27/01/2022
လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့သည် မြန်မာနိုင်ငံ၌ စစ်ခွေးများ၏ လက်နက်အားကိုးဖြင့် မတရားအကြမ်းဖက် အာဏာသိမ်းထားတာ (၁)နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါသည်။
ဒီတစ်နှစ်အတွင်း စစ်ခွေးများသည် မတရားအနိုင်ကျင့်စော်ကားပြီး အပြစ်မဲ့ပြည်သူပေါင်း (၁၄၀၀)ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သလို ပြည်သူပေါင်း (၁၀၀၀၀)ကျော်ကို မတရားဖမ်းဆီး အကျဥ်းချထားကာ ပြည်သူပိုင်နေအိမ်များကိုလည်း မတရားသိမ်းဆည်းခံထားရပါသည်။
ပြည်သူများ၏ အနာဂတ်နှင့် နိုင်ငံတော်အနာဂတ်ကို အကြမ်းဖက်လုယူဖျက်ဆီးခဲ့သော တစ်နှစ်ပြည့်သော ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူများ၏ တော်လှန်လိုစိတ်တွေဟာ ဆက်လက်ရှင်သန်နေစေပြီး နိုင်ငံတစ်ဝန်းလုံးရှိ ဖိနှိပ်ခံပြည်သူများနှင့်အတူ ရပ်တည်ကာ Strike (အသံတိတ်သပိတ်) ကို ဆင်နွှဲကြမှာဖြစ်ပါတယ်။
မိဘပြည်သူများအနေဖြင့် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် နံနက် (၁၀)နာရီ မှ ညနေ (၄)နာရီအထိ အရေးကိစ္စတစ်စုံတစ်ရာမရှိလျှင် အပြင်ထွက်လာခြင်းမပြုကြပဲ အိမ်အတွင်းနေထိုင်ခြင်းဖြင့်
အသံတိတ်သပိတ် တွင် ပါဝင်ပေးကြပါ။
#အသံတိတ်သပိတ်တွင် ပါဝင်ပေးကြပါရန် မိမိနီးစပ်ရာ ပတ်ဝန်းကျင်၊ မိတ်ဆွေများကိုလည်း အသိပေးစည်းရုံးပေးကြပါ။
ယနေ့တွင် ဝေဒီရွာရှိ စစ်ခွေးလက်ကိုင်တုတ်များမှာ ပြည်သူများ၏ အသံတိတ်သပိတ် မအောင်မြင်စေရန် ပြည်သူများကို နည်းမျိုးစုံ ခြိမ်းခြောက်ထားတဲ့ လက်ကမ်းစာစောင်များကို စျေးဆိုင်များတွင် လိုက်လံဝေငှကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု သတင််းကြားမိပါသည်။
#စျေးဆိုင်ပိုင်ရှင်များအနေဖြင့် မိမိ၏လုံခြုံရေး အခြေနေအရ ဆိုင်များကို ဆက်လက်ဖွင့်လှစ်ထားနိုင်ပြီး စျေးဝယ်သူများသာ အဓိကသာဖြစ်သည်။
စျေးဝယ်သူများအနေဖြင့် (၁)ရက်နေ့တွင် အပြင်ထွက်စျေးဝယ်စရာမလိုအောင် ယခုရက်ပိုင်းအတွင်း လိုအပ်သည်များကို ဝယ်ယူစုဆောင်းထားပြီး (၁)ရက်နေ့တွင် အပြင်ထွက်သွားလာခြင်းမပြုပဲ ပြည်သူများနှင့်အတူ အသံတိတ်သပိတ်တွင် ပါဝင်ပေးကြပါ။
#ဖေဖော်ဝါရီလ(၁)ရက်နေ့
မနက် (၁၀)နာရီ မှ ညနေ(၄)နာရီအထိ
အပြင်ထွက်မသွားလာကြပဲ အသံတိတ်သပိတ် ကိုဆင်နွှဲပေးကြပါ။
မိမိမိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ ပတ်ဝန်းကျင်အချင်းချင်း အသိပေး စည်းရုံးလှုံ့ဆော်ပေးကြပါ။
#အရေးတော်ပုံ မုချအောင်ရမည်။
#စစ်ခွေးနှင့်စစ်ခွေးလက်ကိုင်တုတ်အပေါင်းအပါများ မုချကျဆုံးရမည်။