Ko Myo

Ko Myo Thailand

ငုံထားချင်သေလား အကုန်ဖမ်း👍Kyaw Soe Oo👇👇👇  VDOComme
27/05/2024

ငုံထားချင်သေလား အကုန်ဖမ်း👍Kyaw Soe Oo
👇👇👇
VDO
Comme

နွေဦးတော်လှန်ရေး စိတ်ခွန်အားဖြည့် မြှင့်တင်ရေး ဆွေးနွေးပွဲ      #စိန်သီး  👇👇👇  VDOComme
27/05/2024

နွေဦးတော်လှန်ရေး စိတ်ခွန်အားဖြည့် မြှင့်တင်ရေး ဆွေးနွေးပွဲ #စိန်သီး
👇👇👇
VDO
Comme

သတိ!!!ရူမယ်မုန်တိုင် အသက်စဝင်တော့မည်!!!👇👇👇  VDOComme
25/05/2024

သတိ!!!ရူမယ်မုန်တိုင် အသက်စဝင်တော့မည်!!!
👇👇👇
VDO
Comme

မဟာဗောဓိမြိုင်ဆရာတော်ကြီး ရဟန်းကိစ္စပြီးစီးသွားခဲ့ကြောင်း သိသာထင်ရှားသည့် အချက်များ👇👇👇  VDOComme
24/05/2024

မဟာဗောဓိမြိုင်ဆရာတော်ကြီး ရဟန်းကိစ္စပြီးစီးသွားခဲ့ကြောင်း သိသာထင်ရှားသည့် အချက်များ
👇👇👇
VDO
Comme

ဖြူဖြူကျော်သိန်း – မငိုနဲ့…တဲ့ ~ Don’t Cry (Short Film)👇👇👇  VDOComme
24/05/2024

ဖြူဖြူကျော်သိန်း – မငိုနဲ့…တဲ့ ~ Don’t Cry (Short Film)
👇👇👇
VDO
Comme

မျက်လှည့်ပြနေစဥ် ဖြစ်သွားတဲ့ နှစ်လောင်းပြိုင်လူသေမူ့👇👇👇  VDOComme
24/05/2024

မျက်လှည့်ပြနေစဥ် ဖြစ်သွားတဲ့ နှစ်လောင်းပြိုင်လူသေမူ့
👇👇👇
VDO
Comme

ကြွက်တစ်ကောင်က လေယာဉ်ပေါ်မှာရောဂါကိုပျံ့နှံ့စေပြီးနောက် အားလုံးက ဇွန်ဘီးအဖြစ်ပြောင်းလဲကုန်ခဲ့👇👇👇  VDOCommen
23/05/2024

ကြွက်တစ်ကောင်က လေယာဉ်ပေါ်မှာရောဂါကိုပျံ့နှံ့စေပြီးနောက် အားလုံးက ဇွန်ဘီးအဖြစ်ပြောင်းလဲကုန်ခဲ့
👇👇👇
VDO
Commen

မိုးဇလထုတ်ပြန်ချက်ပါ👇👇👇  VDOCommen
23/05/2024

မိုးဇလထုတ်ပြန်ချက်ပါ
👇👇👇
VDO
Commen

ယနေ့ မိုးကြီးလေထန်မည့်ဒေသများ👇👇👇  VDOCommen
23/05/2024

ယနေ့ မိုးကြီးလေထန်မည့်ဒေသများ
👇👇👇
VDO
Commen

ည ၇ နာရီ မုန်တိုင်းသတင်းထူး မေလ ၂၃ – ၂၄ ဝင်မယ့် မိုးမုန်တိုင်းကြီး ပိုမိုပြင်းထန်လာ စုစုစံ သတိပေး👇👇👇  VDOCommen
22/05/2024

ည ၇ နာရီ မုန်တိုင်းသတင်းထူး မေလ ၂၃ – ၂၄ ဝင်မယ့် မိုးမုန်တိုင်းကြီး ပိုမိုပြင်းထန်လာ စုစုစံ သတိပေး
👇👇👇
VDO
Commen

ရူမယ်မုန်တိုင်းနောက်ဆက်တွဲသတင်းupdate(22.5.2024)  👇👇👇  VDOComment
22/05/2024

ရူမယ်မုန်တိုင်းနောက်ဆက်တွဲသတင်းupdate(22.5.2024)
👇👇👇
VDO
Comment

မုန်တိုင်း အထူးသတိပေးချက် – ဦးဌေးတင့် မိုးဇလ ဘလော့ဂါ – မေ ၂၁👇👇👇  VDOComment
21/05/2024

မုန်တိုင်း အထူးသတိပေးချက် – ဦးဌေးတင့် မိုးဇလ ဘလော့ဂါ – မေ ၂၁
👇👇👇
VDO
Comment

မုန်တိုင်းနောက်ဆုံးရအခြေအနေစုးစည်းတင်ပြထားပါတယ်👇👇👇  VDOComment
21/05/2024

မုန်တိုင်းနောက်ဆုံးရအခြေအနေစုးစည်းတင်ပြထားပါတယ်
👇👇👇
VDO
Comment

လေဖိအားနည်းရပ်ဝန်း မုန်တိုင်းသတင်း ထပ်မံဖြည့်စွတ်ချက်👇👇👇  VDOComment
21/05/2024

လေဖိအားနည်းရပ်ဝန်း မုန်တိုင်းသတင်း ထပ်မံဖြည့်စွတ်ချက်
👇👇👇
VDO
Comment

မုန်တိုင်းဖြတ်သန်းမည့် မြန်မာနိုင်ငံဒေသများ👇👇👇  VDOComment
21/05/2024

မုန်တိုင်းဖြတ်သန်းမည့် မြန်မာနိုင်ငံဒေသများ
👇👇👇
VDO
Comment

ဖွဲ့စည်းပုံနဲ့ မုန့်ဟင်းခါးပါ အဘ (167)      #စိန်သီး  👇👇👇  VDOComment
21/05/2024

ဖွဲ့စည်းပုံနဲ့ မုန့်ဟင်းခါးပါ အဘ (167) #စိန်သီး
👇👇👇
VDO
Comment

သားသမီးရှိတဲ့ မိဘတိုင်းအတွက် ဒီရိုက်ခတ်မှုက ပြင်းတယ်ဒီ​နေရာမှာ ကိုယ့်သားသမီးသာဆိုရင်…?👇👇👇  VDOComment
20/05/2024

သားသမီးရှိတဲ့ မိဘတိုင်းအတွက် ဒီရိုက်ခတ်မှုက ပြင်းတယ်ဒီ​နေရာမှာ ကိုယ့်သားသမီးသာဆိုရင်…?
👇👇👇
VDO
Comment

ဘုရားသောက်တော်ရေလှူခြင်👇👇👇 VDOComment
20/05/2024

ဘုရားသောက်တော်ရေလှူခြင်
👇👇👇
VDO
Comment

အိမ်ရှေ့မှာ မစိုက်ကောင်းတဲ့ အပင် // ဖြစ်ရပ်မှန်👇👇👇 VDOComment
20/05/2024

အိမ်ရှေ့မှာ မစိုက်ကောင်းတဲ့ အပင် // ဖြစ်ရပ်မှန်
👇👇👇
VDO
Comment

ပါးစပ် စည်းကမ်းရှိသူ ဖြစ်ပါစေ။=======================လူတိုင်း လူတိုင်းမှာသူရဲ့ကိုယ်ရေးကိုယ်တာစိတ်ပိုင်းဆိုင်ရာပြဿနာဆိုတာ...
19/05/2024

ပါးစပ် စည်းကမ်းရှိသူ ဖြစ်ပါစေ။
=======================

လူတိုင်း လူတိုင်းမှာ
သူရဲ့ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာပြဿနာဆိုတာရှိတယ်။

လူသိစေချင်တာ ရှိသလို
လူမသိစေချင်တာလည်း ရှိတတ်ကြတယ်။

အဲ့ကြောင့် အပေါင်းသင်း
ဆက်ဆံရေး နယ်ပယ်မှာ
သိပေမယ့်
မသိချင်ယောင်ဆောင်ရသလို
သိပေမယ့် မပြောပဲ
နေပေးရတာလည်း ရှိတယ်။

ဒီနေရာမှာ စာနာမှု့က
လူတယောက်ရဲ့
အဆင့်အတန်းကိုပြတယ်။

မိတ်ဆွေအစစ်လို့ ထင်ရတဲ့
ထင်ခဲ့တဲ့ လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
အကြောင်းအရာတွေကို
အတင်းတုပ်တဲ့အခါ၊
ပုံကြီးချဲ့တဲ့အခါ
ကိုယ်ကသိပေမယ့်
မသိချင်ယောင်ဆောင်
လိုက်တာလည်းရှိတယ်။

သူတို့ ပုံကြီးချဲ့လို့
သိသွားတဲ့သူတွေက
မထိခလုတ်၊ ထိခလုတ်နဲ့
ခနဲ့တဲ့တဲ့ ရိသဲ့သဲ့
လာလာပြောသောအခါ
ဘာမှတော့ ပြန်မပြောဘူး။

ဒါပေမယ့်
သည်းမခံနိုင်တဲ့တနေ့
ပြန်ပြောရင်လည်း
တယောက် မျက်နှာတစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး။

ပြောချင်တာက
ဘာကြောင့်
လူမှုရေးနယ်ပယ်မှာ
စည်းမထားတာလဲ။

ဘာကြောင့်
ကိုယ့်ရဲ့ ပါးစပ်ကို
စည်းကမ်းရှိအောင်
မထိန်းသိမ်းနိုင်တာလဲ။

ဘာကြောင့်
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ်ပြောပြီး
အရသာ ခံချင်ရတာလဲ။

လူတယောက်ရဲ့အဆင့်အတန်းက
ငွေကြေးချမ်းသာမှု မဟုတ်ဘူး။
လူတစ်ယောက်ရဲ့အဆင့်အတန်းက
ပါးစပ်စည်းကမ်းရှိဖို့နဲ့
စာနာနားလည် ဖေးမတတ်မှုပါ…|

အားလုံးကို ကျေးဇူးတင်ပါတယ် ။

See less

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်ကိုယ့်တွင်းကိုယ် တူးတတ်တယ်။ဦးခေါင်း ပါတဲ့ လူ ကနေရာတက...
18/05/2024

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်း ပါတဲ့ လူ ကနေရာတကာ
ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။

အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။

တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့
သတ်မှတ်လိုက်ရင်တိုးတက်ဖို့
အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။

ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့
လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ် တစ်ယောက် ရဲ့ အနှစ်
အမြူတေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။

ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။

စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို

တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။

ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

ဆရာအောင်သင်း See less

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့တစ်ယောက်ထဲလဲ နေတတ်အောင်နေပါမင်း စိတ်ညစ်နေလား_?ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိုယ်...
17/05/2024

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့
တစ်ယောက်ထဲလဲ နေတတ်အောင်နေပါ

မင်း စိတ်ညစ်နေလား_?
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိုယ့်ဖာသာကို
ပြန်ထိန်းပါ။ ဘဝအတွက် လေ့လာသင်ယူပါ
စာများများဖတ်ပါ သူများကို သွားပြောတာထက် အများကြီးသာတယ်။

မင်း ဝမ်းနည်းနေလား_?
ခဏလောက် အားရပါးရ ငိုချပစ်လိုက်ပါ။
ဘယ်သူ့မှ ပြောမနေနဲ့ ပိုးပြီးမျက်ရည်ကျအောင်
လုပ်မဲ့သူပဲရှိတယ်။ငိုစရာရှိတာ ကိုယ့်ဟာကို
ငိုချလိုက် ပြီးရင် တည်ငြိမ်လာလိမ့်မယ်။

မင်း အရမ်း မွန်းကြပ်နေလား_?
သီချင်းလေးဘာလေး နားထောင် စိတ်ပြေလက်ပျောက် ဖြစ်အောင်နေပါ။
သူများကို သွားပြောရင် မွန်းကြပ်တာကနေ ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။

မင်း စိတ်ဓာတ်ကျနေလား_?
ဘာအားငယ်စရာရှိလဲ စိတ်ဓာတ်ကျတာ
မင်းအပြစ် မဟုတ်ဘူး လူတိုင်းကျတတ်တာပဲ ကိုယ်တိုင် ပြန်ပီး ဆွဲမတင်နိုင်မှ မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ့်ကိုကိုယ်
အားကိုးစမ်းပါ။

လောကမှာ ကိုယ့်ကိုကိုယ်လောက်
ဘယ်သူမှ မချစ်ဘူး ကိုယ့်အားကိုကိုး
ကိုယ့်သမိုင်းကိုယ်ရေးပါ။
မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက်
ကူညီမဲ့လူ ရှားတယ်။

မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ
ဒုက္ခပေးမနေနဲ့ မင်းကိုယ်မင်းပဲ အပြည့်အဝ
ပြန်ပီးကူညီလိုက်ပါ။

See less

ယောက်ျား နဲ့ မိန်းမ ဘာကွာခြားလဲ ?🥰🥰🥰🥰🥰🥰🥰🥰ယောက်ျားဆိုတာ သူတို့စိတ်ပျော်ရာအရပ်မှာသာနေကြပြီးမိန်းမဆိုတဲ့အမျိုးကသင့်တော်ရာအရ...
14/05/2024

ယောက်ျား နဲ့ မိန်းမ ဘာကွာခြားလဲ ?
🥰🥰🥰🥰🥰🥰🥰🥰

ယောက်ျားဆိုတာ သူတို့စိတ်ပျော်ရာ
အရပ်မှာသာနေကြပြီး
မိန်းမဆိုတဲ့အမျိုးကသင့်တော်ရာ
အရပ်မှာနေကြရတယ်…

ယောက်ျားဆိုတာ ဆန္ဒကို
ရှေ့တန်းတင်တတ်ကြပေမယ့်
မိန်းမဆိုတာ ဘ၀ကိုရှေ့တန်းတင်တယ်….

ယောက်ျားဆိုတာကတိတစ်လုံး
လွယ်လွယ်ပေးတတ်ကြပြီး
မတည်တတ်ကြပေမဲ့
မိန်းမဆိုတာက ရထားတဲ့
ကတိတစ်လုံးကို
အချိန်တိုင်းတန်ဘိုးထား
မျှော်လင့်နေတတ်တယ်….

ယောက်ျားတွေက ချစ်တယ်လို့
စပြောပေမဲ့
အပြောခံရတဲ့ မိန်းမတွေကပဲ
တသက်လုံး ဆက်ချစ်ကြရတယ်….

ယောက်ျားဆိုတာက အတူတူနေလာတာ
ကြာရင် ရိုးအီသွားတတ်ပေမယ့်
မိန်းမတွေကတော့ အတူနေလာတာ
ကြာလေလေ သံယောဇဉ်ပိုလေပါပဲ…

မိန်းမတယောက်က
အပြစ်တစ်ခုလုပ်မိရင်
ယောက်ျားဆိုတာ ထပ်ခါထပ်ခါမြင်တတ်ပေမယ့်….
ယောက်ျားတစ်ယောက်က
အပြစ်တစ်ခုလုပ်ရင်
မိန်းမဆိုတာ ကောင်းခဲ့တဲ့
အကြောင်းအရာလေးကိုပဲ
ပြန်မြင်ပြီး ခွင့်လွှတ်ချင်နေကြတယ်…

ယောက်ျားတွေရဲ့အချစ်က
ခန္ဓာကိုယ်နဲ့ရင်းပြီး သာယာမှုနဲ့ ချစ်တယ်
မိန်းမတွေရဲ့အချစ်က ခန္ဓာကိုယ်မပါလည်း
စိတ်ခံစားချက်နဲ့ရင်းပြီး နှလုံးသားနဲ့ချစ်တယ်….

ယောက်ျားဆိုတာ လမ်းခွဲချင်ရင်
အကြောင်းပြချက်မထားတတ်ဘူး
သစ်စိမ်းချိုးလည်း ချိုးတတ်တယ်
သူတို့ကြောင့်ဘ၀ပျက်သွားရင်တောင်
မဆိုင်သလိုလည်း နေတတ်တယ်…

မိန်းမဆိုတာ လမ်းခွဲချင်ရင်
တစ်ဘက်လူရဲ့ ရပ်တည်မှုနဲ့
ခံနိုင်ရည်ရှိ မရှိကြည့့်တယ်
ထွက်သွားရတဲ့အကြောင်းရင်းကို
လက်ခံပေးနိုင်မယ့် အနေအထား
ထိစောင့်တယ်….

နှစ်သိမ့်ဆွေးနွေးပြီးမှ နွေးနွေး
ထွေးထွေးထားခဲ့တတ်ပြီးသစ်စိမ်းချိုး
မချိုးတတ်ဘူး ပြီးတော့
သတင်းစကားလည်းအမြဲနားစွင့်ပြီး
စိတ်လေနေလား ပေတေနေလား
အမြဲစုံစမ်းပြီး ထားခဲ့မိရင်တောင်
အဝေးကနေတည့်မတ်ပေးတတ်တာ
မိန်းမသဘာ၀ပါ….

ဘာလို့လည်းဆိုတော့
မိန်းမဆိုတာ မိခင်မျိုးနွယ်က
ဆင်းသက်လာလို့ပါ ။
စိတ်ထိခိုက်ခံစားလွယ်ပြီး
သနားလွယ်တာ အဲ့ဒါကို
လူတွေက အယုံလွယ်တယ်
ဆိုပြီး အပြစ်တင်ကြပါတယ်…

ဒါပေမယ့်
ယောက်ျားတွေထက် မိန်းမတွေကပိုလည်ပြီး ဖြတ်ထိုးဉာဏ်ကျ
မိန်းမတွေက ပိုကောင်းပါတယ်…

ယောက်ျားတယောက်ကို ဒုက္ခပေးဖို့ပညာဆိုတာ
မသင်ပဲတတ်တဲ့မွေးရာပါ
ပညာဆိုသောငြား
ဒုက္ခမပေးကြတာ ဒုက္ခပေးဖို့
၀န်လေးတတ်ကြတာ
မိန်းမတွေက အ လို့ မဟုတ်ပါဘူး …
အခြေခံစိတ်ဓာတ်ကိုက
မိန်းမတွေက ကိုယ်ချင်းစာတတ်တဲ့နေရာမှာ
ယောက်ျားတွေထက်သာပြီး
ခွင့်လွှတ်သီးခံတတ်တဲ့ စိတ်ကလည်း
ယောက်ျားတွေထက်သာပါတယ် …

ကမ္ဘာပေါ်မှာ ရှိသောမိန်းမတိုင်းက
မိခင်မျိုးနွယ်ကဆင်းသက်လာကြပြီး
သနားကြင်နာတတ်ကြလို့ပါ …
ယောက်ျားတွေက သူတို့ကိုယ်သူတို့
ထားခဲ့ရလို့ အနိုင်ရတယ်ထင်နေကြပေမဲ့ …
တကယ်တော့ မြင့်မြတ်တဲ့နှလုံးသား
ပိုင်ရှင် ခွင့်လွှတ်တတ်တဲ့မိန်းမတွေက
အချစ်ရှုံးသမားဘ၀နဲ့
နာကျင်စွာကျန်နေခဲ့
ရမယ်ဆိုရင်တောင် ခမ်းနားတဲ့
စိတ်ဓာတ်ကြောင့်
တစ်သက်လုံး
လိပ်ပြာသန့်ပါတယ် ။
#ဘဝရဲ့ခရီးသည်
ယောကျာ်းတိုင်းကိုမဆိုလိုပါ…
Credit. See less

ဘယ်လောက်ပဲချစ်တယ်ပြောပြော..ဘယ်လောက်ပဲတက်တူးထိုးပြပြမချစ်ချင်တဲ့အချိန်..ကိုယ့်ပုံကသရဲမပုံဖြစ်သွားတာပဲ😂😂..အာ့ကြောင့် တက်တူ...
14/05/2024

ဘယ်လောက်ပဲချစ်တယ်ပြောပြော..
ဘယ်လောက်ပဲတက်တူးထိုးပြပြ

မချစ်ချင်တဲ့အချိန်..ကိုယ့်ပုံကသရဲမပုံဖြစ်သွားတာပဲ😂😂..
အာ့ကြောင့် တက်တူးထိုးလို့ ကိုယ့်ကိုတကယ်ချစ်တယ်မထင်နဲ့..အဟိန်းအဟန်တွေပါ..😏😒..
ဟီး...
photo-crd

😥ဖတ်ပီး မျက်ရည်တောင်ကျမိတယ်။အရမ်းကောင်းတဲ့စာလေး ၃ မိနစ်လောက်အချိန်ပေးပီး ဖတ်ကြည့်ပါ။တစ်လမှ လစာငွေ နှစ်သိန်းသာရသောအဖေကဒီဟ...
11/05/2024

😥ဖတ်ပီး မျက်ရည်တောင်ကျမိတယ်။
အရမ်းကောင်းတဲ့စာလေး ၃ မိနစ်လောက်အချိန်ပေးပီး ဖတ်ကြည့်ပါ။

တစ်လမှ လစာငွေ နှစ်သိန်းသာရသောအဖေက
ဒီဟောပြောပွဲကို သွားနားထောင်ရင်
ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့
စည်းရုံးထားတယ်လေ။

လက်မှတ်ကြေးက တစ်စောင်ကို တစ်သောင်းနှုန်း၊လက်မှတ်ငါးစောင်ဖြတ်ပေးလိုက်တယ်။
ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်
သူငယ်ချင်းတွေအတွက်ရောပေါ့။

ဒီနေ့ ဒီဟောပြောပွဲကို
တက်ရောက်ကြားနာခဲ့ခြင်းဟာ
ဘဝမှာအမှန်ဆုံးအလုပ်တစ်ခုဖြစ်မယ်ဆိုတာ
ကျနော်မသိသေးဘူး။

ခန်းမထဲမှာ လူတွေအပြည့်ပဲ။

တချို့က မိသားစုလိုက်။
တချို့က စုံတွဲခုတ်လာကြတယ်။
တချို့က ကျနော်တို့လို ဘော်ဒါအဖွဲ့။

စင်ပေါ်ကို လူတစ်ယောက် တက်လာတယ်။

မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့…
ထူးထူးခြားခြားတောက်ပနေတာက
သူ့ရဲ့ ယုံကြည်မှုရှိတဲ့ ဟန်ပန်ပဲ။

နိုင်ငံသိ ကျော်ကြားအောင်မြင်သူဆိုတော့လည်း
ဒီလို confidence ရှိနေတာ မဆန်းပါဘူး။
ဒါပေမယ့် သူက ဟိတ်ကြီးဟန်ကြီးမဟုတ်ဘူး။
တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့။
ဂျင်းဘောင်းဘီ ဝတ်ထားတယ်။
တီရှပ်တစ်ထည် ဝတ်ထားတယ်။

မြန်မာ့အဆင့်( ၁ )သူဌေးကြီးလို့
ဘယ်သူထင်မှာလဲ။
"မင်္ဂလာပါ။ ကျနော် ကျော်စွာပါ။”
မိတ်ဆက်ပုံက ဒီလောက်ပဲ။

နိုင်ငံတော်က ချီးမြှင့်ထားတဲ့
သူဌေးဘွဲ့ကို သူမရွတ်ပြဘူး။

"ကျနော်က ဟောပြောချင်တာမဟုတ်ဘူးဗျ။
ပြောပြချင်တာ။ဒီနှစ်ခုမတူဘူးနော်။
အပေါ်စီးကနေသင်ကြားပေးချင်တာမဟုတ်ဘူး။နှလုံးသားက လာမယ့်စကားတွေကို
နှလုံးသားထဲ တိုက်ရိုက် မျှဝေပေးချင်တာ။

ကျနော်က စကားပြောသိပ်ကောင်းတာတော့
မဟုတ်ဘူး။ ဒါကြောင့် ရူပါနဲ့ပဲ ထိန်းထားရတာ။
အောင်မြင်တဲ့ နိဒါန်းပဲလား။

လေးလံခမ်းနားတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သီရိသုဓမ္မ
ဘာညာသူဌေးကြီးက ဒီလို ပေါ့ပေါ့ပါးပါးလေး အရွှန်းဖောက်တော့ ပရိတ်သတ်က ပြုံးစိပြုံးစိ
ဖြစ်သွားတယ်။

"ကျနော်က သူဌေးဖြစ်နည်းကို ဟောပြောမှာ မဟုတ်ဘူးနော်။ကျနော့်ညီ ကျနော့်ညီမတွေလို လူငယ်တွေအတွက် ဘဝနေနည်းလေး အကြံပြုချင်တာပါ။

တစ်ခါက ဘုရင်ကြီးတစ်ပါးက အမတ်တွေကို
ပြောတယ်။ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို လေ့လာချင်တယ်တဲ့။
အဲ့ဒိခေတ်က စာရွက်မပေါ်သေးလို့ ဆိတ်သားရေ၊
နွားသားရေမှာ စာရေးနေရတဲ့ခေတ်လေ။
ဘုရင့်နန်းတော်ရှေ့မှာ
လှည်းအစီးထောင်ပေါင်းများစွာဟာ
သားရေပြားတွေတင်ပြီး ရောက်နေတယ်။

ဘုရင်က အံ့သြတကြီးနဲ့
"အဲ့ဒါဘာတွေလဲ”ဆိုတော့ အမတ်ကြီးက
ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို
သုံးနှစ်သုံးမိုး ပြုစုထားတာပါတဲ့။

"ငါဘယ်လိုလုပ် ဖတ်နိုင်မှာလဲ အမတ်ကြီးရဲ့။
ခပ်တိုတိုလေး ပြန်ပြုစုပေး”

အဲ့ဒီအချိန်မှာ အမတ်ကြီးက သူဆောင်ယူလာတဲ့
သားရေပြားချပ်လေးကို ပေးလိုက်ရင်း

"ဒါကမ္ဘာအရပ်ရပ်က လူသားသမိုင်းပါ
အရှင်မင်းကြီး”

မင်းကြီးမျက္မှောင်ကုပ်သွားတယ်။
လူသားသမိုင်းတဲ့။ရေးထားတော့
စာကနှစ်ကြောင်းတည်း။

"သူတို့ မွေးဖွားလာကြသည်။
သူတို့ သေဆုံးသွားကြသည်။”

အဲ့ဒါဘဝပဲ။

နိဒါန်းက မွေးဖွားခြင်း။
နိဂုံးကသေဆုံးခြင်း။
သတ္တဝါတိုင်း အတူတူချည်းပဲ။

ကျနော်လည်း ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့
ကြားကာလမှာ ရုန်းကန်ရွေ့လျားနေတဲ့
လူတစ်ယောက်ပဲ။ ကျနော်ဘယ်လိုနေခဲ့လဲ။

ကျနော်လည်း ညီလေးတို့ ညီမလေးတို့လို
ကျောင်းသားလူငယ်ဘဝကိုဖြတ်သန်းခဲ့ဖူးတယ်။
ဆိုးခဲ့ဖူးတယ်။ တေခဲ့ဖူးတယ်။ ပေခဲ့ဖူးတယ်။

ဘဝမှာ ကြက်ခြေခက်တွေ အပြည့်နဲ့။

ဘဝပျောက်လောက်အောင်တော့
မဆိုးခဲ့ဘူးပေါ့။ ကျနော့်အဖေကမှာတယ်။

မင်းကြိုက်သလောက်ပျော်ပါ။ ဒါပေမယ့်
အိမ်ကိုတော့ ရောက်အောင်ပြန်ခဲ့ပါတဲ့။

ဒါကို ဒဿနတစ်ခုလို့ ကျနော်မသိဘူး။

အခွင့်အရေးတစ်ခု၊ လွတ်လပ်ခွင့်တစ်ခုလို့ပဲ
ထင်ခဲ့တာလေ။ ညလုံးပေါက် ဂစ်တာတွေတီး၊
သီချင်းတွေဆို၊ ဘော်ဒါတွေနဲ့မူးယစ်ပျော်ပါး။
မနက်လေးနာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့နေ့တွေက မနည်းလှဘူး။

ရက်တွေကြာလာတော့ အဖေက ပြောတယ်။

"သား ကြိုက်သလောက်ပျော်ပါ။
သားအပျော်ကြူးတာနဲ့ တိုက်ရိုက်အချိုးတူစွာ
အဖေတို့ စိတ်ပူရတယ်။
ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ်
သားအတွက် ဘေးကင်းမယ့် ဒီအိမ်လေးမှာ
တစ်ထောက်ပြန်နားပါသား။

သားဘယ်နေရာမှာမူးမှောက်ပြီး အိပ်ပျော်နေမလဲ။
ဘယ်နေရာမှာ ရန်တွေဖြစ်ပြီး
အရိုက်အနှက်ခံနေရမလဲ။
ဖေဖေတို့ စိတ်ပူနေရတယ်။

မနက်လင်းလို့ အိပ်ရာပေါ်မှာ ဘေးကင်းကင်းနဲ့ အိပ်မောကျနေတဲ့ သားကိုမြင်မှ အဖေတို့
တစ်ရက်စာ စိတ်အေးရတယ်”တဲ့

ကျနော်မသိခဲ့ဘူး။

ကျနော့်ရဲ့ ပျော်ပါးခြင်းဟာ မိဘကို စိတ်ပူပန်စေတယ်ဆိုတာ ကျနော်မသိဘူး။ ကျနော်ပဲ ပျော်ချင်တာ။
ကျနော့်တစ်ကိုယ်စာလေးပဲ ကျနော်တွေးခဲ့တာ။

အဲ့ဒီနောက်ပိုင်း တော်ရုံတန်ရုံအကြောင်းမရှိရင်
ကျနော့်အိမ်ပြန်ချိန်တွေ ညဉ့်မနက်တော့ဘူး။
ကျနော့်ကြောင့် မိဘကို စိတ်ပူစေမယ့်
ဘေးကို အတတ်နိုင်ဆုံးအေးစေခဲ့တယ်။

အမေကတော့ အဖေ့ကို ပြောတယ်။

"ရှင့်နည်းက စွန့်စားလွန်းရာမကျဘူးလား။
၂နှစ်နီးပါးလောက် သားလေးကို ပရမ်းပတာ
လွှတ်ပေးခဲ့တာ အန္တရာယ်သိပ်များတယ်။
ဒီကြားထဲ တစ်ခုခုဖြစ်သွားတဘယ့်နှယ့်လုပ်မလဲ”တဲ့။

ကျနော့်စိတ်ထဲမှာ စူးစူးနင့်နင့်နားလည်လိုက်တာက
မိဘအိမ်ဆိုတာ သားသမီးတွေအတွက်
လုံခြုံဘေးကင်းရာအရပ်ပဲ။
ညီလေးတို့ ညီမလေးတို့လည်း လူငယ်ပီပီ
ရူးမိုက်ပျော်ပါးချင်လိမ့်မယ်။
ပျော်ပါးဖူးလိမ့်မယ်။

ဒါပေမယ့်

မိဘတွေဘက်က ဝင်တွေးကြည့်ပါ။
မင်းတို့အတွက် မိဘအိမ်ဟာ
ဘေးကင်းလုံခြုံရာအရပ်ပဲ။
ရောက်အောင်ပြန်ပါ။

ကျနော်ဒုတိယနှစ်ရောက်တော့ ရည်းစားရနေပြီ။
အရူးအမဲသား စားရသလိုပေါ့ဗျာ။
အခုမှ ဣတ္ထိယနဲ့ ထိတွေ့ဖူးတော့
ကြားလေသွေးရင်တောင်
ဝေးတယ်လို့ ထင်မိတာမျိုး။

တစ်ရက် အဖေက မေးတယ်။

" သား ချစ်သူရပြီလား”တဲ့
"ဟုတ်ကဲ့”လို့ ဖြေတော့
"မင်းဘယ်မှာ နေမလဲ။ ဘာအလုပ်လုပ်စားမလဲ။
မင်းဘဝရည်မှန်းချက်က ဘာလဲလို့မေးတယ်။
မေးခွန်းက ရိုးရှင်းသလောက် အဖြေကသိပ်ခက်တယ်။ခက်တာထက်ကို ပိုပါတယ်။ အဖြေက ရှိကိုရှိမနေတာ။
အဖေက ဘာမှဆက်မမေးတော့ဘူး။

ဟုတ်တယ်။

ဒါက အဖေ ကျနော့်ကို မေးရမယ့်မေးခွန်းမဟုတ်ဘူး။
ကျနော့်ကို ကျနော်မေးရမှာ။
ငါဘာအလုပ်လုပ်မှာလဲ။
ငါ့ရည်မှန်းချက်ကဘာလဲ။
ကိုယ်လျှောက်မယ့်လမ်းတောင်
ကိုယ်မဖောက်ရသေးတဲ့အဖြစ်ပါ။
တကယ်က လမ်းပျောက်နေတာမဟုတ်ဘူး။
လမ်းကို မရှိခဲ့တာ။

ညီလေးတို့ ညီမလေးတို့မှာရော
ရည်မှန်းချက်လမ်းတွေ ရှိကြပြီလား။

ဒီလိုနဲ့ စီးပွားရေးဘက်ကို အထူးပြုလေ့လာမယ်
ဆိုပြီး စီးပွားရေးဘက်ကို စလေ့လာတယ်။
စာတွေဖတ်တယ်။ ကိုယ်ပိုင်လုပ်ငန်း
လုပ်နေကြတဲ့သူတွေကို အောက်ကျို့ခံပြီး
မေးခွန်းတွေမေးတယ်။ သင်ယူတယ်။

ပညာရှာ ပမာ သူတောင်းစားမဟုတ်လား။

သိလိုသူက မာန်ချထားရတယ်။
ပြဿနာ အသစ်တစ်ခု ထပ်တွေ့လာပြန်ရော။

သမီးရည်းစားပြဿနာပါ။

ရွေးချယ်ခဲ့တုန်းက ရုပ်ရည်ကြိုက်လို့ ရွေးခဲ့တာလေ။
သူ့အကျင့်၊သူ့စရိုက် ဘာကိုမှ လေ့လာပြီး ကြိုက်ခဲ့တာမဟုတ်ဘူး။

သူကျနော့်ကို ဖြတ်သွားပြီး နောက်တစ်ယောက်
တွဲသွားတယ်။
လူလည်း ရူးမလိုလို ကြောင်မလိုလို
ဖြစ်သွားသေးတယ်။
သစ္စာမရှိတဲ့ မိန်းမဘာညာပေါ့။
ကျိန်စာတွေတိုက်။ အသဲတွေကွဲ၊အရက်တွေမူး။

အဲ့ဒီအချိန်မှာ အဖေကထပ်မေးတယ်။

"သူ့မှာ မင်းကို ဖြတ်ဖို့အခွင့်ရေးမရှိဘူးလား”တဲ့

ဟုတ်တယ်။
ဘာစာချုပ်စာတမ်းမှ ရှိတာမဟုတ်ဘူး။

တစ်သက်လုံးလက်တွဲပါမယ်လို့လည်း
ကတိမပေးထားဘူး။

ကျနော့်ကို သူ မလိုချင်တော့ရင်၊ မလိုအပ်တော့ရင် လမ်းခွဲဖို့ သူ့မှာ အခွင့်အရေးရှိနေတာပဲ။
ကျနော်လက်ခံပေးလိုက်တယ်။

နောက်တစ်ခါများတော့ ရည်းစားထားမယ်ဆိုရင်
သူ့ဘက်ကိုလည်း သေချာလေ့လာမယ်။
ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်မယ်။
ဒီလိုတွေးဖြစ်လာတယ်။

တစ်သက်လုံး ကိုယ့်အိပ်ရာဘေးမှာ ထားရမယ့် အမျိုးသမီး၊ကိုယ့် အိမ်ရှင်မဖြစ်လာမယ့် အမျိုးသမီးကို တွေ့ကရာ မရွေးချယ်မိဖို့
ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။

ညီလေးတို့ ညီမလေးတို့ရော ကိုယ့်ကြင်ဖော်ကို
ရွေးချယ်တဲ့အခါ စိတ်ခံစားချက်အတိုင်း
ရွေးလိုက်တာလား။
ဉာဏ်နဲ့ရော ပိုင်းခြားစီစစ်ဖြစ်လား။

နောက်တစ်ကြိမ်ရွေးချယ်မှုကတော့
ကျနော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။
အခုလက်ရှိ အိမ်သူသက်ထားပါပဲ။

လူနှစ်ယောက်ချိတ်ဆက်ဖို့ အတွက်
တစ်ခုတည်းသော လိုအပ်ချက်က နားလည်မှုပဲ။
သူ့အပြစ် ကိုယ့်အပြစ်၊ သူ့အမှား ကိုယ့်အမှား
သူ့အဆိုး ကိုယ့်အဆိုး၊ သူ့အားနည်းချက် ကိုယ့်အားနည်းချက်ကို အပြန်အလှန် နားလည်ပေး
ခဲ့ကြတယ်။

ဖုန်းတစ်လုံး အားသွင်းဖို့ adapterလိုတယ်
မဟုတ်လား။ Adapterဆိုတာ powerကိုမပေးဘူး။
Powerကိုလည်းမယူဘူး။ ပေးသူနဲ့ ယူသူကြားမှာ အဆင်ပြေအောင် ချိန်ညှိပေးတဲ့ deviceတစ်ခုပဲ။
နိုင်ငံရဲ့ power supply systemက 220AC၊
ဖုန်းကလိုချင်တာ 5amp(အမ်ပီယာ) current၊
Adapterမခံဘဲ တိုက်ရိုက် joinလိုက်ရင်
ဖုန်းပဲ ဂိသွားလိမ့်မယ်။

ဒါဟာ ပေးသူရဲ့အမှားမဟုတ်သလို
ယူသူရဲ့ အားနည်းချက်လည်း မဟုတ်ဘူး။

မတူညီ ကွဲလွဲခြင်းသာ။ နားလည်မှု adapterလည်း ကြားခံလိုက်တော့ အပေးအယူမျှတသွားရော။

ဒါကြောင့် ညီလေးတို့
ညီမလေးတို့ ပေါင်းသင်းဆက်ဆံတဲ့အခါ
သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊ မိဘနဲ့ပဲဖြစ်ဖြစ်၊ချစ်သူချင်းပဲဖြစ်ဖြစ် နားလည်မှုရှိကြပါ။

နားလည်မှုမရှိဘဲ ပေါင်းစပ်လို့ လုံးဝမရဘူး။

အဆီအငေါ်မတည့်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်ရ
တတ်တယ်။ မိဘက adapterမခံဘဲ 220AC voltageပေးလိုက်လို့ လောင်ကျွမ်းသွားတဲ့
ပျက်စီးသွားတဲ့ ဖုန်းလိုမျိုး သားသမီးတွေ
ဘယ်လောက်တောင် ရှိနေမလဲ။

ဒီလိုနဲ့ စီးပွားရေးကို အစပြုရင်း ဖြတ်လမ်းနည်း
တွေနဲ့ အောင်မြင်ချင်လာတယ်။

သူဌေးကြီးတစ်ယောက်ကို မေးဖူးတယ်။

အောင်မြင်ဖို့ အမြန်ဆုံးနည်းပြောပြပါလို့။

သူဌေးကြီးဖြေသွားတာ သိပ်လှတာပဲ။

သမိုင်းဖြစ်ရပ်လေးတစ်ခုနဲ့ ဥပမာပေးသွားတာ။

ညီတို့ ညီမတို့ကို ဗဟုသုတအဖြစ်၊ message
တစ်ခုအဖြစ် မျှဝေချင်ပါတယ်။

မက္ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး
သေဆုံးပြီးနောက္မှာ သူပိုင်တဲ့နယ်မြေတွေကို
သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။

အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ
ဘုရင် တော်လမီက Geometryပညာရှင်
ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။

ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။
သိပ်ရဲရင့်တယ်။

"Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက်
အထူးနည်းလမ်းမရှိပါဘူး”တဲ့။

ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ
သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။

ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ
ဝီရိယကြောင့်ပဲ။ ဦးတည်ရာကို ရွေးချယ်တာက
ဉာဏ်ရည်ပေါ့။
လျှောက်လမ်းမှာခလုတ်မထိ ဆူးမငြိဖို့က
သတိတရားရဲ့ လုပ်ဆောင်ချက်။

ဒီလိုနဲ့ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖြစ်
လာတယ်။ အတော်အတန် အောင်မြင်လာတယ်။

ကျနော်နဲ့ ခင်မင်လာတဲ့ သူဌေးကြီးတစ်ယောက်က
ကျနော့်ကိုမေးတယ်။ စာဖတ်ဖြစ်လားတဲ့။
အချိန်လည်း သိပ်မအားတာနဲ့ မဖတ်ဖြစ်ဘူးလို့
ပြောတော့

သူဌေးကြီးက

"မင်းအလုပ်ချိန်တွေက ဘယ်လောက်တောင်
တန်ကြေးရှိနေလို့ စာမဖတ်ရတာလဲ။
မင်းရဲ့ နှစ်နာရီလုပ်အားခက တစ်သိန်းလား
နှစ်သိန်းလား။

စာတစ်ပုဒ်ကပေးမယ့် အသိတရားက မင်းရှာနိုင်တဲ့
ငွေထက် အမြဲတန်ဖိုးကြီးတယ်ဆိုတာ မှတ်ထား”တဲ့

တပည့်လိုဖြစ်နေလို့ ခပ်ကြမ်းကြမ်းပြောတယ်
ထင်ပါတယ်။

နောက် လေသံပျော့သွားပြီး

"ငါ့ညီ ကျော်စွာ ဘေဂိတ်ကြီးရဲ့ တစ်နာရီလုပ်အားခက တို့ထက် အပုံကြီးသာလိမ့်မယ်။
ဒါပေမယ့် ဘေဂိတ်ဇောက်ချလုပ်နေတာ စာဖတ်ခြင်းပဲ။

လင်ကွန်းကပြောတယ်။
ကျုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ခြောက်နာရီပေးရင်
လေးနာရီက ပုဆိန်သွေးနေမှာတဲ့။
ငါတို့ အလုပ်လုပ်နေတယ်ဆိုတာ
ဉာဏ်ပုဆိန်နဲ့ သစ်ပင်ခုတ်နေတာ။

စာဖတ်တယ်ဆိုတာ

အဲ့ဒီဉာဏ်ပုဆိန်ကို သွေးနေရတာ။
မင်းပုဆိန်သွေးဖို့ မပျက်ကွက်နဲ့။
ပုဆိန်တုံးလာလိမ့်မယ်”တဲ့။

ဒီတော့ ညီလေးတို့ ညီမလေးတို့ကို
ကျနော်ကပြောမယ်။

ကျနော့်အဆင့်နဲ့ အချမ်းသာဆုံးသူဌေးဖြစ်နေရတာ
ကျနော်ဂုဏ်မယူဘူး။
ကျနော့်ထက် ပိုချမ်းသာတဲ့သူပေါ်လာလို့လည်း
ကျနော်စည်းစိမ်လျော့မသွားဘူး။

နံပါတ် တစ်ဖြစ်နေခြင်းက နှိုင်းရတန်ဖိုးပါ။

ပကတိမှမဟုတ်တာ။

ကျနော်ထက် ပိုချမ်းသာသူပေါ်လာရင်
ကျနော်ထက်ပိုပြီး နိုင်ငံသားတွေကို
အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်လိမ့်မယ်။

ကျနော့်နိုင်ငံကြီး
ဒီထက်ပိုတိုးတက်လာလိမ့်မယ်။
ကျနော်မျှော်လင့်တယ်။

ညီတို့ ညီမတို့လည်း ပျော်ကြပါ။
ဒါပေမယ့် ဘေးကင်းပါစေ။
ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။

ဒါပေမယ့် ရည်မှန်းချက်ရှိပါစေ။

ချစ်ကြပါ။
ဒါပေမယ့် နားလည်မှုရှိပါစေ။
အလုပ်လုပ်ကြပါ။

ဒါပေမယ့် စာဖတ်ဖို့ အချိန်ရှိပါစေ။
အောင်မြင်ခြင်းမှာ ဂုဏ်ယူကြပါ။
ဒါပေမယ့် မာန်မာနတော့ ကင်းပါစေ။

နိုင်ငံအနာဂတ်အတွက် ညီတို့ညီမတို့ကိုပဲ
ကျနော်က အားကိုးမျှော်လင့်နေမှာပါ။

ဟုတ်ကဲ့ ကျနော့် စကားကို စိတ်ဝင်တစား
နားထောင်ပေးကြလို့ ကျနော် ကျော်စွာက
အားလုံးကို ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့ ဝယ်ယူလာတဲ့ လက္မှတ်တွေကို
အရောင်းကောင်တာမှာ ဝယ်စျေးအတိုင်း
ပိုက်ဆံပြန်ထုတ်သွားလို့ရပါတယ်။

ဒီနေ့ စကားပွဲလေးဟာ ငွေကြေးအကျိုးအမြတ်
လိုချင်လို့ လုပ်တဲ့စကားပွဲမဟုတ်ဘူး။

ဒါပေမယ့် လေးနက္မှု့တစ်ခုရချင်လို့ စည်းစနစ်ကျချင်လို့ ငွေနဲ့ ရောင်းတဲ့သဘောပါ။

လူကြီးမင်းတို့ ငွေပြန်မထုတ်လိုဘူးဆိုရင်လည်း
ဒီငွေတွေဟာ မိဘမဲ့ကလေးကျောင်းကို
အလှုငွေအဖြစ် ရောက်ရှိသွားမှာပါ။

ငွေတစ်သောင်းဟာ တချို့လူတွေအတွက်
သိပ်များနေသေးတဲ့ ပမာဏမို့လို့ ထုတ်ယူမယ်
ဆိုရင်လည်း နားလည်ကြည်ဖြူမှာပါ။”

လက်ခုပ်သံများ မစဲအောင် ထွက်ပေါ်လာသည်။

ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်သိုက်လည်း
လက်ခုပ်ကို အားရပါးရတီးဖြစ်ခဲ့သည်။

တကယ့် ဂါရဝလက်ခုပ်သံပါ။
မုဒိတာလက်ခုပ်သံပါ။
ကျေးဇူးတင်တဲ့ လက်ခုပ်သံပါ။

အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေတက်ကြွနေသည်။ဘယ်နှစ်ကြိမ်မှန်းမသိ
ကျေနပ်ပြုံးတွေ ပြုံးမိနေသည်။

လက္မှတ်ငါးစောင်အတွက် ငွေငါးသောင်းကို
ကျနော်တို့ ပြန်မထုတ်ယူဖြစ်ခဲ့ပါ။

အဖေပေးမယ့် ငွေတစ်သိန်းလည်း
ကျနော် မလိုချင်တော့။

ကျေးဇူးပါ ဖေဖေရယ်လို့
လိပ်ပြာသန့်သန့်ပြောနိုင်ဖို့
ငွေတစ်သိန်းကြောင့် အပျက်စီးမခံနိုင်ပါ။

နိုင်ငံအတွက်၊ မိဘအတွက်၊ မိမိအတွက်
အသုံးကျတဲ့ နိုင်ငံသားအဖြစ်၊
သားသမီးကောင်းအဖြစ်၊
လူသားကောင်းအဖြစ် ကျနော်စတင်ရတော့မယ်။

credit to owner
#ဘဝရဲ့ခရီးသည်
ပြည်လည်မျှဝေပါသည်။

မိသားစုအပေါ် ချစ်ခြင်းမေတ္တာအပြည့်နဲ့
တစ်ဖက်သားအပေါ် ကိုယ်ချင်းစာတရား အပြည့်ရှိဖို့
အမြဲ လမ်းပြသင်ကြားပေးခဲ့တဲ့
ချစ်ရတဲ့ပါးပါး အသက်ရာကျော်တိုင် ကျန်းမာသက်ရှည်ပါစေ 🙏🙏🙏

 #ပိုပြီးကျေးဇူးမတင်သင့်ဘူးလား--------ကောင်မလေးတစ်ယောက် သူ့ အမေနဲ့ အကြီးအကျယ် ရန်ဖြစ်ပြီး အိမ်ပေါ်ကနေ ပြေးဆင်းသွားတယ်။ဒီ...
04/05/2024

#ပိုပြီးကျေးဇူးမတင်သင့်ဘူးလား
--------

ကောင်မလေးတစ်ယောက် သူ့ အမေနဲ့ အကြီးအကျယ် ရန်ဖြစ်ပြီး အိမ်ပေါ်ကနေ ပြေးဆင်းသွားတယ်။

ဒီအိမ်ကိုလုံးဝပြန်မလာတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။

သူ အပြင်မှာ တနေကုန် လျှောက်သွားနေတာ ဗိုက်ကလဲ ဂလုဂလု မြည်နေပြီ။
ဒါပေမဲ့သူ ပိုက်ဆံမပါဘဲ ထွက်လာခဲ့တာ၊ အိမ်ပြန်ပြီးထမင်းစားဖို့ မျက်နှာလဲ မရှိတော့ဘူး။

ညရောက်တော့ သူခေါက်ဆွဲဆိုင်တဆိုင်နား ရောက်လာခဲ့တယ် ခေါက်ဆွဲအနံ့ကလဲ မွှေးကြိုင်နေတော့ တစ်ပွဲလောက်စားချင်စိတ်ကအရမ်းကိုပြင်းပြနေတယ်။ ပိုက်ဆံပါမလာတော့ တံတွေးကိုဘဲပြန်ပြန် မျိူချနေရတာပေါ့။

ရုတ်တရက် ခေါက်ဆွဲဆိုင် ပိုင်ရှင်က သမီး ခေါက်ဆွဲစားမလို့လား လို့ မေးတော့ သူကလဲ ရှက်ရှက်နဲ့ အင်း ဒါပေမဲ့ သမီးမှာ ပိုက်ဆံမပါလာဘူး လို့ပြန်ဖြေလိုက်တယ်။

ဆိုင်ပိုင်ရှင်ကလဲ ရတယ်။ ဒီနေ့ ငါကျွေးတာလို့ဘဲ ထားလိုက်ပါတော့ လို့ပြောလိုက်တယ်။
မိန်းကလေးကလဲ ကိုယ့်နားကိုတောင် မယုံနိုင်လောက်အောင်ဖြစ်ပြီး ဆိုင်ထဲ၀င်ထိုင်လိုက်တယ်။

မကြာခင်မှာဘဲ ခေါက်ဆွဲ ရောက်လာပြီးသူ မြိန်ရည် ရှက်ရည် စားပြီး
ဦးလေး က အရမ်းသဘောကောင်းတာဘဲလို့ ပြောလိုက်တယ်။

ဆိုင်ပိုင်ရှင်က
အဲ ဘာလို့လဲ?
သူက ဟုတ်တယ်လေ၊ သမီးတို့ တခါမှ မတွေ့ဖူးဘဲနဲ့ ဦးလေးက သမီးပေါ် ဒီလောက်ကောင်းတာ၊ သမီးမေမေနဲ့ မတူဘူး၊ သမီးဘာလိုချင်လဲ ဘယ်လိုစဉ်းစားနေတာလဲဆိုတာကို နားမလည်ပေးနိုင်ဘူး။
အရမ်းစိတ်ဆိုးတာဘဲ လို့ပြန်ပြောလိုက်တယ်။

ဆိုင်ပိုင်ရှင်က ရယ်ပြီးပြန်ပြောတယ် သမီးလေး ငါက နင့်ကို ခေါက်ဆွဲလေးတစ်ပွဲကျွေးရုံနဲ့ နင်ငါ့ကို အဲလောက်ကျေးဇူးတင်နေ နင့်အမေက နင့်ကို အနှစ် ၂၀ ကျော်ထမင်းချက်ကျွေးလာတာ နင်သူ့ကို ပိုပြီးကျေးဇူးမတင်သင့်ဘူးလား?

ဆိုင်ပိုင်ရှင် ဒီလိုပြောပြီးနောက်မှာ ကောင်မလေးဟာ အိပ်မက်ထဲက နိုးလာသလို သဘောပေါက်ပြီး မျက်ရည်များစီးကျလာတယ်။ ကျန်နေသေးတဲ့ ခေါက်ဆွဲကိုဆက်မစားနိုင်တော့ဘဲ အိမ်ကို ပြန်ပြေးခဲ့တယ်။

အိမ်ရှေ့လမ်းထိပ်ရောက်တော့ သူ့မေမေဟာ ပူပန်သောကများစွာနဲ့ ဟိုဟိုဒီဒီ မျှော်နေတာကို အဝေးကနေလှမ်းမြင်လိုက်ရတယ်။ သူ့စိတ်ထဲမှာတော့ ထောင်သောင်းမကသော တောင်ပန်းစကားတွေ လှိုက်ဖိုနေတယ်။ ပါးစပ်ဟဖို့ အချိန်တောင်မရလိုက်ဘူး။ သူ့မေမေက ပြေးလာပြီးတော့တနေကုန် ဘယ်တွေသွားနေတာလဲ? ငါ့မှာ စိတ်ပူလိုက်ရတာ။ လာ လက်ဆေးပြီး ထမင်းစားတော့ လို့ပြောလိုက်ချိန်မှာတော့ မိန်းကလေးဟာ မိခင်ရဲ့မေတ္တာကို နက်နက်ရှိုင်းရှိုင်း ခံစားမိပြီး မျက်ရည်တွေဟာရေလှိုင်းလိုကျလာတယ်။

အမြဲတမ်း သင့်ကို စောင့်ရှောက်ဂရုစိုက်နေတဲ့ သူကို တော့ သင်ကတော့ ဘာမှမဟုတ်သလိုဘဲ။ သူစိမ်းတစ်ယောက်ယောက်ကများ ကိုယ့်ပေါ်ကောင်းပြလိုက်ရင် ဒီလူဟာအရမ်းကို ကောင်းတဲ့လူ လို့ထင်မိလိမ့်မယ်။

အမြဲတမ်း သင့် အပေါ်မှာကောင်းနေတာဟာ အချိန်ကြာလာတာနဲ့ အမျှ ဒါဟာ အကျင့်တစ်ခုလိုဖြစ်သွားတယ်။ နောက်အကျင့် ကနေ ဒါဟာလုပ်သင့်လုပ်ထိုက်တာဖြစ်သွားရော။ ဒီတော့ တစ်ချိန်ချိန်မှာ ဂရုစိုက်မှုလျော့သွားတာနဲ့ သင်ဟာ စပြီး မကျေနပ်တော့ဘူး။

အမှန်တကယ်တော့ ဂရုစိုက်မှုတွေလျော့သွားတာမဟုတ်ဘဲ ကိုယ်တွေရဲ့တောင်းဆိုမှုဟာ ပိုများလာလို့ပါဘဲ။

ရယူမှုကို အကျင့်ပါသွားပြီးတဲ့နောက် ကျေးဇူးသိတတ်မှုတွေကို မေ့လျော့နေတတ်ကြတယ် ။

ဒီကလေးလေးရဲ့ မိဘတွေကိုကျနော်လေးစားတယ် ၊ အခက်အခဲအမျိုးမျိုးကြောင့် ကိုယ့်ကလေးကိုလိုက်မကြည့်နိုင်ပဲ ထမင်းချိုင့်တစ်လုံးနဲ့...
02/05/2024

ဒီကလေးလေးရဲ့ မိဘတွေကိုကျနော်လေးစားတယ် ၊ အခက်အခဲအမျိုးမျိုးကြောင့် ကိုယ့်ကလေးကိုလိုက်မကြည့်နိုင်ပဲ ထမင်းချိုင့်တစ်လုံးနဲ့ ကျောင်းလွှတ်လိုက်တဲ့ သတ္တိကိုလည်း ချီးကျုးတယ် ၊ ဒီနေရာမှာ ငါ့သားလေး သူစိမ်းတွေကြားမှာ မျက်နှာငယ်မှာစိုးလို့ဆိုတဲ့ တလွဲအတွေးတွေ ၀င်နေရင် ဒီကလေးရင့်ကျက်မလာတော့ဘူး ၊ လူတောမတိုးရဲတော့ဘူး ၊ KG တန်းမှာ နှစ်ဆင့်ချိုင့်ကို ကိုယ့်ဘာသာကိုဖွင့်ပြီး စားတတ်နေပြီဆိုတာ သူအတွက် ကြီးမားသောအောင်မြင်မှုပါ...

ရင့်ကျက်မှုဆိုတာ အသက်အရွယ်အပေါ်မှာ မူမတည်ဘူး၊ ကြုံလာတဲ့ လောကဓံနဲ့ပဲသက်ဆိုင်ပါတယ် ၊
#ဘဝရဲ့ခရီးသည်
fighting Baby 😘😘
crdoriginaluploader

ငါ့မှာပန်းသီးတစ်လုံးရှိတယ်။မင်းကိုတစ်၀က်ကျွေး မယ်၊ ငါတစ်၀က်စားမယ်၊ဒါ သူငယ်ချင်းတဲ့။ငါ တစ်ကိုက်ပဲ ကိုက်မယ်၊ကျန်တာအားလုံးမ...
30/04/2024

ငါ့မှာပန်းသီးတစ်လုံးရှိတယ်။
မင်းကိုတစ်၀က်ကျွေး မယ်၊ ငါတစ်၀က်စားမယ်၊
ဒါ သူငယ်ချင်းတဲ့။

ငါ တစ်ကိုက်ပဲ ကိုက်မယ်၊
ကျန်တာအားလုံးမင်းကိုပေးမယ်၊
ဒါ အချစ်တဲ့။

ငါ တစ်ချက်မှ မစားရက်ဘူး၊
အားလုံးပဲ ပေးလိုက်မယ်၊
ဒါ မိဘတဲ့။

ငါက ပန်းသီးကို ဖွက်ထားလိုက်မယ်၊
ဗိုက်ဆာပြီ၊ ဗိုက်ဆာပြီ ဆိုတာကိုလဲ ပါးစပ်က အော်နေမယ်၊
ဒါကြတော့ လောကကြီးတဲ့ ...

“မိမိအပေါ်ကောင်းတဲ့သူကို
ပြန်၍ကောင်းနိုင်အောင် ကြိုးစားပါ။"
"မိမိအပေါ် မကောင်းတဲ့သူကို
ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။"

#ဘဝရဲ့ခရီးသည်

မိဘထက် ဘယ်သူမှ ပိုမချစ်ဘူး▪▪▪▪▪▪▪▪▪မိဘတွေကိုနာကျင်အောင် မပြောပါနဲ့။မိဘတွေကိုအလုပ်မအားဘူးဆ်ိုပြီး ပစ်မထားပါနဲ့။မိဘတွေကိုခ...
27/04/2024

မိဘထက် ဘယ်သူမှ ပိုမချစ်ဘူး
▪▪▪▪▪▪▪▪▪
မိဘတွေကို
နာကျင်အောင် မပြောပါနဲ့။

မိဘတွေကို
အလုပ်မအားဘူးဆ်ိုပြီး ပစ်မထားပါနဲ့။

မိဘတွေကို
ခေတ်အကြောင်း နားမလည်ဘူးဆိုပြီး
မချိုးနှိမ်လိုက်ပါနဲ့။

မိဘတွေကို
ငြင်းခုန်တုပြောပြီး အနိုင်မလိုချင်ပါနဲ့။

မိဘတွေကို
ဘာကြောင့်နဲ့မျှ
မျက်ရည်ကျအောင် မလုပ်ပါနဲ့။

မိဘတွေကို
အချိန်အကြာကြီး အဆက်အသွယ်
ဖြတ်မထားပါနဲ့။

သင့်ရဲ့ ဖြစ်တည်မှု
အကောင်း အဆိုး သတင်းတွေကို
နားစွင့်ပြီး
မျှော်နေတဲ့နေရာမှာ
မိဘထက် ဘယ်သူမှ မပိုပါဘူး။

သင့်ကို အမြင့်ဆုံးရောက်စေချင်ပြီး
အဆိုးဆုံးဘဝမှာ ရှိမနေစေချင်တာ

သင့်ကို ကောင်းစားစေချင်ပြီး
ဒုက္ခတွေ မရောက်စေချင်တာ

ဒီလို စေတနာ မေတ္တာတွေဆိုတာ
သင့်မိဘထက်တော့
သင့်အပေါ်ကို ဘယ်သူမှ ပိုမထားနိုင်ပါဘူး။

မိဘဟာ…
ခေတ်အကြောင်း မသိရင်နေမယ်။
ဘဝအကြောင်းတော့…
ကောင်းကောင်းသိတယ်။

မိဘဟာ…
ဂုဏ်ပကာသနနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ
မရှိရင်သာ နေမယ်။
အတွေ့အကြုံနဲ့
ဆင်ခြင်တုံတရား ရှိတယ်။

မိဘဟာ…
အောင်မြင်သူ ဖြစ်ချင်မှဖြစ်လိမ့်မယ်။
သေချာတာတော့…
ဖြူစင်ရိုးသားမှုတွေနဲ့
သင့်ဘဝကို
ရှေ့ဆောင် လမ်းပြပေးလိမ့်မယ်။

ဘယ်သူမှ မလိုအပ်တော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေမျှော်နေတယ်။

ဘယ်သူမှ မကြည်ဖြူတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေစောင့်ကြိုနေတယ်။

ဘယ်သူမှ အနားမရှိတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေအချစ်တွေပေးဖို့
အိမ်ပြန်လမ်းမှာ မျှော်နေတယ်။

ကိုယ်က သား သမီးကောင်း ဖြစ်ပါမှ
မိဘကောင်းနေရာ ပြန်ရောက်ပြီး
သား သမီးကောင်း ရပါလိမ့်မယ်။

ကိုယ့်ရဲ့ သိတတ် ယဉ်ကျေးလိမ္မာမှု
အတွက်
လောကကြီးက တစ်နည်းနည်းနဲ့တော့
ကိုယ့်ကိုယ် ပြန်ကျေးဇူးပြုမှာပါ။

အ မေ က…
အသက်နဲ့ရင်းပြီး မွေးထားပေးတယ်။
အ ဖေ က…
ဘဝနဲ့ရင်းပြီး ကျွေးထားခဲ့တယ်။

ကိုယ်က နှလုံးသားနဲ့ရော
ဘဝနဲ့ပါ ပေါင်းပြီး
ကျေးဇူးပြန်ဆပ်ဖို့ လိုပါတယ်။

မင်းကို တစ်ယောက်ယောက်ကနေ
သေလောက်အောင်
ရူးမတတ် ချစ်ပါတယ်ဆိုတဲ့
အချစ်ဦးပုံပြင်တွေကို မယုံလိုက်ပါနဲ့။

တကယ်ပြောတာပါ
ဒီကမ္ဘာမှာ သင့်ကို
မိဘထက်တော့ ဘယ်သူမှ ပိုမချစ်ပါဘူး။
crd. #ဘဝရဲ့ခရီးသည်

အသက်တစ်နှစ်အရွယ် ကလေးက ဘောင်းဘီထဲမှာ သေးပေါက် အီးပါရင်😭😭မိဘများကသားသမီးများကို ခွင့်လွှတ်တယ်ဒါပေမယ့် အသက် 80 ဝန်းကျင်အမေ...
17/04/2024

အသက်တစ်နှစ်အရွယ် ကလေးက ဘောင်းဘီထဲမှာ သေးပေါက် အီးပါရင်😭😭
မိဘများကသားသမီးများကို ခွင့်လွှတ်တယ်
ဒါပေမယ့် အသက် 80 ဝန်းကျင်အမေက ဘောင်းဘီထဲမှာ ဆီးသွားအီးပါမိရင်
သူ့သားသမီးတွေက ဆူပူကြိမ်းမောင်းခြင်းခံရတက်တယ်
အသက်တစ်နှစ်အရွယ် ကလေးတစ်ယောက်ဟာ သူ့မိဘကအစားအသောက်တွေ စိတ်ပူစရာမလိုဘဲ သုံးနပ်မှန်အောင်စားဖို့ပြင်ဆင်ပေးတယ်
ဒါပေမယ့် အသက် 80 ပြည့်တဲ့ မိဘတွေကို ထမင်း၃နပ်ပုံမှန်ကျွေးဖို့ အချိန်မရှိကြဘူး
သားသမီးတွေကြီးပြင်းလာလေ
မိဘတွေကအိုမင်းလာလေပါပဲ
သူတို့တွေကမေ့တတ်သူ၊ မေ့တတ်တဲ့သူ မဟုတ်ပါဘူး…
ကလေးတစ်ယောက်ရဲ့အခြေအနေကို တဖန်ပြန်ရောက်သွားပြန်ရောက်သွားသလိုပါပဲ
အတိတါကအကြောင်းတွေမေ့တာလဲဖစ်နိုင်နိုင် ထမင်းပဲစားခဲ့ပြီးမေ့တာလဲဖစ်နိုင်တယ် ပြောခဲ့တာတွေ့မေ့တာလဲရှိမယ်
မိဘတွေကိုစိတ်ရှည်ပါ ဂရုစိုက်မှုရှိပါ
ဘာဖြစ်လို့လဲဆိုတော့ ဒါက ဘဝသံသရာက တစ်ဖန်ပြန်ဖြစ်လာလို့ပါ
ဒါဟာလဲကလေးတွေကို
မိဘတွေရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ အခွင့်အရေး ရသလိုပါပဲ
မိဘတွေကသားသမီးကိုပြုစုပျိုးထောင်ရတာ ပျော်သလို သားသမီး ကလဲမိဘကိုပြုစုရတာပျော်မယ်ဆို ကုသိုလ်ကောင်းမှု တစ်မျိုးပဲ
မိမိအိမ်မှာရှိတဲ့မိသားစုကိုဂရုစိုက်ပါ
ဘာကြောင့်လဲဆိုတော့ ကျမတို့လဲတစ်နေ့တော့ အသက်ကြီးလိမ့်မယ် ကုသိုလ်က အစစ်အမှန်။
ကျေးဇူးသိတတ်ခြင်းသည် ကောင်းမှုပြုသောသူ့ရဲ့လက္ခဏာတစ်ရပ်ဖြစ်တယ်
သားသမီးကောင်းမဖစ်နိုင်ခဲ့ရင်တောင် အနည်းဆုံး မိခင်ကောင်းတစ်ယောက်ဖြစ်ပါစေ
ဒါပေမယ့် အခွင့်အရေးရှိရင် နှစ်ခုလုံးကို ကောင်းကောင်းအောင်လုပ်ပါ
#ဘဝရဲ့ခရီးသည်

Address


Website

Alerts

Be the first to know and let us send you an email when Ko Myo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share