Myanmar Japan Entertainment-MJ Ent

  • Home
  • Myanmar Japan Entertainment-MJ Ent

Myanmar Japan Entertainment-MJ Ent Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Japan Entertainment-MJ Ent, Media/News Company, .
(1)

04/07/2023

ဝါဆိုသင်္ကန်းကပ် အလှူလေးမှာ အားလုံးပျော်နေကြတာလေးက ကြည်နူးစရာလေး🙏🙏🙏

https://fb.watch/lAkXe_N_a5/?startTimeMs=160000

Yangon ဂျပန်စာသင်တန်းကျောင်း မေးနေကြတဲ့သူတွေအတွက်Japan ကို ကျောင်းနဲ့လာချင်နဲ့သူတွေအတွက်ကတော့ Fully Recommend 💯https://m...
14/06/2023

Yangon ဂျပန်စာသင်တန်းကျောင်း
မေးနေကြတဲ့သူတွေအတွက်

Japan ကို ကျောင်းနဲ့လာချင်နဲ့သူတွေအတွက်ကတော့ Fully Recommend 💯

https://m.facebook.com/story.php?story_fbid=237235415727427&id=100083229103761

🇯🇵 ဂျပန်စကားကို နားလည်သဘောပေါက်သည်အထိ အတတ်သင်ပေမယ့် YUMIYA ရဲ့ Basic + N5 New Batch တန်းခွဲအသစ် 👩🏻‍🏫

ဂျပန်ဘာသာစကားရဲ့ အခြေခံအကျဆုံး Basic + N5 New Batch ကို YUMIYA က June 20 ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်လို့ ဂျပန်ဘာသာစကားကို
🔰 အခြေခံကစပြီး ပိုင်နိုင်ချင်တယ်
🔰 ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ချင်တယ်ဆိုတဲ့သူတိုင်း အခြေခံမရှိထားလည်း တက်ရောက်လို့ရပါတယ်။

ဒီ Basic + N5 New Batch လေးမှာဆိုရင်

👩🏻‍🏫 Grammer
👩🏻‍🏫 Pronounciation
👩🏻‍🏫 Vocabulary Usage
👩🏻‍🏫 Listening Skill + Handwriting
👩🏻‍🏫 Speaking + Reading အပိုင်းတွေကို Full Course အနေနဲ့ နားလည်သည်အထိ သေသေချာချာ သင်ကြားပေးသွားမှာဖြစ်ပါတယ်နော် ။

🍀 ဂျပန်စာလောကထဲမှာ ဆယ်စုနှစ်ကျော် Professional Interpreter, Tourist Guide &Business Guide အဖြစ်ရပ်တည်နေသူဖြစ်ပြီး ဂျပန်စာသင်ကြားမှုတင်မကဘဲ ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်ကြာ နေထိုင်ခဲ့တဲ့ ဆရာမဖြစ်တာကြောင့် ဂျပန်နိုင်ငံမှာ အခက်အခဲမရှိ နေထိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံစည်းမျဥ်းစည်းကမ်း ၊ ယဥ်ကျေးမှုတွေကိုပါ အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး အထိရောက်ဆုံးသင်ကြားပေးမှာဖြစ်ပါတယ် 🇯🇵

🇯🇵 ဆရာမက ကြပ်ကြပ်မတ်မတ် သင်ကြားပြသပေးမှာလို့ စကားလုံးဝေါဟာရတွေကအစ ဂျပန်ပြည်ဖွား တစ်ဦးလိုမျိုး ကြွယ်ဝစုံလင်အောင် Sharing လုပ်ပေးမယ့်အပြင် သင်တန်းသူ/ သင်တန်းသားတစ်ဦးချင်းစီတိုင်းကို အထိရောက်ဆုံးဂရုစိုက်ပေးနိုင်တဲ့ သင်တန်းဖြစ်ပါတယ်

🔰 သင်တန်းသူ/သင်တန်းသားဦးရေ နည်းနည်းကိုသာ လက်ခံတာမို့လို့ ဂျပန်ဘာသာစကားအခြေခံကို အချိန်တိုအတွင်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လိုတယ်ဆိုရင်တော့ သင်တန်းရွေးမမှားစေဖို့ အကြံပြုလိုက်ပါတယ်ရှင် ။

💢 လူဦးရေ အကန့်အသတ်နဲ့သာ လက်ခံတဲ့အတွက်ကြောင့် အမြန်လေးစာရင်းပေးသွင်းထားဖို့ လိုမယ်နော်

🇯🇵 အတတ်သင်ပေးမယ့် YUMIYA 🇯🇵

Basic + N5 June တန်းခွဲ

သင်တန်းစမည့်ရက် - ၂၀.၆.၂၀၂၃
သင်တန်းရက် - အင်္ဂါ ၊ ကြာသပတေး ၊ စနေ
သင်တန်းချိန် - မနက် ၁၀:၃၀ ~ နေ့လယ် ၁ နာရီ
သင်ကြားမည့်ဆရာမ - Daw Thuzar Myint
သင်တန်းကာလ - ၄ လတိတိ

အသေးစိတ်သိရှိလိုပါက
🗨 Page Messenger (or)
📱09882277052
📱 09954054060
📱 09756170555 ကို မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🏫 တိုက်-B ယုဇနလမ်း၊ အခန်း(၂၀၆) I Highway Complex အိမ်ရာ ၊Grand Hantha Hospital ဘေး၊ဟံသာ၀တီလမ်း၊နာနတ်တောလမ်း၊ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။




🗾JAPAN STUDENT VISA ⚠️ဂျပန်နိုင်ငံသို့ ကျောင်းဖြင့်လာရန် ကြိုးစားနေကြတဲ့ မောင်လေးညီမလေးများသို့ သတိထားရမည့်အချက်များ။ မိ...
15/06/2021

🗾JAPAN STUDENT VISA ⚠️

ဂျပန်နိုင်ငံသို့ ကျောင်းဖြင့်လာရန် ကြိုးစားနေကြတဲ့ မောင်လေးညီမလေးများသို့

သတိထားရမည့်အချက်များ။
မိမိလာမည့်အေးဂျင့်တွေကို မေးသင့်တာလေးတွေ
စဉ်းစားရသလောက် အကြံပြုပါမယ်နော်။

ကျောင်းလခ စျေးချိုတာ တခုတည်းကို မကြည့်စေချင်ပါ။
မိမိတက်ရောက်ရမည့် ကျောင်းနာမည်၊ Websites
ကျောင်းတည်နေရာ (နေရာပေါ်မူတည်၍ အချိန်ပိုင်း လုပ်အားခ ကွာပါတယ်၊ အချိန်ပိုင်းအလုပ်ပေါသည် ရှားသည်များလည်း ရှိပါတယ်။ )
ကျောင်းနဲ့အနီးဆုံးဘူတာ
ဘူတာမှကျောင်း လမ်းလျှောက်ကြာချိန်
ဘူတာနဲ့ဝေးလွန်းလျင် အလုပ်နဲ့ကျောင်း အသွားအပြန်အဆင်မပြေမှုများရှိတတ်။

ကျောင်းသားတယောက်သည် တပတ်ကို ၂၈နာရီသာလျင် အလုပ်လုပ်ခွင့်ရှိ။
မိမိလာမည့် ဒေသ၏ အနိမ့်ဆုံးလစာ ကြိုတင် မေးမြန်းသင့်။
မနိမ့်ဆုံးလစာ တနာရီ အနိမ့်ဆုံး၇၀၀ကျော်မှ ၁၁၀၀ကျော်
အိမ်လခ : ကျောင်းအဆောင်ရှိမရှိ။ အေးဂျင့်ဘက်မှ စီစဉ်ပေးမပေး။
ရေမီးဂတ်စ်ဖိုးအပါ တလကို ဘယ်လောက်လဲ?

ကျောင်းသားတယောက် မြန်မာပြည်မှ ကုန်ကျမည့်
ပထမနှစ်ကျောင်းလခသည် အိမ်သို့ ပြန်ပို့မပေးနိုင်ပါ။
ထို တနှစ်စာကျောင်လခကို မိမိအိမ်မှ မိမိအလုပ်ရသည်အထိ ပံ့ပို့ပေးထားန်ုင်သူများသာ ကျောင်းဖြင့်လာသင့်ပါတယ်။

ကျောင်းသားတယောက် တလဝင်ငွေ
အကြမ်းတွက်နည်း

တလကို နာရီ၁၂၀ အလုပ်လုပ်ခွင့်ရှိ
တနာရီ ၁၀၀၀ နှင့် တွက်ပြပါမယ်။
တလဝင်ငွေ။ ၁၀၀၀* ၁၂၀ နာရီ။ ၁၂၀၀၀၀
အိမျလခ။ (၃၀၀၀၀)
ဖုန်း၊ ရေမီးဂတ်စ်။ (၁၀၀၀၀)
စားစရိတ်။ (၂၀၀၀၀)
အပိုမသုံးသူများ။ ပိုငွေ။ ၆၀၀၀၀
ဒုတိယနှစ်ကျောင်းလခစုရန်။ ၆၀၀၀၀* ၁၂လ
၇၂၀၀၀၀
ဒုတိယနှစ်ကျောင်းလခသည် သောင်း ၇၀မှ ၈၀ကြားရှိ
ကျောင်းနှင့် အဆောင် ရထားခရှိပါကတွက်ရမည်
Language School ၂နှစ်တက်ပြီး အလုပ်ဝင်မည့်သူများ ဒုတိယနှစ်ကျောင်းသားဘဝ အိမ်ကို ငွေ အနည်းငယ်ပို့နိုင်မည်။

Language School ပြီး အလုပ်ရှာတာ အေးဂျင့်တွေပြောသလောက်မလွယ်ပါဘူး။ ခုနောက်ပိုင်း Language School ကျောင်းတက်နေရင်း
Tokutei Exam ဖြေထားပြီး
Tokutei Visa ပြောင်းသူများရှိလာ။

Language School (日本語学校) တက်ရောက်လိုလျင်

၁) Education: 12တန်းအောင်
မြန်မာနိုင်ငံပညာရေးက အထက်တန်းအောင်ထိ ၁၁တန်းပဲရှိလို့ တက္ကသိုလ် သို့ ကောလိပ် ပထမနှစ်အောင်
၂) ဂျပန်စာ အရည်အချင်း:
အနိမ့်ဆုံး JLPT N5
၂၀၂၂ခုနှစ်က ၄လပိုင်း ကျောင်း လျှောက်မယ်ဆို ခြွင်းချက်အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၂၀ ကတည်းက ဂျပန်စာစာမေးပွဲတွေ မကျင်းပဖြစ်တာမို့ အွန်လိုင်း အင်တာဗျူးဖြင့် အောင်လျင် ဂျပန်စာအောင်လက်မှတ်မလိုပါ။
ဂျပန်မှာ အလုပ်အကိုင်ကောင်းလေးတွေရဖို့ JLPT N4 အထက်~N3ဂျပန်စာ တတ်ထားမှလာတာ ပိုသင့်တော်
 
🗾ကျောင်းလျှောက်ရန်လိုအပ်ချက်များ

ဂျပန်နိုင်ငံဘက် မိမိလျှောက်ထားမည့်ကျောင်းမှထုတ်ပေးထားသောကျောင်းလျှောက်လွှာတွင် အချက်အလက်များဖြည့်ရမည်။ (ကျောင်းလျှောက်ကတည်းက မိမိကို ဘယ်ကျောင်းကို လျှောက်ပေးတယ်ဆိုတာ သိထားရမည်။ ကျောင်း Website ရှိပါက မိမိလျှောက်မည့်ကျောင်းကို မလျှောက်ခင် ကတည်းက ကြိုတင် လေ့လာသင့်ပါတယ်။ Website မရှိသည့်ကျောင်း အနည်းငယ် စိတ်ပူမိ။ (ကျောင်းနာမည် မပြောသော အေးဂျင့်များ ရှိပါတယ်။ )

1️⃣CV Form
2️⃣ကျောင်းအထောက်အထား အောင်လက်မှတ်၊အမှတ်စာရင်း
3️⃣ဂျပန်စာအနည်းဆုံး နာရီ၁၅၀အထပ်သင်ယူထားကြောင်း ထောက်ခံချက်/သင်တန်းဆင်းအောင်လက်မှတ်
4️⃣ပညာသင်ကြားနေစဉ်အတွင်းကျောင်းလခပံ့ပိုးပေးမည့်အုပ်ထိန်းသူ(မိဘ)၊ ဆွေမျိုး မိသားစုစာရင်းဝင်​၏
Bank Statement သိန်း ၂၀၀အထက်
ပုံမှန်ဝင်ငွေရှိကြောင်း အထောက်အထားပြနိုင်ပါက ပိုကောင်း
5️⃣လိုအပ်သော စာရွက်စာတမ်း နိုတြီဘာသာပြန်များ


🗾COE ကျပါပ ဂျပန်လဝက မှ ကျောင်းသို့အကြောင်းကြားမည်။ကျောင်းမှတဆင့် လျှောက်ထားသူထံအကြောင်းကြားမည်။
COE ရပြီး ၃ လအတွင်း ဂျပန်နိုင်ငံသို့ ထွက်ခွာရမည်။COE ရပါက မြန်မာနိုင်ငံရှိဂျပန်သံရုံးတွင်ဗီဇာလျှောက်ရမည်။ ဗီဇာရပါက ဂျပန်လေယာဉ်လက်မှတ်ဝယ်၍ လာနိုင်ပါပြီ။

မှတ်ချက်။ အေးဂျင့်မဟုတ်ပါ။
လက်ရှိ Sendai မှာ နေနေပါတယ်။
အေးဂျင့်ကနေမဟုတ်ဘဲ တိုက်ရိုက်ကျောင်းလျှောက်ချင်ပါက ကူညီပေးပါမည်။
Sendai က Language School
အေးဂျင့်က လာမည့်သူများလည်း အမှန်တကယ်ကျောင်းတက်လိုသူများ သိချင်တာရှိပါက မေးမြန်းနိုင်ပါတယ်။
သိသလောက် အချိန်ရလျင် ရှင်းပြပေးပါမယ်။

‼️ဂျပန်သို့ ကျောင်းလာတတ်မည့်သူများသည်
မိဘက မချမ်းသာလို့ မိမိကျောင်းစရိတ်မိမိဘာသာ ရုန်းကန်ရမည့်သူများ
နိဗ္ဗာန်သို့လာသည်မဟုတ် လောကဓံကို ကြံ့ကြံ့ခံနိုင်ရမည်။ ကြိုးစားမည့်သူတိုင်းအတွက် ပန်းတိုင်က လက်တကမ်းမှာပါ။
ပုံပြောကောင်းသော အေးဂျင့်များကြောင့်
ဂျပန်ကို အဟုတ်ထင်ပြီး ငွေတွေအရမ်းဝင်မယ်လို့
မထင်စေချင်ပါ။
ချက်ချင်း ဝင်ငွေရပြီး အိမ်ကိုထောက်ပံ့ချင်သူများကတော့
Training Visa
Professional Training Worker( Tokutei Gino)
အနေနဲ့လာ တာပိုသင့်တော်ပါတယ်။ အင်တာဗျူးအမြန်အောင်အောင် စာသေချာကြိုးစားကြပါနော်။

အားလုံး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေနော်



ဒုတိယအကြိမ် 📢အလုပ်ခေါ်ယူခြင်း( ဂျပန်နိုင်ငံတွင်း ရှိသူသာ )✅Visa အမျိုးအစား : Tokutei Ginou Visa✅အလုပ်အမျိုးအစား : Kaigo ...
11/06/2021

ဒုတိယအကြိမ် 📢အလုပ်ခေါ်ယူခြင်း( ဂျပန်နိုင်ငံတွင်း ရှိသူသာ )

✅Visa အမျိုးအစား : Tokutei Ginou Visa

✅အလုပ်အမျိုးအစား : Kaigo (ဘိုးဘွားပြုစုစောင့်ရှောက်ရေး)

✅လိုအပ်သည့်အရည်အချင်း : N4 နှင့်အထက်
အောင်ထားသူဖြစ်ပြီး Tokutei ginou Kaigo စာမေးပွဲ အောင်ထားသူ၊လေ့လာနေသူများ ဂျပန်စာအရည်အချင်းပေါ်မူတည်ပြီး ဆွေးနွေးနိုင်ပါတယ်

✅အလုပ်နေရာ : Ishikawa ခရိုင်

✅အခြေခံလခ : ၁၅သောင်း ယန်း

✅အဆောင်လခ ၁လကို ၁၀၀၀ယန်း(အလကားနီးပါးနေရမှာပါ) ရေမီးဂတ်စ်ဖိုးအားလုံး free

✅Wifi free

✅ညဆိုင်းရှိသည်
ညဆိုင်း ၁ကြိမ်ဆင်းလျှင် 5,000ယန်း

✅ညနေပိုင်းချိန်ဆင်းလျှင် ၁ကြိမ် ၁,၀၀၀ ယန်း

✅အဆိုင်း၃ကြိမ်ဆင်းရလျင်ပေးသောထောက်ပံ့ကြေး : 10,000 /၁လ

✅အထူးထောက်ပံ့ကြေး : 5,000 / ၁လ

✅နားရက် : ၁ပတ် ၂ရက် /
အလုပ်အချိန်ဇယားပေါ်မူတည်ပြီး နားရမည်

✅နှစ်စဉ် လခတိုးသည့်စနစ်ရှိသည်

✅Bonus ရှိသည် - ၁နှစ်လျှင် ၃.၆လစာ
(အခြေခံလစာ ၁၅၀၀၀၀x ၃.၆ ဆိုပါတော့ ၅၄သောင်း ယန်းပါ)

★အသေးစိတ်ကို Messenger မှ ဆက်သွယ်မေးမြန်းပါ

★အလုပ်မိတ်ဆက်ပေးခ / အင်တာဗျူးကြေး လုံးဝလုံးဝ ပေးရန်မလိုပါ
🗾မှတ်ချက်။ နေရာက နဲနဲခေါင်ပါတယ်
အပြင်ခဏခဏ အလည်ထွက်ချင်တဲ့သူတွေကတော့
မလျှောက်ပါနဲ့။
Wifi ရှိရင် ပိတ်ရက် မိမိအဆောင်မှာဘဲ အေးဆေးနေပြီး၊ မိသားစု၊မိမိချစ်နှစ်သက်လိုသူများနဲ့ဘဲ ဖုန်းပြောပြီး ကုန်ဆုံးသူ။ တခါတရံမှသာ အလည်ထွက်မယ့် သူတွေကိုတော့ တိုက်တွန်းပါရစေ။
အားနည်းချက်က နေရာခေါင်တာပါ။
အခြား Kaigo နေရာတွေထက် အားသာချက်တွေအများကြီးပါနော်။
ဥပမာ-အဆောင်(ရေမီးwifi ) အပါ တလကို ယန်း ၁၀၀၀ပဲ
စက်တွေအသုံးပြုထားများကို အလေးတွေ သိပ်မ မရပါဘူး။
Bonus က တနှစ်မှာ ၃လခွဲစာတောင်ရမှာနော်❣️❣️❣️

စိတ်ဝင်စားသူများ
Messenger : SU MYAT AUNG
Viber. : +819020319767
Phone. : 090-2031-9767
************************************************
【日本国内の介護の求人募集】

仕事内容:介護全般

応募条件: 特定技能介護技能試験合格者/日本語能力 N4以上合格者

給与:月給、基本給15万円

夜勤手当:1回につき5,000円

遅番手当:1回につき1,000円
3交代手当: 10,000円/1ヶ月
特定手当: 5,000円/1ヶ月

社宅:あり(月1,000円)水道光熱費込
Wifiあり

昇給:あり

賞与:あり、年3.6ヶ月分

休日:1週2休ローテーション制

場所:石川県

求人枠:6名

詳しくはメッセンジャーよりお問い合わせください。

ယခုအချိန်မှာ နိုင်ငံမပြန်ချင်သေးဘဲ ဂျပန်မှာဆက်လက်ကြိုးစားပြီး မိမိတိုင်းပြည်၊ မိမိမြို့၊ မိမိအသိုင်းအဝိုင်း မိသားစုတွေကိ...
05/05/2021

ယခုအချိန်မှာ နိုင်ငံမပြန်ချင်သေးဘဲ ဂျပန်မှာဆက်လက်ကြိုးစားပြီး မိမိတိုင်းပြည်၊ မိမိမြို့၊ မိမိအသိုင်းအဝိုင်း မိသားစုတွေကို ထောက်ပံ့ချင်တဲ့သူတွေအတွက်

📢အလုပ်ခေါ်ယူခြင်း( ဂျပန်နိုင်ငံတွင်း ရှိသူသာ )

✅Visa အမျိုးအစား : Tokutei Ginou Visa

✅အလုပ်အမျိုးအစား : Kaigo (ဘိုးဘွားပြုစုစောင့်ရှောက်ရေး)

✅လိုအပ်သည့်အရည်အချင်း : N4 နှင့်အထက်
အောင်ထားသူဖြစ်ပြီး Tokutei ginou Kaigo စာမေးပွဲ အောင်ထားသူ၊လေ့လာနေသူများ ဂျပန်စာအရည်အချင်းပေါ်မူတည်ပြီး ဆွေးနွေးနိုင်ပါတယ်

✅အလုပ်နေရာ : Ishikawa ခရိုင်

✅အခြေခံလခ : ၁၅သောင်း ယန်း

✅အဆောင်လခ ၁လကို ၁၀၀၀ယန်း(အလကားနီးပါးနေရမှာပါ) ရေမီးဂတ်စ်ဖိုးအားလုံး free

✅Wifi free

✅ညဆိုင်းရှိသည်
ညဆိုင်း ၁ကြိမ်ဆင်းလျှင် 5,000ယန်း

✅ညနေပိုင်းချိန်ဆင်းလျှင် ၁ကြိမ် ၁,၀၀၀ ယန်း

✅အဆိုင်း၃ကြိမ်ဆင်းရလျင်ပေးသောထောက်ပံ့ကြေး : 10,000 /၁လ

✅အထူးထောက်ပံ့ကြေး : 5,000 / ၁လ

✅နားရက် : ၁ပတ် ၂ရက် /
အလုပ်အချိန်ဇယားပေါ်မူတည်ပြီး နားရမည်

✅နှစ်စဉ် လခတိုးသည့်စနစ်ရှိသည်

✅Bonus ရှိသည် - ၁နှစ်လျှင် ၃.၆လစာ
(အခြေခံလစာ ၁၅၀၀၀၀x ၃.၆ ဆိုပါတော့ ၅၄သောင်း ယန်းပါ)

★အသေးစိတ်ကို Messenger မှ ဆက်သွယ်မေးမြန်းပါ

★အလုပ်မိတ်ဆက်ပေးခ / အင်တာဗျူးကြေး လုံးဝလုံးဝ ပေးရန်မလိုပါ

************************************************
【日本国内の介護の求人募集】

仕事内容:介護全般

応募条件: 特定技能介護技能試験合格者/日本語能力 N4以上合格者

給与:月給、基本給15万円

夜勤手当:1回につき5,000円

遅番手当:1回につき1,000円
3交代手当: 10,000円/1ヶ月
特定手当: 5,000円/1ヶ月

社宅:あり(月1,000円)水道光熱費込
Wifiあり

昇給:あり

賞与:あり、年3.6ヶ月分

休日:1週2休ローテーション制

場所:石川県

求人枠:6名

詳しくはメッセンジャーよりお問い合わせください。

15/02/2021

ဟန်ပြပြတာလာလား ဆန္ဒပြတာလား
မကောင်းဆိုးဝါး နာနာဘာဝတို့မည်သည် အလင်းရောင်ကို ကြောက်ဘိသကဲ့သို့ ဒင်းတို့သည်လဲ အလင်းရောင်ကိုကြောက်နေကြခြင်းသာဖြစ်သည် ဖုတ်သဘက်တို့သည် နေခင်းဘက်၌အိပ်ပျော်နေပြီး ညဘက်၌ အဆုံးစွန်ထိ သောင်းကျန်းသကဲ့သို့ ဒင်းတို့သည်လဲ နေခင်းတွင်အိပ်၍ ညခင်းတွင်သောင်းကျန်းကြမည် မကောင်းဆိုးဝါးသည် မိမိအကျိုးကို လိုလားသူများမဟုတ် မိမိကို တနည်းမဟုတ် တနည်း ပျက်စီးရာပျက်စီးကြောင်းကြံစည်လျှက် ဒုက္ခပေးဖို့ ချောင်းမြောင်းနေဘိသကဲ့သို့ ဒင်းတို့သည်လဲ ကျွန်ုပ်တို့ကို ဖျက်ဆီးးဖို့ အချိန်ကိုငံ့လင့်နေခြင်းသာဖြစ်သည် အချိန်ကျသည်နှင့် မုချဖျက်ဆီးကြမည်သာ ဒေဝဒတ်နှင့် မာန်နတ်တို့ကို မိတ်ဆွေဖွဲ့၍ မကောင်းသကဲ့သို့ ဒင်းတို့သည်လဲ မိတ်ဆွေမဖြစ်တန်ရာ မိမိကို သတ်မည့်အရာများနှင့် ဖက်လဲတကင်း ပြုမူနေသူများ သတိထားကြပါကုန်
သဗ္ဗေသတ္တာကမ္မသကာ

12/02/2021

တွေ့ ရှောင် ချီတက်တဲ့
လုံထိန်းတွေတွေ့ရင် ရှောင်ပြီး ချီတက်သွားတာဟာ အဖြေလား????
ကျနော်တို့တတွေရဲ့ အောင်မြင်မှုအဓိက သော့ချက်ဟာ CDM လို့ တထက်ကျယုံကြည်တယ်ဆိုရင် တနိုင်ငံလုံး CDM မှာပါဝင်ဖို့ ဘယ်လိုလုပ်မလဲ??
လုံထိန်းတွေရှေ့မှာသွားပြီး ပြည်သူ့ရဲလို့ အော်နေတော့ရော သူတို့က တကယ်ပဲ ပြည်သူ့ရဲဖြစ်သွားရောလား စဥ်းစားဖို့လိုပြီ
ကျနော့ အတွေးကိုပြောရရင် စကားပြော​ချေငံကျွမ်းကျင်တဲ့သူတယောက်က ဦးဆောင်ပြီး အဲ့ဒီလုံထိန်းတွေကို ဆွယ်တရားဟောရမယ် မကြောက်တရားဟောရမယ် ခြေဆယ်လှမ်းလောက်သာကွာဝေးတဲ့ မိမိတို့ဆီကို တခါတည်းပြေးဝင်ပူးပေါင်းလာချင်စိတ်ပေါက်တဲ့အထိ ဖြစ်နိုင်ရင် ပြေးဝင်ပူးပေါင်းလာတဲ့အထိဟောပြောနိုင်ရမယ် သူနဲ့ သူ့မိသားစုကိုက်ို မိမိတို့ ဘယ်လောက်ထိ လုံခြုံအောင်ဝှက်ထားပေးနိုင်စွမ်းရှိကြောင်း လုံးဝယုံကြည်စိတ်ချတဲ့အထိ ဟောပြောနိုင်ရမယ် တကယ်လဲလုပ်ပေးနိုင်ရမယ် ရဲနဲ့စစ်သား များနိုင်သမျှ များများပါလာအောင်ဟောပြောန်ိုင်ရင် အောင်ပြီလို့ထင်မိတယ်
နှမ်းတစေ့နဲ့လဲ ဆီဖြစ်ကြပါစေ

12/02/2021

CDM CDM နဲ့ စကားလုံးလေးက သုံးလုံးပဲရှိပေမယ့် အဲ့ဒီ CDM လုပ်တဲ့ ဝန်ထမ်းမှာ သူတို့ကိုမှိီခိုနေတဲ့ မိသားစုတွေ သူတို့ရဲ့ ဘဝတွေနဲ့ရင်းထားရတာ မတော်တဆ စစ်အုပ်စု သူပုန်တွေသာ အနိုင်ရသွားရင် CDM လုပ်တဲ့ ဝန်ထမ်းတွေရဲ့ဘဝတွေ စုတ်ပြတ်သတ်သွားတော့မယ် သူတို့ရဲ့အသက်တွေတောင် အာမမခံနိုင်ဘူး ဒီလိုတွေရင်းထားတာတောင် ပေါ့ပျက်ပျက်နဲ့ ဟာသလိုလို ရုပ်ပြောင်လိုလိုလုပ်နေတဲ့ကောင်တွေကရှိသေး သြနှလုံးနာဖွယ် ဟာသမဟုတ်ဘူးနော် ဘဝတွေ ဒါတွေကို ကိုင်တွယ်ဖို့ ခေါင်းဆောင်လိုနေပြီ ကျ​နော့ စိတ်ထဲမှာ ခေါင်းဆောင်လို့ပြောလိုက်ရင် ၈၈ မျိုးဆက်တွေနဲ့ ဦးဇာဂနာ တို့တသိုက်ကိုပဲပြေးမြင်မိတယ် အခု အဲ့ဒိီလူတွေ ဘယ်ရောက်နေလဲ ကိုမင်းကိုနိုင်တယောက်ကလွဲရင် ဘယ်သူမှရှေ့ထွက်မလာဘူး ဦးဇာဂနာဆို ဒီကိစ္စနဲ့ပတ်သက်ပြီး တခွန်းမှတောင်မဟဘူး အရမ်းထူးဆန်းပြီး အရမ်းအံ့သြဖို့ကောင်းတယ် ခင်ဗျားတို့​​ပြောတဲ့ CDM ဆိုလို့ ဌာန ဆိုင်ရာ ဝန်ထမ်း တော်တော်များများ CDM လိုက်ကြပြီ ရဲနဲ့ စစ်သားလောက်ပဲကျန်တော့တယ် လှည်းနေလှေအောင်း မြင်းစောင်းပါမကျန်တနိုင်ငံလုံးလဲ အုံကြွနေပြီ ကဲ ဘာလိုသေးလဲ ကျနော့တို့ဘက်က တာဝန်ကျေနေပြီ ခင်ဗျားတို့က ဘယ်သွားအိပ်ပျော်နေလဲ ဘာလဲ အချိန်မကျသေးလို့လား ခင်ဗျားတို့က အချိန်ဘယ်လောက်ထိယူချင်တာလဲ တပတ် နှစ်ပတ်လောက်ပဲ အချိန်ရတဲ့ဟာကို စဥ်းစားနေရမယ့်အချိန်မရှိဘူး လှုပ်ရှားရမယ့်အချိန် တကယ်ဆို ခုချိန်မှာ ဦးဇာဂနာကြီးက ဘယ်နားမှာ ဘယ်လိုကြွေးကြော်သွားတယ် ဦးကိုကိုကြီးကတော့ ဘယ်နေရာမှာ ဘာပြောသွားတယ် ကိုဂျင်မီက ဘယ်လိုမကြောက်တရားဟောသွားတယ် ဦးမင်းကိုနိုင်က ဘယ်နေရာမှာ ဘာလုပ်ရမယ်လို့ ညွှန်ကြားသွားတယ် ဒီလိုဖြစ်နေရမှာ ခုတော့ ခင်ဗျား တို့က ကြောက်ချေးပန်းပြီးပုန်းနေတယ် (အဖမ်းခံထိသွားသောသူများကိုမဆိုလို)ဘာတဲ့ Gen-z တဲ့လူတိုင်းက ခေါင်းဆောင်ပါပဲတဲ့ ဒီလိုတွေအာရိုက်မနေနဲ့ လူတိုင်းက ခေါင်းဆောင်ဆိုလို့ ကိုယ့်မင်းကိုယ့်ချင်း ကိုင်ချင်တဲ့ ဆိုင်းဘုတ်ကိုင် အော်ချင်တဲ့ ကြွေးကြော်သံတွေအော် ကသောင်းကနင်းဖြစ်နေပြီ ဘယ်ဆိုင်းဘုတ်ကိုကိုင်ပြီး ဘယ်လိုကြွေးကြော်ရမလဲ မသိ ဘယ်နေရာမှာ ဆန္ဒသွားပြရမလဲမသိ ဟိုရုံးလိုလို ဒီရုံးလိုလို target ပျောက်နေပြီ အေးး ဒိီဘက်က ဖြစ်ချင်တိုင်းဖြစ်နေတဲ့ အချိန် ဟိုဘက်က လုပ်စရာရှိတာတွေ ဇယ်ဆက်သလိုလုပ်နေတယ် လက်ရဲဇက်ရဲလုပ်နေတယ် ဒီအခြေနေတွေကို ဘယ်လိုဖြေရှင်းမလဲ ဒါ့ကြောင့် ခေါင်းဆောင်လိုနေပြီပြောတာ ဘာလဲခင်ဗျားတို့က Gen-Z တွေကိုထိုးကျွေးပြီးမှ နေရာဝင်ယူမလို့လား ဒီလိုဆိုရင်တော့ sorry ပဲ ဟဟပဲရမယ်နော် သမိုင်းဆိုတာလိမ်လို့မရဘူး နိုင်ငံရေးအရေခြုံတွေ ရေပေါ်ဆီတွေ မလိုချင်ဘူး ကျနော်တို့ Gen-Z တွေက ဘယ်လောက်ဖြူစင်လဲ ကိုယ်ပေးထားတဲ့မဲတပြား အလကားမဖြစ်စေချင်လို့ စစ်အာဏာရှင်စနစ်ဖြုတ်ချချင်လို့ ပါဝင်ကြတာရိုးရိုးရှင်းရှင်းလေးပဲ နေရာယူချင်လို့ အာဏာရချင်လို့ တခုမှမပါဘူးခင်ဗျားတို့က နိုင်ငံရေးအရေထူပြီး နိုင်ငံရေးပါးဝနေပြီ ခင်ဗျားတို့က ကွက်ကျော်မြင်တယ် တကယ်ဆို ခင်ဗျားတို့က ရှေ့ကနေ ပေးဆပ်သင့်တာ တာဝန်ယူသင့်တာ ခေါင်းဆောင်မူ့ပေးသင့်တာ (ကျတော်တို့ Gen-Z တွေအပေါ် စေတနာမှန်ရင်ပြောပါတယ် မမှန်ရင်လဲ ကံမသကာပေါ့ ဘယ်တတ်နိုင်မလဲ) ဒါ့ကြောင့် ခင်ဗျားတို့တတွေကြောက်ချေးပန်းပြီးပုန်းမနေနဲ့ သတ္တိရှိရှိရှေ့ထွက်လာ ခင်ဗျားတို့တတွေ မြေဖြူကိုင်တဲ့ ဆရာမလေးတွေ အပ်ကိုင်တဲ့ ဆရာမလေးတွေ ချိုင်းထောက်နဲ့ ဆန္ဒပြနေတဲ့ ညီလေး ဝှီးချဲလ်ပေါ်က ဦးလေးကြီး လုံထိန်းတွေရှေ့မှာစကိတ်စီးနေတဲ့ ကလေးငယ်လေးတွေ သူတို့လောက်တော့ သတ္တိရှိသင့်တယ် သွေးရဲသင့်တယ် တကယ်လို့ ခင်ဗျားတို့ ထွက်မလာဘူးဆိုရင် ၈၈ မျိုးဆက် ခေါင်းဆောင်တွေဆိုတာ အလိမ်အညာတွေပဲ အချိုချောင်နှိုက်ပြီး ယူထားတဲ့ ဂုဏ်ပုဒ်တွေပဲလို့ သတ်မှတ်ရမယ် အရမ်းကို ရုပ်ဆိုး အကျည်းတန်ခဲ့တဲ့ ၈၈ တုန်းကတောင် ရင်းထားပြီးပြီးပဲ ရင်းလိုက်စမ်းပါ ရဲရဲကြီး တနိုင်ငံလုံးက တကမ္ဘာလုံးက လွမ်းကျန်ရစ်လောက်အောင်လုပ်ပစ်လိုက်စမ်းပါ တခုတော့ရှိတယ် ခင်ဗျားတို့ကို အဖမ်းခံပြီး ထောင်ထဲသွားဖို့ပြောနေတာမဟုတ်ဘူး ကျနော်တို့အတွက် တိကျတဲ့ ဆုံးဖြတ်ချက် တိကျတဲ့ သဘောထားထုတ်ပြန်ချက် တ်ိကျသေချာတဲ့ ညွှန်ကြားချက် ဒါတွေကို ထိထိရောက်ရောက်လုပ်ပေးကြပါ ​မြေအောက်လှုပ်ရှားမှု့တို့ဘာတို့ပေါ့ ဒါတွေကို ခင်ဗျားတို့က ပိုပြီးနားလည်ပါတယ် ဆိုင်းဘုတ်ကိုင်တာ ကြွေးကြော်တာကအစ စနစ်တကျလုပ်ပေးကြပါ ကျနော်တို့ကို အကောင်းဆုံးခေါင်းဆောင်မှုပေးကြပါ စစ်ဖိနပ်အောက် နောက်တခေါက်ပြန်မရောက်ပါရစေနဲ့
နှမ်းတစေ့နဲ့လဲ ဆီဖြစ်ကြပါစေ

12/02/2021

အတည်အကြည်လုပ်တဲ့သူတွေက အားသွန်ခွန်စိုက်လုပ်လို့ အပြောင်အပြက်လုပ်တဲ့သူတွေကလုပ်လို့ တဖြည်းဖြည်းပေါ့ပျက်ပျက်ဖြစ်လာသလိုပဲ ပျော်ပွဲရွှင်ပွဲလုပ်နေတာမဟုတ်ဘူး တိုက်ပွဲဝင်နေတာ တကယ်ဆို ​ခေါင်းဆောင်လိုနေပြီ သတ်မှတ်ထားတဲ့ ဆိုင်းဘုတ်တွေပဲ ကိုင်သင့်တယ် သတ်မှတ်ထားတဲ့ ကြွေးကြော်သံတွေပဲ အော်သင့်တယ် ဒီတခါရှုံးရင် သံသရာထ်ိမှောက်တော့မယ် (တကယ်ဆို ဟိုဘက်က နိုင်ချင်ရင် ဘာမှလုပ်စရာမလိုဘူး ဒီတိုင်းလေးလွှတ်ထားလိုက် တလမကြာဘူး အရှိန်သေရင် ရပ်သွားလိမ့်မယ် လမ်းတွေပ်ိတ်မနေနဲ့ လမ်းရှင်းပေးလိုက် ကျေးဇူးလဲတင်ခံရသေးတယ်) ကျနော်တို့တွေ သိသိကြီးနဲ့ ခံရတော့မယ် အချိန်ကြာလာတာနဲ့ အမျှ အားလျော့လာတော့မယ် မြန်နိုင်သမျှမြန်အောင်လုပ်သင့်တယ် လက်လုပ်လက်စားတွေကရော ဘယ်လောက်ထိတောင့်ခံနိုင်မလဲ အလှူရှင်တွေကရော ဒီလူအုပ်ကြီးကို ဘယ်လောက်ထိ ကျွေးမွေးနိုင်မလဲ စဥ်းစားဖို့လိုပြီ တနိုင်ငံလုံးစည်းလုံးနေတဲ့ အချိန် ကိစ္စကို မြန်မြန် လက်စသတ်ဖို့လိုပြီ facebook ပေါ် ပုံတွေတင်နေရုံ live လွှင့်နေရုံနဲ့တော့ ဒီကိစ္စက အပြီးသတ်သွားမှာမဟုတ်ဘူး ကျနော်တို့လူမျိုးတွေက တယ်လဲလူရာဝင်ချင်ကြတာကိုးးး တခုခုဆို ကိုယ့်ကို လူတွေသိသွားမှ ကိုယ်က ထင်ပေါ်သွားမှ နေသာထိုင်သာရှိတာကိုးးး ကျနော်တို့လူမျိုးတွေရဲ့စိတ်က ကောက်ရိုးမီးလိုမျိုးးး ဦးကိုနီတုန်းကလဲ ဦးကိုနီ ဦးကိုနီနဲ့ ဗက်တိုးရီးယားတုန်းကလဲ ထိုနည်း၄င်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သမျှ ကိစ္စတွေအားလုံး ဝုန်းခနဲ တပတ်လောက်ပဲလောင်တယ် ပြီးတော့လဲ ပြီးသွားတာပါပဲ တကယ်ဆို ဖွဲမီးလို တ​မြေ့မြေ့လောင်သင့်တယ် ခုလဲ စလာပြီ လူအုပ်ကြားထဲ လက်ထပ်ခွင့်တောင်းတဲ့သူနဲ့ လုံထိန်းတွေရှ့မှာ ဘီယာသောက်ပြတဲ့လူနဲ့ ကခုန်နေတဲ့သူတွေနဲ့(ပင်ပန်းနွမ်းနယ်နေတဲ့လူအုပ်ကြီးကိုစိတ်သက်သာစေဖို့ စေတနာနဲ့ ဖျော်ဖြေမူ့ပေးတာဆိုရင်တော့ အပြစ်မပြောလိုပါ) စသဖြင့် စသဖြင့် ကျနော်တို့ သွားမယ့်ပန်းတိုင်နဲ့သွေဖယ်နေတယ် ဒီကိစ္စတွေကို ထိန်းသိမ်းသင့်ပြီလို့ထင်တယ် ကြာလာရင် အပြစ်ပြစ်နဲ့ နှာခေါင်း သွေးထွက်တော့မယ် cele ဖြစ်ချင်တယ်ဆိုရင် တခြားသောနည်းလမ်းများဖြင့် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်
နှမ်းတစေ့နဲ့လဲဆီဖြစ်ကြပါစေ

Civil Disobedience ကိုအားပေထောက်ခံတဲ့အနေနဲ့ ဝန်ထမ်းတွေမှာ တစုံတခု စားဝတ်နေရေး အခက်အခဲဖြစ်လာရင် ကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်...
08/02/2021

Civil Disobedience ကိုအားပေထောက်ခံတဲ့အနေနဲ့ ဝန်ထမ်းတွေမှာ တစုံတခု စားဝတ်နေရေး အခက်အခဲဖြစ်လာရင် ကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျပန်ပြည်တွင်း Funding စစုဖို့လုပ်ပါမယ်။ အခုအချိန်မှာတော့ မြန်မာပြည်မှာ ဘယ်သူက ဘယ်လိုပုံစံမျိုးနဲ့ လစာငွေတွေဖြန့်ပေးမလဲဆိုတာ ညှိနှိုင်းနေဆဲဖြစ်တာမို့ အလှူငွေထည့်သူတွေအနေနဲ့လည်း ယုံကြည်စိတ်ချမှုအရင်းခံပြီးမှ ထည့်ပေးပါ။
ဘဏ်သီးသန့်ဖွင့်ဖို့လုပ်ပေမယ့် အနည်းငယ်အခက်အခဲတွေ့တာမို့ သိပ်မသုံးဖြစ်တဲ့ဘဏ်အကောင့်တွေကိုပဲ ငွေလက်ခံဖို့ ဆုံးဖြတ်ကြပါတယ်။
အလှူငွေလွှဲသူတွေအနေနဲ့ ကျွန်တော်တို့ စစ်ရလွယ်အောင် အောက်ပါအချက်များပါအောင်ရေးပြီး page messenger ကိုပို့ပေးပါ။

(၁) ဘယ်သူက (မောင်မြက)
(၂) ဘယ်ဘဏ်ကို (ဘဏ် ၁ )
(၃) ဘယ်နေ့က (ရက်စွဲ)
(၄) ဘယ်ဘဏ်ကနေ (ဘဏ်နာမည်နဲ့ ဘဏ်ထဲကနာမည်)
(၅) ဘယ်လောက် (ငွေပမာဏ)
အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင် စာရင်းစစ်ပေးပြီး စာပြန်ပါ့မယ်။

(1) ゆうちょ銀行
10160-45321681(支店-〇一八)
ヌィ ニー ウェン 
(မှတ်ချက် - 支店နဲ့လွှဲရင် 4532168ထိပဲဆိုရပါပြီ။ ဘဏ်ခွဲနာမည်က ၀၁၈ ပါ)

(2) 7 bank
銀行番号 0034
店番号 109
口座番号 0785972
ヤン ナイン ウィン

(3) 京都銀行
金額機関コード 0158
店番 126
通帳口座番号 3619793
ミャ テインギー トウ

(4) UFJ 銀行 (支店- 高田馬場)
店番-053
口座番号 1541003
ス ティリー ソ

ဒေါ်စုတို့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ ဆိုက်ဝါးပါ။ မနက်ဖန်ကိုကြောက်လို့ လုပ်နေတာပါ။ အဲဒီမက်ဆေ့တွေကို SMS တွေကနေ လက်ဆင့်ကမ်...
06/02/2021

ဒေါ်စုတို့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ ဆိုက်ဝါးပါ။ မနက်ဖန်ကိုကြောက်လို့ လုပ်နေတာပါ။

အဲဒီမက်ဆေ့တွေကို SMS တွေကနေ လက်ဆင့်ကမ်းပို့နေကြတာပါ။ ပြည်တွင်းက သက်ဆိုင်သူတွေကို သိအောင်ပြောပြကြပါ။ လုံးဝ မဟုတ်ပါဘူး။

လူလုံးမမြင်ရမချင်း ဒီသတင်းကို မယုံသင့်ဘူးထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး ဦးဝင်းမြင့်လွတ်လာပြီဆိုတာ မျက်စိနဲ့မမြင်ရမချင်း အမှန်လို့ မယူဆနိုင်ပါဘူး။ ‼️

လွတ်လာပြီဆိုရင်လဲ လူရှေ့ကို ရောက်ကိုရောက်မှာဖြစ်ပါတယ်။ ‼️

သက်သေမရှိတဲ့သတင်းတွေ ထွက်လာတာ အကြောင်းကိုရှိမှာမလို့ အပျော်မလွန်ပဲ စဥ်းစားချင့်ချိန်ကြဖို့ အချင်းချင်း သတိပေးပေးကြပါ။

Covid-19  တိုကျို၏အုပ်ချုပ်ရေးမှူးထံမှသတင်းစကား
20/11/2020

Covid-19  တိုကျို၏အုပ်ချုပ်ရေးမှူးထံမှသတင်းစကား

မိမိတန်ဖိုးထားသူကို ကာကွယ်နိုင်ရန် “ရောဂါ ကူးဆက်မခံရ။ မကူးဆက်စေရ” ဟုသောဆောင်ပုဒ်အတိုင်း အတူလက်တွဲကြိုးစာ...

Mt.Fu Ji သို့တခေါက် အပိုင်း ၂ အတွေးလေးတွေ ရပ် လုပ်ငန်းလေး ဆက်လုပ်ဦးမှ.... တောင်က တဖြည်းဖြည်းမြင့်လာလေ လေဖိအားက တဖြည်းဖြ...
15/09/2020

Mt.Fu Ji သို့တခေါက် အပိုင်း ၂
အတွေးလေးတွေ ရပ် လုပ်ငန်းလေး ဆက်လုပ်ဦးမှ....
တောင်က တဖြည်းဖြည်းမြင့်လာလေ လေဖိအားက တဖြည်းဖြည်းနည်းလာလေ..ဆိုတော့ အသက်ရှူ ရတာ မဝချင်...အောက်ဆီဂျင်ဗူးလေးကို မျက်စိထဲမြင်ယောင်လာသည်😁😁 တညလုံးတက်နေရတော့ လူက သိပ်မဟန်ချင်..... energy လိုလာပြီ...သောက်စရာ ဆိုလို့ ရေဗူးပဲပါသည်.. ကွိုင်ပဲ🥵🥵 အခုတော့ ကောင်းကောင်းကြီး နောင်တရပြီ...ပြန်ဆင်းပါ့မယ်ဆိုတော့ တောင်ထိပ်ကိုရောက်လုပြီ..ဆက်တက်ပါ့မယ်ဆိုတော့ လူက အားပြတ်နေပြီ....ကဲ ဘယ်လိုလုပ်ရပါ့..... 8 ထပ်ထိတော့ ရသေးတယ်.. နားလိုက် သွားလိုက်....(အထပ် 10 ထပ်ထိရှိသည် တထပ်လျှင် နားစခန်းတခု ရှိသည် ခေါက်ဆွဲဆိုင်လေးတွေရှိသည်စားသောက် နားနေပြီး ခရီးဆက်နိုင်သည် အိမ်သာတက်ချင်လျှင် ကြွေစေ့လေးထည့်ရသည်) 8 ထပ်ကနေ တောင်ထိပ်ထိ တယောက်သွား လမ်းလေးဖြစ်လို့ လုံးဝရပ်နားလို့မရတော့ လျှာထွက်ပြီပေါ့🥵🥵🥵🥵🥵🥵🥵 တက်နေရင်း သတိထားရသည်.. မီးငြိမ်းတောင်ဆိုတော့ သိတဲ့အတိုင်း မြေတွေကမခိုင်.. ကျစ်သီးမြေတွေဆိုတော့ ခဲလုံးလေးကို ချော်နင်းမိလို့ကတော့ ထိပ်ဆုံးမှနေ အောက်ဆုံးထိ ပြန်ရောက်သွားနိုင်သည်....ဖူဂျီတောင်က သိကြတဲ့အတိုင်း စပါးပုံလိုတောင်မျိုးး... ဆင်ခြေလျှောလေးနဲ့ မတ်စောက်သည်....ထိပ်ကိုရောက်ခါနီးလေ မတ်လေပဲ...လူက အသက်ရှူမဝတော့ ခေါင်းတွေမူးလာပြီ...energy တွေ ယုတ်လျော့လာတော့ လူက အားပြတ်ပြီး ဒူးတွေယိုင်နေပြီ....ရှေ့ဆက်ပြီးပဲ တက်ရမလား..အောက်ကိုပဲ လှိမ့်ချလိုက်ရင်ကောင်းမလားတွေးမိသည်(သေမှာကြောက်သောကြောင့် လှိမ့် ချမည့်အတွေးကို ဖျောက်ပစ်လိုက်ရသည်😁😁) လုံးဝရပ်ပြီး နားလို့မရတော့...ကိုယ်ရပ်ရင်နောက် လူတန်းကြီးက အားလုံးအခက်တွေ့တော့မည်...ကျနော့ကို ကျော်တက်ကြပါဆိုပြီး ရှောင်ပေးစရာ နေရာကလဲ မရှိ...လမ်းကကျဉ်းကျဉ်းလေးဆိုမှ တကယ့် ကျဉ်းကျဉ်းလေး...လူတယောက်လျှောက်သာရုံသာ...ကျနော် ထိုင်ငိုချင်စိတ်ပေါက်လာပြီ...လျှာရှည်ပြီး တက်ခဲ့မိတာ မှားလေခြင်းးးးအရာရာကို လက်လျှော့လိုက်ချင်တော့သည်.....အဲ့ဒီအချိန်မှာ ကျနော့ အပေါ်၃/၄ ယောက်ခြားလောက်က တဟင့်ဟင့်နဲ့ ကလေးငိုသံကြားလိုက်သည်... ကျနော် သေချာကြည့်လိုက်တော့ ၄/၅ နှစ်အရွယ် ကလေးမလေး...ကျောက်တုံးပေါ်ကို လေးဖက်ထောက် ကုတ်ကပ်ပြီး ငိုရင်းနဲ့တက်နေသည်...နောက်မှ အဖေဖြစ်သူက ကြိုးစားထား ကြိုးစားထား နောက်မှာ အဖေရှိတယ် ဆိုပြီး အားပေးနေသည်....ကျနော့အတွက် တော်တော်ကြီး ထူးဆန်းနေသည်....ဘယ်အတွက်ကြောင့်များ ဒီလောက်မြင့်တဲ့တောင်ပေါ်ကို ဒီကလေးလေးကို ခေါ်လာရတာပါလိမ့်🤔🤔🤔ဒီတောင်ထိပ်ကိုရောက်ရင်ရော ဘာအကျိုးရှိမှာမို့လဲ....ဒီလူ ရူးများနေသလား.....လိမ့်ကျပြီးသေရင် ခက်ရချည်ရဲ့...မိဘမေတ္တာခေါင်းပါးလှချည်ရဲ့... ကဲ ခေါ်ခဲ့မိလို့ပဲထားပါတော့ ဒီလိုအခြေနေမျိုးမှာ ကျောပိုးပြီးတက်လိုက်ပါလားးး ခုတော့ ဖင်လေးကိုတောင် တွန်းမပို့ဘူးးးလက်ကလေးကိုတောင် မတွဲပေးဘူးးးသူရပ်ရင် နောက်မှ ရပ်ကြည့်နေသည်...ခက်သည်က ဘေးမှာလူတွေကလဲ ကလေးကို ဒီလောက်အမြင့်ကြီးထိ ဘာကြောင့်ခေါ်လာရသလဲ....မင်းကလေးကြောင့် ငါတို့ ခရီးဖင့်နေပြီ...ဘာဖြစ်တယ် ညာဖြစ်တယ် တခွန်းမှ ဝင်မပြောကြ....သူတို့သား အဖ ရပ်ရင် ရပ်ကြသည်....သူတို့သား အဖ ဆက်သွားရင် သွားကြသည်...ကလေးကို ဘယ်သူမှ ဝိုင်းမကူပေးကြဘူးးးကဲ မခက်ပေဘူးလားးးတကယ်တော့ ကျနော်တို့ ခင်ဗျားတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကျရှုံးမူ့တွေ စိတ်ပျက်မူ့တွေ အရာရာကို လက်မြှောက်အရှုံးပေးချင်စိတ်ပေါက်လောက်အောင်ထိ လောကဓံရဲ့ ရိုက်ခတ်မူ့တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီတောင်တက်ရတဲ့ အခက်အခဲ ပင်းပန်းမူ့ဒဏ်တွေဟာ မြူတမှုန်စာလောက်ပဲ မဟုတ်ပါလားးးဒီတော့ လူ့ဘဝကြီးမှာကြုံတွေရမယ့် အင်မတန် ကြမ်းတမ်း ခက်ထန်တဲ့ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ အခက်ခဲဆိုတာ ကြောက်ရွံ့ထွက်ပြေးဖို့မဟုတ်ဘဲ ရင်ဆိုင်ကျော်လွှားဖို့ ဘယ်အရာမဆို လွယ်လွယ်နဲ့ လက်မလျှော့ဘဲ ကျားကုတ်ကျားခဲ ခက်ခက်ခဲခဲ ဇွဲနဘဲနဲ့ စိတ်ဓာတ်ခိုင်မာစွာ ကြိုးစားပြီး အောင်မြင်မူ့ကို ရယူဖို့ စတဲ့ စိတ်ဓာတ် ခွန်းအားတွေ ပေးဖို့ ဒီကလေးလေးကို လေ့ကျင့်ပျိုးထောင်ပေးနေသည်ဟု ထင်မြင်မိသည်.....ကဲ ထိုင်ငိုချင်နေတဲ့ ကျနော်ကရော ဘာလုပ်မည်နည်းးးးရှေ့က ကလေးကို နမူနာယူပြီးသကာလ ရှေ့ဆက်ရသည်ပေါ့......ဆက်ပါဦးမည် အပိုင်း ၃ မျှော်😁😁

Mt. Fu Ji သို့တခေါက် အပိုင်း- ၁ကျနော့ရဲ့ အိပ်မက်ထဲက နိုင်ငံတနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကို မရောက်ခင်ကတည်းက ဂျပန်နိုင်ငံရ...
14/09/2020

Mt. Fu Ji သို့တခေါက် အပိုင်း- ၁
ကျနော့ရဲ့ အိပ်မက်ထဲက နိုင်ငံတနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကို မရောက်ခင်ကတည်းက ဂျပန်နိုင်ငံရဲ့ အမှတ်အသားတခုဖြစ်တဲ့ ဖူဂျီတောင်ကို တက်ဖူးချင်ခဲ့သည်.. တကယ်လို့များ ဂျပန်နိုင်ငံကိုရောက်ဖူးရင် ဖူဂျီတောင်ကိုတက်ဖြစ်အောင်တက်မယ်ဟဲ့ ဆိုပြီး တေးထားခဲ့တယ်.. ရောက်ခါစနှစ်တွေမှာ အခက်ခဲမျိုးစုံကြုံတွေ့ရ ရုန်းရကန်ရနဲ့ မတက်ဖြစ်ခဲ့.. တောင်ခြေထိတော့ နှစ်ခေါက်ရောက်ဖူးသည်... တောင်ကြီးကို မော့မော့ကြည့်ပြီးတော့ တောင်ထိပ်ကို ရောက်ဖူးချင်စိတ်တွေက တားမရ စီးမရ.. ကဲ ဘာပဲဖြစ်ဖြစ် ဒီနှစ်တော့ တက်ဖြစ်အောင်တက်တော့မယ်... ဒီတော့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြည့်တော့ 8 လပိုင်းဆို တက်လို့ရတယ်တဲ့.. သူငယ်ချင်းတသိုက် တောင်တက်ပစ္စည်းတွေ ဝယ်ကြ ဘယ်နေ့တက်ကြမလဲ တိုင်ပင်ကြပေါ့.. တက်ဖူးတဲ့ သူငယ်ချင်းတွေက'' ဟျောင့်တွေ ..အနွေးထည်တွေ ယူလာကြ တခါသုံး အောက်ဆီဂျင်ဗူးလေးတွေ energy ပြန်ဖြည့်ရမယ့် အစားအသောက်တွေ ဝယ်လာခဲ့ကြ"စသဖြင့် စသဖြင့် အကြံဥာဏ် ပေးတာကို ကိုယ်က သြဝါဒေခြွေတယ်ထင်ပြီး တိတိပပ မလိုက်နာခဲ့..ဟုတ်တယ်လေ ဒီလောက် ပူကျစ်တောက်နေတဲ့ 8 လပိုင်းထဲ အနွေးထည်တွေ ယူခဲ့ဆိုတော့ ဘယ်ယုံကြည်မလဲ.. energy drink တွေ ဘာတွေယူခဲ့ကြဆိုတော့လဲ ပေ 3000 အမြင့်လောက်ရှိတဲ့ တောင်ပေါ်ကို နေ့ချင်းပြန်(မနက်စောစော ထသွား နေ့လည်ပြန်ရောက်) ထင်းခွေ ဝါးခုတ်ဖူးနေတဲ့ ကျနော်လိုကောင်တယောက်အတွက်တော့ ဒါတွေကို အပိုတွေပဲ ထင်မိခဲ့တယ်...တောင်တက်ပစ္စည်းတွေဖြစ်တဲ့ တောင်တက်ဖိနပ်တွေဝယ်(တကယ်က သူငယ်ချင်းက online ကနေမှာပေးတာ😁😁 )တုတ်ချောင်းနဲ့ ဓာတ်မီး(မိုင်းတွင်းတွေမှာသုံးတဲ့ ခေါင်းမှာတပ်တဲ့ ဓာတ်မီးလိုမျိုး)ကတော့ တောင်တက်ဖူးတဲ့ တခြား သူငယ်ချင်းတွေဆီက ငှားလိုက်သည်(ကုန်းဆင်းသည်😁😁)တကယ်တော့ ကျနော်က အဲ့ဒီတောင်တက်ပစ္စည်းတွေတောင် လိုမယ်မထင်ခဲ့ပါ...တောင်တက်သည့်နေ့မှ ဘာကြောင့်လိုမှန်းသိတော့သည်.. ဒီလိုနဲ့ သွားရမယ့်နေ့ရောက်တော့ shibuya ဘူတာမှာ ဆုံကြ...အဲ့မှာစတော့တာပဲ.. ကိုယ့်ဆရာက ကားလက်မှတ်က မဝယ်ရသေးဘူးတဲ့ .. ကားလက်မှတ်မရရင် တပ်ပြန်ခေါက်ရမယ့်ကိန်း... ကားလက်မှတ် အရောင်း center သွားဝယ်ကြတော့ အဆင်ပြေပါတယ်... bus ကား နှစ်ဆင့်ပြောင်းစီး တောင်ခြေရောက် ပြင်ကြဆင်ပြီး ညနေ 3:00 pm လောက်တော့ စတက်ကြပြီ... ပျော်ပျော်ပါးပါး စကြနောက်ကြ ညနေ နေဝင်ဆည်းဆာပုံလေးတွေရိုက်ကြ အေးဆေးပဲ...အောက်ကနေ မော့ကြည့်တော့ တောင်ထိပ်ကို ရေးရေးမြင်ရသည်..နိမ့်သည်ဟု ထင်မိသည်.. ဒီလိုနဲ့ ညကလဲ တဖြည်းဖြည်းညဥ့်နက် လာလေ တောင်ကလဲ မြင့်လာလေ လေကလဲ တဖြူ့းဖြူးနဲ့ ပိုပိုအေးလာလေ... အင်္ကျီ အနွေးထည် တထည်ပဲ ယူလာခဲ့မိတာကို နည်းနည်းနောင်တရချင်သလိုဖြစ်လာသည်....တောင်ကလည်းမြင့်လာ လူကလဲ နည်းနည်းပင်ပန်းလာကြပြီ စိတ်ကလဲ သိပ်မရှည်ကြတော့...ဆိုတော့ ကိုယ့်လူတွေ ဇာတိ နည်းနည်းပြလာကြလာတော့သည်...ကျနော်တို့ တောင်တက်အဖွဲ့ ခြောက်ယောက်မှာ မြန်မြန်တက်ချင်တဲ့ ကျနော်တို့ အဖွဲ့က ၃ ယောက်...ဟိုနေရာမှာ တထောက်နားလိုက် ဒီနေရာမှာ တထောက်နားလိုက် ဆေးလိပ်လေးဖွာလိုက် လေလေးပန်းလိုက်နဲ့ အေးအေးဆေးဆေးတက်ချင်တဲ့ ကျန် ၃ ယောက်ကတဖွဲ့ လူလေးခြောက်ယောက်မှာ ၂ ဖွဲ့ကွဲသွားသည်....မြန်မြန်တက်ချင်တဲ့ ကျနော်တို့ ၃ ယောက်က ဟောဟော ဒိုင်းဒိုင်းနဲ့ တက်ကြသည်...ဒီတော့ ပိုမြန်တဲ့ကောင်က ရှေ့ကရောက်ပေါ့..အဲ့ဒီ ၃ ယောက်ထဲမှာမှ အနှေးဆုံးဖြစ်တဲ့ ကျနော်က နောက်ဆုံးပေါ့ 😁😁..ကျနော့ထက်မြန်တဲ့ ဟို ၂ ကောင်ကတော့ အမြီးတောင်မမြင်ရတော့ပါ...ရှေ့ထိလဲ မလိုက်နိုင် နောက်ကကောင်တွေကလဲ မမီသေး.. ကျနော်က တယောက်တည်းက တဖွဲ့ ဟို နှစ်ယောက်ကလဲ တယောက် တပေါက်တက်သွားကြ ကျန်သုံးယောက်က တဖွဲ့ စသဖြင့် စသဖြင့် ကျနော်တို့ တောင်တက်အဖွဲ ခြောက်ယောက်မှာ ပုံစံအမျိုးမျိုးနဲ့ အစိပ်စိပ်အမွှာမွှာကွဲသွားကြလေသတည်းးးးးကျနော်လဲ မောမောနဲ့ ခြေပစ်လက်ပစ် ထိုင်နားရင် တခြားတောင်တက်အဖွဲ့(ဂျပန်တွေဖြစ်သည်)တွေကိုကြည့်နေမိသည်....လူဦးရေ ၃၀/၄၀ လောက်ရှိမည်ထင်သည်...သူတို့တက်တာ ဖြည်းဖြည်းလေးနဲ့ပုံမှန်တက်ကြသည်....တခြားဘာမှ အလောတကြီး စိတ်ထဲထားကြဟန်မတူ....အေးဆေးဆိုမှ တကယ့်အေးဆေးပဲ....သူတို့အဖွဲ့တွင် လမ်းပြတယောက်ပါသည်... လမ်းပြက ဒီနေရာမှာ ဘာရှိတယ် ဘယ်လိုလေးသွားကြပါ...ဘယ်နေရာကတော့ အန္တရာယ်ရှိတယ် သတိထားကြပါ...ဆက်တက်ပါ ... ဆက်တက်ပါ...မရပ်ပါနဲ့... ဘယ်ကွေ့ရောက်ရင်နားပါ့မယ်...အစရှိသဖြင့် အော်ပြီး ပြောရင်း လမ်းပြနေသည်...အဲ့ဒီ အယောက် ၃/၄၀ လူတန်းကြီးက လုံးဝ လုံးဝ တသွေမတိမ်းလိုက်နာကြသည်.... ဘယ်သူတဦးတယောက်မှ စောဒကမတက်ကြ...ရှေ့လူကနှေးလို့ဆိုပြီးလဲ ကျော်တက်မသွားကြ...ရပ်ဆိုရင် ရပ်သည်...နားမယ်ဆိုရင် ငါတော့မမောသေးလို့ နည်းနည်းလောက်တော့ဆက်တက်လိုက်ဦးမယ်ဆိုတဲ့လူလဲ တယောက်မှမတွေ့မိ... ဆက်သွားပါ ဆိုရင်လဲ ငါတော့မရတော့ဘူး ခဏလောက်နားလိုက်ဦးမယ်ဆိုတဲ့လူလည်း စိုးစဉ်းမျှမရှိ...သူတို့အဖွဲ့ခေါင်းဆောင်ပြောသမျှကို လုံးဝ တသွေမတိမ်းလိုက်နာကြသည်... အဲ့ဒီလို အဖွဲ့က တဖွဲ့တည်းမဟုတ်ဘူးနော် အများကြီးဆိုမှ အိုးးးးတကယ့်အများကြီးပဲ...ကလေးလူကြီး လူငယ်လူရွယ် အဖိုးကြီး အဖွားကြီး အရွယ်စုံပဲ.....အဲ့ဒီအဖွဲ့တွေကိုကြည့်ပြီးး ဝါးစည်းပြေသလို ကိုယ့်မင်းကိုယ့်ချင်း လုပ်ချင်သလိုလုပ်ပြီး အစိပ်စိပ်အမွှာမွှာ ကွဲသွားကြတဲ့ ကျနော်တို့ လူလေးခြောက်ယောက်အကြောင်းတွေးမိပြီး ကျနော် ရှက်ပြုံးပြုံးမိသည်.....သြော် ငါ့တို့မှာ လူခြောက်ယောက်လေးတောင်မစည်းလုံးနိုင်ကြပါလားးး အဖွဲ့အစွဲ့အစည်း တခုရဲ့ စည်းမျဉ်း စည်းကမ်းကိုလဲ လိုက်နာရကောင်းမှန်းမသိ...ကြုံရင်ကြုံသလို လစ်ရင် လစ်သလို ချိုးဖောက်ချင်ကြသည်....ခေါင်းဆောင်မှုအောက်မှာ နာခံတတ်မူ့ အလျင်းမရှိ....တကယ့် ရှက်ဖွယ်လိလိပင်....သူတို့လူမျိုးတွေရဲ့ မူကြိုကျောင်းသားလေးကိုပင်ကြည့်ပါ... တခါတခါ လမ်းဘေးမှာ နှစ်ယောက်တတွဲ ပိုးအိတ်လေးတွေလွယ်ပြီး စီတန်းလမ်းလျှောက်ကြတာ မကြာမကြာတွေ့ဖူးသည်....ရှေ့က ဆရာမ ပြောတဲ့အတိုင်း လိုက်နာကြသည်....ပြေးလွှားဆော့ကစားတဲ့သူမရှိ ကျော်တက်သူမရှိ..သူတို့လူမျိုးတွေက မူကြိုကတည်းက အဖွဲ့စည်းတခုရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတတ်အောင်...နာခံတတ်အောင် သင်ကြားပေးလေ့ရှိသည်.....သူတို့သည် ဘာပဲလုပ်လုပ် group နဲ့လုပ်ကြတာများသည်.....စီးပွားရေးလုပ်လျှင်လဲ group နှင့်... ကျနော်တို့တွေက စီးပွားရေးစပ်တူ ရှယ်ယာလုပ်ကြတော့မယ်ဆိုရင် "ငါတို့တော့ စပ်တာဆိုရင် ငရုပ်သီးတောင်မစားချင်ဘူး"ဆိုတဲ့သူက ခပ်များများ....ဒါကြောင့် ကျနော်တို့သည်အသင်းအဖွဲ့နဲ့လုပ်တတ်ဖို့ စည်းကမ်းလိုက်နာတတ်ဖို့ ခေါင်းဆောင်မူ့ကို နာခံတတ်ဖို့ များများကြီးသင်ယူဖို့ လိုအပ်သေးသည်.....ထိုင်ရင်းနဲ့တွေးလိုက်တာ ဘယ်တွေရောက်ကုန်မှန်းမသိ 😁😁ကဲ စာဖတ်သူလဲ ငြီးငွေ့ပြီထင့်...
အပိုင်း ၂ ကို ဆက်သွားရအောင်......
အညတရ မိုးညို

ဂျပန်ဝန်ကြီးချုပ်အသစ် Mr.Tsuga Yoshihide ပါ။ အသက် ၇၁ပါ။ TV မှာ Abe ဝန်ကြီးချုပ်အစားသတင်းစာရှင်းလင်းပွဲတွေဘာတွေ အရင်ကတည်း...
14/09/2020

ဂျပန်ဝန်ကြီးချုပ်အသစ် Mr.Tsuga Yoshihide ပါ။
အသက် ၇၁ပါ။
TV မှာ Abe ဝန်ကြီးချုပ်အစားသတင်းစာရှင်းလင်းပွဲတွေဘာတွေ အရင်ကတည်းက တက်နေတာ ခဏခဏ မြင်နေရပါတယ်။
ကျန်းမာရေးကြောင့်အနားယူတော့မယ့်ဝန်ကြီးချုပ် အာဘဲ ရှင်းဇိုး ရဲ့ အစိုးရပါတီမှာ Chief Cabinet Secretary အဖြစ်တာဝန်ယူနေခဲ့တဲ့သူဖြစ်ပါတယ်။
ဝန်ကြီးချုပ် အာဘဲနဲ့ တော်တော်လေးအနီးကပ်နေခဲ့သူပါ။ ဝန်ကြီးချုပ်အာဘဲရဲ့မပြီးပြတ်သေးတဲ့နိုင်ငံရေးရည်မှန်းချက်တွေကိုဆက်လက်ပြီးအကောင်အထည်ဖော်သွားမယ့်လို့ပြောတဲ့အပြင် သူ့ရဲ့ ရည်မှန်းချက်အဖြစ် နိုင်ငံရဲ့စီးပွါးရေးပြန်လည်ဦးမော့လာစေဖို့ ပြုပြင်ပြောင်းလဲမှုအသစ်တွေလည်းပြုလုပ်သွားမယ်လို့ဆိုပါတယ်။

ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စဖြင့်သွားရောက်မည့် မြန်မာလူမျိုးများအားဗီဇာထုတ်ပေးပြီ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်ဂျပန်အစိုး...
08/09/2020

ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စဖြင့်သွားရောက်မည့် မြန်မာလူမျိုးများအားဗီဇာထုတ်ပေးပြီ

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်

ဂျပန်အစိုးရသည် စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားများ အနက် အောက်ပါနံပါတ် (၁) တွင်ဖော်ပြထားသော အလုပ်ကိစ္စဖြင့်ဂျပန်နိုင်ငံသို့သွားရောက်လိုသော ပုဂ္ဂိုလ် များနှင့်ပတ်သက်၍ ဂျပန်နိုင်ငံသို့ဝင်ရောက်ပြီးနောက် ၁၄ ရက်ကြာ Home Quarantine နေထိုင်ခြင်းစသည့် စီမံချက်များကို လိုက်နာစေခြင်းဖြင့် ဂျပန်နိုင်ငံသို့ဝင်ရောက်ရန်အသိအမှတ်ပြုခြင်းတနည်းအားဖြင့် Residence Track စတင်ခြင်းကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် စက်တင်ဘာလ ၈ ရက် (အင်္ဂါနေ့) မှစတင်၍ အောက်ပါအတိုင်း ဗီဇာထုတ်ပေးသွားမည်ဖြစ်ပါသဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
သို့ရာတွင် ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဗီဇာလျှောက်ထားမှုအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ပါမည်။

ကြိုတင်ရက်ချိန်းရယူရန် နည်းလမ်းကို အောက်ဖော်ပြပါ နံပါတ် ၄ (၂) ရှိ URL တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၁။ အကျုံးဝင်သူများ
မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားဖြစ်ရမည့်အပြင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား တိုက်ရိုက်ပျံသန်းမည့်လေယာဥ်ကို အသုံးပြုသူများ၊ သို့မဟုတ် တတိယနိုင်ငံမှတစ်ဆင့် ဝင်ရောက်မည်ဆိုပါ ကလည်း အဆိုပါတတိယနိုင်ငံအတွင်းသို့ ပြည်ဝင်ထားခြင်းမရှိဘဲ ခရီးတစ်ထောက်နား (Transit) အနေဖြင့် ဖြတ်သန်း၍ ဂျပန်နိုင်ငံသို့ ဝင်ရောက်မည့်သူဖြစ်ရမည်။

၂။ ဗီဇာလျှောက်ထားနိုင်သော နေထိုင်ခွင့်အရည်အချင်းများ

(၁) ကာလတိုနေထိုင်ခြင်း (စီးပွားရေးကိစ္စ)
ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စရည်ရွယ်ချက်ဖြင့် သွားရောက်ဆောင်ရွက်မည့် စီးပွားရေးဆက်သွယ်ခြင်း၊ စီးပွားရေးဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ နောက်ဆက်တွဲဝန်ဆောင်မှုပေးခြင်း၊ ကြော်ြငာခြင်း၊ စျေးကွက် လေ့လာခြင်း အစရှိသည့် ဂျပန်နိုင်ငံတွင် ရက် ၉၀ အတွင်းနေထိုင်ပြီး ဝင်ငွေနှင့်အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရှိသော လုပ်ဆောင်ချက်များ။

(၂) အောက်တွင်ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင် ထားသူများ
manager, -company transfer, / Specialist in humanities / International services, Nursing care, Highly skilled professional, Intern Training, Skilled Worker, activities (Start-up).

အထက်ပါနေထိုင်ခွင့်အမျိုးအစားများမှအပ အခြားနေထိုင်ခွင့်အမျိုးအစားများ၏ ကာလရှည် နေထိုင်ခွင့်လက်မှတ်ကို ကိုင်ဆောင်ထားသူနှင့် ၎င်း၏မိသားစု၀င်များ၊ ထို့ပြင် ကာလတိုနေထိုင်ခွင့်ဗီဇာ (ဆွေမျိုးသားချင်း/အသိမိတ်ဆွေထံအလည်အပတ်သွားခြင်းစသည်) များနှင့်ပတ်သက်၍ ယာယီအားဖြင့် ဗီဇာများ၏ အကျိုးသက်ရောက်မှုကို ဆက်လက်ရပ်ဆိုင်းထားပြီး ဗီဇာလျှောက်ထားခြင်းကို လက်မခံသေး ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၃။ တင်ပြရမည့် စာရွက်စာတမ်းများ
(၁) ကာလတိုနေထိုင်ခြင်း (စီးပွားရေးကိစ္စ) (အထက်ပါ နံပါတ် ၂ (၁) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ)
(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) လျှောက်ထားသူ၏ အလုပ်အကိုင်ထောက်ခံစာ
(ဃ) ဖိတ်ခေါ်စာ
(င) အာမခံစာ
(စ) ကတိ၀န်ခံစာ (မူရင်းနှင့် မိတ္တူတစ်စောင်စီ (ဂျပန်နိုင်ငံရှိ လက်ခံမည့်ကုမ္ပဏီ၊ အဖွဲ့အစည်းမှ ထုတ်ပေး သောစာ))
(ဆ) မေးခွန်းလွှာ

(၂) ကာလရှည်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများ (အထက်ပါ နံပါတ် ၂ (၂) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ)
(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) ကာလရှည်နေထိုင်ခွင့်လက်မှတ် (မှတ်ချက် ၁)
(ဃ) ကတိ၀န်ခံစာ (မူရင်းနှင့် မိတ္တူတစ်စောင်စီ (ဂျပန်နိုင်ငံရှိ လက်ခံမည့်ကုမ္ပဏီ၊ အဖွဲ့အစည်းမှ ထုတ်ပေး သောစာ))
(င) မေးခွန်းလွှာ
ဗီဇာစစ်ဆေးမှုလိုအပ်ချက်အရ စာရွက်စာတမ်းများထပ်မံတင်ပြရန် တောင်းဆိုမှုများလည်းရှိနိုင်ပါသည်။

(မှတ်ချက် ၁) ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ နောက်ပိုင်းတွင်ထုတ်ပေးထားပြီး သက်တမ်းကုန်ဆုံး နေသော ကာလရှည်နေထိုင်ခွင့်လက်မှတ်ကိုတင်ပြ၍ ဗီဇာလျှောက်ထားမည်ဆိုပါက ဂျပန်နိုင်ငံဘက်ရှိ လက်ခံမည့် အဖွဲ့အစည်းထံမှ ကာလရှည်နေထိုင်ခွင့်လက်မှတ်ထုတ်ပေးရန် လျှောက်ထားခဲ့စဥ်က တင်ပြထားသော လုပ်ဆောင်ချက်များအတိုင်း ဆက်လက် လက်ခံနိုင်ကြောင်း ရေးသားဖော်ပြထားသည့် မူရင်းစာကို တင်ပြရန်လိုအပ်ပါသည်။

(မှတ်ချက် ၂) ဤဖြေလျှော့ခြင်းဆိုင်ရာစီမံချက်ကို အကောင်အထည်ဖော်ရာတွင် လက်ရှိရပ်ဆိုင်းထားသည့် ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပြန်လည်အသုံးပြုနိုင်မည် မဟုတ်ပါ။ ဤစီမံချက်အရ ဗီဇာအသစ် ထပ်မံထုတ်ပေးရမည်ဆိုပါက ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပယ်ဖျက် (Void) ပါမည်။

၄။ အခြားသက်ဆိုင်သောအချက်အလက်များ

(၁) ဤဖြေလျှော့ခြင်းဆိုင်ရာစီမံချက်ကို အသုံးပြုသူများ (မြန်မာနိုင်ငံမှ မထွက်ခွာမီနှင့် ဂျပန်နိုင်ငံသို့ ဆိုက်ရောက်ပြီးနောက် ဆောင်ရန်ရှောင်ရန်အချက်များ)

က။ မြန်မာနိုင်ငံမှ မထွက်ခွာမီ PCR စစ်ဆေးမှုနှင့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာ မလိုအပ်ပါ။

ခ။ ဂျပန်နိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် PCR စစ်ဆေးမှုမှ ကင်းလွတ်ခွင့်ပြုသည်။

ဂ။ ဂျပန်နိုင်ငံသို့ရောက်ရှိပြီးနောက် မိမိနေအိမ်၊ ဟိုတယ်စသည်တို့တွင် ၁၄ ရက်ကြာ သီးသန့်နေထိုင် ရမည်ဖြစ်ပြီး ရထား၊ ဘတ်(စ်)ကား၊ ပြည်တွင်းလေကြောင်းလိုင်းစသည့် အများပြည်သူသုံး သယ်ယူပို့ဆောင် ရေးယာဥ်များကို အသုံးပြု၍
မရပါ။

(၂) ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူစနစ်နှင့်ပတ်သက်၍
ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖွဈပေါျခွငျးကို ရှောင်ရှားရန်အတွက် ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းများအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ပါမည်။ ကြိုတင်ရက်ချိန်းယူရန် နည်းလမ်းကို အောက်ပါ URL တွင် ကြည့်ရှုနိုင်ပါသည်။

(ဂျပန်ဘာသာဖြင့်)
https://www.mm.emb-japan.go.jp/profile/japanese/news/2020/new-169.html
(မြန်မာဘာသာဖြင့်)
https://www.mm.emb-japan.go.jp/profile/PDF%20file/Visa%20-%20Booking%20System%20(MM).pdf

(၃) နိုင်ငံတကာမှလူများ၏ အသွားအလာပြန်လည်စတင်ရန် စီမံချက်အဆင့်ဆင့် (ဗီဇာ၊ ပြည်ပြန်ဝင်ခြင်း ဆိုင်ရာ စာရွက်စာတမ်းများတင်ပြမှု အတည်ပြုလျှောက်လွှာ စသည်)
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page22_003381.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page22e_000921.html

(၄) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်များနှင့် ပတ်သက်၍
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page4_005130.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page4e_001053.html

(၅) COVID-19 ရောဂါဖြစ်ပွားသူနဲ့ထိတွေ့ခြင်းရှိမရှိစစ်ဆေးသော Application
(ဂျပန်) https://www.mhlw.go.jp/stf/seisakunitsuite/bunya/cocoa_00138.html
(အင်္ဂလိပ်)https://www.mhlw.go.jp/content/10900000/000647649.pdf

သတင်း-မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး

Address


Alerts

Be the first to know and let us send you an email when Myanmar Japan Entertainment-MJ Ent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Japan Entertainment-MJ Ent:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share