KMT Entertainment

  • Home
  • KMT Entertainment

KMT Entertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KMT Entertainment, Social Media Agency, .

🎬 “ နိုင်ငံပျောက်သူ…” တဲ့ကြားလိုက်… ခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ ကျွန်တော်တို့အားလုံးရင်ထဲရောက်ပါတယ်ကိုဏကြီးရဲ့ လက်ရာ / ကိ...
30/05/2022

🎬 “ နိုင်ငံပျောက်သူ…” တဲ့

ကြားလိုက်… ခေါင်းစဉ်ကိုမြင်လိုက်တာနဲ့
ကျွန်တော်တို့အားလုံးရင်ထဲရောက်ပါတယ်

ကိုဏကြီးရဲ့ လက်ရာ / ကိုဒေါင်း မသု
တို့ရဲ့ရင်ထဲကလာတဲ့ခံစားချက်တွေနဲ့အတူ
အချိန်ခဏလေးအတွင်း ရင်ထဲနင့်နေအောင်
ခံစားရမယ့် အနုပညာဖန်တီးမှုတစ်ခု…🎬

နွေဦးတော်လှန်ရေးရန်ပုံငွေ ရရှိနိုင်ဖို့ရာ
အတွက် ကျွန်တော်တို့တွေဝိုင်းဝန်းကြိုးစား
ထားကြတဲ့ ဒီဇာတ်လမ်းတိုလေးကို

‘ပဒေသာပင်’ YouTube Channel မှာ
ကြည့်ရှုခံစားလို့ရနေပြီဖြစ်ပြီး…

JUNE လ (၂) ရက်နေ့မှာတော့ Nway Oo
Video Application မှာလည်း ကြည့်ရှုခံစားလို့
ရနိုင်မှာပဲ ဖြစ်ပါတယ်…

အားလုံးကို မေတ္တာရပ်ခံချင်တာကတော့ဖြင့်
ရရှိလာတဲ့ ဝင်ငွေအားလုံး… မြေပြင်ကအဖွဲ့
တွေဆီကို တိုက်ရိုက်စီးဆင်းနိုင်ဖို့ရာ…

Actual Traffic ဖြစ်မှပဲ ပဒေသာပင်အနေနဲ့
ကြော်ညာခရရှိနိုင်မှာဖြစ်တဲ့အတွက် YouTube
တိုက်ရိုက် Link တွေကို Share မလုပ်ကြဖို့ပါ

တွေ့ခဲ့ကြရင်လည်း ရှင်းပြပြောပြပေးကြဖို့
အတွက်ကိုလည်း တောင်းဆိုချင်ပါတယ်ခင်ဗျ

📺 ပဒေသာပင် YouTube Channel ကို ဝင်ရန် -
https://tinyurl.com/PDTPCH

Nway Oo Video App ကို ဒေါင်းလုပ်လုပ်ရန် -

🤖 Android (Google Play Store) -
https://bit.ly/3HD3ama

🍎 IOS (Apple) -
https://apple.co/3t2MRKN

📲 Android TV နှင့် Play Store မရှိသူများ
အတွက် - https://bit.ly/3M2A7Mp

ပြည်ပကလူတွေအတွက် ကိစ္စမရှိပေမယ်လို့
ပြည်တွင်းကလူတွေအနေနဲ့ကတော့ ဇာတ်လမ်း
ကို ကြည့်ကြတဲ့အခါမှာ VPN ခံကြဖို့ သတိပေး
ချင်ပါတယ် V4C VPN App အောက်ကလင့်
မှာ ဒေါင်းလို့ရပါတယ်…✌️

🤖 Android (Google Play Store) -
https://play.google.com/store/apps/details?id=co.vforc.myvpn

📲 Direct Download Link -
https://thadinn.com/apk/v4c-v0.4.1.apk


#နိုင်ငံပျောက်သူ

သံဃာတော်များ၊ အနုပညာရှင်များ၊ ဆယ်လီများ၊ အဆိုတော်များ၊ ကျောင်း သားများ၊ စာရေး ဆရာများအပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်သူမျ...
30/12/2021

သံဃာတော်များ၊ အနုပညာရှင်များ၊ ဆယ်လီများ၊ အဆိုတော်များ၊ ကျောင်း သားများ၊ စာရေး ဆရာများအပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်သူများကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်
***********-**********-**********

၃၀/၁၂/၂၀၂၁

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားသော သံဃာတော်များ၊ အနုပညာရှင်များ၊ ဆယ်လီများ၊ အဆိုတော်များ၊ ကျောင်းသားများ၊ စာရေးဆရာများအပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်သူများကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်နေပြီဖြစ်သည်။

မင်းသားပြေတီဦး
=============

ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးကို ယနေ့ အင်းစိန်ထောင်အထူးတရားရုံးတွင် အလုပ်ကြမ်းနှင့်ထောငဒဏ် ၃ နှစ်ချမှတ်သည်။

အိန္ဒြာကျော်ဇင်
=============

ရုပ်ရှင်သရုပ်ဆောင်၊ မင်းသမီး အိန္ဒြာကျော်ဇင်ကို ယနေ့ အင်းစိန်ထောင်အထူးတရားရုံးတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်သည်။

အဆိုတော်စောဖိုးခွား
================

အဆိုတော် စောဖိုးခွားကို ယနေ့ အင်းစိန်ထောင်အထူးတရားရုံးတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်သည်။

အဆိုတော်ပိုပို
===========

အဆိုတော်ပိုပိုကို ယနေ့ အင်းစိန်ထောင်အထူးတရားရုံးတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်သည်။

ဆယ်လီဝင်းမင်းသန်း
===============

အလှအပရေးရာနှင့် လူမှုကွန်ရက်တွင် ရေပန်းစားသူ ဆယ်လီ ဝင်းမင်းသန်းကို ယနေ့ အင်းစိန်ထောင်အထူးတရားရုံးတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်သည်။

စာရေးဆရာမ ဒေါ်သန်းမြင့်အောင်
=========================

စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးက နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။

မော်ဒယ် ပိုင်တံခွန်
================

မော်ဒယ် မင်းသား ပိုင်တံခွန်(ခ)စစ်ကိုပိုင် ကို အင်းစိန်ထောင် အထူးတရားရုံးကနေ အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်။

ရွှေညဝါဆရာတော်
===============

ရွှေညဝါဆရာတော်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ်၂နှစ် ချမှတ်ခဲ့သည်။

သရုပ်ဆောင်မင်းသား၊ဒါရိုက်တာ လူမင်း
===========================

သရုပ်ဆောင်မင်းသား၊ ဒါရိုက်တာ လူမင်းကို အင်းစိန်ထောင်အထူးတရားရုံးတွင် အလုပ် ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်သည်။

ရုပ်ရှင်သရုပ်ဆောင် မင်းသားရဲတိုက်
==========================

ရုပ်ရှင်သရုပ်ဆောင် မင်းသားရဲတိုက်ကို အင်းစိန်ထောင်အထူးတရားရုံးတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်သည်။

NLD CEC ဦးဟံသာမြင့်
===================

NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကို အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်သည်။

NLD CEC ဒေါက်တာမျိုးညွန့်
=====================

NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်ကို အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်သည်။

NLD ဗဟိုအောင်နိုင်ရေး ဦးသိန်းဦး
========================
NLDပါတီ ၏၂၀၂၀ ဗဟိုအောင်နိုင်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဦးသိန်းဦးကို အင်းစိန်အကျဥ်းထောင် အထူးတရားရုံးတွင် ထောင်ဒဏ် ၂နှစ်ချမှတ်သည်။

ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်
===============================

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ဗကသ)၏ အလုပ်အမှုဆောင် ဗဟိုကော်မတီဝင်ဟောင်း ကိုမင်းသွေးသစ်ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၅) ဖြင့် ထောင်ဒဏ်(၁)နှစ် အမိန့်ချမှတ်သည်။

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး
===============================
ဗကသများအဖွဲ့ချုပ်၏ ဒုတိယ ဥက္ကဌ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ၅၀၅ (ခ) နှင့် ငြိမ်းစုစီပုဒ်မများအတွက် ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခဲ့ပြီး ချုပ်ရက်ခံစားခွင့်များ မပေးခဲ့ပေ။

ထို့ပြင် ကမာရွတ်မြိုနယ် တရားရုံးနှင့် မရမ်းကုန်းမြို့နယ် တရားရုံးများတွင်လည်း ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို မတရားပုဒ်မများဖြင့် အမှုဖွင့်ထားခြင်းများ ရှိနေသေးကြောင်း ကိုဝေယံဖြိုးမိုးနှင့် နီးစပ်သူများက ပြောကြားသည်။

"သူ့ကို ရခိုင် စတေကာကပ်မှုနဲ့ ဝရမ်းထုတ်ထားတာ။ ဖမ်းပြီးတော့ သူ့ကို မနေ့က ရခိုင်ကိစ္စနဲ့ သူ့ကို ထောင် ၂ နှစ်နဲ့ ၁ လချလိုက်တယ်။ ချချပြီးချင်း သူ့ကို အဆောင်ပြောင်းတယ်။ ဘယ်အဆောင်ပြောင်းလဒဆို သပြေဆောင်ကို ပြောင်းလိုက်တယ်ပေါ့။ သပြေဆောင်ကို ခေါ်သွားတယ်။ သပြေဆောင်ရောက်ရောက်ချင်းမှာ အဆောင်မှူးကနေပြီးတော့ သူ့ကို ဖိနပ်နဲ့ ပါးရိုက်တယ်။ ရောက်ရောက်ချင်းကို ရိုက်တယ်။ ရိုက်ပြီးတော့ သူ့မျက်မှန်တွေ ဘာတွေကျွတ်ပြီး လဲသွားတဲ့အထိ ဖြစ်တယ်။

အဲဒီအချိန်မှာ ပြီးတော့ သူ့ကို ပုံစံအခန်းထဲ ခေါ်သွားပြီးတော့ criminal ၅ ယောက်ကို ခေါ်ပြီးတော့ သူ့ကို ဝိုင်းပြီးတော့ ရိုက်ခိုင်းတယ်။ ဒီကောင့်ကို သေအောင်ရိုက်။ အဲဒီလိုမျိုး ပြောပြောပြီးတော့ ရိုက်ခိုင်းတယ်။နှစ်ကျော့ပြန်ရိုက်ခိုင်းတယ် ကြားတယ်။

အခုလက်ရှိအခြေ‎အနေမှာ ဝေယံဟာ လည်ပင်းထိထားတယ်။ နဲရိုးကျိုးထားတယ်လို့ ပြောတယ်။ ကျန်းမာရေး အရမ်း စိုးရိမ်ရတယ်ပေါ့။ ဝေယံက အရင်စဖမ်းကတည်းကလည်း တစ်ကြိမ် နောက်ပိုင်း ဆန္ဒပြမှုနဲ့ တစ်ကြိမ် အရိုက်ခံထားရတဲ့ ဒဏ်ရာတွေက ရှိသေးတယ်ပေါ့။ အခုလည်း ထပ်ရိုက်ခံထားရတယ်။ နံရိုးကျိုးထားတဲ့အတွက်ကြောင့်မလို့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေပါ။ အဲဒါကို သူတို့က ဆေးကုသခွင့် လုံးဝမပေးဘဲနဲ့ ဒီအတိုင်းထားတယ်။ ဆေးကုသခွင့် အရေးပေါ်လိုအပ်နေတယ်ပေါ့။ ဆေးကုသခွင့်သာ မပေးခဲ့ဘူးဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေပေါ့" ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ဖြိုးကျော်
===================================

မကွေးတိုင်း နတ်မောက်မြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ဖြိုးကျော်ကို ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း ဒေသခံများက ပြောကြားသည်။

ကိုအောင်ဖြိုးကျော်သည် လူ့အခွင့်အရေးချိုးဖောက်မှုများခံခဲ့ရပြီး ဖမ်းဆီးခံရချိန်မှစ၍ အမိန့်ချမှတ်ခံရသည့်အထိ တွေ့ခွင့်မရရှိခဲ့ကြောင်း နတ်မောက်မြို့မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုမင်းက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီဝင်များက ကိုအောင်ဖြိုးကျော်ကို ဖမ်းဆီးချိန်တွင် ၅ လအရွယ် ကလေးငယ် တစ်ဦးကျန်ရစ်ခဲ့သည်။

CDM ရဲဝန်ထမ်းအပါအဝင် ရွာသား ၄ ဦးကို ဖမ်းဆီး
=====================================

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ် ၊ညောင်ပင်ဝန်းရွာတွင် အကြမ်းဖက် စစ်ကောင်စီက ရွာသားလေးဦးကို ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်များက စစ်ကားလေးစီးဖြင့် ယနေ့ နံနက် ၁၁ နာရီ ၄၅မိနစ်ဝန်းကျင်တွင် CDM ရဲဝန်ထမ်း ကိုကပ်စီးနှင့် NLD ထောက်ခံသူ ကိုအေးအောင်ကျော်ကို ဦးကုလားကြီးလက်ဖက်ရည်ဆိုင်တွင် ရိုက်နှက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထို့နောက် NLD အစိုးရလက်ထက်တွင် ဥက္ကဌ အဖြစ် လုပ်ကိုင်ခဲ့သူ ကိုစိုးမိုးကို သူ၏ ယာခင်းတွင် လိုက်လံ ဖမ်းဆီးရာ ကိုစိုးမိုးကို မမိ၍ အလုပ်လုပ်နေသည့် အလုပ်သမားနှစ်ယောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

''ရွာထဲပုန်းနေသေးလားဆိုပြီး သေနတ်တွေ ဖောက်သေးတယ်။ သတင်းပေးကြောင့် ဖမ်းခံရတာ။ ကိုအေးအောင်ကျော် ကတော့ NLD ပါတီ ထောက်ခံသူတစ်ဦးပဲ။ ကိုကပ်စီးက ရဲကို CDM လုပ်ထားတာ။ ရိုက်နှက်ပြီးတော့ ဖမ်းသွားတာပဲ'' ဟု ရွာသားတစ်ဦးက ဖြစ်စဉ်ကို ပြောကြားသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူ ရွာသား ၄ ဦးကို အကြမ်းဖက် စစ်ကောင်စီမှ စစ်ကိုင်းတပ်မ ၃၃ သို့ ခေါ်ဆောင်သွားကြောင်း ကြားသိရသည်။

ပရဟိတသမား မောင်ဆန်းလင်းဦး
===========================

မွန်ပြည်နယ်မုဒုံမြို့မှ ပရဟိတ အလုပ်ကိုကူညီလုပ်ကိုင်ရင်း မုဒုံမြို့မှသတင်းဦးများကိုဖော်ပြပေးနေသူတစ်ဦးဖြစ်သော မောင်​ဆန်းလင်းဦး (အမွှာညီနောင်)ကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားရုံးက ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်​ပြီဖြစ်ကြောင်း သိရှိရသည်။

မြင်းခြံတွင် ရှေ့နေနှစ်ဦးနှင့်ရပ်ကွက် ဥက္ကဋ္ဌဟောင်း ဖမ်းဆီးခံရ
===========================================
ယမန်နေ့ည ဒီဇင်ဘာ ၂၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီ အဖွဲ့များက မြင်းခြံမြို့ပေါ်ရှိ ရှေ့နေ ကိုသန့်ဇင်၊ ရှေ့နေ ခိုင်ခင်အေးနှင့် အမှတ် ၁၆ ရပ်ကွက် ဥက္ကဋ္ဌ ဟောင်း ဦးပေါက်ကျိုင်း တို့ကို ဖမ်းဆီးသွားသည်။

လေးကေ့ကော်တွင် တိုက်ပွဲပြန်ဖြစ်ပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်များ၊ ကားနှင့်အတူ အရှင်ဖမ်းဆီးရမိ၊ ...
30/12/2021

လေးကေ့ကော်တွင် တိုက်ပွဲပြန်ဖြစ်ပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်များ၊ ကားနှင့်အတူ အရှင်ဖမ်းဆီးရမိ၊ ကော့ကရိတ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
**********-*********-*********

၃၀/၁၂/၂၀၂၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သစ်တွင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တိုက်ပွဲပြန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို လက် နက်များ၊ ကားနှင့်အတူ အရှင်ဖမ်းဆီးရမိကြောင်း ထိုင်း-မြန်မာနယ်စပ် တောင်ပိုင်းစစ်ဌာနချုပ်မှ ဦးရဲမင်း (AAC) က ပြောသည်။

"ကျနော်တို့သိသလောက်တော့ လေးကေ့ကော်မှာ ဒီနေ့ တိုက်ပွဲ ပြန်ဖြစ်တယ်။ စစ်တပ်ဘက်က ၇ ဦး ကားတစ်စီးနဲ့ လမ်းမှားပြီး အဖမ်းခံထားရတယ်။ ကားတွေရော လက်နက်တွေရော ရထားတယ်လို့ သိရပါတယ်။ သူတို့က လမ်း ကြောင်းမှန်သမျှကို အကုန်လိုက်ဝင်နေတယ်" ဟု ဦးရဲမင်းက ဆိုသည်။

ယနေ့ နံနက်ပိုင်း ကော့ကရိတ်တွင်လည်း တိုက်ပွဲပြင်းထန်ကြောင်း၊ စစ်ကောင် စီတပ်များက အင် အားအလုံးအရင်းဖြင့်တက်လာ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကော့ကရိတ်မြို့နယ်၊ အံကလော်‌ကျေးရွာအပေါ်ဖက်တောင်ခြေ မြိုင်ကလေးနှင့် မနွယ်ကြားသို့ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ကူပြီး ထိုးစစ်ဆင်မှုပြုလုပ်လာသဖြင့် KNLAတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသကရင်သတင်းရင်းမြစ်KO ကော့ကရိတ်သတင်းစဉ်က သတင်းဖော်ပြသည်။

စစ်ကောင်စီဖက်မှ ကျဆုံးနှင့် ဒဏ်ရာရသူများကို ယနေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် ကား ၂ စီးဖြင့် ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလလယ်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးနှင့် BGF ၂ ဦးတို့ကို လေးကေ့ကော်တိုက်ပွဲတွင် KNU ကဖမ်းဆီးရမိခဲ့ပြီး ကောင်းမွန်စွာ ထားရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးအား လက်နက်ခဲယမ်းနှင့်အတူ KNLA ထပ်မံ ဖမ်းမိ*********-*********-********ဒီဇင်ဘ...
30/12/2021

တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးအား လက်နက်ခဲယမ်းနှင့်အတူ KNLA ထပ်မံ ဖမ်းမိ
*********-*********-********

ဒီဇင်ဘာ ၃၀/၁၂/၂၀၂၁

ယနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားနေသည့် လေးကေကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ခွဲမှူးအပါအဝင် ၇ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ KNLA ပူးပေါင်းတပ်ဖွဲ့ ထပ်မံဖမ်းဆီးရမိထားသည်ဟု မြေပြင်သတင်းအရ သိရသည်။

အိမ်စီးကားဖြင့် နေရာရွှေ့ပြောင်းလာစဥ် ရသေ့ဂူ ကျေးရွာဝန်းကျင်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု KNLAနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

၎င်းက” ဒီမနက် ပစ်တဲ့ပွဲမှာ မိတယ်။ ၇ ယောက်မိတယ်။ တပ်ခွဲမှူးတစ်ယောက်ပါတယ်။ ကျန်တာ ရဲဘော်တွေ။ လူကြီးတွေဆီကို အပ်ထားတယ်။ “ဟု ကေအိုင်စီသို့ အတည်ပြုထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်နေ့က ဖြစ်ပွားသည့် လေးကေကော်ဒေသ တိုက်ပွဲတွင်လည်း စစ်ကောင်စီ ခမရ ၂၇၅ မှ တပ်ဖွဲ့ ဝင် ၆ ဦးနှင့် နယ်ခြားစောင့်တပ် -BGF ၂ ဦးအား KNLA ကရင်ပူးပေါင်းတပ်ဖွဲ့က အရှင်ဖမ်းမိသေးသည်။

အဆိုပါ ဖမ်းမိစစ်ကောင်စီ စစ်သည်များကို ကောင်းမွန်စွာ ထားရှိခဲ့သည်ဟုလည်း ကေအဲန်ယူက ပြောဆိုထားသည်။

လူမင်းနဲ့ရဲတိုက်တို့ အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ်စီချမှတ်ခံရ **********-**********-**********၃၀/၁၂/၂၀၂၁သရုပ်ဆောင် လူမင်းနဲ...
30/12/2021

လူမင်းနဲ့ရဲတိုက်တို့ အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ်စီချမှတ်ခံရ
**********-**********-**********

၃၀/၁၂/၂၀၂၁

သရုပ်ဆောင် လူမင်းနဲ့ ရဲတိုက်တို့ကို ထောင်တွင်းတရားရုံးကနေ ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

သူတို့ နှစ်ဦးစလုံးဟာ အာဏာသိမ်းဆန့်ကျင်မှုမှာပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ အင်းစိန်ထောင်တွင်း တရားရုံးတွေမှာ တရားရင်ဆိုင်နေခဲ့ရသူတွေဖြစ်ပါတယ်။

အခုချမှတ်ခံရတဲ့ ထောင်ဒဏ်တွေဟာ စွပ်စွဲခံရတဲ့ပုဒ်မမှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပါတယ်။

ရဲတိုက်ကို စစ်ကောင်စီက ဧပြီလမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လူမင်းကိုတော့ မတ်လမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် မြင်မြင်သမျှ ပြည်သူများကို စစ်တပ်က ပစ်သတ်နေပြီး ပြည်သူ ၂၀ နီးပါး သေဆုံး***********-*...
27/12/2021

ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် မြင်မြင်သမျှ ပြည်သူများကို စစ်တပ်က ပစ်သတ်နေပြီး ပြည်သူ ၂၀ နီးပါး သေဆုံး
***********-***********-***********

27.12.2021

စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီး လမ်းသွားလမ်းလာ မှန်သမျှနှင့် ပြည်သူများကို ပစ်သတ်လျက်ရှိရာ လက်ရှိအချိန်တွင် သေဆုံးသူ ပြည်သူ ၂၀ နီးပါးရှိလာပြီဖြစ်သည်။ နတ်ချောင်းကျေးရွာ ပြည်သူတစ်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ နတ်ချောင်းရွာမှာ လက်ရှိ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ လက်ရှိအခြေအနေကတော့ လွန်ခဲ့တဲ့ မိနစ် ၃ဝလောက်ကတော့ လက်နက်ကြီးသံ တစ်ချက်ကြား လိုက် ပြီး အခုတော့ ငြိမ်နေတယ်။

မေး။ ။ ရွာထဲမှာ ပြည်သူတွေက ကျန်သေးတာလား။

ဖြေ။ ။ ရွာထဲမှာကတော့ လူတွေက သက်ကြီးရွယ်အို ပိုင်းတွေနဲ့ ဒီလူလတ်ပိုင်း အနည်းငယ်လောက်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့သူ အကုန်လုံး ရှောင်နေရတယ်။

မေး။ ။ သေဆုံးသူ အရေအတွက်က ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။ သေဆုံးတဲ့သူတွေကတော့ ကျွန်တော်တို့ အတည်ပြုထားတာကတော့ အားလုံးပေါင်း ၁၁ယောက်ပေါ့။ နောက်ပြီးတော့ ထပ်တိုးတဲ့ဟာတွေလည်းရှိတယ်။ အားလုံးပေါင်းတော့ ၁၃ယောက် ၁၄ယောက်လောက်တော့ရှိမယ် ထင်တယ်။ အဲဒီထဲကမှ ကျွန်တော်တို့ ဒီညနေပိုင်းပေါ့နော် ဒီညနေပိုင်းလောက်တုန်းက အလောင်းကောက်လို့ ရတာကျတော့ ၄လောင်းပဲ ဆွဲထုတ်လို့ ရခဲ့တယ်။ ကျန်တဲ့ဟာတွေ ကောက်ဖို့ကျန်သေးတယ်။

မေး။ ။ အဲတာဆို သေဆုံးသူ ၁၃ယောက်လောက်ရှိပြီး အလောင်း ၄လောင်းပဲ ရသေးတာလား။

ဖြေ။ ။ ဟုတ်တယ်ဗျ။ လောလောဆယ် ဒီ သင်္ဂြိုလ်ဖို့အတွက် နာရေးကူညီမှုအဖွဲ့တွေ သူတို့ ရသလောက် ဆွဲထုတ်ခဲ့တာ ၄လောင်းပဲ ထုတ်လို့ရသေးတယ်။ ကျန်တဲ့ဟာတွေ ကျန်သေးတယ်။ ၁၃လောင်းကတော့ ကျွန်တော်တို့ တရားဝင်သိထားတဲ့ စာရင်းပေါ့။ နောက်ထပ် ကိုယ်မသိတဲ့ နေရာတွေမှာ သေတာမျိုးဘာမျိုးတွေလည်း ရှိမယ်လို့တော့ ထင်တယ်။

မေး။ ။ အဲဒီ သေဆုံးသူတွေက စစ်တပ်က လေယာဉ်ပျံနဲ့လာပစ်လို့ သေတဲ့သူတွေလား။

ဖြေ။ ။ အပေါ်ကနေ လေကြောင်းနဲ့ တိုက်ခိုက်လို့သေတာကတော့ လူလတ်ပိုင်း အမျိုးသား တစ်ယောက်ပေါ့။ ကျန်တဲ့ဟာကတော့ သူတို့ စစ်ကြောင်းကနေပြီး ပစ်ခတ်လို့ သေရတဲ့ အပြစ်မဲ့ ပြည်သူတွေပေါ့။

မေး။ ။ ရွာထဲကို ဝင်ပစ်တဲ့ စစ်ကြောင်းက ရွာထဲက ပြန်ထွက်သွားပြီလား ရွာရဲ့ ပျက်စီးမှုအခြေအနေကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ရွာရဲ့ အခြေအနေကတော့ အခုချိန်ထိ စစ်ကြောင်းရှိနေသေးတယ်လို့ သတင်းရတယ်။ ပျက်စီးဆုံးရှုံးမှုတွေကတော့ ဒီနေ့ သူတို့ နေ့လည်ပိုင်းပေါ့။ ၃နာရီ ဝန်းကျင်လောက်က လက်နက်ကြီး ထုလိုက်လို့ နေအိမ် ၂လုံး ပျက်စီးတယ်လို့တော့ သတင်းရရှိထားတယ်။

မေး။ ။ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးမှုအခြေအနေကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ လေကြောင်း တိုက်ခိုက်မှုကြောင့်တော့ ကျွန်တော်တို့ ဘုန်းကြီးကျောင်း တစ်ကျောင်းက ပဌာန်းဆောင် ခေါင်းမိုးပွင့်ထွက်သွားတယ်လို့တော့ သတင်းရထားတယ်။ လေကြောင်းကြောင့်မို့ ပျက်စီးဆုံးရှုံးတာတော့ ကျန်တဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေဘာတွေကတော့ ဆုံးရှုံးမှုမရှိဘူးလို့ သတင်းရတယ်။

မေး။ ။ ရွာကို စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်လာတယ်ဆိုတော့ ပျက်စီး ဆုံးရှုံးမှုတွေ ဘယ်လောက်ရှိတယ်လို့ကြားမိသေးလဲ။

ဖြေ။ ။ ရွာတွေကို ဝင်တယ်ဆိုတာကျတော့ အဓိကကတော့ သူတို့ အပြစ်မဲ့ ပြည်သူတွေကို သူတို့ စစ်ကြောင်းကနေပြီးတော့ ပစ်ခတ်တယ်ပေါ့။ နောက်ပြီးတော့ ပြည်သူတွေရဲ့ အိမ်တွေကို ဝင်ရောက်ရှာဖွေပြီးတော့ မွှေနှောက်တယ်။ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အိမ်တွေကို မွှေနှောက်ပြီးတော့ ဆေးဝါးနဲ့ ဆိုင်တဲ့ ပစ္စည်းတွေကို အတင်း အဓမ္မယူသွားတာပေါ့။ အဓိကကတော့ အဲတာတွေပေါ့။

မေး။ ။ အခုလက်ရှိနေရပ်စွန့်ခွာထွက်ပြေးနေတဲ့ ပြည်သူတွေ ဘယ်လောက်လောက်ရှိလဲ။ ရွာထဲမှာကော အိမ်ခြေ ဘယ်လောက်လောက်ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ကလေးနဲ့ ၁၄မိုင်အကွာလောက်မှာရှိတဲ့ ရွာဗျ။ ကလေး-ဂန့်ဂေါ လမ်းမကြီးပေါ်ပေါ့။ နတ်ချောင်းနဲ့ မြောင်း၊ ချောင်းဂွ ဆိုပြီးတော့ ၃ရွာရှိတယ်ပေါ့။ ဒါကတော့ တစ်ဆက်တည်းပေါ့။ အခုပြေးနေရတဲ့ သူတွေကလည်း ဒီ ၃ရွာလုံးက လူတွေ ပြေးနေရတယ်ပေါ့။ ကျွန်တော်တို့ရွာရဲ့ အိမ်ခြေကတော့ ခန့်မှန်း ခြေ ၃ထောင် ဝန်းကျင်လောက်ရှိတယ်ဗျ လူဦးရေကတော့ ၅သောင်းဝန်းကျင်လောက်ရှိတယ်။

မေး။ ။ ထွက်ပြေး တိမ်းရှောင်နေသူတွေရဲ့ လိုအပ်ချက်တွေက ဘာတွေများ ဖြစ်မလဲ။

ဖြေ။ ။ အဓိကလိုအပ်ချက်ကတော့ ဒီဇင်ဘာလ ဆောင်းရာသီလည်း ဖြစ်နေတာ ဖြစ်တဲ့အတွက် တချို့ဆိုရင် ဘာမှ အစီအစဉ်မရှိဘဲနဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးရတာမျိုးတွေ ရှိတယ်။ အဲလိုမျိုးကျတော့ အနွေးအင်္ကျီတို့ စောင်တို့ လိုအပ်တာမျိုးတွေရှိတယ်။ ဆက်သွယ်ရေး လိုင်းတွေကျတော့လည်း ကျွန်တော်တို့ နယ်ဖက်တွေ ဒီဖုန်းပြောဖို့ အတွက်ကိုကျတော့ MPT ကိုပဲ အဓိကအားထားပြီး သုံးတာဖြစ်တဲ့အတွက် သူတို့က MPT လိုင်းကို ဖြတ်တောက်လိုက်တော့ ဖုန်းဘေလ်တွေမှာလည်း အခက်အခဲတွေရှိတယ်။ နောက်ပြီးတော့ အဓိကကတော့ စားနပ်ရိက္ခာပေါ့။ စားနပ်ရိက္ခာ မလုံလောက်တာတွေလည်း ရှိတယ်။

မေး။ ။ လှူတန်းမှုတွေကောရှိလား။ လတ်တလော ဘယ်လိုဖြေရှင်းနေရလဲ။

ဖြေ။ ။ အလှူရှင်တွေလှူဖို့ကလည်း ခဲယဉ်းတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ဒီအခုဖြစ်ပျက်နေတဲ့ နတ်မြောင်း၊ နတ်ချောင်း ၊ ချောင်းဂွ ပေါ့။ အဓိကကတော့ နတ်ချောင်းရွာပေါ့။ ကလေးဖက်က လာမယ်ဆိုရင်လည်း လမ်းကြောင်းက လာလို့မရဘူး။ တောင်းပိုင်းဖက်က လာမယ်ဆိုရင်လည်း လာလို့မရတော့ အလှူရှင်တွေကျတော့ ကိုယ့်ရွာတန်းတွေ ရွာထဲမှာရှိတဲ့ အလှူရှင်တွေကပဲ လှည့်ပတ်ပြီးတော့ အဆင်ပြေသလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဒီလိုအလှူပေးနေရတယ်။

မေး။ ။ တိုက်ပွဲ အခြေအနေတွေဘယ်လိုဖြစ်လာမလဲ။

ဖြေ။ ။ တိုက်ပွဲကတော့ စစ်ကောင်စီ ဖက်ကနေပြီးတော့ အပြစ်မဲ့ပြည်သူတွေကို ဝင်ရောက် သတ်ဖြတ်တာမျိုးတွေရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း ပြန်ပြီးတော့ ခုခံတာမျိုးတွေတော့ ရှိတယ်ဗျ။ တိုက်ပွဲကလည်း ပြင်းထန်တယ်လို့လည်း ပြောလို့မရဘူး။ အခုအနေအထားရဆိုရင်တော့ အဓိက တစ်ချက်တစ်ချက်ကတော့ တိုက်နေကျတာပေါ့။ ဒါပေမယ့် အဓိကကတော့ စစ်ကောင်စီ ဖက်က ရွာထဲတွေမှာ ပြည်သူတွေ ဖြတ်သန်းသွားလာသူမှန်သမျှကို မဲမဲမြင်တာကို အကုန်ပစ်နေတယ်။

မေး။ ။ လမ်းပေါ်ထွက်လာတဲ့သူတွေအကုန်လုံးကို စစ်တပ်က ပစ်နေတာ ဘယ်နားတွေမှာ ပစ်နေတာလဲ။

ဖြေ။ ။ သူတို့ တပ်စွဲထားတဲ့ နေရာက နေပြီးတော့ တွေ့သမျှ မြင်သမျှ သူကို အကုန်လှမ်းပစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ရွာထဲမှာ စိတ်ကျန်းမာရေး ရောဂါသည်လည်း ရှိတယ်ပေါ့။ စိတ်ကျန်းမာရေး ရောဂါခံစားနေရတဲ့ သူပါမရှောင်ပါဘူး။ သူတို့အကုန်ပစ်သတ်ပါတယ်။ စစ်တပ်က နတ်ချောင်းရွာမှာ တပ်စွဲထားတာ အဲဒီကနေ လမ်းမမှာ ဖြတ်သန်းသွားလာသူမှန် သမျှ မဲမဲမြင်ရာ အကုန်ပစ်နေတာဗျ။

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ အဓိကကတော့ ကျွန်တော်တို့ တခြားနယ်တွေမှာ စစ်ကောင်စီ ဖက်က လူနေအိမ်တွေကို မီးရှို့တယ်။ ကျွန်တော်တို့ နယ်မှာဆိုရင်လည်း လူနေအိမ် ၄လုံးလောက် မီးလောင် ပြာကျခဲ့ရတယ်။ သူတို့ရဲ့ လက်ချက်ကြောင့်ပေါ့။ တခြားနယ်တွေမှာ မီးလောင်တာတွေ လူသတ်တာတွေ လုပ်တုန်းက ကိုယ်စိတ်ထဲမှာ ထပ်တူတော့ ခံစားပေးခဲ့ရတယ်။

ဒါပေမယ့် အဲလောက်ကြီးထိ စိုးရိမ်ထိတ်လန့်တာမျိုးမရှိခဲ့ဘူးပေါ့။ ကိုယ့်နယ်မှာ လက်တွေ့ကြုံရတဲ့ အချိန်ကျတော့ ကိုယ့်ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေအတွက် စိတ်ထဲမှာ တော်တော်စိုးရိမ် ကြောင်းကြောင့်မှု ဖြစ်ခဲ့ရတယ်ပေါ့။ ဒီလိုမျိုးကြောင့်မို့ ကျွန်တော်တို့ စစ်ကောင်စီကို အမြစ်ပြတ် တွန်းလှန်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးဖက်ကနေပြီးတော့ ပြည်သူနဲ့ အတူ တသားတည်း ရပ်တည်ပေးကျပါလို့ ပြောချင်ပါတယ်။

မန္တလေး ခရိုင်တရားရုံးတွင် ဗုံးပေါက်ကွဲ၊ တရားရုံးအတွင်းရှိ ပြည်သူများကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့စစ်ဆေး**********-******...
27/12/2021

မန္တလေး ခရိုင်တရားရုံးတွင် ဗုံးပေါက်ကွဲ၊ တရားရုံးအတွင်းရှိ ပြည်သူများကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့စစ်ဆေး
**********-**********-**********

27.12.2021

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေားသာစံမြို့နယ်၊ ၆၅ လမ်းနှင့် ၃၄ လမ်းထောင်ရှိ ခရိုင်တရားရုံးတတိယထပ်၌ နံနက် ၁၁ နာရီ ၃၈ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် အပြင်ပန်းမှ အမြင်အရ မှန် ၃ ချပ် ကွဲသွားပြီး အတွင်းပိုင်းထိခိုက်ပျက်စီးမှု ရှိကြောင်း ၊ ဗုံးပေါက်ပြီးနောက် ၁၀ မိနစ်ခန့်အကြာမှာ စစ်ကား ၃ စီးနှင့် ရဲကားများရောက်လာကြပြီးလက်ရှိအချိန်မှာတော့ စစ်ကားများပြန်ထွက်သွားကာ ရဲကားများသာကျန်‌ရှိကြောင်း သိရှိရသည်။

"အခုရုံးထဲက လူတွေလည်း ပေးမထွက်ဘူး။ အပြင်လူလည်း အဝင်မခံဘူး" ဟု တရားရုံးတွင်ရောက်ရှိနေသူတစ်ဦးက ပြောသည်။

ရုံးတွင်း၌ ရောက်နှင့်နေကြသော ရှေ့နေများ၊ အမှုသည်များနှင့် တရားရုံးတွင်းရှိလူအားလုံး လက်ရှိအချိန်ထိ ထွက်ခွင့်မရကြသေးဘဲ အပြင်လူများလည်း လုံးဝ ပေးမဝင်ကြောင်း သိရှိရသည်။

ဘီးလင်းမြို့နယ်တွင် စစ်တပ်က အသက် ၆၀ နှစ်အရွယ် အဘွားအို နော်ခီး၏ ဦးခေါင်းကို သေနတ်ဖြင့်ပစ်၍ သတ်ဖြတ်ဟု KNU က သတင်းထုတ်ပြန်...
24/12/2021

ဘီးလင်းမြို့နယ်တွင် စစ်တပ်က အသက် ၆၀ နှစ်အရွယ် အဘွားအို နော်ခီး၏ ဦးခေါင်းကို သေနတ်ဖြင့်ပစ်၍ သတ်ဖြတ်ဟု KNU က သတင်းထုတ်ပြန်
*********-*********-*********

24.12.2021

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်တပ်က အသက် ၆၀ အရွယ် အဘွားအို နော်ခီး၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်၍ သတ်ဖြတ်လိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ရက် နံနက် ၁၀ နါရီတွင် စစ်ကောင်စီ တပ်မ (၂၂) လက်အောက်ခံ ခလရ (၁၀၁) တပ်ရင်းက ဘီးလင်းမြို့နယ်၊ နိုဘယ်ဘော ကျေးနယ်အုပ်စု၊ လေးခေါ့ထေ ကျေးရွာနှင့်ထော်ကလော်ခီး ကျေးရွာကြားရှိ ယာခိကလိုး တွင်အသက် (၆၀) နှစ် အရွယ်ရှိ ထော်ကလော်ခီး ကျေးရွာသူ (နော်ခီး)၏ ဦးခေါင်းကိုသေနတ်ဖြင့် တေ့၍ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

ထိုအဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်နေ့၌ ကတိုင်တီ ကျေးရွာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ် နှင့် အာဏာသိမ်းစစ်ကောင်စီ ပူးပေါင်းစခန်းမှ အင်အား (၆၀) ဖြင့် ထော်ကလော်ခီးကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာပြီး အဘွားအို (နော်ခီး) အားပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု KNU ဗဟိုက ဆိုသည်။

ထိုမှတစ်ဆင့် အဆိုပါ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်တွင် ကြသောင်းဆိပ် ဘုန်းတော်ကြီးကျောင်း၌ ဝင်ရောက်တပ်စွဲခဲ့ပြီး ကျေးရွာအတွင်းရှိ လမ်းဆုံနှင့်တံတားများတွင် ကင်းပုန်းများချထားကြောင်း သိရသည်။

စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သော ရေမျက်ကျေးရွာတွင် အလောင်း ၇ လောင်းတွေ့ရှိ၊ သက်ကြီးရွယ်အို အဘွားအိုတစ်ဦး ခြေကျိုးပြီး ...
24/12/2021

စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သော ရေမျက်ကျေးရွာတွင် အလောင်း ၇ လောင်းတွေ့ရှိ၊ သက်ကြီးရွယ်အို အဘွားအိုတစ်ဦး ခြေကျိုးပြီး မပြေးနိုင်၊ အစားမစားရဘဲ ၃ ရက် အိပ်ရာထဲလဲနေ
***********-***********-***********

24.12.2021

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ယနေ့တွင် အလောင်း ၇ လောင်း တွေ့ရှိရကာ သက်ကြီးရွယ်အို အဘွားအိုတစ်ဦးခြေကျိုးပြီး မပြေးနိုင်၊ အစားမစားရဘဲ ၃ ရက် အိပ်ရာထဲလဲနေသည်ကို ပြန်လည်တွေ့ရှိရ ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"ကျနော်တို့ အမျိုးသား ၃ ဦးအလောင်း၊ အမျိုးသမီး ၂ ဦးအလောင်း ပြန်တွေ့ရပါတယ်။ နောက်ထပ် အလောင်း ၂ လောင်းလည်း ထပ်တွေ့ပါတယ်။ မီးရှို့ခံထားရတဲ့ အမျိုးသမီး အရိုးစုလည်း တွေ့တယ်။ စုစုပေါင်း အလောင်း ၇ လောင်းတွေ့ပါတယ်။ အဲဒီမှာ သက်ကြီးရွယ်အို အဘွားတစ်ဦး ‌ခြေထောက်ကျိုးပြီး ကျန်ခဲ့တာရှိတယ်။ ပြန်တွေ့တော့ အစာမစားရတာ ၃ရက်ရှိပြီတဲ့" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျေးရွာအတွင်းရှိ ကျွဲနွားများမှာလည်း ကျည်ထိ၍ ဒဏ်ရာရရှိမှုများရှိပြီး အစာကျွေးမည့်သူမရှိ၍ ပိန်ခြောက်နေကြသည်ဟု သိရှိရသည်။

စစ်ကိုင်းတိုင်းတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာ ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ လိပ်ခြံကျေးရွာကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျွန်းလှမြို့နယ်ရှိ ကန်ဇွန်းအင်းရွာကိုလည်းကောင်း စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ရ ဟတ် ယာဉ်များဖြင့် စစ်သားအင်အားအများအပြားကိုလည်း ချထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အနောက် တောင်ဘက် ၂ မိုင်အကွာ နွယ်ရှောက်ရွာအနီး တိုက်ပွဲဖြစ်ပွားနေသည့် နေရာ သို့ စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်များ လာရောက် ပစ်ခတ် ဗုံးကျဲသွားကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောသည်။

မြိုင်မြို့တွင် စစ်ကောင်စီတပ်များ မိုင်းခွဲခံရပြီး ၂၃  ဦးသေဆုံး၊ သရက်ကန်ရဲစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်**********-...
22/12/2021

မြိုင်မြို့တွင် စစ်ကောင်စီတပ်များ မိုင်းခွဲခံရပြီး ၂၃ ဦးသေဆုံး၊ သရက်ကန်ရဲစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်
**********-**********-**********

22.12.2021

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များကို Myaing PDF နှင့် ပေါက်နယ်မှ တိမ်လွှာအဖွဲ့တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၃ ဦးသေဆုံးကာ သရက်ကန်ရဲစခန်းကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ၂၁ ဒီဇင်ဘာ ၂၀၂၁ တွင် ပေါက်-မြိုင် နယ်စပ်တွင် စစ်ကောင်စီတပ်များနှင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကမ်းပြိုလမ်းပိုင်းတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ ပေါက်-ဇီးပြားလမ်းပိုင်းတွင် ဆိုင်ကယ် ၅ စီး ကား ၁ စီးဖြင့် လာသော စစ်ကောင်စီတပ်များကို မိုင်းဖြင့်တိုက်ခိုက်ရာ စစ်သား ၅ ဦးခန့် ​သေဆုံးပြီး ဆိုင်ကယ် ၅ စီး နှင့် ကျည် တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အလားတူ ရွာစင်လမ်း၊ ရထားလမ်းအနီး မိုင်းကွင်းထဲတွင် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို မိုင်းဖြင့် တိုက်ခိုက်ရာ ၃ ဦးခန့် မြှောက်တက်သွားကာ အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယမန်နေ့ ညနေပိုင်းတွင်လည်း နံနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်သည့်ဇီးပြားလမ်းပိုင်းနေရာတွင် လက်ကျန်မိုင်းများကို ရှင်းလင်းနေသော စစ်ကောင်စီတပ်များကို ထပ်မံတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး အပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း၊ စစ်အရာရှိသည် မိုင်းကိုထူးဆန်းသဖြင့် ကြည့်နေစဉ် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ညပိုင်းတွင်လည်း သရက်ကန် ရဲစခန်းသို့ ရှော့ဒုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် ယမန်နေ့က အသေအပျောက်များလွန်းသဖြင့် ရဟတ်ယာဉ်ဖြင့် စစ်သားအင်အား ၁၀၀ ခန့် လာရောက်ချထားကြောင်း၊ နယ်မြေတွင်လည်း စစ်တပ်အင်အား ၁၀၀ ခန့် လာရောက်ပို့သွားကြောင်း သတင်းရရှိပါသည်။

မန္တလေး၊ ပြည်ကြီးတံခွန်တွင် ကိုသဲထွေးမောင်နှင့်မနန်းတို့လင်မယားကို စစ်တပ် က ဖမ်းဆီး သတ်ဖြတ် အလောင်းဖျောက်၊ ကလေးငယ်တစ်ဦးက...
20/12/2021

မန္တလေး၊ ပြည်ကြီးတံခွန်တွင် ကိုသဲထွေးမောင်နှင့်မနန်းတို့လင်မယားကို စစ်တပ် က ဖမ်းဆီး သတ်ဖြတ် အလောင်းဖျောက်၊ ကလေးငယ်တစ်ဦးကျန်ရစ်
***********-***********-***********

20.12.2021

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုသဲထွေးမောင်နှင့်မနန်းတို့ လင်မယား ၂ ဦးကို စစ်ကောင်စီတပ်များက ဒီဇင်ဘာလ ၁၃ ရက်နေ့ ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ကာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မိသားစုနှင့်ဆွေမျိုးများကို အကြောင်းကြားခြင်းမရှိဘဲ မီးသဂြိုလ်အလောင်းဖျောက်ဖျက်လိုက်ကြောင်း ရင်းနှီးသော မိတ်ဆွေများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် အကြမ်းဖက် စစ်အုပ်စု မှ ကားနှစ်စီး အင်အား ၃၀ ဝန်းကျင်ဖြင့် ပြည်ကြီးတံခွန်မြို့နယ် ၆၈ B၊ ၁၁၆ ၊ ၁၁၇ လမ်းနေ ကိုသဲထွေးမောင်နှင့် မနန်းတို့ ဇနီးမောင်နှံကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ နေအိမ်တွင် ၁၀ နှစ်သားအရွယ် ကလေးငယ်တစ်ဦးသာ ကျန်ရစ်ကြောင်း သိရှိရသည်။

စစ်တပ်က ကိုသဲထွေးမောင်နှင့်မနန်းတို့ ဇနီးမောင်နှံကို PDF ထောက်ပံ့ သည်ဟု စွပ်စွဲ ကာ နန်းတွင်း စစ်ကြော ရေး စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မီးသဂြိုလ်လိုက်ကြောင်း သိရှိရသည်။

"ဖမ်းဆီးခေါ်ဆောင် သွားပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ ၂ရက်မြောက်နေ့တွင် သက် ဆိုင်တဲ့ မိဘဆွေမျိုးတွေက နယ်မြေခံ ရဲစခန်းမှာ သွားစုံစမ်းတယ်။ အဲဒီကျတော့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ လင်မယားနှစ်ဦးစလုံးဆုံးသွားလို့ ၁၅ ရက်နေ့မှာ မီးသဂြိုလ်လိုက်ပြီလို့ပြောတယ်" ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

လင်မယားနှစ်ဦးစလုံးမှာ စစ်ကြောရေးအတွင် စစ်တပ်က အလွန်အမင်းနှိပ် စက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဒီဇင်ဘာ ၁၃ရက်နေ့ ညနေ ၃နာရီ မှာ စစ်ကြောရေးသို့ ရောက်ရှိပြီး ၁၄ရက်နေ့ နေ့လယ်အထိ မေးမြန်းနှိပ်စက်ပေမယ့် ကိုသဲထွေးမောင်က သူဘာမှ မသိပါဘူးပြောတယ်။ အဲဒါကို မင်းမိန်းမ မနန်းကို နှိပ်စက်ပြီး သတ်ပြမယ်ဆိုပြီး ခြိမ်း ခြောက်တယ်။ ကိုသဲထွေးမောင်က ဘာမှ မသိပါဘူးလို့ ထပ်ပြောနေလို့ မနန်းကို ပစ်သတ်တယ်။ အဲဒီမှာ ကိုသဲထွေးမောင်က စိတ်ထိခိုက်ပြီး ရုန်းကန် အော်ဟစ်နေလို့ သူ့ကိုပါ ပစ်သတ်လိုက်တယ်။ ၁၅ ရက်နေ့မှာတော့ ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ သဂြိုလိုက်တယ်။ အလောင်းဖျောက်တဲ့သဘောပေါ့" ဟု မိတ်ဆွေတစ်ဦးက ၎င်းသိရှိရသမျှ အခြေအနေများကို ပြန်ပြောင်းပြောဆိုသည်။

ဓာတ်ပုံ-ကိုသဲထွေးမောင်

18/12/2021

"ဖက်ဆစ်သွေးနဲ့ ကျုံးကိုဖြည့်မယ် အသက်ကိုလောင်းကြေးထပ် ငါတို့ထွက်ခဲ့တယ်" စာတန်း ကိုင်ဆောင်ကာ မန္တလေး GenZ လူငယ်များ ချီတက် ဆန္ဒပြ (ရုပ်/သံ)
**************-*************-************

18.12.2021

မန္တလေးတွင် Gen Z လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် "ဖက်ဆစ်သွေးနဲ့ ကျုံးကိုဖြည့်မယ် အသက်ကိုလောင်းကြေးထပ် ငါတို့ထွက်ခဲ့တယ်" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လွိုင်လင်လေးတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ကရင်နီတပ်မတော်က ဗိုလ်မိုးစက်ရဲ့ ဈာပနအခမ်းအနား************-************-***********...
18/12/2021

လွိုင်လင်လေးတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ကရင်နီတပ်မတော်က ဗိုလ်မိုးစက်ရဲ့ ဈာပနအခမ်းအနား
************-************-*************

18.12.2021

ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့နယ် လွိုင်လင်လေးအနီး တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရတဲ့ ကရင်နီတပ်မတော် KAက ဒုဗိုလ် စောမိုးစက်ရဲ့ ဈာပနအခမ်းအားကို ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဗိုလ်စောမိုးစက်ရဲ့ ဈာပနအခမ်းအနားကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တွေသာမက ပြည်သူအများအပြားကလဲ လိုက်ပါပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၇ရက်နေ့က လွိုင်လင်လေးကျေးရွာအရှေ့ဘက် ကနန်းကွယ်ရွာနဲ့ ရေကန်ရွာကြားမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်နီပူပေါင်းတပ်ဖွဲ့က ခုခံစစ် ဆင်နွှဲခဲ့ရာမှာ ဒုဗိုလ်စောမိုးစက်ကျဆုံးခဲ့ရပြီး စစ်အုပ်စုဘက်က ၃ဦးသေဆုံးခဲ့ပါတယ်။

KNLAနှင့် တိုက်ပွဲများတွင် စစ်အရာရှိ ၆ ဦးထက်မနည်းသေဆုံးထိခိုက်ပြီးနောက် စစ်ကောင်စီက အင်အား ဖြည့် ထိုးစစ်ဆင်လာ၊ လေးကေ့ကော...
18/12/2021

KNLAနှင့် တိုက်ပွဲများတွင် စစ်အရာရှိ ၆ ဦးထက်မနည်းသေဆုံးထိခိုက်ပြီးနောက် စစ်ကောင်စီက အင်အား ဖြည့် ထိုးစစ်ဆင်လာ၊ လေးကေ့ကော် အပါ အဝင် မြ၀တီနေရာတချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေ
************-************-*************

18.12.2021

ကရင်ပြည်နယ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး လေးကေကော်မြို့သစ် ကို စစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ် တပ်က ထပ်မံအင်အားဖြည့်ကာ ထိုးစစ်ဆင်လာကြောင်း၊ လေးကေ့ကော်အပါအဝင် မြ၀တီမြို့နယ်တချို့နေရာများတွင် ယနေ့ တိုက်ပွဲများ ပြန်လည်ဖြစ် ပွားနေကြောင်း စစ်ရေးသတင်းရပ်ကွက်များထံမှ သိရှိရသည်။

ယနေ့ နံနက်ပိုင်း ဘားအံမှ သံချပ်ကာ ကား ၂ စီးအပါအဝင် စစ်ယာဉ်တန်း ၁၄ စီး မြ၀တီဘက်သို့ ဆင်းလာနေ ကြောင်း၊ တောင်ငူမှ စစ်ရဟတ်ယာဉ် ၂ စီးလည်း ပျံသန်းသွားပြီး ဘားအံဘက်သို့ ဦးတည်နိုင်ကြောင်း ဒေသခံများက ပြေ ာဆိုကြသည်။

"အခု လေးကေ့ကော်မှာ တိုက်ပွဲပြန်စနေပြီ။ လေးကေ့ကော်မြို့ပေါ်ကို လေ ယာဉ်တွေလည်း ဝဲနေတယ်။ ဒီနေ့ သူတို့ဘက်က လေကြောင်း သုံးနိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်မှုတွေရှိတယ်" ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်သော စစ်ကြောင်းတစ်ခုလည်း ကရင်ပြည်နယ်ဘက်သို့ ထွက်ခွာလာပြီး ကော့ကရိတ်တွင် ခေတ္တရောက်ရှိနေကြောင်း၊ ကော့ကရိတ်ဘက်တွင် စစ်အင်အားအများအပြားတိုးချလာကြောင်း၊ မြ၀တီဘက်သို့လည်း စစ်အင်အားများ တိုးချဲ့လာနေကြောင်း စစ်ရေးသတင်းရပ်ကွက်အတွင်းမှ သိရှိရသည်။

"စစ်တပ်ဘက်က လေးကေ‌ကော်ဘက်ကိုပြန်ဖိဖို့ ကုန်းကြောင်း၊ လေကြောင်း ပြင်နေတာပဲ" ဟု စစ်ရေးသတင်းရပ်ကွက်ကဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တိုက်ပွဲတွင် စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး ၊ ဒုတိယဗိုလ်မှူး ကြီး ထက်လင်းဇော်တို့ကျဆုံးခဲ့ပြီး ဗိုလ်ကြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ၊ ဒီဇင်ဘာ ၁၆ ရက်နေ့ အာရှလမ်းမ တိုက်ပွဲတွင် ခမရ- ၅၅၆ တပ်ရင်းမှူး နိုင်နိုင်လွင် တပ်ရင်းမှ ခမရ- ၅၅၆ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ ဒု- တပ်ခွဲမှူးတို့ အပါ အဝင် ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စစ်တပ်ဘက်မှ အရာရှိ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိမှု ၆ ဦးရှိနေပြီး စစ်ကောင်စီတပ်သားအဆင့်မှာမူ ၃၀ ကျော် သေဆုံးမှု ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရပ်ကွက်များထံမှ အတည်ပြုချက်ရရှိထားသည်။

ပုလဲမြို့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခံရမှု  စစ်သား  ၁၁ ဦး သေဆုံး ၊ ကန့် ဘလူတွင်လည်း မိုင်းဆွဲတိုက်ခိုက်ခံရ ********...
17/12/2021

ပုလဲမြို့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခံရမှု စစ်သား ၁၁ ဦး သေဆုံး ၊ ကန့် ဘလူတွင်လည်း မိုင်းဆွဲတိုက်ခိုက်ခံရ
************-***********-***********

17.12.2021

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာ ရဲစခန်းမှထွက်လာသော အကြမ်း ဖက် စစ်ကောင်စီယာဉ်တန်း ၂၆ စီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးကို နဂါးမတောင်ရွာအနီးတွင် တော်လှန်ရေး အဖွဲ့များက ကို ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ရှေ့ထွက်မိုင်းကြီး ၂ လုံးဖောက်ခွဲတိုက်ခိုက်ရာ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် -People Revolution Army (PRA) က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၁၁)နှင် ပုံတောင်တိုက်ဂါးအဖွဲ့တို့က ပူးပေါင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုများကို တော်လှန်ရေးအဖွဲ့များက သုံးကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ပထမအကြိမ်အဖြစ် မနက် ၁၀ နာရီနှင့် ဒုတိယအကြိမ်အဖြစ် နေ့လယ် ၁ နာရီ ၂၀ မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အဆိုပါ တိုက်ခိုက်မှုမှ အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦးသေးဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော် လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း People Revolution Army (PRA) ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ကန့်ဘဘူမြို့နယ် ဇင်းဆက်သွယ်ရေးတပ်မှ စံပယ်နံ့သာသို့ ဆင်းလာသည့် တုန်ဖုန်းကားကို ဝါးပိုးချောင်း တံတားအနီးတွင် (KBU-UG + ရောင် နီပျောက်ကျားတပ်ဖွဲ့ + ရွှေဘိုသိန်းငှက် ပူးပေါင်း မဟာမိတ်အဖွဲ့က ယနေ့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Kanbalu underground warriors အဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ခဲ့သည် ဟု သိရှိရပြီး အသေအပျောက်စာရင်းကို မသိရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ**************-*************-************17.12.2021 #ချင်းပြည်နယ် ချင်းပြည်နယ် မ...
17/12/2021

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ
**************-*************-************

17.12.2021
#ချင်းပြည်နယ်


ချင်းပြည်နယ် မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် CDF-MINDAT နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ CDF-MINDATက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၇ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်မှာ စစ်အုပ်စုက အင်အား ၂၀၀ခန့်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when KMT Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share