုပ်မိကြောင်း၊ သေဒဏ်ကျ မိသားစုဝင်များ၊ မြန်မာပြည်သူများနှင့်အတူ များစွာ ထပ်တူ ဝမ်းနည်းခံပြင်းမိကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးအတွက် ရင်လေးမိသည်ဟု ထုတ်ပြန်သည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာနှင့်အာဆီယံက ကမက ထပြု တိုက်တွန်းနေသော ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ရေး နိုင်ငံရေး အလား အလာကောင်းများကို ရင့်သီးစွာ နင်းခြေဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း၊ မလုပ်သင့် မလုပ်အပ်သည်ကို သံတမန်နှင့်နိုင်ငံရေးအသိုင်းအ၀ိုင်းက မေတ္တာရပ်ခံ‌နေသည့် ကြားမှ မိုက်မဲစွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး၏‌ ဒေါ သနှင့် မခံချင်စိတ်ကို ပို၍ ဆိုးရွားစွာ နှိုးဆွ စိန်ခေါ်ခြင်းဖြစ်သည်ဟု AA က ပြောသည်။

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကဲ့သို့ နွေဦးတော်လှန်ရေး အနာဂတ်သူရဲကောင်းများ ထပ်မံ မွေးဖွားလာမည်ဟု AA က အပြည့်အ၀ ယုံကြည်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ဗက ရာထူးနဲ့ တပ်မှအသွင်ပြောင်းလာသူ ရွာငံမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရိစ္ဆန် ထိမ်းသိန်းရေးဦးစီးဌာန ဦးစီးမှူး မ...
22/06/2022

ဗက ရာထူးနဲ့ တပ်မှအသွင်ပြောင်းလာသူ ရွာငံမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရိစ္ဆန် ထိမ်းသိန်းရေးဦးစီးဌာန ဦးစီးမှူး မင်းခိုင်ဦး ရှမ်းပြည်နယ်အတွင်းနေထိုင်သည့်တော်လှန်ရေးအင်အားစုများနှင့်သစ်ခုတ်ပြည်သူများကို စကစနှင့်ပေါင်းပြီးပျူစောထီးများဖွဲ့စည်း၍ သစ်တောအရာရှိများအသွင်ယူကာ တောင်ပေါ်အနှံ့ ဖြန့်ကျက်၍ အမျိုမျိုးထောက်လှမ်းရှာဖွေ၍ဒုက္ခပေး သောကြောင့် မန်းလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကြွယ်ကန်ကျေးရွာအရှေ့ဘက်တွင် WTRF မှသုတ်သင်ရှင်းလင်းခဲ့ပါသည်

22.6.22
12:15pm
Crd

22/06/2022

မိတ္ထီလာခရိုင်ဝမ်းတွင်းမြို့နယ် ရွဲသီးကျေးရွာအနောက်ဘက်စစ်ခွေးကားတစ်စီးမိုင်းဆွဲခံရ
အသေအပျောက်ရှိနိုင်ကြောင်းသိရ။

Happy Birthday ပါအမေ ♥️သက်ရှည်ကျန်းမာစွာနဲ့အချုပ်အနှောင်မှအမြန်ဆုံးလွတ်မြောက်ပါစေ🙏🙏🙏
19/06/2022

Happy Birthday ပါအမေ ♥️
သက်ရှည်ကျန်းမာစွာနဲ့
အချုပ်အနှောင်မှ
အမြန်ဆုံးလွတ်မြောက်ပါစေ🙏🙏🙏

11/06/2022

ဘုန်းကြီးကျောင်းကားများနှင့် လူမှူရေးအသင်းများမှ ထိုင်ခုံများနှင့်ကားများ ၊ လိုင်စင်မဲ့ကားများအား

မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်းပိုင်းတွင် စကစမှ
အခါအားလျော်စွာ စစ်ဆေး၍ ဖမ်းဆီးမှုများဆောင်ရွက်နေပါသဖြင့်

ဖမ်းဆီးခံထားရမှုများလည်းရှိပါသဖြင့်
သတိထား သွားလာနိုင်ပါရန် တင်ပေးလိုက်ရပါတယ်။

23/05/2022

အုံး 💥💣
မိတ္ထီိလာခရိုင် ဝမ်းတွင်းမြို့နယ်အမြန်လမ်း
မိုင်တိုင်အမှတ် 314 နှင်315 ကြားမှာ စစ်ကားများမိုင်းဆွဲခံရဟုကြားသိရ။

ဝမ်းတွင်းမြို့နယ် ကျင်းရွာကျေးရွာကို ယနေ့ည၇နာရီခွဲအချိန်ခန့်က စကစအင်အား(၅၀)ကျော်ဖြင့်အပြစ်မဲ့ပြည်သူတွေအိမ်ကိုမီးတင်ရှို့...
21/05/2022

ဝမ်းတွင်းမြို့နယ် ကျင်းရွာကျေးရွာကို ယနေ့ည၇နာရီခွဲအချိန်ခန့်က စကစအင်အား(၅၀)ကျော်ဖြင့်အပြစ်မဲ့ပြည်သူတွေအိမ်ကိုမီးတင်ရှို့နေပါသည်။

21/05/2022

အုံး💣💥
မိတ္ထီလာခရိုင် ဝမ်းတွင်မြို့နယ် ကုလားရွာအနောက်ဘက်တွင် ရခနှစ်ကောင် အရှင်းခံရဟုကြားသိရ။
Voice of Wundwin

12/05/2022

ယနေ့ည၇နာရီအချိန်ခန့်က
ဝမ်းတွင်းမြို့အ‌ေရှ့ဘက်ဘက်အထွက်ရိုးရွာလမ်းဘေး စစ်ကားတစီးမိုင်းဆွဲခံရ
ထိခိုက်သေဆုံးမူမသိရှိရသေး။

12/05/2022

နံနက်9နာရီခွဲခန့်အချိန်က
သခွပ်မြင့် ကျေးရွာ အုပ်ချုပ်ရေးမူးဟောင်း အပစ်ခံရကြောင်းကြားသိရ။

``မိထ္တီလာအထွတ် ကားလမ်း ပေါ်လုံခြုံရေးယူထားသော အကြမ်းဖက်စစ်ကောင်စီ ဂိတ်တိုက်ခိုက်ခံရပြီး ရဲ ၂ကောင်သေဆုံး``May7🍂မန်းလေးတိ...
07/05/2022

``မိထ္တီလာအထွတ် ကားလမ်း ပေါ်လုံခြုံရေးယူထားသော အကြမ်းဖက်စစ်ကောင်စီ ဂိတ်တိုက်ခိုက်ခံရပြီး ရဲ ၂ကောင်သေဆုံး``

May7🍂

မန်းလေးတိုင်း မိထ္တီလာခရိုင် ဝမ်းတွင်းမြို့နယ် ယနေ့နေ့လည်
12:30အချိန် ဝမ်းတွင်းမြို့မှ မိတ္ထီလာသို့အထွက် ကားလမ်းပေါ်တွင် လုံခြုံရေးယူထားသော အကြမ်းဖက် စစ်ကောင်စီ
အသုံးတော်ခံ စစ်ဆေးရေးဂိတ် ရခ အဖွဲ့အား မိုင်းခွဲတိုက်ခိုက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲ၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာများရရှိကြောင်း ဟု ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုမှ အသိပေးထုတ်ပြန်ကြေငြာထားပါသည်။



#ဝမ်းတွင်းမြို့နယ်သတင်းများ

06/05/2022

မနက်3နာရီခွဲအချိန်ခန့်ကဝမ်းတွင်းEPCရုံးဝန်ထမ်းအိမ်ယာဗုံးခွဲခံရ
ထိခိုက်သေဆုံးမူမသိရသေး။

24/04/2022
24/04/2022

ဝမ်းတွင်း နိုင်လိုက်ဆီဆိုင်ပိုင်ရှင်ဒလန်ထွန်းနိုင်ပစ်သတ်ခံရဟုကြားသိရ။

14/04/2022

စာအရှည်ကြီးပါ။
အလုပ်တွေပြန်လုပ်တော့မယ့်အကြောင်းမဟုတ်လို့ ရဲရဲဆက်ဖတ်နိုင်ပါတယ်။

#ဧပြီလ ၁၃ ရက်...မနှစ်ကဒီနေ့။

၅၀၅ ပါတဲ့နေ့ပေါ့။
ည ၈ နာရီသတင်းမှာ ကြေညာသွားတာမသိလိုက်ဘူး။ သံပုံးကို ၁၅ မိနစ်ပြည့်အောင်တီးနေတာ။ ပြီးမှ ဖုန်းကြည့်မိတော့ missed call တွေ၊ message တွေ အများကြီးနဲ့ လှမ်းပြောထားကြတာ။
ဒါနဲ့ အဆင်သင့်ပြင်ထားတာ ၁၀ ရက်လောက်ရှိပြီဖြစ်တဲ့ ကျောပိုးအိတ်လေးရယ်၊ လက်ဆွဲအိတ်တစ်လုံးရယ်၊ အမေ့ဆေးဖိုးအတွက် မနက်က ATM မှာတန်းစီထုတ်လာတဲ့ ပိုက်ဆံထဲက ဆေးဝယ်ပြီးကျန်တာရယ် (အမေက အကုန်ယူသွားလိုက်ပါသမီးရယ်၊ အမေနောက်မှ ကြည့်စီစဉ်မယ်ဆိုတော့ အားနာနာနဲ့ပေါ့) ယူလာခဲ့တယ်။
ပြေးဖို့အိတ်က ဘာလို့ ကြိုပြင်ထားရလဲဆိုရင်...ခု လူတွေပြောပြောနေသလိုပဲ...ကိုယ့်ဝမ်းနာကိုယ်သာသိမို့လို့။ ကိုယ်ဆိုသည်မှာ မုန့်‌ဝေရင်သာ မရတာ၊ တုတ်ဆိုလို့ကတော့ ထိပ်ဆုံးကရအောင် အရောက်ပို့ခံနေရကျ။ ဆိုင်ရာပိုင်ရာအသိုင်းအဝိုင်း‌ကျောထောက်နောက်ခံလည်း မရှိတော့ တစ်ခုခုဆို ကားခနဲ မိနေကျ။
အတော်ပဲ...ပြင်ထားတဲ့ အထုပ်လေးဆွဲပြီး မနက် curfew ရုပ်တဲ့အချိန် လာခေါ်ပေးတဲ့ သူငယ်ချင်း ကားပေါ် တက်လိုက်လာခဲ့တာ နောက်ထပ်လပေါင်းများစွာ။ အမေနဲ့အဖေနဲ့၊ အိမ်နဲ့ ဝေးရာဆီပေါ့...။

#ဧပြီလ ၁၄ ရက်။

အဲ့ဒီအချိန်က အဖမ်းအဆီးကလည်းအရမ်းကြမ်း။မိဘမတွေ့ သားသမီး၊ သားသမီးမတွေ့ မိဘ ဖြစ်နေတဲ့အချိန် ဆိုတော့...သူငယ်ချင်းအိမ်မှာ အထုပ်ချပြီးတာနဲ့ လူမမာမိဘနှစ်ပါး ရှောင်ဖို့စီစဉ်ရတော့တာ။ အဖေ က Alzheimer နောက်ဆုံးအဆင့်။ စကားလည်း မပြောတတ်တော့ဘူး၊ ထမင်းလည်းမစားတတ်တော့ဘူး၊ ကလေးလေးလို diaper တပ်ထားရတာ၊ လမ်းတောင် အနိုင်နိုင်လျှောက်ရတာ။ ကိုယ့်ကိုတောင် မှတ်မိတချက်၊ မမှတ်မိတချက်။ အဲ့ဒါကို နှလုံးရော၊ ဒူးနှစ်ဘက်လုံးရောခွဲထားတဲ့ အမေက ကြည့်နေရတာ။ သူတို့နေ့စဉ်သောက်နေကျဆေးတွေက ကိုယ်တိုင် ဆေးခွက်လေးတွေထဲ တစ်လစာ အမြဲထည့်ထည့်ပေးထားရတာ။
အဲ့ဒီလို လူအိုလူနာ နှစ်ယောက်၊ ဝရမ်းပြေးရဲ့ မိဘတွေကို လက်ခံပေးထားခဲ့တဲ့ မိတ်ဆွေကောင်းတွေရှိတာလည်း ကြီးမားတဲ့မင်္ဂလာတစ်ပါးပါ။ ကိုယ်မရှိတာတောင် ဆက်နေပေးပြီး ကိုယ့်မိဘ နှစ်ပါးကို ပြုစုပေးခဲ့တဲ့ ကိုယ့်တပည့်မလေးလည်း ကျေးဇူးပါ။

#ဧပြီလ ၁၆ ရက်။

အပြင်မှာဘာတွေ ဖြစ်နေမှန်းမသိတော့ဘူး။
digital security အတွက် phone ပြောင်း ၊ social media တွေကပါ အောက်ထားလိုက်တာ။ ကိုယ်ပုန်းတဲ့ အိမ်ရဲ့ဝရံတာ ထွက်ဖို့မပြောနဲ့...ပြတင်းပေါက်နားတောင်မရပ်ရဲဘူး။ ကိုယ့်ရုပ်၊ ကိုယ့်အသံ ဆိုတာကလည်း စက္ကန့် ၃၀ အတွင်း အလွယ်တကူ မှတ်မိနိုင်သောလေ။ ဒါပြီး ဘယ်ဆက်ပြေးရမှန်းလည်းမသိ။
အဲ့ဒီလိုနဲ့‌...ခွေးနေရာမရဖြစ်နေတဲ့အချိန်၊ အပြင်ကသတင်းကြားပါလေရော။ ဖြူဖြူကျော်သိန်းက သကြန်မဏ္ဍပ်မှာ သီချင်းသွားဆိုလို့ဆိုပြီး ဝိုင်းရှုံ့ချနေကြတယ်တဲ့။ ဘာအထောက်အထားမှမရှိ၊ ဘာဓါတ်ပုံ video မှမပါ။ အဲ့လိုသတင်းတုကို အဲ့လောက်လွယ်လွယ်ယုံကြသလားပေါ့။ ဒီရုပ်ဒီရည်ဒီအသံဟာ ကြာကြာလိမ်လို့ရတာမှ မဟုတ်တာလေ။ တကယ်ကို ဆွံ့အပါတယ်။ ‌‌Way Way Nay ဆိုတဲ့ application ထဲပါကောက်ထည့်လိုက်တာတဲ့။ ဪ...ကိုယ်ဆိုတဲ့ figure ဟာ၊ ဟုတ်မဟုတ် verification လုပ်ဖို့ ဘာများခက်နေကြလို့လဲ? ရန်သူရဲ့ လက်နက်ထက် မိတ်ဆွေထိုးတဲ့ နောက်ကျောကဓါးဟာ ပိုနက်တယ်ဆိုတာ အဲ့လိုမျိုး။ ပညာတွေလည်းရပါတယ်။ social media ပေါ်လည်း တက်မဖြေရှင်းနိုင်ဘူး၊ security ပေါက်မစိုးလို့ရယ်။ နောက် အရမ်းစိတ်ပျက်သွားခဲ့လို့ရယ်.....။
ကိုယ်နေတဲ့ အရပ်ဒေသဟာ လူတွေရဲ့ သမိုင်းပထဝီ ရပ်တည်မှူ ဆိုတာတွေကို တစ်စက်ကလေးမှ ထည့်သွင်းစဉ်းစားလေ့မရှိပါလားလို့ရယ်....။

#ဧပြီလ ၂၁ ရက်...မွေးနေ့မတိုင်ခင်ည။

ကိုယ့် location ကို ဒလံ ဆိုပြီးနာမည်ကြီးနေတဲ့သူ သိသွားပုံရတယ်လို့ ကိုယ့်အိမ်ရှင်က ပြောလာတယ်။ နောက်ထပ် location တစ်ခု အမြန်ရှာပေတော့ပေါ့။ အင်း...အိမ်ပေါ်ကအိမ်အောက်ဆင်းပြီး location ပြောင်းရတဲ့အချိန်...ရုပ်ဖျက်ပြီး အကြီမ်ကြိမ် ဖုန်းနဲ့ ဓာတ်ပုံရိုက်ကြည့်..."ငါ ဖြူဖြူကျော်သိန်းနဲ့တူနေသေးလား"လို့ ...ဘယ်လောက် ကမ္ဘာတွေပျက်လဲဆိုတာ တကယ်ပြေးဖူးမှပဲ သိလိမ့်မယ်။
အဲ့ဒီလိုနဲ့ ၅၀၅ က ပြန်လွတ်တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ထိ ဝရမ်းပြေးကာလ ၆ လကျော်အတွင်း မှာ location အကြိမ်ကြိမ်ပြောင်းရင်း၊ မိတ်ဆွေသစ်တွေလည်း သိခွင့်ဆုံခွင့်ရခဲ့တယ်။ တခါမှမသိဖူးပေမယ့် risk ယူပြီး နေရာထိုင်ခင်းပေးခဲ့သူတွေကိုလည်း ထာဝရကျေးဇူးတင်မှတ်မိနေပါမယ်။ ခုချိန် ထုတ်ဖော်မရေးသားနိုင်ပေမယ့် အမြဲသတိရ ဆုတောင်းပေးနေပါတယ်။

ဒီထက်ပိုပြီး အကျယ်ချဲ့ကျေးဇူးတင်လိုပေမယ့်၊ကူညီပေးခဲ့သူတွေရဲ့ လုံခြုံရေးအတွက်၊ အတိုချုံ့လေးပဲရေးပြရတာ နားလည်ပေးပါနော်။
ပြေးရင်းလွှားရင်း သိဖူးမြင်ဖူးခဲ့သူတွေလည်း ကျေးဇူးပြုပြီး မသိခဲ့သလိုလေးပဲ ဆက်နေပေးပြီး ကူညီပေးပါလို့။

#ဧပြီလ ၂၂ ရက်။

အသက် ၄၀ ပြည့်တဲ့ညကို "ငါဒီည အဖမ်းခံရတော့မလား" ဆိုတဲ့ စိတ်ကြီးနဲ့ ဖြတ်သန်းခဲ့ရတယ်။
ဘဝစတယ်လို့ဆိုကြတဲ့ အသက်ပေါ့လေ...။
ဟုတ်မှာပေါ့...ဘဝအစဆိုတော့ ကျောပိုးအိတ်တစ်လုံး၊ ဂစ်တာတစ်လက် ကလွဲ ဘာမှပါမလာခဲ့ဘူး...။

#ခုလက်ရှိ...။

ကိုယ်လွတ်လပ်ခွင့်ရပေမယ့်...ဘာလေးပဲလုပ်ရ၊ စားရ၊ သွားရ...ကိုယ်နဲ့ဘဝတူ ပြေးခဲ့ရဖူးသူတွေ၊ ပြေးနေရဆဲလူတွေ၊ ကိုယ့်ထက်အဆမတန် ပိုခက်ခဲနေရတဲ့သူတွေကိုပဲ ပြေးမြင်မိတယ်။ အားလုံးအတွက် တစ်ရက်မပျက် သတိရဆုတောင်းပေးနေပါတယ်🙏 ။
It will never be the same again.

14/04/2022

လမ်းမတော်မှာ ပစ်သတ်ခံလိုက်ရတဲ့ ဗိုလ်မှူး ကုဋေဖြိုးအောင် မကျွတ်လွတ်ဘဲ ခြောက်လှန့်မှုရှိပြီး ထွေ/အုပ် ဝန်ထမ်းတွေ ကြောက်လန့်နေ

ရန်ကုန်၊ ဧပြီ ၁၄

ရန်ကုန်တိုင်း၊ လမ်းတော်မြို့နယ်မှာ ဧပြီလ ၁၀ ရက်နေ့ ပစ်သတ်ခံလိုက်ရတဲ့ ဗိုလ်မှူးကုဋေဖြိုးအောင် ကျွတ်လွတ်မှု မရှိဘဲ ခြောက်လှန့်မှုတွေ ရှိနေတဲ့အတွက် လမ်းမတော် ထွေ/အုပ်ဝန်ထမ်းတွေ ကြောက်လန့်နေတယ်လို့ ထွေ/အုပ်ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရပါတယ်။

အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ ဗိုလ်မှူးကုဋေဖြိုးအောင်ကို ဧပြီလ ၁၂ ရက်နေ့မှာ သဂြိုလ်ပြီးစီးခဲ့ပြီဖြစ်ပြီး သူပုံမှန်ရုံးတက်တဲ့ ထွေ/အုပ်ရုံးမှာ အနံ့ပေးတာတွေ၊ ဝန်ထမ်းတွေကို အိပ်မက်ပေးတာတွေ၊ သူ့ထိုင်ခုံ ရုံးခန်းမှာ ပုံမှန်မဟုတ်တဲ့ ပစ္စည်းလွတ်ကျတာတွေ စတဲ့ မကျွတ်လွတ်ဘဲ ခြောက်လှန့်မှုတွေ ရှိနေတာလို့ သိရပါတယ်။

လမ်းမတော်ထွေ/အုပ်ဝန်ထမ်းတွေအနေနဲ့ ဗိုလ်မှူးကုဋေဖြိုးအောင် ရုတ်တရက် ပစ်သတ်ခံရလို့ သေဆုံးမှု လိုမျိုး ကြုံရမှာကို ကြောက်လန့်တဲ့အပြင် PDF တွေ နောက်တစ်ကြိမ် လာပြီး ဗုံးခွဲမှာ ပစ်ခတ်မှာကိုလည်း ကြောက်လန့်လို့ ရုံးမတက်ချင်ကြတော့ဘူးလို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်း ဗိုလ်မှူး ကုဋေဖြိုးအောင် ပစ်သတ်ခံရပြီး ထွေအုပ်စာရေး ၂ ဦး ဖြစ်တဲ့ စိုင်းအောင်အောင်ဇော်(၈ ရပ်ကွက် စာရေး) နဲ့ မြို့နယ် ထွေအုပ်ရုံးစာရေးအကူ မျိုးသန့်ဇော်တို့လည်း ကျည်ထိမှန်ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

ဗိုလ်မှူးကုဋေဖြိုးအောင်က DSA အပတ်စဉ် ၄၈ ဆင်း ရုရှားပြန် ကွန်ပျူတာဘွဲ့ရအရာရှိတစ်ဦးဖြစ်ပါတယ်။ အရင် တပ်ထိန်း မှုခင်းဖော်ထုတ်ရေးတပ် (လှိုင်) နဲ့ တပ်ထိန်းချုပ်ရုံး (နေပြည်တော်) တို့မှာ တာဝန်ကျခဲ့သူဖြစ်ပြီး ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းလွှတ်တော်တွင် တပ်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

မိခင်က ကျောင်းအုပ်ဆရာမကြီး အငြိမ်းစားဖြစ်ပြီး ဖခင်ကတော့ သာမန်တောင်သူဖြစ်ပါတယ်။ ဇနီးကတော့ ဂျပန်မှာ နေထိုင်ပြီး ရေဒီယိုသတင်းဌာနတစ်ခုမှာ အကြီးတန်းအရာရှိတစ်ဦးဖြစ်ကာ သားတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ဓာတ်ပုံ- ဧပြီလ ၁၂ ရက်နေ့တွင် သဂြိုလ်လိုက်သည့် ဗိုလ်မှူးကုဋေဖြိုးအောင်။

မိတ္ထီလာ အနောက်ဘက် မြို့သစ် က ပြည့်စုံအောင် သစ်စက်ရဲ့ သင်္ကြန်ပွဲ။စကစ စစ်သားများမူးရူးပြီးကခုန်နေ😁😁😁။
14/04/2022

မိတ္ထီလာ အနောက်ဘက် မြို့သစ် က ပြည့်စုံအောင် သစ်စက်ရဲ့ သင်္ကြန်ပွဲ။စကစ စစ်သားများမူးရူးပြီးကခုန်နေ😁😁😁။

Address


Website

Alerts

Be the first to know and let us send you an email when ဝမ်းတွင်းမြို့နယ်သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share