Fight For Democracy

  • Home
  • Fight For Democracy

Fight For Democracy Democracy အတွက် တိုက်ပွဲဝင်မှု သတင်းများ

အမေအမေဟာ ရထား တစ်စင်းဆိုရင်အမေ အခုဖြတ်လာတဲ့ မိုင်တိုင် အမှတ် ဟာ ၇၈ ပါ အမေ။သံလမ်းတွေက စွေစောင်း တော့အမေ နေမကောင်းမှာလည်းစ...
19/06/2023

အမေ
အမေဟာ ရထား တစ်စင်းဆိုရင်
အမေ အခုဖြတ်လာတဲ့ မိုင်တိုင် အမှတ် ဟာ ၇၈ ပါ အမေ။

သံလမ်းတွေက စွေစောင်း တော့
အမေ နေမကောင်းမှာလည်းစိုးတယ် အမေ။

လှည့် မကြည့်နဲ့ အမေ ၊
အမေ့နောက်မှာ တို့လို့တွဲလောင်း၊ ရွဲ့ရွဲ့စောင်း၊
အမေ့သားတွေ၊ အမေ့သမီးတွေ၊ အမေ့ မြေးတွေ၊
ဝေ လေလေတွေလည်းပါတာပေါ့ အမေ။

မောင်းသာ မောင်းပါ အမေ။
အမေက စက်ခေါင်းဆို ကျွန်တော်တို့ က တွဲဟောင်းတွေပါ အမေ။

ဒါပေမယ့် စက်ခေါင်း က ဆက်မောင်း နေမှာ တော့
တွဲ ဟောင်းတွေလည်း လဲလျောင်း မနေပါဘူးအမေ။

အမေ…
ခွေးတွေ အူရင် သတိထား၊
မာန်လည်ဆရာတေ်ာသီးကုံးခဲ့သလို
လမင်းကိုခွေးဟောင်လို့ ရွှေလရောင်ပြောင် မပျက်တယ်ဆိုပေမယ့်၊
ခွေး တစ် သိုက် ပြေးကိုက်ရင်တော့
အရုဏ် မရောက်ခင်၊
အာရုံနှောက်ရမှာပေါ့ အမေ။

လင်းလုပြီ အမေ…
အမေဟာ ဆည်းဆာရိပ်ဖက် ဦးတည်ပြီး ခရီးထွက်နေရပေမယ့်
အမေ့ခရီးကြောင့်
အမှောင် ကမ္ဘာထဲ က ကျွန်တော် မြန်မာပြည်လည်း
လင်းလုလု အရုဏ်ကို ရောက်တော့မယ် အမေ။

အမေ
နွမ်းသလား၊ ပန်းသလား၊
(ကျွန်တော်တို့တွေကတော့)
အမေနွမ်းရင် ကဗျာတွေပေး
အမေပန်းတော့ သီချင်းတွေ ဆိုပေါ့။

အေမ…
တကယ်တော့ အမေဟာ
လမ်းအိုထက် နှင်းဆီပန်းပါ အမေ။

လှည့်မကြည့်နဲ့ အမေ
အမေကျော်ခဲ့တာ မိုင်တိုင် အမှတ် ၇၈၊
မိုင်တိုင် တွေက သမိုင်းဖြစ်၊
အရိုင်း စစ် ရဲ့ အလယ် မှာ သမိုင်း စစ်စစ်ဖြစ်ခဲ့ပါပြီ အမေ။

Happy Birthday တဲ့
ကမ္ဘာကြီးဆုတောင်း
ကျွန်တော်တို့က ဆုချွေ၊
နှင်းဆီ ပန်း မေမေ
အသက်ရာကျော်ရှည်ပါစေ …။ ။

အမေစု အမြန်ဆုံးလွတ်မြောက်ပါစေ....🙏🙏🙏
14/06/2023

အမေစု အမြန်ဆုံးလွတ်မြောက်ပါစေ....🙏🙏🙏

ထဘီနားခိုစားနေတဲ့ ကျော်ဇေယျ======================= ကျော်ဇေယျ ဆိုတဲ့ကောင်ကတော့ ထဘီနားခိုစားနေရတာကို တော်တော်ကြိုက်ပုံ ရတယ...
09/04/2023

ထဘီနားခိုစားနေတဲ့ ကျော်ဇေယျ
=======================

ကျော်ဇေယျ ဆိုတဲ့ကောင်ကတော့ ထဘီနားခိုစားနေရတာကို တော်တော်ကြိုက်ပုံ ရတယ်။ အရင်တပ်ထဲမှာ နေတုန်းကလည်း မူးရူးပြီး ပေါက်ကရတွေလုပ်လို့ အရေးယူခံ ရမလိုဖြစ်ပြီး သူ့မိန်းမ ခိုင်ဝါက လူကြီးတွေကို လိုက်ပြီးတောင်းပန်ခဲ့ရတာနဲ့ တပ်က လူကြီးတွေက သူ့မိန်းမ ခိုင်ဝါ မျက်နှာထောက်ပြီး ကျော်ဇေယျကို ထောင်မကျဘဲ တပ်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ ထွက်ခိုင်းခဲ့တာ။

အဲဒါပြီးတော့ NLD ပါတီထဲကိုဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီနားခိုစား ပြီး အရည်အချင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီမှာ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး လွှတ်တော်အမတ် လုပ်ခဲ့သေးတယ်မဟုတ်လား။ NLD ပါတီက ထုတ်လိုက် ပြန်တော့ PPP ပါတီထဲကိုဝင်ပြီး ဒေါ်သက်သက်ခိုင်ရဲ့ ထဘီနားခိုစားပြန်ရော။

အခုလည်း နစက အစိုးရကပြုလုပ်ပေးမယ့် ရွေးကောက်ပွဲမှာ ဒေါ်စန္ဒာဦးရဲ့ ထဘီနားခိုစားပြီးတော့ အရည်အချင်းမရှိဘဲ ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ လုပ်နေ ပြန်ပြီ။ အဲဒီလို အရည်အချင်းမရှိဘဲ တစ်သက်လုံး ထဘီနားပဲခိုစားနေတဲ့သူက ရွေးကောက်ပွဲဝင်ပြိုင်ဖို့ လုပ်နေတယ်ဆိုတော့ ဘယ်လိုအရည်အချင်းတွေနဲ့ ပါတီကို အုပ်ချုပ်နိုင်မှာလဲ… စဉ်းစားလို့တောင် မရဘူး။ သူ့ပါတီကိုဝင်မယ့် လူတွေအတွက် တော့ ရင်လေးတယ်ဗျာ…။
#ထွန်းနိုင်

မန္တလေးမြို့ပြပြောက်ကျား GZP အဖွဲ့ရဲ့ အပတ်စဉ်(၄) အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ကျင်းပ၊
09/04/2023

မန္တလေးမြို့ပြပြောက်ကျား GZP အဖွဲ့ရဲ့ အပတ်စဉ်(၄) အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ကျင်းပ၊

တောင်သာမြို့နယ် NLDပါတီရုံးဖျက်ဆီးခံရ
09/04/2023

တောင်သာမြို့နယ် NLDပါတီရုံးဖျက်ဆီးခံရ

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်ကစစ်ကြောင်းထပ်ထိုးနေသဖြင့် ဒေသခံများထွက်ပြေးနေကြရ
09/04/2023

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်ကစစ်ကြောင်းထပ်ထိုးနေသဖြင့် ဒေသခံများထွက်ပြေးနေကြရ

တနင်္သာရီတိုင်းက စစ်ကောင်စီ ဂိတ်စခန်းသုံးခု တိုက်ခိုက်ခံရ ~~~~~တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်မှာရ...
09/04/2023

တနင်္သာရီတိုင်းက စစ်ကောင်စီ ဂိတ်စခန်းသုံးခု တိုက်ခိုက်ခံရ
~~~~~
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ဂိတ်စခန်းသုံးခုကို ဒီနေ့ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့က မဏ္ဍပ်တချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်~~~~~သင်္ကြန်မှာ ရေကစားဖို့ ပြင်ဆင်ထားတဲ့ ရန်ကုန်တိုင်း ပြည်သူ့ရင်ပြ...
09/04/2023

ရန်ကုန်မြို့က မဏ္ဍပ်တချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်
~~~~~
သင်္ကြန်မှာ ရေကစားဖို့ ပြင်ဆင်ထားတဲ့ ရန်ကုန်တိုင်း ပြည်သူ့ရင်ပြင်နဲ့ စမ်းချောင်းမြို့နယ် ရေကစား မဏ္ဍပ်တွေမှာ ဧပြီလ ၈ ရက်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

21/03/2023

အရှိန်မြင့်တိုက်ပွဲဝင်သွားမည်ဖြစ်၍ တော်လှန်ရေးတွင် ပြည်သူများကျွမ်းကျင်မှုအလိုက် တိုက်ပွဲဝင်ကြရန် CNF တိုက်တွန်း
▪️စစ်ကောင်စီနှင့် ပူးပေါင်းခြင်း အထူးရှောင်ရှားရန် သတိပေး
မောင်မောင်/People’s Spring
ချင်းအမျိုးသားများ ဆုံးရှုံးနစ်နာခဲ့ရသော အခွင့်အရေးများအတွက် နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်ရေးလှုပ်ရှားမှု အရှိန်ကိုတိုးမြှင့်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ချင်းတော်လှန်ရေးနေ့ ကြေညာချက်၌ အသိပေးခဲ့ပြီး ပြည်သူများ အနေဖြင့်လည်း ယခု ဆင်နွှဲနေသည့် တော်လှန်ရေးတွင် ကျွမ်းကျင်မှုအလိုက် အရေးတော်ပုံအောင်မြင်သည်အထိ လက်တွဲ တိုက်ပွဲဝင်ကြရန် တိုက်တွန်းခဲ့သည်။
မတ်လ ၂၀ရက်တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ကို CNFက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ အခွင့်အရေး တောင်းဆိုခြင်းများကို အထူးရှောင်ရှားရန် လည်း တိုက်တွန်းထားသည်။
CNF/CAN သည် ပြည်သူ့တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီ စနစ် တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ရာ၌ နိုင်ငံရေး ရပ်တည်ချက် တူညီသော နိုင်ငံ အဖွဲ့အစည်း၊ လူမျိုးပုဂ္ဂိုလ်များနှင့်မဆို လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
အာဏာသိမ်း စစ်အုပ်စု၏အကြမ်းဖက်မှုကြောင့် ပြည်သူများ ဆုံးရှုံးခဲ့သော လူမှုဘ၀ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံရေးဦးတည်ချက် ယုံကြည်ချက်နှင့် ခံယူချက်တူညီသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များ ပါဝင်စေလျက် ချင်းပြည်အတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို တဆင့်ခြင်း အကောင်အထည်ဖော် သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက် စစ်အာဏာရှင်အုပ်စုမှ အာဏာသိမ်းမှုကြောင့် လူမှုဒုက္ခပေါင်းစုံ နှင့် ရင်ဆိုင်နေရသည့် ချင်းပြည်သူနှင့် တစ်နိုင်ငံလုံး ပြည်သူများအား စာနာနားလည်ကြောင်း လည်း ချင်းအမျိုးသားတပ်ဦး၏ ကြေညာချက်၌ ဖော်ပြခဲ့ပြီး တော်လှန်ရေးကာလအတွင်း အသက်ပေးလှူခဲ့သည့် အာဇာနည် ရဲဘော် ရဲမေများ၊ ချင်းအမျိုးသားပြည်သူများကို ဦးညွှတ်ဂါရ၀ပြုကြောင်း ကြေညာခဲ့သည်။

ဖရဲသီးရပ်ကွက်ကလာတဲ့ သတင်းမှန်တစ်နိုင်ငံလုံးဝမ်းသာကြမယ်ထင်တယ်
26/01/2023

ဖရဲသီးရပ်ကွက်ကလာတဲ့ သတင်းမှန်
တစ်နိုင်ငံလုံးဝမ်းသာကြမယ်ထင်တယ်

ကြံ့ဖွတ်တွေ အချင်းချင်းကြားက အကွဲအပြဲတွေ ထွက်လာပြီဟေ့ :D :D ==========================တစ်နပ်စားရဲ့ ဆယ်သက်စားလုပ်ရပ်များ ...
30/12/2022

ကြံ့ဖွတ်တွေ အချင်းချင်းကြားက အကွဲအပြဲတွေ ထွက်လာပြီဟေ့ :D :D
==========================
တစ်နပ်စားရဲ့ ဆယ်သက်စားလုပ်ရပ်များ (၁)
အကြောင်းတိုက်ဆိုင်လို့ တပည့်တစ်ယောက်က ဖုန်းဆက်ပြီး သာကြောင်းမာ ကြောင်း သတိရကြောင်းဖုန်းဆက်ရင်း ကိုယ်အရင်နေခဲ့တဲ့ ပါတီကြီးက အကြောင်းတွေ ပြောပြသွားတယ် .. သူပြောပြသွားတဲ့ အထဲ ပါတီကြီးထဲ ငါးမြွေထိုးတစ်ကောင် နေရာ မရလို့ မွှေနေတယ်ဆိုတာထည့်ပြောသွားလို့ ဘယ်သူလည်း မေးကြည့်လိုက်တာ လားလား,ဘယ်သူများလဲ မှတ်တယ် .. အသက် ၅၀ ကျော်မှ ဟိုမုန်းဓာတ်ပြောင်းပြီး မ,ဟိုမုန်းတွေ များလာလို့ ရင်ဘတ်ကြီးစူတက် နို့တွေစူလာလို့ စင်ကာပူသွား ဆေးကုရတဲ့ တစ်ယောက်ပါလား .. မ,ဟိုမုန်းတွေ များလာလွန်းလို့ မိန်းမစိတ်များ ပေါက်သွားသလား မှတ်ရတယ် လိုချင်တာမရရင် စိတ်ကောက်တဲ့ အချိုးနဲ့ ပါတီထဲ ဟိုမွှေဒီမွှေလုပ်နေတယ် ဆိုပဲ .. သူ့ရဲ့ သမိုင်းကြောင်းသိတဲ့ လူတွေကတော့ “အော် ဘာများလဲလို့ သူဒီလို လုပ်တာ မထူးဆန်းဘူးလေ”လို့ပဲ ပြောကြလိမ့်မယ် … တပ်မတော်မှာ တာဝန်ထမ်းဆောင် ကတည်းကနေ ဝန်ကြီးဘ၀ရောက်တဲ့အထိ သူ့သက်တမ်းသမိုင်းကြောင်းတစ်လျှောက် ဟိုလူကို ထိုးချ ဒီလူကိုထိုးချ .. နောက်ကျောဓားနဲ့ထိုး ခြေထိုးခံ မိန်းမလို မိန်းမရ လုပ်ရပ်တွေကိုပဲ မြင်ရပါလိမ့်မယ် .. လူကြီးတွေအနားကပ် “ဟိုလူကတော့ ဘယ်လို သားသားကတော့အရမ်းဖြူစင်တာ၊ သားဖြူစင်တာ သားပဲသိတယ်” ဆိုတဲ့ တစ်ပေါက် လှျမ်းလှျမ်းတောက်ခဲ့တာ... အခုလည်း ပါတီမှာနေရာရဖို့ ဥက္ကဋ္ဌကို ဖြုတ်ချဖို့ ကြာသပတေး နံတို့ ဗုဒ္ဓဟူးနံတို့နဲ့ ပေါင်းပြီး မီဒီယာတွေကနေ ပါတီမကောင်းကြောင်း ပါတီ ခေါင်းဆောင်ပိုင်း မကောင်းကြောင်းဇွတ်အတင်းဖွ .. ပါတီဥက္ကဋ္ဌကို အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ .. ဥက္ကဋ္ဌရဲ့လူလို့ ပြောလို့ရတဲ့ ပါတီပြောရေးဆိုခွင့်ရှိသူကို ပါတီရန်ပုံငွေ အလွဲသုံးစား လုပ်တယ်ဆိုပြီး မီဒီယာကနေတစ်ဆင့်ဖွ၊ ဥက္ကဋ္ဌကတာဝန်ယူရမယ်ဆိုပြီး အင်းစိန်ရွာမဘက်မှာ ဥက္ကဋ္ဌနေရာကဆင်းပေးရေး ဗီနိုင်းတွေလိုက်ကပ်၊ နေပြည်တော်မှာ ဥက္ကဋ္ဌ နေရာက ဆင်းပေးရေး ဆန္ဒတွေပြလုပ်ခဲ့တာ .. အဲဒီ ဆန္ဒပြတဲ့လူတွေကြည့်လိုက် တော့ ဗုဒ္ဓဟူးနံကို သူပိုက်ဆံပေးပြီး ခိုင်းထားတဲ့လူတွေချည်းပဲ .. ပိုက်ဆံပေးတယ်ဆိုလို့ သူ့ပိုက်ဆံလည်း မထင်ကြနဲ့ဦးဗျာ… အစိုးရနောက်တစ်ဆက် ပါတီနေရာရလာရင် သူ့ပါတီမှာ တာဝန်ကြီးကြီးနေရာရလာရင် မင်းတို့ စီးပွားရေးသမားတွေနဲ့ ပတ်သက်ပြီး ကိုယ်ပြန် စဉ်းစားရမယ်လို့ လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်၊ ကိုယ့်နယ်မြေစည်းရုံးရေး အတွက် အလှူငွေလေး ထည့်ပေးပါဦးဆိုပြီး တောင်းထားတဲ့ငွေတွေနဲ့ ပါတီဥက္ကဋ္ဌ ဖယ်ရှားရေးလုပ်သွားခဲ့တာ .. ပါတီခမျာ အလဲအကွဲ နာမည်ပျက်ထိုးကျမယ့် အရေး ပါတီစည်းလုံးရေးပျက်ပြားမယ့်အရေး မျှော်တွေးပြီး ဥက္ကဋ္ဌအနားယူလိုက်ရ ပြီးနောက် ခေါင်းဆောင်နေရာတွေစဉ်းစားကြတော့ ငါကပါတီဥက္ကဋ္ဌဖယ်ရှားရေးအတွက် ဦးဆောင် လုပ်ခဲ့တာ ငါ့အတွက် နေရာတစ်ခုရှိရမယ်၊ ငါသာ ဖြစ်သင့်တယ်ဆိုတဲ့ အတွေးနဲ့ ပါတီဥက္ကဋ္ဌအတွက် တခြားတစ်ယောက်ကို လျာထားတယ် အသံလည်း ထွက်လာရော အဲဒီလူဟာ ”လက်ရှိဝန်ကြီးဘ၀နဲ့ ဘယ်လိုလာဘ်စားတဲ့ကိစ္စတွေ ရှိနေတယ်”ဆိုပြီး မဟုတ်တဲ့သတင်းတွေ လိုက်ဖြန့်၊ ကိုယ်ဖြန့်တဲ့သတင်းကိုပဲ အရင်လူကြီးတွေကို အပြင်မှာ ဒီလိုတွေ သတင်းတွေထွက်နေတယ် ဆိုပြီးသွားပြော၊ အသံဖိုင်တွေလုပ်ပြီးသွားပေးနဲ့ ဘယ်လောက်တောင် မိန်းမလိုမိန်းမရလုပ်ရပ်လဲ သာကြည့်တော့ .. အရင်လူကြီးဟောင်း နှစ်ယောက်က သူ့ကိုပါတီထဲမှာ အတွင်းလူအနေနဲ့ လွှတ်ထားသလိုလို… လူကြီးဟောင်း နှစ်ယောက်ရဲ့အိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်နေရပြီး ပါတီသတင်းတွေပေးနေရ သလိုလိုနဲ့ လူကြီးနှစ်ယောက်ရဲ့နာမည်နဲ့ ပါတီထဲမှာ လုပ်စားနေတာ…. ပါတီဥက္ကဋ္ဌသစ် ခန့်ပြီးတဲ့အချိန်ကျတော့ သူ့ကို ဒုဥက္ကဋ္ဌရာထူးမပေးလို့ ပါတီစည်းလုံးရေးပျက်စီးရေး လက်သိပ်ထိုးအကွက်တွေခင်းပြီး လုပ်လိုက်ပုံများ မီဒီယာတွေကို ပါတီအချက်အလက်တွေ ပို့ပေး “ဟိုလူတွေကတော့ ဘာမှလုပ်တတ်တာမဟုတ်ဘူး .. အရည်အချင်းလည်းမရှိဘူး ပါတီတိုးတက်ရေး အောင်နိုင်ရေးကို ငါပဲလုပ်နေတယ်”ဆိုတဲ့ အကွက်တွေခင်းနေတယ် ဆိုပဲ .. ခင်ဗျားဟာ ပါတီနိုင်ငံရေးသမားဘ၀ ရောက်နေပါပြီ .. ပါတီနိုင်ငံရေးသမားအလုပ် ကိုလုပ်ရင် ပါတီနိုင်ငံရေးသမားလို ခံယူချက်ထားရပါတော့မယ် .. တပ်ကပြောင်းလာတဲ့ လူတွေ အငယ်တွေကို ဒုဥက္ကဋ္ဌပေးရင် “ကိုယ်ကဘယ်လိုမျက်နှာနဲ့ နေရမလဲ? ဒီကလေး တွေက ဘာနားလည်လို့လဲ?” ဆိုပြီး နှုတ်ကပါထုတ်ပြော “ဒုဥက္ကဋ္ဌနေရာမပေးရင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ရာထူးမယူတော့ဘူး၊ ကိုယ့်တပည့်ကိုပေး” ဆိုပြီး ပါတီက တခြားတာဝန်ရှိတဲ့လူတွေရဲ့ သဘောထားလည်း မတောင်းခံဘဲ သူ့ရဲ့လူယုံ ခိုင်းဖတ်လို့ပြောလို့ရတဲ့သူကို ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ရာထူးပေးမယ်ဆိုပြီး ကလေး အထာထလုပ်တဲ့ ဝန်ကြီးဟောင်းကို တစ်ခုပြောချင်တာက ရင်ဘတ်ကြီး စူလာရင်း မိန်းမလို မိန်းမရစိတ်နဲ့ ကိုယ်တာဝန်ယူနေတဲ့ ပါတီကိုလည်း တိုက်ခိုက် .. လုပ်ဖော်ကိုင်ဖက်တွေကိုလည်း တိုက်ခိုက် .. ကိုယ့်ကို ကျေးဇူးရှိတဲ့ တပ်မတော်ကြီး အပေါ်ကိုပါ အပြစ်တင် ပြောဆိုဖို့ ကြံလာတဲ့ ခင်ဗျားရဲ့ လုပ်ရပ်တွေကို အားလုံးက သိနေပါတယ်.. မကောင်းလို့ မပြောချင်လို့သာ ကြည့်နေတာပါ .. ဟေ့လူရေ ခင်ဗျား ပြောဖူးတဲ့ စကားလို အကြွေးတင် တစ်နပ်လျှော့စား၊ ၆ လဆို အကြွေးကျေမယ်ဆိုပြီး အသပြာကြွေးကို လွယ်လွယ်ဆပ်လို့ရပေမယ့် မိန်းမလိုမိန်းမရစိတ်နဲ့ မကောင်းတဲ့ လုပ်ရပ်တွေကျူးလွန်ခဲ့တဲ့ သံသရာအကြွေးကိုတော့ ဆပ်ဖို့ခက်လိမ့်မယ်ဗျ.. ခင်ဗျားရဲ့ သမိုင်းကြောင်းတစ်လျှောက် လုပ်ရပ်တွေကို ကျုပ်ပြောပြမယ်… ခင်ဗျား ဘာတွေ မကောင်းမှုလုပ်ခဲ့တာ၊ ဘယ်လိုတွေ ဖျံကျခဲ့လဲ ဆိုတာကို ခင်ဗျားမေ့နေမှာစိုးလို့ပါ….
ဆက်ရန်……….

မိုးသောက်ကြယ်

16/12/2022

အရေးတော်ပုံအောင်မှ အိမ်ကိုပြန်မယ်ဆိုတဲ့ ရဲဘော်လေး..…

'' အရေးပေါ်ကျည်'' Campaign ပြီးဆုံးကြောင်း ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) မှ အရေးပေါ်ကျည် C...
16/12/2022

'' အရေးပေါ်ကျည်'' Campaign ပြီးဆုံးကြောင်း
ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) မှ အရေးပေါ်ကျည် Campaign ကို ရက်အကန့်အသတ်မရှိခေါ်ယူခဲ့ရာ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် campaign ပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်
မိဘပြည်သူလူထုအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် အရေးပေါ်ကျည်များဝယ်ယူနိုင်ခဲ့ပါတယ်
ပါဝင်လှူဒါန်းပေးသော အလှူရှင်အသီးသီးကိုလည်း အထူးပင် ကျေးဇူးတင်အပ်ပါတယ်
ဆက်လက် လှူဒါန်းလိုပါက လှူဒါန်းနိုင်ပါသေးတယ်...

#ဘဏ္ဍာရှာဖွေရေးဌာန
#အရေးတော်ပုံအောင်ရမည်

16/12/2022

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်- ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF) တပ်ရင်း E မှ အချိန်(၁၀)ရက်အတွင်း ပြန်လည်မွမ်းမံသင်တန်းပြုလုပ်ခဲ့ပါတယ်
(၂)နှစ်နီးပါးကြာမြင့်လာပြီဖြစ်သည့် ဒီတော်လှန်ရေးကို ရဲဘော်များဟာ ယနေ့အထိ အားတင်းတောင့်ခံထားကြပါတယ်
လက်နက်စွဲကိုင်တော်လှန်ရေးတစ်လျှောက်အတွင်း မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများမှ တပ်ဖွဲ့ဝင်ရဲဘော်များ၏ ရင်တွင်းစကားသံများကို မိဘပြည်သူလူထုအနေဖြင့် ကြည့်ရှုနားဆင်ခံစားပေးကြစေလိုပါတယ်

#ဘဏ္ဍာရှာဖွေရေးဌာန
#အရေးတော်ပုံအောင်ရမည်

ဇင်သော်နိုင် ကို ဘာကြောင့် စစ်ကောင်စီ နောက်မီးဆွဲ ဒလန်လို့ ပြောဆိုရနိုင်တာလဲ==========================================စစ...
16/12/2022

ဇင်သော်နိုင် ကို ဘာကြောင့် စစ်ကောင်စီ နောက်မီးဆွဲ ဒလန်လို့ ပြောဆိုရနိုင်တာလဲ
==========================================
စစ်ကောင်စီရဲ့ နောက်မီးဆွဲ ဒလန်ကောင် ဝက်မျက်နှာနဲ့ ဇင်သော်နိုင် ဆိုတဲ့ကောင်က
အဖမ်းဆီးမခံရခင်က တော်လှန်ရေးမှာ ဘာတွေလောက်လောက်လားလား လုပ်ခဲ့သလဲ...
ဂျာနယ်လစ်ယောင်ယောင် ဘာယောင်ယောင်နဲ့ ဆဲဆိုတာကလွဲပြီး
ဘာတွေထဲထဲဝင်ဝင် လုပ်ပြခဲ့သလဲ....
သူကိုစစ်ကောင်စီက ဖမ်းဆီးတရားစွဲတဲ့အချိန်မှာ
ဒီကောင် ဘာပုဒ်မတွေနဲ့ တရားစွဲခံရသလဲ....
ပြီးတော့ စစ်ကောင်စီကို ပက်ပက်စက်စက် ဆဲပြီးတော့
လက်နက်နဲ့အတူ ဖမ်းမိတဲ့ကောင်က(လက်နက်ဆိုတာ အထင်မကြီးနဲ့ သံရိုက်တဲ့တူလို၊ ပုဆိုလိုလိုအရာကိုပြောခြင်းဖြစ်)
စစ်ကောင်စီရဲ့ လွှတ်ငြိမ်းမှာ အစောဆုံး ပြန်လွတ်လာကတည်းက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လား
စစ်ကောင်စီက သူတို့အသာတကြည်လွှတ်ပေးလိုက်တဲ့ ဇင်သော်နိုင်လို ကောင်မျိုးက
ဒီအတိုင်းပဲ...လွှတ်ပေးမယ်လို့ ထင်လား...
သူတို့သာ လွှတ်ပေးပြီး
ဘာမှစောင့်ကြည့်တာတွေ မလုပ်ဘူးဆိုရင် ရဲရဲတောက်တဲ့ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေ
သူထက်တောင်မှ ပိုပြီးအခုလို လှုပ်ရှားကြအုံး
ဇင်သော်နိုင်က ဘာကြောင့် ဒီလို လွတ်လွတ်လပ်လပ် ပြန်ပြီး လုပ်ချင်ယောင်ဆောင်ပြနေနိုင်တာလဲ....
အဖြေကရှင်းရှင်းလေးပဲ ...
စစ်ခွေးတွေနဲ့ ညှိနှိုင်းပြီး...
စစ်ကောင်စီရဲ့ နောက်မြီးဆွဲအဖြစ်နဲ့ သူလျှို ဒလန်အဖြစ်လွှတ်ထားပေးလို့ ဒီလိုလုပ်နိုင်တာပဲ...
သမရိုးကျ စဉ်းစားရုံနဲ့ ဇင်သော်နိုင် ဘာကောင်လဲ ...
ဒလန် ကောင်ဆိုတာ ရိပ်စားမိလို့ရတယ်....

EAOs နှင့် PDF များအား နည်းပညာအထောက်အပံ့ပေးမည့် အမေရိကန်အစိုးရ၏ NDAA ကို အထက်လွှတ်တော် အတည်ပြုဒီဇင်ဘာ ၁၆၊ ၂၀၂၂ မြန်မာ့အရ...
16/12/2022

EAOs နှင့် PDF များအား နည်းပညာအထောက်အပံ့ပေးမည့် အမေရိကန်အစိုးရ၏ NDAA ကို အထက်လွှတ်တော် အတည်ပြု

ဒီဇင်ဘာ ၁၆၊ ၂၀၂၂

မြန်မာ့အရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို နည်းပညာနှင့် လက်နက် မဟုတ်သော အကူအညီများ ပေးအပ်မည့် အမေရိကန်အစိုးရ၏ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက "US Senate ကနေ ၈၃/၁၁ မဲနဲ့ NDAA ကို အတည်ပြုလိုက်ပါပြီ" ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ ရေးသားအသိပေးထားသည်။
NDAA ဥပဒေကြမ်းအား အမေရိကန်အောက်လွှတ်တော်တွင် ဒီဇင်ဘာ ၇ ရက်က အတည်ပြုနိုင်ခဲ့ပြီးနောက် ယခုအခါ အထက်လွှတ်တော်၌ မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်ရာ အမေရိကန်သမ္မတ လက်မှတ်ရေးထိုးပြီးပါက ဥပဒေတရပ်အနေဖြင့် ပေါ်ထွက်လာတော့မည် ဖြစ်သည်။
ယင်းဥပဒေတွင် အာဏာသိမ်းစစ်တပ်အတွက် လက်နက်ခဲယမ်း ရောင်းဝယ်မှုများအား ထိန်းချုပ်ကန့်သတ်ရေးနှင့် စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များကိုပါ ပိတ်ဆို့အရေးယူရေး လုပ်ငန်းစဉ်များလည်း ပါရှိကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ NDAA ဥပဒေတွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EAOs) ဟူ၍ နာမည်တပ်ကာ ရေးသားဖော်ပြထားသလို ကူညီထောက်ပံ့မှုများ၊ လူသားချင်းစာနာမှု အကူအညီပေးမည့် အစီအစဉ်များလည်း ပါဝင်လာသည့်အတွက် လက်တွေ့အကောင်အထည်ပေါ်လာပါက စစ်အာဏာရှင်ဖြုတ်ချရေး ဒီမိုကရေစီလှုပ်ရှားမှုများအတွက် အထောက်အကူပြုမည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ပြည်သူများက ယူဆထားသည်။
ပုံစာ - အမေရိကန်လွှတ်တော်

16/12/2022

စစ်ကောင်စီ ခမရ ၄၀၅ တပ်၌ တပ်တွင်းပုန်ကန်မှုဖြစ်ပွား၊ တပ်အချင်းချင်း ပြန်ဝိုင်းပြီး တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ်အပါအဝင်အကြီးတန်းအရာရှိ ၃ ဦးကို စစ်တပ်က ဖမ်းဆီး
============================
ကရင့်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ ထိမ်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေးဝင်ရောက်နေသော အမှတ် ၄၀၅ ခြေမြန်တပ်ရင်း (ခမရ - ၄၀၅) တပ်၌ ဒီဇင်ဘာ လ ၁၄ ရက်နေ့က တပ်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ခမရ ၄၀၅ တပ်အား ၎င်း၏အထက်ကွပ်ကဲမှုဌာန ချုပ်ဖြစ်သည့် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ-၈)၏ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးမှ တပ်မဟာ ၅ အတွင်းရှိ စစ်ကောင်စီခြေကုပ် မဲဝိုင်စခန်းသို့ သွားရောက်ရန် အမိန့်ပေးခဲ့သည်ကို မခရ ၄၀၅ တပ်ရင်းမှူးအပါအဝင် ထိပ်တန်းအရာရှိ ၃ ဦး က ငြင်းဆန်ကာ အမိန့်မနာခံဘဲ ဖီဆန်ခဲ့ကြကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ထိုသို့ အမိန့်မနာခံဘဲ အာဏာဖီဆန်သဖြင့် ခမရ ၄၀၅ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် ဦး ဆောင်သော အင်အား ၇၀ ခန့်ရှိ ခမရ ၄၀၅ တပ်ကို အာဏာသိမ်းစစ်တပ်က အခြားသော အင်အား ၁၀၀ ကျော်ရှိသည့် တပ်ရင်းတစ်ခုဖြင့် ပြန်ဝိုင်းစေကာ ခမရ ၄၀၅ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးတို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
“မဲဝိုင်စခန်းကို ချီတက်ခိုင်းတာကို ခမရ ၄၀၅ တပ်က တပ်ရင်းမှူးနဲ့ ထိပ်ပိုင်း ၂ ယောက်က မလုပ်နိုင်ဘူးလို့ ငြင်းတာ။ ခိုင်းတာက စကခမှူး (ဗိုလ်မှူးချုပ် အေးမင်းဦး) ကိုယ်တိုင်အမိန့်ပေးတာကို မနာခံတာလို့ သိရတယ်။ အဲ့လို အမိန့်မနာခံလို့ဆိုပြီး ခမရ ၄၀၅ တပ်ထက် အင်အားများတဲ့တပ်နဲ့ ပြန်ဝိုင်းခိုင်းပြီး တပ်ရင်းမှူးနဲ့ ထိပ်ပိုင်း ၂ ယောက်ကို ပြန်ဖမ်းခိုင်းတာ”ဟု သရက်ချောင်းတပ်နယ် ခမရ ၄၀၅ နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်များပေးသောအမိန့်ကို မနာခံဘဲ အာဏာဖီဆန်သဖြင့် ဖမ်းဆီးခံရသူများမှာ ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး/ဗက (မကြာမီ ဗိုလ်မှူးရာထူးတိုးမြှင့်ခံရမည့်ဗိုလ်ကြီး) ၁ ဦးတို့ဖြစ်ပြီး တပ်ခွဲမှူးအမည်ကို ဧရာ၀တီတိုင်းမ်သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
အာဏာသိမ်းစစ်တပ်က ခမရ ၄၀၅ တပ်၏ထိပ်ပိုင်းခေါင်းဆောင်များကို ပြန်လည်ဖမ်းဆီးခဲ့သဖြင့် လက်ရှိတွင် အဆိုပါတပ်ကို မပြိုကွဲစေရန်အတွက် စကခ ၈ လက်အောက်ခံ အခြားသောတပ်ရင်းတစ်ခုမှ အရာရှိတစ်ဦးကို ယာယီတပ်ရင်းမှူးခန့်၍ ဦးစီးကွပ်ကဲခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။
ထားဝယ်မြို့အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (စကခ-၈)၏လက်အောက်ခံဖြစ်သည့် ခမရ ၄၀၅ တပ်မှာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့တွင်အခြေပြုသည့်တပ်ရင်းဖြစ်သည်။ ၎င်းတပ်မှာ စစ်ခေါင်းဆောင်များအမိန့်အရ ကရင်ပြည်နယ်အတွင်း ရှေ့တန်း (စစ်ဆင်ရေး) ထွက်နေရသည်မှာ ၂ နှစ်နီးပါးရှိနေပြီဖြစ်ပြီး KNLA နှင့် PDF တပ်များ ၏တိုက်ခိုက်မှုကြောင့် အထိနာနေသော တပ်ရင်းတစ်ခုလည်း ဖြစ်သည်။
စစ်တပ်လုပ်ထုံးလုပ်နည်းအရအမိန့်မနာခံဘဲ အာ ဏာ ဖီဆန်သဖြင့် ဖမ်းဆီးခံရသူ ခမရ ၄၀၅တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး မှူး/ဗက ၁ ဦး တို့ကို စကခ ၈ ဌာန ချုပ်သို့ပြန်ခေါ်၍ စစ်ခုံရုံးဖြင့် ပြင်းပြင်းထန်ထန်အရေးယူဖွယ်ရှိကြောင်း တပ်မတော်သားဟောင်းများက သုံးသပ်ပြောဆိုသည်။
“စစ်ဥပဒေအရ ရှေ့တန်းထွက်ချိန် အမိန့်မနာခံရင် သာမာန်ရာထူးအဆင့်ဆို သတ်ပစ်မှာ။ ဒါက ရာထူးကြီးနေတဲ့ အရာရှိတွေဖြစ်နေလို့သာ။ လုပ်ထုံး လုပ် နည်းအရတော့ နောက်တန်းကို ချက်ခြင်းပြန်ပို့ခိုင်းမယ်။ ပြီးရင် စုံခုံဖွဲ့ပြီး အမိန့်မနာခံမှုနဲ့ အရေးယူမှာပေါ့။ တခြားလူတွေ လိုက်မလုပ်ရဲအောင် ဒီအရာရှိ ၃ ယောက်ကို စံပြအနေနဲ့ ပြင်းပြင်းထန်ထန် အရေး ယူမယ် ထင်တယ်”ဟု စစ်သက်ရင့် တပ်မတော်သားဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ မဲသလွတ်စခန်းကို KNLA နှင့် PDF တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး အပါအဝင်စခန်းတစ်ခုလုံးရှိ စစ်ကောင်စီတပ်သားများအားလုံး စခန်းကို စွန့်ခွာ ထွက်ပြေးခဲ့ကြောင်း သိရသည်။
ထိုသို့ စခန်းကို စွန့်ခွာထွက်ပြေးခဲ့သည့် ခမရ ၄၀၃ တပ်မှဒုတပ်ရင်းမှူး ဗိုလ်မှူး သန်းနိုင်အေးကို အာဏာ သိမ်းစစ်တပ်က ရက်အတန်ကြာတွင် တောထဲမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် စစ်ခုံရုံးဖွဲ့၍ မိမိစခန်းကို စွန့်ခွာ ထွက်ပြေးမှု၊ တာဝန်ပေါ့လျော့မှုတို့ဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

15/12/2022

စစ်ကောင်စီတပ်ဖွဲ့တွေ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနေကြောင်း ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ပြောကြား
~~~
■ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားစွမ်းရည်ချိနဲ့နေပြီဖြစ်တဲ့အတွက် ရေရှည်ရပ်တည်နိုင်တော့မှာမဟုတ်ဘူးလို့ KIC ကချင်လွတ်မြောက်ရေး ကောင်စီ ဒုဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂစ်တာတစ်လက်ကို ကြိုးမညှိဘဲ တီးခတ်နေသူနဲ့ အလားသဏ္ဍာန်တူတယ်လို့လည်း သူကပြောပါတယ်။
တစ်ဆက်တည်းမှာပဲ အနန့်ပါဗုံးကြဲမှုဟာ ကချင်လူမျိုးတွေရဲ့ နှလုံးသားကို သံမှိုနဲ့ နှက်လိုက်တာဖြစ်ကြောင်း၊ သူတို့ KIO နဲ့ NUG အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လူငယ် တော်လှန်ရေးသမားတွေဟာ အလွန်ရဲရင့်ပြီး ဆုံးဖြတ်ချက်ခိုင်မာကြောင်းနဲ့ တော်လှန်ရေးမုချ အောင်မြင်မှာဖြစ်ကြောင်း စသဖြင့်လည်း ပြောဆိုခဲ့ပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။
_______________
“အင်တာဗျူးကောက်နုတ်ချက်များ”
၁။ မြန်မာပြည်မှာ အာဏာရှင်စနစ် အဆုံးသတ်မယ့် အချိန်ရောက်ရှိလာပြီ။
၂။ အနန့်ပါဗုံးကြဲတိုက်ခိုက်မှုဟာ ကချင်လူမျိုးတွေရဲ့နှလုံးသားကို သံမှိုနဲ့တံဆိပ်နှိပ်လိုက်တာဖြစ်တယ်။
၃။ ကချင်ပြည်နယ်ကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်စစ်ဆင်လာလျှင် ပြင်းထန်စွာခုခံမှုနဲ့ ကြုံတွေ့ရမယ်။
၄။ KIA နဲ့ NUG/CRPH အကြားယုံကြည်စွာ ပူးပေါင်းဆောင်ရွက်နေတယ်။
၅။ NUG ဟာ စဉ်ဆက်မပြတ်ကြိုးစားနေသလို ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်သွားနေတာမြင်ရတဲ့အတွက် ကျေနပ်တယ်။ ဒါပေမဲ့ အများကြီးတော့ ကြိုးစားရဦးမယ်။
၆။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားကော စွမ်းရည်ပါ ချိနဲ့နေပြီဖြစ်လို့ ရေရှည်ခံနိုင်တော့မှာမဟုတ်ပါ။
၇။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဂစ်တာကို ကြိုးမညှိဘဲ တီးခတ်နေသူနဲ့ အလားသဏ္ဍာန်တူတယ်။
၈။ KIA အနေနဲ့ PDF ၄ဝဝဝ ကျော်ကို စစ်သင်တန်းပေးခဲ့ပြီးဖြစ်တယ်။
၉။ လူငယ်တော်လှန်ရေးသမားတွေဟာ ရဲရင့်တယ်၊ ဆုံးဖြတ်ချက်ခိုင်မာတယ်။ အနာဂတ်ကိုလည်း ရှာဖွေပြီးကြပြီ။ ဒါပေမဲ့ စနစ်တကျ ညီညွတ်ဖို့လိုတယ်။
၁ဝ။ လေယာဉ်ပစ်လက်နက်လိုတယ်။ ဒါပေမဲ့ တခြားနည်းမျိုးစုံနဲ့လည်း ဆောင်ရွက်ရမယ်။
၁၁။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံး တစ်ချိန်မှာ ပါဝင်ပူးပေါင်းလာမှာဖြစ်တယ်။
၁၂။ AA အပေါ်မှာ အပြည့်အဝယုံကြည်တယ်။ စစ်ကောင်စီနဲ့ အပစ်ရပ်မှုဟာ ယာယီသာဖြစ်တယ်။
၁၃။ နိုင်ငံတကာရောက် မြန်မာပြည်ဖွားတွေရဲ့ ပူးပေါင်းပါဝင်ကူညီမှုဟာ အင်မတန်ကြီးမားတဲ့ အင်အားဖြစ်တယ်။
၁၄။ တော်လှန်ရေးကာလမှာ အချင်းချင်း အပုပ်ချအပြစ်တင်မှုတွေကို ရှောင်ရှားဖို့လိုတယ်။ ဒါတွေဟာ အင်အားဖြုန်းတီးမှုဖြစ်တယ်။
၁၅။ နွေဦးတော်လှန်ရေးအောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်။ ပေးဆပ်သူအားလုံးကို ကျေးဇူးတင်တယ်။ တော်လှန်ရေးဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဖြစ်တယ်။

`ရွာကိုပဲမီးရှို့လို့ရမယ် တော်လှန်စိတ်ကို မီးရှို့မရဘူး´'' စာတန်း ကိုင်ဆောင်ကာ တန့်ဆည်ပင်မ သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပ...
15/12/2022

`ရွာကိုပဲမီးရှို့လို့ရမယ် တော်လှန်စိတ်ကို မီးရှို့မရဘူး´'' စာတန်း ကိုင်ဆောင်ကာ တန့်ဆည်ပင်မ သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
တန့်ဆည်ပင်မ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် `ရွာကိုပဲမီးရှို့လို့ရမယ် တော်လှန်စိတ်ကို မီးရှို့မရဘူး´ စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒီ Page ကို Telegram Channel မှာလည်း သွားရောက်ဖတ်ရှုအားပေးနိုင်ပါတယ်.....Telegram မှာ စစ်ခွေးတွေ နေရာယူနေကြလို့ .....နေရာတိုင်းမှာ ကျုပ်တို့တွေရှိရမယ်....အောက်က Telegram Channel link ကို အားပေးကြပါအုံး

https://t.me/fightfordemo21

NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောင်းလဲ ခန့်အပ်ဧရာဝတီ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၂အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ ပြောရေးဆိုခွင့...
14/12/2022

NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောင်းလဲ ခန့်အပ်
ဧရာဝတီ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၂
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ ပြောရေးဆိုခွင့် ရှိသူအဖြစ် နိုင်ငံတော် သမ္မတရုံးမှ ဦးကျော်ဇော်နှင့် ဝန်ကြီးချုပ်ရုံးမှ ဦးနေဘုန်းလတ်တို့၂ ဦးကို ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ထား သည်။
NUG ပြောရေးဆိုခွင့်ရှိသူအဖြစ် မူလက ခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးများမှာ ဝန်ကြီးဌာနလုပ်ငန်း တာဝန်များပြားသဖြင့် ပြောင်းလဲ တာဝန်ပေးအပ်လိုက်ခြင်းဖြစ်ပြီး၊ ယခု သမ္မတရုံး ပြောရေးခွင့်ရှိသူအနေဖြင့် ယာယီ သမ္မတ၏ ဆောင်ရွက်ချက်များနှင့် သမ္မတရုံးနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဦးစား ပေး ထုတ်ဖော်ပြောကြားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ပြောရေးဆိုခွင့်ရှိသူများသည် ဝန်ကြီး ချုပ်အပါအဝင် အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ မူဝါဒများနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များကို ဦးစားပေး ထုတ်ဖော် ပြောကြားရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြရန်ကုန်၊ ဒီဇင်ဘာ ၁၄ အောင်လံလွှင့်မည် ရ...
14/12/2022

အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်းနှင့် ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

14/12/2022
A Nyein က တလရအတွက် တကယ့်မြွေပွေးတစ်ကောင်ဖြစ်နေပြီလား*************************************************မနေ့က ဒီဇင်ဘာလ ၁၃ ရ...
14/12/2022

A Nyein က တလရအတွက် တကယ့်မြွေပွေးတစ်ကောင်ဖြစ်နေပြီလား
*************************************************
မနေ့က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အေးငြိမ်သူ(ခ)A Nyein သတင်းပေးလို့ဆိုပြီး စကစ က CDM ဆရာဝန်တွေကို ချောင်းသာဘက်က ဟိုတယ်တစ်ခုမှာ ဖမ်းမိသွားလို့သိရတယ်။ သူတို့နဲ့ ဆက်စပ်ပြီးတော့ စုဆောင်းထားတဲ့ အလှူငွေတွေနဲ့ ဝယ်ထားတဲ့ သိန်း ၆ ထောင် ကျော်ဖိုး ဆေးဝါးတွေအများအပြား လည်းအဖမ်ခံလိုက်ရသလို နောက်ထပ် ဆရာဝန်တွေကိုလည်း ဖမ်းမိတယ်လို့သိရတယ်။

A Nyein က ငါတို့ တလရအတွက် တကယ့်မြွေပွေးပဲ...ငါတို့ဘက်မှာသူရှိနေတာက မြွေပွေးကို ခါးပိုက်ပိုက်ထားသလိုဖြစ်နေပြီ....သူက သတင်းတစ်ခါပေးပြီးရင် နည်းနည်းငြိမ်သွားတယ်...သတိမထားမိတဲ့အချိန်မှာ ပြန်ပြီးတော့လှုပ်ရှားတယ်။ သူသတင်းပေးခဲ့လို့ အဖမ်းခံရတဲ့ CDM ဆရာဝန်တွေ အယောက် ၃၀ နီးပါးရှိနေပြီ...
သတိထားမိတဲ့အချိန်ကနေ စပြီးပြောရရင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က သူသတင်းပေးခဲ့လို့ ဒေါက်တာ နွယ်နွယ်ထွန်းနဲ့ ဒေါက်တာ နွယ်နွယ်အောင် တို့ ၂ ယောက်ကို မင်းတပ်ဘက်ကိုမျှားခေါ်ပြီး စစ်ကောင်စီကို လက်တို့တယ်။ အဲဒီနောက်မှာ မင်းတပ်နဲ့ချပ်ရွာတွေကို သူကိုယ်တိုင်သတင်းယူပြီး စကစကိုပေးလို့ စကစ က လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။

အဲဒီနောက်မှာ ပုလဲနဲ့ ယင်းမာပင်ဘက်ကိုရောက်သွားပြီးတော့ ဗိုလ်နဂါးတို့အခြေအနေကို ထောက်လှမ်းခဲ့ပုံရတယ်....သူရောက်တာနဲ့ မကြာဘူး ဗိုလ်နဂါးတို့ကိုလည်း စကစ က ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်တယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာမရှိသလို...စစ်ရေးမှာလည်း တိုက်ဆိုင်မှုဆိုတာမရှိနိုင်ဘူး....ဒါကြောင့် A Nyein ဟာ ငါတို့တော်လှန်ရေးအတွက် အဆိပ်ရှိတဲ့ မြွေတစ်ကောင်လို...မြွေပွေးကို ခါးပိုက် ပိုက်မိသလိုဖြစ်နေပြီလားဆိုတာ သံသယဖြစ်နေပြီ...သတိဆိုတာ ပိုတယ်မရှိဘူး...အေငြိမ်ကိုတော့ သတိထားကြဖို့လိုပြီ...

-

-
ပုံတွေကိုကြည့်ရင် သိသာတယ်

KNU တပ်မဟာ ၅ နယ်မြေနှင့် ပေါက်မြို့နယ် တိုက်ပွဲတွင်  စစ်သား  ၉ ဦး သေဆုံးရန်ကုန်၊ ဒီဇင်ဘာ ၁၄ KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လို...
14/12/2022

KNU တပ်မဟာ ၅ နယ်မြေနှင့် ပေါက်မြို့နယ် တိုက်ပွဲတွင် စစ်သား ၉ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ် ဘော့ကလူတောင်ခြေ၊ ဘီးလင်းချောင်းအနီးတိုက်ပွဲနှင့် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ညောင်ရင်းကျေးရွာအနီးတိုက်ပွဲများတွင် အကြမ်းဖက်စစ်သား ၉ ဦး‌ သေ ဆုံးခဲ့ကြောင်း သိရသည်။
KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ်၊ ဘော့လူတောင်ခြေ၊ ဘီးလင်းချောင်းကမ်းနံဘေး၌ ဒီဇင် ဘာလ ၁၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်က အကြမ်းဖက်စစ်တပ်နှင့် KNLA တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ် သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ- မူတြော်သတင်းစဉ်က ယနေ့ ထုတ် ပြန် သည်။
အလားတူ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီခန့်မှ ၁၁ နာရီခန့်အထိ လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ထော်မူပလယ်မဲရှိ အကြမ်းဖက်စစ်ကောင်စီ ခြေကုပ်စခန်းကို KNLA တပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ကာ စခန်းတဲ ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီ ၂၂ မိနစ် က လည်း KNLA တပ်ဖွဲ့ဝင်များက ဖာပွန်-ကမမောင်းကားလမ်းပေါ်ရှိ ဆင်ဆွယ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာမှ ညောင်ရင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ‌ သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး အများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Yaw Defence Force – Kyaw ထံက သိရသည်။
နိုဝင်ဘာလ ၂၈ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က စတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် Yaw Defence Force – Kyaw တပ်ဖွဲ့၊ ညောင်းရင်း ပအဖ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ ၁ နာရီခွဲခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၈ ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Photo - KNU

ကလေးမြို့ ပင်မသပိတ် အင်အားစုများ အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြရန်ကုန်၊ ဒီဇင်ဘာ ၁၄ ကလေးမြို့ ပင်မသပိတ် အင်အ...
14/12/2022

ကလေးမြို့ ပင်မသပိတ် အင်အားစုများ အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် ဗကသ ​ကျောင်းသားများနှင့် မဟာမိတ် အဖွဲ့များ ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြရန်ကုန်၊ ဒီဇင...
14/12/2022

ရန်ကုန်တွင် ဗကသ ​ကျောင်းသားများနှင့် မဟာမိတ် အဖွဲ့များ ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ရန်ကုန်တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ - DPNS၊ လူ့ဘောင်သစ်လူငယ် - YNS နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် "စေ့စပ်ရေး‌အတွေးအခေါ်ကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အရာတော်၊ နောင်ကြီးအိုင်ရွာ၌တပ်စွဲထားသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဂန့်ဂေါနှင့် မြင်းခြံတွင် ဖမ်းဆီးခံပ...
14/12/2022

အရာတော်၊ နောင်ကြီးအိုင်ရွာ၌တပ်စွဲထားသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဂန့်ဂေါနှင့် မြင်းခြံတွင် ဖမ်းဆီးခံပြည်သူ ၇ ကို စစ်တပ်က သတ်ဖြတ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ၄၀ မမဖြင့် တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်တပ်က ဂန့်ဂေါနှင့်မြင်းခြံတွင် ဖမ်းဆီးခံ ပြည်သူ ၇ ဦးကို သတ်ဖြတ်ကာ အလောင်းများစွန့်ပစ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ကို ယနေ့ ဒီဇင်ဘာလ ၁၄ ရက် မနက်ပိုင်းက ၄၀ မမ ဖြင့် ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးမိုး ကြိုးမုန်တိုင်း တပ်ဖွဲ့ထံမှ သိရသည်။
ကျေးရွာအတွင်း၌ အထိုင်ချတပ်စွဲထားပြီး ပြည်သူလူထုပိုင်နေအိမ်များအတွင်းရှိ ပစ္စည်းများကို ဖောက် ထွင်းခိုးယူ ရောင်းချ၊ စားသောက်ကာ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်နေသော စခန်းအတွင်းသို့ ပစ် ခတ်ခဲ့ရာ ၃ ချက်လုံး စခန်းအတွင်းကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သားများက ၁၅ မိနစ်ခန့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို လျှပ်စီးမိုးကြိုးမုန်တိုင်း တပ်ဖွဲ့မှ ဗိုလ်မိုးသီးအဖွဲ့နှင့်အတူ မြိ့နယ် ပကဖ ရဲဘော် များပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေကြောင်း သိရသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ပိတောက်ကုန်းရွာအနီးတွင် ဒီဇင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးသွားသော ပိတောက်ကုန်းရွာသား တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၅၀ တပ်က သတ်ဖြတ်ခဲ့ပြီး အ လောင်းကို လယ်တောအနီး ပစ်ထားခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့၌ တွေ့ရှိခဲ့ရကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။
အလားတူ ဒီဇင်ဘာလ ၉ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာသစ်ရွာနေ ပြည်သူ ၆ ဦး ကို တပ်မ ၈၈ ဖမ်းဆီးပြီး သတ်ဖြတ်ကာ အလောင်းနှစ်လောင်းစီ ၃ နေရာခွဲကာ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်း က စွန့်ပစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလောင်းများကို မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ် ရွာကြီး အနောက်ဖက် သူကြီး ကန်ရွာအနီးတွင် ရွာသစ်ရွာသား ကိုအောင်နိုင်ဝင်းနှင့် ကိုဇော်နိုင်ဝင်းတို့ အလောင်း နှစ်လောင်းကို လည်းကောင်း၊ ကံရွာ(ခေါင်းကွဲ) မြောက်ဖက် တံတားသစ် အနီးတွင် လူငယ် အလောင်းနှစ်လောင်းကို လည်းကောင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ် သင်ပြွန်းလမ်းခွဲအနီးတွင် ကျန်အမျိုးသား အလောင်းနှစ်လောင်းကိုလည်းကောင်း စွန့်ပစ်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရ သည်။
အကြမ်းဖက်စီတပ်မ ၈၈ တပ်သားများသည် အလောင်းများကို စွန့်ပစ်ကာ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် ည ၁၁ နာရီခန့်က 4 Wheel ကားတစ်စီး၊ မှန်လုံးကာတစ်စီးဖြင့် မြင်းခြံမြို့နယ်မှ ထွက်ခွာသွား‌ ကြောင်း သိရသည်။

လျှပ်စစ် ဘတ်စ်ကားနှင့် လျှပ်စစ် ရထား ပြေးဆွဲမည်ဟု ကြွေးကြော်ခဲ့သော  မင်းအောင်လှိုင်က တိုင်းချစ် ပြည်ချစ်စိတ်ဖြင့် စက်ဘီး...
14/12/2022

လျှပ်စစ် ဘတ်စ်ကားနှင့် လျှပ်စစ် ရထား ပြေးဆွဲမည်ဟု ကြွေးကြော်ခဲ့သော မင်းအောင်လှိုင်က တိုင်းချစ် ပြည်ချစ်စိတ်ဖြင့် စက်ဘီးစီးခိုင်းပြီး စက်သုံးဆီနှင့် လျှပ်စစ် ချွေတာရန် ပြောဆိုမှု လှောင်ရယ်စရာဖြစ်လာ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများအနေဖြင့် လျှပ်စစ် ဓာတ်အား နှင့်လောင်စာဆီကို ချွေတာသုံးစွဲကြရန် ပြောဆိုလိုက်ပြီး စက်သုံးဆီ ချွေတာသည့် အနေဖြင့် စက်ဘီးကဲ့သို့သော ယာဉ်များကို တိုင်းချစ်ပြည် ချစ် စိတ် ဖြင့် စီးနင်းကြရန် ပြောဆိုသည်။
ယမန်နေ့ မြစ်ကြီးနားတွင် စီးပွားရေးသမားနှင့်တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
စက်သုံးဆီကို ပြည်ပမှ နှစ်စဉ် တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေ သုံးစွဲမှု များစွာ ကုန်ကျလျက်ရှိကြောင်း၊ စက်သုံးဆီ တတ်နိုင်သမျှ ချွေတာသုံးစွဲရန် လိုအပ်ကြောင်း၊ စက်သုံးဆီ သုံးစွဲရန် မလိုအပ်သည့် စက်ဘီးကဲ့သို့သော ယာဉ် များကို တိုင်းချစ် ပြည်ချစ် စိတ်ဖြင့် စီးနင်းကြရန် မင်းအောင်လှိုင်က ပြော ဆို သည်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြီးမားနေပြီး အခြေအနေအရပ်ရပ်ကြောင့် လျှပ် စစ်ဓာတ်အား ထုတ်လုပ်နိုင် သည့် စီမံကိန်းများ ရပ်တန့်ခဲ့ရကြောင်း၊ လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲကြရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ယမန်နှစ် ဩဂုတ်လ၊ စက်တင် ဘာလနှင့် အောက်တိုဘာလ အစည်းအဝေး များနှင့်ဖွင့်ပွဲများတွင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ် စစ် ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည် တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲ မည်ပြော ဆိုခဲ့ရာမှ အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် ပြည်သူများ စက်ဘီး စီးနင်းကြရန် မင်းအောင်လှိုင်က ပြောဆိုလာခြင်းဖြစ်သည်။
မင်းအောင်လှိုင်က ရန်ကုန်-ပြည်ခရီးစဉ်ကို လျှပ်စစ်ရထားဖြင့် ပြေးဆွဲမည်ဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင် ဘာလ ၁၀ ရက်နေ့ ဖွင့်ပွဲတစ်ခုတွင်လည်း နေပြည်တော် တွင် လျှပ်စစ် ရထား လမ်း ဖောက်နိုင်ရေး ဆောင်ရွက်မည် ဖြစ် ကြောင်း ထုတ် ဖော်ပြောဆို ခဲ့သည်။
“တစ်နိုင်ငံလုံး လျှပ်စစ်ရထား လမ်းနဲ့ဆွဲ ရပါ လိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ် ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ ကား တွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါ လိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကို ကြေညာ ပါ့မယ်။”ဟု ၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည် တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုခဲ့သည်။
မင်းအောင်လှိုင်၏ လျှပ်စစ်ရထားနှင့်လျှပ်စစ်ကား စီမံကိန်းများကို ပြောဆို ခဲ့သော် လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်သည့်အပြင် ယခုနောက်ဆုံး စက်ဘီးစီးခိုင်းသည့်အတွက် ပြည်သူများအကြား လှောင် ရယ်စရာအဖြစ် လူမှုကွန်ရက်များတွင် ဝေဖန်မှုများ တရှိန် ထိုးမြင့် တက် လျက် ရှိနေကြောင်း သိရှိရသည်။

မန္တလေးသပိတ်အင်အားစု အဖွဲ့များထဲမှ သံဃာတော်အပါအဝင် ၅ ဦးကို  ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃နှစ်စီ ပြစ်ဒဏ်ချ မန္တလေးမြို့တွင် ပြီ...
25/11/2022

မန္တလေးသပိတ်အင်အားစု အဖွဲ့များထဲမှ သံဃာတော်အပါအဝင် ၅ ဦးကို ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃နှစ်စီ ပြစ်ဒဏ်ချ

မန္တလေးမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယအပတ်က ဖမ်းဆီးခံခဲ့ရသည့် မန္တလေးသပိတ်အင်အားစု အဖွဲ့များထဲမှ သံဃာတော် တစ်ပါးအပါအဝင် ငါးဦးကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှ ၅၀၅(က)ဖြင့် ထောင်ဒဏ် သုံးနှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
မန္တလေးသံဃသမဂ္ဂမှ ဦးဆောင်ဆရာ‌တော်တစ်ပါးဖြစ်သည့် ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုမှ ကိုပိုင်နွေဦး၊ ကိုဥာဏ် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
"လူတစ်ဦး တစ်ယောက်ကို အကြမ်းဖက်ဖမ်းဆီးပြီး၊ ရှေ့နေငှားခွင့် ၊ ခုခံချေပခွင့်မရှိဘဲ အမိန့်ချမှတ်ခြင်းဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းသာဖြစ်တယ်။" ဟု မန္တလေးသံဃသမဂ္ဂမှ ဆရာတော်တစ်ပါးက မဇ္ဈိမကို မိန့်သည်။
ဆက်လက်၍ ၎င်းဆရာတော်မှ"လူ ပီပီသသ နဲ့ လူ့အခွင့်အရေးအပြည့်အဝရချင်တယ် ဆိုရင်တော့ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ဒေါက်တိုင်တွေကိုအမြစ်ဖြတ်မှသာ ရရှိနိုင်မှာဖြစ်တယ်၊၊" ဟု မိန့်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့တွင် သပိတ်အင်အားစုများနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေသလို မထင်လျှင်မထင်သလို ဖမ်းဆီးနှိပ်စက်မှုများပြုလုပ်လျှက်ရှိသည်။

Address


Website

Alerts

Be the first to know and let us send you an email when Fight For Democracy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share