Dawei City News

  • Home
  • Dawei City News

Dawei City News သတင်းအမှန်များကိုအချိန်နှင့်တပြေး?

မောင်မယ်ရှောင်ရွာကားလမ်းမှာ စစ်ကောင်စီယာဥ်တန်းဖြတ်လာချိန် ပေါက်ကွဲမှုဖြစ်တနင်္သာရီတိုင်းမ် ၊ သြဂုတ် ၂၃မောင်မယ်ရှောင်ကျေး...
23/08/2022

မောင်မယ်ရှောင်ရွာကားလမ်းမှာ စစ်ကောင်စီယာဥ်တန်းဖြတ်လာချိန် ပေါက်ကွဲမှုဖြစ်

တနင်္သာရီတိုင်းမ် ၊ သြဂုတ် ၂၃

မောင်မယ်ရှောင်ကျေးရွာအထွက်နားက ရန်ကုန် - ထားဝယ်ကားလမ်းပေါ်မှာ စစ်ကားနှစ်စီးပါ စစ်ကောင်စီယာဉ်တန်း ဖြတ်လာချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒီကနေ့ မနက် ၆နာရီ ကျော်လောက်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာဖြစ်ပြီး မောင်မယ်ရှောင်ရွာအထွက် ဆေးခန်းအနီးက လယ်ကွင်းနား အရောက်မှာ ဖြစ်ခဲ့တာလို့သိရပါတယ်။

ပေါက်ကွဲမှုကြောင့် စစ်ကားနှစ်စီး ထိခိုက်မှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

" ပေါက်ကွဲသံတော်တော်ကျယ်တယ်။ အိပ်ရာကတောင် လန့်နိုးတယ်။ ရွာနဲ့ကပ်နေတော့ တစ်ရွာလုံးဟိန်းသွားတာပဲ။ အဲဒီနောက်မှာ သေနတ် ပစ်သံတွေလည်း ဆက်တိုက်ကြားရတယ်" လို့​ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

အခုပေါက်ကွဲမှုဖြစ်ခဲ့တာဟာ မိုင်းဆွဲတိုက်ခိုက်ခံရတာလား စစ်ကောင်စီတပ်သားတွေဘက်ကခြောက်လှန့်ဖောက်ခွဲခဲ့တာလားဆိုတာကိုတော့ မသိရသေးပါဘူး။

မောင်မယ်ရှောင်ကျေးရွာလမ်းပိုင်းဟာ စစ်ကောင်စီယာဥ်တန်းမကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့ညနေပိုင်းကလည်း မောင်မယ်ရှောင်ကျေးရွာနဲ့ ဇဟာကျေးရွာကြားမှာ စစ်ကောင်စီ ၁၃စီးပါယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့ပါတယ်။

The Tanintharyi Times

ကလုံးထာရွာမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သူဟာ ဒေသခံရွာသားဖြစ်နေတနင်္သာရီတိုင်းမ်၊ သြဂုတ် ၂၀ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာထဲမ...
20/08/2022

ကလုံးထာရွာမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သူဟာ ဒေသခံရွာသားဖြစ်နေ

တနင်္သာရီတိုင်းမ်၊ သြဂုတ် ၂၀

ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာထဲမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က တွေ့ရှိခဲ့တဲ့အလောင်းဟာ ဒေသခံရွာသားတစ်ဦးရဲ့အလောင်းဖြစ်တယ်လို့သိရပါတယ်။

သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့သူဟာ ကလုံးထာရွာသားတစ်ဦးဖြစ်တဲ့ အသက် ၁၈နှစ်အရွယ် ကိုသန့်ဇင်ထွေးဖြစ််တယ်လို့ သိရပါတယ်။

သူဟာ ​လွန်ခဲ့တဲ့ ၄ရက် သြဂုတ်လ ၁၆ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်သားတွေရှိနေတဲ့ကလုံးထာရွာစာသင်ကျောင်းရှေ့ကို ဆိုင်ကယ်နဲ့ဖြတ်သွားချိန် ပစ်သတ်ခံလိုက်ရတာလို့ သ်ိရပါတယ်။

" လူတစ်ယောက်ပစ်သတ်ခံလိုက်ရတာကိုတော့ သိနေကြပေမယ့် ဘယ်သူဘယ်ဝါဆိုတာမနေ့ကမှ သေချာ အတည်ပြုနိုင်တာပါ။ အလောင်းကတော့လက်ရှိ ရွာမှာပဲရှိသေးတယ်။ ရေဖြူဘက်ကလာပြီး မီးသဂြိုဟ်မှာပါ"လို့ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေရွာမှာပဲဆက်လက်ရှိနေကြပြီး အနီးအနားမှာလည်းတပ်ဖြန့်ထားတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၄ရက်နေ့ကစပြီး ကလုံးထာရွာအနီးကိုစစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ လက်နက်ကြီးတွေပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး ၁၆ရက်နေ့နောက်ပိုင်းမှာတော့ ရွာထဲမှာတပ်စွဲတာ၊လက်နက်ကြီးပစ်ခတ်တာနဲ့ နေအိမ်အားလုံးနီးပါးကိုမွှေနှောက်ရှာဖွေဖျက်ဆီးတာတွေပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံရွာသားတွေကတော့ တစ်ရွာလုံးနီးပါးနေအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာတောတွေ၊ ဥယာဥ်ခြံတွေထဲထဲမှာ သွားရောက်တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

The Tanintharyi Times

ပုံစာ -ကိုသန့်ဇင်ထွေး

01/11/2021

Address


Website

Alerts

Be the first to know and let us send you an email when Dawei City News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share